ကဗျာဆရာရဲ့ဘဝကိုပါရမှာလား
ငါ့ကိုစကားလုံးတွေနဲ့လာလာမဖိနဲ့
သိချင်ရင် သိချင်တဲ့အရာကို စမ်းကြည့်။
အခုတလော..
လမ်းလျှောက်ရတာ အားမရဘူး
မြေကြီးတွေနည်းသွား/နိမ့်သွားသလိုပဲ
ရင်ဘတ်ကိုချိတ်နဲ့ဖောက်ဆွဲပြီး
တစ်နေ့လုံးသီချင်းဆိုခိုင်းထားတဲ့ငရဲဟာ
ခြေဖုဝါးအောက်ရောက်လာသလိုပဲ
ငါ့ခြေရာတွေလင်းနေတယ်
ငါ့ခြေရာထိပ်မှာ
ဖယောင်းတိုင်တွေလင်းနေတယ်။
လောဘ..ဒေါသ..မောဟ
သွေးဆာနေတဲ့လမ်းသွယ်ထဲ
ငါ့အတွေးက
စံပါယ်ရနံ့သင်းတဲ့အလံတော်ကိုလွှင့်ပြီးချိုးဝင်
ငါ့တစ်မြို့လုံး
ဒုက္ခတွေ အတောင်ပံ ကျိုးပျက်သွားစေတော့။ ။
၂၄.၅.၂၀၁၂
အောင်မှူးဝေ
.
4 မှတ်ချက်:
ကဗျာလေးကလစ်တယ်နော်.. ဦးလေး..။ အရူးလွယ်အိပ်ကလင့်ခ်တွေရောက်လာလို့ ဘယ်ကလာတာပါလိမ့်လို့ လိုက်ကြည့်တာ..ဦးလေးလက်ချက်ဖြစ်နေတာကိုး..ဟီးဟီး.။
ကျေးဇူးတင်ပါအိ..။သို့သော်. ကျွန်တော့် ဘလော့လေးကို Focus မိပြီး လက်တည့်စမ်းမှာလည်းကြောက်ရသေးတယ်.။
ငါ့အတွေးက
စံပါယ်ရနံ့သင်းတဲ့အလံတော်ကိုလွှင့်ပြီးချိုးဝင်
ငါ့တစ်မြို့လုံး
ဒုက္ခတွေ အတောင်ပံ ကျိုးပျက်သွားစေတော့။ ။
ကဗျာလေးခံစားသွားပါတယ်..
စံပါယ်ရနံ့သင်းတဲ့အလံတော်ကိုလွှင့်ပြီးချိုးဝင်
ငါ့တစ်မြို့လုံး
ဒုက္ခတွေ အတောင်ပံ ကျိုးပျက်သွားစေတော့------သများနာမည်ပါတယ် ဖတ်လိုက်ပြီနော်
Post a Comment