ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

မြန်မာမှန်ရင် ဆော့သင့်တဲ့ တောင်ငူအင်ပါယာ Game ဆော့ဝဲ





ဒီဂိမ်းမိုက်တယ်
တောင်ငူအင်ပါယာကနေ ဆော့လို့ရတယ်
ကချင်၊ချင်း၊ရှမ်း၊မွန် တောင်ငူ မဏိပူရ နာဂ ရခိုင်ပါမယ်
အယုဒ္ဓယလာအို ကနေ အရှေ့ဖက် တရုတ်ပြည် ဂျပန်ကိုရီးယားထိ ပါမယ်
တောင်ဖက် မလေး အင်ဒို ပေါ်တူဂီအင်ပါယာထိပါတယ်
ဘုရင်တွေထဲက လောလောဆယ် တောင်ငူအင်ပါယာကနေဆော့တာဆိုတော့
တောင်ငူအင်ပါယာထဲမှာ တပင်ရွေထီးပါမယ် ဘုရင့်နောင်ပါမယ် ကျန်တာတွေလဲ အများကြီးပဲ
ဘာတွေလုပ်လို့ရလဲ ?
အောက်ခြေကန ကုန်သွယ်ရေးလုပ်မလား
လူစုပြီးကြေးစားတွေငှါးပြီး ရွာမီးရှို့ ကုန်သည်တွေဆက်ကြေးကောက် ဓားပြတိုက် သူပုန်လုပ်မလား
ဒါမှမဟုတ် ဘုရင့်ဆီမှာ အမှုတော်ထမ်းမလား
နောင်ဆုံး ကိုယ့်တပ် အင်အားကြီးလာရင် ကိုယ့်လက်အောက်ဝင်လာမယ့်စစ်သူကြီးတွေစုပြီး မြို့သိမ်းတိုက်ပွဲတွေလုပ်ပြီး ထီးနန်းသစ် တည်ထောင်မလား ဘုရင်လုပ်မလား ဒါမှ မဟုတ် ဘုရင့်သမီးတော် ပိုးပန်မလား
မြေပုံက အကျယ်ကြီး အရှေ့တောင်အာရှ အကုန်နီးပါးပါတယ်
မြန်မာမှန်ရင် ဆော့သင့်တယ်နော်
သမိုင်းအကြောင်း အများကြီးပါတယ် သမိုင်းဝင်တိုက်ပွဲတွေလဲ ကိုယ်တိုင်ဝင်ချလို့ရတယ်
-------
အောက်ကလင့်ကနေ ဒေါင်းနိုင်ပါတယ်

Credit . လင်း-နည်းပညာ

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ


Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

MLM စနစ် လုပ်ငန်းများကို ဥပဒေအရ အရေးယူမည်


နိုင်ငံ အများအပြားတွင် လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ထားသော Multi-level Marketing (MLM) ဆင့်ပွား စနစ်ဖြင့် ကုန်ပစ္စည်း ရောင်းချသော လုပ်ငန်းများကို ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းများနှင့် ပတ်သက် ပြီး ဥပဒေ သီးသန့် ပြဋ္ဌာန်းချက် မရှိသော်လည်း စုံးစမ်း ဖော်ထုတ်ခြင်းများနှင့် တိုင်ကြားခြင်းများ ရှိလာပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေနှင့် ကုန်သွယ်ခွန် ဥပဒေ အပါအဝင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Multi-level Marketing (MLM) လုပ်ငန်းများကို တားမြစ် ကန့်သတ် ပိတ်ပင် အရေးယူ ဆောင်ရွက်ရန် ရှိ မရှိ မေးခွန်းအပေါ်  ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အရင်ကလည်း အရေးပေါ် စီမံမှု ဥပဒေနဲ့ အရေးယူခဲ့တယ်။ အခုလည်း စုံစမ်း ဖော်ထုတ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
MLM စနစ် လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၂ဝဝ၉ ခုနှစ်က အရေးယူခဲ့ခြင်းများ ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၁  ခုနှစ်တို့တွင် ရေသန့်ဆေးနှင့် ဖြည့်စွက် အစားအစာများကို ယင်းစနစ်ဖြင့် လုပ်ကိုင်ခဲ့သော ပြည်တွင်းကုမ္ပဏီ နှစ်ခုနှင့်  ပြည်ပ ကုမ္ပဏီ တစ်ခုတို့ကို အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများကို တရားစွဲဆိုကာ ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်း၍ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ဖူးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် MLM လုပ်ငန်းများသည် ၂ဝ၁ဝ ပြည့်နှစ်များတွင် မှေးမှိန် ပျောက်ကွယ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်ပိုင်းတွင် ယင်းလုပ်ငန်းများ ပြန်လည် ပေါ်ထွက်လာခဲ့ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုထားပြီး မြန်မာနိုင်ငံတွင် ယင်းလုပ်ငန်းများအတွက် ဥပဒေ မရှိသေးသည့်အတွက် တရားမဝင် စည်းရုံးခြင်းများနှင့် အခြား လုပ်ငန်း အမည်ခံကာ လုပ်ငန်း လုပ်ကိုင်ခြင်းများလည်း ရှိသည်။

အဆိုပါ လုပ်ငန်းများကြောင့် ပြည်တွင်းတွင် အသိပညာ အားနည်းသော အောက်ခြေ လူတန်းစားများအပြင် လူလတ်တန်းစားများပါ ငွေကြေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းလုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များ အပါအဝင် စီးပွားလုပ်ငန်းရှင်များက ပြောကြားသည်။

“ဒီ MLM စနစ်က ဘာကောင်းကျိုးမှ မရှိဘူး။ ဆိုးကျိုးတွေပဲ ရှိတယ်။ ဟိုး အောက်ဆုံး နောက်ဆုံးအဆင့်က လူတွေပဲ ခံနေရတာ”ဟု စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားထားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံတွင် ကုမ္ပဏီ မှတ်ပုံတင် ထားပြီး MLM လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီ ၄ဝ ခန့်ရှိပြီး လတ်တလော နာမည်ကြီးနေသော MLM လုပ်ငန်း အချို့မှာ Aim Star Network ကုမ္ပဏီ၊ Uncity, Q Net, Double Crane Myanmar (စုံတွဲကြိုးကြာ ကုမ္ပဏီ) နှင့် Successmore Myanmar တို့ဖြစ်သည်။

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဘုရင်နောင် ကျော်ထင်နော်ရထာ အပိုင်း(၃)

ယိုးဒယား-၁(၁၅၆၄)

သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃)တွင် ဆင်ဖြူတော် လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ်(ဗြသာဓိရာဇာ)အား ဆင်ဖြုတစ်စီး ဆက်သရန် ဗညားဒလကို ရာဇသံစေသည်။“ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။

ထိုသို၊့ ဘုရင့်နောင်၏ ရာဇသံကို ရလျှင် ယိုးဒယားနန်းတွင်းတွင် စဉ်းစားရန်အတွေးတို့ဖြစ်လာသည်။ ဘုရင့်နောင်၏ လက်နက်နိုင်ငံမှာ အနောက်ဖက် မဏိပူရ မှ အရှေ့ဖက် ဇင်းမယ် အထိ၊မြောက်ဖက် တရုတ်စော်ဘွားများ၏ စန္ဒားမှ တောင်ဖက် တနသာင်္ရီ တိုင်အောင်ကျယ်ပြန့်သည့်အတွက်ဆင်ဖြူဆက်ကာ လက်အောက်ခံရနိုးနိုး၊စစ်ပြိုင်ပြုနိုးနိုးဖြင့် အမှုးအမတ်၊မင်းညီမင်းသားတို့ နှစ်ဖက်ကွဲကာ အုပ်စုနှစ်စုအချေတင်ဖြစ်လေသည်။

သားတော် မင်းသား ဗြရာမသွန် နှင့် အမတ်ကြီး သြောက်ဗြစက္ကိ တို့က “ဆင်ဖြူပေးသည့်တိုင် ဘုရင့်နောင်၏ နယ်ချဲ့မှုကိုရပ်တန့်နိုင်မည်မဟုတ်။ပေးသော်လည်း လက်အောက်ခံပြုမည်သာဖြစ်သည်။ထို့ကြောင့် စစ်သာပြိုင်မည်”ဟု ဆိုပြီးဆင်ဖြူမဆက်ရန်လျှောက်တင်သည်။နောက်ဆုံးတွင် ဆင်ဖြူမဆက်လိုသည့်ဖက်က အနိုင်ရကာယိုးဒယားတို့က ဗညားဒလမှ အကြောင်းပြန်သည်မှာ...“ဆင်ဖြုရတနာဆိုသည်မှာ ဘုန်းကံပါရမီနှင့် ပြည့်စုံသူ ပြည်သနင်းမင်းတို့နှင့်သာ ထိုက်တန်သည်။ဟံသာဝတီမင်းတရား သာ တရားနှင့် အညီအုပ်ချုပ်လျှင် ဟံသာဝတီမင်း၏ နိုင်ငံအတွင်း၌ ဆင်ဖြူများအလွှဲမသွေ ပေါ်ထွက်လာမည်အမှန်ဖြစ်သည့်အတွက် ဆင်ဖြူမပိုင်ဆိုင်မည့်အရေးအတွက် စိုးရွံဖွယ်မရှိ”ဟူ၍ဖြစ်သည်။

ထိုအကြောင်းပြန်မှုကို ရလျှင်ဘုရင့်နောင်က တပင်ရွှေထီးလက်ထက်က ရံရုံသာ ရံခဲ့ရသည့် အယုဒ္ဓယအား အပြီးသိမ်းရန် စစ်ချီလေသည်။စစ်အင်အားမှာ တပ်ပေါင်း ၅၆ တပ်တွင် စစ်သည်၅၈၀၀၀၀၊ဆင်၁၆၀၀၊မြင်း ၂၀၀၀၀ ဖြစ်သည်။ဟံသာဝတီမှ ကမန်ပိုက်၊သောက္ကတဲ၊ပိဿလောက်၊သုဝဏ္ဏလောက် နှင့် အယုဒ္ဓယ တိုင်ချီသည်။ပထမ ဆုံး တပ်အင်အားများစွာချထားသည့် ကမန်ပိုက်ကို တိုက်သည်။ကမန်ပိုက်စားကို သားမယားနှင့်မိသည်။ညီတော် ပြည်သတိုးဓမ္မရာဇာကို နှင့် အင်းဝ သတိုးမင်းစော အား တပ် ၂၈ တပ်နှင့် ပိဿလောက်၊ညီတော်တောင်ငူမင်းခေါင် နှင့် သားတော် မဟာဥပရာဇာ အားတပ် ၂၈ တပ်နှင့် သောက္ကတဲ ၊မင်းတရားကြီး ကိုယ်တိုင်ကမူ တပ် ၁၀ တပ်ဖြင့် သုဝဏ္ဏလောက်သို့ချီတက်သည်။သုဝဏ္ဏလောက် သာမက ပိတ်စဲစား သြယာပိတ်စဲ လည်းကျွန်ခံလာသည်။

နောက် တပ်များပြန်စုစည်းကာ အယုဒ္ဓယ သို့ချီသည်။လမ်းတွင် ယိုးဒယားမင်း သားမက်ဖြစ်သူ သြယာဓမ္မရာဇာ(ဗြဓမ္မရာဇာ) အညံ့ခံသည်။ယိုးဒယားမင်း သားတော်အိမ်ရှေ့မင်း မဟာဗြရာမသွန်ရေကြောင်းမှ တိုက်သည်။ရှေ့ပြေးမြန်မာတပ် ၁၂ တပ်တို့အထိနာပြီး အကူအညီပေးလာသည့် နောက်တပ်များရောက်လာသည့်အတွက် ယိုးဒယားတပ်ပျက်သည်။အိမ်ရှေ့မင်းလည်းပြေးရသည်။

လက်မလျှော့လိုသည့်ယိုးဒယားမင်းလည်း သားတော်ဗြမဟိန် နှင့် ဦးရီးတော် တို့နှစ်ဦးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် လမ်းမှ

တိုက်စေသည်။သူကိုယ်တိုင်လည်း အင်အားများစွာဖြင့် နောက်မှလိုက်သည်။ လုံကလီ အရောက်တွင် မြန်မာရှေ့ပြေးတပ်နှင့် ယိုးဒယားတို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ရာ နောက်မှ မြန်မာ စစ်ကူတို့ရောက်လာပြီး ဖိတိုက်သဖြင့်ယိုးဒယားတို့ တပ်ပျက်ရပြန်သည်။ထိုတိုက်ပွဲမှာ အဆုံးအဖြတ်ပင်ဖြစ်သည်။

နောက်မှ ပါလာသည့် ယိုးဒယားဘုရင်လည်း သားတော်၊ညီတော် တပ်များပျက်၍ပြန်အလာတွင် ဖယိုဖရဲဖြစ်နေသည့် တပ်များကို ပြန်စုစည်းကာ အခိုင်အမာပြုပြီး လုံကလီတပ်မှ ခုခံသည်။မခံနိုင်သဖြင့် ဘုရင်၊သားတော်၊ညီတော်များ မြင်းဖြင့် ပြေးရသည်။

မင်းတရားကြီးလည်း လုံကလီတွင်ပင်စံနေပြီး ညီတော်၊သားတော်များကို အယုဒ္ဓယမြို့ကို ချီတက်ဝန်းရံစေသည်။တပ်များမှ မြို့တွင်းသို့ အမြောက်များ၊မီးပေါက်များ ဖြင့် အဆက်မပျက်ပစ်ခတ်သွင်းစေသည်။ယိုးဒယားမင်းလည်းနောက်ဆုံးတွင် မခုခံနိုင်တော့သဖြင့် ဆင်ဖြူတော် တစ်စီးဆက်သကာ အညံ့ခံမည့်အကြောင်း လျှောက်တင်လာတော့သည်။နောက်ဆုံးတွင် ယိုးဒယားမင်း ဗြသာဓိရာဇာသည် ဆင်ဖြူ၏ပေါက် ၂ စီး၊ဆင်ဖြူမ ၁ စီးနှင့်တကွ အခစားဝင်လာသည်။

မင်းတရားကြီးလည်း ဗြသာဓိရာဇာ အားအရာမှနုတ်ကာဟံသာဝတီသို့လိုက်ပါစေပြီး သားဖြစ်သူ ဗြမဟိန် အားအယုဒ္ဓယ မင်းအဖြစ်တင်သည်။အခြားမြို့စားများကိုလည်း အသီးသီး သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။ထိုနောက် ယိုးဒယား မင်း ဗြသာဓိရာဇာ၊သားအငယ် ဗြရာမသွန် နှင့် အမတ်ကြီး သြောက်ဗြစက္ကိ၊ဆင်ဖြူ ၄ စီး၊ယိုးဒယား အနုပညာသည်များ၊အတတ်ပညာရှင်များကို ဟံသာဝတီသို့ခေါ်ဆောင်ကာ ပြန်လေသည်။
ဇင်းမယ်၊မိုင်းစံ

မင်းတရားကြီး ဟံသာဝတီ သို့ရောက်လျှင် သစ္စာခံ ယိုးဒယားမင်း ဗြစဲစစ်ပုန်ကန်လေသည်။ထို့ကြောင့် တပ်ကြီးဖွဲ့ကာ ချီတက်သွားရာ လပု သို့ရောက်လျှင် ဗြစဲစစ်တောင်းပန်ကာ အညံ့ခံသည်။သို့သော် ဇင်းမယ်မင်း၏ လက်အောက်ရှိ မြို့စားအချို့ လင်းဇင်းမင်းထံခိုလှုံရန်ပြေးသောကြောင့် နောက်မှလိုက်စေသည်။နောက် ပြည်ရွာအရေးကို စီမံပြီး ဟံသာဝတီတွင် ရှမ်းတို့ပုန်ကန်သည့်အရေးကို ဖြေရှင်းရန် နေပြည်တော်သို့ပြန်လေသည်။သားတော်ညီတော်များကို မိုင်းစံအားဆက်လိုက်တိုက်စေသည်။
ဟံသာဝတီ ရှမ်းသူပုန်တို့ကို နှိမ်နှင်းခြင်း

မင်းတရားကြီး ဇင်းမယ်သို့ချီစဉ် ဟံသာဝတီနေပြည်တော်ဝန်းကျင်တွင် အကွက်ချကာနေထိုင်စေသည့် ရှမ်းတို့သည် အကြီးအကဲတစ်ဦးကိုတင်မြှောက်ကာ "ဗညားကျန်းထော" ဘွဲ့ပေးပြီး ပုန်ကန်တော့သည်။အငအားစုစုပေါင်း ၃၀၀၀၀ ကျော်မျှရှိသည်ဟုဆိုသည်။ ဟံသာဝတီမြို့စောင့်များဖြစ်ကြသည့် ဗညားအိန္န၊ဗညားပရံ၊တရဖျား၊တာနော၊ဘယသင်္ကြန်တို့လည်း မည်သို့စီမံရမည်ကို မသိသဖြင့် အင်းဝမှ ဖမ်းဆီးလာကာ အကျယ်ချုပ်ဖြင့်ထားသည့် နန်းကျဘုရင် နရပတိစည်သူကိုတိုင်ပင်ကြသည်။

နရပတိစည်သူလည်း သစ္စာခံကာ ဦးစီး၍တိုက်ရန်သဘောတူလေပြီးတိုက်ရာ ရှမ်းတို့တပ်ပျက်ကာ ဒလသို့ ဆုတ်ပြေးသည်။ မင်းတရားကြီးထိုသတင်းကိုကြားလျှင် ဟံသာဝတီသို့ အမြန်ပြန်လာပြီး မြို့တွင်းသို့ပြင်မ၀င်ပဲ သူပုန်တို့ရှိရာ ဒလသို့သွားရောက်နှိမ်နှင်းတော့သည်။ နိုင်လျှင် ရှိရှိသမျှသောသူပုန် ၇၀၀၀ ကျော်အား ဖမ်းခေါ်လာပြီး နေပြည်တော်ရောက်သော် စပ်ကြီးများဖြင့်လှောင်ထားပြီး မီးတိုက်သတ်စေသော်လည်း သံဃာတော်များတောင်းပန်သဖြင့် အကြီးအမှုး ၇၀ကျော်ကိုသာ သတ်စေသည်။ ထိုကိစ္စပေါ်ပေါက်ပြီးနောက်တွင် မင်းတရားကြီးသည် လုံခြုံရေးအတွက် လက်ရှိ နေပြည်တော်ကို စွန့်ပြီး နန်းသစ်တည်ရန် ဆုံးဖြတ်လေသည်။
ယိုးဒယား-၂(၁၅၆၉)

ယိုးဒယားအား ပမထအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၃၀(အေဒီ၁၉၆၈)တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။နန်းကျ ယိုးဒယားမင်းသည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။ထိုသတင်းကို ပိဿလောက်စားသြယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ)ကလာရောက် သတင်းပို့လာသောကြောင့် ဗညားလော၊ဗညားကျန်း၊ဗညားပရံတို့အား စစ်တပ်ကြီးဖွဲ့ကာ ယိုးဒယားသို့ချီစေသည်။ပိဿလောက်မှရောက်လာသော သြယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။ထိုအခါ ယိုးဒယားမင်း သည် လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကိုလာရောက်တိုက်ခိုက်သည်။သို့သော် အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။

မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် စစ်တပ်ကြီးဖြင့်ချီလာတော့သည်။အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊စစ်သည် ၉၀၂၈၀၀ရှိသည်။ပိဿလောက်ရောက်အောင်အလျင်သွားပြီးမှ အယုဒ္ဓယသို့ချီသည်။ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှတိုက်သည်။စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင်အကာအကွယ်ယူ၍တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။

ထိုသို့ မြို့ကိုရံစဉ်အတွင်းတါင် နန်းကျရဟန်းလူထွက် ယိုးဒယားဘုရင် ဗြသာဓိရာဇာ် လွန်သည်။မင်္သဂြိုလ်နိုင်သဖြင့် ပြဒါးသွပ်ကာ အလောင်းကိုထားရသည်။ယိုးဒယားဘုရင်ငယ် ကအညံ့ခံမည့်အကြောင်း အရေးဆိုလာသော်လည်း မင်းတရားကြီးက လက်မခံပေ။အယုဒ္ဓယမြို့တိုက်ပွဲတွင် အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀၀၀၀ ကျော်ကျသည်။နောက်ဆုံးတွင် မင်းတရားကြီးလည်း အကြံဖြင့် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့် ယိုးဒယားအမတ်ကြီး သြောက်ဗြစက္ကိ ကိုသစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။သို့ဖြင့် တိုက်၍မကျနိုင်သောမြို့ ဟုကြော်ကြားလှသည့် အယုဒ္ဓယပူရ သည် ဘုရင့်နောင်လက်သို့ကျဆင်းရတော့သည်။အမတ်ကြီး သြောက်ဗြစက္ကိကို ဂတိအတိုင်း ပိဿလောက်ကိုစားရန်ပေးသော်လည်း အမတ်ကြီးက ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ ပိဿလောက်စားအား သြယားဓမ္မရာဇာ(မဟာဓမ္မရာဇာ)ဘွဲ့ဖြင့် တင်မြှောက်သည်။ သြယားဓမ္မရာဇာ၏ သား နာရေစွမ်(နောင်တွင် ဗြနရာဇ်) အား ဟံသာဝတီသို့ခေါ်ကာ မိမိသွေးသားရင်းချာကဲ့သို့ မြှောက်စားသည်။
လင်ဇင်း (၁၅၇၀)

လင်းဇင်းမင်း ဗြစဲစစ် မငြိမ်မသက်ရှိပြန်သဖြင့် တပ်အချို့ကိုစေလွှတ်ပြီး နှိမ်နှင်းရာ လင်းဇင်းမင်းပြေးလေသည်။
သီရိလင်္ကာ

ထူးခြားမှုတစ်ရပ်မှာ ၁၅၇၅တွင် ဟံသာဝတီရှိ ဘုရင့်နောင်အား သီရိလင်္ကာမှ ဓမ္မပါလမင်းက မိမိတိုင်းပြည်၊လူမျိုးနှင့် ဘာသာသာသနာကို ကုလားကျေးမင်းတို့က နှောင့်ယှက်ဖျက်ဆီးသဖြင့် အကူအညီတောင်းခံလာခြင်းဖြစ်သည်။ ထို့ကြောင့် မင်းတရားကြီးလည်း မိမိတပ်များမှ လူမျိုးအစုအလိုက် လက်ရွေးစင်စစ်သားများကို ရွေးချယ်ပြီး မခုတ်မရှ၊ သွေးမထွက်အောင်ပင်စွမ်းသည့် စစ်သည်တို့ကို သင်္ဘောဖြင့်တင်ကာ အကူအညီပေးစေသည်။ထိုစစ်သည်တို့လည်း သီရိလင်္ကာ ရောက်လျှင် လူအများရှေ့၌ အရက်သောက်လျှင် သားငါးအရှင်ဖြင့် စားသောက်ခြင်း၊မိမိတို့အချင်းချင်း ထိုးခုတ်ပြခြင်း (ထိုသို့ထိုးခုတ်ရာတွင် ဓါးပြီး၊လှံပြီးသူအချင်းချင်းဖြစ်သဖြင့် ရှနာကြခြင်းမရှိပေ)တို့ကို ပြုလုပ်ပြလေသည်။ထိုအခါ သီရိလင်္ကာမင်း ၏ရန်သူများလညးကြောက်ရွံသဖြင့် အညံ့ခံကြသည်။သို့ဖြင့် သီရိလင်္ကာတွင် သာသနာတော် ဆက်လက်ထွန်းလင်းစေရန် ကူညီပေးခဲ့လေသည်။

နန်းသစ်၊မြို့သစ်များ

၁၅၇၆ တွင်စီစဉ်သည့်အတိုင်း နန်းသစ်တည်ပြီး ကမ္ဘောဇသာဒီ နန်းတော်ဟု သမုတ်သည်။ထိုနောက် မြ၀တီ၊ကလေးမြို့များကိုလည်းတည်သည်။ထိုမြို့များမှာ စစ်ရေး၊လုံခြုံရေးအတွက် တည်ခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၉၄၃၊တန်ဆောင်မုန်း လပြည့်နေ့တွင် ဘုရင့်နောင်မင်းတရားကြီးနတ်ရွာစံလေသည်။(၁၀၊ အောက်တိုဘာ၊ ၁၅၈၁ခုနှစ်)

ရည်ညွှန်းကိုးကား

တပင်ရွှေထီး-ဘုရင့်နောင် တောင်ငူရာဇ၀င်စဆုံး
မြန်မာမင်းများအရေးတော်ပုံကျမ်း (၆စောင်တွဲ)


Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဘုရင့်နောင် ကျော်ထင်နော်ရထာ အပိုင်း(၂)





ဗညားဒလ၏ အကြံအတိုင်း ယိုးဒယားအမတ်သည် လင်းဇင်းမင်းထံ သွားလေ၏။
စာထဲတွင် လင်းဇင်းမင်းအား ယိုးဒယားမြို့တော်ကို အမြန်ချီလာပါ၊ ရောက်လျှင် အပြင်မှ တိုက်ပါ၊ ယိုးဒယားမင်းမှ မြို့တံခါးဖွင့်ကာ ချွှန်းဖွင့်ကာ တိုက်မည်၊ ထိုအခါ ဘုရင့်နောင်တပ်များ ခံနိုင်မည်မဟုတ်ဟု ယိုးဒယားမင်းက စာစေသည် အဟန်ဖြင့် သွားလေ၏။ လင်းဇင်းမင်းလည်း ထိုစာထက် လာပို့သူမှာ ယိုးဒယားနန်းတွင်းရှိ ရာထူးကြီးအမတ်တဦးဖြစ်သဖြင့် ပိုမိုယုံကြည်ကာ အပြင်းချီတက်လေ၏။
ဘုရင့်နောင်လည်း လင်းဇင်းမင်းတိုက်ရန် အိမ်ရှေ့မင်းသားဦးဆောင်သော တပ်စု၊ မိုးကောင်းစော်ဘွား တပ်၊ ညောင်ရွှေစော်ဘွားတပ်၊ အင်းဝမြို့စားတပ်၊ ညီတော် တောင်ငူမြို့စားတပ်၊ တို့ကို လင်းဇင်းမင်း ကို တိုက်ရန် အပြင်းချီစေလေ၏။ ဘုရင့်နောင်မှာမူ စစ်သည် ငါးသောင်းဖြင့် နောက်တပ်မ ပြုကာ နောက်မှ
ဖြည်းဖြည်းချင်း ချီတက်လေ၏။ အေဒီ ၁၅၆၉ ဧပြီ ၂၃ တွင် ယိုးဒယားမြို့တော်မှ ခွာကာ လင်းဇင်းကို တိုက်ရန် ချီတက်လေသည်။
အိမ်ရှေ့မင်းသားတပ်၊မိုးကောင်းစော်ဘွားတပ်၊အင်းဝမြို့စားတပ် အစရှိသည့် တာဝန်ကျသော တပ်စုများ သည် လင်းဇင်းမင်းကို လက်ဦးအလျင်အရရန် စိုင်းပြင်းကာ မိမိတို့လက်အောက်သားများကို လင်းဇင်းမင်း ချီတက်လာသည့် လမ်းကို အပြင်းစုံစမ်းကြလေ၏။ နာလဗို့အရပ်တွင် ချီလာသည်ဟု သတင်းရသည့်နှင့် တပ်စုများသည် အပြင်းချီတက်ကြလေသည်။
ထိုအခါ အပြင်းချီတက်လာသော တပ်စုနှင့် လင်းဇင်းမင်းတပ်ကို တွေ့ကြရာ လင်းဇင်းမင်းတပ်မှ စိန်ပြောင်းကြီးများဖြင့် စတင်ပစ်ခတ်လေ၏။ အင်းဝမြို့စားသည် မိမိတပ်ကို တောဘက်သို့ ကွေ့စေပြီး လင်းဇင်းမင်းတပ်ကို ဘေးမှ ဖောက်ဝင်ကာ တိုက်လေ၏။ လင်းဇင်းမင်းလည်း ရုတ်ရုတ်သဲသဲဖြစ်သဖြင့် အပြင်းပြန်ခုခံလေသည်။ အိမ်ရှေ့မင်း နှင့် တခြား မြို့စားမင်း များလည်း ထိုအခြင်းအရာမြင်လျှင် ဆင်ကို ချွန်းဖွင့်ကာ ၀င်တိုက်လေ၏။
ဘေးပတ်ပတ်လည်မှ အပြင်းအထန်တိုက်ခြင်းခံရသဖြင့် လင်းဇင်းမင်းမခံနိုင်တော့ဘဲ မိမိ၏တပ်ကို နောက် ဆုတ်ရန် အမိန့်ပေးလေ၏။ လင်းဇင်းမင်းသည် ယခု တပ်ကို ဆုတ်သော်လည်း ဘုရင့်နောင်တပ်များ အမှီ လိုက်လာနိုင်သည်ကို သိသဖြင့် အမတ်တဦးလွှတ်ကာ ဘုရင့်နောင်ထံ စာဆက်လေ၏။ ထိုစာတွင် ဘုရင့်နောင်အား သစ္စာခံမည့်အကြောင်းကို စာဖြင့်ပေဖြင့် လျှောက်ထားသဖြင့် ဘုရင့်နောင်မှ ယုံကာ မိုးလည်း ချုပ်သည့်နှင့် မိမိ၏ တပ်များကို မလိုက်ရန် အမိန့်ပေးလေသည်။
လင်းဇင်းမင်းလည်း ဘုရင့်နောင်နှင့်တကွ မြို့စားမင်းများ တပ်ချ နေသည်ကို ကြားသည်နှင့် တညဥ့်လုံး လင်းဇင်းမြို့ရောက်အောင် ပြေးလေ၏။ ဘုရင့်နောင်လည်း တပ်တော်ချနေစဉ် သားတော် အိမ်ရှေ့မင်းနှင့် တကွ မြို့စားများကို ခေါ်ကာ လင်းဇင်းမင်းပြေးအောင် မည်သူတိုက်သနည်းဟု မေးလေ၏။ ထိုအခါ အိမ်ရှေ့မင်းမှ မိမိတိုက်သဖြင့် ပြေးသည်၊ တခြား မြို့စားများလည်း မိမိတို့ တပ် တိုက်သောကြောင့် ပြေးသည် ဟု အောင်ပွဲကို လုကြလေ၏။
ဘုရင့်နောင်လည်း အပြင်းရယ်တော်မူပြီး၊ ဖမ်းမိသော လင်းဇင်းအမတ်များကို ခေါ်ကာ မည်သူ တိုက်၍ အသင်တို့ တပ်ပျက်သနည်း ဟု မေးရာ လင်းဇင်းအမတ်များမှ အသားညိုညို၊ နှင့် ဆင်နီ စီးသော သူမှ ကျွန်တော်တို့ တပ်ကို လေးစုကွဲအောင် တိုက်သောကြောင့် ပျက်ရသည်ဟု လျှောက်ထားလေ၏။ ဘုရင့်နောင်လည်း သားတော်အိမ်ရှေ့မင်းနှင့်တကွ မြို့စားများကို စစ်ဝတ်တန်ဆာများ ၀တ်စေကာ ဆင်စီး စေလျက် လင်းဇင်းအမတ်များရှေ့သို့ တစ်ဦးချင်း ထွက်စေလေသည်။
တစ်ဦးချင်းထွက်ရာ အင်းဝမြို့စား အလှည့်အရောက်တွင် လင်းဇင်းအမတ်များသည် တဲကြား၊အုံကြား လျှိုးငုံကာ ပြေးကြလေ၏။ ထိုအခါ ဘုရင့်နောင်မှ သဘောအလွန်ကျကာ ရယ်မောလျက် အမောင်အင်းဝ စား ပွဲပေတည်း ဟု ဆိုပြီး မိမိ၏ ရွှေစားတော်ခွက်၊ ရွှေကွမ်းခွက်၊ လက်ကောက်တော်၊လက်စွပ် နှင့် လင်းဇင်းသား၊သူ အယောက်တစ်ရာ ၊ ဆင်တစ်ဆယ်၊မြင်း နှစ်ဆယ် ချီးမြင့်လေ၏။ သားတော် အိမ်ရှေ့မင်း နှင့် တကွ ကျန်ရှိသော မြို့စားများကိုလည်း တန်ရာတန်ရာ ဆုကို ချီးမြင့်လေသည်။
အယုဒ္ဒယမြို့တော်ကို အနိုင်သိမ်းနိုင်ခြင်း
ဘုရင့်နောင်သည် လင်းဇင်းမင်းကို လမ်းခုလတ်မှ တိုက်နိုင်ခဲ့ပြီး ယိုးဒယားမြို့တော်သို့ မလာနိုင်အောင် တားနိုင်ခဲ့လေ၏။ ထိုနောက် အမိန့်တော်အသစ်ထုတ်ကာ စစ်ကဲမှူး အများအပြားခန့်ြ့ပီး ယိုးဒယား မြို့ရင်းသို့ မချဉ်းကပ်သူမှန်သမျှကို ဓားဖြင့် ခုတ်သတ်စေလေ၏။ ထို အခြင်းအရာကို ဘုရင့်နောင်၏ ငယ်ပေါင်းဖော်ဖြစ်သည့် ဘယကာမဏိ မြင်လျှင် မိမိတို့ တပ်သားသည် တခါတရံ ပင်ပန်း ခြင်းသို့ ရောက်ကာ အနားယူလိုသည် ၊ ထိုအနားယူသည်ကို လူရမ်းကားကဲ့သို့ မပြုကျင့်သင့်ဟု မြင်ပြီး စစ်ကဲများကို မလုပ်ရန် တားလေ၏။ စစ်ကဲတို့လည်း ဘုရင့်အမိန့်တော်ဖြစ်သည် ဟု မချေမငံ့ ပြန်ဆိုသဖြင့် ဘယကာမဏိမှ ဒေါသထွက်ကာ ဓားထုတ်ပြီး ထိုစစ်ကဲများကို လိုက်ခုတ်လေ၏။
စစ်ကဲတို့လည်း ဘယကာမဏိပြုမူပုံကို ဘုရင့်နောင်ထံ လျှောက်ထားကြလေ၏။ ဘုရင့်နောင်လည်း အမျက်တော်ထွက်ပြီး ဘုရင့်အမိန့်တော်ကို ဖီဆန်သူ၊ စစ်စည်းကမ်းကို ဖျက်သူမှန်သမျှ ကွပ်မျက်မည်ဟု အမိန့်တော်ချကာ ငယ်ပေါင်းဖော်ဖြစ်သော ဘယကာမဏိကို သေမိန့်ပေးလေ၏။ ထိုအခါ အမတ် သတိုးဓမ္မရာဇာမှ ဘုရင့်နောင်အား ဘယကာမဏိ ၏ စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သော အမူတော်များကို
ထောက်၍ သေမိန့်လွတ်ပေးရန် လျှောက်တင်သောအခါ ဘုရင့်နောင်မှ ဘယကာမဏိအသက်ကို
နှမြောလျှင် သင့်သူ့အစား အသက်ခံလော ဟု ပြတ်ပြတ်မိန့်ကာ အတွင်းတော်သို့ ၀င်လေသည်။
အမတ်တို့လည်း ဘုရင့်နောင်အမျက်ကြီးမှန်းသိသောကြောင့် မည်သို့မျှ မလျှောက်နိုင်ဘဲ မျက်နှာကိုသာ အောက်ချပြီး နေကြကုန်လေ၏။ လက်မရွံသားတို့လည်း ဘုရင့်အမိန့်အတိုင်း ဘယကာမဏိကို ခေါင်းဖြတ်သတ်လေသည်။ ထိုအခါ ဘယကာမဏိ၏သားမှ ဖခင်၏ အလောင်းဘေး တွင်ငိုလေ၏။ ထိုအကြောင်းဘုရင့်နောင်ကြားလျှင် သားကိုလည်း သတ်စေလေသည်။ ထိုအခါ ဘယကာမဏိ၏ ကျွန် အယောက် ၁၀ မှ သခင်အလောင်းအား မြေမြုပ်ရန် တောင်းဆိုရာ သေဒဏ် ထမ်မံပေးခြင်းခံရလေသည်။ ( ဘုရင့်နောင်သည် ယိုးဒယားကို အောင်နိုင်ပြီး ဟံသာဝတီသို့ ပြန်သောအခါ မိမိ၏ ငယ်ပေါင်းဖြစ်သော ဘယကာမဏိ ရုပ်တု ထုစေပြီး ရွှေသွင်းကာ မဟာစေတီတွင် ဌာပနာလျက် ရွှေပေစာဖြင့် မော်ကွန်းတင်ထားလေ၏။ )
ဘုရင့်နောင်၏ အမိန့်ဖြင့် စစ်သားများစွာ အယုဒ္ဒယမြို့ရိုးကို အလုံးအရင်းတက်သော်လည်း ယိုးဒယားဘက်
မှ အပြင်းအထန် ခုခံသဖြင့် တပ်သားများ မြို့ရိုးကို မကျော်နိုင်ဘဲ စစ်သည် တစ်သောင်းကျော် ကျဆုံးလေ ၏။ မြို့ရိုးအပြင်ဘက်တွင်လည်း တပ်သားများ၏ အလောင်းကောင်များမှ မြို့ရိုးသမျှကြီးလေသည်။ ထိုအခါ ဘုရင့်နောင်မှ စစ်ပွဲအတွင်း ဖမ်းမိထားသော ယိုးဒယားအမတ်တစ်ဦးရှိ၏။ ထိုအမတ်ကို အမူတော် ထမ်းအောင် လုပ်နိုင်လျှင် ယိုးဒယားမြို့တော်ကို အနိုင်ရမည် ဟု သုံးသပ်ပြီး အမတ်ကို စည်းရုံးသိမ်းသွင်း ရန် ဗညားဒလအမတ်ကို တာဝန်ပေးလေသည်။
ဗညားဒလလည်း ဖမ်းထားသော အမတ်ကို အကျဉ်းမှ လွှတ်ပြီး ကောင်းကောင်းမွန်မွန်ဖြင့် ၁ ပတ်ခန့် ထားလေ၏။ ၁ ပတ်အတွင်း ညနေတိုင်းလာကာ ထိုအမတ်ကို သွယ်ဝှိက်နည်းဖြင့် စည်းရုံးသိမ်းသွင်း
လေသည်။ အမျိုးမျိုး စည်းရုံးသိမ်းသွင်းလေရာ ယိုးဒယားအမတ်လည်း ဘုရင့်နောင်အမူတော်ကို ထမ်းမည်ဟု သစ္စာစကားဆိုလေသည်။ ဗညားဒလလည်း ထိုအကြောင်းကို ဘုရင့်နောင်အား လျှောက်
လေ၏။ ဘုရင့်နောင်လည်း သဘောကျလျက် ယိုးဒယားအမတ်အား ရှေ့တော်သို့ ၀င်စေပြီး အမူတော် ကို အောင်မြင်စွာ ထမ်းနိုင်လျှင် ပိဿလောက်မြို့ကို အပိုင်ပေးကာ သူကောင်းပြု မည်ဟု မိန့်လေသည်။
ယိုးဒယားအမတ်လည်း ဗညားဒလအစိအစဉ်အတိုင်း လှေတစ်စီးဖြင့် ထွက်ပြေးဟန်ပြုကာ အယုဒ္ဒယမြို့ သို့ ၀င်လေသည်။ ယိုးဒယားဘုရင်လည်း အမတ်ပြန်ရောက်ကြောင်း သတင်းကို ကြားလျှင် အလွန်ဝမ်းမြောက်ပြီး အမတ်ကို နန်းတွင်း သို့ ခေါ်ကာ ဘုရင့်နောင်၏ သတင်းကို မေးမြန်းလေသည်။ ယိုးဒယားအမတ်လည်း လုပ်ကြံပြီး ပြောဆို လျှောက်တင်လေရာ ဘုရင်မှ သဘောတော်ကျပြီး အယုဒ္ဒယမြို့ ၀န်တော်ချုပ် ခန့်လေ၏။
အမတ်လည်း ဗညားဒလအကြံအတိုင်း မိမိလူယုံများကို မြို့တံခါး စောင့်စေလေ၏။ ညဥ့်အချိန်ရောက်သော်
အမတ်၏လူယုံများသည် မြို့တံခါးကို ဖွင့်ပေးလေ၏။ သို့သော် မြို့တွင်းရှိရဲမက်များ တွေ့သဖြင့် တံခါးကို အလျင်အမြန်ပိတ်ရန် ကြိုးစားသော်လည်း ဘုရင့်နောင်ဘက်မှ အချိန်ကိုက် ဆင်မြင်းများဖြင့် တိုးဖောက် သဖြင့် မြို့တံခါးပွင့်ကာ အယုဒ္ဒယမြို့တော်သည် အေဒီ ၁၅၆၉ ဇူလိုင် ၃၁ တွင် ဘုရင့်နောင်လက်အောက် သို့ ကျရောက်ရလေသည်။
လင်းဇင်းမင်းမှ ပရိယာရ်ဖြင့် စစ်ခွာခြင်း
ဘုရင့်နောင်၏ ဟံသာဝတီတပ်သည် ယိုးဒယားကို ဒုတိယအကြိမ် အောင်မြင်ပြီး နောက် အေဒီ ၁၅၆၉ စက်တင်ဘာ ၂၉ တွင် ပိဿလောက်မြို့စားကို မင်းမြောက်တန်ဆာငါးပါးဖြင့် ယိုးဒယားဘုရင်အဖြစ် တင်မြှောက်လေ၏။ ပြိုပျက်သွားသော စေတီပုထိုးများကို ပြုပြင်ရန် ရွှေ ၁၃ ပိဿ ကို ယိုးဒယားဘုရင်အသစ် ကို ပေးအပ်လေ၏။ မြို့သိမ်းစဉ်က စည်းကမ်းဖောက်သော တပ်သားများကိုလည်း
ပြစ်ဒဏ်ပေးလေ၏။
ဘုရင့်နောင်သည် အယုဒ္ဒယမြို့ကို အောင်မြင်ပြီးသော်လည်း လင်းဇင်းကို မအောင်သေးသဖြင့် စိတ်မအေးနိုင်သေးဘဲ မိမိ အမတ်များဖြင့် လင်းဇင်းကို အနိုင်တိုက်ရန် အစီအစဉ်များ လုပ်လေသည်။ မိမိ၏ တပ်အင်အားကိုလည်း ပြန်လည်ဖြည့်တင်းပြီး ရိက္ခာအလုံအလောက်ဖြည့်လေ၏။ ယိုးဒယားမြို့သိမ်း ပွဲတွင် ဖျားနာသူ၊ခြေလက်ပြတ်သူ၊ နှင့် ယိုးဒယားမြို့ကို သိမ်းစဉ် ဟံသာဝတီမှ သယ်လာခဲ့သော အမြှောက်ကြီးများ၊ မြတပူကြီး များကို နေပြည်တော်သို့ ပြန်လည် ပို့စေလေ၏။ ယိုးဒယားဘုရင်အသစ် လည်း မိမိ၏ သမီးတော် ကို အခြွေအရံ ၁၅ ယောက်ဖြင့် ဘုရင့်နောင်အား ဆက်သလေ၏။
ဘုရင့်နောင်လည်း ယိုးဒယားဘုရင် သမီးတော်ကို လက်ခံပြီး ရတနာရွှေဖောင်တော်ဖြင့် ပိဿလောက် မြို့ သို့ ကြွချီလေ၏။ ပိဿလောက်မြို့ရောက်လျှင် လင်းဇင်းကို တိုက်ရန် ပြင်ဆင်လေ၏။ ဘုရင့်နောင်သည် သားတော်ဥပရာဇာကို စစ်အင်အား ၁ သောင်းဖြင့် ၁ တပ်မ၊ ညီတော်ပြည်စားကို ၁ သောင်းဖြင့် ၁ တပ်မ၊ အင်းဝစားကို ၁ သောင်းဖြင့် ၁ တပ်မ၊ တို့ကို ရှေ့တော်ပြေးတပ်တွေအဖြစ် ချီတက်စေလေသည်။
ဘုရင့်နောင်မှာမူ စစ်အင်အား ၅ သောင်းကျော်ဖြင့် တပ်မှူးဗညားကျန်းထော၊ သာယာဝတီ မင်းရဲကျော်ထင်၊ တောင်ငူစား မင်းခေါင် အစရှိသော ဗိုလ်မှူးများခြံရံပြီး မိုင်းစံ(ယိုးဒယားနယ်အတွင်းရှိမြို့ ) ဘက်သို့ ဦးတည်ကာ ချီတက်လေသည်။မိုင်းစံတဘက်ကမ်းရောက်သော် စုံစမ်းစေရာ လင်းဇင်းမင်းမှ မိုင်းစံမြို့ဘက်တွင် တပ်မကြီးနှင့် ရေတပ်မကြီး ပါ အခိုင်အမာဖြင့် စောင့်နေကြောင်း သတင်းရသဖြင့် မိမိ၏ တပ်မှူးများကို သစ်ပင်များ ခုတ်လှဲစေကာ တိုက်လှေများကို အကြီးအကျယ် ဆောက်လုပ်စေလေသည်။
ဗညားကျန်းထောကို လှေတပ်ဝန်ချူပ် ခန့်ပြီး လင်းဇင်းမင်းခံလာသော မိုင်းစံခံတပ်ကို တိုက်စေလေသည်။
လင်းဇင်းမင်း၏ ရေတပ်နှင့် ဗညားကျန်းထော ကွပ်ကဲသော ရေတပ်တို့ အပြင်းအထန်တိုက်ကြလေ၏။ လင်းဇင်းမင်း၏ ရေတပ်မှ အရေးမသာ ဖြစ်ပြီး ဆုတ်ရလေသည်။ ဘုရင့်နောင်လည်း နောက်တော်မှ
ဖောင်ကြီးဖွဲ့ကာ မြစ်ကို ကူးတော်မူလေ၏။ လင်းဇင်းမင်းလည်း ဘုရင့်နောင်သည် ရေခံတပ်ကို ဖောက်ပြီး မိုင်းစံမြို့ဘက်ကို ချီတက်လာသည်ကို မခုခံဝံ့သဖြင့် တောဘက်သို့ ဆုတ်လေသည်။
ဘုရင့်နောင်၏ တပ်များလည်း မိုင်းစံမြို့ကို အလွယ်တကူ သိမ်းနိုင်လေ၏။ရှေ့တော်ပြေးတပ်ဖြစ်သော မဟာဥပရာဇာတို့တပ်ပေါင်းစုလည်း လကွန်းကလောက်မြို့ကို အနိုင်တိုက်နိုင်လေ၏။ လင်းဇင်းမင်းမှာ မူ မိမိတပ်ကို တောဘက်သို့သာ ဆုတ်လေ၏။ ဘုရင့်နောင်လည်း လင်းဇင်းမင်းကို အမိအရ ဖမ်းလို သဖြင့် မိမိကိုယ်တိုင် ဆင်စီးကာ အပြင်းလိုက်လေရာ အစာရေစာ ပျက်လပ်မူ ဖြစ်ပေါ်လေ၏။
ဘုရင့်နောင်လည်း လင်းဇင်းမင်းနောက် အပြင်းမလိုက်နိုင်တော့ဘဲ အစာရေစာ ရအောင်အရင်ဆုံး လုပ်ဆောင်စေလေ၏။ ထိုသို့ ဘုရင့်နောင်၏ အခက်အခဲကို လင်းဇင်းမင်း ကြားသိလျှင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ပြီး ဘုရင့်နောင်တပ်သားများ နာဖျားကုန်မှ တိုက်မည်ဆိုပြီး ကဖောင် ဟူသော အရပ်တွင် သစ်ခံတပ်မြို့ တည်ဆောက်လျက် ကျုံးမြောင်းဖောက်လုပ်ကာ ဆင်လုံး၊မြင်းလုံးဖြင့် နေလေ၏။
လင်းဇင်းသို့ ဒုတိယအကြိမ် စစ်ချီခြင်းအကြောင်း
လင်းဇင်းမင်းသည် ကဖောင်ဟူသော အရပ်တွင် သစ်ခံတပ်မြို့  ဆောက်ကာ မိမိ၏ တပ်အင်အားကို ဖြည့်
ပြီး ဘုရင့်နောင်၏ ဟံသာဝတီတပ်အား ထိုးစစ်ဆင်ရန် ပြင်ဆင်နေလေ၏။ ထိုအခါ အမတ် ဗညားသေဉ်မှ ဘုရင့်နောင် သည် စစ်အင်အား ငါးသိန်း ဖြင့် ချီတက်လာသည်၊ ဆင်တပ်ကား ငါးထောင် ကျော်၏၊
မြင်းကား ငါးသောင်း ကျော် ၏၊ ထိုသို့ များပြားလှသော တပ်ကို ကျွန်တော်တို့ စစ်သည် ရှစ်သောင်း ဖြင့် တိုက်သော် မတန်မရာ ဖြစ်ပြီး ရူံးနိုင်၏။ ယခု ဘုရင့်နောင်၏ တပ်များ အစာရေစာ ပြတ် လပ် သည် ဆိုသည်မှာလည်း ကျွန်တော်တို့ သေချာတတ်အပ် မသိ၊ ထို့ကြောင့် တိုက်ရန် မသင့်ပါ ဟု လျှောက်တင် လေ၏။
လင်းဇင်းမင်းလည်း ထိုလျှောက်တင်သော စကားကို နားထောင်ပြီး ဆုတ်ရန် ဆုံးဖြတ်ကာ ထိုညဉ့်တွင် သစ်ခံတပ်မြို့ မှ ဆုတ်ခွာလေသည်။ နောက်မိုးသောက်လျှင် ဘုရင့်နောင်၏ တပ် ကဖောင်ခံတပ်ကို ချဉ်းကပ်ကြလေ၏။ လင်းဇင်းမင်း မရှိကြောင်းသိသော် လိုက်သင့်မသင့် ဆွေးနွေးလေ၏။ စစ်သူကြီးတို့မှ လိုက်ရန် လျှောက်တင်ကြသော်လည်း အိမ်ရှေ့မင်းသား နှင့်တကွ အမတ်မင်းတို့မှ လိုက်လျှင် စစ်သည်တို့ ပိုမို ပင်ပန်းကြပေတော့မည်၊ ဖျားနာသူလည်း များပြားလှသည် ထို့ကြောင့် မလိုက်သင့်ကြောင်း လျှောက် တင်ကြလေ၏။ ထိုအခါ ဘုရင့်နောင်လည်း အမတ်များ လျှောက်တင်သည့်အတိုင်း ဟံသာဝတီသို့ ပြန်ရန် ဆုံးဖြတ်လေသည်။
ဘုရင့်နောင်လည်း တပ်ကို စည်းကမ်းတကျ ဆုတ်လေ၏။ အေဒီ ၁၅၇၀ မတ်လတွင် ဆုတ်တော်မူလေ၏။
အေဒီ ၁၅၇၀ မေလတွင် ပိသလောက်မြို့ ကို ရောက်တော်မူသည်။ ပိသလောက်တွင် ခဏနားတော်မူပြီး ဟံသာဝတီသို့ ဆက်လက် ဆုတ်တော်မူရာ ၁၅၇၀ ဇွန်လ ၁၁ တွင် နေပြည်တော်သို့ ပြန်ရောက်တော် မူ လေသည်။
နေပြည်တော်ပြန်ရောက်ပြီးနောက် အေဒီ ၁၅၇၂ ဇွန်လ တွင် လှေကြီး ခုနှစ်စင်းကို တည်ဆောက်
စေပြီး မဒရပ်ပြည်နယ်ရှိ Sao Tome ဆိပ်ကမ်းမြို့  ( India ) သို့ စေလွှတ်ကာ စီးပွားကူးသန်းစေလေ၏။ ထိုသို့ စီးပွားရေး၊ဘာသာရေးများ နေပြည်တော်တွင် လုပ်ဆောင်နေစဉ် လင်းဇင်းဘက်တွင် လင်းဇင်းမင်းမှ လ၀ိုက်မြို့ ကို ချီတက်တိုက်ခိုက်ရာ လင်းဇင်းမင်း ကျလေ၏။ ထိုသို့ လင်းဇင်းမင်း ကျလျှင် လင်းဇင်း အမတ် ဗညားင ဆိုသူမှ လင်းဇင်းထီးနန်းကို သိမ်းလေသည်။ ထိုသတင်း ကို ဘုရင့်နောင်မှ ကြားသိလျှင် လွှတ်တော်တွင် အစည်းအဝေးခေါ်ကာ လင်းဇင်းအရေးကို ဆွေးနွေးလေ၏။
ဘုရင့်နောင်မှ လင်းဇင်းသည် ထင်ရှားသည့် ပြည်ထောင်တခုဖြစ်သည်၊ ထိုပြည်ကို အစဉ် မင်းပြုသော ဘုရင်တို့သည် မျိုးရိုးစဉ်ဆက် အုပ်ချူပ်ကြသည်၊ ယခုမူကား အမတ်တဦးမှ ထီးနန်းသိမ်း၏၊ မဖြစ်သင့် မင်းမျိုးသာလျှင် မင်းပြု ရမည် ဟု မိန့်တော်မူလေ၏။ ထိုအခါ ဗညားဒလမှ ယခု လက်ရှိ ဘုရင်သည် မင်းမျိုးမဟုတ်သောကြောင့် လင်းဇင်း အမှူးအမတ်တို့ သဘောကျကြမည်မဟုတ်၊ ရာဇသံ စေတော်မူသင့်သည်၊ မကျိုးမနွံ ပြု မှ စစ်ချီတော်မူသင့်သည် ဟု နားတော်လျှောက်လေသည်။
ဘုရင့်နောင်လည်း သဘောတူကာ ဗညားဒလကို စီစဉ်ရန် အမိန့်ပေးလေသည်။ ဗညားဒလ လည်း ရွှေပေ တွင် ရေးကာ တုရင်ကျော်သူ ကို အမတ် ၁၀၊ စစ်သည် ၁၀၀ ဖြင့် သံအဖြစ် စေလွှတ်လိုက်လေ၏။ တုရင်ကျော်သူလည်း လင်းဇင်းသို့ ရောက်သော် ရာဇသံကို ဘုရင်ကို ဆက်သလေသည်။ လင်းဇင်းမင်း ဗညားင သည် မချေမငံသော စကားကို ဆိုကာ သံများကို သတ်ရန် စီစဉ်လေ၏။ မင်းဆရာ တားတော့ မှ တုရင်ကျော်သူတို့ကို ပြန်လွှတ်ကာ မြို့ တော်မှ နှင်ချ လိုက်လေသည်။ တုရင်ကျော်သူတို့လည်း လင်းဇင်းမှ အလျင်အမြန် ဟံသာဝတီသို့ အလျင်နှင်ကာ လင်းဇင်းမင်း ပြုသမျှ ပြောသမျှကို ဘုရင့်နောင်ထံ လျှောက်တင်လေ၏။ ဘုရင့်နောင်လည်း အမျက်ထွက်ကာ နောက်တခေါက် လင်းဇင်းသို့ ချီရန် လွှတ်တော်အစည်းအဝေးခေါ်ယူလေသည်။
သက်တော်ရှည်ဘွဲ့ရ အမတ်ကြီး ဗညားဒလ ၏ ဘ၀နိဂုံး
လင်းဇင်းကို ဒုတိယအကြိမ်တိုက်ရန် ဟံသာဝတီတွင် ဆွေးနွေးကြရာ ဘုရင့်နောင်၏ သက်တော်ရှည်ဘွဲ့ (သက်တော်ရှည်ဘွဲ့သည် ဘုရင်အမျက်ထွက်ပြီး သေဒဏ်ပေးသော်လည်း ချက်ခြင်း သတ်ခွင့်မရ၊ ခေတ္တဆိုင်းငံခွင့်ရသော ဘွဲ့ဖြစ်သည်) ရ အမတ်ကြီး ဗညားဒလ မှ အမိန့်တော်သာပေးပါ မိမိ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး အနိုင်တိုက်မည် ဟု လျှောက်တင်လေ၏။ ဘုရင့်နောင်လည်း ထိုအရေးကို သဘောတူပြီး စစ်အင်အား ၂ သောင်း၊ မြင်း ၂ ထောင်၊ ဆင် ၂ ထောင် ဖြင့် ချီတက်စေလေ ၏။
ဗညားဒလလည်း လင်းဇင်းမြို့နားထိ စစ်ချီပြီးနောက် ဇာပန်းစား နှင့် လင်းပတေ့စားကို သံအဖြစ်စေလွှတ်ပြီး လက်နက်ချ အညံခံရန် လင်းဇင်းမင်းအား ရာဇသံ ပေးလေ၏။ လင်းဇင်းမင်းလည်း သံနှစ်ယောက်ကို သတ်ချင်သော်လည်း မင်းဆရာ မဟာရတ်မှ တားသဖြင့် ထိုသံနှစ်ဦးကို လင်းဇင်းမြို့တော်ရှိ စစ်အင်အား ကို ပြသပြီး သင်တို့သခင် ဘုရင့်နောင် ချီတက်လာသော်လည်း ငါ့ဆင်အစွယ် အကုန်ကျိုးလေမှ ငါ့ကို နိုင်မည်၊ ယခု ဗညားဒလ ဟူသော အမတ်တစ်ဦး ဆိုရုံဖြင့် ငါမမူ ဟု ပြောလွှတ်လိုက်လေ၏။
ထိုစကားကို သံများမှ ပြန်လျှောက်သော် သက်တော်ရှည်ဘွဲ့လည်းရ၊ အဂ္ဂမဟာသေနာပတိ စည်သူရှင် ဘွဲ့ရ ဗညားဒလ လည်း အမျက်ကို မချူပ်နိုင်ဘဲ ချက်ခြင်း တိုက်မည်လုပ်သဖြင့် မှူးမတ်များမှ တားရလေ၏။ မှူးမတ်များလည်း ယခု ကျွန်တော်တို့ အင်အားသည် နည်းလှသည်၊ ယိုးဒယားမှ စစ်ကူ များလည်း မရောက်လာသေး၊ ဇင်းမယ်စား၏ တပ်များလည်း မရောက်လာသေး၊ စစ်ကူများရောက်လာမှ ပူပေါင်းပြီး တိုက်သင့်သည်ဟု အကြံပေးကြကုန်၏။ ဗညားဒလလည်း သဘောတူပြီး ယာယီ တပ်ဆုတ် လေ၏။
ထိုသို့ ဗညားဒလ တပ်ဆုတ်သည်ကို လင်းဇင်းမင်းမှ မိမိ၏ သူလျှိများကို လွှတ်ကာ ဗညားဒလမှ လင်းဇင်းကို နိုင်သည့်ပုံစံဖြင့် စကားဖြန့်စေရာ လင်းဇင်းသားတို့သည် နယ်မြေကျွမ်းကျင်သဖြင့် စစ်ကူအဖြစ် ချီတက်လာသော ယိုးဒယားတပ်နှင့် ဇင်းမယ်တပ် များထံ သူလျှိ၏ စကားများ အရင် ရောက်လေတော့၏။ စစ်ကူအဖြစ် ချီတက်လာသော ယိုးဒယားတပ်နှင့် ဇင်းမယ်တပ်တို့လည်း ကောလဟာလကို ယုံကာ ဆက် မချီတက်တော့ဘဲ မိမိတို့ မြို့သို့ ပြန်လေ၏။
ထိုအခါ စစ်ရေးကို စုံစမ်းရန် နေပြည်တော်မှ လွှတ်လိုက်သော စုံစမ်းရေးအဖွဲ့သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဗညားဒလပျက်စီးရန် ဘုရင့်နောင်ထံ ကုန်းချောစကားဆိုလေ၏။ ဗညားဒလသည် လင်းဇင်းမင်းအား တိုက်နိုင်ပါသော်လည်း မတိုက်ဘဲ တပ်ကို ဆုတ်မြဲဆုတ်သည်ဟု ဘုရင့်နောင်ယုံရန် အမျိုးမျိုးသော စကားကို ဆိုလေရာ ဘုရင့်နောင်သည် ဗညားဒလကို အလုပ်အကျွေး ကျွန် ၅ ယောက်ဖြင့်သာ ယိုးဒယားရှိ ရွာတရွာတွင် ထားခဲ့စေ ဟု အမိန့်တော်ချလေ၏။
ဗညားဒလသည် ဘုရင့်နောင်ထံ စာရေးသော်လည်း ထိုစာမှ သူ့အား မနာလိုဝန်တိုနေသော အမတ်တစု လက်တွင် ပျောက်ကွယ်သွားလေ၏။ ဘုရင့်နောင်သည် စစ်ရေးနှင့် ပတ်သက်လည်း အလွန်တင်းကြပ်သော စည်းကမ်းထားရှိသဖြင့် ထိုအချက်ကို အသုံးချပြီး နေရာ၊ရာထူး တပ်မက်သော အမတ်တစု မှ အမြတ်ထုတ်သွားခြင်းဖြစ်လေ၏။
ဗညားဒလသည် ငါးလတိတိ ဆင်းရဲစွာနေထိုင်ရပြီးနောက် အပြင်းဖျားကာ ထိုအရပ်တွင်ပင် ကွယ်လွန်လေသည်။ ကွယ်လွန်သော် ယိုးဒယားဘုရင်မှ ဘုရင့်နောင်ထံ လျှောက်လေရာ ကောင်းမွန်စွာ သဂြိုဟ်စေလေသည်။
သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး
အေဒီ ၁၅၇၆ ဇွန်လ ၃ ရက်တွင် ဘုရင့်နောင် ၏ ကုသိုလ်တော်ဖြစ်သည့် မဟာဝိဇယစေတီတော် ၏ ဌာပနာတိုက်တော်ကို စတင်တည်ဆောက်စပြုနေချိန်ဖြစ်သည်။ ထိုလတွင် ထားဝယ်စားမှ ဖမ်းမိသော ဆင်ဖြူ တော်တစ်စီးကို ဘုရင့်နောင်ထံ ဆက်သလေ၏။ ထိုလတွင်ပင် သီဟိုဠ်ကျွန်း ဘုရင် Dharmapala of Kotte (1541 – May 27, 1597 )မှ လက်ဆောင်နှင့်တကွ ဘုရင့်နောင်ပူဇော်ရန် စွယ်တော်မြတ်ပွား ကို ရွှေစေတီဖြင့် ပင့်ဆောင်စေပြီး သင်္ဘောနှစ်စင်းဖြင့် ဆက်လာစေလေသည်။
ထိုသတင်းကို ဘုရင့်နောင်ကြားလျှင် အလွန်ဝမ်းမြောက်ပြီး စွယ်တော်မြတ် စံပယ်ရန် ရတနာကိုးပါး ဖြင့် စီရင်သော ကြုတ် ကို ပြုလုပ်စေလေ၏။ အခမ်းအနားဖြင့် ပင့်လာရာ ဘုရင့်နောင်ကိုယ်တိုင် ပုသိမ်ဆိပ်ကမ်းမှ ဟံသာဝတီနေပြည်တော်အထိ ပင့်ဆောင်လေသည်။ သီဟိုဠ်ဘုရင် Dharmapala ဆက်သလိုက်သော ရာဇသံကိုလည်း ဖတ်ကြားစေလေသည်။ ရာဇသံတွင် ဘုရင့်နောင်၏ ဘုန်းတော်ကြီးပုံကို ချီးမြှောက် ပြီး နောက် သီဟိုဠ်ကျွန်းတွင် Kandy မင်းတစ်စု၊ Sitawaka မင်းတစ်စု နှင့် Dharmapala မင်း စသဖြင့် မင်း 3 ပါး ဖြင့် အုပ်ချုပ်လျက်ရှိ၏။ ထို မင်းများတွင် ၂ ပါး ဖြစ်သည့် Kandy မင်းတစ်စု၊ Sitawaka မင်းတစ်စု တို
့သည် မြတ်စွာဘုရား၏ သာသနာတော်ကို မချီးမြှောက်ပါ။ ဘုရင့်နောင်မင်း၏ အာဏာတော်ဖြင့် ဆုံးမပါမှ ယဉ်ကျေးပါလိမ့်မည် ဟု စစ်တိုက်ပေးပါရန် အကူအညီ တောင်းလေ၏။
အမတ်မှ ရာဇသံကို ဖတ်ကြားနေသော်လည်း ဘုရင့်နောင်မှာမူ စွယ်တော်မြတ်ကိုသာ ပီတိသောမနသ ဖြင့် အဖန်တလဲလဲ အာရုံစိုက် ဖူးမော် နေလေ၏။ ထိုအခါ သီရိဇေယျ နော်ရထာ အမတ်မှ "ဘုရင့်နောင်အား သာသနာတော်အတွက် စစ်ကူလွှတ်သင့်ကြောင်း၊ ရှေးယခင်က အနော်ရထာမင်းမှာလည်း သာသနာအတွက် သထုံထိ စစ်ချီခဲ့ဖူးကြောင်း " စသဖြင့် သင့်တယ်လျောက်ပတ်သော စကားကို လျှောက်ပါ မှ ဘုရင့်နောင်သည် " ငါကိုယ်တော် ဟံသာဝတီပြည်ကို ဘိသိက်ခံသည်နေ့က စပြီး မြတ်စွာဘုရားရှင်၏ သာသနာကို အသက်နှင့်လဲပြီး ပူဇော်ချီးမြောက်မည်ဟု အဓိဌာန်ထားသည်၊ ထိုကြောင့် ယခု သီဟိုဠ်မင်း ၏ တောင်းဆိုချက်ကို ငြင်းစရာမရှိ " ဟု မိန့်လေ၏။
ဟံသာဝတီနေပြည်တော်သို့ ရောက်သော် အလွန်ကြီးကျယ်သော ပြာသာဒ်တော်ကို ဆောက်စေပြီး စွယ်တော်မြတ်ကို စံပယ်စေလျက် ၇ ရက်တိုင်အောင် ပူဇော်ပွဲ ကျင်းပလေသည်။ ပူဇော်ပွဲ ကျင်းပပြီးသော
လွှတ်တော်တွင် သီဟိုဠ်မင်းအရေးကို ဆွေးနွေးလေ၏။ သီရိဇေယျကျော်ထင် မှ သီဟိုဠ်ကျွန်းသို့ လက်ရွှေးစင် စစ်သည် ၅ ထောင်ကို ရွေးကာ အလျင်ပို့စေပြီး၊ ကျွန်းအကြောင်းကို သိရပြီး အလုံးအရင်း ဖြင့် ချီလျှင် သင့်တော်မည်ဟု လျှောက်လေရာ ဘုရင့်နောင်လည်း ထိုအရေးကို သဘောကျပြီး လက်ရွှေးစင် စစ်သည် ၅ ထောင်ကို သင်္ဘောသုံးစင်းဖြင့် စေလွှတ်လေ၏။
စစ်သည် ၅ ထောင်တို့လည်း သီဟိုဠ်ကျွန်းသို့ ရောက်လျှင် ရက်စက်ကြမ်းကြုတ်ခက်ထန်သော အမူအရာ ဖြင့်သာ နေလေ၏။ ပြုံးခြင်းမရှိ အသားကိုလည်း အစိမ်းစားလေရာ သီဟိုဠ်ကျွန်းသားများမှ ထိုသူများသည် ဘီလူးသာဖြစ်သည်ဟု ကြောက်လန့်တကြားပြောဆိုကြလေရာ ထိုသတင်းသည် kandy ၊ Sitawaka မင်းများထံ ရောက်လေ၏။ မင်း ၂ ပါးလည်း အကြောင်းကို စုံစမ်းလေရာ ဘုရင့်နောင် မှ စေလွှတ်လိုက်သော စစ်သည်များ ဖြစ်သည်ကို သိရသဖြင့် သီဟိုဠ်မင်း ထံ ဘယ်အကြောင်းကြောင့်
ရောက်လာကြောင်းကို မေးမြန်းလေ၏။
သီဟိုဠ်မင်းလည်း ဘုရင့်နောင်သည် မြတ်စွာဘုရား သာသနာတော်ကို သက်ဝင်ယုံကြည်သူဖြစ်ရာ သီဟိုဠ်ကျွန်းတွင် သာသနာတော် ညစ်နွမ်းနေသည်ကို စည်ပင်ထွန်းပ ရန်အတွက် ကူညီရန် စေလွှတ်လိုက်သော စစ်သည်များဖြစ်သည်ဟု စကားပြန်လိုက်လေ၏။ မင်း သုံးပါး လည်း ဘုရင့်နောင်၏ ရှေ့ပြေးစစ်သည် အနည်းငယ်သည်ပင် ဒီမျှ ရက်စက်နေပုံပေါက်လျှင် ဘုရင့်နောင်၏ တပ် အလုံးအရင်းဖြင့် လာခဲ့သော် ငါ့တို့ ခံနိုင်မည်မဟုတ် ဟု တိုင်ပင်ကြပြီး မိမိတို့ အယူကို စွန့်ကာ အဆုံးအမ ကို နာခံပြီး သာသနာတော်အတွက် ဆောက်ရွက်ပါမည်ဟု Dharmapala မင်း ထံ ကတိပေးကြေ


Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဘုရင့်နောင်၏ ဆင်ဖြူ တော်စစ်ပွဲအကြောင်းဖတ်ချင်ရင်






ဗညားဒလ ယိုးဒယားသို့ ရောက်ပြီး စာပေစီကုံးကာ ယိုးဒယားဘုရင်ထံ လျှောက်ရာ ဘုရင်မှ လက်မခံသည့် အပြင် ဘုရင့်နောင်၏သံကိုလည်း မချေမငံ တုံ့ပြန်လိုက်လေ၏။ ဗညားဒလလည်း နေပြည်တော်ပြန်ရောက် လျှင် အကြောင်းစုံကို ဘုရင့်နောင်အား လျှောက်တင်လေသည်။ ဘုရင့်နောင်လည်း အမျက်တော်ရှပြီး လွှတ်တော်အစည်းအဝေးခေါ်ကာ ယိုးဒယားအား စစ်တိုက်မည်ဟု အမိန့်တော်ထုတ်လေသည်။ ထိုအခါ မှူးမတ်နှင့် စစ်သူကြီးများကလည်း အောင်နိုင်ရေးအတွက်သာ ကြိုးပမ်းစုံစမ်းရလေ၏။

ယိုးဒယားသို့ ရောက်ခဲ့သော ဗညားဒလမှာမူ အရေးတော်မသာလျှင် မိမိ၏သခင်သည် စစ်တိုက်လိမ့်မည် ကို သိသဖြင့် ယိုးဒယားမြို့ ၏ အနေအထားတို့ကိုပါ တခါထဲလေ့လာ ခဲ့သဖြင့် ဘုရင့်နောင်အတွက် အလွန် အကျိုးရှိခဲ့၏။ ဘုရင့်နောင်သည် ရှမ်းစော်ဘွားများကိုလည်း နေပြည်တော်သို့ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာရန် အမိန့်ပြန်ပြီး နေပြည်တော်တွင် မိမိ၏ ရွှေဖြင့်ပြီးသော သောက်တော်ရေ တကောင်းဖုံး၊ စားတော်အိုး၊ ရွှေယပ်တော် တို့ကို မဟာစေတီတွင် ဌာပနာကာ ရဟန်းတော်များကို ဆွမ်းလုပ်ကျွေးတော်မူ
ပြီး အလှူ အကြီးအကျယ်လုပ်လေသည်။

ရှမ်းစော်ဘွားတပ်များ ရောက်လာသော် မိမိ၏ တပ်မကြီးနှင့် စည်းကမ်းတကျ ပူပေါင်းစေပြီး စော်ဘွားများကို မိမိလက်ဝဲလက်ယာ တွင် မိမိနှင့် တန်းတူ ထီးဖြူ မိုးစေလျက် ယိုးဒယားသို့ ချီတက်လေသည်။ အေဒီ ၁၅၆၃ အောက်တိုဘာလ ၁၂ တွင် နေပြည်တော်မှ စစ်အင်အား ၃ သိန်းကျော်ဖြင့် ချီတက်လေ၏။ (တချို့  မှတ်တမ်းတွင် ၄ သိန်းကျော် )

ဘုရင့်နောင်၏ တပ်တော်သည် ရှေးဦးစွာ ကမန်ပိုက်ကို သိမ်းတော်မူသည်။ တပ်မှူးအပေါင်းနှင့် ရဲမက်တို့ သည် အမိန့်တော်အတိုင်း အကြောက်အရွံ့ မရှိ မြို့ ရင်းကို အလုံးအရင်း ချီတက်ပြီး လှေကားများဖြင့် ထောင် တက်သဖြင့် ယိုးဒယားနေပြည်တော်၏ မြို့ ရံများသည် လျင်မြန်စွာ ကျလေ၏။ ဘုရင့်နောင်သည် အယုဒ္ဓယမြို့ တော်ကို အလျင်မတိုက်ဘဲ မြို့ ရံများကို အရင်တိုက်၏။

မြို့ ရံများအားလုံးကို ရလျှင် အယုဒ္ဓယမြို့ တော်သို့ အလုံးအရင်းဖြင့် ချီတက်လေသည်။ ထိုသတင်းကို ယိုးဒယားမင်းနောင်တော်မှ စာဖြင့်စေပြီး ဘုရင်အား လက်နက်ချရန် အကြံပြု လေသည်။ ယိုးဒယားမင်းသည် သတင်းကိုကြားသော်လည်း လက်နက်ချလိုခြင်းမရှိဘဲ ခေါင်းမာစွာ ဖြင့် သားတော်အိမ့်ရှေ့မင်း ကို လက်နက်အများဖြင့် ဘုရင့်နောင်ကို ဆီးကြို တိုက်စေလေသည်။

အိမ်ရှေ့မင်း ဗြမဟိန်( Phra Mahin ) ၏ တပ်နှင့် နေမျိုးကျော်ထင် ဦးဆောင်သော မြင်းတပ်တို့ လမ်းမှ တွေ့ကြရာ အပြင်းအထန်တိုက်ကြလေသည်။ နေမျိုးကျော်ထင်ဘက်မှ အကျအရူံးများလေ၏။ ထိုအချိန်တွင် ဟံသာဝတီ ဥပရာဇ ဦးဆောင်သော တပ်များ ရောက်လာပြီး ဆင်ဖြင့် ဖိတိုက်ရာ ယိုးဒယား အိမ်ရှေ့မင်းတပ် နောက်ဆုတ်ရလေသည်။

ယိုးဒယားဘုရင်လည်း မိမိသား အရေးမလှသည်ကို သိသော် ညီတော်အား စစ်အင်အား ၆ သောင်းကျော် ကို ဦးဆောင်စေပြီး ယိုးဒယားဘုရင်ကိုယ်တော်မူ နောက်မှ ဆင်သုံးရာ၊မြင်း သုံးထောင် ၊ ခြေလျင်တပ် ၅ သောင်းဖြင့် ချီတက်လေသည်။ ချီတက်ပြီး လုံဖလီ( Lumphli ) ဆိုသော အရပ်တွင် ခံတပ်မြို့  ဆောက်ကာ ဘုရင့်နောင်အလာကို စောင့်နေလေသည်။ ယိုးဒယားဘုရင်သည် စစ်အင်အား အလုံးအရင်း နှင့် ဥရောပမှ လာသော လက်နက်ကောင်းများရှိသဖြင့် ဘုရင့်နောင်၏ တပ်ကို အနိုင်တိုက် နိုင်မည်ဟု ယုံကြည်နေလေ၏။

လုံဖလီခံတပ် တိုက်ပွဲ

ယိုးဒယားမင်းမှ လုံဖလီတွင် တပ်စခန်းချနေသည်ကို ဘုရင့်နောင်ကြားလျှင် မိမိ၏ တပ်အပေါင်းတို့ကို လုံဖလီခံတပ်အား တိုက်စေလေသည်။ နှစ်ဦးနှစ်ဖက် စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီး ယိုးဒယားမင်းမှ အရေးမသာသဖြင့် စီးတော်မြင်းနှင့် ရရာ ရဲမက်များဖြင့် အယုဒ္ဓယမြိုတွင်း သို့ ဆုတ်လေ၏။ အေဒီ ၁၅၆၄ ဖေဖော်ဝါရီ ၁၁ တွင် လုံဖလီခံတပ်ကို ဘုရင့်နောင်သိမ်းပိုက်ရလေသည်။

ဘုရင့်နောင်သည် လုံဖလီခံတပ်တွင် နေကာ မိမိ၏သားတော်၊ညီတော်များကို အယုဒ္ဓယမြိုအား ၀ိုင်းရံစေ ပြီး အမြှောက်ကြီးများ၊မြတပူကြီးများကို အယုဒ္ဓယမြိုရိုးထက်မြင့်သော မျှော်စင်များပေါ်တွင်တင်ကာ မြို့ တွင်းသို့ အဆက်မပြတ်မိုးရွာသလို ပစ်စေလေ၏။ အယုဒ္ဓယမြိုလည်း ရစရာမရှိ ပျက်စီးလာသဖြင့် မှူးမတ်တို့မှ ယိုးဒယားမင်းအား လက်နက်ချရန် အကြံပြု လေရာ ယိုးဒယားမင်းလည်း ရဟန်းတော်တစ်ပါးကို သံအဖြစ် ကြွစေပြီး လက်နက်ချမည့်အကြောင်းဘုရင့်နောင်ထံ လျှောက်တင်လေ၏။

ဘုရင့်နောင်လည်း စစ်ပွဲငြိမ်းစေလျှင် ယိုးဒယားမင်းကိုယ်တိုင် ဆင်ဖြူ လေးစီး နှင့် အဆောင်အယောင် အခမ်းအနားများဖြင့် ထွက်လှာစေရန် အမိန့်တော်ပေးလိုက်၏။ ယိုးဒယားမင်းလည်း ထို့အမိန့်ကိုကြားလျှင် ဆင်ဖြူ လေးစီး ပေါ်တွင် အထူးထူးသော ရတနာများကို တင်လျက်၊ မင်းခန်းမင်းနား အဆောင်အယောင်
ဖြင့် အေဒီ ၁၅၆၄ ဖေဖော်ဝါရီ ၁၈ တွင် မြို့ တွင်းမှ ထွက်ကာ ဘုရင့်နောင်ထံ အညံခံလေသည်။

ဘုရင့်နောင်နှင့် တွေ့ဆုံကြပြီး ဘုရင့်နောင်မှ ယိုးဒယားမင်း၏ သားတော်ကို အယုဒ္ဓယမြို၏ ဘုရင်အဖြစ် ခန့်ပြီး ကျန်ရှိနေသော ယိုးဒယားမင်း၏ ညီတော်များကိုလည်း စားမြဲရာထူးအတိုင်းပေးလေ၏။ ယိုးဒယားဘုရင်၊ သားတော်အငယ် နှင့် ဆင်ဖြူလေးစီး ကိုမူ ဟံသာဝတီသို့ ခေါ်ယူတော်မူခဲ့သည်။

ယိုးဒယားမှ ပြန်တော်မူပြီး ဟံသာဝတီသို့ အေဒီ ၁၅၆၄ မတ် ၂၈ တွင် ရောက်တော်မူလေသည်။ အေဒီ ၁၅၆၄ မေ ၁၅ တွင် မိဖုရားခေါင်နတ်ရွာစံတော်မူလေသည်။ နောက်တနေ့တွင် မြေငလျင်ပြင်းစွာ လူပ်သဖြင့် ဘုရားဂူကျောင်းများ ပြို ပျက်လေ၏။ ဘုရင့်နောင်လည်း ပြို ပျက်သော ဘုရားဂူကျောင်းများကို
ပြန်လည် မွမ်းမံစေလေ၏။

လွှတ်တော်အစည်းအဝေးတွင် မှူးမတ်များမှ ဇင်းမယ်ဘုရင်သည် မိမိတို့ ယိုးဒယားကို စစ်ချီစဉ် နောက်တော်မှ လိုက်ပါခြင်းမရှိ၊ အခွန်တော်ကိုလည်း မဆက်သ၊ ဇင်းမယ်တွင်ရှိသော ဟံသာဝတီသံ များမှလည်း သတင်း မကြား စသဖြင့် လျှောက်တင်ကြလေသည်။ ဘုရင့်နောင်လည်း ညီတော်များကို မေးလျှင် ညီတော်များမှ ဇင်းမယ်မင်းသည် ဘုရင့်နောင်၏အမိန့်တော်အား ပမာမခန့်လုပ်သဖြင့် စစ်ချီခြင်းဖြင့်သာ အရေးတော်ကို ပြီးနိုင်မည်ဟု ပြန်လည် လျှောက်တင်ကြလေ၏။ သို့ဖြင့် ဘုရင့်နောင်သည် ဇင်းမယ်ကို စစ်ချီရန် အမိန့်တော် ထုတ်ပြန်လေသည်။

ဘုရင့်နောင်သည် မှူးမတ်များ၏ တိုက်တွန်းမူကြောင့်လည်းကောင်း၊ မိမိ၏ ဘုန်းအာဏာကို ပြန်လည် တည်ဆောက် လိုသည်က တစ်ကြောင်း စစ်ပန်းနေသော စစ်တပ်ကို ၆ လ သာနားပြီး ဇင်းမယ်သို့ စစ်ထပ်မံ ချီပြန်လေ သည်။ အေဒီ ၁၅၆၄ အောက်တိုဘာ ၂၂ တွင် ဟံသာဝတီနေပြည်တော်မှ ထွက်တော်မူလေသည်။ ဇင်းမယ်မင်းလည်း ဘုရင့်နောင်စစ်ချီသော သတင်းကိုကြားလျှင် မြို့မှ ထွက်ပြေးလေ၏။

ဇင်းမယ်မင်း သည် ဇင်းမယ်ထက် ပိုမိုခိုင်ခံ့သော လင်းဇင်းမြို့ ကို ၀င်တော်မူလေသည်။ ဘုရင့်နောင်လည်း လင်းဇင်း ကို တိုက်ရန် ညီတော်တို့ကို စေလွှတ်လေသည်။ ညီတော်တို့မှ ရွပ်ရွပ်ချွံချွံ တိုက်သဖြင့် လင်းဇင်းမြို့ ကျကာ မင်း ၂ ပါးကို ဖမ်းဆီးရမိလေသည်။ မင်း နှစ် ပါးလည်း ကွပ်မျက်ခံရလေ၏။

ထိုသို့ ဇင်းမယ်တွင် စစ်ခင်းနေစဉ် ဟံသာဝတီ ထောင်တွင် အကျဉ်းချခံနေရသော ရှမ်းစစ်သူကြီး တစ်ဦးကို
ထောင်တွင်းရှိ ရှမ်းများမှ ကူညီကာ လွတ်သွားပြီး ရှမ်းစစ်သူကြီးမှ လူသူစုရုံးကာ ဟံသာဝတီနေပြည်တော်
ပတ်ဝန်းကျင်ရှိ ရွာများကို သိမ်းပိုက်နေလေ၏။ရှမ်းစစ်သူကြီးသည် ဗညားကျန်းထော ဟူသော အမည်ကို ခံယူပြီး လူသူများကို စုရုံးရာ ဘုရင့်နောင်အား မကျေနပ်သော လူများမှ ပူပေါင်းကြသဖြင့် အင်အား ၄ သောင်း အထိ ရှိလာလေသည်။

ထိုသို့ အင်အားကြီးလာပြီး ဟံသာဝတီနေပြည်တော်ကို သိမ်းပိုက်မည်ဟု စစ်ကြေဌာပြီး ချီတက်လာလေ၏။
နေပြည်တော်အတွင်းတွင် မြို့စောင့်တပ် ၇ ထောင်သာ ရှိပြီး မြို့စောင့်မင်း အဖြစ်ကျန်ခဲ့သော နရပတိစည်သူ မှ နေပြည်တော်ကို ခိုင်ခံ့အောင် ပြု ပြီး ဘုရင့်နောင်ထံသို့ စာပို့လေသည်။ သို့သော် စာပို့ သံကို ဗညားကျန်းထော တပ်မှ ဖမ်းဆီးမိပြီး စစ်ကူခေါ်စာမှာ ဘုရင့်နောင်ထံသို့ မရောက်နိုင် ဖြစ်လေ၏။

ဗညားကျန်းထော လည်း နေပြည်တော် ကို ၀ိုင်းရံပြီး မြို့ ကို ပေးရန် အမိန့်ပေးလေသည်။ မြို့ စောင့်မင်း နရပတိစည်သူမှ ပရိယာရ်ပြုကာ ဘုရင့်နောင်၏ ဆွေးတော်မျိုးတော်များ နန်းတော်မှ တောင်ငူသို့ ပြေးသည့် ပုံစံလုပ်ကာ အမတ်တစ်ဦးဖြင့် အခြံအရံ အယောင်အဆောင်ဖြင့် မြို့ အနောက်တံခါးမှ ထွက်စေလေသည်။

ဗညားကျန်ထော၏ ရဲမက်များမှ ထိုအခြင်းအရာကို မြင်လျှင် ဗညားကျန်းထောထံ လျှောက်ရာ မြင်းတပ် ၅ ထောင်ဖြင့် လိုက်စေလေရာ ဗညားကျန်းထောတွင် မြင်းတပ်အင်အားလျော့လေသည်။ နရပတိစည်သူ လည်း အခွင့်ကောင်းယူပြီး ဆင်တပ် ၅၀၀ ဖြင့် မြို့  တံခါးဖွင့်ကာ ရုတ်တရုက် ထွက်တိုက်လေသည်။

ဗညားကျန်းထောတွင် ဆင် ၁၀ စီးသာ ရှိပြီး ရဲမက်များလည်း ရုတ်တရုက် ထွက်လာသော ဆင်တပ်ကို မတိုက်ဝံ့ဘဲ ဖရိုဖရဲ ပြေးလေသည်။ ဗညားကျန်းထောလည်း အခြေအနေမကောင်းသည်ကို သိသဖြင့် တပ်ကို ဆုတ်ရလေ၏။ နေပြည်တော်တွင် ပုန်ကန်သူများ သောင်းကျန်းနေသည် ဟူသော သတင်း သည် လူချင်းဆောင်ပြီး ဇင်းမယ်မြို့ အတွင်း ပြန့်နှံနေရာ ဘုရင့်နောင်မှ ထို သတင်းကို အတည်ပြု ရန် အမတ်တစ်ဦး ကို ဆင် ၆ စီး ၊ ခြေမြန် ကုလား ရှစ်ရာ ဖြင့် အလျင်အမြန် စုံစမ်းစေလေ၏။

ထိုစုံစမ်းလာသော အမတ်ကို ဗညားကျန်းထောတပ်မှ တိုက်ခိုက်ရာ အမတ်လည်း ကျဆုံးပြီး ကုလားရှစ်ရာ ကိုလည်း ဗညားကျန်းထောတပ်မှ ဖမ်းဆီးမိလေ၏။ ဘုရင့်နောင်လည်း ဧကန်အမှန် ပုန်ကန် သူ ရှိလိမ့်မည် ဟု တွေးမိပြီး သံလျင်မြို့ စားကို တိုက်ဆင် သုံးရာ၊ စစ်သည် နှစ်သောင်းဖြင့် နေပြည်တော်သို့ အလျင် ချီ တက်စေလေ၏။

လမ်းခုလတ်တွင် ဗညားကျန်းထောတပ်နှင့် တွေ့ပြီး တိုက်ကြရာ ဗညားကျန်းထော ထိုစစ်ပွဲတွင် ကျလေ၏။ ပုန်ကန်သူတို့လည်း ခေါင်းဆောင်ကျသဖြင့် ဖရိုဖရဲ ထွက်ပြေးကြကုန်လေသည်။ သံလျင်မြို့ စားလည်း ဟံသာဝတီနေပြည်တော်သို့ အလျင်ချီတက်ကာ ပုန်ကန်သူများကို ဘုရင့်နောင်၏ အမိန့်အတိုင်း လိုက်လံ ဖမ်းဆီးရာ ၅ ထောင်ကျော် ဖမ်းဆီးမိလေသည်။

ဘုရင့်နောင်သည် ပုန်ကန်သော ဇင်းမယ် နှင့် ဗညားကျန်းထောကို နိုင်ပြီးနောက် နောင်အခါ သူပုန်များ မြို့ တော် အတွင်းမထကြွစေရန် ရည်ရွယ်ပြီး ဟံသာဝတီမြို့ တော်ကို အသစ်ပြန်လည်ဆောက်လုပ်စေ လေ၏။ နန်းတော်ကိုလည်း အသစ်ပြန်လည် ဆောက်စေပြီး မြို့ ရိုးကိုလည်း ပြု ပြင်စေရာ တံခါးပေါင်း ၂၀ ကို နယ်စား ၂၀ အား ဆောက်စေလေသည်။

ဟံသာဝတီမြို့တော်အသစ် တည်ပြီးသည်နှင့် အနယ်နယ်အရပ်ရပ်မှ လူများ လာရောက်ပြီး နေထိုင်ကြ သဖြင့် မြို့ တော်တွင် အစာရေစာရှားပါးလာရသည်။ ရာသီဥတု မမှန်သဖြင့် ဆန်စပါး အလုံအလောက်မရ
နိုင်ဖြစ်သဖြင့် ဘုရင့်နောင်လည်း ပုဂံမြို့ စားအား စစ်သည် နှစ်သောင်း နှင့် လင်းဇင်းသို့ ချီတက်စေပြီး စပါးများကို သိမ်းရန် အမိန့်ပေးလေ၏။ ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ခါ လင်းဇင်း အစရှိသော လက်အောက်ခံ များမှ အခွန်(ရွှေ၊ငွေ၊ဆင်၊မြင်း) ကိုသာ ဆက်သလေ၏။ စပါးများကို တင်းပြည့်ပေးခြင်းမရှိပေ။

ထိုအစာရေစာ ငတ်မွတ်နေချိန်တွင် ဟံသာဝတီတွင် နေထိုင်နေရသော ယိုးဒယားမင်း(နန်းချခံရသူ) သည် ရဟန်းပြုလိုပါသည်ဟု လျှောက်လာသဖြင့် ဘုရင့်နောင်လည်း ခွင့်ပြုလေ၏။ ရဟန်းပြု ပြီး နောက် အယုဒ္ဓယမြို့ သို့ ဘုရားသွားဖူးလိုပါသည်ဟု ခွင့်တောင်းပြန်သဖြင့် ဘုရင့်နောင်လည်း ခွင့်ပြုပြန်လေသည်။
ယိုးဒယားမင်း(ဟောင်း) လည်း အယုဒ္ဓယမြိုသို့ ရောက်လျှင် သားတော်ဘုရင် နှင့်ပေါင်းပြီး ဟံသာဝတီကို ပုန်ကန်တော့လေ၏။

ထိုအကြောင်းကို ယိုးဒယားဘုရင်သမက် ပိသလောက်မြို့စား သိလျှင် ဟံသာဝတီသို့ သွားကာ ဘုရင့်နောင် ထံ ၀င်လေသည်။ ယိုးဒယားဘုရင်လည်း ပိသလောက်မြို့စား ဘုရင့်ခံထံ ၀င်သည်ဟု သတင်းကြားသည် နှင့် ပိသလောက်မြို့ တွင်းသို့ ချီကာ ရွှေငွေများကို ယူဆောင်ပြီး အယုဒ္ဓယမြိုသို့ ပြန်ပြီး စစ်ပြင်လေ၏။ ထိုအချိန်တွင် လင်းဇင်းသို့ စပါးသွားသိမ်းသော ပုဂံမင်းကို လင်းဇင်းစားမှ ပြန်လည် ခုခံ တိုက်ခိုက် သဖြင့် စပါးမရသည်အပြင် စစ်ရူံးပြီး ပြန်လာသည့်အတွက် ပုဂံစားကို ဘုရင့်နောင်မှ အမျက် အလွန်ထွက်ပြီး မီးတိုက်ပြီးသတ်ရန် အမိန့်ပေးလေသည်။

ထိုအခါ မင်းဆရာတော်များမှ ထို မီးတိုက်ကွင်းသို့ လာကာ ပုဂံမင်းကို လွှတ်ပေးလေသည်။ မင်းဆရာ ဖြစ်သောကြောင့် ရဲမက်များလည်း မလွန်ဆန်ဝံဘဲ လွှတ်ပေးလေ၏။ ဘုရင့်နောင်သည် ထိုအကြောင်းကို ကြားသော်လည်း မည်သို့မျှ ဆိုခြင်းမရှိပေ။ ( မင်းဆရာများကို ဘုရင်တစ်ဦးတည်းမှ ကိုးကွယ်ခြင်း မဟုတ် အနယ်နယ်အရပ်ရပ်မှ နယ်စား၊မြို့ စားများမှလည်း ကိုးကွယ်၏၊ အရေးအကြောင်းကြုံ လျှင် မင်းဆရာများကို ကပ်ကာ မင်းဒဏ်မှ လွှတ်အောင် ကြိုးစားကြ၏၊ )

ဘုရင့်နောင်လည်း လင်းဇင်းစား မှ အာခံခြင်း၊ ယိုးဒယားမင်းမှ ပြန်လည် ပုန်ကန်ခြင်း တို့ကြောင့် ဒုတိယ အကြိမ် ယိုးဒယားသို့ ထပ်မံ ချီတက်တိုက်ခိုက်ရန် စစ်ပြင်ဆင်လေတော့သည်။

ပိသလောက်မြို့ စား နှင့် ယိုးဒယားမင်း တို့ စစ်ပွဲ
ဘုရင့်နောင်သည် ဟံသာဝတီနေပြည်တော်တွင် ကြုံတွေ့နေရသော အစာရေစာ ရှားပါးမူပြသနာကို ဖြေရှင်း
ပြီးနောက် မိမိ၏ စစ်တပ်အင်အားကို ထပ်မံတိုးချဲ့ ကာ ဒုတိယအကြိမ်ယိုးဒယားသို့ ချီတက်ရန် ပြင်ဆင်
လေ၏။ ထိုသို့ စစ်ပြင်နေစဉ် အေဒီ ၁၅၆၈ မေလ တွင် သီရီင်္လာကာဘုရင်မှ မြသပိတ်တော်ကြီးကို လက်ဆောင်အဖြစ် ပေးအပ်လာရာ သင်္ဘောဆိပ်သို့ မင်းခန်းမင်းနားဖြင့် မင်းညီမင်းသားများကို သွားပင့် ဆောင်စေလေသည်။

မြသပိတ်တော်ကြီးကို ပင့်ဆောင်လာသော သီရီင်္လာကာဘုရင့် ဆရာတော်ကိုလည်း ဟံသာဝတီ နေပြည်တော်တွင် ကျောင်းဆောက်ပြီး လှူ တော်မူလေသည်။ အေဒီ ၁၅၆၈ ဇွန် ၁၅ တွင် ဘုရင့်နောင်၏ မိဖုရားခေါင် အတုလသီရိမဟာရာဇာ ဒေ၀ီ နတ်ရွာစံလေ၏။ ဘုရင့်နောင်သည် အလွန်ကြေကွဲ တော်မူရာ ရက်အတော်အတန်ကြာအောင် လွှတ်တော်အစည်းအဝေး မတက်ဘဲ ရှိနေလေ၏။ အမတ်ကြီးဗညားဒလမှ တိုင်းရေးပြည်မူကို ရေူးရူတော်မူရန် အတန်တန်လျှောက်တော့မှ အစည်းအဝေး ပြန်တက်ကာ ပိသလောက်မြို့စားအား ပိသလောက်မြို့ သို့ ချီတက်စေပြီး မြို့ ကို အခိုင်အမာ ပြု ထားရန် အမိန့်ပေးလေသည်။

ပိသလောက်မြို့ စား လည်း အမိန့်အတိုင်း စစ်သည် အင်အား ၃ သောင်းကျော်ဖြင့် ပိသလောက်မြို့ သို့ ချီတက်လေသည်။ ထိုသတင်းကို ယိုးဒယားမင်းကြားလျှင် လင်းဇင်းမင်းသို့ စာစေလေ၏။ လင်းဇင်းမင်းလည်း ယိုးဒယားကို ကူရန် စစ်အင်အားအလုံးအရင်းဖြင့် ပိသလောက်သို့ ချီလာလေသည်။ ပိသလောက်သို့ ယိုးဒယားမင်းအရင် ရောက်ရာ မြို့ ပြင်တွင် စစ်တပ်များကို ချထားကာ ရန်သူ အလာကိုစောင့်နေလေ၏။

ပိသလောက်မြို့ စားလည်း အဝေးမှ ယိုးဒယားမင်း၏ တပ်ကို တွေ့ရာ တိုက်သင့်မတိုက်သင့်ကို အတူပါလာ သော အမတ်ဗညားဦး နှင့် တိုင်ပင်လေ၏။ ဗညားဦးမှ ကြောက်ရွံရန် မလို တိုက်မည် ဟု အကြံပေးသဖြင့် စစ်အင်အား နှစ်သောင်းဖြင့် ၀င်တိုက်လေသည်။ ယိုးဒယားမင်းဘက်မှလည်း အလုံးအရင်း ဖြင့် တိုက်ကြလေရာ နှစ်ဦးနှစ်ဘက် အကျအရူံးများလေ၏။ ထိုသို့ တိုက်နေရင်း ယိုးဒယားမင်း၏ လက်ရုံး သီမာမြို့ စားကြီး စစ်ပွဲတွင် ကျလေသည်။

ထိုအခါ သီမာမြို့စား၏ တပ်သားများလည်း လက်နက်ချပြေးလေ၏။ ယိုးဒယားမင်းလည်း အရေးမသာသဖြင့် တပ်ကို ရေဆိပ်ဆီသို့ အလျင်အမြန်ဆုတ်ရလေသည်။ ပိသလောက်မြို့စားတို့ နောက်မှ လိုက်ရာ ယိုးဒယားမင်း၏ ရေတပ် မှ မြတပူအမြှောက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဆက်မလိုက်တော့ဘဲ မြို့ တွင်းသို့ ၀င်ကာ မြို့ ကို အခိုင်အမာ ဖြစ်အောင် လုပ်လေ၏။

နောက် ၁၅ ရက်ခန့် တွင် လင်းဇင်းမင်း၏ တပ်များ ပိသလောက်မြို့ နား ရောက်လာသော ကျူံးနား တိုင်အောင် တပ်စခန်း ချလာလေ၏။ ထိုသို့ စခန်းချနေသော လင်းဇင်းတပ်ကို ပိသလောက်မြို့ စားမှ အလုံးအရင်းဖြင့် မြို့ တွင်းမှ ထွက်တိုက်ပြန်လေ၏။ လင်းဇင်းစားလည်း မခံနိုင်ဘဲ မြို့ နားမှ ဆုတ်လေသည်။

တပ်ကိုဆုတ်ပြီး ယိုးဒယားမင်းရှိရာကို သွားလေသည်။ ယိုးဒယားမင်းနှင့် တိုင်ပင်ပြီးနောက် လင်းဇင်းမင်းမှ ကြည်းကြောင်း၊ယိုးဒယားမင်းမှ ရေကြောင်းဖြင့် တိုက်ရန် သဘောတူကြလေသည်။ ၅ ရက်နေပြီး နောက် လင်းဇင်းမင်းမှ ပိသလောက်သို့ ထပ်မံ တိုက်ပြန်လေသည်။ ပိသလောက်မြို့ စားလည်း မြို့ မှ ထွက်ကာ လင်းဇင်းမင်းကို တိုက်လေသည်။ ယိုးဒယားမင်းလည်း ရေတပ်ဘက်မှ မြတပူအမြှောက်ကြီးများ၊ စိန်ပြောင်း သေနတ်များဖြင့် အဆက်မပြတ်ပစ်ပေးလေ၏။

သို့သော်လည်း လင်းဇင်းမင်း၏ တပ်များ ပိသလောက်မြို့ စား၏ တပ်ကို မထိုးဖောက်နိုင်ဘဲ ရှိနေလေသည်။ ထိုသို့ အလုံးအထွေးတိုက်ကြရင်း လင်းဇင်းတပ်များမခံနိုင်တော့ဘဲ တပ်ကို ဆုတ်ရလေ၏။ ပိသလောက်မြို့ စားလည်း မြို့ တွင်းမှ မြတပူအမြှောက်များကို ယိုးဒယားမင်းရှိရာ ဘက်သို့ တဖက်လှည့်ပို့ပြီး လှေများကို ပစ်ခတ်စေရာ လှေကြီးတချို့  နစ်လေသည်။ ယိုးဒယားမင်းလည်း အမြှောက်လွတ်ရာ နေရာသို့ ဆုတ်ပြီး စခန်း ချလေ၏။

ယိုးဒယားမင်းနှင့် လင်းဇင်းစား တို့လည်း အထိအခိုက်အကျအရူံးများသဖြင့် ပိသလောက်မြို့  မနီးအဝေးတွင် အေဒီ ၁၅၆၈ အောက်တိုဘာအထိ စခန်းချပြီး နေလေ၏။ ထိုနောက် ဘုရင့်နောင်သည် ဟံသာဝတီမှ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်လာပြီဟု ကြားမှ ယိုးဒယားမင်းသည် တပ်ကို
အယုဒ္ဓယမြို့ နေပြည်တော်သို့ ဆုတ်လေသည်။

ဘုရင့်နောင်မှ ယိုးဒယားကို ဒုတိယအကြိမ် တိုက်ခိုက်ခြင်း
ဘုရင့်နောင်သည် အေဒီ ၁၅၆၈ အောက်တိုဘာ ၁၁ ရက်တွင် ဟံသာဝတီနေပြည်တော်မှ စစ်အင်အား ငါးသိန်းလေးသောင်း ဖြင့် ဒုတိယအကြိမ် ယိုးဒယားသို့ ချီတက်လေသည်။ နိုင်ငံအနှံမှ စော်ဘွားများ၏ အင်အား များပါ ဖြည့်တင်းထားရာ မြန်မာ့သမိုင်းတွင် အကြီးအကျယ်ဆုံးနှင့် လူအင်အား အများဆုံး အသုံးပြု သော စစ်ပွဲဖြစ်သည်။ ချီတက်ပြီး ပိသလောက်မြို့ သို့ ရောက်လျှင် ပိသလောက်မြို့ စား၏ အားထုတ် မူကို အားရသဖြင့် ရွှေတုံးများ ချီးမြင့်လေသည်။

ယိုးဒယားမြို့ သည် ရေများဖြင့် ၀ိုင်းရံထားရာ စစ်ချီရန် အခက်အခဲ ရှိ၏။ ထိုအချက်ကို ဘုရင့်နောင်တို့မှ
ကောင်းစွာသဘောပေါက်၏။ သို့သော် ဘုရင့်နောင်မှ ယိုးဒယားမြို့ ကို ရှေးရိုးအတိုင်းသာ ၀ိုင်းရံထားမည်။ ဆန်ရေစပါးများကို ကျီဆောက်ကာ သိုလှောင်ထားပြီး အယုဒ္ဓယမြို့ကို ရဲမက်များဖြင့် အထပ်ထပ် ၀ိုင်းရံ ထားစေလေ၏။

အယုဒ္ဓယမြို့ ရိုးထက်မြင့်သော အမြှောက်တင်မျှော်စင်ကြီးကိုလည်း ဆောက်လုပ်ပြီး မြို့ ကို ၀ိုင်းရံစေကာ မြတပူအမြှောက်ကြီး များ တင်ကာ မြို့ တွင်းသို့ ပစ်ရန် ပြင်ဆင်လေသည်။ စစ်ပွဲကို အမြှောက်ကြီးမျာအား တပြိုင်နက် ပစ်စေပြီး စတင်လေ၏။ မြတပူကြီးများ အဆက်မပြတ်ပစ်နေစဉ် ခြေလျင် တပ်သားများ သည် အဆက်မပြတ် မြို့ ရိုးထက်သို့ လှေကားများထောင်ကာ တက်လေသည်။

အယုဒ္ဓယမြို့တွင်းမှလည်း သေနတ်များ၊အမြှောက်များဖြင့် ပြန်လည် ပစ်ခတ်ရာ ဘုရင့်နောင်၏ ရဲမက်များ၏ ကျရူံးသော အလောင်းများသည် မြို့ ရိုးသမျှ မြင့်လာလေ၏။ အယုဒ္ဓယမြို့ရိုးသည် အလွန်ခိုင်ခံရုံသမက မြို့ တွင်းမှ ပစ်ခတ်သော မြတပူအမြှောက်ကြီးများလည်း ပြင်းထန်သဖြင့် အသေအပျောက်များပြီး မြို့ ရိုးပေါ်သို့ မတက်နိုင်ဖြစ်နေလေသည်။ ထိုအခါ ဘုရင့်နောင်မှ တပ်ကို ပြန်လည် ဆုတ်စေလေ၏။

ထိုသို့ အထိအခိုက်များသဖြင့် ဘုရင့်နောင်သည် စစ်ထပ်ချီခြင်းမပြုတော့ဘဲ လေးလ တိုင်အောင် ၀ိုင်းရံ နေ၏။ ထိုအခါ အေဒီ ၁၅၆၉ ဧပြီ ၁၆ တွင် ဘုရင့်နောင်ကို ပုန်ကန်သော ယိုးဒယားမင်း (Chakkra phat {1548 -1569} ) သည် ကွယ်လွန်လေသည်။ ထိုအခါ ယိုးဒယားမင်း၏ သားတော်သည် ဘုရင့်နောင်သည် လက်လျော့မည်သူ မဟုတ် ဟု သိသဖြင့် နန်းတွင်းမှ ယခင်ဘုရင်၏ လူယုံအမတ်ကို ဖမ်းပြီး ဘုရင့်နောင်သို့ စာဖြင့်ပေဖြင့် ပို့လေသည်။

"ယခင်ဘုရင် သည် စစ်လိုလားသောအမတ်များ၏ တိုက်တွန်းချက်ကြောင့်သာ စစ်တိုက်ရသည်ဖြစ်သည်၊ အကျွန်ုပ်ဖို့မူကား ဖခမည်းတော်အလိုကို မလွန်ဆန်နိုင်သောကြောင့် သောင်းကျန်းမိ၏၊ ကျွန်တော်တို ဆက်မြဲ လက်ဆောင်ကို ဆက်ပြီး အမူတော်ထမ်းပါမည် "

ဟုရေးသားကာ လက်ဆောင်များဖြင့် ပေးပို့လေသည်။ သို့သော် ဘုရင့်နောင်မှ စာကိုဖတ်ပြီးလျှင် ဖမ်းလာသော အမတ်ကို လွှတ်စေပြီး ကောင်းမွန်စွာထားလေသည်။ ဘုရင့်နောင်မှ ပြန်စာမရသဖြင့် ယိုးဒယားမင်းလည်း ကြံရာမရဖြစ်ကာ လင်းဇင်းကို စစ်ကူခေါ်လေ၏။ လင်းဇင်းလည်း မနေသာဘဲ စစ်အင်အား သုံးသောင်းကျော်ဖြင့် ချီတက်လာလေသည်။ ထိုသတင်းကို ဘုရင့်နောင်ကြားသိလျှင် ယေးမြို့ စား ကို တပ်မှူးခန့်ပြီး စစ်အင်အား လေးသောင်း ပေးကာ လင်းဇင်းတပ်ကို တိုက်စေလေ၏။

ယေးမြို့ စားလည်း ချီတက်ပြီး နာလဗို့ အရပ်တွင် တပ်တည်ကာ နေလေသည်။ ငါးရက်ခန့် ရှိလျှင် လင်းဇင်းစား၏ တပ်များ ရောက်လာပြီး အပြင်းအထန်တိုက်ကြလေ၏။ ထိုတိုက်ပွဲတွင် ယေးမြို့ စား ကျပြီး ဘုရင့်နောင်၏ တပ်ရူံးလေသည်။ စစ်ကဲမှူးတစ်ဦးမှ စစ်သား ၁၀၀ ကျော်ဖြင့် ဘုရင့်နောင် ရှိရာ သို့ ပြန်ပြေး လာလေသည်။

ဘုရင့်နောင်လည်း စစ်ရူံးပြီး ပြေးလာသော စစ်ကဲမှူးကို ကိုယ်လွတ်ရုန်းပြေးလာခြင်း မဟုတ်လော၊ ယေးမြို့ စား တို့ အသက်အသေခံ တိုက်နေစဉ် သင်ကား ကိုယ်လွတ်ရုန်းပြေးခြင်း ဖြစ်သည်၊ နင်မူကား ကျေးဇူးတော် မစောင့်သောကြောင့် မြင်းစီး ပြေးလှာသည်၊ သို့ကြောင်း သားမယားနှင့်တကွ ကွပ်လေ ဟု အမိန့်တော်ချလေသည်။

ထိုအခါ သီရိဇေယျကျော်ထင်မှ ဘုရင့်နောင်ကို လျှောက်လေသည်၊ ကျွန်တော် စစ်ကဲမှူး အလွတ်ခွာ ပြေး
ခြင်းသည် လွတ်ခြင်း ကောင်း၏။ စစ်ကဲမှူးမပြေးလျှင် ၊ တပ်မမှူး နှင့်တကွ စစ်ကဲမှူးကိုပါ လင်းဇင်းစားမှ သုတ်သင်နိုင်လျှင် ကျွန်တော်မျိုးတို့ မျက်နှာထားစရာ မရှိပြီ၊ ထိုသတင်းကို ပြည်ထောင်ချင်း မင်းတကာကို ကြားလျှင်း လင်းဇင်းစား၏ ဘုန်းသတင်းကို ကြီးလိမ့်မည် ယခု စစ်ကဲမှူးမှ ပြေးလာခြင်းကြောင့် မျက်နှာ လှ ချေသည် ဟု နားတော်လျှောက်လေ၏။

ထိုနောက် ဘေးမှ စစ်သူကြီးများ၊ တပ်မှူးများမှ ၀ိုင်းဝန်းလျှောက်ထားသဖြင့် ဘုရင့်နောင်လည်း စစ်ကဲမှူးကို လွှတ်လေ၏။ ဘုရင့်နောင်လည်း ချီတက်လာသော လင်းဇင်းစားကို ကိုယ်တော်တိုင် တိုက်မည် ယိုးဒယားကို ရံထားသော တပ်ကို တစ်ဝက်ဖြုတ်ကာ လင်းဇင်းစားကို တိုက်ရန် ပြင်ဆင်လေသည်။

လင်းဇင်းစား နှင့် တိုက်ပွဲ

လင်းဇင်းမင်း ကိုတိုက်ရန် မှူးမတ်များမှ ပရိယာရ်အကြံပေးကြလေသည်၊ ထိုအကြံများထဲတွင် အမတ်မင်း ဗညားဒလ ၏ အကြံကို ဘုရင့်နောင်မှ အလွန်သဘောကျလေ၏။ အကြံမှာ ယိုးဒယားမင်းဘက်မှ ဘုရင့်နောင်ထံ ဓားစာခံအဖြစ် ဆက်သ ထားသော ယိုးဒယားအမတ် ကို လင်းဇင်းမင်းထံ စာဖြင့် လွှတ်စေမည်၊ ထိုစာကို ယိုးဒယားဘုရင်မှ ပို့ဟန် ပြုမည်၊ ထိုအခါ လင်းဇင်းမင်းမှ ယုံပြီး ရှေ့သို့ ရဲရဲဝံ၀ံ ချီတက်လာမည်၊ ထိုအခါ ခံတပ်မဆောက်ရဘဲ မြေပြင်တိုက်ပွဲတွင် ဘုရင့်တပ်နှင့် တွေ့ကာ ဘုရင့်နောင်မှ နိုင်အောင် တိုက်နိုင်မည် စသဖြင့် ဗညားဒလမှ လျှောက်လေ၏။
ဘုရင့်နောင်လည်း ထိုအကြံကို သဘောကျလေ၏။ဘုရင့်နောင်မှ ဗညားဒလအား ယိုးဒယားအမတ်ကို စည်းရုံးသိမ်းသွင်းရန် အမိန့်ပေးလေသည်။ ယိုးဒယားမင်းဘက်မှ ဓားစာခံအဖြစ် ဆက်ခံရသော အမတ်လည်း ယိုးဒယားမင်းကို စိတ်နာကြည်းထားသဖြင့် ဗညားဒလ စည်းရုံးသိမ်းသွင်းသောအခါ အမူတော်ကို ထမ်းမည်ဟု သစ္စာခံလေသည်။ ဗညားဒလ၏ အကြံအတိုင်း ယိုးဒယားအမတ်သည် လင်းဇင်းမင်းထံ သွားလေ၏။

စာထဲတွင် လင်းဇင်းမင်းအား ယိုးဒယားမြို့တော်ကို အမြန်ချီလာပါ၊ ရောက်လျှင် အပြင်မှ တိုက်ပါ၊ ယိုးဒယားမင်းမှ မြို့တံခါးဖွင့်ကာ ချွှန်းဖ

Credit - Tin Maung Hlaing
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here