ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ
နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ
Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်
သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ
ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်
ကွန်ပျုတာသုံးရတာ နှေးနေတယ်ဆိုရင် ဒီဆော့ဝဲလေးနဲ့ ပြင်ကြည့်လိုက်ပါ
ဒီဆော့ဝဲကတော့ အတော်များများ သုံးနေကြပီးသားပါ အခုဟာလေးက ကီးမလိုပဲ
အပြည့်အ၀ သုံးလို့ ရတာမို့  ပြန်တင်ပေးလိုက်ပါ Registered Version မလို့  Free
မဟုတ်တော့ပဲ Advanced Setting ကို ၀င်သုံးလို့ ရပါလိမ့်မယ် ။ စက်ကို သန့် ရှင်းဖို့ 
Registery ကို ရှင်းဖို့  အဆင်ပြေတယ် စက် လေးသူများ ယူသုံးကြည့်လိုက်ပါ.......။
ဒီလင့်မှာ Download ယူပါ - CC cleaner Pro full version
ချစ်မြတ်နိုးမှု့
မတူညီတဲ့ ဘဝ
မတူညီတဲ့  အယူအဆ
မတူညီတဲ့  အတွေး အခေါ်
မတူညီခြင်းများစွာနဲ့
နင်နဲ့ငါ့ကို ဆုံတွေ့စေခဲ့တဲ့ ကံကြမ္မာ
ချစ်နေခွင့်ကိုသာ
တမ်းတနေမိတဲ့ ငါ
ပေးဆပ်မှု့
နားလည်မှု့ ကိုသာ
ခုံမင်နေခဲ့တဲ့  ငါ
တခါလေးထဲသာ ချစ်ခဲ့ဖူးလို့
ဒီအချစ်နဲ့ပါတ်သက်လို့
နင်မြင်ခြင်တဲ့ဘက်ကမြင်နိုင်ပါတယ်
တောအရိုင်းပန်းလေးတွေလိုပါဘဲ
အတ္တမရှိဘူး မာနမရှိဘူး
သဘာဝတရားကြီးကပေးတဲ့ဖြူစင်မှု့
သန့်ရှင်းမှု့တွေဘဲရှိတယ်
တောပန်းလေးနဲ့တူတဲ့ငါ့အချစ်ကို
နင်တန်ဖိုးမထားချင်လဲရပါတယ်
နင့်ကို
ငါ့ဘဝ
ငါ့အသက်ထက်
ငါချစ်မြတ်နိုးခဲ့ပါတယ်
ဒီလိုချစ်မြတ်နိုးမှု့ကြောင့်
တချိန်ချိန်လေးမှာ
နင့်ရင်ထဲမှာ
တောပန်းငယ်လေးအတွက်
နေရာရှိနေခဲ့မယ် ဆိုတာ
                       တေးတေး   26-2-2013(11:30 pm)
“ငွေ”ဟုခေါ်တွင်နေသော
ငွေမက်တာ မဟုတ်ပေမယ့်
လိုအပ်နေတာ အမှန်ပါ
ငွေလမ်းခင်း လျှောက်ရတဲ့ ဒီလောကမှာ -
အဖေ့ကျန်းမာရေး အမေ့ဆေးဖိုးနဲ့
စားဝတ်နေရေး လူမှုရေးအတွက်
ငွေက ဒုတိယ ဘုရားသခင်ပါ...။
ဂုဏ်မက်တာ မဟုတ်ပါဘူး
လောကအလယ် ဝင်ဆံ့စေဖို့
ပညာသင်ရွယ် လူမမယ်
မောင်အငယ့်ရှေ့ရေး တွေးဆမှန်းမျှော်
ကူညီပံ့ပိုး အားထားရန်လည်း
ငွေက ဒုတိယ ဘုရားသခင်ပါ...။
ကြမ်းတမ်းတဲ့ဘဝလို့ မဆိုသာပေမယ့်
ခက်ခဲစွာရုန်းကန်ရတဲ့ အခြေနေမှာ
ကိုယ်ကျိုးမငဲ့ မိသားစု အရေးရှေ့ထား
ဒုက္ခတွေကို ရင်ဆိုင်
“နောက်လှည့်ကြည့် ဖနောင့်ပဲရှိ” ဆိုကာ
စိတ်ဓါတ်ခိုင်မာ ကြိုးစားငွေရှာ
ငါ့ပညာရေးချောမွေ့စေဖို့
ထောက်ပံ့ခဲ့တဲ့ စေတနာ 
မေတ္တာထုထည် ကြီးမားကြတဲ့
မမကြီးနဲ့ မမလေးကို 
ပြန်လည်ပြုစု ကြွေးမြီဆပ်လည်း
ဒုတိယဘုရားသခင်က ငွေပါပဲ...။
အရာခပ်သိမ်း ပြေလည်စေဖို့
နှလုံးသားကို ဘေးဖယ်
အကြင်နာတွေ နောက်ဆုတ်
အလွမ်းဇာတ်တွေ တခန်းရပ်ကာ
အသည်းဗလာနဲ့ စက်ရုပ်ပမာ
လောကတခွင်မှာ ငါဖွေရှာ
သြော်... ငွေ... ငွေ ....
“ငွေ” ဟုခေါ်တွင်နေသော...........။
ရစ်မမ (နေပြည်တော်)
.
VZO ထက် ရုပ်သံပိုကြည်လင်ပြီး မိုဘိုင်းဖုန်းတွေ ခေါ်လို့ ရတဲ့ Skype
အရင်က မြန်မာတွေ အသုံးနဲပါတယ် အခုနောက်ပိုင်း ရုပ်ရော အသံရော ကောင်းတဲ့
ဒီလိုင်းကို အသုံးပြုမှု သိသိသာသာ  ပိုလာကြပါတယ်။ သုံးတဲ့သူတိုင်းလည်း ကျေနပ်
လက်ခံ လာပါတယ် ရုပ်သံလိုင်း ကြည်လင်ပြတ်သားမှုကြောင့် အသုံးပြုမှု များလာတဲ့
Skype အကြောင်းကိုသမိုင်းကြောင်းကစလို့  အကောင့်ပြုလုပ်နည်း ခေါ်ဆိုနည်းတွေ
ပြုလုပ်ပုံအဆင်အဆင့် အသေအချာရှင်းပြထားတာမို့  ဖတ်သင့်တဲ့ စာအုပ်ကောင်းပါ
Skype ဟာ VZO လိုအကောင့်ရှိသူတိုင်း Video chatting နဲ့ ချက်တင်လုပ်တာတွေ
တူပါတယ် ပိုကောင်းတာက Skype အကောင့်ကနေ နိုင်ငံတကာဖုန်းတွေကို ဆက်ဖို့ 
နည်းစနစ်ပါလာပါတယ် ဒါပေမယ့် လိုင်းက ၀ယ်ရပါတယ်။ အကောင့်ထဲ ပိုက်ဆံထဲ့ဖို့ 
ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေလည်းရှိနေပြီမို့  မြန်မာပြည်ကလူတွေ ဆိုင်ကနေပြည်ပ
ဖုန်းတွေဆက်ဖို့  အဆင်ပြေကြပါလိမ့်မယ် ။ ဒီစာအုပ်က  ပြည့်စုံတဲ့ စာအုပ်လေးမလို
အခြေခံပညာသင်တွေအတွက် ပညာရ ဗဟုသုတတိုးမှာမို့  မျှဝေလိုက်ပါတယ်......။
ဒီလင့်မှာ Download ယူပါ = www.mediafire.com/Skype အသုံးပြုနည်း
မြိုသိပ်ခြင်း (သို့ ) ကလေးရေ.....(နန်း)သို့ ..............
မရေရာတဲ့    သံသရာခရီးမှာ
ကံကြမ္မာကြီးကို ကံစီမံရာဆိုပီးသာ
တိုးတိုးလေးငြီးတွားလိုက်ချင်တော့တယ်
ကလေးရယ်.......
မသေချာတဲ့ဒီကမ္ဘာမှာ  မရေရာတာတွေများနေတော့
သေရာပါမဲ့ ဒဏ်ရာကိုတော့  မလိုချင်ပါ
ကဘေ ကမ္ဘာက   သယ်လာခဲ့တဲ့
ဝေဒနာပြေစရာ  စကားလေးတစ်ခွန်းကို
အလှမ်းဝေးကနေပဲ ပြောလိုက်ချင်တယ်
အရမ်း “ ချစ်တယ်” ကလေးရယ်.....
လို့ ...ပြောချင်ပေမဲ့
ဘောင်စည်းတွေခြားနေလေတော့
ညောင်သီးလေး သာယူပီးဥပမာပြလိုက်ချင်တော့တယ်
ညောင်စေ့လေးသေးငယ်တယ် အပင်အားကတော့ကြီးကျယ်သလို
အမှတ်မထင်ဝင်လာတဲ့ သံယောဇဉ်တစ်မျှင်ဟာလည်း
ညောင်ပင်ဥပမာထက်  အဆများစွာသာနိုင်ပါတယ်
ကလေးရယ်.................
“ချစ်တယ်” ဆိုတဲ့စကားဟာ အမြစ်တွယ်သွားတတ်တဲ့
“ကင်ဆာ”ရောဂါလို  ပိုပိုသာဆိုလာတတ်ပါတယ်
ကလေးရယ်........ ဒါကြောင့်မို့ 
သွားနာတတ်သူ       အချိုရှောင်သလို
ငါ့စကားတွေကို   မကြားချင်ရောင်သာဆောင်နေပါတော့ေ
(၅၆) ၅နဲ့ ၆ ဇောက်ထိုးလွဲ နေတဲ့   ကံတရားနဲ့ 
ဥါဏ်များလှတဲ့  ဒီလောကကြီးထဲမှာ
(69) 6နဲ့ 9လိုလွဲနေမဲ့အစား  ငါပဲရင်မှာအပီးသိမ်းထားပါတော့မယ်
ကလေးရယ်.....
ဖြစ်ချင်တာမဖြစ်ရတဲ့ ဘ၀မှာ
ပြောချင်တဲ့စကားကို  ရင်မှာသိမ်းလို့ 
ဖြစ်သင့်တာကိုရင်မှာတွေး  အေးဆေးလေးပဲနေလိုက်တော့မယ်
ဒီတိုင်းလေးပဲကောင်ပါတယ် ကလေးရယ်.....
မြိုသိပ်ထားသမျှတွေ ယိုဖိတ်ကျလာတဲ့တစ်နေ့ 
သိုသိပ်ထားလို့ မရတော့ဘူး    ဆိုရင်တော့
ခွင့်ပြုပေးပါ ကလေးရယ်......
ပင်လယ်တွေခြားပီး
တာင်တွေကာဆီး
ဟိုးအဝေးကြီးကနေပဲ
လွမ်းနေတော့မယ်
ကလေးရယ်....... (နန်း)၇ယ်...
သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com
ဓာတ်ပုံဒီဇိုင်းပြုပြင်တာ ၀ါသနာပါသူတွေအတွက် အလွယ်လေးနဲ့ ဒီဇိုင်းလှဖို့ 
ဓာတ်ပုံပြင်တာ ၀ါသနာပါသူတွေအတွက် အသုံးဝင်တဲ့ နည်းလမ်းလေး တစ်ခုတွေ့ ပီ
အသုံးပြုရတာလည်း လွယ်ကူတယ် ။ ဒီဇိုင်းတွေလည်း လှအောင်ပြင်ဖို့ အဆင်ပြေ၏
ခဲချစ်ပန်းချီပုံစံမျိုးကို  ကလစ်တစ်ချက် နှိပ်တာနဲ့  ပန်းချီကားပုံစံ ပြောင်းပေးပါတယ်
ရှေးဟောင်း ဓာတ်ပုံပုံစံမျိုး လိုချင်ရင်လည်း အဆင်ပြေတယ် ။ ပန်းချီပုံစံ ပြောင်းချင်
ဆွဲချင်သူများအတွက်လည်း  ဆီးဆေးပန်းချီ ရေဆေးပန်းချီ အစုံ ပြောင်းလို့ ရတယ်
ပန်းဘောင်တွေလည်း လှတယ် အရုပ်လေးတွေလဲ အလှဆင်လို့ ရတယ် သုံးချင်ရင်
အောက်ကလင့်မှာ သွားပြီးပြင်ပါ ဖလမ်းဖလမ်း ဒီဇိုင်းတွေ ရလာလိမ့်မယ်..........။
ဒီလင့်ကို သွားလိုက်ပါ - http://www.befunky.com
ကိုယ်ပိုင်ချစ်ခွင့်
ချစ်သူ...
ပါးပါးလေးလို့ ထင်ထားခဲ့မိတယ်...
ခုတော့..
တဖြည်းဖြည်းနဲ့ ထူထဲလာပြီး...
နာကျင်နေရမဲ့အစား...
နင့်ကို ပိုလွမ်းနေမိတယ်...
မေ့ပစ်ဖို့ စဉ်းစားမိတိုင်း ...
နင့်ကိုပိုပြီး အမှတ်ရနေမိတယ်...
မုန်းပစ်ဖို့ ကြိုးစားလိုက်တိုင်း.......
နင့်ကို တိုးပြီး ချစ်လာမိတယ်..
ချစ်ခဲ့တာဟာ...
မုန်းမေ့ဖို့မဟုတ်ဘူး....
နာကျင်ခံစား နေရဖို့လဲ မဟုတ်ဘူးနော်..
နားလည်မှု့ ပေးဆပ်မှု့တွေနဲ့....
နင့်ကိုချစ်ခဲ့တာပါ  ချစ်သူ...
ပိုင်ဆိုင်ခွင့် လဲ ငါမလိုချင်ဘူး...
အနိုင် အရှုံး....
တိုင်းတာမှု့  ခိုင်းနိုင်းမှု့တွေနဲ့..
ငါ့ရဲ့အချစ်ကို တန်ဖိုး မဖြတ်ပါနဲ့..
တုံ့ပြန်မှု့ မရှိဘူးဆိုတာ...
ငါ အစကတည်းက သိနားလည်ထားပါတယ်...
နင့်ကိုချစ်ခဲ့မိလို့လဲ ...
ငါနောင်တရနေမှာ မဟုတ်ဘူး...
ငါ့ရဲ့မိုက်မဲမှု့တွေဘဲလို့..
နင်ထင်မှတ်နိုင်ပါတယ်...
စစ်မှန်တဲ့ ငါ့ရဲ့အချစ်...
ငါ့ရဲ့ ကိုယ်ပိုင်ချစ်နေခွင့် နဲ့...
နင့်ကို အသက်ထက်ဆုံး ...
ငါချစ်သွားမှာ  ချစ်သူ.....
တေးတေး  12.2.2013
Android ဖုန်းထဲမှာ ပစ်ခတ်တိုက်ခတ် ကစားလို့ ကောင်းတဲ့ World War II
ဆော့လို့ အရမ်းအဆင်ပြေပါတယ် ကစားတာက လေယာဉ်ကို လက်နဲ့ နေရာပြောင်း
ရန်သူဘက်က လေယာဉ်ကို တိုက်ခိုက်ရပါတယ် ။ ဒုတိယ ကမ္ဘာစစ် တိုက်လေယာဉ်
တွေပါ ။ ဟိုးအရင်က Nokia N96 မှာ ဖလမ်းဖလမ်းထတဲ့ Sky Force နဲ့ တူနေတယ်
ပစ်ရတယ် ကျဉ်ဆံတွေ ဗုံးတွေယူရတယ် ။ပစ်ပုံကလည်း လွယ်နေတော့ ပျင်းနေရင်
ဒီဟာလေး ယူပြီး ဆော့ကြည့် ။ Medifire က တင်ထားပါတယ် ။ Market မှာ မမြင်...။
 ဒီမှာ Download ယူ- Word War II ( ဒုတိယ ကမ္ဘာစစ် တိုက်လေယာဉ် ဂိမ်း )
.
Virus အမျိုးစားအများကြီးထဲမှာမှ ဒီ Trojan Virus အကြောင်းကို သိပီးပီလား
Trojan ဆိုတာ ငယ်ငယ်က သမိုင်းထဲမှာ သင်ရတဲ့  မြင်းရုပ်ကြီးကို  ရည်ရွယ်ပြီးတော့
ပေါ်လာတယ်လို့  ဆိုတယ် ။ ဘာလို့ လည်းဆိုတော့  ထိုးဖောက်ဝင်ရောက်ဖို့ ခက်တဲ့
ထရိုဂျန်မြို့ ကို မြင်းရုပ်ကြီးတစ်ရုပ်ဆောက် အထဲမှာ  စစ်သည်တော်တွေကို ထည့်ပြီး
ခိုးဝင်တဲ့နည်းပါပဲ ။ တစ်ဖက်လှည့်နဲ့ လုပ်တာကို ဆိုလိုပါတယ် အဲ့ကြောင့် ဒီ Virusက
ကိုယ့်ကွန်ပျုတာထဲဝင်လာပီဆို စက်အတွင်းပိုင်းကို မွှေပါလိမ့်မယ် Trojan ဆိုတာက
Virus လိုမျိုး ကိုယ်တိုင် Replicate မလုပ်ပါဘူး ။ဘယ်နေရာတွေကနေ စက်ထဲဝင်လဲ
ဘဲလား ကြက်လား Yes လား No လား ဆိုတာတွေ ကိုယ့်က ဘုမသိဘမသိ နှိပ်မိရင်
မြင်းရုပ်ဥပမာထားပီး အတွင်းကရန်သူတွေ လိုက်လာတာမျိုး  ခံရရင် ကိုယ့်စက်ဟာ
လိုရာ သုံးမရပဲ နောက်ကွယ်ကနေ ထိမ်းချုပ်ခံလိုက်ရပါတယ် ။ ဒါဟာ ကိုယ်တိုင်က
မှားယွင်းစွာ လက်ခံအင်စတောလုပ်ထားမိလို့ ဖြစ်လာတာ ။  ဒီလိုဖြစ်သွားတဲ့စက်နဲ့ 
Trojan ရှိတဲ့ကွန်ပျုတာဟာ Denial Of Services (Dos ) Attacks ဖြစ်ပီး စက်ထဲက
Computer Resource တွေကို  Trojan Virus ထွင်တဲ့သူက ၀င်ရောက်ထိန်းချုပ်လာ
လိမ့်မယ် ။ Trojan က Application မလို့ ဘာမသိညာမသိ အင်စတောလုပ်တဲ့အခါမှာ
သေချာဂရုစိုက်ရပါမယ် မေးတွေဝင်တဲ့အခါ မသိတဲ့မေးတွေ Attach ဖိုင်တွေ အရမ်း
မဖွင့်မိဖို့ လိုပါတယ် အင်တာနက်သုံးတဲ့အခါမှာလည်း Download လင့်တွေကို အရမ်း
မျက်စေ့မှိတ်မနှိပ်မိပါစေနဲ့  အထူးသဖြင့် Spy လင့်တွေတက်တက်လာရင် ဂရုစိုက်ပါ
ကိုယ့်စက်ထဲမှာ Antivirus ဆော့ဝဲတစ်ခုခုရှိရင်လည်း အလွယ်ဝင်ဖို့ မလွယ်တော့ဘူး
ဒါပေမယ့် Latest Version ဖြစ်ပီး Up to Date ဖြစ်ရမယ် သို့ သော်လည်း နောက်ဆုံး
ပေါ် Virus တွေကို မတားပါဘူး ။Virus ပေါ်လာမှ ထိခိုက်လာပီဆိုမှ ပညာရှင်တွေဟာ
ကာကွယ်တားဆီးဖို့  Update လုပ်ပေးပါလိမ့်မယ် ဘယ်လိုဖြစ်ဖြစ် သတိထားနေရင်
သာမာန်သုံးသူထက် ကူးစက်ခံရမှု သက်သာပါလိမ့်မယ်။Crack ဖိုင်နဲ့  Keygen ဟာ
Trojan လို့ သတ်မှတ်ခံရတဲ့အတွက် Antivirusက တားလိမ့်မယ် ။ ဆော့ဝဲတွေထဲမှာ
အဲ့တာတွေပါတဲ့အခါ Virus ဆော့ဝဲ ခဏပိတ်ထားဖို့  ပြောတာ သတ်ပစ်မှာ စိုးလို့ ပါ
အခုတင်ပေတဲ့ဆော့ဝဲက မိမိစက်ထဲမှာ Trojan Virus ရှိမရှိကို သီးသန့် စစ်ပေးမယ့်
ဆော့ဝဲကောင်းတစ်ခုပါ ။ ဒီ Virus ဟာ ကြောက်စရာကောင်းတဲ့ အမျိုးစားတစ်ခုမလို့ 
ပညာရှင်တွေက သီးသန့်  Remover တွေ ထွင်လာကြတာပါ ကိုယ်စက်ထဲမှာ ရှိမရှိနဲ့ 
တွေ့ ကရာလင့်  လျှောက် Download ယူတတ်သူတွေအတွက် ဒီဆော့ဝဲလေးနဲ့ သာ
ကာကွယ်ထားမယ်ဆို အတော်လေး လုံခြုံ စိတ်ချမှုပေးနိုင်ပါလိမ့်မယ် ။စက်ထဲရှိမရှိ
စစ်ချင်သူများ ရှိခဲ့ရင်လည်း ဒီဆော့ဝဲလေးက ဖျက်ထုတ်လိမ့်မယ် ။ဝင်မလာအောင်
သေချာတားဆီးပေးပါလိမ့်မယ် ။ လိုအပ်သူများ စက်ထဲမှာ  ထည့်ထားလိုက်ကြပါ.။
ဒီလင့်မှာယူပါ - http://www.ziddu.com/TrojanRemoverwithkeY
မူရင်းလင့် - http://cyagroup.blogspot.com
Ref Link = http://en.wikipedia.org/wiki/Trojan .
.
အလင်းပေးသူ
အနှိုင်းမဲ့ မေတ္တာနဲ့ အရာရာကို စွန့်လွတ်ပြီး ...
ကျမကိုရွေးချယ်ခဲ့သူ..
အနစ်နာခံသူ  ပေးဆပ်သူ..
ဒေါသမရှိဘူး...
အမြဲတမ်းအေးချမ်းစွာနေတတ်သူ..
သနားကြင်နာတတ်သူ...
ဘာသာတရားကိုင်းရှိုင်းသူ...
ဘ၀ရဲ့ လောကဓံကို ကြံ့ကြံ့ခံကာ..
အရှံးမပေး ပြုံးပြုံးနဲ့ လျှောက်လှမ်း အနိုင်ယူခဲ့သူ..
အဆိုးတွေကို အကောင်းနဲ့ တုံ့ ပြန်စေခဲ့သူ...
ကျမဘ၀ရဲ့အလင်းပေးသူဟာ  အမေ ဘဲနော်...
အမေ ..သွန်သင် ဆုံးမ လေ့ကျင့်ပေးထားတဲ့ အရာတွေနဲ့..
ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေပါပြီ.
အစကတော့ ခက်ခဲတာပေါ့...
တဖြည်းဖြည်းနဲ့ နေတတ်လာပြီ.
ဝမ်းနဲ အားငယ်ခြင်းလဲ မရှိတော့ပါဘူး..
အကောင်းမြင်တတ်အောင်...
သက်တမ်းရှိသလောက် နေရတဲ့အခိုက်မယ်..
အကောင်းဆုံးနေထိုင်မှုဖြစ်အောင်
ကျမကြိုးစားမယ်...
အမေ့ အတွက် ကျေနပ်မှု့ အတိမဖြစ်ခဲ့ပေမဲ့...
စိတ်ပျက်ခြင်းမဖြစ်စေရပါဘူးနော်...
အရာရာအားလုံး အတွက်...
ကျေးဇူးတင်ပါတယ်..
အမေ ဟာ ကျမရဲ့ အလင်းရောင်..
ကျမ ရဲ့ ဘုရင်မ...
ကျမရဲ့ ကမ္ဘာကြီး ပါ....
ကျမ ဥာဏ်မှီ သလောက်.ဒီစာစုလေးနဲ့...
ဂါရ၀ပြု ပါတယ်   အမေ....
 တေးတေး      8.1.2013
တံတိုင်း
အချစ်ဦး လို့သိရချိန်ဝယ်...
အရမ်းပျော်ရွင်မိတယ်..
နင့်ကိုသိတ်ချစ်မိလို့လေ..
အချစ်ကိုစတင်တွေ့ရှိချိန်မှာ...
အချစ်ဦးဆိုတဲ့ နင်နဲ့တွေ့ဆုံခဲ့ရခြင်းဟာ..
ငါ့အတွက်ဆုလာဒ်တစ်ခုပေါ့...
ထာဝရ အချစ်ဆုံး....အချစ်ဦး...
ငါတို့ရဲ့ တွေ့ဆုံခြင်းဟာ...
ချောမွေ့ခြင်းကင်းမဲ့တယ်နော်..
နင့်ရဲ့ညိုညင်မှု့အားလုံးကို..
ငါ ပြံးပြုံးလေးနဲ့  ရင်ဆိုင်ခဲ့တယ်..
နင့်ကိုအရမ်းချစ်လို့နော်....
ဝေးကွာမှု့ခဏလေးမှ မရှိစေချင်ဘူး...
တစ်စက္ကန့်လေးမှ မမေ့ချင်ဘူး..
မိုးကောင်းကင်ကြီးကိုမော့ကြည့်ပြီး...
ငါတိုးတိုးလေး  အကြီမ်ကြီမ်ဆုတောင်းနေမိတယ်....
တစ်နေ့နေ့  တစ်ချိန်ချိန်မှာ....
နင့်မျက်နှာလေးကို  ကြည့်ပြီး....
ငါ နင့်ကိုအရမ်းချစ်တယ်လို့   ..
ပြောခွင့်ရချင်တယ်....
ဒါပေမဲ့...
ဘယ်သောအခါမှ....
ပြောခွင့်...ဆုံစည်းနိုင်ခွင့်  ရှိမှာမဟုတ်ဘူး....
နင်နဲ့ ငါ့ကို...
တံတိုင်းကြီးနဲ့ ခြားထားတယ်...
ဘ၀ရဲ့ သင်ခန်းစာ...မေ့ထားလို့မရတဲ့အရာတွေ...
နင့်ရဲ့ဘ၀ထဲကို ငါမလာနိင်ဘူး..
ငါ့ဘ၀ထဲကိုလဲ  မခေါ်ရက်ဘူး....
ကျေကွဲစွာနဲ့......ရင်ထဲမှာ...
ထာဝရ သိမ်းထားတော့မယ်....
နင် ဟာ ငါ့ရဲ့ အချစ်ဦး  ဆိုတာ....
တွေ့ဆုံခြင်းနဲ့ ဝေးကွာခြင်းဟာ...
ငါ့အတွက် တစ်ထပ်ထဲပါဘဲ...
ဘယ်အရာတွေကို အပြစ်တင်ရမှာလဲ...
ကံကြမ္မာလား....
အရင်ဘ၀ကဆုတောင်းတွေလား....
ဆုံစည်းခွင့် မရှိပေမဲ့....
အမှတ်ရခွင့်   နှတ်ဆက်ခွင့်..ရှိပါတယ်လေ...
ပျော်ရွင်ဖွယ် ဘ၀များ ပိုင်ဆိုင်နိုင်ပါစေ....အချစ်ဦး...
                                                             တေးတေး    8.1.2013
Computer ထဲက ဖိုင်တွေကိုသူများမကြည့်၊ကူးလိုဖျက်လို့ မရအောင်လုပ်နည်း
ဒီနည်းကတော့ ဖိုင်တွေကို  သူများမကြည့် ၊ကော်ပီကူးမရအောင် ၊ ဖျက်မရအောင်
လုပ်တဲ့ဆော့ဝဲပါ အပြည့်အ၀ သုံးလို့ ရတာမလို့  အလကားနဲ့ နှိုင်းစာလိုက်ရင် ဒါက
ပိုပြီးကောင်းတယ် ။လုပ်နည်းကလည်း အများကြီးရှိတာ ဆော့ဝဲမပါလည်း လုပ်လို့ 
ရတယ် ဒါပေမယ့် ဆော့ဝဲနဲ့ ချထားတဲ့ ဖိုင်တွေကိုတော့ ဖြတ်ကျော်ဖို့ အတော်လေး
ခက်ခဲပါတယ် မရဘူးလို့ တော့ မဆိုလိုဘူး နည်းပညာက တိုးတက်နေတော့လည်း
ပိတ်ထားလည်း ချောင်ဖွင့်လို့ ရတယ် သော့ဖတ်ထားလည်း သောဖျက်လို့ ရတယ်
ဒါပေမယ့် အတော်လေး လုံခြုံပါတယ် ဒါက Version -5 အဟောင်းလေးပါ ။
ကီးပါတယ်နော် အင်စတောလုပ်ပီးရင် Login ကို နှိပ်ပီး ကီးဖြည့်လိုက်ပါ။
ဒီလင့်မှာ Download ယူ -ဖိုင်တွေ သော့ခတ်ပီး ကူးမရ ဖျက်မရ လုပ်တဲ့ဆော့ဝဲ
.
သာယာစိုပြေ Popa မြေ နဲ့  ဒို့ သူငယ်ချင်းတွေ
Credit:google search
စိမ်းစိုမှိုင်းပြရှု တိုင်းမ၀     သဘာဝအလှနဲ့ 
ကြည်လင်အေးချမ်း       ရေစိမ့်စမ်းနဲ့ 
ရွှေဝါရောင်ဆန်း   စကားဝါပန်းတွေရယ်......
သစ်သီးသစ်ဥ၊သစ်ဖုစုံလင်  ဒို့ နယ်တစ်ခွင်ဝယ်
ထန်းလျှက်ပင်ခေါ်    ထန်းပင်သော်မှမကျန်
ဝမ်းမှန်အေးစေဖို့   သင်္ဘောသီးအချို လဲ
အာဗြဲတို့ ခြံထဲမှာစိုက်ထားလေရဲ့...........
အပြောကြီးတယ်မထင်နဲ့   ငှက်ပျောသီးပင်တွေလဲ ၅ဧက
ချိုမြတဲ့ပင်ကျရည်    ငါမသောက်ပေမဲ့
သူငယ်ချင်းတို့ တွက်ရှိတယ်  အဘရဲ့ဆယ်ထဲမှာငါးဖမ်းချင်သေးလား
အလကားFree နော်    ဇီးတော်သီးလည်းစားလို့ ရမယ်
အရီးတော်ကြီးအော်ရင်တော့ပြေးကြပေါ့။
နာရီပြန်၂ချက်တီးတော့     သရက်သီးလေးတွေစားကြတာပေါ့
ဝမ်းသွားရင်တော့     ငါ့အဆိုးမဆိုနဲ့ နော်
မိုးတွေညိုလာရင်တော့ ရွာတတ်တယ်
ကန်ပတ်လည်မှာခဏနား     ငါ့အဖွားကကြက်သားချက်ထားလိမ့် မယ်
ညစာအတွက်ပေါ့။
လရောင်ထွက်တော့တစ်ရေးနိုး   အိပ်ရေးဆိုးတဲ့ မင်းတို့ တွေ
ဘယ်လိုနေမယ်ငါမသိ  မကြည့်ရဲတာတော့သေချာ၏
တခိခိနဲ့ ရယ်မိသေးတယ်.......
မနက်အတွက်  ကောက်ညှင်းချက်ကို
အမေအဆင်သင့်    လုပ်ထားနှင့်လေရဲ့ 
ညှော်တယ်လို့ တော့ မပြောလိုက်နဲ့ နော်
ဘူးသီးကြော်နေလို့ ဖြစ်မယ်.......
မင်းတို့ အပြန်ခရီး တည့်တည့်မှာ
အပျိုကြီးလှဲ့ လှဲ့ က မန်ကြီးသီးမှည့်
ပေးဖို့ စောင်နေလိမ့် မယ်.....
အဖေကလဲနှုတ်ဆက်လိုက်တယ်
နောက်လဲလာခဲ့ဦးပေါ့ကွယ်တဲ့....
အပြန်ခရီးမှာ       မှန်လုံးကြီးနဲ့ လစ်ပေတော့
ချစ်ပေမဲ့ခွဲရတာ   လူ့ သဘာဝပါသူငယ်ချင်းတို့ ရယ်။
အမြင့်ပေပေါင်း ၄၉၈၁ ပေ Popa မြေမှကြိုဆိုပါတယ်
သူငယ်ချင်းတို့ ရယ်.......
စိမ်းစိုလမ်းဆန်း တောမြိုင်စခန်းနဲ့ 
ရွှေဝါရောင်ဖြန်း  စကားဝါပန်များရှိတဲ့
Popa မြေကို   လာလယ်မယ်ဆို
ငါတို့ ကြိုနေမယ်   သူငယ်ချင်းတို့ ရေ.......
သူငယ်ချင်းမိတ်ဆွေအားလုံးကို  ဖိတ်ခေါ်ပါတယ်
လာလည်နိုင်ပါတယ်လို့ ..ခင်မင်လေးစားလျှက်......
                                                   သိုက်ကြီး  (ကျောက်ပန်းတောင်း) 
kpgtheik@gmail.com
သိထားသင့်တဲ့ ကွန်ပျုတာပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ
ဒီစာအုပ်က ကွန်ပျုတာထဲမှာပါဝင်တဲ့  အတွင်းအစိတ်ပိုင်းတွေရဲ့ သဘောတရားများ
အရေးပါမှု ပြုပြင်ထိန်းသိမ်းနည်းတွေကို အသေးစိတ်  အခြေခံကျကျ ရှင်းပြထားလို့ 
ကွန်ပျုတာရှိတဲ့ အခြေခံပညာသင်တွေအတွက် ဖတ်သင့်တဲ့စာအုပ်ပါ ဘာလို့ လဲဆို
ကွန်ပျုတာပျက်လို့  ပြင်ဆိုင်ပို့ ခဲ့ရင်  အတွင်းက ပစ္စည်းပျက်တဲ့အခါ  ကိုယ့်အနေနဲ့ 
အရေးပါတဲ့ဟာလား သာမာန်လားဆိုတာ သိထားသင့်ပါတယ်။ မသိဘူးဆိုရင်တော့
ပြင်ဆိုင်က ပြောသမျှလက်ခံပီး ကျသလောက်ရှင်းရမယ် ။ ငွေပိုကုန်တော့မယ်နော်
အဲ့လိုမှမဟုတ်ပဲ ကိုယ်တိုင်မပြင်တတ်ပေမယ့် ဘာလက္ခဏာပြလာရင် ဘယ်ဟာက
ပျက်တာ အဲ့တာပျက်ရင် ဘယ်လောက်ကုန်နိုင်လဲ အရေးကြီးတာလား မကြီးတဲ့ဟာ
ဒါတွေကို ဗဟုသုတသိထားသင့်တယ်။ ဒါမှ ပြင်သင့်လား အသစ်လဲသင့်လားဆိုတာ
ကိုယ်တိုင်သိနိုင်လိမ့်မယ် ။အခြေခံသင်တန်း မတက်ဖူးသူတွေအတွက် ဒီစာအုပ်ကို
သေချာဖတ်ရင် လုံလောက်ပီလို့ ပြောလို့ ရတယ် ။ Hardware သင်တန်းမတက်ဖူး
မလေ့လာဖူးရင် ဒါကိုသေချာဖတ်လိုက်ပါ နားလည်သဘောပေါက်လာပါလိမ့်မယ်
ဒီလင့်မှာ Download ယူပါ-ကွန်ပျုတာအခြေခံပြုပြင်ထိန်းသိမ်းနည်းစာအုပ်
.
ကွန်ပျူတာကို သွက်လက်မြန်ဆန်လာစေဖို့  ASC latest version 2013
အရင်5. .0 Version ကနေအခု6.0ထွက်လာပါပြီအရင်ထက်ပိုပြီးအဆင်ပြေလာပါ
တယ်ကွန်ပျူတာတွေမှာရှိထားသင့်တဲ့ဆော့ဝဲကောင်းလေးတစ်ခုပါအမှားတွေနဲ့ 
Virus တွေကိုရှင်းထုတ်ပေးဖို့  အရမ်းသင့်တော်ပါတယ်။ ကွန်ပျူတာဘာကြောင့်
လေးနေတာလဲလို့ သိချင်ရင်ဒီဆော့ဝဲလေးနဲ့ စစ်ကြည့်အဖြေသိလာလိမ့်မယ်...။
နေစဉ် သုံပီးတိုင်း   အိပ်ခါနီးတိုင်း  ရှင်းပေးလို့ ရတယ် ။ စောင့်နေစရာမလိုပါဘူး
ရှင်းပီးရင် Auto shutdown လုပ်ပေးထားဖို့ ပါလာတယ် ။  2013 အတွက်  အသစ်
ထွက်လာတဲ့ဟာလေးမလို့   အသုံးလိုသူများ ယူလိုက်ပါ ။  ရုံးနေမှာလည်း  2ခုပဲ
သုံးတယ် ။ ဒီဟာနဲ့  CC cleaner ။ Full Version ဖြစ်ဖို့  Key ပါတယ်နော်...........။
Setting ကို နှိပ်လိုက် အထဲရောက်ရင် Auto Clean ကိုရွေးပီးရင်
Automatically Sweep ဆိုတာ အမှန်ချစ်လိုက်တာနဲ့ Key ဖြည့်
အောက်နားမှာ Key ဖြည့်စရာ အကွက်လေးပါလာပါလိမ့်မယ်
Text file ထဲက ကီးကို ဖြည့်လိုက် ။ အဲ့ဆိုရင် Full version ဖြစ်ပါပြီ...
ဒီလင့်မှာ Download ယူ -www.mediafire.com/ASC-6 2013 with Key
အပေလင့်ကမရရင် - http://www56.zippyshare.com/avc6-2013
ရိုးဖြူသန့်  ရှင်းသော ချစ်ခွန်းစကား
အမြင်သာဆုံးပြောရရင်....
ညင်သာနူးညံ့တဲ့ လေပြေညှင်းလေးဟာ
ပူအိုက်မောပန်းလို့   မလန်းဆန်းနိုင်သူတစ်ယောက်တွက်ေ
တာ့
အားအင်တစ်ခုပဲဆိုဆို လေ  ...လန်းဆန်းအေးမြစေလောက်ပါရဲ့.....
..
လေးပြင်းကြီးမဟုတ်ခဲ့ရင်ပေါ့။
               အမြင်သာဆုံးပြောရရင်.....
ရေတစ်ခွက်၊      ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲဟာ
ဆာလောင်လို့    မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက်   အတွက်တော့
အသက်ရှည်အားဆေး  တစ်ခုဖြစ်လောက်ပါရဲ့.......
အဆိပ်ခတ်ထားတဲ့အရာတွေ  မဖြစ်ခဲ့ရင်ပေါ့။
              အမြင်သာဆုံးပြောရရင်......
လိုချင်စရာအကောင်းဆုံး  ရောင်းဈေးနှုန်းနဲ့ 
ချစ်စရာဒီဇိုင်းလှလှ  ခပ်ကြွကြွ smarten ကျကျ
hand phone လေးကို  လူလားမြောက်တဲ့
(17) နှစ်လောက် လူငယ်တစ်ယောက်
လက်ခံရလိုက်မယ်ဆိုရင်  ၀မ်းသားပီတိဖြစ်နေမိလောက်ပါရဲ့.
.....
made in china (တရုပ်နိုင်ငံလုပ်) ဖုန်းစုတ်မဟုတ်ခဲ့ရင်ပေါ့။
              ရိုးဖြူသန့် ရှင်း အပွင့်လင်းဆုံးပြောရရင်....
ပူလောင်မောပန်း     နွမ်းလို့ မလန်းဆန်းသူက
ငါဆိုပါစို့ .............................
.........................
လေပြေလိုအေးမြ    လန်းဆန်းလို့ တက်ကြွစေမဲ့
တိုက်ခတ်တိုးဝှေ့ ခြင်းမျိုးနဲ့  ငါ့ဘ၀ထဲကိုဝင်လာခဲ့ဖို့ ............
ဆာလောင်လို့ မသာကောင်ဖြစ်လုလု
ငတ်ပြတ်နေသူတစ်ယောက်က
ငါဆိုပါစို့ .............................
..........................
ရေတစ်ခွက်၊      ချဉ်ဟင်းချက်
ငပိရည်တစ်ခွက်နဲ့  ထမင်းကျက်တစ်ပွဲ လေးလောက်ပဲဖြစ်ဖြစ်
အသက်ရှည်ဆေးတစ်ဇွန်းလို
အားအင်ဖြစ်စေမဲ့ စကားလေးတစ်ခွန်းကို
ရင်ဝယ်ပိုက်ပီး ငါ့ဘ၀ထဲကို   ၀င်လာခဲ့ဖို့ ..........
                 ကြိတ်ခဲမရဖြစ်နေတဲ့  စိတ်ထဲကခံစားချက်တွေကို
မြင်ကြားပါစေလို့     ဆုတောင်းရင်းရင်ထဲကသူ့ ကို
ပြောလိုက်တော့မယ်နော်..........
.........................
တအား “ချစ်နေမိပီ” လူမလေးရယ်။
ချစ်တယ်..............မင်းကြား
လား? မြင်းရဲ့လား?
    ချစ်ရသူ လူမလေးရယ်........
လေးပြေညှင်းလေးပါပဲနော်......
လေပြင်းကြီးတွေ    မဖြစ်လိုပါ။
     ချစ်ရသူ  လူမလေးရယ်......
အသက်ရှည်အားဆေးတစ်ဇွန်း စကားလေးတစ်ခွန်းပါပဲနော်.....
အဆိပ်ခတ်ထားတဲ့   အရာတွေတော့ မဖြစ်လိုပါ။
      ချစ်ရသူလူမလေးရေ........
ဟန်ဆောင် လိမ်ညာမှု့ ကင်းတဲ့  ဖြူစင်ခြင်းတွေပါပဲနော်........
virus ပါပီးသား made in china ဖုန်းတွေ စက်ပစ္စည်တွေလိုဆိုရင်တော့
လက်မခံလိုပါ...................
...။
       ရိုးဖြူသန့် ရှင်းပွင့်လင်းခြင်းနဲ့  ရိုးရိုးလေးပဲဖြေလိုက်ပါ
“ချစ်လား.......?????”
                      သိုက်ကြီး (ကျောက်ပန်းတောင်း) 
 kpgtheik@gmail.com
Ulead Video Editor ဆော့ဝဲသုံး၍ ရုပ်သံဗီဒီယို ပြင်ဆင်တည်းဖြတ်နည်း
ဒီလင့်မှာ Download ယူပါ = Ulead ဖြင့် ရုပ်သံတည်းဖြတ်နည်းအသေးစိတ်စာအုပ်
ပစ်တာခတ်တာ ၀ါသနာပါသူအတွက် သေနပ်ပစ် Game Alien Shooter-2
ဒီဂိမ်းလေးကတော့ ပတ်ခတ်တိုက်ခိုက်တာချင်းတူရင်တောင် အလွန်ခေါင်းစားရတဲ့
ပညာပါတဲ့ ပညာလည်းရမယ့် ဂိမ်းပါ ။ဘာလို့ လည်းဆိုရင် အရင်ဟာလို တစ်ဦးထဲနဲ့ 
အခန်းတွေကို ၀င်ဖို့   အိုင်တီနည်းပညာရှင်တွေ ပါလာတယ် ။ပညာရမယ်ဆိုတာက
သူတို့ ပြောတဲ့စကားကို  ကိုယ်က   နားလည်ရတယ် ။ ဒါမှအောင်မြင်အောင်ဆော့ဖို့ 
ဖြစ်မှာ။ ပီးတော့ စစ်ဆင်ရေးတစ်ခုမှာ ပထမဆုံး  ဗိုလ်ချုပ်က  ကိုယ့်ကို အမိန့် ပေးပီး
ကင်းစောင့် ၂ယောက်နေခဲ့ရင်  ကိုယ်က  ဦးဆောင်ပီး အထဲကိုဝင်ရမယ် ။တံခါးတွေ
ဝင်ပေါက်တွေရဲ့ ပတ်စ၀ပ်တွေကို နည်းပညာရှင်က ဖွင့်ပေးလိမ့်မယ်  တခါတလေမှာ
ဖွင့်မရဘူးလို့ သူကပြန်ပြောလိမ့်မယ် ဒါဆို မြေအောက်ခန်းကိုလိုက်ရှာ.. အဲ့မှာဆိုရင်
ဖောက်ခွဲဖို့ အတွက် ဒိုင်းနမိုက်တွေရှိမယ် ။ ဓာတ်လှေကားနဲ့ ဆင်းပီး ဓာတ်လှေခါးနဲ့ 
တက်ရတယ် ဆီပီပါတွေ ဂတ်အိုးတွေနားမှာ သေနပ်ကို မပစ်နဲ့  တခါတလေမှာဆို
အပစ်စောတာတွေလည်းရှိတယ် ခဏနေ ရန်သူ အုပ်လိုက်လာရင် နောက်ဆုပ်ပစ်
ဂတ်အိုးတွေပစ် ဒါဆိုအများကြီးသေတယ် အခန်းတွေကို ပညာရှင်ကဖွင့်ပေးနေချိန်
ကိုယ်က သူနဲ့ ဆက်သွက်တဲ့စကားကို ဂရုစိုက်နားထောင် ။သူက အခန်းတစ်ရပီဆို
ကိုယ်က အဲ့ဘက်ကိုသွား ဘယ်ဘက်မှာ ရန်သူများတယ် Check out,Becareful
သူပြောသလို လိုက်နာ ဒါဆို စစ်ဆင်ရေးကအောင်မြင်လိမ့်မယ် နောက်အဆင့်တွေ
တက်ရမယ် မဟုတ်ပဲ စွတ်ပစ်နေရင် အခန်းတစ်ခန်းအောင်ဖို့ မလွယ်ဘူး အဲ့ကြောင့်
ပညာရတယ်လို့ ပြောတာပါ ပစ်ကူတွေပါလာပေမယ့် သူတို့ က ကိုယ့်အခြေနေကို
ကြည့်ပီးပစ်တာ ကိုယ်ပြေးရင် သူလည်းပြေးတယ် တခါတလေ သူတို့ က လမ်းရှင်း
ကိုယ်က ဆက်တိုး တိုက်ခိုက်ရတယ်Counter Staik လိုပဲ ကြာလာတော့ အလွတ်
ရလာတယ် ။ဘယ်နေရာမယ် ဘာလာတော့မယ်သိတယ် ဦးအောင်ပစ်ဖို့ ပဲလိုတာ
စိတ်ဝင်စားတယ် ဆော့ချင်တယ်ဆိုရင် မူရင်းလင့်မှာ ယူဆော့ပါ ။စက်တိုင်းမှာလဲ
အဆင်ပြေစွာဆော့နိုင်ပါကြောင်း...............................။
ဒီလင့်မှာ Download ယူပါ - Alien-shooter-2
မရရင် မူရင်းလင့်မှာ ယူပါ -http://www.gametop.com/alien-shooter-2
မရရင် နောက်ထပ်လင့် - http://www.gametop.com/category/shooting
ပစ်တာခတ်တာ ၀ါသနာပါသူတို့ အတွက် ဝေဟင်မြေပြင် တိုက်ပွဲ Game
'
ဒီဂိမ်းလေးကတော့ လေယာဉ်နဲ့ ပစ်တာခတ်တာ ၀ါသနာပါသူအတွက် ရှာထားတာ
နိုင်အောင်တော့ မဆော့ဖြစ်သေးဘူး ဂိမ်းဆော့တာက ဦးနောက်သုံးရတယ် နိုင်ရင်
တော်သေးတယ် ။ မနိုင်ရင် စားမရအိပ်မရဖြစ်တယ်။  နိုင်ဖို့ အတွက်လည်း သေချာ
လေ့လာရတယ် ။ အဲ့တော့ မလွယ်ဘူး ။ လေယာဉ်လည်းမောင်း အောက်ကိုလည်း
ပစ်ရသေးတယ် အထာမသိသေးလို့ လားမသိဘူး မလွယ်ဘူးဆော့ရတာ...ခက်၏
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/လေယာဉ်ပစ် တိုက်ပွဲ
မူရင်းလင့် -http://www.gametop.com/download-free-games/helicopter/
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here