Saturday, March 29, 2014

iPhone ကိုင်ထားသူများအတွက် အသုံးဝင်ပြီး သိထားသင့်တဲ့ Reset ပြုလုပ်ခြင်းအကြောင်း

ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၅)

iPhone တစ်လုံးအား Reset ပြုလုပ်ခြင်း

အကြောင်းတစ်ခုခုကြောင့် သင့် iPhone ကိုတခြားတစ်ယောက်ယောက်ကိုရောင်းချင်တဲ့အခါ
သင့်ဒေတာတွေကို တခြားသူအသုံးမပြုနိုင်အောင်ဖျက်ချင်လို့ဖြစ်ဖြစ်
App တွေ tweak တွေက အလုပ်ပုံမှန် မလုပ်ပဲ ဂေါက်ထနေမယ်
ဖုန်းကသုံးရတာ အရမ်းလေးလာမယ် စတဲ့
ပြသနာတွေဖြစ်လာခဲ့တာမျိုး ကြုံရတဲ့အခါမှာဖြစ်ဖြစ်
သင့်ဖုန်းကို reset ချပေးဘို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်...
ဒါကြောင့် ဖုန်း Setting ကနေ Reset ချနည်းကို ဒီအပိုင်းမှာမျှဝေပေးလိုက်ပါတယ်

သင့်ရဲ့  iPhone Setting>General>Reset ကိုနှိပ်လိုက်ရင်အောက်ပါအတိုင်း

- Reset All Settings
- Erase All Content and Settings
- Reset Network Settings
- Reset Keyboard Dictionary
- Reset Home Screen Layout
- Reset Location & Privacy ဆိုပြီး Reset ပြုလုပ်ပုံ ၆ မျိုးတွေ့ရမှာပါ။
ပုံမှာလည်းပြထားပါတယ်။

တစ်မျိုးစီကိုဆက်ပြီး လေ့လာကြည့်ရအောင်...

Reset All Settings
.........................
ူ Setting ထဲမှာရှိတဲ့ WiFi, Bluetooth, Do No Disturb, Notifications,
General, Sounds, Wallpaper & Brightness, နှင့် Privacy စတဲ့လုပ်ဆောင်ချက်အားလုံးကို
မူလအတိုင်းပြန်ဖြစ်အောင် reset ပြုလုပ်ပေးသွားမှာပါ။
Setting ကိုသာ reset ပြုလုပ်သွားမှာဖြစ်တဲ့အတွက် သင့်ဖုန်းအတွင်းရှိ Data & Media တွေဖြစ်တဲ့
ဓါတ်ပုံ၊ဗီဒီယိုနှင့်သီချင်းများကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။
သင့်ဖုန်း Setting အားကလိမိပြီး ပြန်မလုပ်တတ်ပဲပြသနာရှိလာပါက
နဂိုအတိုင်းပြန်ဖြစ်စေချင်ရင် Reset All Settings ဖြင့် reset ပြုလိုက်နိုင်ပါတယ်။

မှတ်ချက်။ ။ Reset All Settings ကိုအသုံးပြုမယ်ဆိုနှိပ်လိုက်ပါ ပုံထဲကလိုအနီရောင်စာသားနဲ့
တက်လာပါမယ် မစိုးရိမ်ပါနဲ့ သင်ကိုသေချာအောင်ထပ်မေးတာပါ Reset All Settings ကိုသာထပ်မံနှိပ်ပေးလိုက်ပါ..
ခဏစောင့်ပေးပါ Reboot လုပ်ပြီးပြန်တက်လာရင် Reset လုပ်ခြင်းပြီးဆုံးပါပြီ။

Erase All Content and Settings
...........................................
ူ ဒီ Reset ကတော့အန္တရယ်ဖြစ်စေနိုင်တဲ့ reset မျိုးပါ
တကယ့်တကယ်လိုအပ်မှသာသုံးရန်တိုက်တွန်းလိုပါတယ်။
အထူးသတိပေးချင်တာကတော့ lock phone တွေကို Software Unlocked ပြုလုပ်ထားတဲ့ ဖုန်းများ
xxxx လုံးဝလုံးဝ မသုံးပါနှင့်။ xxxx
သုံးခဲ့မယ်ဆိုရင် သင့်ဖုန်းကို service ဆိုင်သို့ပို့ပြီး unlock ပြန်လုပ်ရမှာဖြစ်တဲ့အတွက်ငွေကုန်များပါမယ်။
သင့်ဖုန်းက lock phone လား unlocked လားသိချင်ရင်
http://iphoneimei.info/ မှာ imei number ရေးပြီးကြည့်ပါ။
ဒီအကြောင်းကို အပိုင်း(၄)မှာ ကျနော်အကျဉ်းရေးထားပေးပါတယ်
နားမလည်ပါက အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ
https://www.facebook.com/maungsssk/photos/np.139179198.100000111833187/448511551946600/?type=1&notif_t=notify_me

မှတ်ချက်။ ။Reset မလုပ်မီ iCloud , iTunes ဖြင့် Backup မဖြစ်မနေလုပ်ထားပါ။
Erase All Content and Setting ကိုအသုံးပြုမယ်ဆို နှိပ်လိုက်ပါ အပေါ်ကပြောခဲ့သလိုပဲ
သတိပေးစာသားပေါ်လာပါမယ် Erase iPhone ကိုပဲနှိပ်ပေးလိုက်ပါ
Reboot ကျပြီးပြန်တက်လာပါက Home Screen ကိုမြင်ရမည်မဟုတ်ပဲ Restore Mode ကိုသာမြင်တွေ့ရမှာပါ
iTunes နှင့်ချိတ်ဆက်ပြီး နောက်ဆုံး ios version ကို update လုပ်ပေးရပါလိမ့်မည်။ ထိုသို့ update လုပ်ပြီးမှသာ
Home Screen ကိုမြင်တွေ့ရမှာပါ ဖုန်းထဲမှာရှိတဲ့အရာအားလုံးကိုဖျက်ပစ်လိုက်ပြီး
အသစ်တစ်လုံးကဲ့သို့ပြန်ဖြစ်စေတဲ့အတွက် သင်သာ BackUp မလုပ်ထားခဲ့လျှင် သင့်ရဲ့  Data & Media တွေကို
ပြန်လည်ရရှိတော့မှာ မဟုတ်ပါဘူး။

Reset Network Settings
..................................
ဒီ reset ကတော့ ဖုန်းရဲ့  အင်တာနက်ဆက်သွယ်မှုနဲ့ဆိုင်တဲ့ wifi , network တွေကိုမူလနဂိုအတိုင်းပြန်ဖြစ်အောင်
လုပ်ဆောင်ပေးမှာပါ။ ဒါကတော့ သိပ်ပြီးထွေထွေထူးထူးပေးစရာမှတ်ချက်မရှိပါဘူး ။

Reset Keyboard Dictionary
.....................................
ဒီ reset ကိုတော့ Autocorrect feature ကိုသုံးတဲ့အခါ keyboard dictionary က
အမှန်ကိုမဖော်ပြတော့တဲ့အခါမျိုးဆိုသုံးလို့ရပါတယ် Autocorrect feature ဆိုတာက ကျနော်တို့ ကီးဘုတ်ကနေ
စာရိုက်လိုက်တဲ့အခါ စာလုံးသတ်ပုံမှားခဲ့ရင် custom dictionary ကအလိုလျောက်သိပြီး
အမှန်ဖြစ်နိုင်မဲ့စာလုံးကိုပြင်ပေးတာမျိုးပါ ကျနော်ကတော့ အာရုံနောက်လို့မသုံးပါဘူး ပိတ်ထားပါတယ်။
အဖွင့်ပိတ်လုပ်ချင်ရင် Settings>General>Keyboard> မှာ
Auto-Capitalization
Auto-Correction
Check Spelling စသည်တို့ကိုလိုအပ်သလို ပိတ်ဖွင့်လုပ်လို့ရပါတယ်။

Reset Home Screen Layout
.......................................
သင့်ဖုန်းကို စသုံးခါစမှာတော့ ဖုန်းမှာပါလာတဲ့ App တွေပဲရှိပါတယ်။
သင်လိုချင်တဲ့ App & Game တွေ ထည့်ပါများလာပြီး ဟိုရွေ့ ဒီရွေ့ လုပ်တော့ မူလရှိနေတဲ့ App တွေက
ရောက်ချင်တဲ့နေရာရောက်နေမယ် အဲဒါကို သင်က မူလနေရာအတိုင်းပြန်ရှိစေချင်တယ်ဆိုရင်
ယခုဖော်ပြတဲ့ reset ကိုအသုံးပြုပြီး စေခိုင်းနိုင်ပါတယ်။

Reset Location & Privacy
...................................
ခေါင်းစဉ်မှာပါတဲ့အတိုင်းပဲ Location နဲ့ Privacy setting ကို reset လုပ်ပစ်မှာပါ
ရလာမဲ့အကျိုးဆက်ကတော့ Setting>Privacy ထဲကိုဝင်ကြည့်ပါ Location Services ပိတ်နေတာကိုတွေ့မှာပါ
Find My iPhone သည်လည်းပိတ်သွားမှာဖြစ်တဲ့အတွက် သင့်ဖုန်းတည်နေရာကို ရှာမရနိုင်တော့ပါ။

ကလိချင်တာဖြစ်ဖြစ် စမ်းသပ်ချင်တာဖြစ်ဖြစ် မိမိဖုန်းအား အရင်ဆုံး back up လုပ်ထားဘို့ မမေ့ပါနဲ့။
back up လုပ်မတတ်လျှင် အပိုင်း (၂) မှာကျနော်ရေးထားပေးပါတယ် အောက်ကလင့်ခ်နှိပ်ပြီးလေ့လာနိုင်ပါတယ်။
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/447721865358902/?type=1&relevant_count=1

အပိုင်း (၃) မှာတော့ Jailbreak လုပ်နည်းကိုရေးထားပေးပါတယ် မဖတ်ရသေးဘူး ပြန်ဖတ်ချင်တယ်ဆိုရင်
အောက်ကလင့်ခ်မှာသွားရောက်ဖတ်ရှုပါ ..
https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/448131155317973/?type=1&theater

ဒီအကြောင်းအရာများကို ကျနော်ဖတ်ဖူးလေ့လာဖူးသမျှထဲက ဥာဏ်မီသလောက်ပြန်လည်ရေးသားထားခြင်း
ဖြစ်ပါတယ် ကိုယ်တိုင်စမ်းသပ်ပြီးမှသိတာမဟုတ်ပါဘူး ရှေ့ ကဆရာတွေရဲ့ နည်းလမ်းတွေကို
လေ့လာသိရှိသလောက်ပြန်လည်မျှဝေပေးတာဖြစ်တဲ့အတွက် လိုအပ်သည်များရှိပါက
နားလည်ခွင့်လွှတ်ပေးပါ ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။

Admin-Monster ( www.zwmnna.com )




Friday, March 28, 2014

iPhone 5s ၀ယ်မည့်သူများ CDMA သို့ မဟုတ် GSM ရွေးတတ်စေရန်




iPhone 5s ၀ယ်တော့မယ်ဆို CDMA-GSM လား ရွေးဝယ်နိုင်ဖို့ အတွက်

မော်ဒယ်နံပတ်နဲ့ ခွဲပေးထားပါတယ် ။ မ၀ယ်ခင်မှာ ဖုန်းရဲ့နောက်ကျောကို

စစ်ကြည့်မယ်ဆို မော်ဒယ်နံပတ် ရေးပြထားပါတယ် ။ အသေးစိတ်ဖတ်ချင်

အောက်ကလင့်မှာ iPhone 5s အကြောင်း ရေးပြထားပါတယ်။

http://support.apple.com/kb/HT3939


Iphone.Ipad တွေဝယ်တဲ့အခါ Apple ရဲ့ Originalပစ္စည်းအစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးနည်း



Serial number နံပတ်ကိုရှာပီး အောက်ကလင့်မှာ စစ်ကြည့်ပါ

Setting- General - About - မှာ တွေ့ နိုင်ပါတယ်။

စစ်ကြည့်လို့ သူတို့ မှတ်တမ်းမှာ မရှိဘူးဆိုရင် အတုဖြစ်ပါတယ်လို့ ဆိုတယ်


ဒီလင့်ကို နှိပ်ပြီး စစ်ပါ - Apple Product Checker




Tuesday, March 25, 2014

အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်းရင်း ( IPhone ကိုင်မလား Android ဖုန်းကိုင်မလား သိချင်သူများဖတ်ရန်)

အိုင်ဖုန်းဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်ထား ဆဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ iPhone 5S ဟာလည်း လူကြိုက်များပြီး နောက်ထွက်မယ့် iPhone 6 ကိုလည်း မျော်လင့်နေကြ ပါတယ်။


ဒါကြောင့်မို့ iPhone ကို ဘာကြောင့် ကြိုက်ကြသလဲဆိုတာကို အကြမ်းဖျဉ်း အဖြေ ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း ထွက်လာ ပါတယ်။

စတိုင် နဲ့ ဂုဏ် အရှိန်

အခြေခံဆုံး အချက် အနေနဲ့ စတိုင် ကို အရင်ကြည့်ကြပါတယ်။ မြန်မာပြည် က အချို့ ငွေရှိ အသက်ကြီး ပုဂ္ဂိုလ် တွေတောင် i Device များကို ဝယ်သုံးပါတယ်။ သုံးတတ်လို့တော့ မဟုတ် ပါဘူး။ သူ့ရဲ့ စတိုင် နဲ့ ဂုဏ် အရှိန် ကြောင့်မို့ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှ သပ်ရပ် လှပပြီး ဂုဏ်အရှိန် ကြီးတာ ကတော့ စတိဗ်ဂျော့ ကြောင့ ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းနဲ့ စမတ်ဖုန်း လောကကို ပြောင်းလဲသူ ဆိုပြီးတော့ ကြွေးကြော် ထားခြင်းပါ။ အမှန်တော့ စမတ်ဖုန်း လောကကို လမ်းစဖောက်ပေးတာ Apple တစ်ခုထဲ  မဟုတ်ပဲ အခြား ကုမ္မဏီမျာလည်း ရှိနေပေမယ့် Apple ကိုပဲ ပိုမို လူသိ များခဲ့ ပါတယ်။

အကြမ်းခံခြင်း

iPhone ရဲ့ အကြမ်းခံမှုက လူတိုင်း ပြောပါတယ်။ အကြောင်းက အလူမီနီယံ ကိုယ်ထည်ကြောင့်မို့လို့ ဖြစ်ပါတယ်။ သာမန် ကော်ဖုန်း တစ်လုံး ကျရင် ကွဲပေမယ့် အိုင်ဖုန်းက နောက်ကျောကော ရှေ့မျက်နှာပြင်ကော အတော်လေး အကြမ်းခံတာကို လေ့လာ မိပါတယ်။

မျက်နှာပြင် အရည်အသွေး ကောင်း

ဒါကလည်း အစဉ်ဆက် ထိန်းသိမ်းလာတဲ့ အရည်အချင်း ဖြစ်ပါတယ်။ iPhone ရဲ့ ဖန်သား resolution ppi က ဟန်းဆက် အသီးသီး အသစ် ထွက်တဲ့ ခေတ်အဆက်ဆက် မှာ အမြဲတန်း ထိပ်ဆုံး ကနေ ဦးဆောင် ပါတယ်။ Retina Display တို့ကိုလည်း အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

လုံခြုံရေး ကောင်း

အိုင်ဖုန်းတို့ အိုင်ပတ် တို့က ပျောက်သွားရင် Tracking လိုက်ဖို့ အတွက် အတော်လေး လွယ် ပါတယ်။ ပျောက်သွားတဲ့ အလုံးကို တစ်ဖက်က ဖွင့်လို့ အင်တာနက် သုံးပြီ ဆိုတာနဲ့ ကိုယ့် ပျောက်နေတဲ့ အိုင်းဖုန်းဟာ ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူက ဓာတ်ပုံတွေ ဘာတွေရိုက်ရင် Could Storage နဲ့ Sync လုပ်ထားတဲ့အခါ ကိုင်ဆောင်ထားသူရဲ့ ဓာတ်ပုံကိုတောင် အလွယ်တကူ ရနိုင် ပါတယ်။

မြန်ဆန်တဲ့ Processor

အိုင်ဖုန်းရဲ့ Processor မြန်ဆန်ချက်က ဂိမ်းဆော့ရင် ပိုမို သိသာ ပါတယ်။ အထူးသဖြင့် Racing ဂိမ်းတွေမှာ ပိုမို သိသာ ပါတယ်။ Android စမတ်ဖုန်း တစ်လုံးမှာ ဆော့တဲ့ Racing နဲ့ iPhone မှာ ဆော့တဲ့ Racing က မြန်ဆန်မှ သိသိသာသာ ကွာပါတယ်။ Processor ရဲ့ လည်ပတ်မှု မြန်ဆန်ပြီး ကြည်လင်တဲ့ မျက်နှာပြင်နဲ့ ပေါင်းစပ် လိုက်တဲ့အခါ Gaming Device ကောင်း တစ်ခု ဖြစ်လာစေ ပါတယ်။

ကြာရှည်ခံသော အရည်အသွေး

မိတ်ဆွေ သူငယ်ချင်း တစ်ယောက် iPhone ပထမ မျိုးဆက်ကို ယနေ့တိုင် အသုံးပြုနေသေးတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါတယ်။ နောက်ဆုံးပေါ် iPhone တို့လောက် မမြန်ပေမယ့် သူ့ဟာလေးနဲ့ သူ အလုပ်လုပ်နေတာကို တွေ့ ရတော့ iPhone ရဲ့ တာရှည်ခံ၊ အသုံးခံ မှုကို အံ့သြ ခဲ့ရ ပါတယ်။

အထက်ပါ အားသာချက်များပြင် အခြားသော အားသာချက်များလည်း ရှိပါ သေးတယ်။ ထိုနည်းတူစွာ သူ့မှာလည်း အားနည်းချက် များစွာ ရှိပါတယ်။ အဓိကအားဖြင့် ဈေးကြီးတာနဲ့ အသုံးပြုမယ့် App တွေကို ဝယ်သုံးရတာမျိုး၊ country region အရ  အသုံးပြုဖို့ အဆင်မပြေသေးတာမျိုး၊ font ကိစ္စ အဆင်မပြေတာမျိုး၊ Jail Break လုပ်သင့် မလုပ်သင့် ခေါင်းစား တာမျိုး အစရှိသဖြင့် အခက်လေးတွေ၊ အားနည်းချက်လေးတွေလည်း ရှိပါ သေးတယ်။ သို့သည့်တိုင် အိုင်ဖုန်းဟာ လူကြိုက် အများဆုံး၊ အလိုချင်ဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

.
International news for Myanmar



ios (iphone) နဲ့  Android ဖုန်း ဘာကို သုံးသင့်သလဲ အခြေခံသဘောတရားများဖတ်နိုင်ပါပြီ




ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၁)

ios နှင့် android အားနှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ios က android လောက် အသုံးပြုရတာ မလွယ်ကူပါ သို့သော် အရမ်းလည်း မခက်ပါ

ios ကိုစတင်အသုံးပြုတော့မယ်ဆိုရင် Apple ကဖြန်ချီထားတဲ့ App တွေ Game ကိုရယူသုံးစွဲဘို့ နဲ့ Apple ရဲ့ ဝန်ဆောင်မှုတွေကိုရယူဘို့ Apple ID account တစ်ခုလိုအပ်ပါတယ်
Android ဆိုရင်လည်းဒီလိုပါပဲ Google account တစ်ခုလိုပါတယ်

ios လွယ်လွယ်ပြောရင် iPhone တစ်လုံးကိုအသုံးပြုတော့မယ်ဆိုရင် ကွန်ပျူတာ တစ်လုံးတော့ ရှိထားသင့်ပါတယ်
ဘာကြောင့်လဲဆိုတော့ သီချင်းတွေ ဗီဒီယိုတွေ ကို android မှာလို bluetooth နဲ့ Share ပေးလို့မရဘူး external memory လည်းမရှိတာကြောင့် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး
Apple မှအခမဲ့ဖြန့်ဝေထားသော itunes ဖြင့်သာ music , video , game , app & ebook စသည်တို့ကို သွင်းနိုင်မည်ဖြစ်သည်။
ဖုန်းဖြင့် App Store မှ download ဆွဲချရသော်လည်း မိမိမှာရှိသည့် မြန်မာသီချင်းများနှင့်ဗီဒီယို စာအုပ်များကို App Store တွင်ရှာမရနိုင်ပါ။
သူငယ်ချင်းတစ်ယောက်ဆီမှာရှိလို့ လိုချင်ရင်တောင် Bluetooth နဲ့ Share ပေးလို့လည်းမရတဲ့အတွက် သီချင်းတစ်ပုဒ်လိုချင်တိုင်း ကွန်ပျူတာမှသာ သွင်းယူရမှာဖြစ်လို့
ကွန်ပျူတာတစ်လုံးကတော့ ရှိသင့်ပါတယ်

iPhone အသစ်တစ်လုံးကို သင်ဝယ်တဲ့အခါ ဖုန်းရဲ့ ဘာသာစကားစနစ်မှာ မြန်မာစာ မပါလာပါဘူး
ကျနော်တို့က မြန်မာစာရေးချင် ဖတ်ချင်တဲ့အခါ မြန်မာစာစနစ်ကိုထည့်သွင်းပေးဘို့ လိုအပ်လာပါတယ်
အဲဒီမြန်မာစာရေးလို့ရတဲ့ ကီးဘုတ်နဲ့ ဖောင့်ကို မြန်မာပရိုဂရမ်မာများက တီထွင်ပေးထားပါတယ်
ဒါပေမဲ့ Apple က ဒါကိုထည့်သုံးခွင့်မပေးထားပါဘူး ကျနော်တို့က သုံးချင်တယ်ဆိုတော့ Apple ရဲ့ စနစ်ကို စပြီးချိုးဖောက်ရပါပြီ
အဲလိုချိုးဖောက်တာကိုပဲ Jailbreak လုပ်တယ်လို့ပြောဆိုကြပါတယ်.. Android နဲ့ ယှဉ်ပြောရရင်တော့ Root လုပ်တာပေါ့ဗျာ...
အဲလို Jailbreak လုပ်ပြီးတဲ့အခါ Android မှာ super user လိုမျိုး
ios မှာတော့ cydia ဆိုတာလေးရှိလာပါတယ်... အဲဒီ cydia ကိုအသုံးပြုပြီး ကျနော်တို့ လိုချင်တဲ့ မြန်မာကီးဘုတ်နဲ့ ဖောင့်အပြင်
အခြားသော Apple ကခွင့်မပြုထားတဲ့ App & hacking game တွေကို သင့်ရဲ့  i device ထဲကိုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
မြန်မာကီးဘုတ်နဲ့ဖောင့်ထည့်နည်းကို နောက်ပိုင်းမှာ အဆင်ပြေသလိုဖော်ပြပေးသွားပါမယ်

ယနေ့အချိန်ထိ နိုင်ငံအများစုမှာ android စနစ်ကိုသာလူသုံးများနေပါသေးတယ်
အထူးသဖြင့် မြန်မာပြည်မှာ ios ဟာတန်ကြေးမြင့်နေတဲ့ဖုန်းဖြစ်တာက တစ်ကြောင်း
android နဲ့စာရင် အသုံးပြုရ အနည်းငယ်ခက်ခဲနေတာက တစ်ကြောင်း
Application နှင့် ဂိမ်းများ android နဲ့စာရင် သုံးပုံတစ်ပုံလောက်သာရှိတဲ့အပြင် အခမဲ့ရယူနိုင်မှု android လောက်မပေါများတဲ့အတွက်တစ်ကြောင်း
မြန်မာပြည်သားအများစု အသုံးပြုနေတဲ့ မြန်မာ application နှင့် ဂိမ်းများ Android လောက် ios မှာမရှိခြင်းများနှင့်
လူတန်းစေ့ကိုင်နိုင်တဲ့ android ဖုန်းအသုံးပြုမှု များခြင်းဟာ အဆန်းတော့မဟုတ်ပေ...
ios က တန်ကြေးမြင့်သလို ပေးတာနဲ့တန်အောင်ကို သုံးလို့ကောင်းတယ်ဆိုတာ အသုံးပြုဖူးသူတိုင်း လက်ခံရမဲ့အချက်တစ်ချက်ပါ
သူ့ရဲ့ အရည်အသွေးဟာ ဖုန်းလောကမှာ အကောင်းဆုံးဆိုတာကိုငြင်းလို့မရအောင်ပါပဲ

ဆက်လက်မျှဝေပါဦးမည်...
ကျနော့်ရေးသားချက်များလိုအပ်နေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိပါတယ် ဒီအတွက်စာဖတ်သူများကိုတောင်းပန်ထားချင်ပါတယ်
ကျနော်က ios ကိုလေ့လာတာသိပ်မကြာသေးလို့ အမှားပါခဲ့ရင်နားလည်ခွင့်လွှတ်စေချင်ပါတယ်
ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။

Admin-Monster (www.zwmnna.com)


Saturday, March 22, 2014

PowerISO v5.9 ,13.03.2014, 64bit/32bit Full Version (CD/DVD အခွေ Burn ဖို့ အလွယ်ဆုံးဆောဝဲလေးပါ)


PowerISO ဆောဝဲလေးကတော့ အခွေ Burn ဖို့ အရမ်းအသုံးဝင်ပါတယ်။ မိမိ သိမ်းချင်တဲ့ Data ဖိုင်တွေကို PowerISO ဆောဝဲလေးနဲ့ CD/DVD အခွေ ထဲ Burn ပြီး သိမ်းဆည်းထားလို့ ရပါတယ်။ ထို့အပြင် MP3/AVI/ISO/MPEG/MP4 အစရှိတဲ့ ဖိုင်တွေကို DVD အခွေထဲ Burn လို့ရပါတယ်။ သုံးရတာလည်းအရမ်းကိုလွယ်ကူပါတယ်။ 

ISO ဖိုင်တွေကို Extract လုပ်နိုင်တယ်။ ပြီးတော့ အခြား Data ဖိုင်တွေကိုလည်း ISO ဖိုင်အဖြစ် Archive လုပ်နိုင်ပါသေးတယ်။ ထို့အပြင် ISO ဖိုင်များကို CD/DVD/USB Stick များမှာ Bootable Image အဖြစ် Burn နိုင်သောကြောင့် လူတိုင်း ဆောင်ထားသင့်ပါတယ်။

Full သုံးလို့ရအောင် Keygan ပါ တင်ပေးထားပါတယ်။ ဆော့ဝဲလ် ကို Install ပြးတာနဲ့ Keygan က Name နဲ့ Serial ကို Copy လိုက်ရင် Activated အဖြစ် အသုံးပြုနိုင်ပါပြီ။ 
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။



 အားလုံးအဆင်ပြေပါစေ.......။



Friday, March 21, 2014

မော်လမြိုင် (သို့မဟုတ်) ရင်ဘတ်ထဲကမြို့ပြ




မန္တလေးလိုနန်းမြို့ရိုးတွေမရှိလို့လား
ရန်ကုန်လိုတိုက်တာကြီးတွေမရှိသေးလို့လား
အဲဒီမြို့လေးကလူတကာရဲ့ပါးစပ်ဖျားမှာ
အရောင်နဲနဲမှိန်တယ်...
သူကျောပေါ်မှာနာဂဝံသ
နဂါးတစ်ကောင်လိုလူးလွန့်
သူ့ခြေရင်းမှာမြစ်သုံးပွင့်ဆိုင်
သံလွင်၊ဂျိုင်း၊အထ္ထရံ
အိမ်မက်တံတားကြီးကိုထမ်းပိုးလို့
ကြည့်လေရာနေရာတိုင်းမှာက
ရွှေဝါရောင်တဝင်းဝင်းနဲ့တန်ခိုးကြီးစေတီတွေ
ဧည့်ဝတ်ကျေတာထက်လွန်အောင်
ထမင်းခေါ်ကျွေးလွန်းလို့
ဧည့်သည်တွေထွက်ပြေးရတဲ့
ဘီလူးကျွန်းဆိုတာသူ့ညီလေး
ရှုမဆုံးအောင်လှတဲ့
ထန်းပင်တန်းနဲ့ကျိုက်မရောမြို့ဟာ
သူ့ရောင်ရင်းမိတ်ဆွေ
တခေတ်တခါကနေအခုချိန်ထိ
လုံမပျိုတွေချောတဲ့မြို့တော်
တခေတ်တခါကနေအခုချိန်ထိ
ဒူးရင်း၊ကြက်မောက်၊ကျွဲကော
အသီးအနှံ့တို့ရဲ့မြို့တော်
တခေတ်တခါကနေအခုချိန်ထိ
အလင်းထဲကနေအမှောင်ခိုတဲ့မြို့တော်
ဘုံပြတ်ခေါ်မြင်းလှည်းတွေနဲ့
မွန်စကားသံဝဲဝဲ၊မွန်သံပီပီသသပါ
ကြားနိုင်တဲ့မြို့တော်
မယုံရင်သူတို့ချစ်တဲ့မြို့အကြောင်း
သူ့မြို့ခံလူတွေမေးကြည့်
ဟုတ်တယ်...
ငါတို့ဟာအမျိုးကိုချစ်လို့မြို့ကိုပါချစ်တဲ့
အမျိုးချစ် ၊မြို့ချစ်တဲ့သူတွေ
ဟုတ်တယ်..
ဒီမြို့ကိုသေမလောက်မြတ်နိုးကြတယ်
ဟုတ်တယ်....
ဒီမြို့နဲ့ခဏလေးဝေးရင်တောင်
ငါတို့သေမလောက်လွမ်းကြတယ်
ခဏလောက်ဝင်ကြည့်လိုက်စမ်းပါ
အဲဒီမြို့ချစ်သူတွေရဲ့ရင်ဘတ်ထဲ
သူတို့မြို့ရဲ့ ဂုဏ်ရောင်တလက်လက်ကို
ခင်ဗျားအမြင်ကတ်အောင်
သူတို့ရွတ်ဖတ်ပြလိမ့်မယ်...

Credit with Respect bro - သားကြီး


shared အာမီ ရမ်'s photo.


Wednesday, March 19, 2014

USB Drive/Pen Driveကိုအသုံးပြုပြီး Windows 7 ကိုအရှိန်မြှင့်တင်နည်း

 
USB Drive/Pen Driveကိုအသုံးပြုပြီး Windows 7 ကိုအရှိန်မြှင့်တင်နည်းစာအုပ်ကလေးပါအောက်မှာ PDF ဖိုင်လေးကိုဒေါင်းယူပြီးလေ့လာနိုင်ပါတယ် 
 
DownLoad Link 1

 ပိုတိုရှော့ပုံများနှင့်နည်းပညာများကိုတိုက်ရိုက်ရယူချင်တယ်ဆိုရင်  
ဒီမှာFB LIKE နှိပ်လိုက်ခဲ့ပါနော် ၃စက္ကန့်အတွင်းကျွန်တော့်ဆိုဒ်ကနေ သင့်ဆီကိုအရောက်ပို့လာမည်။  
ကျွန်တော်ပိုင်သောဆိုဒ်ကလေးကိုလည်းလာလည်စေချင်ပါတယ်
 ဖိတ်ခေါ်ပါတယ်နော်သူငယ်ချင်းတို့ကို
အားလုံးကိုကျေးဇူးတင်လျှက်ပါ
 
Photoshop &Techniques 
 
ဒေါင်းနည်းများမသိပါက ဒီမှာနှိပ်ပြီး သွားကြည့်ပေးပါခင်ဗျာ


face book & Advanced Download Manager Android App

Android ဖုန်းတွေ  မှာ facebook Update တတ်သွားလို့  video  ဖိုင်တွေ ကို download  မရဘူးဆိုရင်
လက်ရှိ သုံနေတဲ့  facebook အသစ်ကို ဖျတ်ပြီး အခု တင် ထား တဲ့  facebook အဟောင်း လေးကို ပြန်ထည့်  ပြီး အသုံးပြုနိုင် ပါ တယ်။


facebook အဟောင်း ကို ပြန်ယူချင်ရင်  ဒီနားမှာ နော်...facebook အဟောင်းလေး

တစ်ဆက်တည်း  ပဲ    Advanced Download Manager Android App ကိုပါထည့် ပေးလိုက်မယ် နော်
facebook &    Advanced Download Manager Android App ကို ပါ ယူပြီး ...
သုံးကြည့်  ပါ ...သူငယ်ချင်း  ရဲ့  ဖုန်း မှာ လို ချင်တဲ့  video လေးတွေကို အလွယ်တကူ ရ ပါ လိမ့် မယ်....





 ADM video  download  ကို ဒီနားမှာ  ထပ်ယူနော်...   Advanced Download Manager Android App

သူချင်းအားလုံးအဆင်ပြေ ပြေ နဲ့  သုံးနိုင် ကြပါစေဗျာ.....


Monday, March 17, 2014

MOBO genie

အခု တင်ပေး လိုက် တဲ့   mobo gine ဆော့ ၀ဲ လေးကတော့  တစ်ချို့  သူငယ်ချင်းတွေလည်း သိပြီးသား ဖြစ်ပါ လိမ့်  မယ်
ဒါ ပေမယ့် မသိသေးတဲ့ သူငယ်ချင်း တွေအတွက် ထပ်ပြီးတင်ပေး  လိုက်ပါတယ်.
ဒီဆော့ ဝဲ လေး ရဲ့ အားသာ ချက်ကတော့   Computer နဲ့  သုံးတဲ့ သူတွေ အတွက်  အသုံး ၀င် ပါ တယ်
android apk တွေကို  Computer နဲ့  download လုပ် ယူ လို့  ရ ပါ တယ် ...
ပြီး တော့  ဖုန်း  နဲ့  ချိတ်ဆက်ပြီး  လည်း  သုံး နိုင် ပါ တယ်...

download လုပ် ယူပြီးသား android  apk တွေ ကို သိမ်းချင်ရင် လည်း အဆင်ပြေ ပြီး ဖုန်းထဲ ကိုလည်းရွေ့ သုံးလို့ ရပါတယ်
ဆော့ ၀ဲ လုပ် ပုံ လုပ် နည်းလေးကတော့ သိပ် ပြီးမခက် ပါဘူး ရိုးရိုး install  လုပ် ပေးလိုက် ရင် ရပါ ပြီ ပြီးရင်   download  ယူထား တဲ့ apk ဖိုင် တွေ ကို apk -shortcup ဖိုင် လေးထဲ မှာ ပြန်ယူလို့  ရပါ တယ်...တကယ်လို့  သူငယ်ချင်းတို့ သုံးကြည့် ချင်ရင် ဒီမှာနော်....MOBO genie အဆင်ပြေစွာ နဲ့  သုံးနိုင်ကြပါစေ ဗျာ......




Sunday, March 9, 2014

VA - ပတ္တမြား FM - Radio to Live (2014) [Album]MP3-128Kbps

၀၁ပတ္တမြားသုခအလင်္ကာ - သားဒီးလူ၊ Jewel
 Listen, Download
၀၂ချစ်သောမောင်မောင် - အိမ့်ချစ်
 Listen, Download
၀၃ချစ်သတိပြု - ရဲ့ရင့်အောင်
Listen,Download
၀၄အင်းလေးမှာရွာတဲ့မိုး - နီနီခင်ဇော်
Listen,Download
၀၅မင်းတစ်ယောက်တော့အသည်းကွဲရလိမ့်မယ် - စည်သူလွင်
Listen,Download
၀၆မနှောမြေမှတေးသံသာ - ဂျက်ဆန်ထွန်း၊ မရန်ဆိုင်းနော်
Listen,Download
၀၇မောင့်ကိုချစ်ဖို့မွေးဖွားလာပါတယ် - နေနေ
Listen,Download
၀၈ချစ်ချစ် - သားသား
Listen,Download
၀၉ချစ်တယ် - ချမ်းချမ်း
Listen,Download
၁၀ညမွှေးပန်း - Ar-T
Listen,Download
၁၁ပန်ပေးပါရစေ စံပယ်တစ်ကုံး - Lလွန်းဝါ
Listen,Download
၁၂စိမ်းတယ်လို့မှတ်မှာလား - အေသင်ချိုဆွေ
Listen,Download
၁၃မပြိုသည့်မိုး - ထူးအယ်လင်း
Listen,Download
၁၄ကျေးဇူးတင်ပါတယ်ရှင် - အိမ့်ချစ်၊ နီနီခင်ဇော်၊ နေနေ
Listen,Download
VA - ပတ္တမြား FM - Radio to Live (2014) [Album]MP3-128Kbps [ 58MB]
  Download Whole Album>>> Music All Channel
 Music All Channel 
 
 


Saturday, March 8, 2014

လူပျို မှတ်စု ( ၁ )



နုတ်ခမ်းနီမလေးတွေကို ငေးတယ်
ဒါပေမယ့် .. သနပ်ခါးမလေးတွေကို ရွေးတယ်

ဆံနီမလေးတွေကို ကြည့်တယ်
ဒါပေမယ့် .. ဆံကျစ်ကလေးတွေဆို ငြိတယ်

sexy လေးတွေကို တပ်မက်တယ်
ဒါပေမယ့် .. အိနြေ္ဒရှင်လေးကိုပဲ လက်ထပ်တယ်

အတို အဟိုက်လေးတွေဆို မျက်ဝန်းမှာ ဝဲနေတယ်
ဒါပေမယ့် .. ရင်ဖုံး လုံချည် လေးတွေပဲ ရင်တွင်းမှာ စွဲစေတယ်

လရောင်အောက်က ချစ်သူဆို မက်မဆုံး ကြည်နူးတယ်
ဒါပေမယ့် .. နေရောင်အောက်က ချစ်သူကိုပဲ တစ်သက်လုံး ရည်စူးတယ်

၃ နှစ် ၃ မိုးခေတ် မဟုတ်တော့လို့
၃ ရက် ၃ မိနစ် အချစ်ကို ကြည်နူးတယ်

ဒါပေမယ့် စံပယ်တွေ လွယ်လွယ်ပွင့်ရင်
လွယ်လွယ်လေးပဲ လွှင့်ပစ်တတ်ကြတယ်

မိန်းကလေးရေ !!

မင့် ဘယ်လောက်ပဲ ဖလန်းဖလန်း ထထ
လူပျိုတွေ တမ်းတမ်းတတ စာရင်းထဲတော့

မင်း ... မပါဘူး !

နွေဦးမောင်မောင်( မန်း )
 
Credit-
နွေဦးမောင်မောင်( မန်း )


Thursday, March 6, 2014

မြန်မာနိုင်ငံရဲ့ အရေးပေါ်ဖုန်းနံပတ်တွေ အရေးပါတဲ့ ဖုန်းနံပတ်တွေ စုစည်းထားတဲ့ APK


ဒီဆော့ဝဲလေး ဖုန်းထဲရှိရင် မှတ်စု ထုတ်ကြည့်စရာမလိုပဲ အရေးအကြောင်းရှိရင်

ချက်ချင်း ဆက်လို့ ရပါတယ် ။ အရေးပါတဲ့ လုပ်ငန်းတွေရဲ့ ဖုန်းတွေလည်းပါတယ်

အသုံးပြုလိုသူ မသုံးရသေးသူ အောက်ကလင့်မှာ Download ယူထည့်လိုက်ပါ


Download - Myanmar.Hotlines.


နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်

Mobile Phone ဆိုင်ရာပညာလေ့လာရန်






Android Phone အတွက် 2014 မြန်မာပြက္ခဒိန် Download ယူချင်ရင်



Download - calendar2014.apk



ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here