ထန်းသီးလေးကို
... ထန်းလျှက်နဲ့ စား……
ကောင်းသလားမမေးနဲ့ ……
လိုက်ဖက်တဲ့အရသာ……
ညီအစ်ကိုတွေပါ……။
ဒီအပင်ကသီး……
ဒီအပင်ကထွက်……
ထန်းလျှက်တို့ ညီအစ်ကို……
ဒီအချိန်ဆို………
ညိုမဲမဲနဲ့ ……
ကိုထန်းသီးလဲ……
ခွဲလို့ စားဖို့ ……
အသင့်ဖြစ်လို့ နေရော့မယ်……။
အဆန်ကိုလူစား
အခွံကိုနွားကြိုက်……
အကာကို မီးဆိုက်……
တန်လိုက်တဲ့အဖိုး……
သူ့ တန်ခိုးကကြီးသား……။
မှည့်သည့်အဆန်
အရီး စုထား………
ထန်းမြစ်လုပ်စားရတယ်……
ထန်းတစ်သီးက……
ပေးတဲ့တန်ဖိုး……
အမျိုးမျိုးပဲ……
မင်းသိဖို့ ပဲလိုတယ်………။
သိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com
0 မှတ်ချက်:
Post a Comment