တိုင်းပြည်ခေါင်းဆောင်တွေအသုံးမကျ
အရှုံးပြလို့ မွဲနေတာလို့ ပြောနေမယ့်အစား
ကျနော်တို့  တတ်နိုင်တဲ့ဘက်က လုပ်ကြည့်ကြရအောင်
ဒီလို..မနေခဲ့...မသင်ခဲ့.......မသိခဲ့ဘူး...တကယ်ပြောတာ.
ကျနော်မြင်အောင်လည်း မကြည့်ခဲ့ဖူးဘူး ။
25 မကျော်ခင်အထိတော့ ချစ်သူကို
ရွှေနန်းထက်မှာထားချင်တဲ့လူ တွေထဲက
သာမာန်လူတစ်ယောက်ပါပဲဗျာ
အခုတော့ မြင်တတ်ပီ ကြည့်တတ်ပီ
သိတတ်လာပီ တော်ပါသေးတယ်
မသေသေးလို့ .... သေခါနီးမဟုတ်လို့ 
ကံကောင်လေးစွ ကျနော့်အသွေးသားတွေ
သန်မာသွက်လက်တုံး ။ ဒီနေ့ ကစပြီး စားဖို့ ရှာမယ်
ကြွားဖို့ မဟုတ်ဘူး ။ မစားလည်း ဖြစ် မသုံးလည်းရ
မ၀ယ်လည်း အဆင်ပြေမယ့် ငွေတွေထဲကနေ
ကျနော်တို့ ဖြစ်အောင် အကျိုးကြီးအောင်လှုမယ်
သေချာတယ်နော် ဒီအလှုငွေဟာ အေးဆေး
သိပ်သေချာတယ် ဒီငွေကြောင့် ကျနော်ထူးပီး မမွဲဘူး
မေတ္တာရေတစ်ပေါက် မသောက်လောက်တာအမှန်ပဲ
တစ်ယောက် တစ်ပေါက်ဆို သောက်လောက်ပါတယ်
ခမ်းခြောက်နေတဲ့ သူတို့ ဘ၀တွေအတွက် ရေကြည်တစ်ပေါက်ပေါ့
မျှဝေခြင်းဟာ ရှင်သန်းခြင်း အစစ်ပဲ
အဲ့ဒါကိုသိ ဘာအားဆေးမှ မလိုတော့ဘူး
ကျနော်အသွေးသားတွေ သစ်လွင်လန်းဆန်း
အမြဲတမ်း ဖလမ်းဖလမ်းထနေတော့မှာ ..
ခင်ဗျားတို့ ရော 25 ကျော်နေပီလား...????
Composed by မောင် ( စွယ်စုံကျမ်း )
2 မှတ်ချက်:
မကျော်သေးပါဘူး ပြည့်တောင်မပြည့်သေးဘူး ဒါပေမယ့် မြင်တတ်နေပါပြီ :) နိုင်သလောက် ကူနေပါတယ် လက်လှမ်းမီသလောက်ပေါ့နော်
25 ပါပဲ ဒါပေမယ့်လုပ်နေပါတယ်။ နည်းတော့နည်းသေးတယ် တတ်နိုင်သလောက် ပေါ့ ။
Post a Comment