ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

Facebook သုံးသူတိုင်း သတိထား သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန် နည်းပညာများ



1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း
http://www.mssk.info/2013/03/facebook.html

2 -  Lock ကျနေသော Facebook အကောင့်အား Lock ပြန်ဖြည်နည်း
http://www.mssk.info/2014/04/lock-facebook-lock.html

3 - Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ
http://www.mssk.info/2013/12/facebook-lock-block.html

4 -  Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း
http://www.mssk.info/2013/06/facebook-liked.html

5- Facebook သုံးနေသူများ အကောင့်နာမည်ကို မြန်မာလို ပြောင်းထည့်နည်း
http://www.mssk.info/2013/08/facebook_6.html

6 - Facebook မှာ ကိုယ့်ရဲ့သူငယ်ချင်းစာရင်း ကို ဖျောက်ထားချင်ရင် ဖျောက်နည်း
http://www.mssk.info/2012/12/facebook_9.html

7 - Facebook မှ ကိုယ်ပိုင် Like Page(Fan Page) ပြုလုပ်နည်း အသေးစိတ်
http://www.mssk.info/2013/12/facebook-like-page.html

8- Phone ကနေ Facebook သုံးပီး Photo Comment အမြန်ပေးဖို့ ဆော့ဝဲ
http://www.mssk.info/2013/10/phone-facebook-photo-comment.html

9- Facebook မှာ ဘယ်သူက Unfriend လုပ်သွားလည်း စစ်ပေးနိုင်မယ် APK
http://www.mssk.info/2013/10/facebook-unfriend-apk.html

10- Facebook တွင် Block လုပ်ထားသူကို သူငယ်ချင်းအဖြစ် ပြန်ပြီး Add နည်း
http://www.mssk.info/2012/10/facebook_15.html

12 - Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုလုပ်နည်း
http://www.mssk.info/2013/08/facebook-lock_30.html

13-Facebook အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း
http://www.mssk.info/2012/04/facebook.html

14-Phone နဲ့  Photo Comments ပေးချင်သူအတွက် ဟာသပုံစုစုပေါင်း ၃၅၉ ပုံ
http://www.mssk.info/2014/04/phone-photo-comments.html

15- Facebook Fun Page အဟောင်းတွေကို ဖျက်နည်း ခေတ္တပိတ်ထားနည်း
http://www.mssk.info/2012/11/facebook-fun-page.html





Facebook မသုံးချင်တော့၍ အကောင့်ကို အပြီးဖျက်နည်းနဲ့  ခေတ္တခဏ ပိတ်ထားနည်း


ဒီနည်းလေးကတော့ အကောင့်ကို မသုံးချင်တော့၍ ဖျက်ချင်တယ်ဆိုရင် ဒီနည်းလေး

ကိုလုပ်ကြည့်ပါ  အခုတလော အကြောင်းအမျိုးမျိုးကြောင့် ဖွဘုတ်ခေါ်Facebook ကို

မသုံးချင်တော့ဘူးဆိုရင် အပြီးဖျက်တဲ့နည်းရှိသလို  ခဏအနေနဲ့ ပိတ်ထားချင်လည်း

ရပါတယ် ။လုပ်တဲ့နည်းက Facebook helpထဲမှာ ရေးထားပြီးသားပါ ။

  1. Click the account menu at the top right of any Facebook page
  2. Choose Account Settings
  3. Select Security from the left-hand menu
  4. Click on "Deactivate your account"
 အဲ့နည်းကတော့ အကောင့်ကို ခဏပိတ်လိုက်တဲ့အတွက် ဖေ့ဘွတ်စာမျက်နှာမှာ

ပျောက်နေမှာပါ ။ လိုချင်တဲ့အချိန် ၊ ပြန်သုံးချင်တဲ့ အချိန်မှာ ပြန်ပြီး Active လုပ်လို့ 

ရပါတယ် message,invite,request တွေတော့ ၀င်နေမှာပါ ကိုယ်ပြန်သုံးတဲ့အချိန်

မှာ ပေါ်လာမှာပါ အကြောင်း အမျိုးမျိုးကြောင့် အပြီးမဖျက်ချင်ရင် ဒီနည်းသုံး.....။

အပြီးအပိုင်  ဖျက်ချင်တယ်ဆိုရင်တော့ -www.facebook.com/delete.

ကိုနှိပ်လိုက်ပါ. အကောင့်ဝင်ထားတာဆို Deleteပေါ်လာတယ်

မ၀င်ရသေးရင်တော့ အကောင့်ဖြည့်လိုက်. ဖျက်တာမြန်ပါတယ်

14 ရက်ကြာမှသာ ပျက်တာပါ ဒီကြားထဲ ပြန်ယူချင်လည်းရတယ်



.

‪#‎သွေးချို‬ ဆီးချိုအမြစ်ပြတ် (ဆေးမြီးတို)



ယခုကုနည်းသိရပုံက
အမျိုးသားတစ်ဦး ဆီးချိုရောဂါ
ပြင်းထန်မှုကြောင့် ပဲခူးဆေးရုံတွင်
တက်ရောက်ကုတယ်။ အနည်းငယ်
သက်သာသောအခါ ဆေးရုံမှဆင်းရတယ်။
အပြန်မှာ ပဲခူးဆရာတော်ကြီးတစ်ပါး
(မရှိတော့)ထံဝင်ရောက်ဖူးမျှော်ရာ
ဆရာတော်ကြီးက
ဥသျှစ်ရွက်နှင့် ကုသနည်းကို ပေးလိုက်သည်။ ထိုနည်းဖြင့်ကုသရာ
တစ်လကျော်အကြာမှာ လုံးဝကောင်းသွား
ပြီး ပြန်မဖြစ်တော့ပါ။ တခြားရောဂါ
ဖြစ်သူများလည်း ဤနည်းအတိုင်း အသုံးပြုကြရာ ပျောက်ကင်းသွားသည်ဟု သိရပါသည်။
ဆေးကုနည်းက
ဥသျှစ်ရွက် လက်တစ်ဆုပ်စာကို ယူပါ။
မတ်ခွက်အငယ်စားဖြင့် သုံးခွက်
ရေထည့်ပြီး တစ်ခွက်ကျန်အထိကျိုပါ။
ရေကျိုနေစဉ် ထန်းလျက် သုံး/ လေးခဲ
ထည့်ပါ။
တစ်ရက်စာဖြစ်ပြီး နေ့စဉ်သောက်
ရမည်ဖြစ်သည်။ တစ်လကျော်လျှင်
လုံးဝပျောက်ကင်းသွားပါမည်။
ဤကုနည်းမှာ မြို့ပေါ်နေသူများအတွက် ဟင်းသီးဟင်းရွက်တန်းတွင် နွေရာသီမှလွဲ၍ မှာယူက ရနိုင်ပါသည်။ နွေရာသီ အသီးသီးချိန် အရွက်အားလုံးကြွေသည်။
ဥသျစ်သီးကိုကြွေစေလိုသော်
အပင်ရင်းမီးတိုက်ရသည်။
အသီးရိုက်ခွဲကာ အခွံတွင်း အသားက ဇွန်းနှင့်ချစ်စားလျှင် အလွန်ကောင်းသည်။ အတွင်းသားအလုံးကြီးမှာ အစေ့နှင့်ကပ်နေသည့် အစေးတွေက စပ်ရှားရှားဖြစ်၍ လွှင့်ပြစ်ကြသည်။
တောထဲမှာ ထမင်းဆာလျှင်တော့ တစ်လုပ်စာမှန်းပြီးကိုက်ကာ
လုံးထွေးမျိုချရသည်။ အလုံးသေး
တစ်လုံးဆို ထမင်းဝပြီ။ အစာမကျေခြင်း
ဗိုက်နာခြင်းမရှိ။
ဥသျှစ်ပင်သည်ဆူးရှိပြီး အပင်အမြင့်ဖြစ်သဖြင့် တက်လို့မရ၍ အသီး
အရွက်ခူးလျှင် ဝါးဖြင့် ရိုက်ချရသော
ကြောင့် ရခိုင်လူမျိုးတွေက ဝါးရိုက်ပင်၊ ဝါးရိုက်သီး ဟုခေါ်ကြသည်။
တစ်ဆင့် ကူးယူ မျှဝေခြင်းပါ။


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဆီးချို ရောဂါ အမှန်တကယ်လက်တွေ့သက်သာပျောက်ကင်းသောဆေးနည်း



မိတ်ဆွေတို့ မိသားစုဝင်ထဲဖြစ်ဖြစ် အပေါင်းအသင်းထဲမှာဖြစ်ဖြစ် ဆီးချီုရောဂါကြောင့် စိတ်သောကရောက်နေသူရှိလျှင်ဲဤဆေးနည်းကို ပြောပြပေးခြင်းအာဖြင့် မိမိကဲ့သို့ ဆေးဒါနပြု၍ ကုသိုလ်ရအောင်ယူလိုက်ပါ။
ဆီးချီုရောဂါအတွက်ဆေးနည်း
---------------------------
လိုအပ်သော ဆေးမှာ
နှစ်မျိုးသာဖြစ်ပါတယ်
သံပုရာသီးတစ်လုံးနှင့် ထိုသံပုရာသီးနှင့်အလေးချိန်တူသည့် ဂျင်း အဲ့ဒီနှစ်မျိုးကို ပုံပြပါအတိုင်း ရှာထားရမည်။
ရှာထားသော သံပုရာသီးတစ်လုံးကိုအရည်ရွှင်းလာအောင်လက်ဖြင့် ဖိလှိမ့်ပြီး နှစ်ခြမ်းခွဲ၍
အရည်ညှစ်လိုက်ပါ။
ကြွေဇွန်း တစ်ဇွန်းခန့်ရပါက
အစေ့ဖယ်ပြီး
အကြမ်းပုဂံလုံးထဲထည့်ထားလိုက်ပါ။
ထိုနောက်
အရည်ညှစ်မည့် သံပုရာသီးအလေးချိန်တူ ဂျင်းကိုရေစင်အောင်ဆေးပြီး
အရည်ထွက်အောင် သစ်သား ငရုပ်ဆုံသန့်သန့်၌ထောင်းလိုက်ပါ။
ထောင်း၍ညက်နေသော အရည်နှင့်အဖတ်အားလုံးကို စွတ်ကျယ်သား ပိတ်စဖြင့် အရည်စစ် ၍ သံပုရာရည်ထည့်ထားသောအကြမ်းပုဂံလုံးထဲ ဂျင်းရည်စစ်စစ်ကိုညှစ်ထည့်ပြီး သမအောင် ဇွန်းဖြင့်မွှေပေးရမည်။ ထိုဆေးရည်သည် ဆေးတစ်ကြိမ်သောက် တစ်ခွက်စာဖြစ်ပါသည်။
ထိုကဲ့သို့ သံပုရာရည်နှင့် ဂျင်းရည်ကိုတစ်နေ့သုံးကြိမ်
သောက်ရမည်။
ဆီးချို တဖြည်းဖြည်းအကျများလာပါလိမ့်မည်။
ဤဆေးသည် ဆီးချိုကျဆေးနည်းဖြစ်လို့ မိမိရောဂါအခြေအနေပေါ်မူတည်၍ ဆီးချို တိုင်းပြီးမှဆေးကိုသောက်ပါ။
တစ်ပတ်မပျက်မကွက်သောက်ပြီးမှ ဆီးခ်ျိုပါဝင်နူန်းကိုပြန်တိုင်းလျှင် အံ့သြလောက်သော အဖြေကိုရရှိမည်ဖြစ်ကြောင်းသိရပါလိမ့်မည်။
တစ်ပတ်သောက်ပြီး အရမ်းအကျများလာပါက တစ်နေ့လျှင် နေ့ညနှစ်ကြိမ်နှစ်ခွက်သာလျှင် သောက်ပါ။
ဆီးချိုရောဂါရှိသူသည် အစားကိုအထူး ဂရုစိုက်ရမည်။အစားစားလျှင် မျိုးတူ တစ်မျိုတည်းကိုသာစားပါ။
နံနက်ညစားသောအစာအမျိုး အစားတူရမည်။
ဆိုလိုသည်မှာ နံနက်စာ
ထမင်းနှင့် ကြက်သားပြုတ်ကြော်စားလျှင် ညစာလည်း ထိုကဲ့သိုတူရမည်။
နံနက်ထမင်း ပမာဏ ဟင်းပမာဏနှင့်ညစာတူလျှင် ပို၍အဆင်ပြေပါသည်။
ရေတစ်ရက်လျှင်နှစ်လီတာ(ရေသန့်၂ ပုလင်း)ကုန်အောင်သောက်ရမည်။
မိမိနှင့် မတည့်တာကို မစားမိဖို့ ပို၍အရေးကြီးပါသည်။
ဤဆေးနည်းနဲ့ ပတ်သက်၍ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။
ဆီးချို နဲ့ပတ်သက်၍ သောကကင်းဝေးကြပါစေ။ ။ဦးမျိုး
အရှင် ပညာ သိရီ



ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here