ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်အကြောင်း သိသင့်သောအချက်များ

သွေးတွင်း သကြားဓာတ်က ပုံမှန်ထက် ပိုများနေတာကို ဆီးချိုသွေးချို ရောဂါ အကြိုအဆင့် (Prediabetes) လို့ ခေါ်ပါတယ်။  ဒီအဆင့်ကို အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ ဒီအချိန်မှာ လုံလောက်တဲ့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိရင် ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကနေ နောက် ၁၀ နှစ်လောက် အတောအတွင်းမှာ အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါကို ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ အကြိုအဆင့် ကာလမှာ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ဘဝနေထိုင် စားသောက်မှု ပုံစံကို လိုက်နာပေးလိုက်ရင် သွေးတွင်း သကြားဓာတ်က ပုံမှန် ဖြစ်သွားပါလိမ့်မယ်။


ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်တွင် ပြတတ်သော ရောဂါလက္ခဏာများ

များသောအားဖြင့် ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ဖြစ်ရင် ဘာလက္ခဏာမှ မပြသတတ်ပါဘူး။ အသားမာတက်တာလို့ ခေါ်တဲ့ အရေပြားနေရာ အရောင်ရင့်လာတာက ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ အသားမာ တက်တတ်တဲ့ နေရာတွေကတော့ လည်ပင်း၊ ချိုင်း၊ တံတောင်ဆစ်၊ ဒူးနဲ့ လက်ဆစ်တွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေငတ်တာ၊ ဆီးမကြာခဏ သွားတာ၊ နုံးတာ၊ အမြင်ဝေဝါးတာ စတဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။

ဖြစ်ရသော အကြောင်းရင်းများ

ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ဖြစ်ရတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိကြပါဘူး။ ဝမ်းဗိုက်အဆီများတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ စတဲ့ အကြောင်းတွေနဲ့တော့ ဆက်စပ်နေပါတယ်။

ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေနဲ့ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေက အတူတူပဲ ဖြစ်ပါတယ်။  

ကိုယ်အလေးချိန် များခြင်း

ပုံမှန်ထက် ကိုယ်အလေးချိန် များတာဟာ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေကို များစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း

လှုပ်ရှားမှု နည်းပါးလေလေ၊ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေ များလေလေ ဖြစ်ပါတယ်။  

အသက်အရွယ်

ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အသက်ကြီးလာလေလေ ပိုမြင့်မား လာလေလေပါပဲ။ အထူးသဖြင့် အသက် ၄၅ နှစ်ကျော်ချိန်မှာ အဖြစ်များပါတယ်။ အသက်ကြီးလာတဲ့အခါ ကြွက်သားထုထည် ဆုံးရှုံးမှု နည်းတာ၊ ကိုယ်အလေးချိန် မြင့်တက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတွေ အဖြစ်များတာကြောင့်ပါ။  

မျိုးရိုးရှိခြင်း

မိဘ ဒါမှမဟုတ် မောင်နှမတွေမှာ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ရှိရင် ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်ခြေ များပါတယ်။  

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ရှိခြင်း

ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ပါက နောက်ပိုင်းမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ များပါတယ်။  

အခြားအကြောင်းရင်းများ

သွေးတိုးတာ၊ ကောင်းတဲ့ ကိုလက်စထရော (HDL) လျော့ကျတာ၊ သွေးတွင်းမကောင်းတဲ့ အဆီများတာ၊ အိပ်ချိန် နည်းလွန်းတာ စတဲ့ အကြောင်းရင်းတွေဟာလည်း ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကို ဖြစ်နိုင်ခြေများစေပါတယ်။  

နောက်ဆက်တွဲ အကြောင်းရင်းများ

ဆီးချိုသွေးချိုရောဂါ အကြိုအဆင့်ကို ကောင်းကောင်းထိန်းချုပ် ကုသမှု မခံယူပါက အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ - သွေးတိုးတာ၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော များတာ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အမြင်ဝါးတာ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ သင့်မှာ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ရှိနေရင် ဆေးစစ်ဆေးဖို့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။  

ဆရာဝန်နှင့် ပြသင့်သောအချိန်

ဆီးချိုသွေးချိုရောဂါ မျိုးရိုးရှိရင် ဒါမှမဟုတ် ဆီးချိုသွေးချို ရောဂါလက္ခဏာ တွေကို ခံစားနေရရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး သွေးတွင်း သကြားဓာတ်ကို စစ်ဆေးသင့်ပါတယ်။ သင့်မှာ အောက်ပါ လက္ခဏာတွေ ရှိနေရင်လည်း သွေးတွင်း သကြားဓာတ်ကို စစ်ဆေးကြည့်သင့်ပါတယ်။
-ကိုယ်အလေးချိန် များနေရင်၊ အဝလွန်နေရင်
-အသက် ၄၅ နှစ်နဲ့ အထက် ဖြစ်နေရင်
-ကိုယ်ဝန်ဆောင်စဉ်မှာ သွေးတွင်း သကြားဓာတ် များခဲ့ရင် ဒါမှမဟုတ် ကိုယ်အလေးချိန် ကိုးပေါင်ကျော်တဲ့ ကလေး မွေးခဲ့ဖူးရင်
-သွေးတိုးရောဂါ ရှိရင်
-သွေးတွင်း မကောင်းတဲ့ အဆီ များနေပြီး ကောင်းတဲ့အဆီ နည်းနေရင်
-ညတိုင်းလိုလို အချိန် ငါးနာရီခွဲနဲ့အောက်ပဲ အိပ်စက်ဖြစ်ရင်
-သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်တည်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (Polycystic Ovary Syndrome) ရှိရင်

ရောဂါ ကာကွယ်မှု

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံကို ရွေးချယ်လိုက်နာတာက ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် မဖြစ်အောင်ရော၊ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ မရှိအောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မိသားစုမျိုးရိုး ရှိနေရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံကြောင့် ရောဂါ မဖြစ်အောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

လိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့

- ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေကို စားပါ။ အချိုရည်၊ အဆင်သင့်အစာ (Fast Food) တွေကို တတ်နိုင်သမျှ ရှောင်ပါ။
-လေ့ကျင့်ခန်းများများ လုပ်ပါ။ နေ့စဉ်လုပ်ရတဲ့ လုပ်ဆောင်မှုတွေမှာ ကိုယ်ခန္ဓာ လှုပ်ရှားဖြစ်အောင် ဆောင်ရွက်ပေးပါ။
-ကိုယ်အလေးချိန် များနေရင် အပို ကိုယ်အလေးချိန်ကို လျှော့ချပါ။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
photo copy from google search
originally posted by Good Health

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here