ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

Live TV HD ( Astro မှ လွင့်သော လိုင်းပေါင်း ၁၀၀ ကျော်ကို Andriod ဖုန်းတွင် ကြည့်နိုင်ပါပြီ )



ဒီနေ့ သူငယ်ချင်းများကို Andriod ဆောဝဲတခုနဲ့ မိတ်ဆက်ပါတယ်။ Live TV ဆောဝဲလေးပါ။ အင်တာနက် လေး ရှိရုံလေးနဲ့ Astro မှ လိုင်းပေါင်း ၁၀၀ ကျော်ကို အဆင်ပြေပြေနဲ့ ကြည့်နိုင်ပါတယ်။ အနိမ့်ဆုံး 3G လိုင်းလောက်မှ အဆင်ပြေမှာပါ။ လိုင်းတွေကတော့ တော်တော်လေး စုံပါတယ်။ ဘော်လုံးပွဲ ၀ါဒနာပါသမားတွေ လည်း အဆင်ပြေပါတယ် ။

နာမည်ကြီး လူကြိုက်များသော လိုင်းတွေဖြစ်တဲ့ HBO, AXN, Star Movies, ZEE, Discovery, Support, အစရှိတဲ့ လိုင်း Channel တွေအပြင် နိုင်ငံပေါင်းစုံက လိုင်းတွေလည်း ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။ အခု လက်ရှိကျနော် သုံးနေတဲ့ App လေးဖြစ်ပါတယ်။ Error တတ်ခြင်း ၉၀ ရာခိုင်နှုန်း မရှိပါ။ အဆင်ပြေပြေနဲ့ ကြည့်နိုင်ပါမည်။

ဝမ်းနည်းစွာဖြင့် နိုင်ငံပေါင်းစုံအတွင်းမှ မြန်မာနိုင်ငံ မရပါဗျာ ။ မြန်မာလိုင်း ကြည့်ချင်ရင်တော့ ဒီလင့်မှာ ၀င်ယူလိုက်ပါ။ MRTV နဲ့ မြ၀တီ(MWD) နှစ်လိုင်းရပါတယ်။ အခုတင်ပေးလိုက်တဲ့ Live TV HD ကတော့ Andriod Version 2.2 အထက်တွေမှာ အဆင်ပြေပါတယ်။ စိတ်ဝင်စားရင်တော့ အောက်ကလင့်မှာ စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ ဗျာ။


 App Screenshoots


 အားလုံးအဆင်ပြေပါစေ.......။


Mojosoft BusinessCards MX 4.89 For All Win 87 MB

ဒါကတော့ လိပ်စာကတ် အလုပ်ကတ် စသည်ဖြင့် ကတ်ပေါင်းစုံလုပ်ဖို့အတွက်
ဒီဇိုင်းအစုံအလင်ကိုပါရှိပါတယ် လိုအပ်သူများကတော့ ဒေါင်းထားပေါ့ 

Dwonload>>>>mirrorcreator (or)zippyshare


Driver Pack Solution Professional 13 R-380 DVD ISO (4.36 Gb)


C Box ကရော Email ကပါ တောင်းဆိုထားကြတဲ့ ညီငယ်များနဲ့ မိတ်ဆွေများအတွက် ကျွန်တော်လဲ ကြိုးစားပြီး Driver Pack Solution Professional 13 ကို တင်ပေးလိုက်ပါပြီဗျာ။ (လက်ရှိ ကျွန်တော် သုံးနေတဲ့ အင်တာနက်က 12 Mb ဆိုပေမဲ့ တခါတလေ အပြည့်အဝမလာ တော့ ဒီ Driver Pack ကို ၂-ရက်နီးပါး ကြိုးစာပြီးတင်ရပါတယ်။ 

ဒီထက်မြန်တဲ့ 25 Mb,1 Gb အင်တာနက် ကို သုံးနိုင်ဖို့ ဆုတောင်းပေးပါ။) ။ ဖိုင်ဆိုဒ်က 4.36 GB ရှိတာမို့ RAR ဖိုင် (၈)ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။ အရင်တလောက တင်လိုက်တဲ့ Driver Pack က Windows 7 တခုထဲသုံးလို့ရတာပါ။ အခုတင်လိုက်တဲ့ Driver Pack Solution 13 က Windows XP/Vista/7/8 အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။

 ဒီဆော့ဝဲကို အင်စတောပြီးရင် နောက်ထပ်ဘာ Driver မှ ထပ်ထည့်စရာ မလိုတော့ပါ။ အားလုံး ပြည့်စုံ သွားမှာ ဖြစ်ပါတယ်။ ဖိုင် (၈)ဖိုင်လုံးဒေါင်လုပ်ယူပြီး  WinRAR နဲ့ Extract လုပ်ပါ။ ISO ဖိုင် တဖိုင်ထဲ ပြန်ရပါမယ်။ ၎င်း ISO ဖိုင်ကို DVD မှာ Burn လုပ်၍ဖြစ်စေ၊ Mount(Extract) လုပ်၍ဖြစ်စေ အင်စတော လုပ်နိုင်ပါပြီ။

စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။


 အားလုံးအဆင်ပြေပါစေ.......။


Google Earth Pro 7.1.2.2019 +Portable (25+42 MB)

Google Earth  အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
ဗားရှင်း အသစ်မျာ ဓာတ်ပုံတွေလည်းအရင်ကထက် တော်တော်စုံလာပါတယ်
Portable ဗားရှင်းနဲ့ setup ဗားရှင်း နှစ်မျိုးလုံးတင်ပေးထားပါတယ်
ကိုယ်နှစ်သက်ရာကို ရွှေးပြီး အသုံးပြုနိင်ပါတယ် ခင်ဗျာ အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူုနိုင်ပါတယ်
Setup Download>>>>mirrorcreator (or)zippyshare
Portable Download>>>>mirrorcreator (or)zippyshare
လိုင်စင်အတွက် Patch ဖိုင်လေး ထည့်ပေးထားပါတယ် 


အဖြည့်ခံ ~~~~~~

သူကျွန်တော့်ကို `အရမ်းလွမ်းတယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်လွမ်းတတ်ခဲ့မယ်ဆိုရင် ဖုန်းလေးတခါလောက်ဖြစ်ဖြစ် sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ် မဖြစ်မနေပို့ပေးပြီး အရမ်းသတိရကြောင်းပြောပြမိမှာပါ……
သူကျွန်တော့်ကို `စိုးရိမ်ပြီးစိတ်ပူတယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်စိတ်ပူတတ်ခဲ့မယ်ဆိုရင် ကျွန်တော်နေမကောင်းဖြစ်တဲ့အခိုက် ဖုန်းလေးတခါလောက်ဖြစ်ဖြစ် sms တိုလေးတကြောင်းလောက်ဖြစ်ဖြစ် မဖြစ်မနေပို့ပေးပြီး ဆေးသောက်ပြီး ဆေးခန်းသွားဖို့ နှိုးဆော်နေမှာပါ……
သူကျွန်တော့်ကို `အရမ်းချစ်တယ်´လို့ပြောတိုင်း ကျွန်တော်ငိုချင်တယ်……
သူသာတကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ ကြင်နာယုယမှုတွေကို ဥပက္ခာပြုထားမှာမဟုတ်ဘူး……
ကျွန်တော်စိုးရိမ် စိတ်ပူလို့ ဂရုတစိုက်နဲ့ ပြောတဲ့စကားတွေကို သူမျက်နှာလွှဲခဲပစ် လုပ်ရက်မှာမဟုတ်ဘူး……
ချစ်သူရယ်…… နင်တကယ်မချစ်ဘူးဆိုတာသိရက်နဲ့ ငါ့ရဲ့တဖက်သတ်အချစ်တွေက နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့ကို သတိမရဘူးဆိုတာသိရက်နဲ့ ငါ့အတွေးစိတ်ကူးတွေက နင်မှနင်ဖြစ်နေတယ်……
နင်တကယ်ငါ့အတွက် မသိတတ်ဘူးဆိုတာသိရက်နဲ့ နင့်အတွက်စိုးရိမ်သောကဖြစ်နေတယ်……
ငါ့ရဲ့ဝဋ်ကြွေးတွေက အတွေးသံသရာမှာတောင် အမှောင်ချရင်း အလင်းမမြင်သေးတဲ့ငါ့အနာဂတ်ကို နင့်မေတ္တာတချို့နဲ့လှော်ခတ်သွားပါရစေ……

လွှမ်းဝေအောင် (ရေနံချောင်း)




Corel Videostudio Pro X6 + Keygen ( ဗီဒီယို တည်းဖြတ်တဲ့ ဆောဝဲလေးပါ )


Corel Videostudio Pro X6 ကတော့ Video တည်းဖြတ်သမားတွေအတွက် အရမ်း အသုံးဝင်မှာပါ။ လုပ်ဆောင်ချက်တွေ အရမ်းကိုမြန်ပါတယ်။ အဆင့်မြင့် Video Editing ဆောဝဲ ဆိုလည်း မမှားပါဘူး။ Video တွေကိုဖြတ်ညှပ်ကတ် လုပ်တာ၊ Transition Effects ထည့်တာ၊ စာတန်းထိုးတာ၊ Background Music ထည့်တာ၊ Size လျှော့ချတာ၊ စတဲ့ လုပ်ဆောင်ချက်များစွာကို ပေါ့ပေါ့ပါးပါးနဲ့ လုပ်ဆောင်နိုင်ပါ တယ်။

ဖိုင်ဆိုဒ်က 1.31GB တောင်ဆိုတော့ ကျနော်ကိုယ်တိုင် Uplode တင်ဖို့အခက် ခဲဖြစ်နေပါ တယ်။ ဒေါင်းလင့် ကိုတော့ မူရင်း ကနေ သယ်လာထားပါတယ်။ Keygan ကိုတော့ တင်ပေး ထားပါတယ်။ ဆောဝဲလ် ကိုဒေါင်းပြီးရင် Keygan ထဲက Key ကိုထည့် ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။ Video တည်းဖြတ်လို့ ကောင်းပြီး တကယ်ပေါ့ပါး တဲ့ဆောဝဲလေးပါ။ အောက်ကလင့် မှာဒေါင်းယူနိုင်ပါပြီ။


>>>>>Download Corel Videostudio Pro X6<<<<<

အားလုံးအဆင်ပြေပါစေ.......။


နောက်ဆုံးလက်ဆောင်


'' ဒီနေ့ ---- 
ငါ့အခန်းနံရံမှာ 
ကပ်ထားတဲ့ 
နင့်ဓါတ်ပုံလေးကို 
ငါ ပြန်ခွာလိုက်တယ် -------

ခဏ ခဏ ကြည့်မိတဲ့
ငါတို့နှစ်ယောက်ရဲ့
ဓါတ်ပုံ Album လေးလည်း
သေတ္တာ အောက်ဆုံး အကန့်မှာ
အပြီးသတ် သော့ခပ် သိမ်းလိုက်တယ် -----

ရေခြားမြေခြားမှာ
နင် အန္တရာယ်ကင်းဖို့အတွက် ညှပ်ထားမိတဲ့
ပရိတ်ကြီး (၁၁)သုတ် စာအုပ်ကြားထဲက
နင့်လိုင်စင်ဓါတ်ပုံလေးကိုတော့
ငါဖယ်ဖို့ လက်တွန့်နေတုန်းပဲ ------

နင်လက်ဆောင်ပေးခဲ့ဖူးတဲ့
ခရမ်းရောင် ခေါင်းစည်းလေးတွေလဲ
ပိုင်ရှင်မဲ့ခဲ့တာကြာပေါ့ဟာ -----


ငါ့ရင်ထဲက နင့်ကိုထွက်ခွာဖို့
ဥသြ ဆွဲနေပေမယ့်
ထောင့်တနေရာမှာ
နင်ကပ်နေတုန်းပဲ ----


(တချိန်က)ချစ်သူရေ ---
''ဝဋ်'' ဆိုတာ လည်တက်သတဲ့
နင်ထားခဲ့ခြင်းဟာ
ငါ ''ဝဋ်'' လည်တာဆိုရင် ----
ငါ့ကိုထားခဲ့တဲ့အတွက်တော့
နင် တန်ပြန် ''ဝဋ်'' မလည်ပါစေနဲ့ ----
အဲဒါ --- ငါနင့်အတွက်နောက်ဆုံး
ပေးနိုင်တဲ့ ''လက်ဆောင်'' 
ဆုတောင်းစကားပါ ------ ''

စိမ့်စိမ့် (တောင်ကြီး)




TeamViewer for Remote Control (For Andriod Phone)



အခုတင်ပေးလိုက်တဲ့ TeamViewer ကတော့ Andriod ဖုန်းတွေအတွက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကတော့ ဒီလင့်မှာ ကွန်ပြုတာအတွက်တင်ထားတုန်းက ရှင်းပြထားပါတယ်။ ကို့ဖုန်းကနေ တဖက်က ဖုန်း ဒါမှမဟုတ် ကွန်ပြူတာတခုခုဆီကို အင်တာနက်လိုင်းရှိရုံလေးနဲ့ ၀င် ပြီး ပြုပြပေး လည်းရ, ၀င်မွှေလည်းရ ပါတယ်။ ကို့ဖုန်းကနေတဖက်က ID နဲ့ Pass လေး ပေးရုံလေးနဲ့ ကိုယ်က၀င်နိုင်မှာဖြစ်ပါတယ်။

အရမ်းလည်းအသုံးဝင်ပါတယ်။ ဘယ်လောက်ဝေးဝေး ID နဲ့ Pass ရုံလေးနဲ့ Remote Control လုပ်နိုင် မှာဖြစ်ပါတယ်။ ကျနော်ရှင်းပြတာ နားမလည်သေးဘူးဆိုရင် အောက်မှာ Video ဖိုင် တင်ထားပါတယ် နမူနာ ကြည့်လိုက်ပါ။ သဘောက်ပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတယောက် တောင်းတာ နဲ့ တင်ပေးလိုက်တာပါ။

နောက်ဆုံးထွက်လေးကို တင်ပေးလိုက်ပါတယ်။ Version က v8.0.1298 ဖြစ်ပါတယ်။ Andriod Version 2.1 အထက် ရှိတဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားရင်တော့ ဆောဝဲကို အောက်ကလင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။


TeamViewer for Remote Control ရဲ့ အသုံးဝင်ပုံ Video ဖိုင်နမူနာလေးကို ဒီမှာကလစ် ပြီး ကြည့်နိုင် ပါတယ်။

အားလုံးအဆင်ပြေပါစေ.......။


Your Uninstaller Pro v7.5.2 For All Win

Your Uninstalle အသုံးပြုသူတွေအတွက်  Update လေးတွေ့လို့ 
 ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ
သူကတော့ တော်တော်တော်များသိကြမှာပါ   မလိုအပ်တဲ့ ပရိုဂရမ်တွေကို ဖြုတ်တဲ့နေရာမှာအသုံးပြုပါတယ်
ကျွန်တော်အကြိုက်ဆုံးပါဘဲ သူက ကလစ်တစ်ချက်ထဲနဲ့ ကိုယ်ကြိုက်တာ ဖြုတ်လို့ရပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator(or)zippyshare

Install လုပ်တဲ့အချိန်ကစပြီး လိုင်စင်ထည့်တဲ့အချိန်ထိ အင်တာနက်လေးပိတ်ထားပါ


သူတို့ မသိကြလို့ ပါ



မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

- အခုအချိန်မှာ
ကျွန်မ အသံကို မောင်မကြားချင်တော့ပေမယ့်
တချိန်က ကျွန်မအသံကို ကြားချင်လို့
မောင် ph တွေအကြိမ်ကြိမ် ဆက်ခဲ့ဖူးတယ်
ဆိုတာကိုလေ -----

- အခုချိန်မှာ
ဆုတောင်း
မပြည့်တော့ပေမယ့်
တချိန်က
ပုဂံဘုရားတိုင်းမှာ ကျွန်မတို့အတူတူ
လက်တွဲခွင့်ရဖို့
ဆုတွေအတူတူ
တောင်းခဲ့ဖူးတာကိုလေ -----

- အခုအချိန်မှာ
မောင့်အတွက်
မလိုအပ်တော့တဲ့ (လွင့်ပစ်လိုက်ပြီလားတောင်မသိတဲ့)
ကျွန်မဓါတ်ပုံလေးတွေကို တချိန်ကမောင်
လိုလိုလားလား သိမ်းထားခဲ့ဖူးတယ်
ဆိုတာလေ ------

- အခုအချိန်မှာ ဘာမှမဟုတ်တော့ပေမယ့်
မောင်နေမကောင်းဖြစ်တဲ့ အချိန်တိုင်း
ကျွန်မ အကြိမ်ကြိမ်ငိုခဲ့ဖူးတယ် ဆိုတာကိုလေ -----

- အခုအချိန်မှာ
ဘာမှမဟုတ်တော့ပေမယ့် ကျွန်မကိုမထားခဲ့ပါနဲ့နော်
ဆိုတဲ့ ဂတိစကားလေးကို မောင့်ဆီက
ခနခန တောင်းခဲ့ဖူးတယ်
ဆိုတာကိုလေ -----

- သူတို့မသိလို့ပါနော် --
ကျွန်မ နဲ့ မောင် အခုချိန်မှာ ဘာမှမဟုတ်တော့ပေမယ့်
တချိန်က အရမ်းချစ်ခဲ့ကြတယ် ဆိုတာကိုလေ -----

- တကယ်တော့ မောင်နဲ့ကျွန်မနဲ့ကြားမှာ
နားလည်မှု ခပ်ပါးပါးလေးလွဲလို့
လမ်းခွဲဖြစ်ခဲ့တယ်ဆိုတာ သူတို့မသိကြလို့ပါမောင်ရယ် ------
(သူတို့မသိခဲ့ကြလို့ပါ -----)


   စိမ့်စိမ့် ( တောင်ကြီး )




Office 2012: PlanMaker Mobile v1.0 Apk 9MB

ရုံးမှာ Excel အသုံးပြုတဲ သူငယ်ချင်းတွေအတွက် ဖုန်းကနေလည်း အသုံးပြုနိုင်ပါတယ် 
play store မှာ4.99 ဒေါ်လာပေးရတဲ့ ဆောစ့ဝဲလ်လေးဖြစ်ပါတယ်
Download>>>>mirrorcreator(or)zippyshare
လိုင်စင်တောင်းတာကို ဖြေရှင်းဖို့အတွက် Lucky Patcher အသုံးပြုရမှာဖြစ်ပါတယ်
မိမိဖုန်းမှာမရှိသေးဘူးဆိုရင် ဒီမှာဒီမှာရယူနိုင်ပါတယ်






ဘလော့မှာ Slider တစ်ခုပြုလုပ်ခြင်း (၄)

 Excellent Content SlideShow+Slider to Blogger / WebSite

 မင်္ဂလာပါ  သည်နည်းပညာလေးကတော့ မိမိတို့ဘလော့မှာ ကိုယ်ညွှန်ခြင် အရေးကြီး ပို့စ်နေရာလေးတွေကို စလိုက်တာ ပုံစံလေးနဲ့ လှလှပပ  ညွှန်ပြလိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်... သည်လို နည်းလမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်. အောက်မှာ


ဘလော့မှာ Slider တစ်ခုပြုလုပ်ခြင်း (၃)



 မင်္ဂလာပါ  သည်နည်းပညာလေးကတော့ မိမိတို့ဘလော့မှာ ကိုယ်ညွှန်ခြင် အရေးကြီး ပို့စ်နေရာလေးတွေကို စလိုက်တာ ပုံစံလေးနဲ့ လှလှပပ  ညွှန်ပြလိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်... သည်လို နည်းလမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်... နံပါတ် (၁) - နံပါတ် (၂) ကိုလည်း တင်ပြထားခဲ့ပြီးဖြစ်ပါတယ်...နော်... အောက်မှာ နည်းလမ်းနဲ့လိုအပ်တဲ့ကုဒ်တွေ ပေးထားပါတယ်... လေ့လာပြီး ကလိလိုက်နော်....လန်းးးတယ်...ဂျ

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

အဲနေရာမှာ အောက်ကကုဒ်တွေ ကို ထည့်ပေးလိုက်ပါနော်....


Wondershare DVD Creator 2.6.5.32 With Registration Code


 
 Wondershare DVD Creator လေးကတော့ အခွေ Burn ဖို့အတွက် အရမ်းကို အဆင်ပြေတဲ့ ဆောဝဲ တခုဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင် စမ်းသုံးကြည့်ပြီးပါပြီ။ အရမ်းကို လန်းပါတယ်။ အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်။ သူငယ်ချင်းများ အခွေ Burn ဖို့ Menu လှလှလေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ Wondershare DVD Creator ဆောဝဲလေးက တကယ်ဆောင်ထားသင့်တဲ့ ဆောဝဲ လေးပါ။
Full Version သုံးလို့ရအောင် Resgister Key ပါ တခါတည်း တင်ပေးထားပါတယ်။ ဆောဝဲကို install ပြီး Key ထည့်ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။ အခွေကူးသမားတွေ အတွက် အရမ်း အသုံးဝင်လို့ တင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် အောက်ကလင့်မှာ ဆောဝဲကိုဒေါင်းယူနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။


Digital Life Journal Issue Vol-2 ၊ Issue 19 (16.9.13)

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-frc1/578961_239706169512417_1390198428_n.jpg

Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(2), Issue (19) ကို တင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 16 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။






ဘလော့မှာ Slider တစ်ခုပြုလုပ်ခြင်း (၂)


 မင်္ဂလာပါ  သည်နည်းပညာလေးကတော့ မိမိတို့ဘလော့မှာ ကိုယ်ညွှန်ခြင် အရေးကြီး ပို့စ်နေရာလေးတွေကို စလိုက်တာ ပုံစံလေးနဲ့ လှလှပပ  ညွှန်ပြလိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်... သည်လို နည်းလမ်းလေးတွေကို ပုံစံအမျိုးမျိုးနဲ့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်... နံပါတ် (၁)  ကိုလည်း တင်ပြထားခဲ့ပြီးဖြစ်ပါတယ်...နော်... အောက်မှာ နည်းလမ်းနဲ့လိုအပ်တဲ့ကုဒ်တွေ ပေးထားပါတယ်... လေ့လာပြီး ကလိလိုက်နော်....လန်းးးတယ်...ဂျ

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ


အဲနေရာမှာ အောက်ကကုဒ်တွေ ကို ထည့်ပေးလိုက်ပါနော်....


ဘလော့မှာ Slider တစ်ခုပြုလုပ်ခြင်း (၁)


 မင်္ဂလာပါဗျာ.... အားလုံးကို နည်းပညာလေးတစ်ခု လက်ဆင့် ကမ်းခြင်ပါတယ်.. ဒါလေးကတော့.. မိမိတို့
ဘလော့မှာ ကိုယ်ညွှန်ပြခြင်သော နေရာလေးတွေ ပို့စ်လေးတွေအား   Slider လေးနဲ့ ခပ်လန်းလန်းလေး
လမ်းညွှန်ပြသပေးတဲ့နည်းလမ်းလေးဘဲ ဖြစ်ပါတယ်... သည်လို နည်းလမ်းလေးတွေကို ကျနော် ပုံစံအမျိုးမျိုးနဲ့ ရေးသား တင်ပြသွားပါ့မယ်... ဒါလေးကတော့ အပေါ်ပြထားတဲ့ ပုံစံ နမူနာလေးအတိုင်းပေါ့
အောက်မှာ ထည့်နည်းနဲ့ လိုအပ်သောကုဒ်တွေ ပေးလိုက်ပါတယ်နော်....
သူကတော့ အော်တို စလိုက်လေးသွားနေမယ်နော်....လန်းးးးတယ်..ေိေိ


ဘလော့မှာ ကြော်ငြာတွေ (သို့) ဆိုဒ်တွေကို Slide Show လေးနဲ့ ညွှန်ပြခြင်လား


မင်္ဂလာပါ  ဘလော့မိတ်ဆွေအပေါင်းတို့ သည်နည်းလမ်းလေးကတော့ မိမိတို့ ဘလော့ပေါ်မှာ ကြော်ငြာတွေ ဖြစ်စေ မိမိတို့ လမ်းညွှန်လိုတဲ့ ၀က်ဆိုဒ်တွေ ဖြစ်စေ... မိမိတို့သွားစေလိုတဲ့ နေရာလေးတွေ နည်းပညာလေးတွေ  ပို့စ်လေးတွေကို ဖြစ်စေ  slider ပုံစံလေးနဲ့ လှလှ ပပ လမ်းပြလိုပါက  နည်းလမ်းကောင်းလေး တစ်ခုကို  ရေးသားဖေါ်ပြလိုက်ပါတယ်နော်....
သူကတော့ စလိုက်လေးနဲ့ဆိုတော့  လှပသေသပ်တယ်.. ပုံလေးတွေ လုပ်မယ်.. လင့်ညွှန်ဖို့ လင့်ထည့်မယ်... ဆိုပါတော့  စမ်းသတ် ကြည့်လိုက်ပါနော်... အောက်မှာ လုပ်နည်းနဲ့ လိုအပ်သောကုဒ်တွေကို  ပေးထားပါတယ်... အရမ်းလွယ်ကူပါတယ်.....


FxGuru: Movie FX Director ( For Andriod Phone) ဖုန်းမှာ ဗီဒီယိုရိုက်ရင်း Effect မျိုးစုံး ပါတဲ့ဆောဝဲလေးပါ။

Andriod ဖုန်းအတွက် FxGuru: Movie FX Director လေးက ထွက်ထားတာ ကြာပါပြီ။ အရင်က Version က Effect စုံပေမဲ့ နှစ်ခုပဲ Free ပေးပါတယ်။ အခုထွက်တဲ့ အသစ်ကတော့ နဲနဲပိုစုံပါတယ်။ နေရာတခုမှာ ဗီဒီယို ရိုက်ရင်းနဲ့ အဲမှာ Effect အလန်းလေးတွေထည့်တဲ့ဆောဝဲလေးပါ။ ကျနော်ကိုယ်တိုင်စမ်းသပ် ကြည့် တာတော့ တော်တော်လေးလန်းပါတယ်။

အောက်မှာ Video ဖိုင်လေးတင်ပေးထားပါတယ်။ လန်းမလန်းဆိုတာ ကိုယ်တိုင်ဒေါင်းပြီး စမ်းသပ်ကြည့် လိုက်ပါ။ အဲထဲမှာ ၀ယ်ရတာလေးလည်း ပါ ပါတယ်။ အလကားလည်းပါတယ်။ တော်တော်လေး လန်းပါတယ်။ v.1.4.1 လေး အသစ်ထွက်ထားတဲ့ App လေးပါ။ Andriod Version 2.2 အထက်မှာ သုံးလို့ အဆင်ပြေပါတယ်။ ဆောဝဲမဒေါင်းခင် လောက်ကလင့်မှာ ဗီဒီယိုဖိုင်လေး ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။
ဆောဝဲလေးကိုတော့ ဒီအောက်ကလင့်ထဲမှာ ဒေါင်းယူသနိုင်ပါပြီ။

File Size 50 MB
App Screenshots
FxGuru:  Movie FX Director - screenshot thumbnailFxGuru:  Movie FX Director - screenshot thumbnail
 ကို ဗီဒီယိုဖိုင် ကြည့်လိုက်ပါ။
အားလုံးအဆင်ပြေပါစေ.......။


C++ မြန်မာလို စာအုပ်

သူငယ်ချင်းတစ်ယောက်အတွက်ရှာရင်းနဲ့ ခေါင်းပါမှုးတယ် 
ရှာတွေ့လို့ လေ့လာချင်သူတွေ အတွက် ပြန်လည်မျှဝေလိုက်ပါတယ် 
ဦးအောင်မြင့်ရေးသော C++ မြန်မာလိုစာအုပ်ပါ။ အပိုင်း(၃)ပိုင်းရှိပါတယ်။ လေ့လာချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်နိုင်ပါတယ်ဗျာ ...။
သုံးခုလုံးပေါင်းမှ 10MB ကျော်ကျော်သာရှိပါတယ်
 ဒါကလည်း မြန်မာလိုပါဘဲ ဦးအောင်မြင့်ရေးထားတဲ့ စာအုပ်ပါဘဲ 
C++ teach yourself
Dwonload>>>>mediafire
 


A+ ကွန်ပျူတာ အကြောင်း အသေးစိတ်သိစရာ(Computer Hardware Maintenance&System Administration)(U Zaw Lin) 17MB

U Zaw Lin(Youth) ရေးသားထားတဲ့ A+ ကွန်ပျူတာ အကြောင်း အသေးစိတ်သိစရာ
စာအုပ်လေးပါ လေ့လာချင်တယ်ဆို၇င် အောက်လင့်မှာရယူုနိုင်ပါတယ် 
Download>>>>mirrorcreator (or)zippyshare


Laptop ကွန်ပျူတာပြုပြင်နည်းနှင့် သိသင့်စရာများ 13MB

Laptop ပိုင်ရှင်များအတွက် သိထားသင့် လေ့လာသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့ Laptop ကွန်ပျူတာပြုပြင်နည်းနှင့် သိသင့်စရာများ စာအုပ်ကို မျှဝေပေးလိုက်ပါတယ်



ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာ 12MB

ကွန်ပျူတာ အသုံးပြုတဲ့ သူတိုင်း လေ့လာသင့်တဲ့ စာအုပ်ကောင်း
Dwonload>>>>mediafire


CyberLink PowerDirector အသုံးပြုနည်းစာအုပ်

Video တည်းဖြတ်ချင်တဲ့ သူငယ်ချင်းတွေအတွက် အားလုံးထဲမှာ အကောင်းဆုံး ဖြစ်တဲ့တည်းဖြတ် ဆောဝဲ CyberLink PowerDirector နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အခုက အသုံးပြုနည်းစာအုပ်ကိုတင်ပေး လိုက်တာပါ။ CyberLink PowerDirector ဆောဝဲကတော့ ဒီလင့်မှာ ၀င်ဒေါင်းနိုင်ပါတယ်။ မိမိရိုက်ထားတဲ့ ဗီဒီယိုတွေကို  ဖြတ်တာက်ခြင်း ဆက်ခြင်း အလင်းအမှောင်. effect ..စာတန်း   ထည့်ခြင်း စတဲ့အရာတွေ ကိုစိတ်တိုင်းကျလုပ်လို့ရတဲ့ အကောင်းဆုံး ဗီဒီယိုရုပ်သံ တည်းဖြတ်တဲ့ဆော့ဝဲတခုပါ။ 
CyberLink PowerDirector လေးကို ဒေါင်းထားပြီးလို့ မသုံးတတ်သေးတဲ့ သူငယ်ချင်းများက အောက်က လိပ်စာမှာ စာအုပ်ဒေါင်းလိုက်ပါ။ သူငယ်ချင်းများကလာတောင်းနေတာနဲ့ အရင်ကတည်းကသိမ်းထားတဲ့ စာအုပ်လေးကို အားလုံးပြန်လေ့လာနိုင်အောင် ကျနော်ပြန်ရှယ်ပေးလိုက်ပါတယ်။
စိတ်ဝင်စားရင် အောက်ကလင့်မှာ စာအုပ်ကိုဒေါင်းနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။


TeamViewer 8.0.20768 Pro (Fully Activated)


TeamViewer ကတော့ လူတိုင်းနီးပါး သိကြမှာပါ ကွန်ပြူတာမှာ မရှိမဖြစ်အရေးကြီးပြီး အသုံးဝင်တဲ့ဆောဝဲ ဆိုလည်း မမှားပါဘူး။ မသိသေးသူအတွက် ရှင်းပြပါမယ်။TeamViewer က ဥပမာ ကို့ ရဲ့ စက် တခုခု ဖြစ်လို့ ကိုက ပြန်မပြင်တတ်  အဲလိုဆိုရင် အဝေးမှာရှိတဲ့ သူငယ်ချင်းတွေကို အကူညီတောင်း ၀င် ပြင် ခိုင်းလို့ရတဲ့ ဆောဝဲလေးပါ။ အင်တာနက်လိုင်းရှိရုံနှင့် မိမိကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ကြည့်လို့ရပါတယ်။

ဘယ်လောက်ပဲ ဝေးနေပါစေ ၀င်ကြည့်လို့ရပါတယ်။ ဆောဝဲကို install ပြီးတာ နဲ့ ကိုယ်ရဲ့ You ID နှင့် Password ပြနေလိမ့်မည်။ မိမိပေးဝင်ချင်သည့် သူငယ်ချင်းကို ကိုယ်ရဲ့ID နှင့် Password ပေးလိုက်ရင် ကို့ကွန်ပြူတာ ကို သူငယ်ချင်းက ၀င်ပြင်ပေးနိုင်မှာဖြစ်ပါတယ်။  ဆောဝဲ ကို Activated လုပ်ပြီးသား မို့ install ပြီးတာနဲ့ full သုံးလို့ရပါပြီ။ ကီးထည့်စရာမလိုပါ......။

နောက်ဆုံးထွက် Version V 8.0.20768 ကိုတင်ပေးလိုက်ပါတယ်။ Key မထည့်တတ် Crack မလုပ်တတ် တဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ TeamViewer ကိုမသုံးတတ်တဲ့ သူငယ်ချင်း များ ကတော့ ဒီလင့်မှာ စာအုပ်ဒေါင်းပြီး လေ့လာနိုင်ပါပြီ။
စိတ်ဝင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။


အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီးငွေရှာနည်း နှင့် PayPal Account သစ်ဖောက်နည်း

မင်္ဂလာပါခင်မျာ..ကျနော် အရင်တစ်လောကဘဲ Nerdbux ကနေတစ်ကယ်ငွေထုတ်လို့ရခဲ့တဲ့အတွက် ပုံနှင့်
တကွ အားလုံးကိုတင်ပြခဲ့ပြီပါပြီ ဒီကနေ့ မနက် 1 နာရီ (5.9.2013 ) အချိန်မှာတော့ The-Bux လို့ခေါ်တဲ့
ငွေရှာတဲ့ဆိုဒ်တစ်ခုကနေ ငွေ 4 $ထုတ်ကြည့်ရာ အဆင်ပြေပြီးတကယ်ထုတ်လို့ရခဲ့ပါတယ်ခင်မျာ..ဒါကြောင့်
အသစ်ဖြစ်တဲ့အတွက် မိတ်ဆက်ပေးလိုက်ပါပြီ..တစ်နေ့ကို 20 မိနစ်လောက်ဘဲအချိန်ပေးရတာပါ... ကျနော်စမ်းလုပ်နေတာ နှစ်ပတ်ဘဲရှိပါသေးတယ်.. ဒီလိုငွေရှာနည်းကိုသုံးမယ်ဆိုရင် မိမိရဲ့ကွန်ပျူတာတစ်လုံးတည်းမှာဘဲ..မိမိရဲ့အကောင့်တစ်ခုတည်းသာဖွင့်သုံးပါ...အခြားသောအကောင့်တွေ
..ဒါမှမဟုတ် အကောင့် နောက်ထပ်တစ်ခုထပ်ဖွင့်ပြီးသုံးခြင်းရှောင်ပါ Suspended လုပ်ခြင်းခံရတတ်ပါတယ်..
ဒီအင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင် ဒီအင်တာနက်လိုင်းနဲ့ဘဲ အသုံးပြုပါ...အထူးသဖြင့် ဒီလိုနည်းတွေက
ကိုယ်ပိုင်အင်တာနက်ရှိသူတွေအတွက် အရမ်းကိုအဆင်ပြေလွယ်ကူပါတယ်..ဖုန်းနဲ့လည်း လုပ်လို့၇ပါတယ်...ဒါကြောင့် အင်တာနက်မှာ တစ်နေ့ကို မိနစ် 20 လောက်ပဲအချိန်ပေးလိုက်ပါ..တကယ်
ကိုရလို့ ဖြန့်ဝေပေးနေရခြင်းဖြစ်ပါတယ်.. တစ်ခုမေးစရာရှီလာပါတယ်..ငွေဘယ်လိုထုတ်မလဲဆိုတာပေါ့..
ဟုတ်ကဲ့... PayPal ကနေငွေထုတ်ပါ့မယ်..ဘယ်လိုထုတ်မလဲဆိုတော့ www.shwemoney.com မှာအသေး
စိတ်စုံစမ်းနိုင်ပါတယ်..ကျနော်တို့လည်း အဲဒီကိုဆက်သွယ်ပြီးငွေထုတ်ကြတာမလို့ပါ..အိုကေ.. အခု
ကျနော်ငွေတစ်ကယ်ထုတ်လို့ရခဲ့တဲ့ဆိုဒ်ကတော့ The Bux ဆိုတဲ့ဆိုဒ်ဘဲဖြစ်ပါတယ်ခင်မျာ.... ယုံယုံကြည်
ကြည်နဲ့ တစ်လနီးပါးလောက်စိတ်ရှည်ရှည်ထားပြီးလုပ်ပါ..ကျွန်တော်တို့ကလည်း ဒါတွေကိုစိတ်ဝင်စားတဲ့
အတွက်အမြဲစမ်းသပ်တယ်..စမ်းသပ်လို့အိုကီတယ်ဆိုရင် အများပြည်သူထံချပြလိုက်တာပါ..ပြီးတော့ ဒီလိုနည်းလမ်းတွေရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ရင်းနှီးစေချင်တဲ့သဘောပါ..ကဲစလိုက်ကြရအောင်

အိုကေ အရင်ဆုံး Register လုပ်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။

 
Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။ 
Full Name မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ ပြန်ပြောင်းလို့ ရပါတယ် ။  အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့ သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့ ID No တို့ကို တွေရပါမယ်။  Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ Mamber တစ်ယောက် ဖြစ်သွားပါပြီ ။ 
Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။
အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။  
ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို  နှိပ်ပါ ။ နှိပ်ပြီးပါက အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်  
ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။ 
အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။ 
ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။ ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး ပိုက်ဆံ ထပ်ရှာပါ့မယ်  ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOS ဆိုတာလေးကို ကလစ်လိုက်ပါ။ 
လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး  ဗီဒီယို ကို ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ ရောက်ရှိသွားပါပြီ။ 
နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။ ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D 
ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။ 
ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ... 
ဒီလို ဒီလို မဲပေါက်တာပါ ။ 
 မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။ 
The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။ 
ကလစ်အချက်ရေ  ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။  
နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။
Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  Account Balance ကို ရွေးချယ်လိုက်ပါ။ 
Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့  ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။ 
အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။ Referral (ရှယ်ယာ) ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent Refs ဆိုတာလေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း ပေါ်လာပါမယ်။ 
Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် Rent Now! ကို နှိပ်လိုက်ပါ။
 Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto အလုပ်လုပ်အောင် ပြောင်းရပါမယ်။
ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented  Referrals ကို နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ ) 
AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။ 
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် အသင့်ဖြစ်သွားပါပြီ။  လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။
မိတ်ဆွေတို့ကိုယ်တိုင်လဲ နေ့တိုင်းကလစ်ရင်း Referrals(ရှယ်ယာ) တွေ အလုပ်လုပ်လား မလုပ်လားဆိုတာ စောင့်ကြည့်ပေးရပါမယ် ။ရှယ်ယာတွေ အလုပ်လုပ်ပုံကို ၃ရက်ကျော် လောက် စောင့်ကြည့်ရပါတယ်။ အလုပ်မလုပ်ပါက Recycle လုပ်လိုက်ပါ ဒါဆို ပုံမှန် အလုပ် ပြန်လုပ်လာပါလိမ့်မယ်။ မိတ်ဆွေတို့ အလုပ်မလုပ်တဲ့အခါ သူတို့လည်း မလုပ်တော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင်ကလဲ အမြဲ အလုပ်လုပ် ပေးရပါတယ်။

ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။  Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး  ဝယ်သွားပါ့မယ်။  ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)
 သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ Avg=2.00  အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ Recycle   ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။
ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ... 
မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ ၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email တစ်ခုရှိရပါမယ်။..
ကဲ..ဒါကတော့ The Bux မှာငွေရှာနည်းအပြည့်အစုံပါဘဲ

အခြားတိကျသေချာတဲ့ ငွေပေးတဲ့ဆိုဒ်မှာရှာချင်သေးတယ်ဆိုရင်
Clixsense ဆိုတာရှိပါတယ် အနည်းငယ်ရှုပ်ထွေးတဲ့အသွင်အပြင်ရှိပေမယ့် ငွေပေးအလွန်တိကျပါတယ်

နောက်တစ်ခု Clixzor ဆိုတာရှိပါသေးတယ် ကြော်ငြာများသလို..ငွေပေးလဲအရမ်းကိုများပါတယ်..ကျနော်စမ်းထုတ်ပြီးပါပြီခင်မျ.
မန်ဘာဝင်ချင်ပါက ဒီကိုနှိပ်ပြီးဝင်နိုင်ပါတယ်.. အကုန်လုံးကတော့ လုပ်ပုံလုပ်နည်းသဘောတရားအတူတူတွေချည်းပါဘဲခင်မျာ..အဆင်ပြေကြပါစေ။ ဒီဆိုဒ်သုံးခုကို Connection အနည်းငယ်မျှရှိရုံနဲ့လုပ်လို့ရပါတယ် ..The Bux ကတော့နည်းနည်းမြန်တာပေါ့..ကဲ.. PayPal 
Account ဖောက်နည်းလေးစလိုက်ရအောင်...

PayPal Account ဘယ်လိုဖောက်မလဲ..

အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။ 
မရှင်းလင်းသည်များရှီပါက adflycreator@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ကြပါသည်

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here