ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

""ပင်လုံစာချုပ် အကြောင်းနဲ့  စာချုပ်ပါ အချက်အလက်များ ဖတ်ချင်ရင်(၁၂-၂-၁၉၄၇) ""

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံး
တို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသ
တို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...

ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်
လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်
တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်
များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်
တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ
စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်
နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ
အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ
များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်
ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်
၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း
ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။

ဤရည်ရွယ်ချက်
အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ
အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ
ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူ
အညီကို ထိခိုက်ခြင်းမရှိစေရ၊

 မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး
အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။
မြန်မာနိုင်ငံတော်အစိုးရ

(ပုံ) အောင်ဆန်း
၁၂-၂-၄၇

ကချင်ကော်မတီ
(ပုံ) ဆမားဒူးဝါးဆင်ဝါးနောင် မြစ်ကြီးနား
(ပုံ) ဇော်ရစ် မြစ်ကြီးနား
(ပုံ) ဒိန်ရတန် မြစ်ကြီးနား
(ပုံ) ဇော်လ ဗန်းမော်
(ပုံ) ဇော်လွန်း ဗန်းမော်
(ပုံ) လဗန်းဂရောင်း ဗန်းမော်

ချင်းကော်မတီ
(ပုံ) ဦးလွှာမှုန်း အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း။
(ပုံ) ဦးသောင်ဇာခပ် အေတီအမ်၊ တီးတိန်။
(ပုံ) ဦးကွယ်မန်း အေတီအမ်၊ ဟားခါး။

ရှမ်းကော်မတီ
(ပုံ) ခွန်ပန်းစိန် တောင်ပိုင်းစပ်ဖလုံ
(ပုံ) စပ်ရွှေသိုက် ညောင်ရွှေစပ်ဖလုံ
(ပုံ) စပ်ဟုံဖ မြောက်ပိုင်းသိန္နီစပ်ဖလုံ
(ပုံ) စပ်နွံ လဲချားစပ်ဖလုံ
(ပုံ) စပ်စံထွန်း မိုင်းပွန်စပ်ဖလုံ
(ပုံ) စပ်ထန်းအေးသာ မိုင်းခမ်းစပ်ဖလုံ
(ပုံ) ဦးဖြူ သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်
(ပုံ) ခွန်းဖုံး မြောက်ပိုင်းသိန္နီ
(ပုံ) ဦးတင်ဧ
(ပုံ) ဦးထွန်းမြင့်
(ပုံ) ဦးကြာပု
(ပုံ) ဦးခွန်စော
(ပုံ) စပ်ရစ်ဖ
(ပုံ) ဦးခွန်ထီး
...................................................................................................................


ယခု အစည်းအဝေးကြီး မှာ ရာထူးအားဖြင့် ကျွန်တော် အကြီးဆုံး ဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တစ်ခုပဲ ရှိပါတယ်။ ဘာလဲ ဆိုရင် ဗမာပြည် လွတ်လပ် စေချင်တယ်၊ ညီညွတ် စေချင်တယ်၊ ကြီးပွားစေချင်တယ် ဒီဟာပါပဲ။

တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကစပြီး ကြိုးစား လာခဲ့ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံး လွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည် အထိ ကြိုးစားပါမယ်။

တစ်ခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး အခြေအနေမှာ ဘယ်တိုင်းပြည် မဆို ကိုယ့်တိုင်းပြည် တစ်ပြည်တည်း အထီးထီးနေနိုင်တဲ့ အခြေမျိုး မရနိုင်ကြဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစီ အမှီသဟဲ ရှိမှ နေနိုင်ကြမယ် ဆိုတဲ့ အချက်ပါပဲ။

 နောက်တစ်ချက် က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာ မှာလည်း ရှေးခေတ်က ဟစ်အော် လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်ကိုင် အသုံးပြုလို့ မလုံလောက် တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများ လည်း ရှိသေးတယ်။

အခြားနိုင်ငံများကိုကြည့်လိုက်ရင် ဗမာပြည် မှာလို တိုင်းရင်းသားများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည် နှင့် ရုရှားပြည် တို့မှာလည်း ဒီအတိုင်း ပါပဲ။ အမေရိကန် ပြည်မှာ အင်္ဂလိပ် စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုး ဖြစ်အောင် ထူထောင်လျက် သူတို့ ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။

ဒါ့ကြောင့် လူမျိုးရေး အားဖြင့် ကြည့်လျှင် အမျိုး တစ်မျိုးတည်းကို လိပ်ခဲတည်းလည်း စွဲပြီး ယူဆလို့ မဖြစ် နိုင်တော့ဘူး။ ဘာသာစကား ပင် တူသော်လည်း လူမျိုးခြားနား မှုမျိုး လည်းရှိပါတယ်။ ဘာသာ မတူသော်လည်း လူမျိုး သီးခြား ဖြစ်နေတာလည်း ရှိပါတယ်။


ဥပမာ အမေရိကန်ကို ကြည့်လျှင် လူ တစ်မျိုးဖြစ်သော်လည်း ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာ ဆိုရင် ဘာသာစကား အမျိုးပေါင်း များစွာ ကွဲပြားသော်လည်း လူမျိုး ကတော့ တစ်မျိုးတည်း ဖြစ်ပါတယ်။ သာသနာ ဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာသာသနာကို ကိုးကွယ်နိုင်ကြတာပဲ။

 ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန် ဘာသာ ကိုးကွယ်သူ မဟာမေဒင် ဘာသာ ကိုးကွယ်သူ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာပဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်ဘူး။

စစ်ကြီး အတွင်းက ကျွန်တော် စစ်ဝန်ကြီး လုပ်တုန်းမှာ ကရင် အမျိုးသား တပ်ရင်းစွဲ ဖွဲ့တဲ့အခါမှာ ထမင်းစားပွဲ တစ်ခုမှာ ကရင် စစ်သားတစ်ဦးက လူမျိုး အချင်းချင်း ညီညွတ်ဖို့ ပြောတဲ့အခါမှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား) ဆိုတာလို အတူတူပါပဲ လို့ ပြောတာကို သတိရမိပါတယ်။

ကိုယ့်ဒေသအလိုက် ကိုယ် ယုံကြည်တာ ကို ကိုးကွယ် နေထိုင်ကြပြီး တစ်တိုင်း တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမျိုး မှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်း လို့ ယူဆရမှာပဲ။ အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာ ကတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။

ဒါပေမယ့် သူတစ်ပါး နိုင်ငံက ကိုယ့်နိုင်ငံကို လာရောက် စော်ကားလို့ အသက်ကို စွန့်ပြီး မလျှော့တမ်း ကာကွယ် တိုက်ခိုက် ကြတာမျိုးကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာပဲ။

 တိုက်ခိုက်ကြတဲ့ အခါမှာလည်း စစ်သေနာပတိဟာ ကရင် ဖြစ်ချင်လည်း ဖြစ်မယ်။ ချင်းဖြစ်ချင်လည်း ဖြစ်မယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာကြရမှာပဲ။ တစ်တိုင်းပြည်လုံး ကြီးပွား စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။

ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း ကချင် ချင်းတို့က တခြား တကွဲကွဲ တပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်။

ပထမတော့ ကျုပ်တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက် အ၀တ်အထည်များမှ စလို့ အတော် ချွေတာပြီး အဆင်းရဲခံနေကြတယ်။

ဒါဘာလဲ ဆိုရင် တစ်ပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေကြတာ ဖြစ်တယ်။ ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက် တစ်ခုထားဖို့ နားလည် စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့ အား ဖြစ်တယ်။ အဲဒီအားမျိုး ရှိရင်တော့ ကမ္ဘာ့ထိပ်တန်း အခြေဆိုက် ရောက်နိုင်မှာပဲ။

 နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နှင့်သခင်) ဘ၀မျိုးတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ ဘ၀မျိုးဖြစ်ရင် မိတ်ဆွေအဖြစ် ချင်ခင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

(ဗိုလ်ချုပ်၏ ပင်လုံညီလာခံ ညစာစားပွဲ မိန့်ခွန်းမှ..။)
Credit - ပင်လုံစာချုပ်၊ ပင်လုံညီလာခံ၊ (ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ) ဦးဘကလေး
.................................................................................................
ဒီစာတွေကိုဖတ်ပြီး ဗိုလ်ချုပ်ရဲ့ သဘောဆန္ဒ ဘယ်လိုရှိခဲ့တယ်.။ ဗိုလ်ချုပ်က တိုင်းရင်းသားတွေအပေါ် ဘယ်လိုသဘောထားခဲ့တယ်.။ ပင်လုံစာချုပ်မှာ ဘယ်လိုအချက်တွေ သဘောတူထားတယ်ဆိုတာတွေကို အားလုံး လေ့လာနိုင်ပါတယ်..။

ကျွန်တော့်ဆန္ဒအရတော့ ဆိုဗီယက်ယူနီယံလို မဖြစ်ချင်ပါဘူး။
ချက်ချင်ညာ၊ ဂျော်ဂျီယာလို ရှိသမျှလေးပိုက်ပြီး အဆင့်ဆင့်ခွဲထွက်နေတဲ့ မြို့ပြနိုင်ငံအဆင့်ကို မမျှော်လင့်ပါဘူး။ အမေရိကန်ပြည်ထောင်စုလို ကိုယ်ပိုင်အုပ်ချပ်ခွင့် ခိုင်ခိုင်မာမာနဲ့ ပြည်ထောင်စုပေါင်းများစွာ စုစည်းထားပြီး တပြေးညီတိုးတက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခုတော့ ဖြစ်ချင်ပါတယ်.။

ခွဲထွက်တာက ပြောတော့ လွယ်ပါတယ်..။
ဥပမာ ကချင်က ခွဲထွက်တယ်..။ ကချင်ထဲကကော အခြား ဒေသခံ (ဥပမာ ဂျင်းဖော) က ခွဲမထွက်ဘူးလို့ပြောနိုင်မလား.။ ရှမ်းက ခွဲထွက်တယ်. ရှမ်းထဲကကကော ကိုးကန့်၊ ၀ အစရှိတာတွေက ထပ်ပြီး မခွဲထွက်နိုင်ဘူးလား.။

ရခိုင်ခွဲရင် ဘင်္ဂလားက ၀င်မသိမ်းနိုင်ဘူးလား..။
အဲဒီတော့ ....အရင်လို မြို့ပြနိုင်ငံအဆင့်တွေက စော်ဘွားနယ်တွေအဆင့်က မတက်ပဲ ဘာထူးမှာလဲ...။ အချင်းချင်း စစ်တွေဖြစ်ကြ သိမ်းကြနဲ့ အာဖရိက က လူမျိုးစုတွေလို ဟိုဘက်သြဇာခံ၊ ဒီဘက်သြဇာခံနဲ့ တိုက်ပွဲသံသရာလည်တာကလွဲပြီး ဘာမှ ထူးမလာပါဘူး.။

အမှန်က တိုင်းပြည်က အခုအချိန်ဟာ လွတ်လပ်ရေးရခါစလို တစ်က ပြန်စ နေတာပါ.....။ အတွေးအခေါ် ခံယူချက် မစော ကြဖို့ပါပဲ..။

သေချာတာကတော့ အဲဒီမကျေနပ်ချက်တွေရဲ့ အခြေခံဖြစ်တဲ့ တိုင်းရင်းသား ပြည်နယ်များ ဘက်စုံ တပြေးညီတိုးတက်ဖွံဖြိုးရေး၊ ပြည်နယ်များ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အစိုးရက အဓိက တာဝန်ယူရမှာပါပဲ.



0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here