Monday, December 10, 2012

ပြောင်းလည်းသွားသော သူငယ်ချင်းသို့


ကျေးဇူးပါပဲ ဆိုတဲ့အပြုံးလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ....။

ကူညီပါ ဆိုတဲ့စကားလေးတစ်လုံးနဲ့
ညာခိုင်းခံရပေါင်းလည်း များခဲ့ပါပြီ...........။

ခဏလေးပါ ဆိုတဲ့ငှားရမ်းမှုတွေကြောင့်
ဆုံးရှုံးခဲ့ရပေါင်းလည်း များခဲ့ပါပြီ................။

မနက်ဖြန်ခါ ဆိုတဲ့ချိန်းဆိုမှုတွေကို
စောင့်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ.............။

ပြန်လာခဲ့မယ် ဆိုတဲ့မျှော်လင့်ချက်တွေပေးပြီး
ဝေးခဲ့ရပေါင်းလည်း များခဲ့ပါပြီ.........။

စိတ်ချယုံကြည်ပါ ဆိုတဲ့ကတိတွေပေးပြီး
ရူးချင်ယောင်ဆောင်နေလို့ခံခဲ့ရပေါင်းလည်း များခဲ့ပါပြီ......။

သည်းခံပါ ဆိုတဲ့တောင်းပန်မှုတွေကို
ခွင့်လွှတ်ရပေါင်းလည်း များခဲ့ပါပြီ............................။

ဒီလိုနဲ့ပေါ့ သူငယ်ချင်း
သူမတူတဲ့ သံယောဇဉ်မျိုး
ငါ့ရင်ကို ခိုဝင်တိုးခဲ့တော့
ထားခဲ့မိတာ သူငယ်ချင်း
တကယ့်ကို ဖြူစင်ခြင်းတွေနဲ့................။

သူမတူတဲ့ ခင်မင်မှုမျိုး
ငါ့ရင်ကို ခိုဝင်တိုးခဲ့တော့
ခင်ခဲ့မိပါတယ် သူငယ်ချင်း
ငါ့မှာ ဟန်ဆောင်ခြင်းတွေ မရှိဘူး.............။

ခုတော့ သူငယ်ချင်း
လမ်းမှာတွေ့ရင်တောင်
မသိချင်ယောင် ဆောင်နေခဲ့ရတဲ့
ပစ္စုပ္ပန်ရဲ့ နေ့ရက်မျိုးကို
ငါတကယ် မတွေးမိခဲ့တာ အမှန်ပါ
နင်ဘယ်လို ပြောင်းလည်း ပြောင်းလည်း
ငါ့ရဲ့ သံယောဇဉ်က မပြောင်းလည်း ခဲ့ပါဘူး
အချိန်တွေ ဘယ်လို ပြောင်းလည်း သွားစမ်း
ငါ့ရဲ့ ခင်မင်မှုက မဟောင်းနွမ်းခဲ့ပါဘူး.............။

ငါတို့တွေရဲ့ ဘဝ
တစ်ခဏ ဆိုတာကို သိကြရင်
မာန်မာနတွေကို ခြေရာဖျောက်
အနာဂတ် ဆိုတဲ့ လမ်းတစ်လျှောက်မှာ
ခေါ်ခြင်း... ပြောခြင်း... နှုတ်ဆက်ခြင်းနဲ့
အတိတ်က ပျော်ရွှင်ခြင်းတွေ
ပြန်ရချင်တယ် သူငယ်ချင်း.......................။
                                          

ယု( မြန်အောင် )



2 မှတ်ချက်:

Anonymous said...

ပုံပေါ်က စာသားလေးတွေ ကြိုက်တယ် ဗျာ

Unknown said...

အားပေးတယ် သူငယ်ချင်း.... ငါ့လို အရူးတစ်ယောက် အဖော်ရလို့.... ဟီးးးးးးးးးးးးးးးးးးး

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here