Tuesday, October 2, 2012

သိပ်ချစ်ခဲ့တယ်..အရမ်းမုန်းသွားပြီ..(တိုက်ဆိုင်မှုရှိပါက ခွင့်လွတ်ပါရန်))




ရင်မှာဖြစ်တည် ဒီအချစ်သည်

မင်းအတွက်သာလျှင် တစ်သက်လုံးအတည်

ဘယ်ခါမခွဲ သံသရာထဲ

လက်တွဲသွားမယ် ထာဝရအမြဲ

ဘယ်ခါမမုန်း သံသရာဆုံး

မင်းတစ်ယောက်သာလျှင်အချစ်ဆုံး

ဘယ်လိုကံကြမ္မာမုန်တိုင်းတွေလာလာ

မင်းရှိရင်မဖြုံစတမ်း ရှေ့ဆက်လှမ်းမှာပါ

မင်းပြောဖူးတဲ့ ဒီစကားတွေ

ငါ့နားထဲမှာ ပြန်ကြားနေ

တစ်ရက်ကလေးဝေးရင်တောင်

ရတက်မအေးဖြစ်ရသူလို့

မင်းခဏခဏပြောတဲ့စကား

အခုဆို ဒို့တတွေ  ဝေးသွားတာ

ရက်လနှစ်တွေ ကြာပြီကွာ

ချစ်သူရေ....................................

တစ်ချိန်ကအတူသွားဖူးတဲ့ ကော်ဖီဆိုင်

အတူထိုင်ဖူးတဲ့ခုံတန်း

အတူကြည့်ဖူးတဲ့ရုပ်ရှင်

ခုချိန်မှာ မင်းမရှိတော့

အရာအားလုံး ငါ့အတွက် No Feeling

အလှပဆုံး စကားတွေသုံးပြီး

ငါ့ကို ဘ၀ဒဏ်ရာတွေ ပေးခဲ့တဲ့မင်းကို

အရမ်းချစ်ခဲ့ဖူးတယ်

ဒါပေမယ့် အလိမ်အညာတွေသုံးပြီး

ဟန်ဆောင်အကြင်နာတွေနဲ့ 

တမင်တကာ လှည့်စားခဲ့တဲ့မင်းကို 

အခုတော့....ငါ့နှလုံးသားထဲမှာ 

ခံစားချက်တွေ ဆိတ်သုဉ်း

သိပ်မုန်းသွားပြီ ကောင်လေးရာ.............။


Cinthi ( GTC )

.

.


5 မှတ်ချက်:

မောင်လေးသူငယ် said...

ကဗျာလေးက အရမ်းကောင်းတယ်ဗျာ
ဇာတ်သိမ်းမလှတော့ စိတ်မကောင်းဘူး
ချစ်သူတိုင်းအဆင်ပြေကြပါစေ

Unknown said...

အတော်များများကို တိုက်ဆိုင်နေပါတယ်ရှင့်..ကဗျာကောင်းလေးမို့ ကူးယူသွားပါတယ်

Anonymous said...

တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ ကဗျာတို့ သီချင်းတို့ က အရင်ထက်ပိုကောင်းလာတတ်တယ်နော်..ကဗျာနောက်ဆုံးပိုင်းက တကယ်လားဟင်မမစင်သီ

aungthaik said...

မမုန်းပါနဲ့ လား မမ စင်သီရယ် ဟီးးးးးးးး နောက်တာ အားပေးသွားတယ် ဖိုးခွားလေး

Unknown said...

တစ်ကယ်ကောင်တယ် ခံစားရပါတယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here