Thursday, April 26, 2012

ဘက်လိုက်ခြင်း (အတ္တ သဘောလေးကို ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျာ)



သူပြောတာ ကိုယ်နားမလည်ရင် ပြောတဲ့လူ presentation ညံ့တာ၊
 ကိုယ်ပြောတာ သူနားမလည်ရင် အဲဒီ့လူ ဒုံးဝေးတာ…

သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ 
ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…

သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တောင် ဒါ ဝေဖန်ရေးလုပ်တာ၊ 
ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ…

သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို 
တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့

ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ 
သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ…

သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ 
ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…

ရဟန်းရုပ်တု နေရာရွေ့သွားတာကျ ဈာန်ကြွတာတဲ့။ 
လူ့ဓာတ်ပုံ နေရာရွေ့တာကျ သရဲခြောက်တာလို့ ပြောကြတယ်။

(ကောင်းကင်ကို) Facebook မှ Share လုပ်ပါသည် ဖတ်စေချင်သောစိတ်ဖြင့်သာ...။

.


8 မှတ်ချက်:

ချစ်စံအိမ် said...

ဟီ ၀ကြိုက်တယ်စာသားတွေလန်းတယ် :P

mstint said...

ပုထုဇဉ်လူသားတို့ရဲ ခံယူချက်ပြင်းထန်မှုလေးတွေပေါ့ အမောင်ရေ။
ဖတ် မှတ် နားလည်ပြီးရင် ကိုယ့်အမှားဝန်ခံရဲရင် အကုသိုလ်တွေကနေ ကုသိုလ်အဖြစ်တမဟုတ်ခြင်း ပြောင်းလဲသွားမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

မိုက်တယ်ဝေ့

Unknown said...

အေးဗျာအဲ့ဒိလူကဗျာတွေ စာတွေ
တစ်ချို့ရင်ထဲကိုထိတယ် တော်တော်များများ လည်းကောင်းပါတယ်
.ကောင်းတိုင်းလည်း သိပ့်မသွားရဲဘူးဆရာမောင်ရေ ...
..း ) ဒါနဲ့ ..

အပေါ်က ပုံက ဆရာမောင် ငယ်ငယ်က
တယ်နော်..း)

ရစ် said...

သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွေလေ
ဒါ လူ့သဘာဝပဲ ....... အမှန်တရားတွေလေ
ကောင်းပါ့ ဖတ်လို့ .... ကောင်းပါ့

မိုးသက် said...

ဟုတ်ပ.နော့

မောင်သီဟ said...

အော် သူငယ်ငယ်က ပုံကိုတင်ပြီးကြွားထားတာကိုး

moewin moewin said...

share လိုက်မယ်နော်...

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here