Wednesday, December 26, 2012

ဒီနေ့ ဖတ်မိတာလေး ပြန်တင်ပေးပါ့မယ်နော် တကယ်ကြိုက်လို့ ပါ


စာဖတ်တာ အဝေးကြီးမသွားဖြစ်ဘူး ကိုယ့်ဆိုဒ်ထဲကို ပြန်မွှေဖတ်ဖြစ်တော့ ဒီဟာလေး

ပြန်တွေ့ တယ် သဘောကျလို့  နောက်တစ်နေရာ ပြောင်းသိမ်းရင် မျှဝေလိုက်ပါတယ်

ကိုယ်တင်ပြီး ကိုယ်ပြန်ရှာတာ အတော်မောသွားတယ် ...ဒုတိယအကြိမ် ဖတ်နိုင်ပါ၏

ကဗျာဆရာ အောင်မှုးဝေ ရေးပေးထားတာ၊ ရေးတာက 29-9-2011 တုန်းကပါ........။


အမောင်(သို့ မဟုတ်)သီချင်းဆိုနေတဲ့စာမျက်နှာ


စမ်းချောင်းကလေးရဲ့ရေစီးသံမှာ

ခြေဆေးမိတာအပြစ်လား

 
အေးမြမိသူစမ်းချောင်းလေးရဲ့အပြစ်လား
 
အမောင်.....ညီလေး..စွယ်စုံကျမ်း
 
မင်းကဇာတ်လမ်းနှစ်ခုရဲ့အလယ်ခေါင်မှာ
 
ရေစီးဟာမာယာတွေနဲ့အဆိပ်ပဲ
 
မိန်းမနဲ့ကမ္ဘာစစ်တူတယ်
 
အပြီးထိလှုပ်ရှားရသတဲ့
 
မပြီးရင်မင်းအမှားပေါ့....။
 
ဆရာမောင်ချောနွယ်ပြောဖူးတယ်
 
သူ့မိန်းမဟာသူ့ရန်သူပဲ..တဲ့
 
မင်းရန်သူရောဘယ်မှာလဲ
 
ရန်သူမရှိ  မိတ်ဆွေပဲရှိသလား
 
မင်းရန်သူကအမုန်းကိုအလံဖြူလွှင့်ခဲ့သလား
 
မိန်းမကိုဘုရားသခင်ဖန်ဆင်းတယ်ဆိုရင်
 
သူ့ဦးနှောက်မှာနှင်းတွေဝေနေလို့ပဲဖြစ်ရမယ်ပေါ့
 
ငါကဒီလိုတွေးနေချိန်မင်းကတော့
 
တစ်နယ်တစ်ကျေးမှာတိတ်တိတ်ကလေးမိုးတွေရွာလို့
 
အဝေးကွင်းမှာအသည်းကွဲပြီးပြီပေါ့ကွာ

ညီလေးဂစ်တာကြိုးပေါ်မှာဘာသီချင်းတွေဝှက်ထားလဲ
 
ဆက်လက်သီဆိုရန်/နားထောင်ရန်စာရင်းမှာရော
အစိမ်းရောင်ချယ်ရီသံတွေညံဦးမလာ
 
ပုဝါတစ်ကမ်းမဟုတ်တော့
 
မင်းသင်္ဘောဟာဆိပ်ကမ်းနဲ့ဝေးနေပြီ
 
ချစ်တာမရရင်..ရတာလေးကိုချစ်နေပါ
 
သူတို့ပတ်သက်သမျှရသလောက်ကလေးတွေ
 
ချစ်..ညီလေး...ချစ်ပါ
 
မင်းအလွမ်းကိုဘယ်ပန်းရနံ့ကမှတရားစွဲလို့မရဘူး
 
မိန်းမတွေဟာပန်းလိုပဲ  ညီလေး
 
ဘယ်သူနမ်းနမ်းနွမ်းတာပဲ
 
မင်းမခူးလည်းကြွေမှာပဲ
 
လရောင်ထိရင်ငိုတတ်တဲ့ကုမုဒြာလို
 
လှိုင်းခတ်သံကြားရင်ကြွေတဲ့မိန်းမတွေ
 
မင်းမှာအသည်းကွဲစာမျက်နှာနောက်တစ်ခုမှာရှိတယ်
 
ပြန်လည်ဆုံတွေ့ကြပါစို့..တဲ့
 
စတေကာကပ်ထားတဲ့အကျီ်နဲ့ ငါ့ညီအမောင်
 
မိန်းမတွေဟာမနေ့ကဆိုချင်နေတဲ့သီချင်း
 
ပြီးတော့မနက်ဖြန်သီဆိုချင်တဲ့သီချင်း
 
ဒီနေ့ ငါတို့အိပ်ကြမယ်
 
ကျပ်မပြည့်တဲ့ဘုရားသခင်ရဲ့အရိပ်မှာပေါ့
 
သူ့အမှားကမိန်းမတွေကိုဖန်ဆင်းခြင်းပဲလေ။    ။

 
အောင်မှုးဝေ

.


5 မှတ်ချက်:

သူကြီးမင်း (တုံးဖလား) said...

မိန်းမတွေဟာပန်းလိုပဲ ညီလေး

ဘယ်သူနမ်းနမ်းနွမ်းတာပဲ..
..

သူကြီးမင်းကတော့..
နွမ်းကြတာလား လန်းကြတာလား ခွဲမခြားတတ်တော့ဘူး။
မျက်စိတွေ လည်ကုန်ပြီ။း))

3rdthameetaw said...

အားလုံးဟာ လူသားတွေ ပါပဲ
ယောက်ျားမိန်းမ မဟုတ်ဘူး
ဖေါက်ပြန်ခြင်းသဘောရှိ လို့ ဖေါက်ပြန်ကြတာ
သစ္စာမဲ့ကြတာပါ မောင်ရာ
မိန်းမ လို့ ခေါင်းစဉ် မတပ်ပါနဲ့
အဲ့ဒီ မိန်းမ ကိုလည်း
ယောကျာ်းတစ်ယောက်က သစ္စာ ဖေါက်ခဲ့တာပါပဲ

Anonymous said...

သူကြီးရယ် ညက်စေ့မလည်ပါနဲ့  ဘူသူနမ်းနမ်း နွမ်းတာပါ အတည်ပါ အဟုတ်ပါ

3rdthameetaw said...

ဘုရားသခင် ရဲ့ အပြစ်တော်ကို ဘယ်လိုခွင့်လွတ် ရမလဲ ကဲ

Anonymous said...

သမီးတော်ကလည်း မှန်တာပြော နာနေတာ အမီးတက်နင်းခံချင်လို့  အေးဆေးနေစမ်းပါ

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here