ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုဿန်စောင့်မဖဲဝါအကြောင်း (ဖတ်ပြီးရင် ဘယ်လိုမြင်လည်း..တကယ်လား?)



ဖတ်ပြီးတော့  တွေးစရာတွေ အများကြီးပဲ.။ ဖတ်မကြည့်ရသေးဘူးဆို ရင်   ဖတ်ဖြစ်

အောင်ဖတ်ကြည့်ဖို့  တိုက်တွန်းချင်ပါတယ် ။ ဒီစာအုပ်ကြောင့် နာမည်ကျော်တာတဲ့

အခုမှပဲ  ဖတ်ဖြစ်တော့တယ်။ စာရေးဆရာ သွန်းနေစိုးရေးတာပါ  ။ အခုတလောမှာ

ပြဿနာဖြစ်နေတဲ့ဆရာ ဆို  သိကြမယ်ထင်ပါတယ်. တကယ့်ကို ထူးဆန်းတယ်ဗျ

ဖတ်ကြည့်ပြီးရင် သိလိမ့်မယ်..ကဲ ဖလမ်းဖလမ်းနော်... ဘာလို့ ဖတ်စေချင်ရတာလဲ

ဆိုတာ ဖတ်ကြည့်ပြီးရင် သိစေရမယ်.........ကဲ အောက်ပါတို့ ကို နှိပ်ပြီးဖတ်စေ.....။


ဒီလင့်မှာယူလိုက်ပါ - http://www.mediafire.com/သုဿန်စောင့်မဖဲဝါ.

ဒီလင့်မှာ နှိပ်၍ဖတ်ပါ - သုဿန်စောင့်မဖဲဝါအကြောင်း


စာရေးဆရာရဲ့ဖ့ဘွတ်လင့်ကစာလေးပါ..အပြည့်စုံကို -http://www.facebook.com/

အပြည့်အစုံကို ဆရာရဲ့ဆိုဒ်မှာဖတ်ကြည့်ပါနော်..စိတ်ဝင်စားဖို့ ကောင်းတယ်.........။

ကျနော့် အအောင်မြင်ဆုံးစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါ´ ဆိုတာ အတော်များများသိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ မဖဲဝါအကြောင်း ကျနော် ရေးဖြစ်ခဲ့သလဲ? ရေးစရာဇာတ်လမ်းတွေ အများကြီးထဲကမှ ကျနော်ဒါကို ဘယ်လို ရွေးဖြစ်ခဲ့သလဲ? ပြီးတော့ ဒီအကြောင်းတွေကိုရော ကျနော် ဘယ်လို သိလာခဲ့သလဲ?
အဲဒါတွေကိုတော့ ကျနော် ဘယ်သူ့မှ မပြောပြဖြစ်ခဲ့ပါ။ စာအုပ်ထဲ ထည့်ရေးဖို့ ကြံပြန်တော့ ဆင်ဆာက No တဲ့။ မဖဲဝါနာမည်တောင် သုံးခွင့်မရလို့ အခုဒီရက်ပိုင်းမှာတင် ထွက်တဲ့စာအုပ်ကို `သုသာန်မှာ သိမ်းတဲ့ဇာတ်´ လို့ နာမည်ပေးထားရပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါဇာတ်သိမ်း´ ပါပဲ။ ထားပါတော့။ ဒါတွေပြောရင် ဒေါတွေပါတယ်။ အခု မဖဲဝါအကြောင်းပဲ ဆက်ရအောင်။
မဖဲဝါကို ဘယ်လိုရေးဖြစ်တယ်ဆိုတဲ့ ရေဆုံးရေဖျားကို စပြောခင် မဖဲဝါစာအုပ်ထွက်တဲ့ ကာလလေးကို အရင်ဖောက်ပြောချင်ပါတယ်။ လောလောဆယ် တိုက်ဆိုင်နေတဲ့အကြောင်းမို့ပါ။ ထူးဆန်းတာက ...
မဖဲဝါစာအုပ်ထွက်တိုင်းမှာ ကျနော့်အိမ်နားမှာ အသုဘ ဖြစ်ပါတယ်။
ပထမဆုံး မဖဲဝါစာအုပ်ထွက်တော့ အိမ်အောက်ထပ်ကလူ ဆုံးတယ်။ ခု မဖဲဝါဇာတ်သိမ်းထွက်ပြန်တော့ အခုနေတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်ကမိန်းမ ဆုံးလို့တဲ့။ `ဟာ ရုတ်တရက်ကြီးပါလား´ လို့ ကျနော် အံ့သြသွားတယ်။ အဲဒီမိန်းမကို ကျနော် တွေ့တွေ့နေတာဗျာ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းကြီး။ ဟိုတစ်နေ့ကတောင် ကျနော်နဲ့ လှေကားအတက်မှာဆုံတော့ လက်ထဲမှာလည်း ကျနော်က စာအုပ်တွေ ပွေ့ပိုက်ထားတာနဲ့ သူနဲ့ စကားစပ်မိသေးတယ်။
`စာရေးဆရာ လို့ပြောတယ်၊ ဘာစာတွေ ရေးတာတုန်း´ ဆိုတာနဲ့ ကျနော်လည်း ပါလာတဲ့ ကျနော့်စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါသေးတယ်။ မှတ်မှတ်ရရ အဲဒီထဲမှာ မဖဲဝါ- ပထမပိုင်း စာအုပ်လည်း ပါသွားတယ်။ အခုလို ရုတ်တရက်ကြီး သူ ဆုံးတာ အဲဒါနဲ့များ ဆိုင်နေမလား? မဆီမဆိုင်တွေးမိပြီး ကျနော်တော့ သူ့အသုဘပို့တောင် မသွားရဲတော့ဘူး။ တိုက်ဆိုင်တာပါလို့ပဲ ကိုယ့်ကိုယ်ကို စိတ်ဖြေပါတယ်။ ဒါပေမဲ့ မဖဲဝါနဲ့ ပတ်သက်ရင် အဲဒီလို တိုက်ဆိုင်မှုတွေက များကို များလွန်းလှတယ်။
ခင်ဗျားတို့ မဖဲဝါစာအုပ် ဖတ်ဘူးသလား?
ဖတ်ဘူးတယ်ဆို ကျနော် တစ်ခုလေးမေးချင်တယ်။ ကြောက်သလား?
ကြောက်တယ်ဆို ထပ်မေးမယ်။ ဘာကို ကြောက်သလဲ?
ဘယ်ကစပြီး ကြောက်သလဲ?
ဘာလို့ အဲဒီမေးခွန်းတွေ ကျနော်မေးနေရသလဲဆိုတော့ ကျနော်လဲ မဖဲဝါနဲ့ ပတ်သက်ပြီး ကြောက်လို့ပါပဲ။ တကယ်တော့ ကျနော်ဟာ ခင်ဗျားတို့လိုပဲ မဖဲဝါနဲ့ပတ်သက်ရင် ခံစားကြောက်ရွံ့တတ်သူပါ။ ပြောရင် ယုံပါ့မလား.........


ကဲ........................................။ဘယ်နှယ်လုပ်ကြမလဲ.......................................။

စာအုပ်ဖတ်ပြီးရင်ဒါတွေဖတ် -.http://www.facebook.com/deaththekyawswar

http://sagarwarmyae.wordpress.com..


10 မှတ်ချက်:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်လည်းဖတ်ကြည့်ချင်တယ်။ ဒါပေမယ့် မြတ်က သတ္တိက ကောင်းကောင်း။ ကြိုးစားပြီး ဖတ်ကြည့်ပါဦးမယ် နော်။

Anonymous said...

ဖတ်ဖြစ်အောင်သာ ဖတ်ကြည်ပါ မမမြတ်ရေ...တကယ်ကောင်းတဲ့စာအုပ်ပါ..ဖတ်ပီးရင် တစ်ခုခုတော့ တွေးစရာပါလာရင် ဆွေးနွေးကြရအောင်ဗျာ...ဒီစာအုပ်ဖတ်ပြီး ဆွေးနွေးပြောပြစရာ သူငယ်ချင်း ရှိပါက..zwmnna@gmail.com ပါ

တတိယမြောက်သမီးတော် said...

ဖတ်ကြည့်ရသေးတာပေါ့မောင်ရာ...
ပြီးရင်တော့မောင်နဲ့သမီးတော် ဂျီတော့မှာ အခြေ အတင်
ဆွေးနွေးတာပေါ့ .ကြောက်ပြီးထွက်မပြေးနဲ့နော်...

မိုးရိပ်ကို said...

အိုခေလေ..ညွှန်းတဲ့ သူကတောင် ညွှန်းနေပြီပဲဟာကို ...လုပ်လိုက်လေ ကြာသလားလို့ နော့။ ဒါမျိုးဆို မိုးရိပ်ကို တို့ သိပ် ၀ါသနာပါတာ...။မိုးရိပ်အကောင့်လေးမှတ်ထား..moeyateko@gmail.com ပါ ။ စိတ်ဝင်စားမယ်ဆို လာလည်လို့ ရတယ်..moeyateko.blogspot.com သိပ်များများစားစားတော့ မရှိသေးဘူး...။

Anonymous said...

ကျနော်ညည တစ်ယောက်ထဲ မထရဲတော့ဘူး....တကယ်ကောင်းသလို ဗဟုသုတတစ်ခုခုရော ရလိုက်တယ်မလား....ဘာပဲဖြစ်ဖြစ် ဖတ်နေစဉ်မှာရော ဖတ်ပြီးတဲ့အထိ ရင်ထဲကို တစ်ခုခု ခံစားစေနိုင်တာ..မဖဲဝါကြောင့်လားး..

Candy said...

အဲ့ဒါ ဖတ်ပြီးသား မေ့သွားဘီ ထပ်ဖတ်ရင်ကောင်းမလား ပျင်းဒယ် တိန် (ဖိုးမောင် စတိုင် :P)

ghost said...

ကျနော်လည်း ဖတ်လိုက်ဦးမယ်ဗျာ ဒေါင်းသွားတယ်နော် ကျေးဇူးပဲဗျာ

snow king said...

ဟာ အပြီး ထိ မပါဘူးလားဗျ

Myo Lay said...

ဘာမှလဲ မပါဘူး ဒေါင်းထားတဲ့ထဲမှာ အစလေးပဲ ပဲပါတယ် ပြန်တင်ပေးပါနော် ကျေးဇူးတင်ပါတယ်....

Happy World said...

တင်မဲ့တင် အဆုံးထိတင်ပေးပါ

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here