Wednesday, October 10, 2012

သက်ဆုံးတိုင်ချစ်မယ့်သူ


ဘ၀တစ်ကွေ့မှာ ခဏတွေ့ခဲ့ကြပေမယ့်
တစ်ခဏမျှ မေ့မရခဲ့ပါဘူး အချစ်ဦးရယ်
မချစ်ဘူးတဲ့ အချစ်ထူးနဲ့
ဒီရင်ထဲက မင်းကိုစူးစူးနစ်နစ်ချစ်ခဲ့တာပါ
ချစ်တာကို လှစ်ဟမပြတတ်ပေမဲ့
မင်းကို၁၅၀၀ မေတ္တာစစ်နဲ့
သစ္စာရှိစွာ ချစ်ခဲ့တာပါ။
ဒို့တွေချစ်ရည်လူး ပျော်မြူးချိန်တုန်းက
မင်းပြောခဲ့တဲ့ စကားတွေ
မင်းနဲ့ဆိုရင်သေအတူ ရှင်မခွဲ
ဝမ်းနည်းအတူ ၀မ်းသာအတူ
ဘယ်ကံကြမ္မာဆိုး ဘယ်လိုတိုးတိုး
လက်တွဲမဖြုတ်
နောက်မဆုတ်တမ်းရှေ့ဆက်လှမ်း
ချစ်သက်တမ်းရှည်စေရမယ်
ဘယ်လိုသွေးထိုးစကားတွေလာလာ
ဒို့နှစ်ယောက်ရဲ့သစ္စာကို
အမြဲတမ်းယုံကြည်နေမယ်
ဒါပုံပြင်မဟုတ်ဘူးလို့ပြောခဲ့တဲ့ချစ်သူ
ခုတော့ ဘေးစကားတွေကို
အတွေးများပြီး
မင်းကငါ့ကို ဖောက်ပြားတယ်လို့စွပ်စွဲရက်လေတယ်
ရှင်းပြတာကို မင်းကလက်မခံ
ငါ့ကိုဖုန်းဆက်ခွင့်တောင်မပေး
ဘာမဟုတ်တဲ့ ကြားလူစကားကို
မင်းကနားယောင် ငါ့အချစ်ကိုအတုအယောင်ထင်
အကောင်းမမြင်တဲ့ချစ်သူ
မင်းဘယ်လိုပဲငါ့ကိုအထင်လွဲလွဲ
ငါကတော့မင်းကိုချစ်မြဲချစ်ဆဲပါ
အခုလည်းချစ်မယ် နောင်လည်းချစ်မယ်
သက်ဆုံးထိချစ်မယ့်သူဆိုတာ
အဝေးတစ်နေရာကချစ်သူ
ငါ့ကိုစောင့်ကြည့်နေပါ။
ဘယ်တော့မှမဖောက်ပြားတဲ့ သစ္စာတရားနဲ့
မင်းကို နောင်တ တရားကင်းမဲ့စွာချစ်နေမယ့်သူပါ။


Cinthi ( GTC ) 

.


3 မှတ်ချက်:

KOMYO-MEIE said...

မင်း နွယ်အေားကို သတိတော့ရသေးတယ်မို့လား။ ကောင်းပါတယ်ကွာ။ သူငယ်ချင်းတွေ အဆင်ပြေနေရင် ပိုကောင်းပါတယ်။ ငါ မျှားနတ်မောင် လုပ်ပေးမယ်။

aungthaik said...

အားပေးသွားတွာပါသည်

Anonymous said...

ငါ့လူရေ...အားပေးတာကျေးဇူးနော်..နိုင်ငံရေးတွေမပါနဲ့ ..မင်ကူညီချင်ရင် တစ်ယောက်အမှန်မဖောက်ပြန်တတ်သေမိန်းမရှာပေးကွာ..ငါနိုက်ကလပ်သွားလို့ သူလမ်းဘေးသွားအိပ်တဲ့မိန်းမမျိုးမလိုချင်ဘူး.....

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here