ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ စျေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ္မတတ္နိုင္ဘူးကြဲ႕
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
စျေးကွက်တင်ချေဦး ညီမလေး။
မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။
ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။
ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။
Sorry ပဲ ညီမေလး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။
အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။
ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...အင်း ... .
ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။
တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။
(ဟေ့ ... ဘီရုမာ ဘယ်စျေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။
မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ္မာနေဟ့ ... ဆိုၿပီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။
မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
စျေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိူးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
စျေးကြီးပေး ဝယ်ကိုင်လို့ရပြီ။
Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းစျေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။
အထည်ချုပ်တွေ ပိတ်တာ ...
ကုန်စျေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံံ့တာ
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။
မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။
Sorry ပါ ညီမလေးရယ် ...
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။
မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။
Sorry ပါ ညီမလေးတို့ရေ ...
By မားဆုိး "http://www.facebook.com/profile.php?id=100000146656174"
မူရင်းလင့် - http://www.facebook.com/note.php?note_id=101507398691
27 မှတ်ချက်:
ကဗျာလေးကိုတော့ကြိုက်သွားပြီ
ကဗျာကတော်တော်လေးကောင်းတာပဲ
သုံးခါလောက် ပြန်ဖက်မီတယ် ဆရာမောင်ရေ
မျက်ရည်ဝဲမီ ပါတယ်
ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးပါဗျာ.
(ဒုတိယ)
ကဗျာလေးက အလွန်လှပေမယ့်....သူတို့ဘ၀လေးတွေ အတွက် ရင်နာတယ်။ဟုတ်တယ်...တခါတလေကျတော့ မြန်မာမဖြစ်ချင်ဖူး။
ဒီကဗျာလေးက အမှန်အကန်ပဲဆိုတာကို ကျနော် ထောက်ခံပါတယ်ခင်ဗျာ..ဒီမှာ ဒီလိုပါပဲ..sorry ညီမလေး အမကြီးတို့ ရာ....
if u have confidence by urself u must face all everytomorrow
there are no excuse that u are myanmar girl
if u believe and honest by urself whater u are wherere u are
u can survive that because of ur good reputation(thait kar)
there are no excuse that u are poor.u stay under bad country
so nyi ma lay.i am also sorry for ur weak excuse.
and i would like to show and tell u that there are no one who has no future no food no tomorrow if he/she is honest.do u know honest person is protected by GOD/good people/good luck
so nyi ma lay from now on leave ur old life dirty life and then walk under pure life/light there are so many friend waiting for u
and also Jesus said I am the way ,the truth and the life.
Jesus love u so much nyimalay and He will give u a new life which is shine upon all ur family ur friend ur brother ur all beloved ones and ur every tomorrow.GOD BLESS U (nyimalay)
မိမိရဲ့ စိတ်ဆင်းရဲ စိတ်ချမ်းသာမှုကို ကိုယ်တိုင်ပဲ ရှာဖွေလို့ရတယ် အမောင်ရေ။
အတိတ်ဘဝရဲ့ ကောင်းမှုကံ မကောင်းမှုကံတို့ကို ဘယ်သူကမှ အစားထိုးဝင်ခံလို့ မရဘူးပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ကျွတ်ကျွတ်... သိပ်ကို ကောင်းတယ်အစ်ကို.. ကူးပြီးသိမ်းထားလိုက်တယ်.။ အစ်ကို...။
ကဗျာလေးကိုအရမ်း ကြိုက်သွားပြီ ရေးတဲ့သူကို သိချင်လိုက်တာ
မျှဝေပေးတဲ့အတွက်လဲ ကျေးဇူးပါပဲ
မြန်မာအလင်း မှာထည်ရ၇မှာနော် ဒါမျိုးတွေေ၇ွှမမ တိုမသိဘူး
မလေးအင်မီဂေ၇ှင်း ဖြတ်တာနဲ့ ဒါတွေက အလိုလို ပါလာပြီးသားဆိုတာ
ဒီကိုလွ့တ်ကျမဲ့ မိဘ တွေကို ဖတ်စေချင်ပါတယ်
ဒီလိုစေတနာမှန်နဲ့ ကိုယ့်ညီမ၊ ကိုယ့်ရွှေမလေးတွေအပေါ် ကဗျာစပ်သူအစ်ကိုရေ ဆုတောင်းတိုင်းသာ ပြည့်ပါစေလို့
ထပ်ဆုတောင်းပေးလိုက်ပါတယ်...။
ဆန္ဒနဲ့ဘ၀ ထပ်တူမကျတဲ့ သူတို့ဘ၀တွေအတွက် စိတ်မကောင်း
ဖြစ်ယုံမှတစ်ပါးးးးးးးးး
gREAT!
THIS IS A LESSON SOMEONE CAN LEARN WITHOUT HER OWN EXPERIENCE!
တစ်ကယ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ........
share လုပ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ..။
အရမ်းကောင်းတဲ့ ကဗျာလေးပါ..။
အရမ်းကောင်းပါတယ်အစ်ကိုမောင် ကျေးဇူးပါ
မောင်တော်..မောင်တော့ဆိုဒ်ကို အိတ်သွန်ဖာမှောက် လှန်လှောရှာဖွေကြည့်ရှုရင်း ဒီစာပိုဒ်မှာ heart ထိသွားပါတယ်...။
အများသူငါ...အသိအမြင် ဦးနှောက်ဗီတာမင် တိုးပွားဖို့ အရေးေ၇ှးရှုတွေးပြီး နှမတော်လေးရဲ့ ဘလော့ဂ်မှာလဲ တင်ပြတော်မှုချင်ပါတယ်...မောင်တော် ခွင့်ပြုတော့ ။
http://moeyateko.blogspot.com
သိပ်ကိုထိမိတဲ့ စာသားကဗျာလေးပဲ . . ရင်ထဲကိုစို.သွားတာပဲ
ဆြာမားရေ . . ခင်ဗျားရဲ့လက်က သိပ်ထက်ကြောင်း သိထားပြီးတာတောင် ဒီကဗျာမှာ ကြွေကျသွားတယ် ။
- ခင်ဗျားရဲ့ ယော်ဘဲ မင်းလုလင် -
အနှစ်သာရရှိတဲ့ စာသားတွေပါ...ဖတ်နေရင်းနဲ့...ရေးသူဘက်ကရော....စာသားထဲမှာပါတဲ့....အက်တာလေးတွေအတွက်..ကိုတစ်ကယ်...ကိုယ်ချင်းစာနာစိတ်နဲ့..၀မ်းနဲမိပါတယ်...အပ်ါမှာအန်တီတင့်ပြောသွားတဲ့စကားတွေလိုပေါ.....ဘယ်သူမှမျှဝေခံစားလို့ရမှာမဟုတ်တာတော့...အသိပါ....
တောင်တန်းတစ်နေရာဆီမှ....မောင်မောင်စစ်သား
မိန်းမတို့ရဲ့ဂုဏ်ကျက်သရေ .....ရွှေပေးရင်တောင်မရဘူးဆို .....
အခုတော့သူ့ထက်ငါအလုအယက်.....Sponcerရှာနေကြသလိုပဲ
စိတ်လေးမိပါရဲ့ဗျာ ......အနာဂတ်မှာ မြန်မာမိန်းခလေး အပျိုစစ်စစ်ဆိုတာ...ကတုံးခေါင်းမှာသန်းရှာသလိုများဖြစ်နေမလားဗျာ
မိန်းမတို့ရဲ့ဂုဏ်ကျက်သရေ .....ရွှေပေးရင်တောင်မရဘူးဆို .....
အခုတော့သူ့ထက်ငါအလုအယက်.....Sponcerရှာနေကြသလိုပဲ
စိတ်လေးမိပါရဲ့ဗျာ ......အနာဂတ်မှာ မြန်မာမိန်းခလေး အပျိုစစ်စစ်ဆိုတာ...ကတုံးခေါင်းမှာသန်းရှာသလိုများဖြစ်နေမလားဗျာ
အခုမှဘဲ ရှယ်သွားတယ် ၃ခုလုံး မိုက်တယ်ဗျာ ကဗျာတွေက
ဒီလိုစေတနာမှန်နဲ့ ကိုယ့်ညီမ၊ ကိုယ့်ရွှေမလေးတွေအပေါ် ကဗျာစပ်သူအစ်ကိုရေ ဆုတောင်းတိုင်းသာ ပြည့်ပါစေ
အတိတ်ဘဝရဲ့ ကောင်းမှုကံ မကောင်းမှုကံတို့ကို ဘယ်သူကမှ
အစားထိုးဝင်ခံလို့ မရဘူးပေါ့ဗျာ။
ပြောကြည့်မယ်နော် ကျွန်တော် အထင်ပြောရရင်တော့ ဗျာ မြန်မာ မလေးတွေ ဒီလို ဖြစ်နေတာကိုယ့်နိုင်ငံ ကခေါင်းဆောင်တွေ ညံ့လို့ပဲလို့ ထင်တယ် ဗျာ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းမှာပဲ မိန်းခလေးတွေ အတွက် လုံလောက်တဲ့လစာနဲ့ အလုပ် တွေ ကိုပေးသင့်တယ်လို့ထင်တယ် လေ
ဘယ်သူမပြု မိမိအမှူ့.တဲ့
သူက ဒီလို နေရသာ အဟုတ်ထင်နေတာ
ကောင်းတဲ့ သူက ဘယ်လိုဘဲဖြစ်ဖြစ် ကောင်းကြတာဘဲဗျားးးးး
အ၇မ်းကောင်းတဲ့ကဗျာလေးပါအများသိအောင်၇ှယ်ပေးကြပါ။
Post a Comment