Thursday, August 29, 2013

Icon Arrow Remover (Windows Vista/7/8 32-Bit & 64-Bit)


ကွန်ပြူတာတိုင်းရဲ့ Screen မှာရှိနေတဲ့ Icon တိုင်းမှာ မြှား(Arrow) လေးတွေ ရှိနေပါတယ်။ အဲလိုမြှားလေး တွေ ရှိနေတော့ ကြည့်လို့မလှ ဘူးဖြစ်နေ ပါတယ်။ အဲဒီမြှားလေးတွေဖျောက် ချင်ရင် ဒီဆော့ဝဲလေးကို သုံးပါ။ Screen က Icon တိုင်းမှာဘာမြှားမှမရှိဘဲ ကြည့်လို့ကောင်းသွားပါလိမ့်မယ်။

Windows Vista,7, နဲ့ 8 တို့အတွက် အသုံးပြုနိုင်ပါတယ်။

မိမိ System အတိုင် 32-bit(x86) (or) 64-Bit ကိုအင်စတောလုပ်ပါ။ ပုံမှာပြထားတဲ့အတိုင်း No Arrow ကိုကလစ်ပါ ။မြှားအားလုံးပျောက်သွားပါလိမ့်မယ်။
စိတ်ဝင်စားရင် အောက်ကလင့် မှာ ရယူနိုင်ပါတယ်....။

 >>>>>Download Now<<<<<
အားလုံးအဆင်ပြေပါစေ.......။


Tuesday, August 27, 2013

စစ်သားတစ်ယောက်ရဲ့ ခံစားချက်

စစ်သားတစ်ယောက်ရဲ့ ခံစားချက်
==================

မွေးရပ်မြေကို စွန့်ခွာ

မိသားစုကို ချန်ကာထား

တိုင်းပြည်အတွက် အသက်စွန့်

အနာဂတ် ဆိုတာ ဘယ်မှာမှန်းမသိ

ဘယ်ချိန် သေမှာလဲ ဆိုပြီး

တွေးကြောက်နေရတဲ့ အဖြစ် တစ်မျိုး

သူတို့ဘဝကို မစာနာတဲ့ လူတစ်ချို့

ပြောခံရတာကို အမြဲခံရတတ်သူတွေ

ရဲရဲရင့်ရင့် စစ်ပွဲမှာ တိုက်ခိုက်နေလဲ

ဒဏ်ရာရသွားလို့ အိမ်မပြန်နိုင်မှာ

ကြောက်မိတာလဲ သူတို့စစ်သားပါပဲ

ည အိပ်တဲ့ အချိန် တိုင်း

မိဘ၊ အိမ် နှင့် အပေါင်းသင်းတွေကို

သတိရလျှက်နဲ့ သူတို့ သတိရတိုင်း

စာလေးတွေပေးပို့လို့ သူတို့ခမျှာ

မွေးရပ်မြေကို သတိရတိုင်းလဲ

ပြန်လို့ မရတာ သူတို့စစ်သားတွေပါ။

မှတ်ချက်။ ။ စိတ်ကူးနဲ့ တွေးရေးသည် ရေးတတ်ရင် ဒီထက်ကောင်းအောင် ရေးချင်ပါတယ် စစ်သားတွေဟာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အသက်စွန့်ရသူတွေပါပဲ သူတို့လဲ မွေးရပ်မြေနဲ့ မိဘတွေကို လွမ်းတတ်တဲ့သူတွေပါပဲ။

မိုးထက်အာကာ
*M.H.A*

Saturday, August 24, 2013

မှားဖျက်မိတဲ့ File တွေ အတွက် Recuva ရှိတယ်။

တစ်ခါတစ်လေ ကွန်ပြူတာ မှာ ကိုယ် မဖျက်ချင်ဘဲ..မှားပြီး ဖျက်လိုက်တာမျိုး...တယောက်ယောက် ယူ ကလိ ပြီး မှား ဖျက်လိုက်တာ မျိုး..အမျိုးမျိုးသော အကြောင်းအရာကြောင့် ကို့ အရေးကြီး Data တွေ ပျောက်ဆုံး သွားခဲ့သည် ရှိသော်....
Recuva ဆိုတဲ့ Software လေးနဲ့ ပြန်ယူ လို့ရပါတယ်ဗျ။

သူစီ ကနေ ဘာတွေ ပြန်ရနိုင်လည်းဆိုတော့ က 


-ဓာတ်ပုံတွေ
-သီးချင်းတွေ
-Documents တွေ
-ဗွီဒီယို တွေ 
-Compressed File တွေ
-Emails တွေ နဲ့ အခြား Filesတော်တော် များများကို ပြန်လည် ရယူနိုင်မယ့် Software ကောင်းလေးပါ။

ဖိုင် ဆိုဒ် ကလည်း 4 MB ပဲရှိပါတယ်ဗျ။ အသုံးလိုမယ်ထင်ရင် အောက်မှာ ရယူ နိုင်ပါတယ် ခင်ဗျာ။



Flower Flash Effectများ ဒေါင်းရန် (Flash Song သမားတွေ ဖလက်ပုံအလန်းလေးတွေ ဒေါင်းရန်)




ဖလက်သီချင်းဖန်တီးနေတဲ့ ကိုကို မမတို့ အတွက် ဖလက်ပုံ အလန်းလေးတွေ ကို ကိုသူရိန်လင်း ဆိုဒ် ကနေကျနော် မလာပါတယ်။ ဒီလင့် ကနေ ၀င်ဒေါင်းလိုက်ပါ။ ပုံမှာမျှားပြထားတဲ့ နေရာကနေတခုချင်း ကလစ်ပြီး စိတ်ကြိုက်ဒေါင်းနိုင်ပါပြီနော်။ အားလုံး ဖလက်ပုံ ၅၀ တင်ထားပါတယ်။ ကဲ ချစ်သူငယ်ချင်းများ စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။ အခုလို ဖလက်ပုံတွေ အပင်ပန်းခံပြီးတင်ပေးတဲ့ဘော်ဘော်ကြီး ကိုသူရိန်လင်း ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း အနော်ဒီနေရာကနေ ပြောလိုက်ပါတယ်ဗျာ။ Flash Song နဲ့ ပတ်သက်တဲ့ နည်းပညာတွေ လေးလာချင်တဲ့သူငယ်ချင်းများ http://itwebcrazyboy.blogspot.com မှာ သွားလေ့လာနိုင်ပါတယ်။ ဖလက်နည်းပညာတွေတော်တော်လေးကို စုံပါတယ်။

အားလုံးအဆင်ပြေပါစေ.....။


Thursday, August 22, 2013

Pou အကောင်မွေးတဲ့ ဂိမ်း Latest Version


အကောင်မွေးတဲ့ ဂိမ်းလေးပါ။ Pou ဆိုရင် အထူး တလည် မိတ်ဆက်ပေး စရာမလိုဘူး ထင်တယ်ဗျ။

Latest version လေးပါ။




ခင်ဗျားတို့ ရော 25 ကျော်နေပီလား...???? ( ရင်ဘတ်ချင်းတူသူများသို့ )



တိုင်းပြည်ခေါင်းဆောင်တွေအသုံးမကျ

အရှုံးပြလို့ မွဲနေတာလို့ ပြောနေမယ့်အစား

ကျနော်တို့  တတ်နိုင်တဲ့ဘက်က လုပ်ကြည့်ကြရအောင်

ဒီလို..မနေခဲ့...မသင်ခဲ့.......မသိခဲ့ဘူး...တကယ်ပြောတာ.

ကျနော်မြင်အောင်လည်း မကြည့်ခဲ့ဖူးဘူး ။

25 မကျော်ခင်အထိတော့ ချစ်သူကို

ရွှေနန်းထက်မှာထားချင်တဲ့လူ တွေထဲက

သာမာန်လူတစ်ယောက်ပါပဲဗျာ

အခုတော့ မြင်တတ်ပီ ကြည့်တတ်ပီ

သိတတ်လာပီ တော်ပါသေးတယ်

မသေသေးလို့ .... သေခါနီးမဟုတ်လို့ 

ကံကောင်လေးစွ ကျနော့်အသွေးသားတွေ

သန်မာသွက်လက်တုံး ။ ဒီနေ့ ကစပြီး  စားဖို့ ရှာမယ်

 ကြွားဖို့ မဟုတ်ဘူး ။ မစားလည်း ဖြစ် မသုံးလည်းရ

မ၀ယ်လည်း အဆင်ပြေမယ့် ငွေတွေထဲကနေ

ကျနော်တို့ ဖြစ်အောင် အကျိုးကြီးအောင်လှုမယ်

သေချာတယ်နော် ဒီအလှုငွေဟာ အေးဆေး

သိပ်သေချာတယ် ဒီငွေကြောင့် ကျနော်ထူးပီး မမွဲဘူး

မေတ္တာရေတစ်ပေါက် မသောက်လောက်တာအမှန်ပဲ

တစ်ယောက် တစ်ပေါက်ဆို သောက်လောက်ပါတယ်

ခမ်းခြောက်နေတဲ့ သူတို့ ဘ၀တွေအတွက် ရေကြည်တစ်ပေါက်ပေါ့

မျှဝေခြင်းဟာ ရှင်သန်းခြင်း အစစ်ပဲ

အဲ့ဒါကိုသိ  ဘာအားဆေးမှ မလိုတော့ဘူး

ကျနော်အသွေးသားတွေ သစ်လွင်လန်းဆန်း

အမြဲတမ်း ဖလမ်းဖလမ်းထနေတော့မှာ ..

ခင်ဗျားတို့ ရော 25 ကျော်နေပီလား...????


Composed by မောင် ( စွယ်စုံကျမ်း )






Wednesday, August 21, 2013

Zedge apk (2 MB )


သူက ကျနော်တို့Android  ဖုန်းတွေ အတွက် Wallpaper,Live Wallpapers,Ringtones, စတဲ့ အရာတွေကို တစ်စု တဝေးတည်းရရှိနိုင်မယ့် နေရာဖြစ်ပါတယ်ဗျ။ နောက် သူ မှာ ပါတဲ့ Wallpaper  တွေကလည်း HD တွေမို့လို့...တော်တော်လေး လန်းတယ်ဗျ။

နောက် တစ်ခု က Rigntones   တွေဆိုရင်လည်း မဒေါင်းခင် မြည်းကြည့်လို့ရပါတယ်သေးတယ်ဗျ။:P


နောက်တစ်ခုပြောဖို့ မေ့သွားတယ် သူ မှာ ဂိမ်းလေးတွေလည်း ရှိသေးတယ်ဗျ။




ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here