နှစ်စဉ် ဂျူလိုင်လ (၂၈)ရက်နေ့ကို ကမ္ဘာ့အသည်းရောင် ရောဂါနေ့(world hepatitis day) အဖြစ်သတ်မှတ်ထားပါတယ်။ အဆိုပါနေ့မှာ အသည်းရောင်အသားဝါပိုး ငါးမျိုးဖြစ်တဲ့ (Hepatitis virus A,B,C,D,E)အကြောင်း ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ၊အသိပညာပေးပွ
တကယ်တော့ အသည်းရောင်ရောဂါပိုးဟာ သတိပြုရမယ့် ရောဂါတမျိုးဖြစ်တယ်။ ခက်တာက လူအများစုဟာ အသည်းရောင်ထက် အေအိုင်ဒီအက်စ်လို ခုခံအားကျဆင်းတဲ့ ရောဂါကိုသာ ပိုသတိထားကြတယ်။ လက်တွေ့မှာ အသည်းရောဂါက ခုခံအားကျဆင်းရောဂါထက် ကူးစက်လွယ်ပြီး သေနှုန်းမြင့်မားတယ်။ ဒီနေ့ကမ္ဘာမှာ သန်း(၅၀၀)ကျော်နီးပါးဟာ အသည်းရောင်ရောဂါပိုး ကူးစက်ခံနေရပြီး နှစ်စဉ်လူ ၁.၄ သန်းကျော်နီးပါး အသက်ဆုံးရှုံးနေပါတယ်။ ဒါ့ကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ အသည်းရောင်ရောဂါကို သတိပြုမိစေဖို့ ကမ္ဘာ့အသည်းရောင် ရောဂါနေ့ကို ကျင်းပရခြင်းဖြစ်တယ်။
အသည်းရောင် အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ငါးမျိုးရှိပါတယ်။ ငါးမျိုးလုံး အသည်းရောင်အသားဝါရောဂါကို ဖြစ်စေနိုင်တယ်။ စတင်တွေ့ရှိခါစက အသည်းရောင်ရောဂါဖြစ်စေလို့ အသည်းရောင် ဗိုင်းရပ်စ်လို့ခေါ်လိုက်တယ်
အသည်းရောင်တဲ့လက္ခဏာတွေဟာ ဆင်တူရိုးမားဆိုပေမယ့် ကူးစက်ပုံတွေ ကွဲပြားကြတယ်။ အသည်းရောင် (A)ပိုးနဲ့ (E)ပိုးက အစားအသောက်ကနေကူးစက်ပေမယ့် Bပိုး၊Cပိုးနဲ့ Dပိုးက သွေး၊အရည် စတဲ့နေရာတွေကနေ ကူးစက်တယ်။ လိင်ဆကိဆံတာ၊ ဆေးထိုးအပ်မျှဝေသုံးစွဲတာတေ
အသည်းရောင်ပိုး ဝင်ရောက်တဲ့အခါ ရေတို(acute)နဲ့ နာတာရှည်(chronic)ဆိုပြီး နှစ်မျိုးရှိတယ်။ခြောက်လအော
အသည်းရောင်ပိုး ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာ မပြတဲ့အတွက် သတိမပြုမိကြဘူး။ အထူးသဖြင့် ဘီပိုးနဲ့ စီပိုးက ရောဂါလက္ခဏာမပြဘူး။ တချို့လူတွေမှာ ရောဂါကူးစက်ခံရပြီး နှစ်ပတ်မှ ခြောက်လအတွင်း လက္ခဏာပြလေ့ရှိတယ်။ ငွေ့ငွေ့ဖျားတာ၊ ခေါင်းကိုက်တာ၊ အားယုတ်တာ၊ ပျို့ချင်အန်ချင်ဖြစ်ပြီး အစားအသောက်ပျက်တတ်တယ်၊ ဆီးရောင်ရင့်ပြီး ဝမ်းရောင်ဖျော့တယ်။ အသားဝါတာ၊ ဗိုက်နာတာ ရှိတတိတယ်၊ အသားဝါ မျက်လုံးဝါ ဗိုက်နာတာမျိုး ဖြစ်မယ်။ အဲလိုလက္ခဏာတွေဖြစ်လာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသင့်တယ်။
(၁) အသည်းရောင် အသားဝါအေပိုး(Hepatitis A virus)
အသည်းရောင် အေပိုးဟာ အူလမ်းကြောင်းကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တ
(၂) အသည်းရောင် အသားဝါဘီပိုး(Hepatitis B virus)
အသည်းရောင် ဘီပိုးဟာ DNA ဗိုင်းရပ်စ်တမျိုးဖြစ်တယ်။ ခန္ဓာကိုယ်က ထွက်တဲ့သွေး၊အရည်စတာတွေကနေ ကူးစက်စေတယ်။ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်
ဘီပိုးဟာ ခန္ဓာကိုယ်ပြင်ပမှာ တပတ်လောက် အသက်ရှင်နိုင်တယ်။ အများစုဟာ ရောဂါဝင်ခါစမှာ လက္ခဏာပြလေ့မရှိဘူး။ ရောဂါကူးစက်ခံရပြီး (၃)လလောက်နေမှ လက္ခဏာစပြတယ်။ ယေဘုယျ ရောဂါရှိပြီး (၆)ပတ်ကနေ (၆)လအတွင်း ရောဂါစပြတယ်။ အများစုဟာ ရေတိုလက္ခဏာတွေသာ ခံစားရတယ်။ ဘီပိုးမှာ ရေတို(acute) နဲ့ နာတာရှည်(chronic)ဆိုပြီး ရောဂါနှစ်မျိုးရှိတယ်။ ခြောက်လထက်ကြာရင် နာတာရှည်အသည်းရောဂါလို့ သတ်မှတ်ပါတယ်။ ဒါ့ကြောင့် ဘီပိုးရှိသူတိုင်းကို ခြောက်လနေတဲ့ အခါ သွေးပြန်စစ်ကြည့်ရတယ်။ ခြောက်လနေလို့ သွေးထဲမှာ ဘီပိုးမရှိရင် စိုးရိမ်ဖို့မလိုဘူး။ ဘီပိုးကို ခန္ဓာကိုယ်က တိုက်ဖျက်ပြီးဖြစ်တယ်။ သို့သော် ခြောက်လထိ ဘီပိုးရှိနေရင် နာတာရှည်အသည်းရောင်ဘီလို့ သတ်မှတ်ပြီး လိုအပ်သလို ကုသပေးရတယ်။ ပိုးကူးစက်ခံရသူ တနှစ်အောက်ကလေးငယ်တွေရဲ့ ၉၀ရာခိုင်နှုန်းဟာ နာတာရှည်ရောဂါဖြစိကြတယ်။ သို့သော် လူကြီးတွေမှာ ပိုးကူးစက်ခံရသူရဲ့ ၅ရာခိုင်နှုန်းကသာ နာတာရှည်ရောဂါသည်(chronic hepatitis) ဖြစ်ကြတယ်။ နာတာရှည်ဘီပိုးသမားဟာ မကုဘဲထားရင် နောက်နှစ်(၂၀)အတွင်း အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်။
ဘီပိုးဟာ HIV ထက် အဆ(၅၀-၁၀၀)လောက် ကူးစက်လွယ်တယ်။ မြန်မာနိုင်ငံမှာ လူဆယ်ယောက်မှာ တယောက်ဟာ ရောဂါဖြစ်နိုင်တာမို့ ကြိုတင် ကာကွယ်ဆေးထိုးထားဖို့ လိုပါတယ်။ နာတာရှည်ဘီပိုးသမားတွေကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ရောဂါမပွားများအောင်၊ပိုဆို
(၃) အသည်းရောင်အသားဝါ စီပိုး(Hepatitis C virus)
ကမ္ဘာမှာ စီပိုးရှိသူပေါင်း သန်း(၁၈၀)ကျော်ရှိတယ်။ ရောဂါပိုးဟာ သွေးကတဆင့် ကူးစက်ပြီး အသည်းဆဲလ်တွေကို ဝင်ရောက်ဖျက်ဆီးပစ်တယ်။ သွေးသွင်းတာ၊ ဆေးထိုးအပ်မျှဝေသုံးစွဲတာမျ
အသည်းရောင်စီပိုးဟာ ရောဂါဝင်ရောက်စမှာ လက္ခဏာပြလေ့မရှိဘူး။ ဒါ့ကြောင့် အများစုဟာ စီပိုး ရှိမှန်းမသိဘဲ ရှိနေတတ်တယ်။ ရောဂါကူးစက်ခံရပြီး ၆-၈ ပတ်လောက်နေမှ ရောဂါလက္ခဏာခံစားရတယ်။တုပ်ကေ
(၄) အသည်းရောင် အသားဝါ ဒီပိုး(Hepatitis D virus)
အသည်းရောင် (D) ပိုးကို delta virus လို့လညိးခေါ်တယ်။ သွေးကနေတဆင့် ကူးစက်စေတယ်။ အသည်းရောင် (B) ပိုးရှိနေသူတွေသာ အသည်းရောင် (D) ပိုးကူးစက်နိုင်တယ်။(B) ပိုးနဲ့ (D)ပိုး ရောဂါနှစ်မျိုး ရှိသူဟာ အသည်းပျက်ဆီးဖို့ အခွင့်အလန်း ပိုများတယ်။ ကမ္ဘာမှာ (B)ပိုးရှိသူ ၁၅ သန်းကျော်ဟာ (D) ပိုးပါ ပူးတွဲရှိနေတယ်။ လက္ခဏာရပ်တွေက ဘီပိုးနဲ့ဆင်တူတယ်။ အစားအသောက်ပျက်၊ ပျို့အန်၊ ဗိုက်နာ၊ အသားဝါနဲ့ အားယုတ်တာတွေ ဖြစ်နိုင်တယ်။ ဆီးအရောင်ရင့်တာ ဝမ်းရောင်ဖျော့တာ ရှိနိုင်တယ်။ (D)ပိုးကူးစက်မခံရအောင် (B)ပိုးကာကွယိဆေး ကြိုထိုးထားသင့်တယ်။
(၅) အသည်းရောင် အီပိုး(viral hepatitis E)
အသည်းရောင်(A)လိုပဲ မသန့်ရှင်းတဲ့ အစားအသောက်ကနေ ကူးစက်စေတယ်။ ရောဂါပိုးဟာ နာတာရှည်အသည်းရောဂါကို မဖြစ်စေဘဲ ရက်တိုအသည်းရောင်တာ(acute hepatitis) မျိုးသာဖြစ်နိုင်တယ်။ ရောဂါဖြစ်သူရဲ့ ၂ရာခိုင်နှုန်းသာ သေဆုံးနိုင်တယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံးလတွေမှာ ကူးစက်ခံရရင် သေနှုန်းက ၂ဝ% ထိ မြင့်တက်လာပါတယ်။ အသည်းရောင် (E)ပိုး ကူးစက်ခံရသူတွေဟာ လက္ခဏာ ရေတိုသာ ခံစားရပြီး ကုသဖို့ မလိုဘဲသူ့ဘာသာ ပျောက်ကင်းနိုင်တယ်။ သွေးထဲမှာ IgM antibodies မတွေ့တော့ဘဲ IgG antibodies တက်လာာနဲ့ ရောဂါအရှင်းပျောက်ပြီလို့ သိနိုင်တယ်။
ဘယ်လိုကုမလဲ
အသည်းရောင်အသားဝါရောဂါဖြစ်သ
ဘယ်လိုကာကွယ်မလဲ
(၁) အသည်းရောင်အေ ကာကွယ်ဆေးကို အသက် ၁နှစ်အရွယ်က စတင်ထိုးပေးနိုင်တယ်။ ဆေးထိုးပြီး ၂ပတ်အကြာမှာ ရောဂါကာကွယ်နိုင်တယ်။ ၁လအကြာမှာ ရာနှုန်းပြည့်နီးပါးကို ကာကွယ်ပေးနိုင်တယ်။ ပထမဆေးထိုးပြီး နောက် ၆-၁၂လအကြာမှာ ဒုတိယတကြိမ်ထပ်ထိုးရတယ်။ဒုတ
(၂) အသည်းရောင်ဘီ ရောဂါပိုးရှိသူဆီက ထွက်လာတဲ့ သွေး၊အရည်စတာ၊တွေကိုသတိထားက
(၃) အသည်းရောင်စီပိုးရှိသူသုံးတ
ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
0 မှတ်ချက်:
Post a Comment