လူ.......
ချစ်လိုက်ကြတာလည်း အသဲအသန်
ကွဲခဲ့ကြတာလည်း အဖန်ဖန်
အခါခါ ခဲမှန် ဘူးပေမယ့်
အချစ်က အမှတ်မရှိတဲ့ စာသူငယ်လို
ရင်ခုန်းခြင်းတွေက တကျော်ကျော် ဟစ်အော်နေကြတုန်း..............။
လူတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းတယ်
ပြောတဲ့စကားက မပြောင်းလဲ
သူ့ကိုသာ အချစ်ဆုံး
ငါ့ဘဝအတွက် သူကသာ နောက်ဆုံးတဲ့.................။
အချစ်ဦးဖြစ်ပေမယ့် အချစ်ဆုံး မဟုတ်သလို
အချစ်ဆုံးဖြစ်ပေမယ့် အချစ်ဦး မဟုတ်ပြန်ဘူး
ဒါပေမယ့်....
သံယောဇဉ်ကြောင့်တော့ ရူးခဲ့ကြဘူးတယ်................
ဆံပင်ဖြူတွေက တစ်ပင်စ နှစ်ပင်စ
ဘဝက ဇရာကို ပြလာကြပေမယ့်
စိတ်ဓါတ်တွေ ဖြူစင်မလာကြတာ ခက်တယ်................။
ညီညီ(မြန်အောင်)
2 မှတ်ချက်:
ကဗျာက အမှန်တရားတွေနော်..ဂျာနယ်မှာထည့်ရင် ဆင်ဆာဖြတ်တယ်..အတော်များများ ထိတယ်ဟ...
(ဆံပင်ဖြူတွေက တစ်ပင်စ နှစ်ပင်စ
ဘဝက ဇရာကို ပြလာကြပေမယ့်
စိတ်ဓါတ်တွေ ဖြူစင်မလာကြတာ ခက်တယ်)
မှန်ုလိုက်တာဖိုးဖိုးရေ အဲလိုဒဲရေးရဝုးလေ
အားပေးသွားပါတယ် ဖိုးဖိုးရဲ့မြေးလေးးေိေိေိ
Post a Comment