ကြီးကြီးကျယ်ကျယ်ဆိုတဲ့စကားကို
မိန်းမတစ်ယောက်ဝတ်ဆင်လိုက်တဲ့
အခါ
အဓိပ္ပာယ်က တစ်မျိုး
ဒီနေ့နေသာတယ်/လေလာရက်သားနဲ့ပူ
တယ်
ဘဝတွေလည်း
ကြောင်ကိုချူဆွဲပေးထားခံရသလို
ဆူလို့ညံလို့။
အဓိကရုဏ်းဆိုတာ
ငါးပိတစ်ပုံးလိုပါပဲတဲ့
အလ္လာကိုတိုင်တယ်ပြီးတော့သတင်းစာ
ဖတ်သူပြောပါတယ်။
အဆင်မပြေတဲ့စုန်းကိုက်ရာတွေကြား
အနောက်တောင်ဆီကဆောင့်ပြီးဝှေ့လိ
ုက်တဲ့
မိုးသည်းလေဆန်မှာသတိရခြင်းများ
တပွေ့တပိုက်
ကမ္ဘာမြေအနှံ့အပြား
ပိတောက်ပန်းတွေပွင့်နေပုံကလည်း
ကြောက်စရာ။
ငါက
တစ်ခါတစ်လေ မင်းတို့မသိတဲ့ဆပ်ကပ်သမား
မင်းသမီးပေါင်ခြံကြား
ဒေါက်ခနဲသွားသွားစိုက်တဲ့ဓားဟာ
ငါသွေးခဲ့တဲ့ ဓားပေါ့
အဲဒီဓားကိုငါလွမ်းနေခဲ့တာ
တစ်သက်လုံး..။
ငါ့ရဲ့မုန်းဖော်မုန်းဖက်သူငယ်ချ
င်းရေ
စာအုပ်စာတမ်းမရှိတဲ့မြို့ကိုရော
က်တဲ့အခါ
ငါ့ကို ကိုးကားဖို့မမေ့နဲ့ဦး။ ။
အောင်မှူးဝေ
.