Thursday, September 27, 2012
အလှပဆုံး ဒဏ်ရာ
အလွမ်းဒဏ်ရာ …….
အဆွေးဒဏ်ရာများနဲ့
ငါအသည်းကွဲ တဲ့အချိန်တုန်းက…………..
ရင်မှာကျန်ခဲ့တဲ့ ဒဏ်ရာက
အလှပဆုံး ဒဏ်ရာလေးတွေပဲ……..
ပျော်ရွှင်စရာတွေ
ဆင်ခြင်စရာတွေ မရှိအောင် ငါဘဝက
အမုန်းဒဏ်ရာအလယ်မှာ…………..
အရှုံးသံသရာတွေနဲ့ .............
ခုထိငါ နစ်မွန်းနေတုန်း ................
လူတွေကပြောကြတယ်……………..
လူဘဝရဲ့အစက ချစ်ခြင်းတွေနဲ့ စတာတဲ့
ဒါပေမဲ့……..လောကကြီးရယ်…………
ငါ့ဘဝရဲ့အစက အလွမ်းဆွေးဒဏ်ရာနဲ့စနေ ပါလား
ငါ့ကို အလွမ်းအဆွေးဒဏ်ရာတွေ ပေးခဲ့တဲ့..
ငါ့ရဲ့ ခင်တွယ်စရာ ချစ်သူလိပ်ပြာရယ်
ဘယ်ဆီ၊ဘယ်ဌာနမှာ နားခိုနေပြီလဲ
ငါ့ရင်မှာအလွမ်းအဆွေးဒဏ်ရာတွေနဲ့ ရှုးတောမယ်
ကြယ်စုံနေ့ရက်တွေလဲ ပျောက်ဆုံး…………
မဆုံဆည်းနိုင်တဲ့ ချစ်သူလိပ်ပြာရယ်
ရင်မှာပူလောင်တဲ့ အလွမ်းဒဏ်ရာ
နေ့ရက်ကလေးတွေပိုက်ပြီ…….
ဒီလိုနဲ့  တစ်ရက်ပီးတစ်ရက်....................။
မမမေ (စစ်တွေ )
.
3 မှတ်ချက်:
Unknown said...
အလွမ်းကဗျာလေး အားပေးသွားပါတယ် စာသားတွေ တိုက်ဆိုင်လို့ 
မေဝင်း789 said...
(အရှုံးသံသရာတွေနဲ့ .............
ခုထိငါ နစ်မွန်းနေတုန်း ........)
ဟုတ်လားလူလေး
တနားတာပါဒယ်းးးးးးးကွယ်
အကုန်လုံးပြင်ပေးတဲ့တွက်ကျေးကျေးပါ
aungthaik said...
မမကြီးက ချောလည်းချော စာသားတွေကလည်း ကောင်းတယ်ဗျာ
အားပေးနေတယ်နော် ဆက်ရေးပေးဦး ...........
လေးစားလျှက် ....ဖိုးခွားလေး
Post a Comment
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here