Thursday, January 31, 2013
သင်သိပါသလော.....(လေးနက်အောင်ခံစားဖတ်ရှုနိုင်ပါစေ)
ငါငယ်ငယ်တုန်းက ကုန်းကုန်းကွမှာ
အမေက ကျက်ပီသား အဆင့်သင့် ထမင်းနဲ့ ဟင်းကိုဝါးလို့ ခွန့် ခဲ့တယ်။
နောက်ပိုင်း ကိုယ်တိုင် ကျက်ပီးသားအမေချက်ထားတဲ့ ထမင်းနဲ့ ဟင်း
အဆင်သင့်လေးကို ခူးစားခဲ့လေရဲ့............
ငါငယ်ငယ်က သရက်သီးမှည့်ချိုချိုလေးတွေ
 ငှက်ပျောသီမှည့် ပြောင်းဖူးချိုချိုလေးတွေကို
အမေက အခွံခွာလို့  အဆင်သင့်စားလို့ ရအောင်လုပ်ပေးခဲ့တယ်။
နောက်ပိုင်း ကိုယ်တိုင် အလွယ်တကူ အဆင်သင့်
ရှိနေတဲ့ စားစရာတွေကို စားလို့ ရခဲတယ်။
             ငါငယ်ငယ်က အင်္ကျီလှလှ၊ ဘောင်ဘီလှလှ၊ လုံချည်လှလှ၊
 လွယ်အိတ်လှလှ ၊ဖိနပ်လှလှ အားလုံးသောအသုံးဆောင်တွေကို
အမေက အလွယ်တကူ အိတ်လေးဖောက်ပီး ငါ့ကိုဆင်ပေးခဲ့တယ်။
မုန့် ဖိုးတွေလဲအမေကပေးခဲ့တယ်လေ။
        ငါငယ်ငယ်က  အားလုံးသောလိုအပ်တာတွေကို
အမေက သေချာအနီးကပ် ပြုစုလုပ်ပေးခဲ့တယ်
အလွယ်တကူ အဆင့်သင့်ပဲ အမေကလုပ်ပေးနေခဲ့တယ်။
များစွာသော အဆင်သင့်လေးတွေလုပ်ပေးနေတဲ့အမေ့ ကို
ချစ်တယ် ခုံမင်တယ် အသက်ထက်ချစ်တယ်။
အမေက အသက်ပေးပီးမွေးပေးခဲ့တာလေ။
              ငါတို့ ကို ကျက်ပီးသားထမင်း ဟင်းတွေ
အမေ၀ါးခွန့် နိုင်ဖို့ ၊ မီးဖိုချောင်မှာအလွယ်တကူခူးစားနိုင်ဖို့ တွက်
အမေငါတို့ ကို မုန့် ဖိုးပေးနိုင်ဖို့  ငါတို့ မမြင်ကွယ်ရာမှာ
အသက်စွန့် ပီးဆင်းရဲတဲ့ ဒဏ်ကိုအံကြိတ်ခံပီး
ရုန်းကန်လို့  ဆန်ရှာ ငွေရှာပေးနေတာ
အဖေဆိုသော အဖေရှိနေတယ်ဆိုတာ သင်သိပါသလော။
    မီးတွင်းမှာအမေအသက်စွန့် သလို
 မိသားစုတွက် လောကတိုက်ပွဲ ၀င်နေတဲ့အဖေဟာလည်း
အသက်ပေးပီရုန်းကန်နေရတယ်ဆိုတာသင်သိပါသလော။
           အမေကျွေးတဲ့သရက်သီးချိုချိုလေး၊ ငှက်ပျောသီးချိုချိုလေးတွေဟာ
အဖေစိုက်ထားတဲ့ သစ်ပင်ကဆိုတာ ငါတို့ မင်းတို့ သိပါသလော။
သရက်သီးငှက်ပျောသီးကျွေးတဲ့အမေ့ ကိုချစ်မြတ်နိုးသလို
အမေကျွေးလို့ ရအောင် စိုက်ပျိုးပေးတဲ့ အဖေကိုလဲချစ်မြတ်နိုးပါ။
                 မင်းတို့ မှာအဖေမရှိခဲ့ကြတော့ရင်လဲ
မိသားစုပေါ်မှာတာဝန်ကျေပီး အဖေပီသတဲ့အဖေဟာ
မင်းတို့ တွက်ရုန်းကန်တိုက်ပွဲဝင်ရင်း အသက်ပေးသွားတာဆိုတာ
မင်းတို့ သိပါသလော။
                         မင်းတို့ နှလုံးသားတံခါးကိုဖွင့်ပီးခံစားနိုင်ပါစေ
မီးတွင်းထဲမှာအသက်ပေးမွေးနေတဲ့ အမေကိုသတိရသလို
ငါတို့ မမြင်ကွယ်ရာမှာ သက်ပေးပီးရုန်းကန်နေတဲ့ 
အဖေရှိတယ်(ရှိခဲ့တယ်)ဆိုတာသတိရပါ။
အမေ့ကိုလေးစားကြည်ညိုချစ်မြတ်နိုးသလို
အဖေ့ကိုလည်း လေးစားကြည်ညိုချစ်မြတ်နိုးပါသည်
တာဝန်ကိုကျေနိုင်သမျှကျေအောင် 
ထမ်းဆောင်နေသော မိခင် ဖခင်အားလုံး
သို့ ရည်ရွယ် ပူဇော်ကန်တော့ပါသည်...။
         သိုက်ကြီး (ကျောက်ပန်းတောင်း)  
kpgtheik@gmail.com
Wednesday, January 30, 2013
ကိုင်း ..ဘာလုပ်ကြမလဲ....
နှစ်ဟောင်းကုန်းလို့ နှစ်သစ်ကိုလှန်ပြန်တော့
ပြောကြပြန်ပီနိုင်ငံရေးတွေ....
အရွယ်မရောက်အမြီးမပေါက်သေးပေမဲ့
အရက်ကတော့သောက်နေလေရဲ့
အိုဘယ့်လူငယ်လေးတွေရယ်...
ကိုရီးယားကိုဈာန်ဝင်
မပေါ်ပေါ်အောင်ပြနေသလား အောင့်မေ့ ရတယ်
အိုဘယ့်မိန်းကလေးတို့ ရယ်....
တစ်နှစ်မှာတစ်ကြိမ်
အရောင်မှိန်လာတဲ့ တို့ သင်္ကြန်ပွဲ
ဖင်ဖော်ရင်ဖော်နဲ့  အမြင်မတော်တဲ့ လူတစ်စုကို
အမေစုလဲ မတတ်နိုင်ပါဘူးဆိုတာသိတယ်....
ကောင်းမှု့ ကိုလုပ် လက်တစ်ဆုပ်နဲ့ 
တောင်းလိုက်တဲ့ဆုတွေ ပိသေမလားများလိုက်တာ
ပါလာသေးတယ် နိဗ္မာန်ရောက်ရပါလိုသည်တဲ့..
ခိခိလိုတောင်ရယ်ရယ်လိုက်ချင်..... 
မှန်တာဖြေရင် မေးလိုက်ချင်ပါတယ်
(သီလငါးပါလုံပါရဲ့လားလို့ ) ။။။။။။
သီလမမှန်ဒီနိဗ္မာန်ကို
ဆုတောင်းတဲ့ပါးစပ်
ဖြတ်ရိုက်လိုက်ချင်တယ်
ယုတ်တဲ့ပါးစပ် လုပ်ဇာတ်နဲ့ လိမ်
သေရက်ကိုသောက် 
စိတ်ဓာတ် ဖောက်လို့ 
(မ)ကကျား/ (ကျား)က မ   ကို
တဏှာမျက်လုံးနဲ့  
တစ်ကိုလုံးကိုကြည်
သူ့ များအသက် လိုက်လို့ သတ်စား
ကြွက်နဲ့ ဖားတောင်မနေရ
မရှိတော့ခိုးအကျင့်ဆိုးနဲ့ ပိုတိုးလို့ မွဲ
ညစ်ညမ်းတဲ့အဆဲ
မိဘကိုမရိုသေ ဒီတိုင်းပြည်မှာခုမိုးခေါင်နေပီလေ......
ကိုင်း ..ဘာလုပ်ကြမလဲ....
အဲဒါမြန်မာပြည်.....
သိုက်ကြီး (ကျောက်ပန်းတောင်း)  
"ကျေးဇူးပါ...အတိတ်လေးရယ်"
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို
ကျေးဇူးတင်တယ်...
မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ...
ညခင်းသာတဲ့ လတစ်စင်းကို
ကျေးဇူးတင်တယ်...
အလင်းကြားက ကြယ်တစ်ခင်းမှာ
မင်းအကြောင်းတွေ တွေးခွင့်ရလို့ ...
အိပ်ပျက်ခဲ့တဲ့ ညတာရှည်တွေကို
ကျေးဇူးတင်တယ်..
လူးလွန့် အတွေးထက်က
မပီဝိုးဝါး မင်းပုံရိပ်တွေ
မြင်ယောင်တမ်းတခွင့်ရတဲ့အတွက်..
ချစ်ခွင့်ရတဲ့ခဏတာအတွက်
မင်းတစ်ယောက်ကို
ကျေးဇူးတင်တယ်...
ရင်ခုန်ခြင်းရဲ့  ဘာသာစကားတွေ
သိကြားခွင့်ရခဲ့လို့ ...
မဆုံနိုင်တာ ကြမ္မာတရားလို့ 
ငါမပြစ်မတင်ရက်ခဲ့ဘူး
ရနံ့ သင်းသင်း ဒီချစ်ခြင်းမှာ
တွေ့ ဆုံခြင်းက မထင်ကျန်လည်း
ရှင်သန်ဆဲနှလုံးသားနဲ့ 
ရင်ခုန်သံဘာသာစကား
ကာလာတွေခြားသွားပေမဲ့
အလွမ်းရင့်ရင့် ကဗျာအဖြစ်
ပုံရိပ်ယောင်တွေ ကြွင်းကျန်ရစ်ဆဲပါ မေ ...... ။           ။
                                                                လေလွင့်လူ(ကမာမြေ)
.
Tuesday, January 29, 2013
စာရေးဆရာ၊ဆရာမများ ရဲ့ စာပေဟောပြောပွဲ အသံဖိုင် ( 11 မျိုး )
စာပေဟောပြောပွဲနားဆင်လိုသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော
အကောင်းဆုံး  ၁၁မျိုးကို  စုစည်းပြီး  ပြန်တင်ထားပါတယ် ။စာရေးဆရာများရဲ့
အနှစ်သာရစကားလုံးတွေ  ဗဟုသုတတွေ  ရသတွေ အများကြီးပါဝင်နေသလို
တန်ဖိုးရှိသော ဟောပြောချက်တွေပါ နားဆင်လိုသူများ Download ယူလိုက်ပါ
ဆရာချစ်ဦးညို
ဆရာအော်ပီကျယ်
ဆရာဖေမြင့်
ဆရာနေ၀င်းမြင့်
ဆရာမခင်ခင်ထူး
ဦးဘုန်း-ဓာတု.စသည်ဖြင် စာရေးဆရာများစွာ၏ ဟောပြောပွဲ အသံဖိုင်
ဒီလင့်မှာ Download ယူပါ -http://www.mediafire.com/အသံဖိုင် 11 မျိုး
စိတ္တဇ ည
သစ္စာဆိုတဲ့ စကားကို နှုတ်ဖျားက ပြောကြရုံနဲ့
ပြည့်စုံ လုံလောက် သတဲ့လား....?
နှလုံးသားထဲက တကယ့် ဆန္ဒနဲ့
ကိုယ်တိုင် လက်တွေ့ ကြကြ မကျင့်နိုင်ကြတော့ တာလား...............?
လူ့လောကမှာ ငါတန်ဖိုးထား လေးစားခဲ့တာက
"ကိုယ်ချင်းစာတတ်" ခြင်း
အဲ့ဒီအတွက် သူတို့ ငါ့ကို နင်းနင်းသွားကြတာလား......?
ငါအမုန်းဆုံး အရာက
သစ္စာမရှိခြင်းနဲ့ လိမ်လည်မှု
ခု......ငါ အမြဲ နားထောင်မိတဲ့ သီချင်းက
"အမုန်းမြို့သူ"
ငါ့ကိုငါ ပြန်မေးတတ်တဲ့ စကားက
" ငါ ဘာအတွက် အသက်ရှင်နေတာလဲ"
လူတွေနဲ့ တွေ့တိုင်း မေးချင်နေတဲ့ စကားက
"လောကမှာ သစ္စာတရားဆိုတာ ရှိသေးရဲ့လားလို့" ဆိုတဲ့စကား
ငါ့ကို ဘယ်တော့မှ မလိမ်ညာပါဘူးလို့
နင်အကြိမ်ကြိမ် ပြောခဲ့တယ်
ငါ့ကို ဘယ်တော့မှ သစ္စာမပျက်ပါဘူးလို့
အကြိမ်ကြိမ် နင်ကတိပေးခဲ့တယ်
အဲ့ဒီစကားတွေ ပြန်တွေးမိတိုင်း နောက်ထပ်တစ်ခု ငါ့ကိုငါ
အကြိမ်ကြိမ် ပြန်မေးနေမိတယ်
"လောကမှာ သစ္စာတရားဆိုတာ ရှိသေးရဲ့လားလို့"
ဘဝ တစ်ခုလုံးအတွက် ရည်ရွယ်ပြီး ချစ်ခဲ့တဲ့ နင့်ကို
ဘယ်လို ယုံကြည်မှုမျိုးနဲ့ ငါ ရှေ့ဆက် လက်တွဲရမလဲဆိုတာ... ဖြေခဲ့ပါ......
နင်ဖြေမယ့် အဖြေကို ငါကြို သိနေသလိုပဲ
အဲ့ဒီထဲမှာ လိမ်ညာမှုတွေ ပါလာလိမ့်အုံးမယ်
သူဌေးက customer ကို လိမ်ညာတယ်
manager က ငါ့ကိုလိမ်ညာတယ်
ငါက တော့ စာရွက်ဖြူဖြူပေါ်မှာ ဂဏာန်းစာလုံးတွေနဲ့
ဆက်လိမ်ညာပေးနေတယ်
ငါ အမုန်းဆုံးနေရာမှာ ငါလာပြီး ရှင်သန်နေရတာ
ကိုယ့်ကိုကိုယ်တောင် ငါရွံနေတတ်ခဲ့တာ.... ကြာပေါ့.......
ဒါပေမယ့် ညီမလေးရေ
ငါ နင့်ကို မလိမ်ညာခဲ့ဘူး
လူအများ လွတ်လပ်စွာ ရည်းစားတွေ ထားနေတဲ့ ကြားထဲမှာ
ငါ့ဘဝကို အိမ်ထောင်သည် တစ်ယောက်လို ပုံသွင်းရင်း
နင့်အပေါ် သစ္စာတရားကို ပုံပေးခဲ့တာက
ရိုးသားခဲ့တဲ့ ငါ့ရဲ့ ရူးသွပ်မှု
ငါ ယုံကြည်ခဲ့တာက
ကိုယ်တိုင်ရိုးသားမှု ပေးမှ ရိုးသားမှုတွေ ပြန်လည်ရရှိနိုင်ခြင်းပဲ
ခုတော့
ငါတကယ် သိချင်ပါတယ်
"လောကမှာ ကိုယ်ချင်းစာတရားနဲ့ သစ္စာတရားဆိုတာ ရှိသေးရဲ့လားလို့"
လောလောဆယ်မှာတော့
နင်ကိုယ်တိုင်ပြောတဲ့ သစ္စာစကားက
လေထဲမှာပဲ လွင့် ဝါး ပျောက် ကွယ် လို့.........................။
ညီညီ(မြန်အောင်) "26.1.2013"
Sunday, January 27, 2013
"မသေချာခြင်း အတ္ထုပ္ပတိ"
အခုတော့ ဝေးကြပြီးပေါ့..
ကျေနပ်ပါတယ်
အနေမတတ်ခဲ့တဲ့ နှလုံးသား
ပုံအောထားတဲ့မေတ္တာတရား ..
နင်းခြေထွက်ခွာသွားပြီးရင်
တစ်ခုပဲ တောင်းဆိုချင်တယ်
ဘယ်တော့မှ လွမ်းဆွတ်မနေပါစေနဲ့  ..
ကြေကွဲရမှာထက်
နှစ်ခါပြန်ဒဏ်ချက်တွေ
ခံနိုင်ရည်ရှိမယ်မထင်ဘူး ..
မင်းအမှားမဟုတ် သလို
ရင်ခွင်ကြားက တင်းအားတစ်စုံရဲ့ 
ပြိုပျက်ခြင်း ရာဇဝင်သက်သက်တွေပါ ..
ဒါပေမဲ့ ..
တိတ်ဆိတ်ခြင်း အိပ်မက်အိုမှာ
နုပျိုမှုရဲ့  တစ်ဆိတ်တစ်ဒေသတော့
ရန်မူမှုတွေ ငါရင်ဆိုင်နေဆဲပဲ ..
ဝန်ခံပါတယ်
ချစ်ခဲ့ခြင်းမှာ
မရေရာခြင်း စိတ်ကူးသက်သက်တွေ ....။          ။
လေလွင့်လူ (ကမာမြေ)
Friday, January 25, 2013
မောင်(စွယ်စုံကျမ်း) ဆိုဒ်က ဒေါင်းလုပ်ယူတဲ့ သူငယ်ချင်းများ ဖတ်ပေးပါ
တခြား Download တွေ သွားနှိပ်ရင် တိုင်ပတ်နေလိမ့်မယ်ကြက်ခြေခတ်ကို မနှိပ်မိစေနဲ့ 
ကုဒ်နံပတ်တွေ မှန်အောင်ဖြည့်ပြီး Download ဆိုတာကို နှိပ်ရင် ရပါပြီ
ဒီနည်းကို အသေးစိတ်ရေးတင်ရတဲ့ အကြောင်းက  ဒီဆိုဒ်ကို  သုံးတော့မှာမလို့ ပါ
ဆွဲနည်း လုပ်နည်း မမှန်လို့ ထင်တယ် ။ အတော်များများ   မရကြဘူးပြောနေတာ
Mediafire မှာက Download  ယူနည်းလွယ်ပေမယ့် ဆော့ဝဲတွေက  ခဏခဏငြိ
အဖျက်ခံနေရတာမလို့  ဒီဆိုဒ်ကို ပြောင်းတင်တာပါ။ ဒေါင်းရတာမခက်ပါဘူးနော
မဟုတ်ရင် မလိုအပ်တဲ့ Malware လင့်တွေ Spy လင့်တွေ တက်ပီး လမ်းကြောင်း
ပြောင်းသွားလိမ့်မယ် အဲ့တော့ Ziddu က ယူနည်းလေးကို မှတ်ထားပေးကြပါ...။
လုပ်နည်းမတတ်သူများ ယူလို့ မရတဲ့ ဆော့ဝဲများရှိပါက Email ပို့ လိုက်ကြပါ...။
.
Monday, January 21, 2013
" ကြက် " တစ်ကောင်က ပေးတဲ့ " သင်ခန်းစာ "
အမေ တစ်ယောက်ရဲ့ ဝပ်ကျင်းထဲက
သူတို့ အတူတူ သက်ဆင်းခဲ့ ကြတယ်...........။
ပိစိပိစိနဲ့ ဘာမှမသိသေးတဲ့ ဘဝက
အတူတူသွား အတူတူစားလို့
အချိန်တန်လို့ အရွယ်ရောက်
အမှီးအတောင် အစုံပေါက်မှ
မာန အရာက ထောင်လွှားရင်း
မိသားစုကြားမှာ ဗိုလ်လုခြင်းတွေနဲ့...............။
ဦးခေါင်းခွံတွေ စုတ်ပြဲ
သွေးသံတွေ ရဲရဲထွက်ခဲ့လည်း
သူ့ရဲ့ ဗိုလ်လုပွဲ အတွင်း
ညီအကိုဆိုတာ မေ့ထားခြင်းတွေနဲ့..............။
သူ အားလုံးကို အောင်နိုင်တဲ့ တစ်နေ့
အတောင်ပံတွေကို တဖျတ်ဖျတ် ခတ်ရင်း ကြွေးကျော်
ငါမှ ငါနော်လို့
သူတော်တော် ပျော်နေတဲ့အချိန်
အစာငတ်နေတဲ့ ခွေးပိန်ပိန်အနား
သူ ဂရုမထားပဲ သွားမိစဉ်
ခွေးပိန်အိုရဲ့ ထအကိုက်
သူလည်း ရှောင်ချိန်မရလိုက်တော့
မရဏ ရဲ့ စက်ကွင်းမှာ
သူ့ အောင်နိုင်မှုဟာ ကျရှုံးခြင်းနဲ့..................။
ကြီးနိုင် ငယ်ညှင်းနဲ့ နိုင်ရာစား
ဘဝတွေ ကျင်လည်တာ များလာခဲ့ သမျှ
" ငါ "  ဆိုတဲ့
ကြွေးကျော်သံ ဆိုတာ
သောင်ပြင်ထက်က သဲအိမ်သာ
ဒီရေ အလာမှာတော့...................................။
ညီညီ (မြန်အောင်)
Sunday, January 20, 2013
Window 7 မှာ ပုံတွေကို Thumbnail နဲ့ မမြင်ရရင် ပြုလုပ်နည်း ( Video File)
ဒီနည်းလေးက ပုံတွေကို ဖွင့်တဲ့အခါ ပုံမပေါ်ဘဲ ဖြစ်နေတဲ့အခါ ပြောင်းလည်းပေးတဲ့
နည်းလမ်းလေးတစ်ခုပါ အဖြစ်များတာက ၀င်းဒိုး7 မှာပါ ဘာလိုဖြစ်သလဲလို့ ဆိုရရင်
ကွန်ပျုတာကို ကလိတဲ့သူ နှေးတာကို မြန်ချင်သူတွေမှာ ဒီပြဿနာအဖြစ်များတယ်
မြန်အောင်ဆိုပြီး System Properties ရဲ့ Performance Visual Effect ပြင်လိုက်ရင်
အခုလိုပြဿနာ ဖြစ်တတ်တယ် Adjust for the best perfomance ကိုသုံးလိုက်ရင်
အခုလို ပုံတွေကို Thumbnail နဲ့ မမြင်ရဘူး သာမာန်ဆိုရင် Large Size ပြောင်းရင်
အဆင်ပြေမယ့် Performance ကဖြစ်ရင် လုပ်တဲ့နည်းပါ အသေးစိတ်မရေးတော့ပါ
အဆင်မပြေရင် zwmnna@gmail.com ကိုဆက်သွယ်ပါ ။အခု ဗီဒီယိုလေး ကြည့်
လုပ်နည်းကလွယ်ပါတယ်...။
လုပ်နေကျ ကလိနေကျဆိုရင်လည်း အလွယ်ဆုံးနည်းပြောပြရရင်
Performance ထဲက Show thubmnail insteads of icons ကို အမှန်ချစ်လိုက်ပါ
ငါ့ ဘဝ လမ်း
ငါ့ဘဝက ကဗျာမဆန်သလို
တေးသွားလိုလဲ မချိုမြိန်ဘူး
အကွေ့အကောက်များတဲ့ ပင်လယ်ပြင်မှာ
မာယာတွေ တလှေကြီးနဲ့ ရွက်လွှင့်ခဲ့တယ်
ကြည်လင်နေတဲ့ ကောင်းကင်က
သာယာမှုတွေ အတိပေးပြီး
ကကြိုးရုပ်လို ကခုန်နေဆဲ
ကြမ္မာ မုန်တိုင်း မာန်အပြည့်နဲ့
တိုက်ခတ်စေတော့ ဘယ်ညာတိမ်း
ရေပြင်စုန်လိုက် ကမ်းကမ်လိုက်
ရေကြောင်းပျောက် လှိုင်းပုတ်ခတ်ရာမျော.....။
ငါ့ဘဝက ဘာလဲ ... အခါခါမေးတွေဝေမိတိုင်း
အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လို ခွန်အားတွေမဲ့
ဟိုအပင် ဒီအပင် ဘယ်အပင်က လုံခြုံမလဲ
မရေရာပါဘူး ........... နားခိုရန်ခက်
ကြောက်စိတ်ကိုပယ် အားတင်းကာရယ်
ကောင်ကင်ယံမှာ တကိုယ်တော်
အတောင်တွေဖြန့်လို့ ပျံသန်းမည်........။
ငါ့ဘဝကို အဆုံးထိလျှောက်ဖို့
ခရောင်းလည်းဖြတ် ဖယောင်းလည်းနင်း
ဆူးတွေဝိုင်းလည်းဖောက်
ပန်းတွေကျဲလည်းကောက်
လွမ်းရင်ငို ပျော်ရင်ပြုံး
ကမ္ဘာလောက အလိုတော်ကျဖို့
မာန်အပြည့်နဲ့ လျှောက်လှမ်းရင်း လမ်းတဝက်တောင်ကျိုးခဲ့ပြီ....။
ရစ်မမ ( နေပြည်တော် )
Saturday, January 19, 2013
ဓာတ်ပုံကို ဖုန်းထဲကနေ ပြင်ဖို့  ပုံပေါ် စာရေးဖို့ Special Photo Effect
ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို ဖုန်းထဲကနေ ပြုပြင်မယ့် ဆော့ဝဲတစ်ခုပါ။ပုံပေါ်မှာ
စာရေးချင်တယ်ဆိုလည်း အရောင် စာလုံး ဒီဇိုင်းအများကြီးပါပါတယ်။ နမူနာ စမ်းပီး
လုပ်ထားတာရှိပေမယ့် မော်ဒယ်က ခွင့်မပြုလို့  ကျနော်စမ်းလုပ်တဲ့ပုံ မတင်တော့ဝူး
အသုံးလိုသူ စမ်းသပ်လိုသူ ဆွဲပါ ။ Private ဖြစ်နေလို့  မေးကပို့ ပေးလို့ မရပါဘူး....။
Play Store သုံးရတဲ့ သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်နော.................................။
ဓာတ်ပုံဘောင်လှလှလေးတွေလည်း သုံးလို့ ရပါတယ်။ Android အတွက်သာ....။
ဒီလင့်မှာ ယူပါ - https://play.google.com/Special Photo Effect
- 30+ Free space effects
- Various font and text color options
- Frames for your photos
- Save them to album gallery, Post photos to facebook,
 intsgram, gmail and many more photo sharing social networks
.
Friday, January 18, 2013
ကျနော်ရေးနေတဲ့ ဘလော့ Website ပုံစံမျိုး လုပ်ချင်သူအတွက် စာအုပ်
ဘလော့တစ်ခုပြုလုပ်ချင်  သူများအတွက်  စာအုပ်လေးတွေ  ပြန်တင်လိုက်ပါတယ်
ဘလော့ဝက်ဆိုဒ်  တစ်ခုပြုလုပ်ဖို့ အတွက် အချိန် 10 မိနစ်မကြာပါဘူး ။Gmail ရှိရင်
ဘလော့ဝက်ဆိုဒ်တွေ  အများကြီးလုပ်လို့ ရပါတယ် ။ ၀က်ဆိုဒ်လေးတစ်ခုလုပ်ထား
ကိုယ်တင်ချင်တဲ့  ကဗျာတွေ  စာတွေ  မှတ်စုတွေ  အပျော်တမ်း  လုပ်ချင်ရင်လည်း
အဆင်ပြေပါတယ် ။ ကျနော်လည်း  နည်းပညာဝါသနာပါလို့   အခုလိုဝက်ဆိုဒ်လေး
ပြုလုပ်ပီး  စာရေးနေတာပါ  ဒါကြောင့်လည်း  သိသင့်သလောက် ပညာရသွားတယ်
အသုံးဝင်သွားတယ်ဆို   ကိုယ်တိုင်လည်းပညာတိုးမယ်  သူများလည်း  ပညာရမယ်
အဲ့တော့  ရေးချင် လုပ်ချင်သူများက  ဒီစာအုပ်လေးဖတ်ပီး လုပ်ပါ  လွယ်ကူပါတယ်
လုပ်ပီးလို့ ကျနော့ပုံစံမျိုး   ဒီဇိုင်းလိုချင်လည်း   ထပ်တူရအောင် တင်ပေးထားတယ်
နည်းပညာ မရေးတတ်လည်း ကိုယ်ဝါသနာပါရာ  စာပေတွေ ကဗျာ မှတ်စု တစ်ခုခု
ရေးသိမ်းထားတော့  ကိုယ်ပိုင်   ဒိုင်ယာရီ ၀က်ဆိုဒ်လေး  တစ်ခု  အလွယ်တကူရပြီး
အလွယ်တကူ  ပြန်ဖတ်ဖို့  အဆင်ပြေတယ် ။ အဲ့တော့ လုပ်ကြည့်ကြပါ ။ စမ်းသပ်ပါ
ဘလော့ရေးချင်သူ သူငယ်ချင်းများအားလုံးကို ကြိုဆိုပါကြောင်း..........................။
ဒီလင့်မှာ Download ယူပါ - ဘလော့ဝက်ဆိုဒ်ပြုလုပ်နည်း ( ကိုညီလင်းဆက်)
ဒီလင့်မှာ Download ယူပါ - ဘလော့ဝက်ဆိုဒ်ပြုလုပ်နည်း ( ကိုစေတန်ဂေါ့) 
.
.
Friday, January 11, 2013
ယု
 ပြန်မတွေ့နိုင်တော့တဲ့နာမည်တစ်ခုမှာ
ဘဝကိုတင်ဆောင်ပေးလိုက်မိတာပဲ
ခင်ဗျားခံစားတတ်ရဲ့လားကဗျာဆရာ
အချစ်ဆိုတာမြညိုချစ်တဲ့ကိုရင်သြဗျ
ပြေးလှချေလားကိုရင်သြရယ်
သမုဒ္ဒရာတစ်ကြောမှာ အရုပ်ပမာမျောရ
အဲဒီလို ယုနဲ့ကျွန်တော်
ချစ်ကြ။
 အခုကျွန်တော်က
ခွေးတွေကိုဝမ်းချူပေးတဲ့အလုပ်လုပ်တယ်
နေပြည်တော်မှာ။
စားဝတ်နေရေးအခက်ခဲကတော့ဗျာ
သူလိုကိုယ်လိုပါပဲ
အများနည်းတူပါပဲ။
 အိပ်မက်တွေကတော့ ယုနဲ့ထပ်တူ
ဗိုလ်အောင်ဒင်ပြန်လာပြီပေါ့ဗျာ။
ဒါပဲ ကဗျာဆရာ
ကဗျာဆရာရေဒါပဲ
ဒီမိုကရေစီခေတ်မှာ
ကျွန်တော်လိုလူမျိုးလည်းလိုအပ်တယ်မဟုတ်လား။
ကြယ်တွေက
ကန်ရေပြင်မှာလှုပ်နေတုန်း။
အောင်မှူးဝေ  
ဒွိဟညနေစာ
 ငယ်ငယ်ကနေဒီနေ့အထိ
ရှည်လျားစွာကွဲကွာခဲ့ရသောမိတ်ဆွေများခင်ဗျာ
ကျွန်တော်တို့တွေ့ဆုံရခြင်းမှာ
မမြဲမှုတွေသာ တည်ခင်းဧည့်ခံနိုင်ခဲ့ကြောင်း
ငြိမ်နေပြီထင်တိုင်းလှုပ်လှုပ်လာတဲ့အခြေအနေတွေသာ
တို့ထိခံစားနိုင်စရာရှိကြောင်း
အဝေးပြေးအိပ်မက် အစီရင်ခံစာမှာ
တင်ပြခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်တို့အတွေးအခေါ်တွေက
ကျွန်တော်တို့ဘဝကိုပြဋ္ဌာန်းနေတာလား
စစ်မြေပြင်မှာ
ကိုယ့်ကျည်ဆံနဲ့ကိုယ်
ကိုယ့်ရင်ညွန့်ကိုပြန်ပစ်ဖို့လေ့ကျင့်နေသူလို
ကျွန်တော်တို့ရဲ့မပြီးဆုံးသေးတဲ
လိုအပ်မှုတွေကိုရှာဖွေနေကြတာများလား
မာလာလာလေးရော
နောက်တစ်ကြိမ်သေနတ်နဲ့အပစ်ခံရဦးမှာလား
အိုစမာဘင်လာဒင်
နေပြည်တော်မှာလူဝင်စားဖြစ်ဦးမှာလား
နောက်ထပ်သမ္မတသက်တမ်းကို
ဦးသိန်းစိန်ပဲဆက်ရဦးမှာလား
ဒေါ်အောင်ဆန်းစုကြည်ရော
ဘယ်နေရာကပါဝင်မှာပါလဲ
ခြေထောက်ကျိုးနေတဲ့ဆိုက္ကားသမားလေးရော
ဘယ်သူ့ခြေထောက်ငှားပြီးဆိုက္ကားဆက်နင်းမှာပါလဲ
နောက်ထပ်သမ္မတတစ်ယောက်ရဲ့သက်တမ်းမှာ
ကျွန်တော်တို့က ဘာတွေလဲ
သမ္မတကြီးပြောတဲ့ မိဘပြည်သူများထဲက
မိဘပြည်သူတစ်ယောက်ပဲဖြစ်မှာလား
ကျွန်တော်တို့
အဲဒီနေ့အထိ အသက်ရှင်နိုင်ပါ့မလား
ညနေစာတွေစားပြီးရင်
ခေါင်းဆက်စားကြပါစို့ခင်ဗျား။ ။
အောင်မှူးဝေ
ခေတ္တမြန်မာပြည်
အချစ်ဆုံး
နင်နဲ့  ငါ
ချည်နှောင်ထားတဲ့..သစ္စာကို...
နင်ဘာလို့ ဖြည်လိုက်တာလဲ...
နင်ပြောတော့....
ငါ့  ကို အချစ်ဆုံး...
အမြတ်နိုးဆုံး
အသက်ထက်ဆုံး....ဆို
ခုတော့..
ဘယ်လိုလဲ   အချစ်ဆုံး.....
နားလည်မှု့  တွေနဲ့   တည်ဆောက်ထားတဲ့  
ငါတို့ရဲ့   အချစ်တွေ  ဘယ်ရောက်ကုန်ပြီလဲ  ...
ငါ နားလည်ပေးခဲ့ သလို...
နင်ဘာလို့   နားလည်မပေးတာလဲ
နင့် ကို  ငါထက်
ဘယ်သူတွေ နားလည်ပေး မှာလဲ
ရင်ခွင်ခြားမှာ
နင်တကယ်ဘဲပျော်နေပြီလား
ခက်ခက်ခဲခဲနဲ့   ကျေုာ်ဖြတ်ခဲ့ရ တဲ့  ညတွေ
ဝမ်းနဲကြေကွဲ စွာနဲ့  ကျခဲ့ ရတဲ့  ..
ငါ့  မျက်ရည်တွေ  
နင်မသိခဲ့  ဘူးနော်
နင့်ရဲ့  ရှေ့  မှာ
ငါအမြဲတမ်း ပြုံးပြုံးလေးပါဘဲ
နင်နားလည်လာမဲ့ တစ်နေ့    
နင်ပြန်လာမဲ့ တစ်နေ့   
အမြဲ  .....
ငါကြိုလင့်  နေမှာပါ...
နင့်  ဆီကတစ်ခုလေးဘဲ  ..
ငါတောင်းဆိုချင်ပါတယ်...
please......
နင့်ရဲ့    ရင်ခွင်ထဲမှာ...
ငါ့   အတွက် နေရာ သေးသေးလေးတစ်ခု
ချန်ထားပေးပါ.............................................။     
တေးတေး    11.1.2013
Thursday, January 10, 2013
ရင်ထဲက ထာဝရချစ်သူ
ရင်ထဲက ထာဝရချစ်သူ...
အတ္တကင်းမဲ့စွာနဲ့ ချစ်တယ်...
အေးချမ်းမှု့....
နားလည်မှု့.....
အမှတ်ရမှု့   တွေနဲ့ပေါ့  ...
နာကျင်စရာလဲ မရှိဘူးနော်...
ရင်ထဲက ထာဝရချစ်သူ...
ငါ့ ရဲ့  တစ်ဖတ်သတ် အချစ်ကို...
ငါကျေနပ်စွာနဲ့ ...
ရှေ့  တိုးဖို့ လဲမလို...
နှောင့်  ဆုတ်ဖို့ လဲမလို...
ကြေကွဲစရာလဲ မရှိဘူးနော်...
တစ်ဖက်သတ် အချစ်...
တစ်ဖက်သတ် အကြင်နာ...
ငါနားလည်ထားတဲ့ အချစ်နဲ့ ...
ငါ နောင်တရစရာ မရှိဘူးနော်...
ရင်ထဲက ထာဝရ ချစ်သူ...
ငါ..အသက်သေဆုံးသွားသည့် တိုင်...
နင့် တစ်ယောက်ကိုသာ...
ငါ့ ရင်ထဲက ထာဝရချစ်သူ ဟု...
ဒါပေမဲ့  ...
                                                     နင်ဘယ်မှာလဲ......            
 တေးတေး
                                                      9-1-2012             
Friday, January 4, 2013
Acer Aspire ကွန်ပျုတာ 4752/4752G/4752Z/4752ZG အတွက် Drivers
သူငယ်ချင်းတစ်ယောက်ရဲ့ စက်အတွက် Driver ရှာရင်းနဲ့ေ ကာင်းတဲ့ဆိုဒ်တွေ့ လို့ 
ပြန်လည်မျှဝေလိုက်ပါတယ် တစ်နေရာထဲနဲ့ အစုံရပါတယ် တခြားစက်တွေအတွက်
လိုရင်လည်း အဲ့ဆိုဒ်မှာ ရှာလို့ ရပါတယ် လိုအပ်သူများ သွားရှာလိုက်ပါ မော်ဒယ်တူ
အမျိုးစားတူရင် အောက်က ဆော့ဝဲတွေကလည်း အလုပ်လုပ်ပါတယ်...................။
Driver အရမ်းစုံတဲ့ ဆိုဒ် ( 1 ) - http://www.laptopsoftware.com
Driver အရမ်းစုံတဲ့ ဆိုဒ် ( 2 ) - http://www.support.acer.com
Download    Chipset    Intel     Chipset Driver
Download    3G    Huawei     3G Module Driver
Download    AHCI    Intel     SATA AHCI Driver
Download    AMT    Intel     Intel iAMT Driver
Download    Audio    Realtek     Audio Driver
Download    Bluetooth    Atheros     Bluetooth Driver (4.0)
Download    Bluetooth    Atheros     Bluetooth Driver (3.0)
Download    Bluetooth    Broadcom     Bluetooth Driver (4.0)
Download    Bluetooth    Broadcom     Bluetooth Driver (3.0)
Download    CardReader    Broadcom     Card Reader
Download    Lan    Broadcom     LAN Driver
Download    Modem    liteon     Modem Driver
Download    TouchPad    ALPS     Touchpad Driver
Download    TouchPad    Synaptics     Touchpad Driver
Download    USB    Renesas     USB Driver
Download    VGA    Intel     VGA Driver
Download    VGA    NVIDIA     VGA Driver (Physx)
Download    VGA    NVIDIA     VGA Driver
Download    WiMax    Intel     WiMax Driver
Download    Wireless   LAN    Atheros     Wireless LAN Driver
Download    Wireless LAN    Broadcom     Wireless LAN Driver
Download    Wireless LAN    Intel     Wireless LAN Driver
Download    BIOS    Acer     Updates BT, Wifi, 3G will time.
Thursday, January 3, 2013
♥♥♥♪♪ကျွန်ုပ်သနားသော လူတစ်စုအကြောင်း♪♪♥♥♥
မိုး--ဘယ်ကရွာသလဲ-----?
ကညစ်နဲ့ခြစ်ချတိုင်း
စာရွက်ဖြူဖြူမှာပေပွနေတိုင်း
ဘောပင်နဲ့ ကောက်ကြောင်းရေးဆွဲတိုင်း
စာပိုဒ်တစ်ပိုဒ်ကို ကဗျာလို့ခေါ်တာလား။
ခွဲထွက်သွားတာလို့ ပြောချင်ရင်ပြော
ဒါမှမဟုတ်
နည်းပညာတစ်ခုလို့ ဆိုချင်ရင်ဆို
မိုးရေ ဘယ်က ကျသလဲဆိုတာမသိပဲနဲ့
ခေါင်းကြီးပိုင်းမှာ
မိုး---မိုးလို့အော်ခေါ်နေတာလောက်
အော့အန်ချင်စရာဘာမှ မရှိဘူး ။
ကဗျာတစ်လုံးမှ မရွတ်ဖူးပဲ
အကဲဖြတ်ကဗျာအယ်ဒီတာ လုပ်နေတာ
ခင်ဗျားတို့ကြားဖူးလား။
ခံစားချက်တွေအရည်ကျိုထားတဲ့
ရင်ခွင်တချို့ ကဖွင့်အံမှုတွေယူပြီး
မှင်ဖိုးမပြည့်တဲ့ပေးကမ်းမှုနဲ
ကျေနပ်နေတတ်တဲ့ကလောင်တချို့ကိုမြင်တိုင်း
ရင်ထဲမှာငိုနေမိတာတော့အမှန်ဘဲ
တံခါးထက်မှာချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်က
``အနာဂါတ်ကမ္ဘာ ၊ကဗျာနဲ့တန်ဆာဆင်မည်´´တဲ့
ကျီးအာသီးထဲက  ပိုးလောက်တွေလိုပဲ
အရောင်နဲ့ကွယ်ပြီး
အတွင်းသားကို လှိုက်စားနေကြတယ်။
ကြာရင်
ကဗျာတွေ သေဆုံးမှာစိုးရိမ်ရတယ်။   ။
AM:07:40:00
Sunday.2-6-2012
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီ--အမှတ်တရ)
Wednesday, January 2, 2013
Facebook ရဲ့ Comments နဲ့ Chatting မှာ ရုပ်ပြောင်လေးတွေ သုံးချင်ရင်
Smiley Name Shortcut
smile smile :-) :) :] =)
frown frown :-( :( :[ =(
gasp gasp :-O :O :-o :o
grin grin :-D :D =D
tongue tongue :-P :P :-p :p =P
wink wink ;-) ;)
curly lips curly lips :3
kiss kiss :-* :*
grumpy grumpy >:( >:-(
glasses glasses 8-) 8) B-) B)
sunglasses sunglasses 8-| 8| B-| B|
upset upset >:O >:-O >:o >:-o
confused confused o.O O.o
shark shark (^^^)
pacman pacman :v
squint squint -_-
angel angel O:) O:-)
devil devil 3:) 3:-)
unsure unsure :/ :-/ :\ :-\
cry cry :'(
Chris Putnam Chris Putnam :putnam:
robot robot :|]
heart heart <3
kiki kiki ^_^
42 42 :42:
penguin penguin <(“)
poop smiley poop :poop:
more smileys get more smileys…
Ref: Link - http://www.fbsmileys.com/
ရုပ်ပြောင် သုံးချင်ရင်  အထက်ကထဲက ကြိုက်တာ  ကူးထည့်ပြီး Comments ပါ
ချက်တင်မှာတော့ ပါနေပြီးသားပါ ။နောက်ဆို ကုဒ်တွေအလွတ်ရလာပါလိမ့်မယ်
.
မခမ်းနားတဲ့ငိုချင်း
မာယာနဲ့ရောပြွန်းထားတဲ့လမ်းမပေါ်မှာ
ဆည်းလည်းသံလေးတွေအတွက်
မာနကိုခ၀ါချပြီး
လောကဓံကိုသူထမ်းပိုးခဲ့တယ်။
အဆိပ်သင့်ညတိုင်းမှာ
ပင်ပန်းခြင်းတွေ ပြေရာပြေကြောင်း
အငွေ့ဖန်ဆင်းထားတဲ့ မာရ်နတ်တွေမျိုချခဲ့တာ
ဒါကို
ငေါက်ငေါက်စင်းနေတဲ့ လက်ညှိုးတွေက
သူ့ရင်ဘတ်ကို တည့်တည့်
ဟန်ဆောင်ခြင်းကင်းတဲ့ ရက်စက်မှုတွေနဲ့
ကွပ်လပ်ထဲကို ဖြည့်တင်းခဲ့တာ
ပစ်ပယ်မှုတွေနဲ့ မုန်းတီးခြင်းတွေပေါ့။
အသမာတက်နေတဲ့ ပခုံးတစ်ဖက်ကို စမ်းသပ်မိတိုင်း
တစ်ဆစ်ဆစ်နာကျင်နေတဲ့ နှလုံးသားက ခွင့်လွှတ်ပေမယ့်
အလှည့်ကျလာမယ့် ကံတရားကိုရင်ဆိုင်ဖို့
သူ့တို့လေးတွေ ပြင်ဆင်ပြီးကြပြီလား။
မီးတောက်တွေ မျိုချတိုင်း
ဒီအကြောင်းတွေ စဉ်းစားခဲ့တာ
ကွယ်ဝှက်ထားတဲ့ မျက်ရည်ထုထည်တောင်
အရည်ပျော်လုလုဖြစ်နေပြီ။ ။။။
မိသားစုအတွက် အစွမ်းကုန်းကြိုးစားခဲ့တာတောင် 
ဘာမှမဟုတ်တဲ့ အရက်တစ်စက်နဲ့ ၀ိုင်းပယ်ခံရတဲ့ 
ဖခင်တစ်ယောက်၏ ခံစားချက်။
မိန်နွေ==1/12/11
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here