Friday, November 30, 2012
အိုမြန်မာ
အို...မြန်မာ.....
        ကောင်းကင် မြေပြင်နဲ့  ရေပြင်တောတောင်ကြား
 ရှင်သန်ပေါက်ဖွားလာတဲ့ အိုလူသားတို့ 
 ကိုယ်ချင်းစာသနား စာနာစိတ်ထားပီး
 သင့်ပတ်ဝန်းကျင်ကို ပြင်ကြလော့။
      ယုတ်မာဆိုးတေ၊ ညစ်ပတ်ပေတဲ့ 
အကျင့်ဟောင်းတွေ ပျောက်ပါစေလို့ 
ဆုတောင်းမနေနှင့် သင်၏နွယ်ဖွား
ညီငယ်များနှင့်နှမအရွယ်၊ တူအရွယ် သားငယ်တို့ အား
ဖြူစဉ်နုခါ သင်ကာပြစို့ 
ဘ၀ဖို့  .....။
      ဖြူရွစိတ်နေ လှစေစိတ်ထား
စာနာအားကို မေတ္တာရေနဲ့ လောင်းကာပက်လို့ 
အမြင့်ကိုတက်  ညွန့် ခက်ပမာ
နုထွက်ဝေအောင် တို့ တွေအပေါင်းက
မေတ္တာရေနဲ့ လောင်းလို့  ပေါင်းသင်ပေးကြစို့ လား 
         ကလေးရွယ်က ဆေးကြောထားမှ
ဖြူရွစိတ်တွေ အကျင့်မှန်လေမည်။
ငယ်နုစဉ်က မသင်မပြ မဆုံးမပဲ
ကြီးရင့်လာမှ ပြောဆိုမရ
(ဂေါင်း)ခေါင်းကိုချမှ ပြင်လို့ မရ
ဆုံးမ မလွယ် လူ့ ဘုံအလယ်
ကမ္ဘာအလယ်မှာ.....
လူယုတ်မာမျိုး အကျင့်ဆိုးနဲ့ 
နာမည်ကျော်လာ အိုမြန်မာတဲ့ လား.....
    ပိဋိကတ်ဂုဏ်ဆောင် ပြည့်ဂုဏ်ရောင်နှင့်
သမိုင်းရဲ့အဖြူဆုံးပန်း ဗိုလ်အောင်းဆန်းတို့ 
နိုင်ငံတည်ထောင် သာသနာ့အရောင်ပြောင်
ဘုရင့်နောင်ရယ်....
သမိုင်းကျော်ကြား အလောင်းဘုရားတို့ များ
ခုနေခါများ ရှိနေငြားသော်
ဆိုးညစ်ယုတ်မာ ပြည်မြန်မာအား
ဆေးကြောသုတ်သင် ကြည်လင်စေလောက်ပါရဲ့....
ခုတော့...... တောက်...
      မိန်းမယုတ်နှင့် ပြည့်အရှုပ် လူယုတ်မာတို့ 
အရက်ဘီယာ ယမကာနဲ့  မလုံမလဲ မာဆက်စ်ထဲမှာ
ပျက်စီးနေပီ ktv လည်းပါလေရဲ့။
သင်္ကြန်ကာလ ပြောပြဖို့ တောင်
မသင့်ပေဘု....တို့ ယဉ်ကျေးမှု့ တဲ့လား?
မူးယစ်သောက်စား ဖောက်ပြားကြတာ
သင်္ကြန်တဲ့လားးးး....
အော်မြန်မာ... မြန်မာ...
သိုက်ကြီး ( ကျောက်ပန်းတောင်း)
Tuesday, November 27, 2012
အကူညီတောင်းတဲ့အခါ( သို့ )ကွန်ပျုတာအတွက် တစ်ခုခုရှာတဲ့အခါ ဒီနည်းသုံး
ဒီနည်းက ဗဟုသုတရဖွယ်တွက်ပါ။ မေးထဲကို စက်အတွက် တစ်ခုခုရှာခိုင်းတဲ့စာတွေ
အကူညီတောင်းတဲ့စာတွေ ရောက်လာတဲ့အခါမှာ စဉ်းစားရခက်ဖူးပါတယ်။ ၀င်းဒိုးက
ဘာလဲ မန်မိုရီဘယ်လောက်ရှိသလဲ မော်ဒယ်ကဘာလဲ ဘာအမျိုးစားလဲ ဆိုတောကို
တင်ထားလည်းမသိဘူး ဘာဝင်းဒိုးလည်းမေးတော့ မိုက်ခရိုဆော့ ၂၀၁၀ တဲ့..သေပီ
တခြားဟာတွေဆက်မေးရင် ဝေးသွားပီ မိုင်တစ်ရာလောက် ဥပမာအနေနဲ့ ပြောရရင်
VGA Driver ရှာပေးပါဆိုရင် စက်မော်ဒယ် သိမှဖြစ်မယ် နောက်တစ်ခုကIntel လား
AMD လား  i3,i5 တွေလား သိဖို့ လိုသေးတယ် ။ စက်လေးနေတယ် သုံးရတာဆိုးပ
ပြောလာတဲ့သူတွေလည်း  စက်ရဲ့စနစ်ကို သိဖို့ လိုတယ် ။ ဒါမှ သူ့ စက်နဲ့ လိုက်ဖက်
အံဝင်တဲ့ နည်းလမ်းကို  ပြောပြလို့ ရမယ်။ RAM 1GB /Processor Pentium ဆိုရင်
RAM 2GB  နဲ့  Proessor i3 ထက်တော့ နှေးကွေးနိုင်ပါတယ် ။ သုံးတဲ့ဝင်းဒိုး တူရင်
RAM 1GB ဟာ ၀င်းဒိုး7 သုံးဖို့ မသင့်တော်တဲ့ အပိုင်းမှာပါပါတယ် ဘာလို့ လည်းဆို
Window 7 System Requirement မှာ RAM 2GB အထက်လို့  Miscrosofကြီးက
ပြောထားတဲ့အတွက် 1GB မှာသုံးရင်  မနိုင်တဲ့ဝန်ကို  ထမ်းရသလို စက်နှေးပါတယ်
မကြာခဏ ဟန်းဖြစ်မယ် ။အဲ့လိုအခါမှာ ထည့်ထားတဲ့ဆော့ဝဲကလည်း Photoshop
Autocad တွေဖြစ်ပြန် စနစ်တကျ ရှင်းလင်းဖျက်ထုတ်မှု မရှိပြန်ဆိုရင် မလွယ်ပါဘူး
တချို့ ဆော့ဝဲတွေမှာ System 32( x86 )  နဲ့  System 64 မသိရင် ထည့်လို့ မရပါ 
နောက်နားက Viber မရဘူးပြောတဲ့အခါ Viber ဟာ ၀င်းဒိုးတိုင်း စက်တိုင်းအတွက်
မရပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျုတာပြဿနာတစ်ခုခုကို  စဉ်းစားပေးရတဲ့အခါမှာ
စက်ရဲ့ စနစ်အပြည့်အစုံလိုအပ်ပါတယ် ဒီနည်းကလွယ်ကူပြီး ဗဟုသုတလည်းရမယ်
ဒါကြောင့် ကွန်ပျုတာသုံးသူတိုင်း ကိုယ့်စက်ရဲ့သတင်းအချက်လက် အသေးစိတ်ကို
ကြည့်ရှုတတ်စေဖို့ ရည်ရွယ်ပြီး မှတ်တမ်းတင်လိုက်ရပါကြောင်း......................။
Start = All Programs = Accessories = System Tools = System info: မှာ
.
Monday, November 26, 2012
ဘလော့ဂါ လုံခြုံရေးအတွက် ကာကွယ်တားဆီးနိုင်တဲ့နည်းလမ်းကောင်းတစ်ခု
ဆဲသံဆူသံ ညံနေတဲ့ ဘလော့ဂါများအတွက် တားဆီးကွယ်ကွယ်နိုင်တဲ့ နည်းလေးက
ကွန်မန့် လာရေးသူတွေထဲမှာ ဆဲသွားတယ် ပြဿနာတက်သွားတယ်ဆိုရင် အဲ့လူကို
နောက်တခါမရေးနိုင်အောင် ရေးပြန်လျှင်လည်း အမှိုက်ပုံးထဲ အလိုလို ရောက်စေတဲ့
နည်းတစ်ခုပါ ဘလော့ဂါတိုင်းဟာ ကောင်းတဲ့ ကွန်မန့် ပဲ လိုချင်မှာပေါ့လာပြီးဆဲထား
ရန်တွေ့ ထားတာကိုတော့ ဘယ်သူလိုချင်မှာလဲနော သူရေးတာ ထိုင်ဖျက်ပေးနေရင်
အလုပ်ပိုတယ် ဆဲလာတဲ့သူကို အမှန်ချစ် Spam ကို နှိပ်ပေးလိုက် နောက်တခါလာပီး
ရေးရင်  အဲ့လူရေးတာက  Spam ထဲဝင်သွားပြီး  စာမျက်နှာမှာ  မပေါ်လာတော့ပါဘူး
Owner Approval စနစ်ထားသူတွေကတော့ ဒီနည်းမလိုပါဘူး ဘာလို့ လည်းဆိုတော့
သူတို့ ဖတ်ပီးလို့ အိုကေမှ Publish လုပ်ပေးမှ  ကွန်မန့် က  စာမျက်နှာပေါ်ကိုလာတာ
အဲ့လိုထားဖို့ က အချိန်မပေးနိုင်တော့ ဒီနည်းနဲ့ ရှင်းနေရတယ် နောက်တစ်ကောင့်နဲ့ 
လာရေးရင်တော့ ရနိုင်ပါတယ် ။ ကိုယ့်ဘက်က Spam နှိပ်ပေးရုံပဲ သူ့ ဘက်ကတော့
အကောင့်တွေအများကြီး ဖွင့်မှ ရေးလို့ ရတာဆိုတော့ ကြာတော့လည်း မောသွားမှာ
ဆိုတော့ကာ  နာမည်ကြီးသူတွေ နဲ့  ဆရာတော်တွေ ဒီနည်း ကြုံရင်သုံးသင့်ပါတယ်
.
မြန်မာနိုင်ငံရဲ့ ၁၂ လ ရာသီ ပွဲတော်များအကြောင်း အလွယ်တကူသိစေနိုင်ဖို့ 
ဒီဟာလေးကို ဖုန်းထဲမှာထည့်ထားရင် မြန်မာ ၁၂ လရာသီ ပွဲတော်တွေနဲ့ နေ့ ရက်တွေ
အလွယ်သိနိုင်ပါတယ် နောက်ပီး  အဲ့ရာသီမှာ ပွင့်တတ်တဲ့ပန်းတွေနဲ့  ရာသီအကြောင်း
ပုံလေးတွေနဲ့ ပြထားပါတယ် တန်ခူးလရာသီ  ဆိုရင်  မြန်မာနှစ်မှာ ပထမဆုံးလ ဖြစ်ပြီး
ပွင့်တဲ့ပန်းက  ပိတောက်ပန်း  ပြုလုပ်ကြတဲ့ရေကစား  ပွဲတော်အကြောင်း  ရှင်းပြတယ်
အင်္ဂလိပ်လို ရှင်းထားတာဆို နိုင်ငံခြားရောက်သူတွေ  မြန်မာနှစ်ကူအကြောင်းမေးရင်
ဒီဟာလေးနဲ့ ရှင်းပြလို့ ရပါတယ် ။ လိုအပ်တယ်  ဗဟုသုတလေ့လာလိုရင် ယူလိုက်ပါ
၁၂လ ရာသီအကြောင်း ( Android အတွက်သာ)- https://play./Myanmar Festivals
.
Saturday, November 24, 2012
Blog မှာပါတဲ့ နောက်ခံပုံ ပြောင်းနည်းနဲ့ ကိုယ်ပိုင်ဒီဇိုင်းပုံ ထည့်သွင်းနည်းပါ
ဒီနည်းကတော့ မကလိလို့  မသုံးဖြစ်တာနေမယ် ဘလော့ကို  နောက်ခံပုံ အများကြီး
သူ့ မှာပါတဲ့ နောက်ခံ ပြောင်းချင်ပြောင်း ကိုယ်ပိုင်  ပုံရှိရင်လည်း  ပြောင်းလို့ ရတယ်
ချစ်သူရှိတဲ့သူကတော့ ချစ်သူနောက်ခံပုံလေးနဲ့ ဆို ပိုကောင်း။ပြောင်းစရာရှိပြောင်း
ဒီအဆင့်မှာ သုံးတတ်ရင်  ဘလော့ကို   စိတ်ကြိုက်  အကျဉ်းအကျယ်  ဒီဇိုင်းပုံစံကိုမှ
နှစ်လိုင်းထားမလား  မောင်(စွယ်စုံကျမ်း) စတိုင် သုံးလိုင်းခွဲမလားဆိုတာတွေလည်း
ပြင်ဆင်ရေးဆွဲနိုင်ပါတယ် လိုအပ်လို့ အမြန်ပြောင်းချင်ရင် အောက်ကလင့်ကိုနှိပ်..။
အမြန်ရောက်ချင်ရင် နှိပ်လိုက် - http://www.blogger.com/template-Design editor
.
Blogger မှာ စာတင်တဲ့အခါ တင်လို့ မရဘဲ အနီရောင်စာတန်းပေါ်လာခဲ့ရင်
ဒီလိုဖြစ်ကြတာ လူအတော်များပါတယ် အသစ်ဒီဇိုင်း ပြောင်းပီမှ ဖြစ်တာဆိုတော့
သူတို့ အနေနဲ့ ဖြေရှင်းတာလည်း မတွေ့ ရသေးဘူး ဒါပေမယ့် ပြဿနာကြီးတော့
မဟုတ်ဘူးထင်တယ် ကျနော်လည်း ခဏခဏ ကြုံတာပဲ ။စာတန်းပေါ်လာခဲ့ပီဆို
အပြာရောင်စာတန်းလေး( Ingore...)နှိပ်လိုက် ခဏနေရင်  ရသွားတာပဲ စာတန်း
ပေါ်နေတဲ့အခါ အထဲက စာလေးတွေ ပြင်နေရင်လည်း သူ့ အလိုလို ပြန်ပီးတော့
ကောင်းသွားတယ် ။Auto Save လုပ်နေတာဆိုတော့ Save တဲ့အခါ  ဖြစ်တာလို့ 
ထင်ရတာပဲ ။ မြန်မာပြည်က ဘလော့ဂါတွေ မရဘူး ပြော သံကြားနေရပါတယ်
ရတဲ့သူလည်း ရနေတာဆိုတော့ ရလို့ စာတွေ တင်နေကြတာပဲ..... try again...?
လိုင်းမကောင်းရင် အဲ့စာက ပိုပြီးပေါ်တယ်..ရုံးမှာတော့ မပေါ်ဘူး..ဖလမ်းဖလမ်း
မရတဲ့သူများ - http://www.muhbalak.com/2012 Posting error
မရတဲ့သူများ - https://productforums.google.com/foruM
.
Friday, November 23, 2012
မိမိတို့ ရဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်လေးတွေမှာ MYMC မြန်မာရေဒီယိုထည့်ချင်ရင်
ဒီနည်းကတော့ ဘလော့ရေးတဲ့သူတွေ အတွက်ပါ မေးတဲ့သူတွေကိုတော့ ချက်
တင်ထဲကနေ ပို့ ပေးပီးပါပြီ နောက်လိုအပ်သူများ ရယူနိုင်ဖို့  ဘလော့ထဲမှာတင်
ထားလိုက်ပါတယ် ဘလော့ရေးနေရင်း အဖြူရောင်သံစဉ်က လွှင့်တဲ့ သီချင်းများ
ကို အလွယ်တကူ နားဆင်နိုင်မှာဖြစ်ပါတယ် လိုင်းက လွှင့်တာဆိုတော့ လာချင်
တာလာတာ တစ်ခါတလေ ပရိတ်သတ် တောင်းဆိုတာတွေလည်း လာနေတာ
ဘယ်သူက ဘယ်သူ့ အတွက် ဒီသီချင်းလေးကို တောင်းဆိုထားတာပါ ဘာညာ
ပြောနေတာပဲ ကြိုက်တာရွှေးဖွင့်နေရတာထက်စာရင် ၀က်ဆိုဒ်မှာ ထည့်ထား
တော့ စာဖတ်သူများ လာရင်လည်း နားထောင်ရတာပေါ့ နားမထောင်ချင်လည်း
ပိတ်ထားလို့ ရပါတယ် အခြေခံဝါသနာရှင်လေးများ  အဆင်ပြေနိုင်ကြပါစေ.....။
အောက်က ကုဒ်တွေ ယူထည့်လိုက်ပါ ။
<a href="http://radio.mymclub.net"><img src="http://www.mymclub.net/main/images/misc/mymcradio_logo.png" border="0" alt="MYMC Radio" title="Go to MYMC Radio page" width="240" height="50" style="border: 0pt none; align:center;" /></a><iframe style="border:none;"src="http://www.mymclub.net/main/specialprogram/temp/radio_stats_2.php" width="px;"></iframe><object style="width: 300px; height: 45px;" classid="clsid:6bf52a52-394a-11d3-b153-00c04f79faa6" width="300" height="45" codebase="http://activex.microsoft.com/activex/controls/mplayer/en/nsmp2inf.cab#Version=5,1,52,701"><param name="url" value="http://radio.mymclub.net" /><param name="src" value="http://radio.mymclub.net" /><embed style="width: 300px; height: 40px;" type="application/x-mplayer2" width="300" height="45" src="http://radio.mymclub.net" url="http://radio.mymclub.net"></embed></object>
 မူရင်းလင့် - http://www.mymclub.net/Radio
.
Window Update ကို ပိတ်ထားသင့်သလား(သို့ ) ဖွင့်ထားသင့်သလားဆိုတာက
ဒါကတော့ လိုင်းကောင်းရင် အင်တာနက်မြန်ရင် ဖွင့်ထားတာက ကိုယ့်စက်အတွက်
အကျိုးများစွာ  ဖြစ်ထွန်းစေပါတယ်  ဒါပေမယ့် ကိုယ်သုံးတဲ့ဝင်းဒိုးက မူရင်းမဟုတ်ပဲ
Copy ဆိုရင် Update လုပ်လိုက်တဲ့အခါမှာ Genuine ပြသနာဖြစ်ပေါ် တတ်ပါတယ်
များသောအားဖြင့် ၀င်းဒိုး Key နဲ့ အစစ်အမှန် သိပ်မသုံးကြဘူး Genuine ပြဿနာ
ဖြစ်လာခဲ့ရင် ဖြေရှင်းတဲ့နည်းတွေ ရှိတာမို့  အဆင်ပြေပါတယ် ။  သာမာန်သုံးဆိုရင်
ပိတ်ထားလည်း ပြဿနာမဖြစ်ပါဘူး  အရှင်းလင်းဆုံး အဖြေကတော့ လိုင်းကောင်း
အင်တာနက်မြန်ဆို  ဖွင့်ထားတာဟာ ရေရှည်အတွက် အကျိုးများစွာ ဖြစ်စေတယ်
ကျနော်တို့ ရုံးမှာတော့ လိုင်းကောင်းလို့ ဖွင့်ထားပါတယ် ...................................။
ဒီမှာ လေ့လာနိုင်ပါတယ် - benefits-windows-automatic-updates
.
Tuesday, November 20, 2012
လတ်တလော ရေးတင်လိုက်တဲ့ပိုစ်တွေကို Plain Slide လုပ်နည်း ( လန်း၏ )
ဒီဟာလေးကတော့ ဘလော့ဂါတို့ အတွက် အဆင်ပြေစေတဲ့ နည်းလမ်းလေးတစ်ခုပါ
လတ်တလော  ရေးတင်ထားတဲ့  ပိုစ်တွေကို  စာဖတ်လာသူတွေ  အလွယ်တကူ ရှာဖို့ 
ဖတ်နိုင်စေဖို့  ပြုလုပ်ပေးတဲ့နည်းပါ Slide Showပုံစံလေးနဲ့  ရှင်းလင်းမြင်သာစေတယ်
လုပ်ရတာလည်း 3ဆင့်ထဲမလို့  အရမ်းလွယ်ပါတယ်..လိုအပ်သူများ သုံးကြည့်ပါ......။
 ဒီလင့်မှာ သွားလုပ်ပါ  - http://www.surfing-waves.com/ Recent Post Slide
ကျနော့်ဆိုဒ် မလေးရှားသတင်းအောက်မှာ တင်တဲ့ပုံစံလိုချင်ရင် ကုဒ်ယူထည့်လိုက်
<!-- start sw-rss-feed code -->
<script type="text/javascript">
<!--
rssfeed_url = new Array();
rssfeed_url[0]="http://www.zwmnna.com"; 
rssfeed_frame_width="250";
rssfeed_frame_height="450";
rssfeed_scroll="on";
rssfeed_scroll_step="6";
rssfeed_scroll_bar="off";
rssfeed_target="_blank";
rssfeed_font_size="12";
rssfeed_font_face="";
rssfeed_border="on";
rssfeed_css_url="";
rssfeed_title="on";
rssfeed_title_name="";
rssfeed_title_bgcolor="#3366ff";
rssfeed_title_color="#fff";
rssfeed_title_bgimage="http://";
rssfeed_footer="off";
rssfeed_footer_name="rss feed";
rssfeed_footer_bgcolor="#fff";
rssfeed_footer_color="#333";
rssfeed_footer_bgimage="http://";
rssfeed_item_title_length="50";
rssfeed_item_title_color="#55a0ff";
rssfeed_item_bgcolor="#fff";
rssfeed_item_bgimage="http://";
rssfeed_item_border_bottom="on";
rssfeed_item_source_icon="off";
rssfeed_item_date="off";
rssfeed_item_description="on";
rssfeed_item_description_length="120";
rssfeed_item_description_color="#666";
rssfeed_item_description_link_color="#333";
rssfeed_item_description_tag="off";
rssfeed_no_items="0";
rssfeed_cache = "aa502251a6f1660ab0f1217d49c73284";
//-->
</script>
<script type="text/javascript" src="http://feed.surfing-waves.com/js/rss-feed.js"></script>
<!-- The link below helps keep this service FREE, and helps other people find the SW widget. Please be cool and keep it! Thanks. -->
<div style="text-align:right; width:180px;"><a href="http://www.surfing-waves.com" target="_blank" alt="www.surfing-waves.com"><img src="http://img.surfing-waves.com/images/swlogo.png" border="0" alt="surfing waves" /></a><a href="http://www.surfing-waves.com/feed.htm" target="_blank" style="color:#ccc;font-size:10px">feedwidget</a></div>
<!-- end sw-rss-feed code -->
.
Monday, November 19, 2012
"နေတတ်ပါစေ သူငယ်ချင်း "
သူငယ်ချင်းရေ………
ဘ၀ဆိုတာအနိမ့်အမြင့်
အတက်အကျတွေနဲ့
ဒွန်တွဲနေတဲ့အရာပါ
ဘ၀မှာကျရှုံးမှုတွေနဲ့
ကြုံတိုင်းကိုယ်တစ်ယောက်တည်းလို
ဘယ်သောအခါမှ မတွေးပါနဲ့
တစ်ကြိမ်ကျရှုံးဖူးတိုင်းအကြိမ်ကြိမ်
ကျရှုံးနေတာမှ မဟုတ်တာ
ကိုယ်ကျရှုံးချိန်တိုင်းမှာ ကိုယ့်ကို
လက်ညှိုးထိုးကဲ့ရဲ့ခဲ့သူကိုလည်း
အပြစ်တွေမမြင်ပါနဲ့။
ပြဿနာတွေနဲ့ ထိပ်တိုင်းရင်ဆိုင်ရတိုင်း
ငါတစ်ယောက်တည်းဖြစ်နေပါလားလို့
စိုးရိမ်စိတ် မ၀င်ပါနဲ့
လူတိုင်းမှာ ပြဿနာကိုယ်စီရှိကြပါတယ်
အကြီး၊အသေး ပဲကွာချင်ကွာမှာပါ။
စိတ်ပျက်အားငယ်မှုတွေကြုံတိုင်း
မျက်ရည်ကိုလက်လွတ်စပယ်
မသွန်ချပါနဲ့
အားတင်းပြီးစိတ်အားငယ်မှုတွေကို
ဖျေဖြောက်ပါ
တစ်ခါတစ်ခါ ကိုယ့်ရဲ့မှန်ကန်တဲ့လုပ်ရပ်ကို
မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းဆင်ပြီး
ကိုယ့်အကြောင်းကို ကွယ်ရာမှာ မကောင်းပြောခဲ့ရင်
ဒေါသထွက်ပြီး စောဒကတက်မနေပါနဲ့
ဖြေရှင်းချက်တွေထုတ်မနေပါနဲ့
ပင်ပန်းပါတယ် သူငယ်ချင်းရယ်
နေတတ်သလိုသာ နေပြီး
သူတို့ကို ကျေနပ်ပေးလိုက်ပါ။
အချိန်တန်ရင်
သူ့အလိုလိုပြေပျောက်သွားပါလိမ့်မယ်။
အားလုံးကို ဥပက္ခာပြုပြီးနေလိုက်ပါ။
လောကကြီးက နေတတ်ရင် ကျေနပ်စရာပါ။
ဒီတော့ရေစက်ပါတဲ့ သူတိုင်းနဲ့
နေတတ်အောင် နေပါသူငယ်ချင်း....။
Cinthi ( GTC )
. 
Saturday, November 17, 2012
Sever 2003 အတွက် သီးသန့်  Anti Virus ဆော့ဝဲလေး ( ဟိုဟာနဲ့ မတူဘူး)
ဘယ်ဟာနဲ့ မတူလည်းဆိုတာကတော့  အရင်တင်ထားတဲ့ ဆော့ဝဲကို  ပြောတာပါ
ဒီဟာက Server 2003 အတွက်ရတယ်။  များသောအားဖြင် သုံးတာ မတွေ့ ရပါဘူး
ဒီဝင်းဒိုးကလည်း Miscrosoft ကနေ 2003 April မှာ စတင်ထုတ်ပြီး  အရင်ကထုတ်
ထားတဲ့ 2000 ကို အခြေခံထားတာပါ ။မသုံးတော့ မသုံးဖူးပါဘူး တိုက်ဆိုင်သူတွေ
ရှိနေသေးလို့  Sever 2003 သူ့ အတွက်  တင်လိုက်ပါတယ် အောက်မှာယူလိုက်ပါ
Microsoft Security Essentials 2.1.1116.0
  Vote :
  File Name :
mseinstall.exe
  File Size :
7.7 MB
  Requirements :
Windows XP |Server 2003 | Vista |Server 2008 | Win 7
Languages :
English | .....
License :
free Freeware
Date Add :
06-28-2011
Homepage :
www.microsoft.com/security-essentials
download   DOWNLOAD 
32-bit | 64-bit
မူရင်းလင့်ကတော့ = http://freewareupdate..com/antivirus-spyware
.
Thursday, November 15, 2012
အလုပ်များသူတွေအတွက် Desktop ပေါ်မှာ Note ထားနည်း(၁၅-၁၁-၁၂)
အထူးသတိပြုစရာတစ်ချက်ကတော့ Window default Font ကနေပြောင်း မရပါ
ဒီလင့်မှာ သွားပြီးဖတ်ကြည့်- http://.answers.microsoft.com မရဘူးပြောတယ်
Window 7 Forums မှာလည်း မရလို့ ပြဿနာ တက်နေသူတွေရဲ့ အကြောင်းကို
http://www.sevenforums.com မှာ ဖတ် လေ့လာနိုင်ပါတယ်။ မြန်မာတွေအဖို့ 
အဆင်ပြေဆုံးနည်းကတော့ Wordpad ကို သုံးပါ Window တိုင်းမှာ ပါလာတယ်
Notepad ကနေ ရေးရင်မရပါဘူး Wordpad ဖွင့်ပါ။ မြန်မာလိုရေးပီး ကော်ပီယူပါ
Desktop ပေါ်က Sticky Note ပေါ်ချလိုက် မြန်မာလို ပေါ်ပါလိမ့်မယ် ခင်ဗျာ....။
Wordpad ကိုလည်း အောက်ပါနည်းဖြင့် ရှာနိုင်ပါတယ် အတူတူပါပဲ...............။
Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်
ဒီနည်းကလည်း Window 7 မှာပါလာတဲ့ Sticky Notes စနစ်တစ်ခုပါ ။အလုပ်အရမ်း
များသူတွေအတွက် နေ့ စဉ်နဲ့ အမျှလုပ်စရာရှိတာတွေကိုမှတ်မိလွယ်အောင် အလွယ်
လုပ်ထားချင်တယ်ဆိုရင် မိမိကွန်ပျုတာ Desktop ပေါ်မှာမှတ်စုတို လေးတစ်ခုအဖြစ်
ရေးမှတ်ထားနိုင်ပါတယ် အလုပ်ကပြန်ခါနီး နောက်ရက် အလုပ်လာရင် အရေးတကြီး
လုပ်စရာရှိရင် ဒီနည်းလေးနဲ့ မှတ်ထား နောက်တစ်နေ့ ကွန်ပျုတာဖွင့်တာနဲ့ Desktop
ပေါ်မှာပေါ်နေမှာဖြစ်ပါတယ်။မန်နေဂျာ ကွန်ပျုတာမှာ ရေးထားတာတွေ့ လို့  သုံးချင်
တဲ့သူတွေ သုံးရအောင် မျှဝေလိုက်ပါတယ်(Window 7 သမားတွေအတွက်ပါ).....။
Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်
Android Phoneအတွက်သူခိုးငတက်ပြားGame-ရွာက နွားတွေသတိရတယ်
ဒီဟာလေးကတော့ မြန်မာ့ ဆိုင်းဝိုင်းအသံလေးနဲ့  ဆော့လို့ ကောင်းတဲ့ ဂိမ်းလေးပါ
ပစ်တာခတ်တာ ၀ါသနာပါပေမယ့် မြန်မာတွေ ထွင်ထားတာဆိုတော့ များများလေး
ဒီလင့်မှာ ယူပါ - www.mediafire.com/download.ငတက်ပြားဂိမ်း
လိုချင်ရင် ဒီမှာ ယူ - https://play.google.com/သူခိုးကြီးငတက်ပြား ဂိမ်း
အင်စတော မလုပ်တတ်ရင် အောက်က လင့်မှာ ဖတ်ပါ....။
Androit ဖုန်းကို Memory Card မဖြုတ် ကြိုးမသွယ်ပဲ အင်စတောလုပ်နည်း
.
Tuesday, November 13, 2012
မလာပါနဲ့
နင်စိတ်မချဖြစ်မှာစိုးလို့ ငါဝိတ် မချတာကို
နင်က ငါသိပ်ဝတယ်ဆိုပီး ဟားတိုက်ချင်တာလားချစ်သူ
နားလိုက်ပါတော့ကွာ
မင်းရဲ့အပြစ်မြင်တတ်တဲ့ အတွေးအခေါ်တွေကို
မြောင်းထဲသွားပီးမျှောလိုက်ပါ
မင်းကို အသက်ရှူမှားမတတ်ချစ်ခဲ့ပေမယ့်
တစ်ဖက်လူကို အနိုင်ယူချင်တဲ့ မင်းစိတ်ဓါတ်ကို
မနှစ်မြို့တာတော့ အမှန်ပဲ
အခုမြင်နေရတာ ရင်နာလို့
မင်းအတွေးအခေါ်တွေကို အဟောင်းဆိုင်တန်းထဲက
စာအုပ်တွေဖတ်ပြီးပြုပြင်လိုက်ပါ
ငါကတော့ ဟောင်းနေတဲ့ ငါ့စတိုင်ကို
ပြောင်းမနေနိုင်ဘူး
အသစ် အသစ်တွေဖြစ်နေတဲ့ မော်ဒယ်ခေတ်မှာ
မင်းက ဖလမ်းဖလမ်းတွေကိုမှ အရမ်းငမ်းချင်တယ်ဆိုရင်
ငါ့ဘ၀ရဲ့ အဝေးဆုံးကို အချင်းမများပဲ မင်းသွားလိုက်ပါ
မင်းအတွက်နဲ့ ငါ့နှလုံးသားက
လွမ်းဆွတ်တာလည်းမရှိ
ကြေကွဲရတာလည်းမဖြစ်လို့
ငါ့ဘ၀ထဲက အမြန်ဆုံးထွက်သွားပါချစ်သူ
မင်းထွက်သွားလို့ ရတက်ပွားပြီး
စားမ၀င်အိပ်မပျော်ဖြစ်နေမယ် ထင်ရင်တော့
မှားသွားမယ်ချစ်သူ
မင်းအတွက်နဲ့တော့ ထမင်းငတ်ခံပြီးလွမ်းမနေနိုင်ဘူး
ကျန်နေသေးတဲ့ ငါ့ဘ၀ရဲ့ အစိတ်အပိုင်းကို
မင်းမရှိလည်း ပျော်ပျော်ကြီးဖြတ်သန်းမယ်
ငါ့ဘ၀ထဲကို နောက်ထပ်မလာခဲ့ပါနဲ့.....။
Cinthi ( G.T.C ) 
.
Saturday, November 10, 2012
အခြေခံ ကွန်ပျုတာ စတင်သုံးစွဲသူများနဲ့ အမှတ်မထင် မှားတတ်သူများအတွက်
ဒီနည်းလေးကတော့ ဖြစ်တဲ့သူသိပ်မရှိဘူး။ တခါတလေ ဖြစ်ခဲ့ရင် သုံးနိုင်သိနိုင်ရန်
မျှဝေလိုက်ပါတယ် ကွန်ပျုတာအောက်ခြေက task bar  ဘေးဘက်တို့ အပေါ်တို့ 
ရောက်သွားရင် ပြန်ပြင်တဲ့နည်းပါ လုပ်နည်းက လွယ်တယ်။ ဘေးရောက်သွားတဲ့
Task Bar ပေါ်မှာ Right Click ထောက်၍ Properties နှိပ်ပါ ပေါ်လာတဲ့အကွက်
အကွက် Task bar location on screen မှာ Bottom ပြောင်းပေးလိုက်ပါ........။
.
Sunday, November 4, 2012
တောသားအတွေးနဲ့ ငြိမ်းချမ်းရေး
တောသားဘဝနဲ့
တောက အလှတွေက
ရင်ထဲကို အေးမြစေပါတယ် အမေ.........။
နေညိုချိန် ညနေစောင်းက
မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ တောင်တန်းတွေရဲ့ကြား
ငုပ်လျှိုး ကွယ်ပျောက်တော့မယ့် နေလုံးနီနီ
မျက်လွှာလေးချ အိပ်စပြုနေတဲ့ သစ်ပင်လေးတွေ
ဆည်းဆာအလှတွေကြား လေညှင်းလေးတွေနဲ့
စပါးပင်လေးတွေကလည်း ယိမ်းကနေကြတယ်
မြင်မြင်သမျှ အေးမြတယ်အမေ....
ကျွန်တော်တို့လည်း ဘာမှမသိဘူး....
 လောဘဆိုတာလည်း မကြီးခဲ့ဘူး......။
မြို့ကြီးဆီိကိုရောက်
ကျွန်တော် အွန်လိုင်းပေါ် မျက်စိမှောက်ခဲ့ရပြီ............။
နေ့စဉ်တိုင်း တွေ့နေရတာက
ကမ္ဘာ့နိုင်ငံ အသီးသီးက နည်းအမျိုးမျိုးနဲ့ သိမ်းပိုက်ချင်နေကြတဲ့
ကျွန်တော်တို့ မြန်မာပြည်.......
လူမျိုးရေး သဘောတရားနဲ့
 သွေးထိုးစကားတွေကိုလည်း တွေ့ရတယ်
ခေတ်မှီတဲ့ နိုင်ငံကြီးတွေက တင်ဆက်တဲ့ ခေတ်မှီတဲ့
လူသတ်လက်နက်တွေ...............
ကျွန်တော် ရင်တွေ ပူနေတယ် အမေ............။
မာကျူရီ အလင်းမရလဲ
လမင်းကိုကြည့်တာ အေးမြပါတယ်
လေယာဉ်ပျံ မစီးရလည်း
လှည်းယာဉ်လေးစီးတာ အေးမြပါတယ်
မွေ့ယာပေါ် မအိပ်ရလည်း
 မြက်ဖျာပေါ် အိပ်ရတာ အေးမြပါတယ်
ညံ့ဖျင်းတဲ့ စိတ်ဓါတ်လို့ ထင်မလား
လူသားတွေ ငြိမ်းချမ်းဖို့ကို လိုလားတယ်အမေ.............။
စေတနာ ရှေ့ထားတဲ့ အမေ့ရဲ့
 မေတ္တာပို့ တရားသံကို လွမ်းတယ်
ဆွမ်းချက်ဖို့ကို အချက်ပေးတဲ့
ရွာဦးကျောင်းက အုန်းမောင်းသံလေးရယ်
နံနက်ခင်း အာရုဏ် အတက်မှာ
လင်းကြက်တွန်တဲ့ အသံလေးတွေကို
လွမ်းတယ်.........................။
အမေရယ်...........
တောသားဘဝ တောအလှက
နှလုံးသားကို အေးမြစေခဲ့တာ အမှန်ပါ
လောဘ မုဆိုး တွေ ပေါများပြီး
လူတွေနေထိုင်တဲ့ ကမ္ဘာကြီးကို
လူတွေပြန်ပြီး ဖျက်စီးနေကြတယ်လို့ တွေးမိရင်
ကျွန်တော့်ရင်တွေ ပူတယ်အမေ
ဒါ (ခေတ်မှီလာတဲ့) မြို့ပြရဲ့ စရိုက်တွေပေါ့..........။
ညီညီ(မြန်အောင်)
.
Thursday, November 1, 2012
စစ်ပွဲထဲပစ်ချလိုက်တဲ့ကဗျာ
ကမ္ဘာကြီးရဲ့အရွေ့က
ခရမ်းလွန်နွေဦး၊အက်စစ်မိုး၊နျူကလီးယားဆောင်း
ဘာတစ်ခုမှ မကောင်းဘူး
အလွှာလေးတစ်ခုငြင်သာစွာ ကွာကျသွားပုံ
ဆုံးရှုံးမှုတစ်ခု တိုးညှင်းစွာထုတ်ဖော်ပြောဆိုပုံ
ဆင်းရဲဒုက္ခတိုင်း နှစ်ကိုယ်ကြား ဘာသာဗေဒနဲ့
အရွေ့တစ်ခုဟာ ငါတို့ခေါင်းတွေပေါ်မှာ
စိတ်တိုင်းကျ ထစ်ချုန်းနေသလောက်
မရွေ့တဲ့လူတွေကျတော့ အားကုန်တိတ်ဆိတ်လို့
လိပ်ပြာမသန့်တဲ့လူတွေနဲ့
တရားမဝင်ပေါင်းသင်းပြီး
အယောင်ဆောင်လူလားမြောက်လာတဲ့ကမ္ဘ
ပြားချင်ပြားလုံးချင်လုံး ရွံစရာ။
ကမ္ဘာကြီးထက် ကမ္ဘာစစ်က ပိုပြီးရွံဖို့ကောင်းပါတယ်...တဲ
အဖူးရော အငုံရောအကုန်ကြွေကျခဲ့ရတဲ့
ဟီရိုရှီးမားမြို့ကလေးကပြောပါတယ်။
ကဲ..ကျွန်တော့်မိတ်ဆွေများ
ကာတွန်းတစ်ပုံလောက်ဆွဲရရင်ဘယ်လိုလဲ
စစ်ကိုသရော်တဲ့ကာတွန်းပဲဖြစ်ပါစေပေါ့
ပလိုင်းထဲကပဲသီးတောင့်တွေ ပြောင်းဖူးတွေကိုလွှင့်ပစ်ပြီး
အမြောက်ဆံတွေ လက်ပစ်ဗုံးတွေ ထည့်သယ်နေကြရပုံပေါ့
ကလေးနို့တိုက်ရာကနေ
ပေါ်တာထ လိုက်သွားရတဲ့
မိခင်တစ်ယောက်ရဲ့ အပြေးအလွှားကြေကွဲမှုဟာလည်း
အစက်သေးသေးလေး အဖြစ်ပါဝင်နိုင်ပါတယ်
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
လူကြီးလူကောင်း ယူနီဖောင်းနဲ့
တိရစ္ဆာန်စိတ်ပေါက်နေသူတွေ
အသေခံဗျောက်အိုးခွဲကြတာပဲ
ဘဝတွေအများကြီးပေါက်ကွဲသွားရတာပျော်စရာလား။
ပြည်သူ့သစ္စာကိုစောင့်သိရိုသေပါမယ်ဆိုပြီး
ပြည်သူကိုသတ်နေတဲ့ လူသတ်ကောင်တွေ
ပြည်သူကိုချစ်ချင်ယောင်ဆောင်နေတဲ့
သရဲသဘက်တွေ
မင်းတို့မှာ မိဘမရှိကြဘူးလား
မင်းတို့မှာသားသမး ညီအစ်ကိုမောင်နှမ
မိသားစုဘဝမရှိကြဘူးလား
လူနဲ့ကျည်ဆံ
ပြည်သူနဲ့စစ်
အမိန့်နဲ့မေတ္တာတရား
ဘယ်ဟာကတန်ဖိုးပိုရှိတယ်ဆိုတာ
မသိနိုင်အောင် အမှောင်ချခံထားရရှာသူတွေ
သူတို့တွေ
ခေတ်အဆက်ဆက် စစ်ကိုဆာလောင်ခဲ့ကြတယ်။
လူစိတ်မရှိခဲ့ကြပုံများ
ကာကွယ်တာကောင်းတယ်
တိုက်ခိုက်တာမကောင်းဘူး
ကိုယ့်အသက်ကိုယ်အလကားပေးလိုက်ရတာ တန်ရဲ့လား။။
အမိန့်ပေးသူဟာ ပြည်သူလောက်မြတ်ပါသလား
စစ်တိုက်ဖို့ ဘယ်သူက ခွန်အားမျှခဲ့တာပါလဲ
စစ်ကိုမုန်းပါ...
မျှစ်ကိုမုန်းပါ...တဲ့
သေနတ်မနိုင်သေးတဲ့
တိုင်းရင်းသားစစ်သားလေးကကြွေးကြော်တယ်။
ပြည်သူကိုအသက်ပေးထားတယ်ဆိုပြီး
ပြည်သူ့အသက်ကိုမင်းတို့ယူသုံးနေတာ များပါပြီ
ငါတို့မှာသာလက်နက်ရှိရင်
မင်းတို့တွေ ပြာဖြစ်သွားတာကြာပေါ့။
ငါက
စစ်သားတွေ
ကိုယ့်အိမ်မှာကိုယ် အေးအေးလူလူထိုင်နေတာကို
မြင်ချင်လွန်းသူပါ
အချိန်မှန်ဆိုက်တဲ့ရထားတစ်စီးလိ
သူ့မေတ္တာဘူတာရုံကလေးနဲ့သူ
အိုးမကွာအိမ်မကွာရှိစေချင်သူပါ
စစ်ပွဲကြောင့်
သားသေ လင်ဆုံး
လူလုံးမလှမှုတွေကို ဆိတ်သုဉ်းစေချင်ခဲ့သူပါ
ငါတို့ကမ္ဘာ အတွက်
စစ်ဆိုတာ တစ္ဆေပါပဲကွာ
သားလေးတိုက်ပွဲကျသွားတဲ့သတင်းကြောင့်
စားလက်စ ထမင်းဝိုင်းဘယ်နှဝိုင်း
သာယာစိုပြေခဲ့ပါသလဲ။
စစ်ပွဲတွေကြောင့် မငြိမ်းချမ်းတဲ့ကမ္ဘာဟာ
အသက်ဇီဝကိုဖြစ်စေတဲ့
ဒီအင်န်အေ မော်လီကျူးများကို
တစ်ခုပြီးတစ်ခု
လောင်ကျွမ်းပျက်စီးစေခဲ့တယ်
ဒီကဗျာကို
စစ်ပွဲများရဲ့ဈာပနမှတ်တမ်းအဖြစ်
လေယာဉ်ပေါ်ကနေပစ်ချခဲ့ပါတယ်။
အောင်မှူးဝေ
.
မခင်စန်းမူ(သို့မဟုတ်)ကြည့်မ၀တဲ့ရုပ်ရှင်
ဟိုး....အဝေးကြီးက
ရွှေဝါရောင်အမှုန်အမွှားတွေနဲ့မြို့ကလေးမှာ
သူ့ရယ်သံအက်ရှရှကလေးတွေဟာလည်း
တလက်လက် တောက်ပနေပါလိမ့်မယ်ပေါ့
သူ့ကို
ကျွန်တော်ရောက်လေရာ ခေတ်စံနစ် တစ်ခုခုကနေ
အသက်ဓာတ်တွေ အကုန်စုသုံးပြီးတော့လွမ်းခဲ့တယ်..ဆိုတဲ့အကြောင်း
မိုးလလွတ်ကင်းပြီးစ စွယ်တော်ပွင့်ကလေးတွေ သိကြတယ်။
ဟောဒီမှာ...
ကျွန်တော့်ငယ်ဘဝနဲ့သိမ်းထုပ်ထားတဲ့ သံယောဇဉ်တွေ
သူ့အတွက်ပေါ့ဗျာအလွမ်းတွေတောင်ဖန့်လို့
ကျွန်တော်က နွယ်နဲ့ပွင့်တဲ့ပန်းဆိုရင်တောင်မှ
သူ့အိမ်ခြံစည်းရိုးမှာပဲခွေနေခွင့်ရချင်ခဲ့သူပါ။
ဗျောက်အိုးသံတွေကြားထဲကနေဖောက်ထွင်းပြီး
သူပျော်နေတဲ့ရာသီတော်ဦးမှာ
အညာရနံ့ကိုဖုန်းလှမ်းခေါ်လိုက်တော့
တမာရွက်များရဲ့ကြေကွဲသံတွေဝင်လာ
ဘူတာရုံဆွေးဆွေး ကဖေးအိုအိုထဲက လွင့်ပျံလာတဲ့သီချင်းက
စိုင်းထီးဆိုင်လေ အညာကိုပြန်ချင်တယ်..တဲ့
အလုပ်ကမပြီးသေးခင်စိတ်ကရောက်နှင့်ပြီ
ကြင်နာသူတွေဆီ..တဲ့။
နတ်သမီးသေတ္တာထဲက မီးခိုးငွေ့တွေလို
အညာမှာ ပူတာကလည်းတငွေ့ငွေ့
မြို့အိုလေးရဲ့သွေးကြောများအတိုင်း
စိတ်ကိုလှိမ့်ချလိုက်တာနဲ့
တရုတ်ဆိုင်ကယ်တစ်စီးစီးကိုဝင်ဆောင့်တော့တာပဲ။
ကျွန်တော်က
အလွမ်းမာမာတွေနဲ့ကြေးနီရောင်ထနေတဲ့သတိရစိတ်ကိုပဲ
ကျွန်တော်ကြည့်လို့မဝတဲ့ရုပ်ရှင်လေးဆီ ပို့လွှတ်နေရသူ
လက်ကိုင်ပုဝါနှစ်ထည် အနားစချင်းပူးချည်ထားသလို
ဘဝချင်းပူးချည်ထားလို့ရမလား။
မခင်စန်းမူရေ..
သူနဲ့ပတ်သက်လာရင် ကျွန်တော်က
စက်ထဲညပ်ပါသွားတဲ့အဝတ်စလေးတစ်ခုလို
ဘယ်လိုမှကိုရုန်းမရခဲ့ဘူး။
နှုတ်ခမ်းပါးပါးညိုညိုလေးထဲကကျွန်တော့်အတွက်
မြတ်နိုးဖွယ်ရာ စကားဘယ်နှခွန်း ထွက်ကျလာမှာလဲ
ညအိပ်မီးပြာပြာလေးအောက်မှာ
အချစ်အကြောင်းတွေးလိုက်တိုင်း
ကြမ်းတမ်းတဲ့ခွန်အားတစ်မျိုး ကိုယ်ထဲပူးဝင်လာ
ဒီနည်းနဲ့
အတွေးအခေါ်တွေကိုပုံဖျက်ပစ်ရတာ
မောတယ် မခင်စန်းမူ။
ရုပ်ရှင်ရုံဟာ လူတွေကိုမောပန်းစေတတ်ပါသလား။
ခုချိန်ဆိုသူက
သြဘာလမ်းထိပ် နှင်းရိပ်ဝေသီနှစ်ထပ်အိမ်ကလေးမှ
တလှုပ်လှုပ် သူလုပ်ချင်တာလေးတွေလုပ်လို့
ကျွန်တော်က ရန်ကုန်မှာ ဆောင်းအတု နှင်းအတု
မေတ္တာအတုတွေနဲ့ လက်တလှုပ်လှုပ် နှလုံးသားတလှုပ်လှုပ်
အချစ်နဲ့ဝေးတဲ့ နေ့စဉ်ဖြတ်သန်းမှုတွေဆိုတာ
ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်ရှုပ်ထွေးနေရတာပဲထင်ရဲ့။
သူ့အစမှာ ကျွန်တော်ကဆုံးနေတဲ့ကဗျာတစ်ပုဒ်လို
အပြုံးရိပ်တွေကဆပ်ပြာပူဖောင်းတွေနဲ့အတူတဖောက်ဖောက်ပေါက်လို့ကွဲလို့
ဇာတိမြို့ကလေးရဲ့ ညနေခင်းကျီးပြိုသံတွေ
ခိုညည်းသံတွေကြားထဲ
သူ့ဂီတဟာ ငုပ်ဝင်ပျောက်ကွယ်လို့
သူ့မျက်လုံးတွေကသိပ်သိပ်ချစ်ဖို့ကောင်းတယ်မခင်စန်းမူ
မြစ်ရေပြင်ပေါ် လရောင်တွေ ကိုယ်ဖော့ပြေးနေသလိုပေါ့။
ကျွန်တော့်မြို့ကလေးရဲ့
(သူရှိနေမယ့် ကျွန်တော့်မြို့ကလေးရဲ့)
လမ်းမီးရောင်မှာ နှင်းပွင့်လေးတွေဟာ
စိန်တုံးကလေးတွေလို တဖျပ်ဖျပ်တောက်ပနေပါလိမ့်မယ်
ဟိုး....အဝေးကြီးကရုပ်ရှင်ကို
ကျွန်တော်ငေးကြည့်နေရပုံများပေါ့မခင်စန်းမူ
ပိတ်ကားကြီးရှေ့မှာမော့ကြည့်နေသူဟာ
ကျွန်တော်ကလွဲပြီးဘယ်သူဖြစ်နိုင်ဦးမှာလဲ
အချစ်ဟာအချစ်ပဲဖြစ်ပြီး
အခြားသောအရာဖြင့်အစားထိုးသုံးစွဲလို့မရသေးကြောင်း
ကမ္ဘာ့ချစ်တတ်သူများအဖွဲ့ကြီးမှရိုက်ကူးထုတ်လုပ်လိုက်တဲ့ရုပ်ရှင်
ကျွန်တော်တို့ကြည့်မဝတဲ့ရုပ်ရှင်
လရောင်အောက်က
မြထောင်ချောက်ပါပဲ
နူးညံ့စွာ တိုးဝင်ခဲ့ကြပြီ။   ။
အောင်မှူးဝေ
(အချစ်ကဗျာရေးပါဦးဆိုလာသူများသို့လေးစားစွာဖြင့်...)
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here