Thursday, December 27, 2012

(((မိုနာလီဇာအပြုံးထက်သာတယ်))



ဒီညမှာလည်း
မနေ့ကလိုမျိုး
နှာခေါင်းရှုံ့သူများရှိမလားလို့
လမင်းနဲ့အတူလိုက်ရှာခဲ့တယ်။
အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုမှာ
ဝါကျတွေက မညီမညာနဲ့
စကားလုံးတွေတစ်ခုပြီးတစ်ခုသုံးတာတောင်
အက္ခရာတွေက မပြည့်စုံဘူး။
လီယိုနာဒို ဒါဗင်ချီ ငိုရလောက်အောင်
မင်းရဲ့နှာခေါင်းရှုံ့ပုံက အသက်ဝင်လေတော့
အနည်းဆုံးတော့
မိုနာလီဇာ ထက်သာမယ်ဆိုတာ
နံရံတွေမေးကြည့်ရင်သိနိုင်တယ်
နောက်တော့
ဂဏာမငြိမ်တဲ့ ငါ့မျက်လုံးတွေက
မနေ့က သူထိုင်တဲ့(PC4)မှာ
လမင်းများသာနေမလားလို့
အကြိမ်ကြိမ် ရစ်ဝဲငေးမိတယ်။။              ။။

မိန်နွေ

.

2 မှတ်ချက်:

Unknown said...

ဒီညမှာလည်း
မနေ့ကလိုမျိုး
နှာခေါင်းရှုံ့သူများရှိမလားလို့
လမင်းနဲ့အတူလိုက်ရှာခဲ့တယ်။
အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုမှာ
ဝါကျတွေက မညီမညာနဲ့
စကားလုံးတွေတစ်ခုပြီးတစ်ခုသုံးတာတောင်
အက္ခရာတွေက မပြည့်စုံဘူး။

Anonymous said...

မိုနာလီဇာလည်းချော ပုံကလည်းချောတယ်

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here