ချစ်သူ အမှန်ဆို………………
ဟိုးကလေး ငယ်ငယ်တုန်းက
အဖြူရောင်နှလုံးသားတစ်စုံနဲ့
မင်းကိုချစ်ခဲ့တဲ့ငါ
ချစ်သူ အမှန်ဆို………………
သူငယ်ချင်းဘဝတုန်းက
သူငယ်ချင်းလို ၊ ချစ်သူလို
မင်းကိုချစ်ခဲ့တဲ့ငါ
ချစ်သူ အမှန်ဆို………………
ငါတို့ နှစ်ယောက် မလိုသူတွေကြောင့်
ဝေးတောမလို့
ချစ်သူ အမှန်ဆို………………….
ငါတို့ နှစ်ယောက် မှားတိုက်မိတဲ့
လေညှင်းလေးကြောင့်
နီးစပ်ခွင့်နဲ့
ဝေးတော့မလို့
ချစ်သူ အမှန်ဆို…………………
ငါတို့ နှစ်ယောက် တလွဲမာနကြောင့်
ချစ်ရင်းနဲ့
လမ်းခွဲမျက်ရည်ကျတော့မလို့
ချစ်သူ
အမှန်ဆို…………………။
မမမေ (စစ်တွေ)
.
6 မှတ်ချက်:
အမှန် တိုင်းတွေမရေးပါနဲ့ဗျာ ခံစားရလို့ပါ တဂယ်ကိုထိတယ်ဗျာ အားပေးသွားပါတယ်ဗျာ
ခုတော တလွဲမာနကြောင့်
ေိေိေိးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(ချစ်သူ အမှန်ဆို………………….
ငါတို့ နှစ်ယောက် မှားတိုက်မိတဲ့
လေညှင်းလေးကြောင့်
နီးစပ်ခွင့်နဲ့ ဝေးတော့မလို့ )
တကယ့်ခံစားချက်လား မမမေ...ဟက်ဟက်
မောင်တစ်လုံးရေ
မမမေရဲ.ကဗျာလေးကိုအားပေးသွားပါတယ်ကွယ်
ခင်တဲ.အန်တီလေးမေခင်
အမှန်ဆို………………
သူငယ်ချင်းဘဝတုန်းက
သူငယ်ချင်းလို ၊ ချစ်သူလို
မင်းကိုချစ်ခဲ့တဲ့
ငါတို့ နှစ်ယောက် မလိုသူတွေကြောင့်
ဝေးတောမလို့
ကဗျာလေးကောင်းတယ်အမအားပေးသွားပါတယ်
ချစ်သူ အမှန်ဆို ဘာဖြစ်လဲ ဆက်ဦးနော် ဟိဟိ အားပေးတယ် .ဖိုးခွားလေး
Post a Comment