Friday, September 28, 2012
HP Laserjet 1300 Printer Driver
Driver နဲ့ ပတ်သက်ပီး အသေးစိတ်မတင်တော့ပါဘူး Driver လိုနေတာသိပီဆိုရင်
ပညာက မသေးဘူးလို့ ပြောလို့ ရပါတယ် အဲ့တော့ လိုချင်တာကို အတိကျရဖို့ ကို
အကူညီပေးနိုင်ပါတယ် အခြေခံပညာသင်တွေ အတွက်ရေးနေတာကြောင့်မလို့ 
သီးသန့် အသေးစိတ် မပြောတော့ပါ သူငယ်ချင်းတစ်ယောက် လိုအပ်နေတာမို့ 
လင့်ရှာပေးတာပါ လိုအပ်သူရှိရင်အလွယ်သုံးနိုင်ဖို့ မူရင်းအတိုင်း မျှလိုက်တယ် ။
Installation Instructions
To install the HP Laserjet 1300 Printer driver, download the version of the driver that corresponds to your operating system by clicking on the appropriate link above. A window should then show up asking you where you would like to save the file. Save the driver file somewhere on your computer where you will be easily able to find it, such as your desktop. Then follow the instructions below corresponding to the file type that you downloaded
exe (Executable File)
Go to the location where you saved the file and double click on the file. Then simply follow the on-screen instructions for installing the driver.
Download here - http://www.siliconguide.com
Download here  -http://h20000.www2.hp.com/
.
လူ
လူ.......
ချစ်လိုက်ကြတာလည်း အသဲအသန်
ကွဲခဲ့ကြတာလည်း အဖန်ဖန်
အခါခါ ခဲမှန် ဘူးပေမယ့်
အချစ်က အမှတ်မရှိတဲ့ စာသူငယ်လို
ရင်ခုန်းခြင်းတွေက တကျော်ကျော် ဟစ်အော်နေကြတုန်း..............။
လူတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းတယ်
ပြောတဲ့စကားက မပြောင်းလဲ
သူ့ကိုသာ အချစ်ဆုံး
ငါ့ဘဝအတွက် သူကသာ နောက်ဆုံးတဲ့.................။
အချစ်ဦးဖြစ်ပေမယ့် အချစ်ဆုံး မဟုတ်သလို
အချစ်ဆုံးဖြစ်ပေမယ့် အချစ်ဦး မဟုတ်ပြန်ဘူး
ဒါပေမယ့်....
သံယောဇဉ်ကြောင့်တော့ ရူးခဲ့ကြဘူးတယ်................
ဆံပင်ဖြူတွေက  တစ်ပင်စ နှစ်ပင်စ
ဘဝက ဇရာကို ပြလာကြပေမယ့်
စိတ်ဓါတ်တွေ ဖြူစင်မလာကြတာ ခက်တယ်................။
ညီညီ(မြန်အောင်)
အရမ်းလွမ်းနေသည်
တစ်ချိန်တစ်ခါက မင်းပြောသည်
မင်းရင်ထဲမှာ ငါသာလျှင် အတည်
ဘယ်အရာတွေ ဘယ်လိုပြောင်းလဲ
မင်းတစ်ကယ်ချစ်တာ ငါတစ်ယောက်တည်းတဲ့
ငါမင်းအပေါ်ဘယ်လိုဆိုးဆိုး
အပြစ်မယူ “ I Love You” တဲ့
ငါ့အတွက်ကို ဘာမဆို
ပေးဆပ်ချင်သူတဲ့
အခက်အခဲတွေ ဘယ်လိုကြုံကြုံ
သူ့အချစ်ကို ယုံပါတဲ့
ဘ၀ခရီးဘယ်လောက်ကြမ်းကြမ်း
အတူတူ လျှောက်လှမ်းမှာပါတဲ့
အဲဒီတုန်းက မင်းစကားများ
ငါ့အတွက်တော့ အချစ်ခွန်အား
အချိန်တွေကြာနှစ်တွေပြောင်း
မင်းရဲ့စိတ်တွေအသစ်ဆီပြောင်း
တစ်ချိန်တုန်းက အချစ်ဆုံးပါဆိုတာ
ငါ့ကိုယ်ငါတောင် မယုံချင်လာ
မင်းနှလုံးသားထဲ ဘယ်သူပဲ
ထပ်ပြီးစိုးမိုးသွားပြန်သလဲ
ရက်စက်လိုက်တာ အချစ်ရာ
အခုတော့ဘယ်များပုန်းရှောင်ကာ
ငါ့အသဲကိုဟက်တက်ခွဲ
မင်းတွဲနေတာ ဘယ်သူလဲ
တစ်ချိန်တုံးက အချစ်ဆုံးပါဆိုတာ
ညာခဲ့တာလားကောင်လေးရာ
ဒို့မင်းကို အပြစ်မရှာပါပဲ
မင်းကအသစ်ကို ရှာတွေ့ပြီတဲ့
မင်းပြောခဲ့တဲ့ နောက်ဆုံးစကား
လွမ်းရဲရင် လမ်းခွဲပါတဲ့
မလွမ်းရဲသေးဘူး ကောင်လေးရယ်
အရမ်းလွမ်းနေတယ်.........................။
Cinthi ( GTC ) 
.
နှစ်ယောက်မရှိဘူး
တစ်ကယ်ချစ်တယ်ဆိုရင်
နင်နဲ့ငါ လမ်းခွဲစရာမလိုပါဘူး
နင့်ရင်ထဲမှာ ငါသာတကယ်ရှိရင်
နောက်တစ်ယောက်ဆိုတာ 
ထပ်ရှိနိုင်ပါ့ဦးမလား........။
ငါ့ရင်ထဲမှာတော့
နင်ရှိနေတဲ့အတွက်
နောက်တစ်ယောက်ဆိုတာ 
ဘယ်တော့မှ ထပ်မရှိနိုင်တော့တဲ့အရာပါ........။
တစ်ခြားသူတွေလို 
စကားဖောင်မဖွဲ့တတ်ပေမယ့်
ငါ့ရင်ထဲမှာတော့ 
နင့်အချစ် အနှောင်အဖွဲ့တွေနဲ့  
ပြည့်နှက်နေပါတယ်ချစ်သူ ...........................။
Cinthi ( GTC ) 
.
Thursday, September 27, 2012
အလှပဆုံး ဒဏ်ရာ
အလွမ်းဒဏ်ရာ …….
အဆွေးဒဏ်ရာများနဲ့
ငါအသည်းကွဲ တဲ့အချိန်တုန်းက…………..
ရင်မှာကျန်ခဲ့တဲ့ ဒဏ်ရာက
အလှပဆုံး ဒဏ်ရာလေးတွေပဲ……..
ပျော်ရွှင်စရာတွေ
ဆင်ခြင်စရာတွေ မရှိအောင် ငါဘဝက
အမုန်းဒဏ်ရာအလယ်မှာ…………..
အရှုံးသံသရာတွေနဲ့ .............
ခုထိငါ နစ်မွန်းနေတုန်း ................
လူတွေကပြောကြတယ်……………..
လူဘဝရဲ့အစက ချစ်ခြင်းတွေနဲ့ စတာတဲ့
ဒါပေမဲ့……..လောကကြီးရယ်…………
ငါ့ဘဝရဲ့အစက အလွမ်းဆွေးဒဏ်ရာနဲ့စနေ ပါလား
ငါ့ကို အလွမ်းအဆွေးဒဏ်ရာတွေ ပေးခဲ့တဲ့..
ငါ့ရဲ့ ခင်တွယ်စရာ ချစ်သူလိပ်ပြာရယ်
ဘယ်ဆီ၊ဘယ်ဌာနမှာ နားခိုနေပြီလဲ
ငါ့ရင်မှာအလွမ်းအဆွေးဒဏ်ရာတွေနဲ့ ရှုးတောမယ်
ကြယ်စုံနေ့ရက်တွေလဲ ပျောက်ဆုံး…………
မဆုံဆည်းနိုင်တဲ့ ချစ်သူလိပ်ပြာရယ်
ရင်မှာပူလောင်တဲ့ အလွမ်းဒဏ်ရာ
နေ့ရက်ကလေးတွေပိုက်ပြီ…….
ဒီလိုနဲ့  တစ်ရက်ပီးတစ်ရက်....................။
မမမေ (စစ်တွေ )
.
ချစ်သူ အမှန်ဆို………………
ချစ်သူ အမှန်ဆို………………
ဟိုးကလေး ငယ်ငယ်တုန်းက
အဖြူရောင်နှလုံးသားတစ်စုံနဲ့
 မင်းကိုချစ်ခဲ့တဲ့ငါ
ချစ်သူ အမှန်ဆို………………
သူငယ်ချင်းဘဝတုန်းက
သူငယ်ချင်းလို ၊ ချစ်သူလို
မင်းကိုချစ်ခဲ့တဲ့ငါ
ချစ်သူ အမှန်ဆို………………
ငါတို့ နှစ်ယောက် မလိုသူတွေကြောင့်
ဝေးတောမလို့
ချစ်သူ အမှန်ဆို………………….
ငါတို့ နှစ်ယောက် မှားတိုက်မိတဲ့
လေညှင်းလေးကြောင့်
နီးစပ်ခွင့်နဲ့ ဝေးတော့မလို့
ချစ်သူ အမှန်ဆို…………………
ငါတို့ နှစ်ယောက် တလွဲမာနကြောင့်
ချစ်ရင်းနဲ့ လမ်းခွဲမျက်ရည်ကျတော့မလို့
ချစ်သူ အမှန်ဆို…………………။
မမမေ (စစ်တွေ) 
.
Wednesday, September 26, 2012
မိန်းကလေးအတွေး.....
ကံကြမ္မာတစ်ကွေ့မှာဖန်လာလို့
မင်းနဲ့တစ်ရံတစ်ခါတွေ့
မြင်မြင်ချင်းအကြည့်ရင်ထဲထိ
စွဲမိပါသည် ကမ္ဘာတည်
မင်းအပြုံးလေး ရင်ထဲအေး
တမ်းတမိပြီ အခါခါသည်
မင်းစကားသံနားဝင်ပီယံ
ငါ့နားထဲမှာ စွဲနေပြန်
မင်းအကြောင်းလေးငါထိုင်တွေး
ဘေးလူတွေတောင်သရော်ပြန်
အိပ်မက်ထဲလဲ မင်းအကြောင်းပဲ
စိုးမိုးနေတာ အချိန်မှန်
မင်းကမသိ ငါကငြိ
မိန်းခလေးမို့ ရှက်ပါ၏
မင်းရောဒို့လို တွေးနေမလား
မေးခွန်းထုတ်ကာ ငိုချင်လာ
မင်းအတွေးထဲ ဘယ်သူရှိမလဲ
တွေးမိတိုင်းလည်းမျက်ရည်ဝဲ
မင်းမျက်ဝန်းကို ခိုးခိုးကြည့်
ချစ်အဖြေကို ရှာနေ၏
တစ်နေ့နေ့မှာ နီးစပ်ရမယ်
ငါ့နှလုံးသားက ယုံကြည်တယ်.....။
Cinthi (GTC )
.
Tuesday, September 25, 2012
အချစ်ဆိုတာ လျိုဝှက်ချက်တစ်ခုပါ - ချမ်းမြေ့ပါစေ
 ငွေရှိတိုင်းလည်းမပျော်ကြပါ
 ငွေမရှိပေမယ့်လည်း
ပျော်တဲ့သူအများကြီးပါ
မသိသေးတဲ့ဒီလောကရဲ့ အထာ 
ဘ၀ဆိုတာ တိုက်ပွဲလေးတစ်ခုပါ။
 မောင်သီ (မှော်ဘီ - GTC )
ချမ်းမြေ့ချမ်းမြေ့ပါစေ ချမ်းမြေ့ချမ်းမြေ့ပါစေ
Boss လည်းချမ်းမြေ့ပါစေ
မန်နေဂျာလည်း ချမ်းမြေ့ပါစေ 
ဝန်ထမ်းများလည်း ချမ်းမြေ့ပါစေ
ဘ၀ထိုထိုတွင်းမှာ ကပ်ဖားယပ်ဖားကင်းဝေးကာလ
တကယ်တော်သော ၀န်ထမ်းကောင်းများမြဲပါစေ
တကယ်တတ်သော ၀န်ထမ်းကောင်းများမြဲပါစေ
 မောင်သီ (မှော်ဘီ - GTC )  
.
.
Sunday, September 23, 2012
ဖိတ်စာ လိပ်စာ ဒီဇိုင်းကတ်တွေ အလွယ်တကူပြုလုပ်နိုင်တဲ့ Business Card
ပြက္ခဒိန်နောက်ခံထားပြီး လိပ်စာကတ်လုပ်ရင်လည်းရပါတယ်..ဒီဇိုင်းအများကြီးပါပါတယ်
ဘေးတန်းကဖိုင်တွေမှာ သူ့ အုပ်စုနဲ့ သူ ဒီဇိုင်းခွဲထားပါတယ် တကယ့်ကို Professional ဆော့ဝဲပါ
ဒီဆော့ဝဲလေးကတော့ လိပ်စာကတ် ဖိတ်စာကတ် ဒီဇိုင်းကတ် လက်ဆောင်ကတ်
တစ်ခုခု  ပြုလုပ်ချင်သူတွေအတွက် အဆင်ပြေနိုင်စေမယ့်  ဆော့ဝဲကောင်းလေးပါ
လုပ်ပုံလုပ်နည်းကလည်းအရမ်းလွယ်ပါတယ် ဒီဇိုင်းတွေကလည်းအများကြီး ပါ၏
နမူနာစမ်းလုပ်ပြထားပါတယ် ။  ဒီဇိုင်းဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကူးအပေါ်မှာ
မူတည်ပြီး  ကောင်းရင်ကောင်းသလို  ဖန်တီးလုပ်ဆောင်နိုင်ပါတယ် ။ လိပ်စာကဒ်
ပြုလုပ်ချင်သူတွေ  အတွက်လည်း မြန်တယ် ။တစ်ခုလုပ်ပီးရင် ၁၀ခု ထွက်ပါတယ်
ဆော့ဝဲရော ကီးရော တင်ပေးထားပါတယ် စမ်းကြည့်..ဖလမ်းဖလမ်းလေး...........။
ဒီလင့်မှာ Download ယူပါ - ဖိတ်စာလိပ်စာ နာမည်ကဒ်Card Design
မူရင်းလင့် - http://dasunthathilina.blogspot.com/2012/08/mojoso.
.
Saturday, September 22, 2012
အတ္တဘီလူးများ
လူတကာရဲ့ မျက်စောင်းနဲ့
ငါ ရင်း ရင် လက်ဆွဲ နှုတ်ဆက်ခဲ့ဖူးတယ်.....။
လေပူတစ်ချက်ဝှေ့သွားတိုင်း
ဟိတ်ကြီး ဟန်ကြီးနဲ့   လွင့်ခဲ့ဖူးတယ်...........
..............................
.........................
ငါ့ပုံစံ  ငါ့တန်ဖိုးကလည်း
ခပ်နွမ်းနွမ်း ငါးကျပ်တန်လောက်ပဲရှိတာ
ဒီတော့.............ထားလိုက်
ငါ့ကို.................
ဘယ်အိပ်ကပ်ထဲမှ မထည့်ကြနဲ့  ။   ။
ငါ့လက်ဖြားမှာ  ဂုဏ်တွေ ဓနတွေ
အပြိုင်အဆိုင် မသီးချင်နေ
ကိုယ်ကြိုက်တဲ့ ဖန်ချိုတစ်ခွက်
......................................
ဘာလုပ်မှာလည်း.................
တစ်ဘဝစာ  ဒူးနှံ့ နေနိုင်ဖို့အတွက်
လူ လူချင်း ဂုတ်သွေးစုပ်မနေတော့ဘူး   ။   ။
မတက်သာတဲ့  အဆုံး
ကိုယ့်တံတွေးကို အရသာခံမျိုချရင်း
တစ်ဘဝစာအတွက်   နေ၀င်ပစ်မယ်..........။
.............................................................
မယုံမရှိနဲ့     မှာခဲ့မယ်.........
ဒီလူ့သမိုင်းမှာ
သိက္ခာလက်နက်        ၇ိက္ခာလက်နက်တွေ
ကျည်အပြည့်ရှိ နေသရွေ့
အတ္တတရားကို  ဂီယာကုန်ထိုးရင်း
မီတာကုန်တောက်လောင်နေအုံးမယ်............။
ရဝေသစ်(မြတမာ)
.
ဒါအချစ်လား
ဒါ.......အချစ်လား
ငါ့နှလုံးသားကို  ပူဇော်ဖို့
ပလ္လင်တော်အတွက် နက္ခတ်ကောင်းစောင့်စရာ
မလိုပါဘူးကွယ်....................။     ။
.............................................................
ငယ်ငယ်ကတည်းက  အစိမ်းရောင်ကြိုက်တဲ့ဒဏ်က
ခုထိသစ်စိမ်းချိုး အကျိုးပေးဆဲ
အချစ်ဆိုတာကလည်း................
မျက်နှာကြီးလက်နဲ့ကော်မှ
စားပွဲပေါ်ရောတ်တဲ့  ဟင်းတစ်မျိုးပါပဲလား
အမာရွပ် အထပ်ထပ်ကြား ဒီတရားငါတွေ့ခဲ့
ဘယ်လောက်ခက်တဲ့  တံခါးဖြစ် ဖြစ်
ဂဏန်းကြီး ကြီးနဲ့ခေါတ်ရင်
ဒေါက်ကနဲ ပွင့်တယ်............။
.......................................
ဘယ်လောက်မာတဲ့ အသည်းဖြစ်ဖြစ်
ဆင်ဖြူတော်များများနဲ့  ဆွဲရင်
ဗိုင်းကနဲ လဲတယ်
ဒုတိယဘုရားသခင်က
 အဲလောက်တံခိုးထွားရဲ့
ငါက
မေတ္တာရဲ့  အလျား အနံကို  တိုင်းတာတုန်း
အချစ်က.......................
အသွားရော အပြန်ပါ
ပါဂျဲရိုးသုံးနေပြီ..................။
...................................................
ဟေ့..........ချစ်ဆူးငယ်
မလုပ်နဲ့
နှလုံးသားကို ကြိုးဆွဲချဖို့  မကြိုးစားနဲ့လာ
အစာအိပ်ကိုချောင်ရိုက်ဖို့ပဲ  တို့ပြင်ကြမယ်....။
ရဝေသစ်( မြတမာ )
.
Friday, September 21, 2012
Mobile Phone အတွက် Anti Virus ဆော့ဝဲ ကောင်းများစုစည်းမှု
ဒီဟာလေးတွေကတော့ မိမိတို့ ဖုန်းအတွက် သင့်တော်ကောင်းမွန်တဲ့ ဆော့ဝဲတွေပါ
အင်တာနက်သုံးတာပဲဖြစ်ဖြစ် ကွန်ပျုတာနဲ့ ချိတ်တာပဲဖြစ်ဖြစ်ဝင်နိုင်တဲ့အခြေနေက
အများကြီးပါ အဲ့တော့ လိုရမယ်ရ တစ်ခုခုထည့်ထားသင့်တယ် အခုလက်သုံးတာက
AVG ပါ တစ်ယောက်နဲ့ တစ်ယောက် ၊အကြိုက်ချင်းမတူနိုင်သလို အတွေ့ အကြုံက
ကွဲပြားနေမှာပဲ အဆင်ပြေရာ ရွေးချယ်သုံးနိုင်ပါတယ် ။  ဖုန်းထဲမှာ လေးလာတာက
ဗိုင်းရပ်ကြောင့်  ဖြစ်နိုင်သလို Backgroung data တွေ  ဖွင့်တာများရင်လည်းဖြစ်မယ်
အဲ့တော့  မလိုအပ်တာတွေကို Task Manager က Stop လုပ်ပါ။ မလိုအပ်တဲ့ဆော့ဝဲ
တွေဖျက်ပြီး သုံးမယ့်ဟာပဲထားရင် မလေးတော့ဘူး ။အဲ့တော့အဆင်ပြေတာသုံးပါ
(၁) Avast Anti Virus For Mobile Phone
Androit အတွက် ဒီလင့်မှာ ယူပါ - https://play.google.com/download.
Iphone အတွက် မရပါတဲ့ - https://support.avast.com/index.php? 
(၂) AVG Anti Virus For Mobile Phone
Androit အတွက် ဒီလင့်မှာ ယူပါ - https://play.google.com/
Iphone အတွက် ဒီလင့်မှာ ယူပါ  - http://itunes.apple.com
Androit အတွက်ဆို version 2.0 အထက်၊ Iphone အတွင် iOS 4.3 အထက်ပါ။
AVG ၀က်ဆိုဒ်ရဲ့ FAQ မှာ လေ့လာပါ - http://www.avgmobilation.com/support.
နောက်ထပ်အမျိုးစားတွေ သုံးချင်ရင်တော့ - http://www.techsupportalert.com/
.
Blogger သမားတို့ အတွက် Cbox ဟုခေါ်သော Chat Box လုပ်နည်း
ဒီဟာလေးက ဘလော့တွေမှာထည့်ကြတဲ့ Cbox လေးပါ။ မလုပ်တတ်သေးသောသူ
မသိသေးသောသူများ သုံးရန် မှတ်တမ်းတင်လိုက်ပါတယ် လုပ်နည်းက မခက်ပါဘူး
Cbox name= အမည်တစ်ခုခုထည့်ပါ (ဘယ်သူမှမသုံးသေးသာနာမည်တစ်ခု)
Email Adress = Gmail လိပ်စာတစ်ခုထည့်ပါ
Pass word = 12345 ကြိုက်ရာထည့်ပါ
Confirm pass word = အပေါ်က ပတ်စပ်ပြန်ထည့်ပါ
website = မိမိဘလော့လိပ်စာရိုက်( http//www.=======)
lenguage = English ပုံသေထားလိုက်ပါ
Style = ကြိုက်တဲ့အရောင် သုံးပါ (ဘေးမှာ Preview ပေါ်နေပါတယ်)
I have read nad do agree------ စာတန်းဘေးက box လေးကို အမှန်ချစ်
Craete My Cbox ကို နှိပ်ရင် ရပါပြီ ။  ပြီးသွားရင် Publish ဆိုတဲ့စာလေးနှိပ်
ကုဒ်တွေယူပြီး ဘလော့က Add a gadget = HTML Java မှာထည့်လိုက်ပါ
အရုပ်ထည့်နည်းနဲ့  Cbox ရဲ့ အရေးပါပုံ ဒီမှာ ဖတ် -http://www.zwmnna.com/cbox.
Cbox လုပ်ချင်ရင် ဒီလင့်ကနေ သွားပါ - http://cbox.ws/craete a new cobx
.
.
Thursday, September 20, 2012
Faebook ကို Gtalk လိုပဲ Desktop ပေါ်တင်ချက်ချင်ရင်
ဒါလေးကတော့ အသုံးလိုတဲ့သူ ပြန်သုံးရအောင် တင်ပေးတာ။ သုံးရတာအဆင်ပြေ၏
Gtalk လိုပဲအဆင်ပြေတယ် ချက်တင်ကနေ၀င်ပြီး Facebook စာမျက်နှာသွားလည်းရ
Gtalk လိုပဲ Mail စာအိပ်ပုံလေး နှိပ်ရင် Gmail တန်းရောက်သွားသလိုပဲ ကောင်းတယ်
Remember Password လုပ်ခဲ့ရင် ကွန်ပျုတာဖွင့်တာနဲ့ အော်တိုပွင့်တယ် အသစ်ကြီး
ပြန် ရိုက်ရတာ ပျင်းစရာ..အော်လိုက်တာနဲ့ တန်းပွင့်ရင် ဘီလောက် ကောင်းမလဲ...။
လိုချင်ရင် ဒီလင့်မှာယူ -http://www.facebook.com/Messager Ftalk
.
Photoshop သမားတွေအတွက် ဆော့ဝဲမလိုပဲ ဖလမ်းဖလမ်းလုပ်ရပီ
နမူနာ ဒီဇိုင်းတွေအများကြီးပါ 10မျက်နှာကျော်ပါတယ် တစ်ခုပီးတစ်ခုကြည့်ပါ
ဓာတ်ပုံပြင်တာ ဒီဇိုင်းလုပ်တာ ၀ါသနာပါသူများအတွက် အင်တာနက်မှာ ပြင်နိုင်တဲ့
လင့်လေးတစ်ခု တွေ့ ပါတယ် ။ အဲ့မှာ ဒီဇိုင်းအမျိုးမျိုး ၊ဘောင်အမျိုးမျိုး။ကာလာအစုံ
ခဲချစ်ပန်းချီ ဟာသ ပုံလေးတွေ အများကြီးပြင်လို့ ရပါတယ် အကောင့်လည်းမလိုပါ
ဒီတိုင်ဝင်ပြင်ယုံပဲ ။ လိုချင်တဲ့ဒီဇိုင်းရွေး ပုံထည့် ဒေါင်းလုပ်ယူ အားလုံးရှင်းနေတာပဲ
ဆော့ဝဲထက်ကောင်းတယ်လို့ ဆိုချင်ပါတယ် ။ နမူနာပုံတွေ တင်ပေးလိုက်ပါတယ်
ကလိတာဝါသနာပါသူများ ကလိနိုင်ပါစေချင်းအကျိုငှာ..မျှဝေလိုက်ပါ၏.............။
ဒီလင့်က ဒီဇိုင်းတွေနဲ့ လုပ်ဖို့ - http://www.photofacefun.com/1
ဒီလင့်က ဘောင်လှလှလေးလုပ်ဖို့ - http://www.photofacefun.com/2
ဒီလင့်က Face book Cover လုပ်ဖို့ - http://www.photofacefun.com/3
Monday, September 17, 2012
ဘလော့မှာ စာဖတ်သူတွေရေးခဲ့တဲ့ Comments ကို လှလှလေးထားချင်ရင်
ဒီနည်းလေးကတော့ ဘလော့ကို လာရောက် စာဖတ်သူတွေ ရေးခဲ့တဲ့ မှတ်ချက်
Comments တွေကို လှလှလေး ပေါ်စေချင်တယ်ဆိုရင် ပြုလုပ်တဲ့ နည်းလေးပါ
လုပ်နည်းကတော့ ပေးထားတဲ့ ကုဒ်တွေကိုယူ ကိုယ့်ဘလော့လိပ်စာပြောင်းပါ
Addd a Gadget ကနေ Html Java ကနေ ထည့်လိုက်..အဆင်ပြေတယ်.........။
<style type="text/css">
ul.w2b_recent_comments {
    list-style: none;
    margin: 0;
    padding: 0;
}
.w2b_recent_comments li {
    background: none !important;
    margin: 0 0 6px !important;
    padding: 0 0 6px 0 !important;
    display: block;
    clear: both;
    overflow: hidden;
    list-style: none;
}
.w2b_recent_comments li .avatarImage {
    padding: 3px;
    background: #fefefe;
    -webkit-box-shadow: 0 1px 1px #ccc;
    -moz-box-shadow: 0 1px 1px #ccc;
    box-shadow: 0 1px 1px #ccc;
    float: left;
    margin: 0 6px 0 0;
    position: relative;
    overflow: hidden;
}
.avatarRound {
    -webkit-border-radius: 100px;
    -moz-border-radius: 100px;
    border-radius: 100px;
}
.w2b_recent_comments li img {
    padding: 0px;
    position: relative;
    overflow: hidden;
    display: block;
}
.w2b_recent_comments li span {
    margin-top: 4px;
    color: #666;
    display: block;
    font-size: 12px;
    font-style: italic;
    line-height: 1.4;
}
</style>
<script type="text/javascript">
//<![CDATA[
    // Recent Comments Settings
    var
 numComments  = 5,
 showAvatar  = true,
 avatarSize  = 60,
 roundAvatar = true,
 characters  = 40,
 showMorelink = false,
 moreLinktext = "More »",
 defaultAvatar  = "http://www.gravatar.com/avatar/?d=mm",
 hideCredits = true;
//]]>
</script>
<script type="text/javascript" src="http://helplogger.googlecode.com/svn/trunk/w2b recent comments with avatars.js"></script>
<script type="text/javascript" src="http://မိမိဆိုဒ်လိပ်စာထည့်ပါ /feeds/comments/default?alt=json&callback=w2b_recent_comments&max-results=5"></script>
မူရင်းလင့် - http://helplogger.blogspot.com/2012/03/add-recent.
.
Sunday, September 16, 2012
အကြိုက်ဆုံးစာသားတွေနဲ့ အောင်မှုးဝေရဲ့ ကဗျာအလှတွေ.
ချစ်သူ့တောနဲ့ လွမ်းရသူ့တောင် -၁
တောနဲ့တောင်နဲ့ မောခဲ့မှောင်ခဲ့ နောင်တရခဲ့တာတွေ
တိတ်ခွေရဲ့အစကိုပြန်သွားကြည့်ရသလို
လမ်းသင့်တိုင်းလျှောမွေးလေးကို
ဗာရာဏသီချဲ့ရတယ်
စိတ်ညစ်တဲ့အခါ ညည်းကြမယ်
သံသရာဆိုတာ စီဒီခွေလိုလည်နေတာ အချစ်ရဲ့။
ဆံပင်အသစ်ကောက်တဲ့မိန်းမပေါ့ဗျ
စိတ်အသစ်လေးကိုလည်းကောက်ပစ်လိုက်ပြန်ပြီ
သူကဝတယ် ထိုင်ချလိုက်တိုင်း
စကတ်ချုပ်ရိုးတွေပြေပြေကျတတ်တယ်
အဲဒီမှာ
ကျွန်တော်မျက်စိလည်နေတဲ့တောအုပ်
(မည်းမှောင်လျက်..)
သူ့ကိုချော့ရတာဝဋ်ကြွေးတစ်ခုဆိုလည်း
အတိုးရောအရင်းပါပြေးပြေးဆပ်ချင်နေမိတယ်
သူ့ဆီကတောအုပ်မည်းမည်းလေးကိုရဖိ
ု့ကျွန်တော့်ကိုယ်ကျွန်တော်ကျွန်
ဇာတ်သွင်းမိတာ
ကျွန်တော်မိုက်လို့...။
သူကလည်း သမုဒယကို ဖြည်မချခဲ့ဘူးဆိုတဲ့အကြောင်း
နှစ်ယောက်တွဲဆောင်းနေကျထီးအပြာလေးကသိတယ်
ချစ်သူ့တောနဲ့လွမ်းရသူ့တောင်လည်းသိတယ်
သူ ပစ်ထားခဲ့တဲ့အတိုင်းပဲ
ကျွန်တော်ရှင်သန်နေဆဲပါ
အသည်းကွဲကဗျာတွေမရေးပါဘူး
အရက်မသောက်ဘူး
မငိုဘူးမရယ်ဘူး
သူကတော့ဟိုဘက်စာမျက်နှာမှာ
သူ့ထက်ဝတဲ့လူကြီးတစ်ယောက်နဲ့မင်္ဂလာဆောင်လို့
ပျော်နေမှာပဲ
ကျွန်တော့်ဘက်ကကြည့်ရင်လား
ဘာပြောကောင်းမလဲ
ယခင်စစ်တလင်း ယခုမြေပဲတောင့်တွေလှန်းထားတယ် အေးဆေးပဲ။
ဟုတ်တယ်လေ
သံသရာဆိုတာစီဒီခွေလိုလည်နေတာအချစ်ရဲ့။    ။
အောင်မှူးဝေ
၅.၈.၂၀၁၂
ချစ်သူ့တောနဲ့လွမ်းရသူတောင်-၂
ဘ၀အကြောင်းခဏခဏပြောတယ်
လက်သည်းဆိုးဆေးအသစ်တွေပေါ်တိုင်းဝယ်တယ်
သူ့မိဘအရိပ်မှာခိုနေဖို့မစဉ်းစားနဲ့ပြောတယ်
ကဗျာရေးတာအလကားပဲ ဆိုက္ကားနင်းပါလားတဲ့
ဘက်ထရီအားသွင်းတာလည်းမကိုက်ဘူး
လက်ဖက်ရည်ဆိုင်ဖွင့်ပြီးဖုန်းကဒ်ရောင်းရင်ကော
ငါတို့အချစ်တွေပိုခိုင်မြဲမလား
ဟောဒီကပဲပြုတ်လည်းမေတ္တာကမ္ဘာများဖြင့်မခြားပါဘူး
ကွမ်းစားဆေးသောက်ကျပျောက်သလောက်ပိုက်ဆံနဲ့
နိုင်ငံခြားမှာ အိပ်မက်ရောင်းဝယ်ရေးလုပ်ရမလား
(ငါ့ညီတွေကိုပြန်လာစေချင်ပြီ)
သူတို့မှာအိမ်မရှိလို့မဟုတ်ဘူး ကောင်မရဲ့
အိပ်မက်တွေမသန်လို့
အယူအဆတွေဟာ အပူကြွနေကြတယ်
ဒီနေရာမှာစကတ်အတိုနဲ့ဆောင့်ကြောင့်မထိုင်နဲ့
မီးလောင်သွားတဲ့ရှော့ပင်းန်မောလ်ဟာ
မင့်အဖေပိုင်ဆိုင်မှုတွေထဲကတစ်ခု
မိုးရေစက်တွေလိုနိမ့်ရစီးသွားတဲ့ကြင်နာမှုတွေဟာ
ကဗျာဆရာရဲ့ကြွယ်ဝမှုပေါ့ကွာ
မင်းရဲ့သုံးဖြုန်းနိုင်မှုတွေကိုငါမှတ်ထားပါတယ်
ဝေးကွာသွားပြီး၄၅မိနစ်အကြာအထိ
အသုံးအဖြုန်းကြီးသူလေးကိုငါလွမ်းနေသေးတယ်။  ။
အောင်မှူးဝေ
၅.၈.၂၀၁၂
.
လွ ေ န တ ဲ ့ က ဗ ် ာ
ရုပ္ပံုလွလွ တီရွပ္လွလွ
ခရေပန်းလှလှ လမ်းလှလှ
ရေပေါက်ကလေးတွေယိုစိမ့်ပုံလည်းလှ
အဲဒီ...
ကန်ထရိုက်တိုက်ကြီးပြိုကျသွားပုံကလည်းလှတယ်။
မြို့သစ်လှလှ ကွင်းပြင်လှလှ
ရေပွက်လှလှ စပါးရိုင်းပင်လှလှတွေကြားထဲ
ပျံသန်းနေတဲ့ဗျိုင်းအုပ်တွေလည်းလှတယ်။
အိမ်လခလှလှ  အိမ်ရှင်လှလှ
စပေါ်ငွေပေးလိုက်တဲ့လက်ကလေးနဲ့
စပေါ်ငွေယူသွားတဲ့လက်ကြီးလည်းလှတယ်။
ဇာတ်ဝင်ခန်းလှလှ လမ်းမီးတိုင်လှလှ
အလုပ်အဆင်ပြေတဲ့ညဆို
ငှားစီးတဲ့ဆိုက္ကားလည်းလှ
အသားကပ်ဘောင်းဘီပါးကြပ်ကြပ်ကလေးလည်းလှသနဲ့
ရောဂါရတောင်ရောဂါကလှနေဦးမယ့်ပုံ။
နေရာတကာ အတက်အဆင်း အဖော်အချွတ်
အမြင်မတော်ဘူး စကားလုံးလှလှ အပြုံးလှလှ
စားဝတ်နေရေး ပညာရေး ကျန်းမာရေးလှလှ
စိတ်ဆိုးဟန် သန္ဓေသားဖျက်ချသလို
ကိုယ့်အပြစ်ကိုယ်ဖျက်ချပုံတွေကလည်းလှတယ်။
ကော်ဖီခွက်လှလှ အငွေ့အသက်လှလှ
အသက်ရှင်သန်မှုလှလှ အဆင်မပြေမှုလှလှ
ကဗျာလှလှကလေးတွေ စားပွဲခုံလှလှလေးပေါ်မှာ
စာရွက်လှလှလေးနဲ့ရေးတာ လှတယ်။
ဆံပင်ပုံလှလှ ခေါင်းလိမ်းဆီလှလှ
ပဲ့နေတဲ့နှုတ်ခမ်းလေးလည်းလှတယ်
မိတ်ကပ်လှလှ အလှဖန်တီးရှင်လှလှ
ဝိုင်ခွက်ကို မ လိုက်တဲ့ ညာလက်ကလေးလည်းလှတယ်။
ဖုန်းနံပါတ်လှလှ ဟန်းဆက်လှလှ
ဖုန်းအိတ်လှလှနဲ့ ဖုန်းပြောဟန်ကလည်းလှပါတယ်။
(ဟယ်လို..အေး..အခုပြောနေတာ ငါမဟုတ်လား)
နိုင်ငံတော်လှလှ နိုင်ငံတော်အလံလှလှ
နိုင်ငံသားလှလှတွေနဲ့အတူ
အသားဖြူတဲ့ သမ္မတကြီးလည်းလှ
သပြေနုလှလှ ငွေခရုလှလှ
(ဝိုင်းခင်ရေ....)
အမေစုလည်းလှပါတယ်။
ပါတီလှလှ ပါတီဝင်လှလှ
ပါတီအလံလှလှတွေနဲ့
အမတ်ကလေးတွေလည်းလှပါတယ်။
ခေါင်းပေါင်းလှလှ တိုက်ပုံလှလှ
လွှတ်တော်ခန်းမလှလှနဲ့
လွှတ်တော်ဥက္ကဋ္ဌကြီးလည်းလှပါတယ်။
သေနတ်သံလှလှ ကလေးငိုသံလှလှ
သတင်းလှလှ ဂျာနယ်လှလှ
သတင်းထောက်လှလှတွေနဲ့
မီးတောက်မီးတောက်မီးလျှံလေးတွေလည်းလှတယ်။
ကဗျာဆရာလှလှ စာရေးဆရာလှလှ
ကြော်ငြာလှလှ မဂ္ဂဇင်းလှလှတွေနဲ့
အယ်ဒီတာတွေလည်းလှတယ်။
တက္ကစီလှလှ ခရီးသည်လှလှ
ကားလှလှတွေနဲ့ လမ်းကြပ်နေတဲ့
ဗိုလ်ချုပ်လမ်းကြီးလည်းလှပါတယ်။
ကျီးကန်းလှလှ ခိုလှလှ
ပလက်ဖောင်းလှလှ ခြေထောက်လှလှလေးတွေနဲ့
ခိုစာရောင်းသူတွေရဲ့ဝမ်းရေးကလည်းလှတယ်။
ငါတို့ဘဝနဲ့အနီးတစ်ဝိုက်
အပျံသင်ကာစတိမ်ပြာပြာတွေလို
နာရီနဲ့အမျှ လှချင်တိုင်းလှ
စမ်းရေစီးသံ ဆည်းလည်းလှိုက်သံလို
သောတပသာဒထဲအထိလှ
ဟဒယဝတ္ထုကိုထိချက်လှလှ
စိတ်နှလုံးလှလှ အလှမြင်စိတ်လှလှတွေနဲ့
ဒုက္ခလှလှတွေလည်းလှပါကြောင်း
လှနေသူဝေနေယျအပေါင်းတို့ခင်ဗျား။    ။
အောင်မှူးဝေ
၁၆.၈.၂၀၁၂
သံမဏိဧည့်သည်တော်
အမှောင်ကိုထိကြည့်လိုက်တာနဲ့
လမ်းနံပါတ်အော်ပြောတဲ့အသံကြားရ
နာနာဘာဝဖန်ခွက်ထဲ
အပြုံးနဲ့ငှဲ့ထည့်လိုက်တဲ့အဆိပ်တွေကြောင့်
နှလုံးသားအလယ်ကွဲနဲ့ကောင်ဟာ
မိုးဥတုစစ်စစ်ရဲ့
လတ်ဆတ်သောခရေပွင့်တွေကိုဆာလောင်ခဲ့ပါတယ်..တဲ့။
ကဗျာတစ်ပုဒ်ရေးတယ်ဆိုတာ
တိုင်းပြည်နဲ့စကားပြောနေတာပါ
ချစ်သူနဲ့စကားပြောနေတာပါ
သစ္စာတရားနဲ့မျက်နှာချင်းဆိုင်ရယ်မောနေတာပါ
ကျွန်တော်လည်းမောင်ချောနွယ်လို
အနုပညာအင်္ကျီလေးတစ်ထည်းနဲ့
ကမ္ဘာကြီးရဲ့အလယ်ကောင်ကိုရောက်ခဲ့ရတယ်လေ။
စိတ်နဲ့ခိုးခိုးပြီးနမ်းရတဲ့ကောင်းကင်တစ်ခုလို
တနင်္ဂနွေနေ့တိုင်းအုံ့မှိုင်းခဲ့တယ်ဆိုသူကြီးရဲ့
ကဗျာဆရာဆိုတာ
သမိုင်းကဆင့်ခေါ်လို့ရောက်ရှိလာတဲ့
သံမဏိဧည့်သည်တော်ပဲဖြစ်ပါတယ်။    ။
အောင်မှူးဝေ
၁၉.၈.၂၀၁၂
Epson Stylus™ T13 Printer Driver Download
ဒီဟာလေးကတော့ သူငယ်ချင်းတစ်ယောက် အသုံးလိုလို့ ရှာပေးဖြစ်တဲ့လင့်လေးပါ
ဟိုးတလောက  သူငယ်ချင်းတစ်ယောက်ရဲ့ စက်မှာ  အခွေထည့်မရတာနဲ့ ဒေါင်းပြီး
စတစ်ထဲကနေထည့်တာ အဆင်ပြေတယ် ။တိုက်ဆိုင်သူ ရှိနေပါက သိရှိစေရန်နှင့်
ပြန်လည်အသုံးပြုနိုင်စေခြင်းငှာ....မျှဝေလိုက်ရပါကြောင်း.............................။
ဒီလင့်မှာ download ယူပါ -Epson Stylus™ T13 Printer Driver Download
.
Saturday, September 15, 2012
မတင်ဖြစ်တာ ကြာပီဖြစ်တဲ့ ကိုအောင်မှုးဝေ ရဲ့ ကဗျာတွေပါ
ခေတ်-၁
ငိုသံတွေပစ်ထည့်ပြီး လမ်းလျှောက်သွားရတဲ့အခါ
ကျောပိုးအိတ်ဟာတုန်ခါခဲ့ပါလိမ့်မယ်
လမ်းတွေလည်းအပေါက်တွေနဲ့
အပေါက်တကာအပေါက်တွေထဲ 
အတည်ပေါက်ကအဆိုးဆုံးဆိုလည်း
လက်ခံပြီးရင်းလက်ခံလိုက်ကြရုံ။
ခေတ်ကိုကခက်ပါတယ်
ကမ္ဘာမပျက်ခင်လူတန်းစေ့တော့နေဖူးသွားချင်တယ်။  ။
ခေတ်-၂
ဆံပင်ရှည်ရှည် စိတ်ရှည်ရှည်
အစေ့ရှည်တဲ့ ဗန်ဒါသီးမလေးတွေ ကျက်စားရာ
ဗန်ဒါစေ့ဟာဗန်ဒါပင်ကြီးဖြစ်လို့အဲဒီအရိပ်မှာ
စစ်တုရင်ထိုးကြ လွှတ်တော်တက်ကြ
ခေတ်ဟာ ငါတို့ကို ခွေးရူးတစ်ကောင်လိုထိုးထိုးဟောင်တယ်။
ငါတို့က နာနေတဲ့ ကျားတွေ ခြင်္သေ့တွေဟာဗျူဟာကောင်းပြီး
ဒေါင်းတွေက အောက်ပိုင်းချိနေတယ်တဲ့ ဗာရာဏသီပြည်မှာ
ဘာကောင်ကြီးအုပ်ချုပ်တယ်ဆိုလား အမေစုကိုချစ်တယ်ဆိုပြီး
ခြုံပုဝါဘယ်ညာချကာရယ် လမ်းမပေါ်စကားလုံးတွေရွာချတယ်
တာဝန်ကျေရောလား
ငါလည်းမဟာဝိဇ္ဇာပါသူငယ်ချင်း..တဲ
ကဗျာရေးတဲ့တစ်ယောက်ဝင်လာတယ်
ကြိုဆိုပါတယ်  နိုင်ငံရေးသမားကြီးရယ်
ကဗျာဆရာဆိုတာ နိုင်ငံရေးပါတီထဲမ၀င်ဘူး
ဝင်ရင်လည်းအဲ့ဒီကောင်သစ္စာဖောက်တာပဲ
သူရေးတဲ့ကဗျာဟာ
သစ္စာဖောက်အရသာပဲရှိမယ်
နိုင်ငံရေးသမားတွေတော့ကဗျာရေးနေကြတာပဲ
အဲဒါသူတို့ကိစ္စလေ
ကဗျာဆရာဟာကဗျာအတွက်ပဲအသက်ရှင်ရမယ်။
ခေတ်ကို
အမှန်ကန်ဆုံး တုန့်ပြန်ကြရအောင်
မိုးပျံတံတားပေါ်ကနေအော်ဆဲတဲ့အခါ
သတ်ပုံမှန်ဖို့လိုသလို
ခေတ်ကြီးနဲ့ပုံမှန်ဆက်ဆံ
ငါ့အသံငါပြန်ကြားရတာချို့တဲ့လွန်းလို့ရင်နာရပါတယ်။  ။
အောင်မှူးဝေ
.
ဘလော့ဂါ တွေ စာရေးတဲ့အခါ သုံးဖို့ အတိုချုပ်ပေးမယ် ကုဒ်
ဒီကုတ်လေး ကတော့  စာရှည်ရှည်ရေးသူများနဲ့   နည်းပညာသမားတွေ အတွက်
ဆိုဒ်ထဲမှာ  အပေါ်အောင်  ဆွဲဖတ်လို့ ရမယ့် PDF စတိုင်  Box လေးပါ အသုံးလို
တဲ့သူငယ်ချင်းတွေအတွက် ပြန်မျှလိုက်ပါတယ်............................................။
<div><form name="copy"><div align="center"><input onclick="javascript:this.form.txt.focus();this.form.txt.select();" type="button" value="Select All"> </div><div align="center"></div><p align="center"><textarea style="WIDTH: 300px; HEIGHT: 144px" name="txt" rows="100" wrap="VIRTUAL" cols="55"> ဒီနေရာမှာ ထည့်ချင်တဲ့စာ ထည့်ပါ</textarea></p></div></form>
.
Blog website လေးထဲမှာ အလွယ်ဆုံး Recent post Slide ထည့်နည်း
လွယ်တာမှ ဆိုဒ်လိပ်စာထည့်ပြီး ကုတ်တွေကို Add Widget ကနေ HTML java မှာ
ထည့် ။ ရေးပြီးသားပိုစ်တွေက အပေါ်ဘက်ကို တက်သွားတဲ့ ပလိန်းစတိုင်လေးပါ။
ပိုပြီးတိကျချင်ရင်မူရင်းလင့်မှာကြည့်ပါ..====> http://syahroonix.blogspot.com.
မြန်မာလို ရေးထားတဲ့နေရာမှာ မိမိဘလော့လိပ်စာထည့် ပြီးသုံးလိုက်ရုံပဲ..........။
Friday, September 14, 2012
အရိပ်စစ်
အငိုနဲ့ စလို့
  အငိုနဲ့ ဆုံးမယ့်
     လူ့ဘဝရဲ့ အချိန်ခဏလေး
          မင်းဘာလုပ်မယ် တွေးသလဲ.........?
ကိုယ့် သမိုင်းကို
   ကိုယ်တိုင် ရေးဖို့
         ငါတို့မှာ
            ကိုယ်ပိုင် အခွင့်အရေး တွေ ရှိတယ်.............။
တွေးချင်သလို တွေးပြီး
     ရေးချင်သလိုသာရေး
          ကိုယ်လုပ်ခဲ့တဲ့ အလုပ်က
              မှတ်တမ်း တစ်အုပ် အဖြစ်
                  သမိုင်းမှာ တွင်ကျန်ရစ်ခဲ့ရင်
                       ဒါဟာ
                          ကိုယ့်ဘဝရဲ့ အရိပ်အစစ်
                               ဖျောက်ဖျက်ပစ် ဖို့တော့ ခက်လိမ့်မယ် သူငယ်ချင်း...............။
                                                       ညီညီ(မြန်အောင်)
.
Thursday, September 13, 2012
ကိုယ်ပိုင် Blog Website လေးထဲမှာ Recents Post Slide ဒီဇိုင်းထည့်နည်း
စာဖြည့်ပြီး Generate နှိပ်ပါ. ပြီးရင် Add to blogger နှိပ်ရင်ရပါပြီ
ဒါကတော့ ယမ်ယမ်ခေါက်ဆွဲလိုပဲ အမြန်ရတယ် လတ်တလောရေးထားတဲ့ ပိုစ်တွေ
ဆလိုက် ပုံစံနဲ့ ပြန်ပြချင်တဲ့အခါ သုံးပါတယ် အလွယ်ဆုံး အမြန်ဆုံးနည်းပါ။  ဘောင်
တွေ စာတွေ အကျဉ်းအကျယ် ပြန်ပြင်နိုင်ပါတယ်။
 ဒီလင့်မှာ လုပ်ပါ - http://widcraft.blogspot.com/2012/08/recent-posts-slide
.
Wednesday, September 12, 2012
ကိုယ်ပိုင် Blog Website လေးထဲမှာ You might also like ဒီဇိုင်းထည့်နည်း
ဒီဟာလေးက ဘလော့စာရေးတဲ့အခါမှာ အရင်ရေးခဲ့တဲ့ပိုစ်တွေကို အောက်ကနေ
အလွယ်ရွေးဖတ်ဖို့  အကျဉ်းချုပ် ဖော်ပြပေးတဲ့ စနစ်တစ်ခုပါ လုပ်နည်းကလွယ်၏
ပုံကြည့်လုပ်လိုက်ပါ..ဒီနည်းကို လိုချင်တဲ့ သူငယ်ချင်း အဆင်ပြေပါစေ..............။
ဒီမှာသွားလုပ်ပါ - http://www.linkwithin.com/learn?ref=widget
.
Saturday, September 8, 2012
Flash Song ၀ါသနာရှင်များအတွက် သီးချင်းလုပ်တဲ့ Max-4 Full
ဒီဆော့ဝဲလေးက Max-3 နဲ့ အတူတူပါ ။သိပ်မထူးခြားဘူးထင်တာပဲ.ဒါပေမယ့်
တွေ Background ပုံတွေ Frame တွေသုံးမရဘူး ဖြစ်တတ်တယ် ဘာလို့ လည်း
ဆိုတော့ Max-4 နဲ့  ထွင်ထားတဲ့  Effect တွေကို Max-3 မှာ ထည့်ရင် မပွင့်ဘူး
ဘာဥပမာပေးရင် ကောင်းမလဲဆိုတော့  ဟိုးအရင်က  VCD စက်တွေရှိတယ်
အဲ့စက်တွေမှာ  DVD အခွေထည့်ရင် မဖတ်ဘူး မပွင့်လာဘူး ဒါပေမယ့်လည်း
DVD စက်ထဲမှာ VCD ထည့်ရင် ပွင့်တယ် ။ အဲ့ဆိုရင် DVD ဟာအဆင့်မြင့်တဲ့
ပညာကို သုံးထားလို့ ။ အဲ့လိုပဲ ဆင်တူတွေးရင်  Max-4 နဲ့  လုပ်ထားတဲ့သီချင်း
သို့မဟုတ်  Background - Mouse Effect - Frame တစ်ခုခုကို Max-3 မှာထည့်
မပွင့်ဘူး ။ ဒါပေမယ့် Max-3 နဲ့ လုပ်ထားတဲ့ သီချင်းတွေ Frame-Effect အကုန်
Max-4 မှပွင့်တယ် ။  ပြန်သုံးလို့ ရတယ် ။ Max-4 ဟာ Max-3 ကို  ပြန်လည်ပီး
Modify လုပ်တယ်လို့ ထင်တာပဲ ဘာတွေကို Modify  လုပ်သလဲဆိုတာတော့
Softwere Developer တွေပဲသိမယ်။အင်တာနက်မှာရှာဖတ်ရင်တော့ သိမှာပဲ
ဒါပေမယ့် သီချင်းလုပ်ရုံ  ဆိုရင်တော့ ဘာမှသိပ်ထူးမခြားနားလို့ ထင်ပါတယ်
အဲ့ကြောင့် Max-4 လိုချင်တဲ့သူရှိရင်  သုံးရအောင်ြ ပန်တင်ပေးလိုက်ပါတယ်
Full Version ပါ အထဲမှာ Patch  ဖိုင်ပါပါတယ် တချို့ Anti Virus တွေက အဲ့ဖိုင်
ကို ဗိုင်းရပ်စ် ထင်ပြီးတားပါတယ် ။ Path ,Crack, Key gen တွေဟာ  ဗိုင်းရပ်စ်
မဟုတ်ပါဘူး ။အဲ့တော့ အခုလိုဆော့ဝဲတွေ သုံးမယ်ဆိုရင် မိမိစက်ထဲမှာရှိတဲ့
Anti Virus ကို ခေတ္တ ပိတ်ထားစေလိုပါတယ်။  နောက်တစ်ခုက  ဆော့ဝဲတွေ
ဒေါင်းတဲ့အခါ  လင့်သေနေတာတွေ ဆိုရင်  အသိပေးစေချင်ပါတယ် ဘာလို့ 
လည်းဆိုတော့  ကိုယ်ပိုင် Hosting နဲ့ တင်တာမဟုတ်ပါဘူး Free Site တွေမှာ
အဆင်ပြေသလို   တင်တာဆိုတော့  Download ယူသူမရှိရင်  အဲ့ဆိုဒ်တွေက
ဖျက်တယ်  ။ ဆိုဒ်ပိတ်ထားတာ ကြာတော့ ဒေါင်းသူမရှိရင် ဖျက်ပစ်တာတွေ
ရှိမှာပါအဲ့တော့ ဒီစာလေးဖတ်မိသူက ဆော့ဝဲမလိုချင်ရင်တောင်Download
ကိုတစ်ချက်လောက်လက်ကမြင်းပီး Download လုပ်ပေးစေချင်ပါတယ်ဒါဆို
Hosting ဆိုဒ်က ဒေါင်းသူများရင်အကြာကြီး ထိမ်းသိမ်းတယ် မိမိတို့ လိုအပ်
တဲ့ ဆော့ဝဲလည်း တောင်းနိုင်ပါတယ်ရှိရင်ပေးတယ်မရှိရင်မပေးဘူး အချိန်
သဘောတရားသိထားစေချင်လို့ ပါ ။ရာသီဥတုသိပ်မကောင်းဘူး.မိုလည်း
ရွာနိုင်တယ်ရေလည်းကြီးနိုင်တယ် ကဲ..လိုအပ်သည်ဖြစ်စေ မလိုအပ်သည်
ဖြစ်စေဆွဲလိုက်ပါလို့ .မခင်သီတာကို.ပြောလိုက်ကြပါ.။(ဖေ့ဘွတ်ကစကား)
ဒီကယူတာမြန်တယ် - http://www67.zippyshare.com/Max-4
Download လင့် - Flash Song လုပ်ဖို့ .Swish Max -4 with Path Full 
မူရင်းလင့် - http://souma29free.blogspot.com.
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here