Saturday, July 6, 2013

"ချစ်ဖေ"



*ချစ်သမီး အရွယ်မရောက်ခင်

လောက ကိုနှုတ်ဆက် မိသားစုကိုကျောခိုင်း

မဆုံးနိုင်တဲ. သံသရာခရီးရှည်ကြီး ထွက်ခွာသွားတယ်။

*ဆုံကြုံလာ လောကဓံ ဒဏ်

ခါးစည်းခံကာ ပာန်ကိုယ်.ဖို.၏

စိတ်ကိုတင်း အံကြိတ်ကာမာန်ကိုခဲလို.

ဘ၀ခရီးကို ချစ်သမီး ရှေ.ဆက်ခဲ.တယ်။

*ရှင်သန်ရာ လူ.ဘ၀ထဲ ရုန်းကန်လှုပ်ရှားရင်း

ချစ်ဖေ အတွက်ရယ်လို. ချစ်သမီး

ဖြစ်ဖြစ် မြောက်မြောက် ဒါနရယ် မလုပ်နိုင်ခဲ.ဘူး။

*ထမင်းတလုတ်အတွက် ကြိုးစားရှင်သန်ရင်း

အမောများစွာကြုံဆုံ လာရင်

ချစ်ဖေ သာရှိခဲ.ရင်ဆိုတဲ. အတွေးကိုအခေါက်ပေါင်းများစွာတွေးရင်း

မျက်ရည်တွေ တွေတွေကျလို. ငိုညည်းမိတယ်။

*ချစ်ဖေ ကျေးဇူး ဂုဏ်ရှိန်ဝါကြောင်.

အလုပ်တစ်နေရာရကာ ခုတော.

ချစ်သမီး ရာထူး တခုနဲ. လူရာဝင် မော်ကြွားနိုင်ပြီ ချစ်ဖေ။

*ရာထူး တစ်ခု လက်ဝယ်ရပေမယ်. ချစ်ဖေရယ်

တနေ. နေထွက် တနေ. နေ၀င်

ဒီလူ.ဘ၀ခရီးထဲ ဘ၀ရဲ. ရည်မှန်းချက်ပြည်.၀ဖို.ကို

ချစ်သမီး ကြိုးစားနေဆဲပါ။

*ချစ်ဖေ ကျေးဇူးအထူးအောက်မေ့

အလှူဒါန တခမ်းတနားမပြုနိုင်ခဲ.ပေမယ်.

နိုင်သလောက်ဝန် ဖြူစင်တဲ.လုပ်အားနဲ.

တတ်စွမ်းသလောက် ဒါနပြုကာ အမျှပေးဝေ ပါသည်

ရောက်ရာ အရပ်မှ ချစ်ဖေ ကြားကာ

သာဓု သုံးကြိမ် ခေါ်ဆိုကာဖြင်.

ကောင်းရာမွန်ရာရောက်ပါစေ။ ။

MAYKO


0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here