Monday, June 24, 2013

ငါမင်းကို မြတ်နိုးတယ်……



ဆရာဝန်ရဲ့

စမ်းသပ်ချက်နဲ့ 
...
ဖြေထွက်သလို

ငါ့အကြောင်းကို

ပြောပြရရင်……

ခွဲစိတ်ခန်းဝင်ပီး

အရေးတကြီး…

ကုစားရမှာ…

ငါ့နှလုံးသားပါ…။


ဆေးပညာအရ

ရောဂါဘယ…

ကင်းစင်ပတဲ့…

ငါနှလုံးသားက…

မင်းကိုတွေမှ…

အမည်ဖော်မရ…

ရောဂါထလို့ …

အိပ်ရစားရ…

အဆင်မပြေလှ…

ငြိမ်နေလိုမရ…

ငါ့စိတ်တွေက…

ပြေးလွှားလိုနေ…

မင်းဆီကိုလေ…။


ဒီရောဂါဆိုး

ဘယ်ဆေးတိုးမလဲ

ငါလည်းမတွေးတတ်ဘူး……

ညနေဆည်းဆာ

ရောက်လာမှာကို…

ပျော်သလိုလို……

ကျောက်သလိုလိုပဲ…

ငါကိုယ်တိုင်လဲ…

ဝေခွဲမရ……

"ည"ဆိုတာကို…

နှစ်သက်လာသလိုပဲ…။


ကြယ်ဖွေးဖွေးနဲ့ 

ညလေးတွေက…

ငါကိုအဖော်ပြု……

အခုဆို………

မင်းရှိရာကို…

ငါအလိုလို…

သတ္တိတွေပိုကာ…

အမှောင်မှာစမ်းလို့ …

မင်းရှိရာလမ်းဘက်ကို…

ငါထွက်တတ်နေပီ…။


မင်းအသံနဲ

့မင်းပုံရိပ်……

တွေ့ ချင်ကြားချင်စိတ်နဲ့ 

အမှောင်ကိုတိုး……

ခွေးဆိုးဆိုးတွေကဟောင်…

"ခြေအေးဝမ်းရောင်"

"ခွေးဟောင်ပြန်ပြေး"

ဒီစကားပုံလေးကိုတွေး…

ငါပြုံးမိသေးတယ်…

မင်းကြောင့်ရတဲ့ ရောဂါအတွက်ပေါ့ကွယ်….။



မနက်လင်းလည်း…ဒီစိတ်ပဲ

နေ့ လည်ခင်းလည်း…ဒီစိတ်ပဲ

အပိုမထင်နဲ့  (စာဖတ်သူ)…

ခင်ဗျားတို့ လည်း…

ကြုံဖူးမယ်…။



အချိန်တိုင်းမှာ

ငိုင်တိုင်တိုင်နဲ့ …

မင်းအကြောင်းတွေး…

"ဟဲ့ ကောင်လေး"

ဘာငေးနေတာလဲ…???

"အမေ "ဟဲ" မှ…

ဒီလိုပါပဲ……

သဖြဲလေးနဲ့ ငါ…

မင်းပေးတဲ့ရောဂါကြောင့်ပါ။


ဆိုးလိုက်တာ…

ချစ်ရသူရာ……

ဒီဝေဒနာ……

မင်းကယ်ပါမှ……

ချမ်းသာရမှာမို့ …

မင်းလမ်းအလာကို…

စောင့်ကာကြိုရင်း…

ငါ့ရင်တွင်းက…

"ချစ်ခွန်းစကား"

မင်းကြားစေဖို့ …

အားကိုမွေးလို့ …

စောင့်နေမယ်……

လာပါတော့ကွယ်…

ချစ်ရသူရယ်……… လို့ 



ဆုတောင်းနေတုန်း

ရောဂါပေးတဲ့မိန်းကလေး

ဘယ်ပြေးမလဲရယ်လို့ …

စိတ်ကသာကျိန်းဝါး……

ငါ့လက်ဖဝါးတွေအေးစက်…

နဖူးကချွေးထွက်……

ဖြစ်နေတဲ့ငါ့ရဲ့ပုံ…

ဒူးတွေကတုန်လို့ …

နှလုံးခုန်တာတော့

ဘယ်လိုနေလဲမမေးနဲ့ …

စစ်ပွဲမှာဗုံးကြဲနေသလို…

ငါ့ရင်တွေဖို……။


ချွေးတွေကိုသုတ်

လက်သီးဆုပ်လို့ …

ဒူးကိုတောင့်ထား…

ယောက်ျားသားလို့ …

ပြောဖို့ စကားပြင်…

မြင်နေရက်နဲ့ …

"တစ်ယောက်တည်းလား"

(မမြင်ဘူးလား ကန်းနေလား)

ပြန်များပြောရင်လို့ ……

ထိတ်ထိတ်နဲ့ ပင်…

ဆက်ခါပြော……

မနောကဖြူ……

ချစ်ရသူက…

ပြုံးကာပြတော့…

ကောင်းကင်တစ်ခုလုံး…

မီးဟုန်းဟုန်းတောက်သလို…

အံ့သြမိတယ်……။


ဒီလိုနဲ့ …

ငါ့စကားက…

"ချစ်တယ်ကွ" အထိ

ရောက်ကာသွားတော့…

ပြောလိုက်တာများ……

"အချစ်ကခါးတယ်ဆိုပဲ"


စိတ်ထဲကတွေး

"ကိုအငဲ" ရဲ့သီချင်းလေး…

သတိရလိုက်သေး………

အချိန်ပေးတုန်း…

သိမ်းကျုံးပီးချင်တယ်…

မိန်းခလေးရယ်……

"ဘုရင်မတစ်ပါး"

"မင်းဖြစ်သွားလည်း"

"မင်းအနီးအနား"

"အစေအပါးလေး"

"ငါနေပေးချင်တယ်"

"အမြဲမြင်တွေ့ ခွင့်"

"ရချင်လို့ ပါလုံမလေးရာ"

"အဲလောက်ချစ်တာပါ"။


မင်းထင်ထားတာ

အချစ်ကအခါးဆိုရင်

ယုံကြည်စွာနဲ့ စား…

လုံးဝမခါးတဲ့…

ထန်းလျှက်လိုအချစ်နဲ့ 

မင်းကိုချစ်တာပါ…

မင်းအိမ်နားနီးလို့ …

နင်မြည်းဖတ်ဖို့ …

ဒီကဗျာလေး…

ငါပေးလိုက်မယ်…

သေချာတွေးလို့ …

ဆုံးဖြတ်ပေးပါကွယ်…

ချိုတာခါးတာ

မင်းနှလုံးသားလျှာက

ဆုံးဖြတ်ပြပါ…။


ငါ့ရောဂါက

မင်းဆေးနဲ့ မှ…

ပျောက်ရမှာမို့ …

မင်းအတွက်နဲ့ …

အိပ်ရေးပျက်လျှက်…

အသက်မထွက်စေချင်ရင်…

ငါလိုနေတဲ့ဆေး……

မင်းကိုယ်တိုင်ပေးလို့ …

ငါကျန်းမာရေး……

ဂရုစိုက်ပေးပါ…

ငါကျန်းမာချင်ပြီကွာ…။


ချို့ တဲ့… တဲ့ငါ့ကမ္ဘာ

မင်းလာပြုစုပေးပါ……

ငါခံစားနေရတာ…

မင်းကို ချစ်တဲ့ စိတ်ကြောင့်ပါ……

စိတ္တဇ အတွေးနဲ့ ……

ကြယ်ဖွေဖွေးနဲ့ ……

ညလေးမှာ……

မင်းဖြေလွှာကို…

မျှော်လင့်ရင်းနဲ့ …

နံနက်ခင်းရဲ့……

နေရောင်ခြည်ကို……

စောင့်ကာကြိုရင်း…

သက်ပြင်းလေးချလို့ ……

ဆုတောင်းနေမယ်……

"ငါမင်းကို မြတ်နိုးတယ်"


သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@gmail.com


အလွမ်းညတွေကုန်လွန်ချင်ပီ



အလှမ်းကွာဝေးနေရတဲ့

အမိမြေမှ……
...
ချစ်ရသူရေ……

အဆွေးညတွေ……

လက်ချိုးရေလို့  ……

အဝေးက…ကို……

သတိရလျှက်ပါ…။


ရက်|လ|နှစ်တွေပြောင်းသွား

မဟောင်းသောအချစ်များက

ငါရင်ထဲမှာ ကိန်းဝပ်ကာ

ဘယ်မိန်းကလေး အပေါ်မှ

မတိမ်းညွန့် တာ……

မင်းယုံကြည်ပါ…။


ဝေးနေတယ် ဆိုပေမဲ့

အစေးမပျယ် တာကိုတော့

မင်းသိစေချင်တယ်……

ခံစားရတဲ့ရက်တွေများလာတော့

"အပ်" အဖျားလေးနဲ့  ပေါက်သလို

ငါ့နှလုံးသားတွေနာကျင်စွာခံစား

နာဖျားလို့ နေတာတွေ………

မင်းမြင်စေချင်လိုက်တာ…

ချစ်သူရာ……။


တစ်ယောက်ကိုတစ်ယောက်

စိတ်မချ………

အတိတ်ဘဝက……

ဝဋ်ကြွေးတွေနဲ့ အမျှ……

ဝေးကွာနေကြရ ရင်……

ဒီဘဝ…ဒီမျှနဲ့ တင်ကျေစေချင်ပြီ…။


ငွေရဖို့ အတွက်

အတူနေရမဲ့……

နှစ်| လ| ရက်နဲ့ ……

အချိန်တွေကိုရောင်း……

RM နှစ်သောင်း(RM 20,000)

လောက်နဲ့ ……………

တစ်နှစ်တာကာလကိုစတေး……

ခုလိုအဝေးမှာ……

ဆွေးနေရတဲ့……

ချစ်သူဘဝတွေ……

အမိမြေမှာ……

ပျော်ရွှင်စွာဆုံဆည်းရပါစေ……။


အရွယ်လွန်မှ

အိမ်ပြန်ရ ရင်……

တို့ နှစ်ယောက်ဘဝ……

အတူနေချိန်က……

တိုတောင်းလှတယ်……

အားလုံးကိုမစဉ်းစား……

ငါ့မိဘနဲ့ …………

မင်းအနားမှာပဲ……

အမြဲနေဖို့ ……

ဆုံးဖြတ်လိုက်ပီ………

ကိုပြန်လာမည်………

ကိုယ့်မိဘနဲ့ ………

မင်းရင်ခွင်ဆီ………

"အလွမ်းညတွေ ကုန်လွန်ချင်ပီ" ။



သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com


အဝေးရောက်အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှု့ အရ ထပ်တူကျတဲ့

ကျနော်တို့ ဘဝတွေ အလွမ်းတွေပြေပါစေလေ……… 


"မင်းဇော်သိုက်"(ခ)သိုက်ကြီး။

Saturday, June 22, 2013

အန္တရာယ်……

ခု………

indonesia မှာတောမီးလောင်

ကိုရွှေလေက……

သယ်လို့ ဆောင်ယူ……


Malayia vs singapore…မှာ

မီးခိုးတွေထူ………

အသက်ရူတွေကကျပ်

နှာခေါင်းစွပ်တပ်တော့ပိုဆိုး

ဟပ်ချိုးတွေကချီ

မျက်လုံးတွေလဲ စပ်နေပီ…။


ကြုံရတဲ့ငါ့ကံ

နောက်တဖန်သတင်းဆိုးက

ဖေ့စ်ဘွတ်ရဲ့မီးခိုးမှ

ငါ့လူမျိုးတွေ

သတ်ခံရတာ

ကြားရပြန်တယ်

ဘယ်လိုကံကြောင့်ငါမသိဘူးပေါ့

လာငြိရင်တော့

ဇာတိသွေးလေးပြဖို့ 

အသင့်ပြင်ထားတယ်။


ရန်စကားပြောတာမဟုတ်

ငါဘာအပြစ်မှမလုပ်တာ

ဒီတိုင်းခံရမှာလား???

မင်းတို့ လဲစဉ်းစားပေါ့

လက်ဆော့ခြေဆော့

ငါအပြစ်လုပ်ခဲ့ရင်…………လာ

ငါ့လည်ပင်းကို

စဉ်းပေးလိုက်မယ်

မင်းကြိုက်သလိုလုပ်နိုင်တယ်။


ကျောက်ပန်းတောင်းသား

လေမကြွားဘူး

ငါမှားခဲ့ရင်

ကြိုးစဉ်ကိုတင်

အရှင်လတ်လတ်

အသေသတ်လိုက်။


အပြစ်လဲမရှိ

လာထိရင်တော့

မင်းလဲလူပဲ

ဘယ်သူလွန်လဲ

မပြောပဲ သိပါတယ်

သူငယ်ချင်းရယ်။


လူတိုင်းရဲ့နောက်ကွယ်မှာ

မိသားစုတွေရှိတယ်

သေသူကတော့ဘဝပီးသွားတယ်

ကျန်ခဲ့သူတွေ ပူလျှက်ဆူဝေမယ်

ဒီဝတ်တွေ မင်းလည်မယ်

သူငယ်ချင်း………။



ခံစားချက်ချင်းတူတယ်ဆိုရင်

ဘာသာတရားကို

အသာထားကွာ

အမှားတွေရဲ့ အစကို

ငါတို့ ရှာကြစို့ လား

ငါ့တို့ က လူသားတွေလေ

ဒီလိုမျိုး ဆက်သွားရင်လေ

ဘယ်ကမ္ဘာကြေမလဲ ဟယ်…………

လာ…………

အမှားတွေကို အစရှာမယ်။



သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com


အို……ပုပ္ပါး



မိုးရေမစိုဖို့ 
သစ်ရိပ်မှာခိုတဲ့
...
ပျိုမေ ……
လုပ်မနေပါနဲ့ တော့လေ
ဟောဟိုတောင်ရိုးမှာ
တိမ်ခိုးငယ်ဝေ………

စွေတော့မဲ့မိုးမလို့ 
ရွှဲချင်ရွှဲပါစေ……
ပြေကြစို့ လေ…
ဟိုတောင်တစ်ခွင်က
မိုးရိပ်မြင်ရရင်
ပြေးဖို့ ရာပြင်
မိုးရွာမှာအမှန်ပင်။

အဖွားပြောသလိုမျိုး
တောင်ရိုးကို……
တိမ်…ခါးချိုရင်
မိုးရွာမည်ပင်။

တိမ်ဖြူတွေဖြတ်သန်း
တောင်ထိပ်နခမ်းဆိုရင်တော့
လုပ်ငန်ခွင် ဝင်ပေတော့
လုံမခင်……
နေသာမှာ အမှန်ပင်။

သာယာအေးချမ်း
ထုံးတမ်းစဉ်စာ
သိထားပါမှ
သဟဇာတ
မျှမျှတတ
နေကြရမယ်…
လုံမငယ်…။

ဒီထက်သိလိုက
အဖွားကိုသာ
သွားမေးကြပေါ့
ငါတော့အိမ်ချင်ပီ။

တိမ်ဖြူလေးတွေ
ပြေးလွှားနေတဲ့
ပုပ္ပါးမြေရဲ့
အငွေအသက်ကို
ဘယ်လိုမေ့ရလဲ
အတွေးထဲလဲ
အိမ်ပဲပြန်ချင်တယ်
အို…… ပုပ္ပါးရယ်……။


သိုက်ကြီး (ကျောက်ပန်းတောင်း)kpgtheik@gmail.com




Wednesday, June 19, 2013

popa သို့ လွမ်းခြင်း.....


မိဘနဲ့ အဝေးမှာ
တွေးမိလေတိုင်း
မျက်ရည်ဝိုင်းရတဲ့
ညိုမှိုင်းလဲ့လဲ့နဲ့ ..
popa ရဲ့
အလွမ်းဓာတ်ကို
ခတ်တိုတိုပဲ....
ငိုပြချင်ပါတယ်လေ။

မျက်ရည်စိုတိုင်း
တိမ်မြူတွေဆိုင်းတဲ့
မှိုင်းပြပြနဲ့ ...
တောင်တော်ကြီးရဲ့အလှကို
သတိရတိုင်း...
ရင်မှာလှိုင်းထ
ငိုချရတဲ့ရက်တွေ
များလှပါပြီလေ.....
အဖေနဲ့ အမေရေ.......။

ကဗျာဖွဲဆိုသူတိုင်း
ရိုင်းလောက်အောင်ပင်
တင်စားစရာတွေ
တစ်ပုံတစ်ပင်နဲ့ 
မယုံရင်လာခဲ့ပါလား
မောင်မယ်များရယ်။

စကားကြွယ်တာမဟုတ်ဘူး
လေရူးလေးတွေဆော့ကစားတဲ့
ညချမ်းရဲ့ဆည်းဆာ
နီးရာ ကင်မရာ camera...
ဆွဲကာရိုက်ချင်အောင်
ဆွဲဆောင်နေတာ...
မင်းမမြင်လိုက်ရမှာစိုးလို့ ပါကွာ။

တောင်စွယ်ပေါ်မယ်
နေလုံးကွယ်တော့..
လျှပ်စစ်ပန်းနဲ့ 
ဆိုင်တန်းသွယ်တွေ
မျောက်ငယ်တွေလည်း
ဆော့ကာ ကစား....
ဘေးမဲ့ပေးထားတာလေ။

ပြောရင်နဲ့ လေ..
ဝမ်းနည်းလေလေ
အိမ်ပြန်ချင်တယ်အမေ...
မိုးရာသီမှာ...
တိမ်ညို တွေလာရင်..
မိုးရေတွေစိုမယ်ဆိုတာ
ဒို့ popaမြေရဲ့ အထာလေ
စိုပြေတာကိုကွ...
တိမ်တွေငိုချခြင်မှာပေါ့။

ကြုံချင်တယ်ဆိုရင်.....
လှမ်းလာခဲ့ပါ...
ဒို့ အညာကိုလေ...
စိုစိုပြေပြေမြင်စေချင်လို့ ပါ....
ပန်းရွှေစကားဝါ....
ပွင့်ဝေဖြာတာ
မြန်မာပြည်မှာ
popa မြေဆိုတာ
ယုံကြည်ရင်းသာ
လှမ်းခဲ့ပါကွာ....။

ငါ့ရဲ့ကဗျာ...
အတော်ရှည်လာလို့ 
ဖတ်ရသူအဖို့ ....
ရင်ဝယ်ဆို့ လို့ 
မောလို့ ပြစ်တင်
ဒေါသ၀င်မှာ
စိုးလှပါသဖြင့်
စိတ်ထင့်ထင့်ဖြင့်
ရပ်ရပါသည်။

ဆက်ရေးရရင်
စာအကြောင်း တစ်ရာ
ထပ်ထွက်လာမှာ
အသေချာပါ...

popa အလွမ်း
ဒီစခန်းမှာပဲ
ရပ်သင့်ပီမို့ 
တောတောင်စိမ်းမြ
မိုးရွာချလို့ ...
နှစ်တစ်ထောင်မက
တည်နေပါစေ..
popa မြေ......။

အမေနဲ့ အဖေ
ကျနော့်ကဗျာ
ဖတ်ကာကြည့်လျှက်
ပြုံးလျှက်သာငိုပါစေ..
ပြန်လာတော့မှာပါ
အဖေနဲ့ အမေ..........။
       
                သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com



Monday, June 17, 2013

Android ဖုန်းအတွက် Battery Saver Du+Switch Widget v2.2.5.pro




Download - Battery Saver Du+Switch Widget v2.2.5.pro




ကျောင်းအရိပ်က "ခင်ခက်ခက်ခိုင်"……




ရာသီစက်ဝိုင်း……

တစ်ပတ်လှည့်တဲ့အခါ
...
မိုးဥတုရယ် ……

ဆောင်းဥတုရယ်………

ခြောက်သွေ့ လွန်းတဲ့

နွေရယ်ဖြစ်လာတယ်။



အာကာဝဠာရဲ့

မိုးမြင့်ထက်မှာ

နတ်ခတ်ပွဲသဘင်

ကျင်းပတဲ့အခါ……

လင်းလိုက်တဲ့……

ကြယ်လေးတွေရယ်။


မင်းနဲ့ ငါ……

သူတို့ လို……

နီးကြဖို့ မလွယ်

ဝေးကြီးဝေးပီ……

ကျောင်းအရိပ်က

"ခင်ခက်ခက်ခိုင်"ရေ……။



ပျော်ရွှင်ကြည်နူး

နေ့ ရက်လေးတွေ……

အနမ်းပန်းလေးတွေ……

တွေးကြည့်လိုက်ရင်……

ရင်မှာမချိအောင်လေ……


ခုတော့လဲကွာ

မင်းနဲ့ ဒို့ ဟာ…

နှုတ်ဆက်ခွဲခွာ……

အဝေးဆုံးဝေးဆီ……

စည်းခြားသွာပြီ……

နှုတ်ဆက်လိုက်တယ်လေ…

ကျောင်းအရိပ်က……

"ခင်ခက်ခက်ခိုင်"ရေ……။


သံသရာရေစက်

ပနှက်ချတဲ့ခါ……

မင်းနဲ့ ဒို့ ဟာ…

ရိုးရှင်းခဲ့တာ……

မင်းလဲအသိပါ…

ခုဘဝတော့ကွာ…

ပြုံးပြလို့ သာ……

နှုတ်ဆက်ခဲ့ပီလေ……

ကျောင်းအရိပ်က

"ခင်ခက်ခက်ခိုင်" ရေ……။


သိုက်ကြီး(ကျောက်ပန်းတောင်း)kpgtheik@gmail.com


Sunday, June 16, 2013

အဝေးရောက်ချစ်သူသို့……



တမ်းတဖူးတဲ့လူတယောက်အနေနဲ့
အလွမ်းဒဏ်ရာရဲ့ဝေဒနာကို
ဥပက္ခာပြုထားလို့မရပါဘူး……

တမြေစီဝေးတဲ့အခါ
ကိုယ့်ချစ်သူအနားပဲပြေးလာချင်တာ
ချစ်တတ်သူတိုင်းခံစားဖူးတဲ့
ဝေဒနာတခုပါ……

အတွေးတွေထဲပျော်မြူး
ချစ်ဖူးတဲ့အချိန်တွေတမ်းတ
လွမ်းရတဲ့ညတိုင်းမှာ
မျက်ရည်ကျရတာ
အဝေးရောက်ချစ်သူရဲ့ဝေဒနာပါ……

သစ္စာမဲ့ဖို့မတွေး
နောက်မဝေးရအောင်ကြံ
အဖန်ဖန်သောကတွေနဲ့
အဝေးရောက်သူရင်ထဲ
အစိုင်အခဲတခုက
စိတ်မချမှုနဲ့ စိတ်ပူမှုတွေရောယှက်……
အတောမသတ်တဲ့ မျှော်လင့်ချက်တွေနဲ့
ပျော်ရွှင်မှုအပြုံးတွေလည်းရောယှက်လို့……

ပြောမပြတတ်တဲ့လွမ်းဆွတ်မှုတွေ
ယုံကြည်မှုအနားခိုကပ်
ကိုယ့်ချစ်သူလည်း
လွမ်းနေမှာပါဆိုတဲအတွေးနဲ့
ဒီရင်ထဲမှာဖြေတတ်နေပြီ……


လွှမ်းဝေအောင် (ရေနံချောင်း)့



Wednesday, June 12, 2013

Blog ၀က်ဆိုဒ်တွေမှာ Link တစ်ခုခုကိုနှိပ်ရင် စာမျက်နှာအသစ်တစ်ခုပွင်ဖို့ 



ဘလော့ဂါတွေအနေနဲ့ ပြင်မယ်ဆိုရင် အောက်ကလင့်မှာနှိပ်ဝင်လိုက်ပါ

http://www.blogger.com/blogger.g?btemplatehtml

နားလည်းပီးသားဆို Setting = Template - Edit Template ကနေသွားပါ

အထဲရောက်ရင် Ctrl နဲ့  F ကိုတွဲနှိပ်ပြီး  <head> ကိုထည့်ပီး Enter နှိပ်

တွေပြီဆိုရင် အရောင်တစ်ခုခုနဲ့   ကိုယ်ရှာတဲ့ဟာကို ပြပါလိမ့်မယ်


<head> အောက်မှာ အခုပေးတဲ့စာလေးကို ကော်ပီယူထည့်လိုက်


<base target='_blank'/>

 
အဲ့လိုထည့်လိုက်ပီးရင် Save Template နှိပ်လိုက်ရပါပြီ


ဒါဆိုရင် လင့်တွေကိုနှိပ်တဲ့အခါ မူလလင့်မပျက်ပဲစာမျက်နှာအသစ်ပွင်ပီ

အသုံးလိုနေသူ မေးလာလို့ မသိသေးသူများ လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်





Monday, June 10, 2013

Android ဖုန်းအတွက် ယခုလထွက်လာတဲ့ Frozen မြန်မာကီးဘုတ် 0.5.3




Download - frozenkb.pro-16-v0.5.3.apk


What are the features?
- Hardware Support!! Type with Hardware keyboard, Alt+Space to switch languages.
- Smart Zawgyi!! No more choosing between "ြ-", "--့", "ု" and more.
- Theme. Choose between set of Key Icons!!.
- Tablet support!! Type conveniently on both 7inch and 10inch tablets.
- English Voice Typing (4.0+) or English Voice Recognition (2.3)
- Popup Keys - Long Press for more keys!
- Swipe Gestures (Left to delete, Right to switch keyboard, Down to hide)
- Long Press Space bar to delete the last character which cannot be deleted back in previous keyboard.


မရှင်းလင်းတာ စာရိုက်တာအခက်ခဲရှိရင်အောက်ကလင့်မှာဖတ်

https://www.facebook.com/notes/frozen-keyboard/faq-frequently-asked-questions/521820881189894

 



Android ဖုန်းအတွက်ယခုလ 4ရက်နေ့  ထွက် AVG Anti- Virus ဆော့ဝဲ


 ဒီဟာလေးတွေကတော့ မိမိတို့ ဖုန်းအတွက် သင့်တော်ကောင်းမွန်တဲ့ ဆော့ဝဲတွေပါ

အင်တာနက်သုံးတာပဲဖြစ်ဖြစ် ကွန်ပျုတာနဲ့ ချိတ်တာပဲဖြစ်ဖြစ်ဝင်နိုင်တဲ့အခြေနေက

အများကြီးပါ အဲ့တော့ လိုရမယ်ရ တစ်ခုခုထည့်ထားသင့်တယ် အခုလက်သုံးတာက

AVG ပါ တစ်ယောက်နဲ့ တစ်ယောက် ၊အကြိုက်ချင်းမတူနိုင်သလို အတွေ့ အကြုံက

ကွဲပြားနေမှာပဲ အဆင်ပြေရာ ရွေးချယ်သုံးနိုင်ပါတယ် ။


Download - AVGantivirus-180265-v3.2.3.apk


► Scan apps, settings, files, and media in real time
► Enable finding/locating your lost or stolen phone via Google Maps™
► Lock/wipe your device to protect your privacy
► Kill tasks that slow your device
► Browse the Web safely and securely
► Monitor battery, storage and data package usage





Saturday, June 8, 2013

မောင်(စွယ်စုံကျမ်း) မှာ ဒေါင်းလုပ်ယူမရတာရှိသူများ ဒီနည်းလေးသုံးကြည့်




Mediafire ၀က်ဆိုဒ်မှာတင်တာတွေကို ဒီအဆင့်ပြနေရင် ဒေါင်းလုပ်မတတ်

နားမလည်သူတွေ ရှိနေပါသေးတယ် ပုံကစာကိုဖတ်လိုက်ရင် နားလည်ပြီ

ဒေါင်းလုပ် အယူများနေတဲ့ လင့်တွေမှာ အဲ့မျိုးဖြစ်တတ်ပါတယ် သေချာ

ဂရုစိုက်ဖတ်ပြီးတော့ လုပ်ရင်လည်း အဆင့် 1 - 2 ပြနေပါတယ်. OK





ညီမလေးတစ်ယောက် မှ အားလုံးသို့ ...

ကျောင်းဝတ်စုံ          ဂါဝန်ဖြူစိမ်းနဲ့ 
ပန်းသည်မလေး       ငါ့ညီမအရွယ်ကလေးရေ...
 
လိပ်စာနဲ့ တကွ             မန္တလေးက
ဘုရားအမည်ခေါ်          ကုသိုလ်တော်မှာ
ပန်းရောင်းကာသာ        ကျောင်းတက်ရရှာတဲ့
သူ့ ရဲ့မျက်နှာ.......        မြင်ရချိန်မှာ
ဖြာထွက်လာတဲ့...        ငါမျက်ရည်ဟာ
ဒီကဗျာ.............        ဖြစ်လာရုံသာမက....
သမ္မတဆီအထိပါ         တင်ပြလိုက်ချင်တာ။
 
ကျောင်းဝတ်စုံ            ညစ်နွမ်းနွမ်းနဲ့ 
"ပန်း"ဗန်းလေးကို       ခေါင်းပေါ်မှာတင်
လူတွေမြင်ရင်.....       "၀ယ်ပါဦးရှင်" ဆိုတဲ့
မျက်နှာထားလေးနဲ့      သနပ်ခါးလေးက
ချစ်စရာချယ်ထားသေး.....................။
 
ချမ်းအေးတဲ့...            မန္တလေးရဲ့
နံနက်ခင်းလေးမှာ       ဖိနပ်လေးကချွတ်ထားရသေး
မြင်ကွင်းလေးက         အသည်းနာစရာ
အိပ်ချင်ရှာမပေါ့          ဘ၀တွေကကြမ်းလေတော့
ပန်းတွေက.....          သူ့ ဝမ်းစာပေါ့။
 
အတန်းဝင်ရင်           မလန်းရွှင်တဲ့သူ့ မျက်နှာ
ပင်ပန်းရှာမပေါ့...       နားချင်ရှာမပေါ့....
ညစ်ထေးထေးနဲ့         ဂါဝန်လေးမှာ....
စွန်းပေတာတွေ          သူမတွေးနိုင်
ငေးမှိုင်လို့ ......           စာရောလိုက်နိုင်ပါ့မလားနော်.....။
 
စာသင်ပြတဲ့.....                  ဆရာ/ဆရာမမြင်ရင်
ဘယ်လိုအားအင်မျိုးနဲ့           အနားကိုတိုးလို့ အားကိုယ်းရဲမလဲ????
သူကလူဆင်းရဲလေးကိုးးးး      ကျူရှင်ကြေးဟာ မတတ်နိုင်တာ
မေးနေစရာမှမလိုတာ            အတန်းဖော်တွေကျူရှင်ပြေး
ငါညီမအရွယ်ဒီကလေး         ဘယ်နားလေးများရောက်နေရှာမလဲ
တွေးရင်းနဲ့ .......                 မျက်ရည် ရွှဲလာတယ်.........။
 
ကလေးငယ်ငယ်               လမ်းဘေးဈေးသယ်ဘဝ
ရောက်ကြရတာ                အထာတော့မကျဘူးဗျာ
"မင်းနားတစ်ထောင်"ဆို      မကြားသလိုလိုများလုပ်နေကြသလား?????
"တိုင်းသူပြည်သား"            "ရင်ဝယ်သား"ဆို????
မစိုပြေတာတွေ....             မြင်ပါစေဗျာ..
"ဘဘကြီးရာ"                  ဘာဆိုလိုတာသိမှာပါလေ....။
 
တိုင်းပြည်ကြီးက....          ဒီကလေးမနဲ့ 
ထပ်တူကြတဲ့....              ကျောင်းသားကျောင်းသူ
ငယ်ရွယ်သူအားလုံး..       ကုန်းရုန်းပီးကြိုးစားထားတဲ့
ဒီလိုငွေကြေးများကို        နိုင်ငံရဲ့ဘယ်နေရာမှာမှ
အသုံးမချဘူးဗျ......        ကျနော်သမ္မတဆိုရင်ပေါ့လေ။
 
ကျနော်ရိုင်းသွားရင်          ခွင့်လွတ်စေချင်ပါတယ်...
သဘောကိုပြောရာမှာ        အမှားပါတာခွင့်လွတ်ပါ။
 
အရွယ်နဲ့ မမျှ......             ညီမအရွယ်ကလေးငယ်နဲ့ 
ညီငယ်ရင်သွေး...             ဖိုးသားလေးတွေ
လမ်းဘေးစင်္ကြန်              တံတွေ အထွေးခံ 
ရုန်းကန်နေကြရတာ         သနားစရာဆိုတာ
သမ္မတကြီးနဲ့ တကွ          သက်ဆိုင်ရာက
"စာနာကြလို "့......           " မူလတန်းဘ၀"
"ကျောင်းလခကို"            "ပေးရန်မလို"
"ဥပဒေ"ကို......              "ထုတ်ဝေပေးရန်"
"ဘသိန်းစိန်" ထံ             "တောင်းပန်ရိုကျိုး"
"ရှိခိုးလို့ ဆုတောင်း "လိုက်ပါသည်။
 
ဒီကဗျာရဖို့ .....             ပုံနဲ့ တကွတွေမြင်ရလို့ 
လိပ်စာအရ...               လာခဲ့ပါရစေ...
ငါညီမလေးရေ....         
သုံးလလွန်ပီး                 ပြည်ပြန်ခရီးမှာ
ကုသိုလ်တော်ဘုရားမှ     ပန်းသည်မလေး
ငါ့ညီမလေးအရွယ်          ကလေးငယ်လေး
အေးအေးဆေးဆေး       စာသင်နိုင်ရေးတွက်
တစ်နှစ်စာကျောင်းစရိတ်   ချိတ်ပိတ်ပေးဖို့ 
ကျောင်းအုပ်ကြီးသို့        သက်သေတည်လို့ 
ဓာတ်ပုံနဲ့ တကွ             FB မှာပြမည်
အားလုံးကိုသက်သေတည်.......
ကုသိုလ်ယူနိုင်ပါပေသည်။
 
 
 
တာဝန်ရှိသူများလည်း   မေတ္တာထားနိုင်ကြပါစေသတည်း........
    အားလုံးကိုခင်မင်လေးစားလျှက်..........
 
                                              
 
သိုက်ကြီး(ကျောက်ပန်းတောင်း)kpgtheik@gmail.com
 
 
 
 
 


Android ဖုန်အတွက် ပဲနှမ်းစပါး တွက်ချက်ဖို့ Myanmar Unitconverter



ဤ mobile app သည် http://en.wikipedia.org/wiki/Burmese_units_of_measurement

ကို အခြေခံထား၍ offline ဖြင့် အလွယ်တကူ ကြည့်ရှုရန်၊ တွက်ချက်ရန်၊

အသုံးပြုနိုင်စေရန် စီစဉ်ထားခြင်း ဖြစ်သည်။

လက်ရှိ version တွင် အောက်ပါ အမျိုးအစား (၄)မျိုး ပါရှိပါသည်။

(၁) Length - အရှည်အလျှား
(၂) Mass - အလေးချိန်
(၃) Volume - ထုထည်
(၄) Money - ငွေကြေး




Download - mmunitconverter-3-v1.3.apk




Friday, June 7, 2013

Android ဖုန်းအတွက် နှစ် 100 မြန်မာပြက္ခဒိန် Version 2 လေးပါ



MmYear100 သည် Androidphone များ နှင့် tablet များတွင် အခမဲ့ အသုံးပြုနိုင်သော အင်္ဂလိပ်-မြန်မာ နှစ်တစ်ရာပြက္ခဒိန် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း မှီတင်း နေထိုင်ကြကုန်သော မြန်မာနိုင်ငံသားများသာမက၊ ပြည်ပတွင် ပညာသင်နေသူများ၊ အလုပ်လုပ်နေသူများနှင့် အခြေချ နေထိုင်ကြနေသော မြန်မာနိုင်ငံသူ/သားများတို့အတွက်အင်မတန် လွယ်ကူ၍ အသုံးဝင်သော မြန်မာ ပြက္ခဒိန် application ဖြစ်ပါသည်။ အသုံးပြုသူများ၏တောင်းဆိုချက်နှင့် အားပေးမှုများကြောင့် လွန်ခဲ့သော ၂၄ မေလ (ကဆုန်လပြည့်) တွင် ပိုမိုကောင်းမွန်၍ လှပသော MmYear100 2.0 ကို ထပ်မံ ဖြန့်ဝေခဲ့သည်။

မြန်မာ Android ဖုန်းလောကတွင်လူကြိုက်အများဆုံးနှင့် အနှစ်သက်ဆုံး နှစ်တစ်ရာ ပြက္ခဒိန် ဖြစ်ပါသည်။ ခရစ်နှစ် ၁၉၀၁ မှ၂၀၁၆ ထိ ပါဝင်ပြီး၊ အင်္ဂလိပ်နှင့် မြန်မာ သက္ကရာဇ် နှစ်မျိုးစလုံး ပါဝင်သည်။ မြန်မာစာသွင်းထားရန် မလိုဘဲ ချက်ချင်းအသုံးပြုနိုင်သည်။ အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုရန်မလိုအပ်သည့်ပြင်၊ စာလုံး အကြီးအသေးကို ညှိနိုင်ခြင်းကြောင့် အလွန်အဆင်ပြေသည်။ မွေးနေ့ရှာလိုသူများ အင်္ဂလိပ်လို ဖြစ်စေ၊ မြန်မာလို ဖြစ်စေ အလွယ်တကူ အမြန်ဆုံး ရှာဖွေနိုင်သည်။ချစ်သူများအတွက် စိတ်တိုင်းကျ ပုံများကို နောက်ခံထား၍ အသုံးပြုနိုင်ပါသည်။ ရုံးဝန်ထမ်းများအတွက်မြန်မာနိုင်ငံ၏ တရားဝင် ရုံးပိတ်ရက်များကို အလွယ်တကူ ကြည့်နိုင်ပြီး၊ ဥပုတ်သီလ စောင့်တည်လိုသူများအတွက်လပြည့်၊ လကွယ်ကို ကြည့်ရှူ့ရန် အရှင်းလင်းဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။





Download -  mmyear100-2-v2.0.apk



Android ဖုန်းအတွက် မြန်မာလို့ အပေါင်းအနုတ် ဂဏန်းပေါင်းစက်





Download - .မြန်မာအင်္ဂလိပ်ဂဏန်းပေါင်းစက်.apk

Credit - https://www.facebook.com/FelixMyanmar






Tuesday, June 4, 2013

အဖေသို့ စာနာနားလည်ခြင်း...



လူ ထောင် သောင် သိန်း သန်း မက...
အမေအကြောင်း..    ကိုကဗျာစပ်
ကမ ၻာအရပ္ရပ္မွာ    အေမသာ
နံပါတ်တစ်လို .....    အချစ်ပိုနေကြတာ
လူတိုင်းအသိပါ။

ဖခင်ရဲ့ဘက်     တစ်ချက်လှည့်
အမှတ်တမှဲ့ .....     ကျက်သီးဖျန်းသွား
အခမ်းနားဆုံး...     စာသားမျိုးနဲ့ 
မှော်ကွန်းထိုး...      ပြလိုက်မယ်
အရိုးထိအောင်..     စူးနင့်ကြစေသားးးးးးးးးးး။

အိမ်ထောင်ဦးစီး      နေရာယူပီးထဲက
တာဝန်ဆိုတာ...     ခေါင်းပေါ်မှာတင်
တို့ မမြင်နိုင်တဲ့..     တစ်နေရာမှာ
ပင်ပန်းလှစွာ....     ရုန်းကန်လို့ လှုပ်ရှား
အလုပ်များနဲ့ ...     မအားနိုင်တဲ့...အဖေ။

ပူနေတဲ့နေ....        ရွာနေတဲ့မိုရေ..
အေးစက်တဲ့...       ဆောင်းလေ
အေးချင်သလောက်  အေးပါစေ...
ဟိုအဝေး......         တစ်နေရာမှာ
အံကြိတ်ကာခံစား     အပယ်ခံလူသားအဖြစ်နဲ့ လေ....
တွေးလေလေ....      အသည်းထဲမှာနာတယ်....အဖေ။

အမေချက်လို့ ပြုတ်တဲ့   ထမင်းတစ်လုတ်ကို
မြိန်ရှက်စွာ..............   ငါတို့ စားရ
စုတ်ပြတ်နာကျင်ထားတဲ့   အဖေ့ရဲ့လက်ဖ၀ါးပြင်...
ဖူးရောင်ရောင်ကို.........    တစ်ခါလေးတောင်
ပွတ်သတ်ကိုင်တွယ်....      ဆုတ်နယ်ခဲ့ဘူးလား?????။

အလုပ်ကြမ်းလုပ်သား.....   အဖေ့လက်ဖ၀ါးကြားက
သွေးတစ်စက်ဟာ..........   တို့ ဝမ်းစာတွက်...!
တို့ ပညာတွက်............!    အားလုံးအရေးတွက်...!
ထွက်ကျလို့ ပေးတဲ့.......     နှလုံးသွေးဆိုတာ
နားလည်ပါပြီလေ........     ခု..မျက်လုံးအိမ်ထဲ.....     
မိုးတွေသည်းနေပီအဖေ။

အမေပေးတဲ့ ထီးနဲ့ ဖိနပ်    အပူမဟတ်အောင်ကာကွယ်
အမေ၀ယ်လာတဲ့.......      အနွေးထည်ဟာ
ချမ်းအေးတဲ့အခါ.........      အဆင်ပြေစွာဝတ်ထား
သားသားနားနားနဲ့ ပေါ့....  အမေ့နားမှာကပ်လို့ ဖား
"တအား ချစ်တယ် အမေရယ်"လို့   ပြောဖူးကြတယ်မလား??//

ဒီပစ္စည်းတွေ.............      တို့ သုံးနိုင်ဖို့ 
နေပူခံလို့ အလုပ်ကိုလုပ်     စုတ်ပြတ်တဲ့အင်္ကျီသား
ပြတ်တော့မဲ့..............      ဖိနပ်ပါးနဲ့ 
အအေးရဲ့ဒဏ်...........      အံကြိတ်ခံကာ
အိမ်ပြန်လာတဲ့အဖေ့အား    ရေနွေးတစ်ခွက်များ
အဆင်သင့်............        လုပ်ထားပေးဘူးလား????/?/??
ဒီကဗျာကို..........           ဆက်ရေးဖို့ စဉ်းစား
ကိုင်ထားတဲ့ မှင်ဖျားတွေ    တုန်နေပီအဖေ......။


"အမေ" အသက်ပေးလို့ ..    မီးဖွားချိန်မှာ
"အဖေ" ဟာတို့ မမြင်ကွယ်ရာမှာ
အသက်ပေးကာအလုပ်..လုပ်
အဲဒီငွေထုပ်... ဘာလုပ်ဖို့ ဆိုတာ
နားလည်လာပြီလေ.....
ငွေရှာတဲ့အလုပ်      အသက်ပါပြုတ်တာ
မြင်တွေလာချိန်မှာ   စာနာတတ်လာပြီလေ
အချိန်နေရာမရွေး   အသက်ပေးနေရတာ
ကျနော်မြင်သာပါပြီလေ.....  အပြစ်ရှိရင်ကျေပါနော်အဖေ...။



အဖေမှန်သမျှ.....           တာဝန်ကျေပြချင်ပေမဲ့
ဘ၀ရဲ့ကံကြမ္မာ.....         မကောင်းတဲ့အခါ
အရက်ကိုသာအဖော်ပြု    ရင်ကိုထုလို့ မျက်စေ့မှိတ်
အံကြိတ်လို့ မြိုသိပ်.....     တဒိတ်ဒိတ်နဲ့ ခုန်နေရတဲ့
အဖေတချို့ ရဲ့.........        ရင်ခုန်သံမျှော်လင့်ခြင်းမဲ့
အဖြစ်တွေဟာ......          အပြစ်မဆိုသာပေမဲ့

"မင်းတို့ အဖေကအရက်သမား"
"ကြီးပွားတတ်သတဲ့လား???" ဆိုတဲ့
သူစိမ်းတစ်ယာက်ရဲ့       ကဲ့ရဲ့စကား
သမီး/သားနားထဲ          မကြားရဲမဖြစ်ရအောင်
မွဲရင်လဲပြောင်ပြောင်ပဲ    မွဲလိုက်စမ်းပါ
အဖေဖြစ်မဲ့........          ယောက်ျားကောင်းတို့ ရယ်
"အရက်သမားဆိုတဲ့      ဓားအသွားနဲ့ "
"သမီး/သားရဲ့ ......       ရင်အ၀အား"
"မထိုးမိကြပါစေနဲ့         အို....ယောက်ျား"။



အသောက်အစားကိုခင်တွယ်    လူပုံအလယ်မှာနာမည်ဆိုးနဲ့ 
လူတောမတိုးတဲ့မိဘမျိုး          ဘယ်အခါမှမဖြစ်ရအောင်
ပျိုးထောင်သွန်သင်......      
   အပြစ်ကိုမြင်အောင်သင်ပြ
"ဘီလူး" အကနဲ့ ........           အဖေ့ဇာတ်တော်ကြီးဟာ
ခုအခါမှာအသက်ဝင်လာတာမို့     တွေးလေလေ....
ကျေးဇူးကမ္ဘာပါ အဖေ.......။


အပြစ်ရှိလျှက်........   ဆုံးမ မသင်
ပြစ်တင်မဆို.........    ပျော်သလိုထား
ငါ့သမီး/သားက....     လိမ္မာပီးသားလို့ ဆို
ထိုမိဘထက်.......
အပြစ်ရှိရင်.......        ဆုံးမသင်ရုံမက
ရိုက်နှက်ပြခဲ့တဲ့....       အဖေ့ရဲ့လက်အစုံကို
အားရပါးရ..........      နမ်းရှုံ့ ချင်ပါတယ်အဖေ။
အဖေ့ဆုံးမချက်ဟာ     တစ်ဘ၀တာတွက်
အမဲစက်မပါဖို့ ......      လူကြမ်းလုပ်လို့ 
ကပြခဲ့ရသူဟာ.....       အဖေဆိုတာ
နာလည်ပါပြီလေ....   အမှားရှိရင်ခွင့်လွတ်ပါအဖေ။


ပြုံးချိုမျက်နှာထား             ကဲ့ရဲ့စကားနဲ့ 
မဟုတ်မမှန်......              လုပ်ကြံထုတ်ပြ
အချွန်နဲ့ "မ"တတ်ကြတဲ့      လူလောကအလယ်မှာ
ကျင်လယ်စွာကြိုးစား....     ပြတ်သားတဲ့မျက်နှာထားနဲ့ 
ကျရောက်မဲ့အန္တရာယ်       ကာကွယ်ဖို့ ကြိုတင်တွေး
အသက်ပေးဖို့ .........        ၀န်မလေးတဲ့...တို့ ရဲ့အဖေ။

ဆေးလိပ်ဆိုတာအသာထား    မယားအပေါ်သစ္စာမဖောက်
အရက်သောက်ဖို့ ဆိုတာ        ဝေလာဝေး....
မိသားစုအရေး..........          ကြိုလို့ တွေးထား 
လူမှု့ ဘာသာရေးကို             ရှေ့ တန်းမှာတင်
လူရာဝင်အောင်ကြိုးစား        တိုးပွားလာတဲ့စီးပွားတွက်
လှူတန်းဖို့ လက်မနှေးခဲ့        ပညာရေးတွက်သင်ကြားလို့ ပေး
အပြုံးလေးနဲ့ ဆုံးမတတ်        စကားခတ်ပြတ်ပြတ်နဲ့ ဖြေ.....
ချစ်လှစွာသောအဖေ......      အသက်ရှည်လို့ ကျန်းမာပါစေ။


ကံတရားအရအမိအဖ           မစုံကြတဲ့
ဘ၀ကြမ်းနဲ့ .........              ခရီးလမ်းကို
ဖြတ်သန်းရတဲ့......               ညီကိုမောင်နှမ
အားလုံးရဲ့ဘ၀......               ရင်ဖွင့်ပြရရင်
အတောင်ပံကျိုးတဲ့ငှက်          လေအဟုန်ကိုပြန်တက်ဖို့ ဆိုတာ
မလွယ်ကူသလိုပါ......          
အတောင်ပံစုံရင်........           လေအဟုန်မက
ပင်လယ်ကိုဖြတ်သန်း            ဟိုမှာဘက်ကမ်းထိ
သတ္တိရှိရှိ ပျံသန်းရဲတာ           စုံလင်ခြင်းရဲ့ တန်ဖိုးပါ။

အမိအဖမရှိကြလည်း           စိတ်ဓာတ်နဲ့ ကြိုးစား
အမြင့်မြတ်ဆုံးလူသား          ဖြစ်ကြပါစေသားးးးး
 
အိုအမျိုးသားများ......
အမိအဖမရှိကြလည်း           စိတ်ဓာတ်နဲ့ ကြိုးစား
အမြင့်မြတ်ဆုံးလူသား          မွေးထုတ်ဖွာမြင်သွားမဲ့
မိခင်ကြီးများ...........           ဖြစ်ကြပါစေသား
 
အိုအမျိုးသမီးများ......။

ဒီကဗျာကိုဖတ်လျှက်                ဖခင်အတွက်
ရေတစ်ခွက်အား.......                ပြုံးချိုတဲ့မျက်နှာထားနဲ့ 
ကမ်းနိုင်သောသား/ သမီးများ    ဖြစ်ကြပါစေသား....။


  သိုက်ကြီး(ကျောက်ပန်းတောင်း)kpgtheik@gmail.com
 
 
 


ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here