တစ်ချိန်တစ်ခါက မင်းပြောသည်
မင်းရင်ထဲမှာ ငါသာလျှင် အတည်
ဘယ်အရာတွေ ဘယ်လိုပြောင်းလဲ
မင်းတစ်ကယ်ချစ်တာ ငါတစ်ယောက်တည်းတဲ့
ငါမင်းအပေါ်ဘယ်လိုဆိုးဆိုး
အပြစ်မယူ “ I Love You” တဲ့
ငါ့အတွက်ကို ဘာမဆို
ပေးဆပ်ချင်သူတဲ့
အခက်အခဲတွေ ဘယ်လိုကြုံကြုံ
သူ့အချစ်ကို ယုံပါတဲ့
ဘ၀ခရီးဘယ်လောက်ကြမ်းကြမ်း
အတူတူ လျှောက်လှမ်းမှာပါတဲ့
အဲဒီတုန်းက မင်းစကားများ
ငါ့အတွက်တော့ အချစ်ခွန်အား
အချိန်တွေကြာနှစ်တွေပြောင်း
မင်းရဲ့စိတ်တွေအသစ်ဆီပြောင်း
တစ်ချိန်တုန်းက အချစ်ဆုံးပါဆိုတာ
ငါ့ကိုယ်ငါတောင် မယုံချင်လာ
မင်းနှလုံးသားထဲ ဘယ်သူပဲ
ထပ်ပြီးစိုးမိုးသွားပြန်သလဲ
ရက်စက်လိုက်တာ အချစ်ရာ
အခုတော့ဘယ်များပုန်းရှောင်ကာ
ငါ့အသဲကိုဟက်တက်ခွဲ
မင်းတွဲနေတာ ဘယ်သူလဲ
တစ်ချိန်တုံးက အချစ်ဆုံးပါဆိုတာ
ညာခဲ့တာလားကောင်လေးရာ
ဒို့မင်းကို အပြစ်မရှာပါပဲ
မင်းကအသစ်ကို ရှာတွေ့ပြီတဲ့
မင်းပြောခဲ့တဲ့ နောက်ဆုံးစကား
လွမ်းရဲရင် လမ်းခွဲပါတဲ့
မလွမ်းရဲသေးဘူး ကောင်လေးရယ်
အရမ်းလွမ်းနေတယ်.........................။
Cinthi ( GTC )
.
6 မှတ်ချက်:
အားပေးတယ်ဗျို့  စာသားတွေ မိတယ်နော် လူကလည်း မိတယ် ဟဟ
အားပေးတယ် ......ဖိုးခွားလေး
လွမ်းလွမ်း အရမ်းလွမ်းနော် အားပေးတယ် ဆက်ရေးဦးနော်
ကောင်းလိုက်တဲ့ကဗျာလေး။ ကာရံလိုက်တယ်။
ကဗျာလေးက တမျိုးလေးပဲနော် ခံစားအားပေးနေလျှက်ပါ
ကောင်းလိုက်တဲ့ကဗျာလေး။ ကဗျာလေးက တမျိုးလေးပဲနော် ခံစားအားပေးနေလျှက်ပါ....
အားပေးတယ် .ကဗျာလေးက တမျိုးလေးပဲနော် ခံစားအားပေးနေလျှက်ပါ
ခံစားအားပေးနေလျှက်ပါ....
Post a Comment