မိုးအခါမှာ
ကြိုးကြာဟာ……...
ကိုယ့်နေရာ……
ပြန်ရှာကြ……
သူ့ သဘာဝ……
ထုံးစံအရလေ……။
မိုးမကျခင်
ထွန်တုံးနဲ့ ……
ထယ်ကိုပြင်……
နယ်တစ်ခွင်……
လူတစ်စု……
"တောင်သူ" ဟုတွင်……။
ထွန်တုံးနဲ့ ……
ထယ်ကိုပြင်……
နယ်တစ်ခွင်……
လူတစ်စု……
"တောင်သူ" ဟုတွင်……။
ပုဆိုးကို
ခေါင်းမှာပေါင်း……
ခါးထောင်းကို……
ပြောင်အောင်ကြိုက်……
ခေါင်းမှာပေါင်း……
ခါးထောင်းကို……
ပြောင်အောင်ကြိုက်……
လယ်စိုက်မဲ့………
ဖိုးတောင်သူတွေ……
ထွန်ချလို့ မွှေ………
မိုးကာလမို့ လေ……။
ဓလေ့ရယ်
အစဉ်အလာ……
လယ်ကွင်မှာ……
ရေးဖွေးဖွေး……
သီချင်းလေး……
တအေးအေး……
ကန်သင်းဘေး………။
ထွန်ချင်းလေး……
အသာဖြုတ်……
ငုတ်တုတ်နဲ့ ……
ထိုင်ကာစား……
ကြက်သားရယ်……
ငရုပ်သီးထောင်း……
ဗိုက်ဖောင်းအောင်……
အပီဆွဲ………
လက်ရည်တစ်ပြင်တည်း………။
သိုက်ကြီး( ကျောက်ပန်းတောင်း)kpgtheik@gmail.com
ဖိုးတောင်သူတွေ……
ထွန်ချလို့ မွှေ………
မိုးကာလမို့ လေ……။
ဓလေ့ရယ်
အစဉ်အလာ……
လယ်ကွင်မှာ……
ရေးဖွေးဖွေး……
သီချင်းလေး……
တအေးအေး……
ကန်သင်းဘေး………။
ထွန်ချင်းလေး……
အသာဖြုတ်……
ငုတ်တုတ်နဲ့ ……
ထိုင်ကာစား……
ကြက်သားရယ်……
ငရုပ်သီးထောင်း……
ဗိုက်ဖောင်းအောင်……
အပီဆွဲ………
လက်ရည်တစ်ပြင်တည်း………။
သိုက်ကြီး( ကျောက်ပန်းတောင်း)kpgtheik@gmail.com
0 မှတ်ချက်:
Post a Comment