ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သိုင်းပညာလေ့လာချင်သူတွေ အတွက် နည်းလမ်းများ


သိုင်းနဲ့  ပတ်သက်ပြီး ရေးဖို့ စာအုပ်တင်ဖို့ ရှိပါတယ် ။ ကွန်ဖူးစိုးမြင့်၊ သိုင်းဆရာကြီး 

ဦးပြေသိန်း ၊ သိုင်းပြောင်းပြန်မောင်လေး  တို့ ၏   ပညာရပ်ဆိုင်ရာ စာအုပ်များ ကို

ရှာဖွေ တင်ဆက်ပေးပါမည် ။ စာအုပ်ပြောင်းဖို့  Scan ဖတ်ရန် အခွင့်မရသေးလို့ ပါ 

လစ်တာနဲ့ စာအုပ်တင်ပေးမည်......အောက်ပါစာတို့ မှာ  ကြိုက်နှစ်သက်၍ ကူးယူ

ဖော်ပြပါသည် ..။



သိုင်းပညာ ဆိုသည်မှာ ………..

သိုင်း၏အနက် အဓိပ္ပယ်မှာ "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ "သိ" သိမြင်ခြင်း နားလည်ခြင်း၊ "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။

မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၄င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီင်္ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်သမိုင်းတလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။ လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။

ရှမ်းသိုင်း ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိပါသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။ ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။ ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်ပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ၇ကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်ပြန်ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။

ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်

ဗန်တို ဆိုသည်မှာ မြန်မာနိုင်ငံတွင် အစပြုထွန်းကားသော လက်နက်မဲ့ ကိုယ်ခံပညာရပ် ဖြစ်ပြီး လက်သိုင်း ဟုလည်း လူသိများသည်။ သိုင်းပညာရပ် တစ်ခုသာမက အတွေးအခေါ်၊ လောကီပညာ ရပ်များပါ ပေါင်းစပ် ပါဝင်သည်။ ဗန်တို ၏မူလ အနက်မှာ ရှေးကျသော ပါဋ္ဌိဘာသာရပ်မှ ဆင်းသက် လာခြင်း ဖြစ်ပြီး "မိမိကိုယ်ကို ကျင့်ကြံ အားထုတ်ခြင်း" ဟု အဓိပ္ပယ်ရသည်။ ကာလကြာသော "မိမိကိုယ်ကို ကာကွယ်ခြင်း" ဟူ၍ ပြောင်းလဲ လာခဲ့ သည်။ ဗန်တိုပညာရပ်တွင် သင်ကြား ပြသရာ ကျောင်း အမျိုးမျိုး ပေါ်မူတည်၍ ကစားဟန်လည်း ကွဲပြား ခြားနားကြသည်။


မူရင်းလင့်  - http://www.facebook.com/သိုင်း   

posted by Ye Htutmyat










1 မှတ်ချက်:

ye demo said...

ဆက်ပြီးတော.စာအုပ်တွေရော ပုံ တွေပါတင်ပေးပါ ကိုမောင် မြန်မာရိုးရာပညာမို.မြတ်တနိုးတန်းဖိုးထားပါတယ်။လက်တွေ.သင်ဖူးပေမဲ.စာတွေ.မှာတော.အားနဲပါတယ်။youtube မှာတင်ထားတဲ. မြန်မာ.သိုင်းvideo တွေလဲကြည်.ဖြစ်တယ်။''''ပြောင်းပြန် မောင်လေး'''ဆိုတဲ.စာအုပ်လဲတင်ပေးပါအုံးကိုမောင်။

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here