Monday, July 29, 2013

ISP Tracer 3.0 (33 KB)

ဒါကတော့ IP သိရုံနဲ့နေထိုင်တဲ့တိုင်းပြည် လူမျိုး မြို့နယ်...စသည့် စသည့်တို့ကိုပါသိရှိစေနိုင်တဲ့ Software လေးပါ။







Download isp Tracer

Sunday, July 28, 2013

×××××မပြတ်သားတဲ့ ချစ်သူ×××××

×××××မပြတ်သားတဲ့ ချစ်သူ×××××

ငါ့ကိုချစ်တယ်ပြောပြီး

ကုမရတဲ့ဒဏ်ရာတွေပေး

နင်ငါ့အပေါ်ရက်စက်နေလဲ

ငါနင့်အပေါ်ထားတဲ့ မေတ္တာတွေ

မပျောက်ကွယ်သွားပါလား

နင်ပျော်ဖို့အတွက်

ငါ့နှလုံးသားကို

စတေးပေးထားပါတယ်

မပြတ်သားခဲ့တဲ့ နင့်ကို

မုန်းပစ်လိုက်ရမလား

ချစ်သူရယ်......

နင်ငါ့ကို အပြီးပိုင် 

လမ်းခွဲစကားမပြောခဲ့သလို

အပြီးပိုင် နှုတ်မဆက်ခဲ့ပါလား

မဖြစ်နိုင်ဘူးဆိုရင်...

နာကျင်မှု ဒဏ်ရာတွေနဲ့

ဥပက္ခာတွေ ဆက်မပေးပါနဲ့တော့လား

ကောင်မလေးရယ်...။

*M.H.A*


Proshow Gold ဖြင့် Slide Show ပြုလုပ်နည်း (စာအုပ်)


 မိတ်ဆွေတို့အတွက်  ပုံလေးတွေကို ကစားးရတာာဝါသနာပါတယ်ဆိုရင်  သည်နည်းလေးကလန်းးမယ်လို့ ထင်လို့ ပြန်လည် မျှဝေပေးလိုက်ခြင်းပါ  နောက်ခံသီချင်းလေးတွေနဲ့  ဘာဘာညာညာ  လှလှပပလေးတွေ  ကလိကြဖို့  နည်းလမ်းပြထားတဲ့ စာအုပ်ကောင်းးလေးတစ်အုပ်ပါ  
လိုအပ်သူများအောက်မှာ ဒေါင်းယူလေ့လာနိုင်ပါတယ်...
Proshow Gold ဖြင့်  Slide Show  ပြုလုပ်နည်း (စာအုပ်)


အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည် 
www.aungsanmks.blogspot.com 
www.ledimyethar.blogspot.com 
www.ninilayy.com


Saturday, July 27, 2013

Facebook ကို Shortcuts နဲ့သုံးမယ်

ကျနော်တို့ Facebook သုံးတဲ့အခါ Mouse သုံးပြီး ရွှေ့ရတာ ရိုးတယ်..ကြာတယ်ထင်ရင် Shortcuts သုံးလို့ရပါတယ်ဗျ။
ကျနော်လည်း ဒီနေ့မှ သိလို့ ပြန်ရှယ်ပေးလိုက်တာပါ။


Firefox အတွက် Facebook Shortcuts များ

ALT + Shift + M Open a new message
ALT + Shift + ? Go to the Facebook Search
ALT + Shift + 1 Home (News Feed)
ALT + Shift + 2 Your profile page (Your Timeline)
ALT + Shift + 3 Friend requests
ALT + Shift + 4 Messages
ALT + Shift + 5 Notifications
ALT + Shift + 6 Your Account Settings
ALT + Shift + 7 Your Privacy Settings
ALT + Shift + 8 Go to the Facebook page
ALT + Shift + 9 View Facebook Statements and Rights agreement
ALT + Shift + 0 Open Facebook help center


Internet Explorer & Chrome အတွက် Facebook Shortcuts များ

ALT + M Open a new message
ALT + ? Go to the Facebook Search
ALT + 1 Home (News Feed)
ALT + 2 Your profile page (Your Timeline)
ALT + 3 Friend requests
ALT + 4 Messages
ALT + 5 Notifications
ALT + 6 Your Account Settings
ALT + 7 Your Privacy Settings
ALT + 8 Go to the Facebook page
ALT + 9 View Facebook Statements and Rights agreement
ALT + 0 Open Facebook help center


>>နံပါတ်တွေကတောု့keyboard ပေါ်မှာရှိတဲ့ နံပါတ်တွေပဲရတယ်ဗျ...Num Lock နဲ့သုံးရတာ ဆို မရဘူးဗျ<<


*** အချစ်ကို ကစားစရာလို့ထင်သူသို့***

*** အချစ်ကို ကစားစရာလို့ထင်သူသို့***

ငါ့နှလုံးသားလေး ကွဲကြေသွားပါစေ

နင့်ကိုငါချစ်တဲ့အချစ်တွေ

မပျောက်ကွယ်သွားပါဘူး

ငါ့နှလုံးသားထဲမှာ နင်ကလွဲလို့

ဘယ်သူမှမရှိပါဘူး

တစ်ခါတစ်လေ ငါ့မျက်နှာမှာ

အပြုံးတွေရှိနေပေမယ့်...

ငါ့ရင်ထဲမှာ ငိုကြွေးနေတာ

နင်သိပါ့မလား

အပိုစကားတွေမဆိုတတ်ဘူး

နင့်ကိုငါ သိပ်လွမ်းနေတယ်..

ငါနဲ့တွေ့ခိုက် နင့် မာနလေးတွေ

ခွါချထားပေးပါလား ကောင်မလေးရယ်

နင့်လိုအချစ်ကို မကစားတတ်ခဲ့ပေမယ့်

အချစ်ကို တော့ ခံစားတတ်ပါတယ်...

နင်ရက်စက်ခဲ့တာမဟုတ်ပါဘူး

ငါ့နှလုံးသားလေး နူးညံ့လို့ဖြစ်သွားတာပါ

အရူးလို နင့်ကို

လွမ်းနေပေမယ့် နင်ကတော့ ငါ့ကို

မေ့နေပြီ ထင်ပါရဲ့

အချစ်ကို ကစားစရာလို့ထင်ထားတဲ့

နင့်လို မိန်းကလေးနဲ့ နောက်ထပ်တစ်ကြိမ်

ထပ်မတွေ့ပါရစေနဲ့လား။

*M.H.A*


သင်ဘယ်လိုလူလဲ......?????



နည်းပညာဝါ သနာပါလွန်းလို့ 

တည်ထွင်ကြံဆ နည်းလမ်းပြ

တတ်သလောက် မှတ်သလောက်

မသိသေးသူတွေ ခရီးရောက်စေဖို့ 

တီးခေါက်ရေးသားနေသူများကိုတွေ့ ပါက

အပြစ်တင် အပြစ်မြင်ပြီး မရှုံချ မလှောင်ပြောင်ပါနဲ့ 

သင်သာ တကယ်တတ်ကျွမ်းနားလည်သူဆိုခဲ့ရင်

ထောက်ပြဝေဖန် အကြံပေးသနား

လူအများကောင်းစားစေဖို့ ရေးသားလို့ နေပါစေ

သင်ဟာ ပညာသင်တွေအပေါ် ပညာရှင်ကောင်းပီသတဲ့သူ..........။

အင်္ဂလိပ်စာ မတောက်တစ်ခေါက်

မပေါက်မမြောက် အတွေးစကားလေးတွေနဲ့ 

လေ့လာရှာဖွေ ပညာဝေနေသူများတွေ့ ပါက

မလှောင်ပြောင် မရီမောလိုက်ပါနဲ့ ..

သင်သာ ပညာအရည်အချင်း

တကယ်ပြည့်တင်းခဲ့တဲ့သူဆိုရင်

ဖြည့်စွက်ရေးသား အတွေးမမှားစေဖို့ 

သင်ယူပြသ ဖေးမပေးခဲ့ပါ

သင်ဟာ ပညာရှိကောင်း ပီသတဲ့သူ .......................။

 အနုပညာ ဂီတ  ဗီဇမှာပါလာလို့ 

မြေစမ်းခရမ်းပျိုးရင်း ရေးစပ်သီဆိုနေသူတွေ့ ပါက

အပြင်းအထန်ကြီး မတော်တရော် မသရော်မိပါစေနဲ့ .....။

သင်သာ တကယ်သဘောပေါက်

ထိထိရောက်ရောက် စည်းနဲ့ ဝါး တီးခေါက်မိသူဆိုရင်

ထောက်ပြေဝေဖန် အကြံပေး၍

အဆိုတော်အဆိုကျော်ဖြစ်အောင် ကူညီပါ

သင်ဟာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူ....................။

မိတ်ဆွေ အားနေပါသလား

အလကားရတဲ့လေကိုရှုပီး

အားငယ်နေသူကို အားပေးလိုက်ပါ

အပန်းမကြီး အကျိုးစီးပွားမထိခိုက်ဘူးဆိုရင်

ပိုလျှံနေတဲ့ အ၀တ်တွေ မစားလည်းဖြစ်တဲ့ အစားတွေ

အညတရ လူဆင်းရဲတွေကို ပေးကမ်းထောက်ပံ့ပါ

သင်ဟာ စိတ်ရောလူရော ချမ်းသာတော့မယ်လူ

လဲနေသူကိုထူပေးပါ

အားငယ်သူကိုအားပေးပါ

မတတ်သေးသူကို သင်ပေးပါ

တစ်ရယ် နှစ်ရယ်ပေါင်း သုံးဆိုတာ သိခဲ့ရင်

စာမတတ်သူတွေကြားမှာ သင်ဟာဆရာကြီးပါ..................။



မောင်(စွယ်စုံကျမ်း)












အဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာနဲ့ တည်နေတဲ့ မြို့…



“စင်္ကာပူ။” ခြင်္သေ့ဟာ ခြင်္သေ့လိုမနေတဲ့ မြို့။.

လူကိုလူလို့မမြင်တဲ့ လူတွေနဲ့ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်နေတဲ့ မြို့။.

ပလီပလာနိုင်ငံရေးနဲ့ ရေညစ်ကို ပြန်စစ်သောက်နေရတဲ့ မြို့။.

အဖြူကိုမှလူထင်ပြီး ရေတူမြေတူကိုလူလို့မထင်ချင်တဲ့ မြို့။.

ဒီဇင်ဘာကို နှင်းအတုနဲ့ ကြိုရတဲ့ မြို့…။.

ကျောက်ရုပ်လို မျက်နှာပေးတွေ ဆပ်ဝေးထဲမှာ ငိုင်နေလှုပ်နေတဲ့ မြို့။.

သူဌေးနဲ့ အလုပ်သမားကြား ယုံကြည်မှုပျက်ပြားနေတဲ့ မြို့။.

 လင်ဝေးသားဝေးတွေကို ဖုန်းထဲမှာ တွေးပျော်နေတဲ့ မြို့။.

 မြို့ခံလူကြီးတွေ ညစာစားပွဲတောင်မလိုက်ဘူးဆိုပြီး

ကုမ္ပဏီအကြီးကြီးတွေခိုးဖွင့်ထားတဲ့ မြို့။.

လိုမြေတွေအတွက် သူတစ်ပါးဘဝတွေကို ချနင်းမြေဖို့နေတဲ့ မြို့။. .

 အေ၊ ဘီ၊ စီ၊ ဒီ မရေလည်တဲ့ ပါးကွက်ကြားလေးကို

သူနာပြုနဲ့ အိမ်ဖော်လုပ်ဖို့ လိမ်ခေါ်တဲ့ မြို့။.

 ကျေးဇူးကြွေးကို ဘဝပေါင်ပြီးဆပ်မယ့် သားသမီးလင်မယားတွေ

ညညထငိုနေတဲ့မြို့။. သား၊ သမီးနဲ့ ဇနီးလိုတာတွေပို့နိုင်ပြီး

အနမ်းနဲ့ပြုသောအချစ်တွေပြန်မပို့နိုင်တဲ့ မြို့။.

ကိုယ့်အပူကိုယ်သိမ်းပြီး မွေးမြေအပူတွေကို

 ငွေစကြေးစမျက်စိမှိတ်လှူကြတဲ့လူမြတ်တွေရှိတဲ့ မြို့

 နောက်ဆုံးပေါ်ဖုန်းပေါ်မှာမို့ မတ်စိထားခဲ့ပါဆိုတဲ့ မြို့။.

ဘဝမေ့တဲ့ အမျိုးကောင်းသားနဲ့သမီးတွေရှိတဲ့ မြို့။.

အဲဒီမြို့ကို ဆွမ်းတော်တင်ကြည့်ဖူးတယ် အဲဒီကနေ ငါပြန်ခဲ့ရတယ်။

အဲဒီမှာ ငါ့သူငယ်ချင်းတွေ ကျန်ခဲ့တယ်။.

အဲဒီမှာ ငါ့သူငယ်ချင်းတွေရှိတယ်။

အခုအဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာနဲ့ တည်နေတဲ့ မြို့…။.



စိမ်းခက်စိုး



Wednesday, July 24, 2013

♥♫ဟေမာန်သက်သေ♥♫




မြောက်လေငယ် သွေး
နှင်းပန်းတို့ ကြွေ
လေညှင်းဟေမာန်
တိုးဝှေ့ဒဏ်၏
တချက်ပျင်းပျင်း
ရင်တွင်းလှိုက်ဖို
စိမ့်ခနဲအေး
ဟိုအရင် မိုး၏
လက်ကျန်လေညှင်း
သည်ဆောင်းသွင်းလို့
ပို့ခြေပြီ.................။

နံနက်အာရုံ
စွတ်စိုရုံမျှ
မြေမှာခသည့်
နှင်းပွင့် တို့လည်း
ဟေမာန်သက်သေ............
ဆောင်းသက်သေ........။......။


ဘလော့ခရီးသည်

အောင်အောင် (မကစ)
ရင်တွင်းဖြစ်
12/12/2011




☆♥ ဇရာ၏ဒဏ် ☆♥



အများမုန်းစရာပါ့
ခါးကုန်းလို့ ဆံတွေဖြူ...
အသက်ကြီးပြန်တော့   ပျက်စီးမယ့် ကိုယ်ခန္ဓာ
အိုဒဏ်ရာ  ရန်ရှာချက်ရယ်ကြောင့်...
ခွေယိုင်ကာ  နေထိုင်ခက်လှတယ်..
နှောက်ယှက်တဲ့  ဘေးဆိုးးး.........။ .........။
အိုမကြာနားပါလေးရော့မင်ထင့်
အားမပါ  သွားလာနှေးပေါ့ကွယ်
ဝါးတောင်ဝှေး  ဖေးလို့ကူရတယ်
ရှေးငယ်မူ မတူခြားလေပေါ့
များလှတဲ့  ဒုက္ခဇရာ..........။..........။
အရိုးကပဒေသာ...
ထိုဝေဒနာ အနေကြာတော့..
လေအလာကြွေကာသက်ရှာမယ့်..
နွေအခါ  ရော်ဝါရွက်တို့လိုပ
မြေအလွှာ  ခွေကာသက်တော့မည်ထင့်
ချောင်းတဟတ်ဟတ်ကယ်နှင့်...........
အပြောင်းခက်ပါဘိသနဲ့...
အိုကွယ်...................
စောင်းလျှက် မှိတ်မှေး......
မသွေကွယ်.....
ရောက်ခဲ့.......ဇရာဘေး~~~~~~~
အောင်အောင်(မကစ)
အမှတ်တရ ခရစ္စမတ်ညသန်းခေါင်း
ရေးသားခဲ့လေသည်...
မလေးရှား....



ပိုင်ဆိုင်ခွင့် 




နင့်ရင်ခွင်ကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
ငါ့ကိုခဏတာခိုနားခွင့်လေးတော့ပေးပါ

နင့်အနမ်းတွေကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
င့ါကိုခဏတာယစ်မူးခွင့်လေးတော့ပေးပါ

နင့်အပြုံးတွေကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
ခဏတာကြည်နုးခွင့်လေးတော့ပေးပါ

နင့်ဖေးမမှုတွေကတသက်လုံးမဟုတ်ခဲ့ရင်တောင်
ခဏတာအားကိုးမှုလေးတော့ပေးပါ

နင့်ရဲ့နွေးထွေးတဲ့လက်တစုံကင့ါအတွက်မဟုတ်ခဲ့ဘူးဆိုရင်တောင်
ခဏတာနွေးထွေးခြင်းတွေကိုပိုင်ဆိုင်ချင်လို့ဆုပ်ကိုင်ခွင့်လေးပေးပါ

ခဏတာတွေကိုပိုင်ဆိုင်ခွင့်ရဖို့
ဘယ်လောက်ကြာကြာစောင့်ရစောင့်ရ
အဲခဏတာနဲ့တင်င့ါဘ၀ကြီးပြည့်စုံလုံလောက်ပါပြီချစ်သူ.................................

                                                                                                                 (အိအိကျော်ဇင်)


ဆုံနိုင်ခွင့် မဲ့ 






ကံကြမ္မာကရက်စက်လေသမျှ
လည်စင်းခံဖို့ကြိုးစားသော်လည်း
ရင်ထဲမချိခံစားရဘိ


ဝေးရမည်ကိုသိနှင့်သော်လည်း
ပူဆွေးသောကဗျာပါဒနှင့်
ကြေကွဲခံစား
သူသိလေမလား


အချိန်တိုင်းကတို့နှစ်ယောက်အတွက်
အဖိုးတန်လို့


အချိန်လေးတွေပျောက်ဆုံးမသွား
ဆုတောင်းချင်လည်း
ရွေလျားနေတဲ့အချိန်ကို
ရပ်တန့်ဖို့ငါ့မှာ
တန်ခိုးမှမရှိခဲ့တာ


ဆုံနိုင်ခွင့်မဲ့တဲ့ဒို့ဘဝ
ကိုယ်ချင်းစာရင်
နာရီလက်တံလေးရယ်
ခဏလောက်ရပ်ပေးပါလား


ငါတောင်းဆိုချင်လဲ
မဖြစ်နိုင်တော့ပါ
သူလဲကြေကွဲ
ကိုယ်လဲကြေကွဲ
ဒီအချိန်မှာဘယ်လိုဖြေသိမ့်မလဲ....

                                                                 အိအိကျော်ဇင်


Facebook နောက်ဆုံးထွက် Version 3.5 လိုချင်သူများ ဒေါင်းလုပ်ယူလို့ ရပါပီ




Download -Facebook 3.5 - 22 - 7 -2013 Update

Saturday, July 20, 2013

Desktop Icon Toy

မိမိ ကွန်ပြူတာ မှာ ရှိတဲ့ Software တွေကို လှုပ်ခိုင်းမယ်၊ပုံစံတွေပြောင်းခိုင်းမယ်။တော် တော် လန်း တဲ့ Computer Software လေးတစ်ခုပါ။



>>Key ထည့်ဖို့ ကတော့ အောက်မှာ ကျနော် Video တင်ပေးထားပါတယ်ဗျ။<<


>>Video ဒေါင်းရတာအဆင်မပြေတဲ့သူတွေအတွက်ကတော့<<

Step 1 >> Install လုပ်ပါ။
Step 2 >> Install လုပ်ပြီးပါက မိမိ ကွန်ပြူတာ ရဲ့ Start Menu Bar ညာဘက် အောက်ခြေ တွင်                           Desktop Icon Toy's icon ကို ရှာပါ။
Step 3 >> ထို Icon ကို တစ်ချက်နှပ်ပြီး Register Info ထဲတွင် Key ရိုက်ထည့်ပါ။

Key 1 >> Name - Zombie
            Key  - 926889721
                  (or)   
Key 2 >> Name -David
               Key -926889559
Key ရိုက်ပြီးရင် Restart လုပ်ရပါမယ်။

>>Restart လုပ်ရန်<<
Step 4 >> ပြီးရင် Enter ရိုက်လိုက်ပါ။ ထိုနောက့် ထို Icon လေး Right click နှိပ်ပြီး Exit နှိပ်လိုက်ပါ။

Step 5 >> ပြီးရင် Desktop Screen ပေါ် ရှိ Icon ကို ပြန်နှပ်ပြီးပြန်ဖွင့်လိုက်ပါ။

Activate ဖြစ်သွားပါပြီ။
>>Desktop Icon Toy Pro ဖြစ်သွားပါပြီဗျာ<<





ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here