Saturday, July 27, 2013

သင်ဘယ်လိုလူလဲ......?????



နည်းပညာဝါ သနာပါလွန်းလို့ 

တည်ထွင်ကြံဆ နည်းလမ်းပြ

တတ်သလောက် မှတ်သလောက်

မသိသေးသူတွေ ခရီးရောက်စေဖို့ 

တီးခေါက်ရေးသားနေသူများကိုတွေ့ ပါက

အပြစ်တင် အပြစ်မြင်ပြီး မရှုံချ မလှောင်ပြောင်ပါနဲ့ 

သင်သာ တကယ်တတ်ကျွမ်းနားလည်သူဆိုခဲ့ရင်

ထောက်ပြဝေဖန် အကြံပေးသနား

လူအများကောင်းစားစေဖို့ ရေးသားလို့ နေပါစေ

သင်ဟာ ပညာသင်တွေအပေါ် ပညာရှင်ကောင်းပီသတဲ့သူ..........။

အင်္ဂလိပ်စာ မတောက်တစ်ခေါက်

မပေါက်မမြောက် အတွေးစကားလေးတွေနဲ့ 

လေ့လာရှာဖွေ ပညာဝေနေသူများတွေ့ ပါက

မလှောင်ပြောင် မရီမောလိုက်ပါနဲ့ ..

သင်သာ ပညာအရည်အချင်း

တကယ်ပြည့်တင်းခဲ့တဲ့သူဆိုရင်

ဖြည့်စွက်ရေးသား အတွေးမမှားစေဖို့ 

သင်ယူပြသ ဖေးမပေးခဲ့ပါ

သင်ဟာ ပညာရှိကောင်း ပီသတဲ့သူ .......................။

 အနုပညာ ဂီတ  ဗီဇမှာပါလာလို့ 

မြေစမ်းခရမ်းပျိုးရင်း ရေးစပ်သီဆိုနေသူတွေ့ ပါက

အပြင်းအထန်ကြီး မတော်တရော် မသရော်မိပါစေနဲ့ .....။

သင်သာ တကယ်သဘောပေါက်

ထိထိရောက်ရောက် စည်းနဲ့ ဝါး တီးခေါက်မိသူဆိုရင်

ထောက်ပြေဝေဖန် အကြံပေး၍

အဆိုတော်အဆိုကျော်ဖြစ်အောင် ကူညီပါ

သင်ဟာ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူ....................။

မိတ်ဆွေ အားနေပါသလား

အလကားရတဲ့လေကိုရှုပီး

အားငယ်နေသူကို အားပေးလိုက်ပါ

အပန်းမကြီး အကျိုးစီးပွားမထိခိုက်ဘူးဆိုရင်

ပိုလျှံနေတဲ့ အ၀တ်တွေ မစားလည်းဖြစ်တဲ့ အစားတွေ

အညတရ လူဆင်းရဲတွေကို ပေးကမ်းထောက်ပံ့ပါ

သင်ဟာ စိတ်ရောလူရော ချမ်းသာတော့မယ်လူ

လဲနေသူကိုထူပေးပါ

အားငယ်သူကိုအားပေးပါ

မတတ်သေးသူကို သင်ပေးပါ

တစ်ရယ် နှစ်ရယ်ပေါင်း သုံးဆိုတာ သိခဲ့ရင်

စာမတတ်သူတွေကြားမှာ သင်ဟာဆရာကြီးပါ..................။



မောင်(စွယ်စုံကျမ်း)












3 မှတ်ချက်:

Unknown said...

I like your poem very much.

Unknown said...

I like your poem very much.

Unknown said...

လဲနေသူကိုထူပေးပါ

အားငယ်သူကိုအားပေးပါ

မတတ်သေးသူကို သင်ပေးပါ

တစ်ရယ် နှစ်ရယ်ပေါင်း သုံးဆိုတာ သိခဲ့ရင်

စာမတတ်သူတွေကြားမှာ သင်ဟာဆရာကြီးပါ..................။
:)

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here