Thursday, May 24, 2012

သံယောဇဉ်


ချစ်သူပေးလိုက်တာ
ပန်းလေး တစ်ပွင့်လား.....?
နွမ်းလွင့်ကာလေ
ရနံ့တွေ ပျယ်နေမလား
ဒိုင်ယာရီ စာအုပ်ကြားမှာ
ငါ... သိုဝှက်စွာ သိမ်းထားမယ်..................။

ချစ်သူပေးလိုက်တာ
အလွမ်းလေး တစ်ခုလား......?
ကျွမ်းနင့်ပါစေ
နွေတစ်ရာ ပူစေမလား
ဒီအသဲ ကြားမှာ
ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................။
 
သြော်.....
အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား
နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................။

ညီညီ(မြန်အောင်)

.


2 မှတ်ချက်:

ရစ် said...

ကောင်း၏....ကောင်း၏ ...... ဝက်ပုတ်တို့တော့
ဘာတဲ့ .. သံယောဇဉ် .. တသက်လုံး ခိုင်မြဲပါစေ သူငယ်ချင်း.... ဟုတ်တယ် အချစ်မှာ သံယောဇဉ် မရှိလို့ မဖြစ်ဘူး
သံယောဇဉ်မှာ အချစ်မရှိလည်း ဖြစ်တယ်
သံယောဇဉ်မရှိတဲ့ အချစ်က မခိုင်မြဲဘူး......
ဟုတ်တယ်ဟုတ်...............။

ရစ် said...

ကောင်း၏....ကောင်း၏ ...... ဝက်ပုတ်တို့တော့
ဘာတဲ့ .. သံယောဇဉ် .. တသက်လုံး ခိုင်မြဲပါစေ သူငယ်ချင်း.... ဟုတ်တယ် အချစ်မှာ သံယောဇဉ် မရှိလို့ မဖြစ်ဘူး
သံယောဇဉ်မှာ အချစ်မရှိလည်း ဖြစ်တယ်
သံယောဇဉ်မရှိတဲ့ အချစ်က မခိုင်မြဲဘူး......
ဟုတ်တယ်ဟုတ်...............။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here