ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

အသည်းရောင် အသားဝါစီပိုး ပျောက်ကင်းနိုင်သောအချက်များ

အသည်းရောင် စီပိုး

ကမ္ဘာမှာ အသည်းရောင်စီပိုး ကူးစက်ခံရသူပေါင်း သန်း၁၈၀ကျော်ရှိပါတယ်။ အဲဒီထဲက လူ ၇၀၀၀၀၀ နီးပါးဟာ အသည်းရောင်စီပိုးကြောင့် နှစ်စဉ် သေဆုံးနေကြရတယ်။ ရောဂါ ဖြစ်သူအများစုဟာ အာရှတိုက်နဲ့ အာဖရိကတိုက် ဒေသက ဖြစ်ကြတယ်။ မြန်မာနိုင်ငံမှာလည်း စီပိုးဖြစ်သူ တဖြည်းဖြည်း ပိုများလာတယ်။အသည်းရောင် စီပိုးကို ၁၉၈၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကသွေးသွင်းရာကနေ အသည်းရောင်ခြင်းက်ုဖြစ်စေပေမယ့် ရောဂါပိုးလို့ မသတ်မှတ်ဘဲ non-A non-B hepatitis လို့ခေါ်ပါတယ်။ ၁၉၈၉ ရောက်မှ ဗိုင်းရပ်စ်ပိုးမှန်းသိခဲ့ပြီး စီပိုးလို့ အမည်ပေးခဲ့တယ်။

အသည်းရောင် စီပိုးဟာ RNA ဗိုင်းရပ်စ်ပိုး တမျုးဖြစ်ပါတယ်။ genotype အမျိုးအစား (၆)မျိုးရှိပြီး လူတွေနဲ့ ချင်ပန်ဇီမျောက်တွေမှာသာ ကူးစက်နိုင်တယ်။ စီပိုးဟာသွေးကနေ အဓိကကူးစက်တယ်။ သွေးကကူးတယ်ဆိုတာ ရောဂါပိုးရှိသူရဲ့ သွေးက တခြားလူရဲ့ သွေးကြောထဲဝင်ရောက်ပြီး ကူးစက်တာကို ဆိုလိုတာပါ။ အများစုဟာရောဂါ ပိုးရှိတဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲရာကနေ ကူးစက်ကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သွေးသွင်းရာက ကူးစက်မှုများတယ်။ ရောဂါပိုးရှိတဲ့ပစ္စည်း(သွားတိုက်တံ၊ နားဖောက်၊ အပ်စိုက်၊ဘရိတ်ဓားမျှဝေသုံးစွဲခြင်း)ကနေလည်း ကူးနိုင်တယ်။ တက်တူးထိုးသူတွေက ပုံမှန်ထက် ရောဂါကူးစက်နိုင်ခြေ သုံးဆ ပိုများတယ်။ ဆေးရုံ ဆေးခန်းသုံးပစ္စည်း မသန့်ရှင်းတဲ့အခါ ကူးစက်နိုင်တယ်။ ကမ္ဘာမှာ စီပိုးကူးစက်မှုအမြင့်ဆုံးက အီဂျစ်နိုင်ငံပါ။ လူဆယ်ယောက် တယောက်နှုန်းရှိတယ်။ သူတို့ဆီမှာ သွားဆေးခန်းတွေက အဓိကကူးစက်တယ်လို့ ဆိုတယ်။

ကံကောင်းတာက စီပိုးဟာ သာမန် အရေပြားချင်း ထိတွေ့ဆက်ဆံရုံနဲ့ မကူးစက်နိုင်ဘူး။ ရောဂါရှိသူနဲ့ တအိမ်တည်း အတူနေလို့ရပါတယ်၊ ထိတွေ့ဆက်ဆံလို့ရတယ်။ လိင်ဆက်ဆံရာက ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ အိမ်ထောင်ဖက်မှာ ရှိပေမယ့် ကိုယိ့စီရှိချင်မှရှိတယ်။ သို့သော် လိင်ဆက်ဆံချိန် သွေး၊အနာရှိရင်တော့ သတိထားရမယ်။ ကိုယ်ဝန်ဆောင် မိခင်က မွေးကင်းစကလေး ကူးစက်နိုင်ခြေ (၁၀) ရာခိုင်နှုန်းမရှိဘူး။ အနာမရှိရင် နို့တိုက်ရာက ကူးစက်တဲ့အထောက်အထား မတွေ့ရသေးပါဘူး။

စီပိုးဟာ သွေးကြောထဲ ဝင်ရောက်ပြီး အသည်းမှာ ဗိုင်းရပ်စ်တွေပွားတယ်။ ဗိုင်းရပ်စ်က လက်ခံအသည်းဆဲလ်တွေကို တစစ ဖျက်ဆီးနေတယ်။ ကြာလာတော့ အသည်းကရောင်လာတယ်။ ဒါ့ကြောင့် အသည်းရောင်ပိုး လို့ခေါ်တာပါ။ သူ့ရှေ့မှာ အသည်းရောင်စေတဲ့ ဗိုင်းရပ်စ်ပိုးနှစ်မျိုး( A နဲ့ B) ရှိလို့ အမှတ်စဉ်အရ C ပိုး ဆိုပြီးဖြစ်လာတယ်။ အသည်းရောင် ပိုးတွေဟာ အသည်းထဲမှာ ပွားများလေ့ရှိတယ်။ အသည်းတင်မက သွေးဖြူဥ(lymphocyte)ထဲမှာလည်း ပွားနိုင်တယ်။ သို့သော် အများစုမှာ လက္ခဏာပြလေ့မရှိဘူး။

ရက်တိုနဲ့ နာတာရှည်
အသည်းရောင်စီပိုး ကူးစက်ခံရတဲ့အခါ ရက်တိုအသည်းရောင်တာ(acute hepatitsis) နဲ့ နာတာရှည် အသည်းရောဂါ(chronic hepatitis) ဆိုပြီး နှစ်မျိုးရှိတယ်။ စီပိုးကူးစက်ခံရပြီး တစ်လအတွင်း လက္ခဏာပြတာကို Acute hepatitis C လို့ ခေါ်ပါတယ်။ ဒါပေမယ့် အများစု(၈၀ရာခိုင်နှုန်းလောက်)က လက္ခဏာမပြဘဲ လူနည်းစုမှာသာ ပြတယ်။ ရောဂါဝင်ရောက်စမှာ ငွေ့ငွေ့ဖျားတာ၊ အစားသောက်ပျက်၊ ပျို့၊အန်၊ဗိုက်နာ၊ဆီးရောင်ရင့်၊ မျက်လုံးဝါတာမျုး ဖြစ်ကြတယ်။ အထူးသဖြင့် အားယုတ်ပြီး နုံးချိသလို ခံစားကြရတာပါ။ တုပ်ကွေးဆန်ဆန် လက္ခဏာတွေမို့ အများစု သတိမပြုမိကြဘူး။

စီပိုးကူးစက်ခံရသူရဲ့ ၁၅ ရာခိုင်နှုန်းဟာ (၆)လအတွင်း ကုသဖို့ မလိုဘဲ သူ့အလိုလိုပျောက်ကင်းနိုင်တယ်။ ကျန်တဲ့ ၈၅ ရာခိုင်နှုန်းကတော့ ရောဂါပိုးပျောက်မသွားဘဲ နာတာရှည် ရောဂါပိုး သယ်ဆောင်သူတွေ ဖြစ်လာတယ်။ ဒီအဆင့်ကို နာတာရှည်အသည်းရောင်ခြင်း (chronic hepatitis C) လို့ ခေါ်ပါတယ်။ စီပိုးကူးစက်ခံရပြီး ခြောက်လကျော်ရင် နာတာရှည် ရောဂါပိုးသယ်ဆောင်သူအဖြစ် သတ်မှတ်လိုက်တယ်။ နာတာရှည် စီပိုးသမားဟာ အချိန်ကြာလာတာနဲ့အမျှ အသည်းပျက်ဆီးရာက အသည်းခြောက်၊ အသည်းကင်ဆာ ဆက်ဖြစ်လာနိုင်တယ်။ ကမ္ဘာတဝှမ်းမှာ အသည်းခြောက်သူနဲ့ အသည်းကင်ဆာဖြစ်ပွားသူရဲ့ လေးပုံတပုံ(၂၅ %)ဟာ အသည်းရောင် စီပိုးကြောင့် ဖြစ်တယ်။ ဒါ့ကြောင့် နာတာရှည်စီပိုး ဖြစ်ရင် ဆေးကုဖို့ လိုပါတယ်။ ခက်တာက အများစုဟာာစီပိုး ရှိမှန်းမသိကြဘဲ သွေးစစ်ရင်း မတော်တဆတွေ့ကြတာ များတယ်။ တချို့ဆို ရောဂါကျွမ်းပြီး အသည်းခြောက်မှ သိလာကြတယ်။ ဒါ့ကြောင့် စီပိုး ရှိ မရှိ သွေးစစ်ကြည့်ဖို့ လိုပါတယ်။

သွေးစစ်ခြင်း
စီပိုးစစ်တဲ့အခါ သွေးထဲမှာ အန်တီ ဘော်ဒီ (Anti-HCV) ရှိ မရှိ အရင် စစ်ရတယ်။ ဆေးပညာမှာ screening test လို့ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ရောဂါ ကူးစက်ခံရပြီး ၃ပတ်-၁၂ ပတ်အတွင်း စမ်းသပ်တွေ့ရှိနိုင်တယ်။ Anti-HCV (+) တွေ့ရင် ရောဂါကူးစက်ခံရဖူးတယ်လို့ သိနိုင်တယ်။ သို့သော် အင်တီဘော်ဒီသဘောက ရောဂါပျောက်သွားရင်တောင် သွေးထဲမှာ ကျန်ခဲ့သေးတာမျိုးပါ။ ဒါ့ကြောင့် သေချာအောင် လတ်တလော ရောဂါရှိ မရှိသိဖို့ HCV RNA ဆိုတာ ထပ်စစ်ပေးရတယ်။ ရောဂါကူးစက်ခံရပြီး ၂ပတ်အတွင်း တွေ့ရှိနိုင်တယ်။ ဈေးက တသိန်းခွဲနီးပါး ကျသင့်တယ်။ HCV RNA စစ်ခြင်းအားဖြင့် ပိုးကောင်ရေ(viral load)ကို သိနိုင်တယ်။ ဆေးကုမယ်ဆိုရင် ပိုးအမျိုးအစား(genotype)ပါ တခါတည်းစစ်ရတယ်။ ဒါမှ ဆေးကုရမယ့် ကြာချိန်ကို သိနိုင်မှာ ဖြစ်တယ်။ genotype အမျိုးအစား ၆မျိုးအနက် အနောက်နိုင်ငံတွေမှာ Genotype 1 က ပိုအဖြစ်များတယ်။ မြန်မာနိုင်ငံမှာ genotype 3 နဲ့ 6 က ပိုအတွေ့များတယ်။

ကုသခြင်း
စီပိုးကုတဲ့အခါ အရင်က ထိုးဆေး(Pegylated Interferon)နဲ့ သောက်ဆေး(ribavirin) ဆေးနှစ်မျိုး ပေါင်းပြီး ကုခဲ့ပါတယ်။ ထိုးဆေး တပတ်တကြိမ် ချက်တဝိုက်မှာ ထိုးပြီး ဆေးတလုံးကို တသိန်းကျော်လောက် ကျသင့်တယ်။ သောကိဆေးက တနေ့နှစ်ကြိမ် သောက်ရတယ်။ ဆေးနှစ်မျိုးလုံး ဘေးထွက်ဆိုးကျိုးများတယ်။ ဆေး ပေးတဲ့အခါ ပိုးအမျိုးစားပေါ်မူတည်ပြီး ၂၄ ပတ်ကနေ ၄၈ ပတ်ကြာအောင် ကုရတယ်။ ဆေးအာနိသင်ကလည်း အမျိုးစားပေါ်လိုက်ပြီး ကွာခြားတယ်။ အရင်ကုထုံးအရ genotype 2နဲ့ 3 ဆိုရင် ၈၀ရာခိုင်နှုန်းထိ ပျောက်ကင်းနိုင်တယ်။ ၂၄ ပတ်ကုရတယ်။ genotype 1ဆိုရင် ၅၀ ရာခိုင်နှုန်း၊ genotype 4 ဆိုရင် ၆၅ ရာခိုင်နှုန်း ပျောက်ကင်းတယ်။ စုစုပေါင်း ၄၈ ပတ်ကြာအောင် ဆေးကုရတယ်။ ဒါပေမယ့် ဆေးနှစ်မျိုးလုံး ဘေးထွက်ဆိုးကျိုး အလွန်များတယ်။ အထူးသဖြင့် ထိုးဆေးပါ။ လိုအပ်ရင် သွေးအားပြန်ဖြည့်တဲ့ဆေးတွေ ပေးရပါတယ်။

၂၀၁၁ မှာ boceprevir နဲ့ telaprevir ဆိုတဲ့ DAAs သောက်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာတယ်။ DAAs(direct acting antiviral drugs)ဆိုတာ အသည်းဆဲလ်တွင်း စီပိုးပွားများမှုကို တိုကိရိုက် တားဆီးတဲ့ ဆေးမျိုးဖြစ်ပါတယ်။ ဒီဆေးက အရင်ဆေးတွေထက် အဆပေါင်းများစွာ အာနိသင် ပိုကောင်းလာတယ်။ စီပိုးအကြောင်း သိကောင်းစရာ

၂၀၁၁ မှာ boceprevir နဲ့ telaprevir ဆိုတဲ့ DAAs သောက်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာတယ်။ DAAs(direct acting antiviral drugs)ဆိုတာ အသည်းဆဲလ်တွင်း စီပိုးပွားများမှုကို တိုကိရိုက် တားဆီးတဲ့ ဆေးမျိုးဖြစ်ပါတယ်။ ဒီဆေးက အရင်ဆေးတွေထက် အဆပေါင်းများစွာ အာနိသင် ပိုကောင်းလာတယ်။ အသည်းဆဲလ်ထိ တိုက်ရိုက်ခြေမှုန်းတဲ့ဆေးတွေပါ။ အရင်သုံးခဲ့တဲ့ ကုထုံးကို ထပ်ပေါင်းတဲ့ဆေးဖြစ်ပြီး ၈၀ ရာခိုင်နှုန်းလောက် ထိရောက်တယ်။ ၂၀၁၄ ထဲမှာ sofosbuvir, simeprevir နဲ့ daclatasvir ဆေးသစ်သုံးမျိုးထပ်ဝင်လာတယ်။ ဆေးသစ်ထဲက နှစ်မျိုးပေါင်းသောက်ရမှာဖြစ်ပြီး ထိုးဆေးမလိုတော့ပါ။ sofosbuvir နဲ့ simeprevir အတွဲကို genotype 1&4 အတွက် သုံးတယ်။ sofosbuvir နဲ့ daclatasvir အတွဲကို ဘယ်အမျိုးစားတွက်မဆို သုံးနိုင်တယ်။ ဆေးအားလုံး သုံးလဘဲ သောက်ဖ်ု့လိုတယ်။ အားသာချက်က ဆေးထိုးဖို့ မလိုတော့တဲ့အပြင် ဘေးထွက်ဆိုးကျိုး ပိုနည်းလာတာပါ။ အားနည်းချက်ကတော့ ဆေးဈေးတွေက အလွန်ကြီးမြင့်ပြီး ခေါင်ခိုက်နေတာ မဆင်းတာပါ။

၂၀၁၄ နှစ်ကုန်ခါနီးမှာတော့Harvoni (sofosbuvir + ledipasvir) ဆိုတဲ့ဆေးသစ်တမျိုးဝင်လာတယ်။ arvoni ဆေးတလုံးကို (၁၁၂၅) ဒေါ်လာကျသင့်ပါတယ်။ သုံးလစာ(၈၄လုံး)အတွက် အမေရိကန်ဒေါ်လာ (၉၄,၅၀၀) လောက်ကျသင့်မှာဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် သိန်းတထောင်ကျော်လောက်ရှိမှာပေါ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဘယ်လိုမှအဆင်မပြေပါ။ အခုတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ ၂၈ ရက်စာ ဆေးတစ်ဗူးကို (၅) သိန်း ဝန်းကျင်နဲ့ ဝင်လာပါပြီ။ ဆေးသုံးလသောက်ရုံနဲ့ ပျောက်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ် စီပိုးကို သိန်း(၂၀)နီးပါးနဲ့ ပျောက်အောင် ကုလို့ရပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။

ဒေါက်တာ အေးမင်းထူး

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here