သိပ်မာနကြီးတဲ့ မိန်းမ
အတ္တကြီးတဲ့ မိန်းမ
အသည်းနှလုံးမရှိတဲ့ မိန်းမ
အဲ့လိုဂုဏ်ဒြပ်တွေနဲ့ 
ရှင်သန်လာတဲ့ ငါ...........။
ငါ့မာန ငါ့အတ္တ
ငါ့ကိုယ်တိုင် ပျိုးထောင်ခဲ့တာ
နင်တစ်ယောက် ငါ့ဘ၀ထဲ
ခြေလှမ်းမှားရောက်လာတော့
ငါဆိုတာ ပြောင်းလဲပစ်ဖို့ အခက်သား..
နင်နဲ့ အတူရှိတဲ့အချိန်
ငါ့မျက်နှာမပြုံးပေမဲ့
ငါ့ရင်ထဲ တိတ်တိတ်လေး ပြုံးတယ်
နင့်လက်ကို မတွဲခဲ့ပေမဲ့
စိတ်ကူးထဲ တိတ်တိတ်လေး
ဆုပ်ကိုင်ခဲ့တယ်..
လွမ်းသလားလို့ မေးရင်
တစ်ခွန်းတောင်ပြန်မဖြေခဲ့ပေမဲ့
စက္ကန့် တိုင်း တိတ်တိတ်လေး လွမ်းတယ်..
နင်နဲ့ အတူရှိခဲ့တဲ့အချိန်
အပြင်ပန်း ခပ်တည်တည်နေပေမဲ့
ငါ့ရင်ထဲ တိတ်တိတ်လေး
၇ွှင်မြူးနေခဲ့တယ်..
ငါမွေးမြူခဲ့တဲ့ ငါ့မာန ငါ့အတ္တ
အကြိမ်ကြိမ် ချိုးနှိပ်ဖို့ 
တိတ်တိတ်လေး ကြိုးစားနေခဲ့ပါတယ်..
ငါ့ကိုနင် မချစ်တော့မှန်း သိခဲ့ရတာ့
ငါ့ရင်ထဲ တိတ်တိတ်လေးကြေကွဲတယ်..
နောက်ဆုံး ဒီမာန ဒီအတ္တတွေက
ငါ့နှလုံးသားကို တိတ်တိတ်လေး
သေဆုံးစေခဲ့ပြန်တယ်လေ.........။
ဆူးသခင်(ရန်ကုန်)
.
7 မှတ်ချက်:
ဝတဲ့တူသလိုပဲနော်
ဆူးသခင်ရေ ကဗျာလေးခံစားသွားပါကြောင်း
ဖတ်သွားတယ် မောင်လေးရေ... ဒါပေမဲ့ ချစ်စံအိမ်ဆိုတဲ့ ညီမလေးလို တော့ခံစားဘူးနော်.... ခံစားချက်လွန်သွားလို့...
ပျော်ရွှင်ပါစေ
ခင်မင်တဲ့
အလွမ်းမြို့
ကဗျာကောင်းလေးဖတ်သွားပါတယ်
ငါ့ကိုများ အပြတ်ရည်ညွှန်းသလားမသိဘူး ကဗျာက ထိတယ်ရှင့်(နာနဲ့ တိုက်ဆိုင်တယ်)
မသေဆုံးအောင်နေကြပါလေး))
ကဗျာလေးကို လာရောက်ခံစားသွားပါတယ် ခင်ဗျာ..
ကဗျာကောင်းလေးပါ... မာန ဆိုတာမရှိလေကောင်း
လေလို့ ထင်မိပါတယ် ခင်ဗျာ... အဲဒီ မာန တွေကြောင့်
ကိုယ့်ဘ၀လည်း ပူလောင်ပါတယ်... မာန လို့ ဆိုလိုက်
တာနဲ့ အတ္တ ကလည်း အလိုလိုကပ်ပါလာတာ မို့ မာန မရှိ
လေ အေးချမ်းလေပါပဲ... ကဗျာလေးဖတ်ခွင့်ရလို့ ကျေးဇူး
တင်ပါတယ် ခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ဘာမှတိုက်ဆိုင်ပဲနဲ့ နာချင်ပီထင်တယ်နွေဦးမ..လာရောက်အားပေးသူအပေါင်း ကျေးဇူးပါနော်
Post a Comment