ငါ့ဘဝ
ငါ့အချိန်
ငါ့အပျော်တွေကို
အရင်းပြုထားခဲ့တာ
အဿပြာတစ်ခုထဲအတွက်လား?
သူစိမ်းတွေကြားမှာ
မနိုင်လည်းခံ
နိုင်လည်းခံ
သည်းခံနေရတာ
အဿပြာတစ်ခုထဲအတွက်လား?
အလုပ်တွေကြားမှာ
မပျော်လည်းလုပ်
ပျော်လည်းလုပ်နဲ့
စက်ရုပ်တစ်ရုပ်လိုလုပ်ရတာ
အဿပြာတစ်ခုထဲအတွက်လား?
နေမကောင်းတဲ့ အဖေ့ဆေးဖိုး
ကျောင်းတက်နေတဲ့ ညီမလေးကျောင်းစာရိတ်
ပင်ပန်းအားငယ်နေတဲ့ အမေ့မျက်ရည်
ဒီမိသားစုအတွက်
ငါ့ဘဝကို ငါချရောင်းခဲ့တာ
အဿပြာတစ်ခုထဲအတွက်လား?
မေးခွန်းတွေထပ်ရင်း
အံကြိတ်ထားတဲ့ရက်တွေများလို
တောက်တစ်ချက်နာနာခေါက်ပြီး
သက်ပြင်းတစ်ချက်ချမိပြန်တယ်
ဟူးးးးးးးးး ဘဝဆိုတာ တိုက်ပွဲလား?
0 မှတ်ချက်:
Post a Comment