Thursday, October 31, 2013

Wondershare Video Editor v3.1.6.0 ( ဗီဒီယို ရုပ် သံ တည်းဖြတ် တဲ့ဆော့ဝဲလ် )



Wondershare Video Editor လေးကတော့ ဗီဒီယို တည်းဖြတ်တဲ့ ဆောဝဲလေးပါ။ ဖိုင်ဆိုဒ် သေးသေးလေး နဲ့ အရမ်းကိုပေါ့ပါးပြီး အသုံးဝင်လှပါတယ်။ Wondershare Video Editor လေးနဲ့ ဗီဒီယိုတည်းဖြတ်ရတာ လည်းအရမ်းကိုလွယ်ပါတယ်။ ဗီဒီယို တည်းဖြတ်အပြင် Photo Sliteshow တွေကို လှပသပ်ရပ်စွာ ဖန်တီးနိုင်ပါသေးတယ်။ 

ဗီဒီယို တည်းဖြတ် ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက် တကယ်ကို ဆောင်ထားသင့်ပါတယ်။ အပျော်တမ်း တည်းဖြတ်တာပဲဖြစ်ဖြစ် ဗီဒီယိုတွေကို ဖြတ်, ညှပ်, ဆက် နောက်ခံတီးလုံးပြောင်း၊ အစရှိတာတွေ ကို အလွယ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် သိပ်မကြီးတာကြောင့် လိုင်းသိပ်မကောင်းတဲ့ သူငယ်ချင်းတွေလည်း အဆင်ပြေမှာပါ။

ဆောဝဲ Install နည်းကတော့ Setup ကို အင်စတောလုပ်ပါ။ ဆော့ဝဲကို မဖွင့်သေးဘဲ Crack ဖိုင်ကို C\Program Files\Wondershare Video Editor မှာ copy and paste လုပ်ပါ။ ပြီးရင်တော့ Full Version သုံးနိုင်ပါပြီ။ စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

 File Size 55.4MB
 
အားလုံးအဆင်ပြေပါစေ.......။


Saturday, October 26, 2013

တစ်ခါသုံး




လျှော်ပီးပြန်သုံးရတဲ့

လက်ကိုင်ပုဝါတွေအစား

တစ်ခါသုံးတစ်သျူးကို

လူတွေကမက်မောကြသတဲ့ --


ဟင်းဝယ်ရင်သုံးတဲ့

Steel ပစ္စည်းတွေထက်

တစ်ခါသုံးဖော့ဘူးက

ပိုအသုံးကျသတဲ့ -------:/


ဒီလိုနဲ့ပဲ

အချိန်ကြာကြာချစ်တက်တဲ့

နှလုံးသားတွေ

ဘေးထွက်နေရပီး

တစ်ခါသုံးနှလုံးသားတွေ

လူငယ်တွေကြား

ခေတ်စားလာတယ် ---


တစ်ခါသုံးနှလုံးသားတွေ

မင်းမူကြချိန်

သစ္စာရှိတဲ့ နှလုံးသားတွေ

လက်ညှိုးထိုးဟားတိုက်

ခံရတယ် -----


ထားပါတော့လေ

မပြောတော့ပါဘူးး

ဒါ တစ်ခါသုံးတွေ

တစ်ခေတ်ထတဲ့ချိန်ကိုးးး ----:/



စိမ့်စိမ့် ( တောင်ကြီး) 
 

ပြီးသွားမှာပါ



မွေးစခဏ ငယ်ငယ်ကဖြင့်
အော်ဟစ်ငိုကြွေး ချစ်စရာတေးတဲ့
ပြုံးလို့ ကြည့်ကြ လူတစ်စုက
အပျော်ထုလည်း ကြီးမားပါစ ရောင်စုံညဝယ်။

သေခြင်းတရား စည်းကခြားပြီ
သူသူငါငါ ရုန်းမသာတော့
အုံးအုံးသဲသဲ ငိုပွဲနွှဲကြ
ထိုခဏ၌လမိုက်ရပြီ။

ဆုံးစဘဝ ကြည်နူးရွင်ပြ ရောင်စုံညနဲ့ 
ကိုယ်တွင်းမီးခဲ တရဲရဲတောက်
သောကအပူ ဖေးကူသူမဲ့
သေခြင်းတစ်ဖက် စစ်ခင်းကာတိုက်
မှောင်မိုက်ပါစေ အိုည တစ္ဆေတို့...

ငါသမိုင်းငါရေး
ငါတရားငါတွေး
ငါလမ်းငါဖောက်
သန်းခေါင်ရောက်လဲ
ငါမကြောက်ခဲ့
ရှေ့ရောက်ရေးကို
ငါပြေးထွက်မယ်
အလင်းပန်းခက် ဖူးငုံပွင့်ထွက်
အို နံနက်သို့  ရောက်တော့မည်။

သေသည့်ဘဝ
ရှင်ခြင်းခဏ
စည်းအခြားက
မင်းငါမခွဲ
တတွဲတွဲနဲ့ ပါစမြဲမို့
သတိချပ်စေ
 ရောင်းရင်းတို့...တွေ။


 တေးတေး

CyberLink LabelPrint 2.5.3602 (Full Version) CD/DVD ခွေ တွေရဲ့ Cover ပုံတွေလုပ်တဲ့ ဆောဝဲ


CyberLink LabelPrint လေးကတော့ CD/DVD ခွေ တွေရဲ့ Cover ပုံတွေ လုပ်တဲ့ ဆောဝဲလေး ဖြစ် ပါတယ်။ လက်ရှိ သုံးစမ်းကြည့်တာတော့ အရမ်းကို အဆင်ပြေပါတယ်။ လွယ်လည်း လွယ်ပါတယ်။ CD/DVD Label တွေကို ဒီဇိုင်းရေးပြီး Print ထုတ်နိုင်တဲ့ CyberLink LabelPrint ဆောဝဲလေးပါ။

CyberLink ရဲ့ နာမည်ကျော်ဆော့ဝဲတွေထဲက တခုပါ။ Install လုပ်နည်း...
-Setup ကို အင်စတောလုပ်ပါ။
-ဆော့ဝဲကို မဖွင့်ပါနှင့်။
-Crack ဖိုင်ကို C:\Program Files\CyberLink\LabelPrint\ မှာ copy and paste လုပ်ပါ။
 ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။

စိတ်ဝင်စားရင်အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။


App Screenshots



အားလုံးအဆင်ပြေပါစေ.......။
Source by : www.linthit.com


Thursday, October 24, 2013

CyberLink PowerDirector 12.0.2109.0 Multilingual Full Version With Cack

ဗီဒီယိုတည်းဖြတ် ချင်သော သူငယ်ချင်းတွေအတွက် CyberLink PowerDirector 12 Multilingual Full Version လေး တင်ပေးလိုက်ပါတယ်။ မိမိရိုက်ထားတဲ့ဗီဒီယိုတွေကို ဖြတ်တောက်ခြင်း ၊ ဆက်ခြင်း ၊ အလင်းအမှောင်.. effect ..စာတန်း ထည့်ခြင်း စတဲ့အရာတွေ ကိုစိတ်တိုင်းကျ လုပ်လို့ရတဲ့ အကောင်းဆုံး ဗီဒီယိုရုပ်သံ တည်းဖြတ်တဲ့ဆော့ဝဲတခုပါ။

Magic, Corel Video Editor ဆော့ဝဲတွေထက်ပိုပြည့်စုံပါတယ်။ full version သုံးလို့ရအောင် Crack ဖိုင် ၄ ဖိုင် ပါတင်ပေးထား ပါတယ်။ Crack ဖိုင် (၄) ဖိုင်ကို C\ Program Files\ CyberLink PowerDirector\ မှာ copy and paste လုပ်ပါ။ အဲဒီ (၄) ဖိုင်ထဲက 12 ဆိုတဲ့ဖိုင်လေးကို run လိုက်ပြီး Ok ကိုကလစ်ပေးပါ။

စိတ်ဝင်စားရင်အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။.


 အားလုံးအဆင်ပြေပါစေ.......။

မှတ်ချက်  :  အဆင်မပြေမှု တခုခုကြုံရပါက aung575@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Sunday, October 20, 2013

CD / DVD Label Designer With Keygan

CD Label Designer လေးကတော့ CD / DVD အခွေရဲ့ Cover Photo လုပ်ပေးတဲ့ ဆောဝဲလေးပါ။ အခွေကူးသမားတွေအတွက် ပုံထုတ်တာ အရမ်းကို အဆင်ပြေပါတယ်။ သုံးရတာ လွယ်လည်း လွယ်ကူ ပါတယ်။ CD / DVD အလွေကူးသမားတွေအတွက် Cover ပုံ ထုတ်ဖို့ ဒီဆောဝဲလေးက တကယ် ကိုဆောင် ထားသင့်ပါတယ်။

ကိုယ်ကြိုက်တဲ့ ပုံ၊ ကိုယ်ကြိုက်တဲ့ ပုံဒီဇိုင်း ကို အလှပဆုံးဖြစ်အောင် ဖန်တီးလို့ရပါတယ်။ Full Version သုံးလို့ရအောင် Keygan ပါ တင်ပေးထားပါတယ်။ အောက်မှာ Screenshots ပါပြပေးထားပါတယ်။ သုံးရတာ အရမ်းလွယ်ကူတာကြောင့် နည်းကိုမရေးတော့ဘူးနော်။ အသေးစိတ်လေ့လာချင်ရင်တော့ မူရင်း လင့် (ဒီလင့်မှာ) ၀င်လေးလာနိုင်ပါတယ်။

စိတ်ဝင်စားရင်တော့ ဒီအောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။


App Screenshots

 

 အားလုံးအဆင်ပြေပါစေ.......။


Tuesday, October 8, 2013

ဖုန်းမှာ Facebook အကောင့်နှစ်ခုသုံးချင်ရင် ဖုန်းကနေ Photo Comment ပေးချင်ရင်ဒါသုံး



ဒီဟာလေး သုံးကြည့်ပါလား အဆင်ပြေနိုင်တယ် ။ မဖြစ်မနေ အကောင့်တွေ

ဖုန်းကနေ အများကြီးသုံးချင်ရင်  နောက်ပီး ပုံတွေနဲ့ ကွန်မန့် တွေပေးချင်ရင်

မြန်လည်းမြန်တယ်  သုံးရတာ။  တခြားဟာတွေကမှ  လေးနေသေးတယ်ဗျိုး

စမ်းသုံးကြည့်တာအဆင်ပြေတယ် သုံးချင်သူ အောက်ကလင့်မှာယူလိုက်ပါ

Download- Opera Mini.apk

Ref: http://www.appsapk.com/opera-mini/




Window7 Managerအသုံးပြုနည်းနှင့်ဆော့ဝဲ

window7က လက်ရှိအချိန်မှာMicrosoftရဲ့ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုဆိုတာအသုံးပြုသူတိုင်း သိကြမှာပါနော်။ မြန်ဆန်ခြင်း၊ လုံခြုံခြင်းနှင့် အခြားသော ကောင်းမွန်မူများကြောင့်လည်းအခုလို လူသုံးများပြီး အောင်မြင်လာတာဖြစ်ပါတယ်။ဒါကိုမကျေနပ်သေးလို့  Managerစနစ်အသုံးပြုလိုသူတွေအတွက် ဒီprogramလေးနဲ့  သင့်တော်ပါတယ်အောက်မှာပေးထားတဲ့လင့်မှာ ဒေါင်းလော့ရယူပါ32bitနဲ့ 64bit နှခုလုံးအတွက်RARဖိုင်နဲ့ တင်ပေးထားတယ် ဖိုင်ဆိုဒ်က 9MBပဲရှိတယ် ဒီမှာယူပါ Windows 7 Manager v1.1.zip
အောက်မှာinstallလုပ်နည်း၊ အသုံးပြုနည်း တစ်ခါတည်းလေ့လာချင်ရင်ရတယ်ဗျာ..installလုပ်တာက ပုံမှန်အတိုင်းပဲလုပ်သွားပါ  Next>>>I accept the terms.....အဲလိုပဲလုပ်သွားပါ

installလုပ်ပြီးပြီဆိုရင် အောက်ကပုံအတိုင်းပေါ်လာမယ် 

သူပြောတာက ၁၅ရက် အစမ်းသုံးနိင်ပါတယ်။ အဲဒိတော့ အမြဲတမ်းသုံးနိင်ဖို့  လိုင်စင်ထည့်ပေးရပါမယ်ပုံမှာတွေ့ တဲ့အတိုင်း purchase and Registerဆိုတာကိုနှိပ်လိုက်ပါ။အခုနကဒေါင်းလော့ဆွဲထားတဲ့RARဖိုင်ထဲမှာလည်း လိုင်းစင်ကုဒ်နံဘက်တွေထည့်ထားတဲ့Notepadတစ်ခုတွေ့ ရမှာပါ ဒီမှာတစ်ခါတည်းယူသွားချင်လည်းရပါတယ်။
 Name:     GStech
Cod:     11111-11111-11111-8BECC

အဲဒိ လိုင်စင်နံဘက်တွေဖြည့်ပြီးပြီဆိုရင် ဘေးကActivateကိုနှိပ်လိုက်ပါ Boxတစ်ခုပေါ်လာရင်OKပေါ့။ဒါဆိုရင် Desktopပေါ်မှာ Iconနှစ်ခုရှိနေပါပြီ 1-Click Cleaner နဲ့ Window7 Managerတို့ ဖြစ်ပါတယ်။


1-Click Cleanerကတော့ ကလစ်တစ်ချက်နှိပ်ရုံနဲ့  သန့် ရှင်းရေးပြုလုပ်ရန်အတွက်ဖြစ်ပါတယ်။
ဖွင့်လိုက်ပါ အောက်ပါပုံမှာတွေ့ တဲ့ အတိုင်း start Nowကိုနှိပ်လိုက်ရင်ခဏနေအုံး ခဏလေး Shutdown PC after clean competed ဆိုတဲ့Boxလေးထဲကို မှန်ခြစ်ပေးခဲ့မယ်ဆိုရင်သန့် ၇ှင်းရေးလုပ်ပြီးရင် ကွန်ပြူတာက သူ့ အလိုလို Shutdown ဖြစ်သွားမှာပါ အိပ်ယာဝင်ခါနီး အဲလိုလုပ်ခဲ့ရင်လည်းကောင်းပါတယ်နော့။

 
                    အောက်ပါပုံအတိုင်း သန့် ရှင်းရေးလုပ်နေတာကိုတွေ့ ရပါမယ် နဲနဲတော့ကြာပါတယ်။

နောက်ဆုံးအဆင့် OKကိုနှိပ်လိုက်ပါတော့ ဒါဆိုရင်1-Click Cleanerရဲ့ လုပ်ဆောင်ချက် ပြီးသွားပါပြီ။
Window7 Managerရဲ့ လုပ်ဆောင်ချက်

System Infofmationကိုနှိပ်လိုက်ရင်အောက်ပါအတိုင်း သတင်းအချက်အလက်တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။
အောက်ကပုံကတော့Security Tabအောက်မှ Drive and programsမှလုပ်ဆောင်ချက်ဖြစ်ပါတယ်။အပိုင်း၂ခု၇ှိတယ်နော် Hide Drives နဲ့  Restrict Accessဆိုပြီးနှစ်ပိုင်းခွဲထားတယ်။Hide Drivesအောက်ကတော့ ကိုယ်မမြင်ချင်၊ မသုံးစေလိုတဲ့Driveကိုဖြောက်ထားဖို့ ဖြစ်ပါတယ်။Restrict Access အောက်ကတော့ အသုံးပြုမူကိုကန့် သက်ထားဖို့ ဖြစ်ပါတယ်။
ကဲ..နောက်ဆုံးကုန်ကုန်ပြောမယ် အောက်ကပုံအတိုင်း Customization Tab အုပ်စုမှ visual Customizerကိုရွေးချယ်ထားတဲ့ပုံစံပါ OEM Information နေရာကတော့ My computer ကို ညာကလစ်နှိပ်ပြီး Propertiesတွင်ဖော်ပြထားတဲ့PC OEMရဲ့ အချက်အလက်တွေကိုပြင်ဆင်နိင်ပါတယ်။(ဥပမာ) Model N4050 Dellအမျိုးအစားဆိုရင်Acerဆိုတဲ့နာမည်ပြောင်းလိုက်ရင်လည်းရတာပဲ.။ ကိုယ်ပိုင် ကွန်ပြူတာမှာ အပျော်သဘောနဲ့ ဆိုရင်တော့ ကောင်းပါတယ်။
နေက်ပြီး System Iconတွေ Logon Backgroundတွေအကုန်ပြောင်းလို့ ရတယ် ကျနော်ကတော့Apple backgroundပြောင်းလိုက်တယ် ကြည့်လို့ ကောင်းတာပေါ့..
ကဲ..ပြောနေရင်ကြာပါတယ် နောက်ထပ်လုပ်ဆောင်ချက်တွေအများကြီးရှိသေးတယ် ကိုယ်တိုင်ပဲစမ်း(ကလိ)ကြည့်ပေါ့ဗျာကျနော်လည်းမအိပ်ရသေးဘူး မိုးလင်းတော့မယ်...အားလုံးပဲအဆင်ပြေပါစေ...


                                                         ကေနွန်


photoshop Colorနှင့်File Formatအကြောင်းသိကောင်းစရာ....



k-non
အနီအစိမ်းအပြာ သုံးရောင်ထပ်လိုက်တော့ နောက်ထပ်ဘာရောင်တွေထွက်လာသလဲ

photoshop Colorsအကြောင်း

ပိုတိုရှော့ဝါသနာရှင်များအနေနဲ့  ဂရပ်ဖစ်ဒီဇိုင်းများကိုလေ့လာတော့မယ်ဆိုရင် Colorsအကြောင်းကိုတော့သိထားသင့်ပါတယ်။
ဒါမှသာပိုတိုရှော့ကိုလက်တွေ့ အသုံးပြုတဲ့အခါ အခက်အခဲမှရှိ လေ့လာနိင်မှာဖြစ်ပါတယ်။
အခုကျနော် အရောင်တွေရောစပ်ပုံကို ပြောပြမှာဖြစ်ပါတယ်။
ကလာရောစပ်ပုံကိုကြည့်မယ်ဆိုရင် CMYKနဲ့  RGBဆိုတဲ့၂မျိုးကိုတော့သိထားရပါမယ်။
CMYKကိုတော့Subtractive Colorလို့ ခေါ်ပါတယ်။
RGBကိုတော့ Additive Colorလို့ ခေါ်ပါတယ်။
CMYK
CMYKဆိုတာကတော့ Cyan-Magenta-Yellow-BlacKဆိုတဲ့ အခြေခံအရောင်လေးမျိုးနဲ့  အရောင်တွေကိုရောစပ်ဖန်တီးခြင်းဖြစ်ပြီး
အဲဒိကာလာတွေရဲ့ ထိပ်ဆုံးစကားလုံး C=Cyan, M=Magenta, Y=Yellow, K=BlacKကတော့ Bကိုယူလိုက်ရင်
Blueနဲ့  မှားမှာစိုးလို့  နောက်ဆုံးစာလုံးဖြစ်တဲ့Kကိုယူခဲ့တာဖြစ်ပါတယ်။
CMYKဟာ ဆေးရောင်မှင် (ink)တွေကိုရောစပ်ပြီး ကာလာမျိုးစုံ ဖန်တီးပြုလုပ်တာပါ။


RGB
****
RGBဆိုတာကတော့ R=Red, G=Green, B=Blue ဆိုတဲ့အခြေခံအရောင်သုံးမျိုးနဲ့  အရောင်တွေကိုရောစပ်ဖန်တီးထားခြင်းဖြစ်ပြီး
အဲဒိကာလာတွေရဲ့ ထိပ်ဆုံးစကားလုံးRGBတို့ ကိုယူထားခြင်းဖြစ်ပါတယ်။
RGBဟာ အလင်းရောင်စုံ(light)တွေကိုရောစပ်ပြီး အရောင်မျိုးစုံဖန်တီးပြုလုပ်တာပါ။
Color Meanings
တစ်ဆက်တည်း ကာလာတွေ၇ဲ့ အနက်အဓိပ္ပါယ်နဲ့  ဘယ်နေရာတွေမှာအသုံးပြုတယ်ဆိုတာပြောပြပါမယ်။
အနီရောင် အဓိပ္ပါယ်နဲ့ အသုံးပြုကြပုံတွေကတော့ ရဲရင့်ခြင်း၊ မာကျောခြင်း၊ စွမ်းအင်၊ သွေး၊မီး၊ စစ်၊ အန္ဒရာယ်နဲ့  အချစ်သင်္ကေတ စတာတွေမှာအသုံးပြုကြပါတယ်။

ခရမ်းရောင် ကိုတော့ စွမ်းအား၊ တော်ဝင်ဆန်မူ၊ မြင့်မြတ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ရည်မှန်းချက် စတာတွေမှာအသုံးပြုကြပါတယ်။
အ၀ါရောင် ကိုတော့ နေရောင်ခြည်၊စွမ်းအင်၊တက်ကြွခြင်း၊ မျှော်လင့်ချက်၊ စတာတွေမှာအသုံးပြုကြပါတယ်။

လိမ္မော်ရောင် ကိုတော့ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ဖန်တီးမှု၊ စတာတွေမှာ အသုံးပြုကြပါတယ်။
အစိမ်းရောင် ကိုတော့ ရှင်သန်ကြီးထွားမှု၊ သဘာဝ၊ လက်ဆက်ခြင်း၊ ကျန်းမာခြင်း၊ လုံခြုံမှု၊ ငွေကြေး စတာတွေမှာအသုံးပြုကြပါတယ်။
အပြာရောင် ကိုတော့ မိုးကောင်ကင်၊ ပင်လယ်၊ယုံကြည်စိတ်ချရမှု၊ နက်ရှိုင်းခြင်း၊ တည်ငြိမ်ခြင်း၊စတာတွေမှာ အသုံးပြုကြပါတယ်။
ဒါကတော့ အရောင်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့  အသုံးပြုလေ့ရှိတဲ့ အကြောင်းအရာတွေကိုပြောပြတာပါ။


Common Graphic File Formats
ဒါကတော့ ဂရပ်ဖစ်ဒီဇိုင်းပြုလုပ်တဲ့အခါမှာ သိထားသင့်တဲ့ ဖိုင်အမျိုးအစား File formatတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
ဒီလိုFileအမျိုးအစားတွေကိုသိထားခြင်းအားဖြင့် မိမိကိုယ်တိုင် ဖိုင်များသိမ်းဆည်းခြင်း၊ အခြားသော ဂရပ်ဖစ်ဖိုင်းများကိုဖွင့်ခြင်း၊
ပြုပြင်ခြင်းများမှာ အသုံးဝင်မှာဖြစ်ပါတယ်။
File formatဆိုတာကတော့ ဖိုင်ရဲ့ အမျိုးအစား(File Type)ကိုဆိုလိုတာပါ။
သိမ်းဆည်ထားတဲ့ ဖိုင်နာမည်တွေရဲ့  dot(.)ရဲ့ နောက်မှာ၇ှိတဲ့ စာလုံးလေးတွေအပေါ်မူတည်ပြီး
ဖိုင်အမျိုးအစားတွေကွာပါတယ်။ တစ်ချို့ က အဲတာတွေကိုလုံးဝ နားမလည်သေးဘူး ကျနော်သေခြာပြောပြပါမယ်
အခုလက်ရှိကျနော်တို့  Facebookမှာ နောက်ပြီး ဖုန်းတွေထဲမှာ အများဆုံး အသုံးပြုနေကြတဲ့ ဓါတ်ပုံလေးတွေရဲ့  အမျိုးအစားက
JPGဖြစ်ပါလိမ့်မယ်။
အချို့ ဗျာ..အင်တာနက်ပေါ်ကို ပုံတွေတင်တဲ့အခါမှာ တစ်ချို့ နေရာတွေက ဓါတ်ပုံအမျိုးအစားရွေးပါတယ် သူသက်မှတ်ထားတဲ့ပုံ
အမျိုးအစားကလွဲရင် အခြားပုံတွေတင်လို့ မရပါဘူး အဲဒါကြောင့် ပုံတွေရဲ့ အမျိုးအစားတွေကို လေ့လာထားသင့်ပါတယ်။
ဖုန်းမှာပဲဖြစ်ဖြစ် ကွန်ပြူတာမှာပဲဖြစ်ဖြစ် ကိုယ်သိမ်းထားတဲ့ ပုံတိုင်းမှာ နာမည်(Rename)ရှိပါတယ် အဲဒိနာမည်နဲ့ အတူFile Type
ပုံအမျိုးအစားတွေက သူ့ အလိုလိုဖေါ်ပြပေးပါတယ်။

အခု ပိုတိုရှော့မှာလည်း Renameရဲ့ နောက်မှာdot(.)ခံပြီး File Type ရွေးခြယ်ပြီးSaveလုပ်ရပါတယ်။
(ဥပမာ) (မြန်မာ မင်းသမီးတစ်ယောက်ရဲ့ နာမည်) moe Hay ko.Jpg) (moe hay ok.psd) အဲဒါမျိုးဖြစ်ပါတယ်။
File Typeတွေကို ရှင်းပြပါမယ်။
.PSD
.psdဆိုတာကတော့ PhotoShop Documentရဲ့ အတိုကောက်ဖြစ်ပြီး Adobeကပြုလုပ်ပိုင်ဆိုင်တဲ့
ပိုတိုရှော့ရဲ့ native File Formatပဲဖြစ်ပါတယ်။သူ့ ကိုသိမ်းဆည်းလို့ ရတာကလည်း ပိုတိုရှော့ပရိုဂရမ်နဲ့ ပဲဖြစ်ပြီး
ဖွင့်လို့ ၊ပြုပြင်လို့ ရတာကလည်း ပိုတိုရှော့ပရိုဂရမ်နဲ့ ပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပိုတိုရှော့မှာ.psdအနေနဲ့ ကိုယ့်ရဲ့ ဖိုင်ကိုသိမ်းဆည်းထားမယ်ဆိုရင်
ပိုတိုရှော့ထဲမှာပြုလုပ်ထားတဲ့ Layerတွေ၊ Styleတွေဟာ ပြန်ဖွင့်တဲ့အခါ ပေါင်းဆည်း ရှုပ်ထွေးမူမရှိပဲ သိမ်းဆည်းထားစဉ်ကအတိုင်း
ပြန်လည်ရရှိမှာဖြစ်ပါတယ်။
ဆက်လက်ပြုလုပ်ဖို့ ရှိတဲ့ ဒီိဇိုင်းတွေပုံတွေ နောက်တစ်ကြိမ်ထပ်မံပြုပြင်အသုံးပြုစရာရှိတဲ့ပုံတွေနဲ့  အရည်အသွေးကောင်းမွန်ဖို့ လိုတဲ့
ပုံတွေကို PSDနဲ့ သိမ်းဆည်းထားသင့်ပါတယ်။
PSD Fileရဲ့ အားနဲချက်ကတော့ Layerတွေများလေ Fileအရွယ်အစားကြီးမားလေဖြစ်ပြီး
PSDနဲ့ သိမ်းထားတဲ့Fileတွေကိုမိမိရဲ့ WindowထဲမှာPreviewကြည့်လို့ မရသလို ပိုတိုရှော့ပရိုဂရမ် မရှိတဲ့စက်မှာဆိုရင်
အခြား ပရိုဂရမ်တွေနဲ့  ဖွင့်ကြည့်လို့  မရတာပါပဲ။

.JPG/ .JPEG
jpg jpegဆိုတာကတော့ အဲဒိJPEGဖိုင်အမျိုးအစားကို ဖန်တီးတဲ့ အဖွဲ့ ရဲ့ နာမည်ဖြစ်တဲ့ Joint Photographic Experts Groupရဲ့ အတိုကောက်ဖြစ်ပြီး
pixmapလို့ ခေါ်တဲ့raster dataတွေကိုပဲသိမ်းဆည်းဖို့ ဖြစ်ပြီး Dataတွေကိုဖိသိပ်သိမ်းဆည်းထားတဲ့ ဖိုင်အမျိုးအစားဖြစ်တာကြောင့်
ဖိုင်အရွယ်အစားလည်းသေးငယ်ပါတယ်။Graphic Softwareအားလုံးလိုလိုဖွင့်လို့ ၊ အသုံးပြုလို့ ရတဲ့ ဖိုင်အမျိုးအစားဖြစ်ပြီး
မည်သည့်ဆော့ဝဲမှ မရှိသည့်တိုင်အောင် Windowထဲမှာဖွင့်ကြည့်လို့ ရပါတယ်။
windowမှာသာမက အခြားOSတွေနဲ့ Digital TVတွေ၊ DVD playerတွေမှာလည်း ဖွင့်ကြည့်လို့ ရပါတယ်။
ဒါ့အပြင်MP4တွေ၊Mobile Phoneတွေ၊ Digital Cameraတွေမှာလည်း ကြည့်ရှုအသုံးပြုလို့ ရပါတယ်။
ပြောရရင်တော့Digitalပစ္စည်းတိုင်းလိုလိုမှာဖွင့်ကြည့်လို့ ရတယ်ပေါ့။ ဒါဆို ပိုတိုရှော့သုံးရင် ဘာကြောင့်JPG/JPEGနဲ့ မသိမ်းတာလည်း
ဆိုရင်တော့ သူ့ မှာလည်း အားနဲချက်တွေရှိလို့ ပေါ့။
 ပိုတိုရှော့မှာအလုပ်တွေလုပ်ပြီး သိမ်းလို့ ရပေမယ့်LayerတွေStyleတွေဟာပေါင်စည်းသွားပါတယ်။
ကိုယ့်ရဲ့ လက်ရှိမြင်နေရတဲ့ပုံစံအတိုင်းပဲ ကြည့်လို့ ကောင်းရုံသာ သိမ်းစည်းလိုက်တာပေါ့။
နောက်ခံကTransparent(ကြည်လင်ပြတ်သားမှု)မဖြစ်ပါဘူး။
သိမ်းထားတာက ဖိုင်အရွယ်အစားသေးပေမယ့် တကယ်တမ်း အရည်အသွေးခြင်း ယှဉ်လိုက်ရင်တော့
PSDကိုမမှီပါဘူး။ ဒါကြောင့်JPGကိုပြန်ပြင်စရာမလိုတော့တဲ့ဒီဇိုင်းတွေ၊ လူအများကိုမျှဝေချင်တဲ့ပုံမျိုးတွေနဲ့  အင်တာနက်ပေါ်မှာအသုံးများပါတယ်။
ကိုယ်က အလုက်တစ်ခုကိုSPDနဲ့ လည်းသိမ်းတယ်၊JPGနဲ့ လည်းသိမ်းတယ်ဆိုရင် ပြန်ပြင်ဖို့  လိုအပ်တဲ့အခါ မူလPSDဖိုင်ကိုပြန်ဖွင့်ပြီးပြင်ပါ။
JPGကိုပြင်ပြီး ထပ်မသိမ်းပါနဲ့  အခုနကပြောသလို ကြည်လင်ပြတ်သားမှု မရှိတော့မှာသေခြာပါတယ်။ PSDမရှိတော့ဘူးဆိုရင်တော့
JPGကိုပဲ အသုံးပြုရတော့မှာပေါ့နော့.။

.PNG
Portable Network Graphicsရဲ့ အတိုကောက်ဖြစ်ပြီး Web(internet)ပေါ်မှာ အသုံးများပါတယ်။
JPEGလို ဖိုင်အရွယ်အစားက မကြီးပါဘူး။ Layerတစ်ခုတည်းပေမယ့် Transpraentအဖြစ်သိမ်းလို့ ရပါတယ်။ သိမ်းတဲ့အခါDataဆုံးရှုံးမှုလည်းနဲပါတယ်။
Web Designအတွက် အဓိကသုံးပြီး Print Mediaတွေမှာတော့မသုံးပါဘူး။ JPEGလို Deviceတိုင်းနဲ့ တော့ အဆင်မပြေပါဘူး။

.TIFF
Tagged Image File Formatရဲ့ အတိုကောက်ဖြစ်ပြီး၊ JPEGလိုImageဖိုင်ပါပဲ ဒါပေမယ့် ဖိုင်အရွယ်အစားက ပိုကြီးပါတယ်။
printingလုပ်ငန်းတွေမှာ အဓိကထား အသုံးပြုကြပါတယ်။ ပုံနှိပ်လုပ်ငန်းတွေ ဗွီနိင်းလုပ်ငန်းတွေလိုမျိုးပေါ့ Digital Imageကနေ တကယ့် Real Imageဖြစ်မလာခင်
ပုံမထုတ်ခင် နောက်ဆုံးအသုံးပြုတဲ့ ဖိုင်အမျိုးအစားပါ၊ အရည်အသွေး ကောင်းမွန်ပါတယ်။

.GIF
Graphic Interchange Formatရဲ့  နာမည်အတိုကောက်ဖြစ်ပြီးအရောင်က 256 Colorပဲရတဲ့အတွက် ပုံထွက်အရည်အသွေးညံ့ပါတယ်။
Logoတွေ၊ Diagramတွေနဲ့ ကာတွန့် ပုံလေးတွေမှာ အသုံးများပါတယ်။
အားသာချက်ကတော့ Animationတွေကို ပြုလုပ်သိမ်းစည်းနိင်ခြင်းပဲဖြစ်ပါတယ်။ ကြီးမားတဲ့Animationတွေတော့မဟုတ်ပါဘူး။
ဓါတ်ပုံလေးတွေ တစ်ပုံနဲ့ တစ်ပုံပြောင်းတာ၊ စာသားလေးတွေပြောင်းပြီးပေါ်တာ၊ အရုပ်လေးတွေလှုပ်ရှားမှု၊ ပြောင်းလဲမှုEffectအနည်းငယ်ကိုသိမ်စည်းပေးထားနိင်ပါတယ်။

.BMP
BMP File formatလို့ လူသိများတဲ့ Windows Bitmap File Formatကိုတော့ Windowsထဲမှာသာအသုံးများပါတယ်။
paintနဲ့  Wordpadလိုprogramမှာ သုံးပါတယ်။ Professionalအနေနဲ့ တော့ မသုံးကြပါဘူး။ File Sizeလည်းကြီးပါတယ်။

ဒီလောက်ဆိုရင်Colorအမျိုးအစားနဲ့ Fileအမျိုးအစားတွေကို နာလည်လိမ့်မယ်လို့ ထင်ပါတယ်နော်
ကျနော်လည်း ပိုတိုရှော့ကို အချိန်ရသလောက်လေ့လာ(ကလိ)ဖြစ်ပါတယ်။ လေ့လာတယ်ဆိုတာကလည်း ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဆရာတွေ ရေးသားထားတဲ့
ပိုတိုရှော့ဆိုင်ရာ စာအုပ်တစ်ချို့ ကို ကျနော်ဖက်ပြီးကိုယ်တိုင် ရေးဆွဲကြည့်ပါတယ်။ နောက်ဆိုရင် ရေးဆွဲနည်းတွေကို ပုံနှင့်တကွတင်ပြပေးထားပါမယ်။
အချိန်နဲနဲတော့ကြာမယ်ဗျာ။ အခြားဆော့ဝဲတွေ တင်ဖို့ အတွက်လည်းပြင်ဆင်ရသေးတယ် အလုပ်ကတစ်ဖက်နဲ့ ဆိုတော့ ကျနော်တတ်နိင်သလောက်ပေါ့ဗျာ။
ဖြစ်နိင်ရင် တစ်နေ့ တာအတွက် ၂၄နာရီကနေ ၄၈နာရီသာဖြစ်လိုက်ချင်တယ်။ အလုပ်ကပြန်လာလို့  ကျနော့အတွက် ရတဲ့အချိန်လေးဟာ ကွန်ပြူတာဖွင့်ပြီး
ဒီလိုအလုပ်တွေလုပ်နေဖို့ အချိန်သာဖြစ်ပါတယ်။ ၀ါသနာကလည်းကြီးတော့ ထမင်းမေ့ဟင်းမေ့ အိပ်စက်ခြင်းဆိုတာကိုလည်းမုန်းတီးနေရတဲ့ လူမိုက်လေးကျနော်ပါဗျာP:
ကျနော့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုရင် ဒီလိုBloggerလေးတစ်ခုလုပ်ပြီး နည်းပညာတွေ မျှဝေနေတာဟာ ကျနော့ထက်တတ်ကျွမ်းတဲ့ ဆရာတွေဆီကလည်း
နည်းပညာတစ်ချို့ ကိုရလိမ့်မယ်၊ ကျနော့နောက်က မသိနားမလည်သေးတဲ့ ညီကိုမောင်နှမတွေအတွက်လည်း နည်းပညာတစ်ချို့ ကိုရလိမ့်မယ်၊ ဒီလိုနည်းပညာတွေကို
လေ့လာ၊ မျှဝေနေရတဲ့အတွက် ကျနော်ရဲ့ စိတ်တည်ငြိမ်မှုတစ်ခုကိုရလိမ့်မယ်၊ တစ်ချိန်ချိန်မှာ ဒီပညာတွေဟာ တစ်နေရာရာကနေ ကိုယ့်အတွက်အသုံးဝင်လိမ့်မယ် ဆိုတဲ့
ရည်မှန်းချက်နဲ့ သာ အချိန်ကုန် လူပင်ပန်းခံပြီး လုပ်နေရခြင်းဖြစ်ပါတယ်. ကျနော့ရဲ့  ဆိုဒ်လေးကို လာရောက်လည်ပတ်ကြတဲ့ ညီကိုမောင်နှမတွေလည်း ကျနော့ရဲ့ စိတ်ရင်းမှန်ကို ဒီလောက်ဆိုရင်သိလိမ့်မယ်ထင်ပါတယ်။
ကဲ.ကဲ.မိုးလင်းတော့မယ် အိပ်လိုက်အုံးမယ်နော် မိုးလင်းရင်အလုပ်သွားရမယ်P: တာ့တာ..

                                                  ကေနွန်


ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here