Saturday, September 15, 2012

မတင်ဖြစ်တာ ကြာပီဖြစ်တဲ့ ကိုအောင်မှုးဝေ ရဲ့ ကဗျာတွေပါ



ခေတ်-၁


ငိုသံတွေပစ်ထည့်ပြီး လမ်းလျှောက်သွားရတဲ့အခါ

ကျောပိုးအိတ်ဟာတုန်ခါခဲ့ပါလိမ့်မယ်

လမ်းတွေလည်းအပေါက်တွေနဲ့

အပေါက်တကာအပေါက်တွေထဲ 
 
အတည်ပေါက်ကအဆိုးဆုံးဆိုလည်း

လက်ခံပြီးရင်းလက်ခံလိုက်ကြရုံ။

ခေတ်ကိုကခက်ပါတယ်

ကမ္ဘာမပျက်ခင်လူတန်းစေ့တော့နေဖူးသွားချင်တယ်။  ။


 
ခေတ်-၂


ဆံပင်ရှည်ရှည် စိတ်ရှည်ရှည်

အစေ့ရှည်တဲ့ ဗန်ဒါသီးမလေးတွေ ကျက်စားရာ

ဗန်ဒါစေ့ဟာဗန်ဒါပင်ကြီးဖြစ်လို့အဲဒီအရိပ်မှာ

စစ်တုရင်ထိုးကြ လွှတ်တော်တက်ကြ

ခေတ်ဟာ ငါတို့ကို ခွေးရူးတစ်ကောင်လိုထိုးထိုးဟောင်တယ်။

ငါတို့က နာနေတဲ့ ကျားတွေ ခြင်္သေ့တွေဟာဗျူဟာကောင်းပြီး

ဒေါင်းတွေက အောက်ပိုင်းချိနေတယ်တဲ့ ဗာရာဏသီပြည်မှာ

ဘာကောင်ကြီးအုပ်ချုပ်တယ်ဆိုလား အမေစုကိုချစ်တယ်ဆိုပြီး

ခြုံပုဝါဘယ်ညာချကာရယ် လမ်းမပေါ်စကားလုံးတွေရွာချတယ်

တာဝန်ကျေရောလား

ငါလည်းမဟာဝိဇ္ဇာပါသူငယ်ချင်း..တဲ

ကဗျာရေးတဲ့တစ်ယောက်ဝင်လာတယ်

ကြိုဆိုပါတယ်  နိုင်ငံရေးသမားကြီးရယ်

ကဗျာဆရာဆိုတာ နိုင်ငံရေးပါတီထဲမ၀င်ဘူး

ဝင်ရင်လည်းအဲ့ဒီကောင်သစ္စာဖောက်တာပဲ

သူရေးတဲ့ကဗျာဟာ

သစ္စာဖောက်အရသာပဲရှိမယ်

နိုင်ငံရေးသမားတွေတော့ကဗျာရေးနေကြတာပဲ

အဲဒါသူတို့ကိစ္စလေ

ကဗျာဆရာဟာကဗျာအတွက်ပဲအသက်ရှင်ရမယ်။

ခေတ်ကို

အမှန်ကန်ဆုံး တုန့်ပြန်ကြရအောင်

မိုးပျံတံတားပေါ်ကနေအော်ဆဲတဲ့အခါ

သတ်ပုံမှန်ဖို့လိုသလို

ခေတ်ကြီးနဲ့ပုံမှန်ဆက်ဆံ

ငါ့အသံငါပြန်ကြားရတာချို့တဲ့လွန်းလို့ရင်နာရပါတယ်။  ။

 
အောင်မှူးဝေ
 
.


3 မှတ်ချက်:

soewinthant said...

ကဗျာစာသားတွေ ပြင်းတယ်ဗျာ...ခိုက်တယ်

Anonymous said...

အစ်ကိုတို့လိုနည်းပညာရှင်တွေရှိနေတာ ကျွန်တော်တို့မြန်မာလူငယ်တွေအတွက်တော့
ကမ္ဘာ့အိုင်တီရဲ့မျှော်စင်ကြီးတစ်ခုပါ....။

Anonymous said...

အရမ်းလေးစားမိတယ်.....။
လူတိုင်းမလုပ်နိုင်တဲ့အလုပ်တွေကို
လုပ်နိုင်ကြတယ် .... အသိပညာတွေကို
မျှဝေကြတယ် ... ကျွန်တော် လေးစား
ဂုဏ်ယူမိပါတယ် .....။

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here