Tuesday, October 23, 2012

သူငယ်ချင်းသို့ ...........


သူငယ်ချင်းရယ်ငါမင်းအနားမှာ 
အရိပ်လိုအမြဲတစေမရှိနိုင်ပေမယ့်
မင်းအကြောင်းတွေကို
အမြဲလို နားစွင့်နေသူပါ
အညတရသမားမို့ 
ဘ၀ကမလှလို့ဘ၀ခရီးကြမ်းကို 
တစ်ယောက်တည်းလျှောက်လှမ်းနေရပါတယ်။

သူငယ်ချင်းအနားမှာ အမြဲမရှိနိုင်တာကို
လျစ်လျှူရှုတယ်လို့ မထင်လိုက်ပါနဲ့
ငါ့မှာ သူငယ်ချင်းကိုစကားခွန်အားကလွဲလို့
လက်ဆောင်ကောင်းလေးတောင်
မပေးနိုင်တဲ့ ဘ၀ပါ။

သူငယ်ချင်းရေ……………
နင့်ချစ်သူကနင့်ကို
လက်ဆောင်ကောင်းလေးတွေဝယ်ပေးတိုင်း
ငါ့ကိုပြောပြတော့
ငါပျော်တစ်ဝက် ၀မ်းနည်းတစ်ဝက်ဖြစ်ရတယ်
နင်လက်ဆောင်ရတာကိုပျော်ပေမယ့်
လက်ဆောင်မပေးနိုင်တဲ့ အတွက်
ဝမ်းနည်းမိပါတယ်
နင်ပျော်နေတာကိုမြင်ရင်
ငါလည်းအလိုက်သင့်ပျော်တတ်သလို
နင်ဝမ်းနည်းတာကို မြင်ရင်
ငါလည်းထပ်တူဝမ်းနည်းမိပါတယ်

အရမ်းချစ်တဲ့ချစ်သူကနင့်အနားမှာ
အမြဲနေပေးတဲ့အတွက်
ငါနင်နဲ့ထပ်တူဝမ်းသာမိပါတယ်သူငယ်ချင်း
နင်တို့တွေရာသက်ပန်ပေါင်းဖက်နိုင်ဖို့
ငါအချိန်ရတိုင်းဆုတောင်းမြဲပါ။

နင်တို့တွေ အရမ်းချစ်ပေမယ့်
ရေစက်မပါလို့လားမသိ
လမ်းခွဲခြင်းမှတ်တိုင်တစ်ခုစိုက်ထူလိုက်ပီတဲ့
ဒီသတင်းဆိုးကြီးလွဲပါစေလို့
ဆုတောင်းပေမယ့်
အမှန်ဖြစ်နေတယ်သူငယ်ချင်းရယ်

သိပ်ချစ်ပါတယ်၊ အရမ်းချစ်ပါတယ်ဆိုတာတွေက
ခုတော့လေထဲမှာ ပျောက်သွားပီလား
ငါနင့်ကိုဘယ်လိုနှစ်သိမ့်ရမလဲ
နင့်ဘ၀မှာ အချစ်ဆုံးချစ်သူကို
ဆုံးရှုံးလိုက်ရလို့နင်အရမ်းကြေကွဲနေမယ်ဆိုတာ
ငါခံစားမိပါတယ်
ဒါပေမယ့်
နင့်အနားမှာ အချစ်ဆုံးသူငယ်ချင်းတွေရှိနေပါသေးတယ်
အကြောင်းပြချက်မရှိပဲ ထားခဲ့သူကို
ခေါင်းစဉ်ရှာပီးလွမ်းမနေပါနဲ့
ပြီးသွားတာတွေကို ညည်းတွားမနေပဲ
ခြေလှမ်းတွေရှေ့ဆက်လှမ်းဖို့အားတင်းထားပါ။

သူငယ်ချင်းရေ 1500 ကိုနင်က မောက်မှားစွာ
ကိုးကွယ်မိတာကို
နောက်များမှာ အသိတရားကပ်လို့
သတိထားပီးချစ်တတ်ပါစေ
ဒီတစ်ခေါက်ချစ်ကံခေပေမယ့်
နောင်များမှာ ချစ်ကံဝေစေဖို့
သူငယ်ချင်းရေ
ငါအဝေးတစ်နေရာကနေ
ဆုတောင်းပေးနေပါတယ်။


Cinthi ( GTC ) 


.


6 မှတ်ချက်:

Anonymous said...

သားပြောတာလား မမစင်ဒီ ကဗျာစာသားတွေ ထိတယ်

cinthi86 said...

သားလေးရယ်ငိုးးးးးးးးး
ထိပဲထိနိုင်လွန်းဒယ်းးေိးးးးး

cinthi86 said...

သားလေးရယ်ငိုးးးးးးးးး
ထိပဲထိနိုင်လွန်းဒယ်းးေိးးးးး

မေဝင်း789 said...

ကဗျာစာသားကလှသလို
ကဗျာရေးသူလဲ လှပါတယ်
အားပေးသွားပါတယ်းးးးးးး

cinthi86 said...

ကဗျာဖတ်ပေးသူများကို အထူးကျေးဇူးတင်သလို
သမီးရေးတဲ့ ကဗျာလေးတွေကို ဒီဆိုဒ်မှာတင်ခွင့်ပေးတဲ့
ကိုကြီး zwmnna ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်

Unknown said...

ကဗျာလေးတွေအများကြီးရေးပေးချင်တယ်
ကျွန်တော်အရမ်းချစ်တဲ့ကောင်မလေးအတွက်ရင်တွင်းခံ
စားချက်တွေကိုသိစေချင်လို့ပါ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here