ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

စင်ကာပူ (ဝါ) မြို့ပြရောဂါ.



အသပြာတခုရဲ့
အရသာကိုစားသုံးရင်း
ကျန်တဲ့အရသာတွေက
လုံးပါးပါးကုန်တယ်...မေမေ..

တခါတလေကျတော့
ျေိပျော်ရွှင်မှုဆိုတဲ့စကားလုံး
နွေးထွေးမှုဆိုတဲ့စကားလုံး
အေးချမ်းမှုဆိုတဲ့စကားလုံး
တနိုင်ငံလုံးလှည့်ပတ်ပြီးတော့
ကျနော်ရှာကြည့်မိတယ်..

ဒါပေမဲ့
ရှာမတွေ့ဘူး.~~~

အခုခေတ်မှာ
မြို့ပြဆိုတဲ့စကားလုံးက
ဝံပုလွေရေခြုံထားတဲ့
သိုးတကောင်ရဲ့မျက်နှာဖုံးနဲ့တူတယ်

ဘာဖြစ်လို့လဲဆိုတော့
သူတို့ဆီမှာ
သစ္စာတရားဆိုတာ
အရေခြုံထားရုံ
သက်သက်မလို့

တခါတလေကျတော့လည်း
ကျနော်စဉ်းစားကြည့်မိပါတယ်
စမ်းရေမရှိ
ပင်လယ်ရေပြင်နဲ့ပဲထိစပ်နေတာကြောင့်များ
ဒီနိုင်ငံက
လူတွေရဲ့စိတ်ဓာတ်အေးချမ်းမှုမရှိတာလား...လို့

အခုတော့လည်း..မေမေရယ်
ကျနော်ကိုယ်တိုင်
ပင်လယ်ရေနဲ့အသားကျ
စိတ်ဓာတ်တွေမငံမိအောင်
မ..နဲ..ကြိုး..စားနေ..ရတယ်

အသပြာတခုကြောင့်
ပျောက်ဆုံးနေရတဲ့အရာတွေအများကြီးပါ..။
တချို့တွေအသပြာနောက်လိုက်ရင်း
မိသားစုတွေပျောက်ဆုံးနေတယ်..၊
သစ္စာတရားတွေပျောက်ဆုံးတယ် ၊
ချစ်ခြင်းတွေပျောက်ဆုံးတယ်
အေးချမ်းမှုတွေပျောက်ဆုံးတယ်.
အိမ်ထောင်ရေးတွေပျောက်ဆုံးတယ်..
လူမသိသူမသိဒီပြင်ပျောက်ဆုံးနေတာတွေအများကြီး..
တကယ်တော့ကျနော်တို့တွေက
အမဲလိုက်နေတဲ့မုဆိုးတွေနဲ့တူတယ်
သားကောင်ကိုလိုက်ရင်းနဲ့ပဲတောထဲမှာအချိန်ကုန်ပြီး
အိမ်ပြန်လမ်းပျောက်နေတဲ့အသပြာမုဆိုးတွေပါပဲ..

ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး

by: Kgmalay Yat KgkaLayy


0 မှတ်ချက်:

Post a Comment

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here