ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - 3)




သခင်ကြီးမင်းသမီးကား တပင်ရွှေထီးနှင့် ခမည်းတော်တူ မယ်တော်ကွဲ မောင်နှမတော် ဖြစ်သည်။ တပင်ရွှေထီး၏ အစ်မတော်ဖြစ်ပြီး၊ မယ်တော်မှာ မိုးဗြဲစားသမီးတော် ခင်နွယ် ဖြစ်သည်။ ရှင်ရဲထွတ်နှင့် အသက်အရွယ်မတိမ်မယိမ်းဖြစ်ကာ ကစားဖော်ကစားဖက် ဖြစ်ခဲ့သည်။ ငယ်စဉ်ကာလကပင် ရှင်ရဲထွတ်နှင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်တာမှုများ နှောင်ဖွဲ့လာမိခဲ့ကြသည်။

အချစ်စိတ်က ဖုံးလွှမ်းကာဆီးထားသဖြင့် ရှင်ရဲထွတ်မှာ ဘုရင့်သမီးတော်အား ချစ်မိမှားသည့်အတွက် ကျရောက်လာမည့် ရာဇဝတ်ဘေးကိုလည်း မတွေးမမြင်နိုင်တော့ပေ။ ထိုကိစ္စကို သခင်ကြီး၏ မယ်တော် သိရှိသွားပြီးနောက် မယ်တော်ဖြစ်သူမှတဆင့် ဖခမည်းတော် မင်းကြီးညို၏ ရွှေနားတော်သို့ ပေါက်ကြားသွားရတော့သည်။

ဘုရင်မင်းကြီးညိုမှာ ဒေါသအမျက်သို့ ပြင်းစွာ ဖြစ်ရတော့သည်။
“မိုက်လိုက်လေ ငထွတ်ငယ်၊ ငမိုက်သား ငထွတ်ငယ်အား ဖမ်းဆီးကြစေ”

ယင်းအမိန့်တော်ထုတ်ပြန်ချက်ကို ကြားသိလိုက်ရချိန်တွင် သခင်ကြီးမှာ ရှင်ရဲထွတ်အတွက် ကြီးစွာသော စိုးရိမ်ပူပန်မှုတို့ကို ခံစားရပြီး ရှင်ရဲထွတ်အား အကြောင်းကြားစေကာ ရှောင်ပြေးခိုင်းသည်။ သို့သော် ရှင်ရဲထွတ်က မပြေး။

ရှင်ရဲထွတ်၏ သတ္တိကား အံ့ဖွယ်ရှိလှပေစွ။ သံမဏိစိတ်ဓာတ်ဟု ဆိုရလိမ့်မည်။ ဤလောကတွင် မိမိအနေနှင့်အကြီးမြတ်ဆုံးဘဝကို မရောက်ရှိပဲ မသေနိုင်သေးဟု မိမိကိုယ်ကို ယုံကြည်စိတ်ဖြင့် ဘုရင့်ရှေ့တော်မှောက်သို့ ဝင်ရောက်ကာ ရဲရဲဝံ့ဝံ့ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်၏။

“ဘုန်းတော်ကြောင့် အရှင်မင်းကြီး ချမှတ်တော်မူသည့် ရာဇဝတ်အပြစ်ဒဏ်ကို ခံယူရန်အတွက် လာရောက်ရခြင်း ဖြစ်ပါသည်”

မင်းကြီးညိုမှာ ရှင်ရဲထွတ်လျှောက်တင်ချက်ကြောင့် တအံ့တသြဖြစ်ကာ
ရှင်ရဲထွတ်အပေါ် အထင်ကြီးစိတ်များ ဖြစ်ပေါ်တော်မူလာရသည်။
ကိုယ်တော်တိုင်ပင် လောကီပညာဗေဒင်အရာကို တတ်ကျွမ်းသည့် မင်းကြီးညိုသည် ရှင်ရဲထွတ်၏ဇာတာကိုယူ၍ သေချာစွာစစ်ဆေးလိုက်သည်။

“စန်းလဂ် အလွန်ကောင်းမွန်သည့် ထူးခြားရှားပါးလှသော ဇာတာပါတကား။ ရှင်ရဲထွတ်ကား သာမန်ဇာတာရှင်မဟုတ်။ ဤဇာတာအရ ရှင်ရဲထွတ်မှာ တစ်ချိန်တွင် ထီးဆောင်းမင်းဧကရာဇ်ပင် ဖြစ်နိုင်သည်။ သားတော် တပင်ရွှေထီးနှင့်လည်း ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်ကြသည်။

တစ်ဖန် ကေတုမတီ(တောင်ငူ) သိုက်စာဟောင်းတွင်လည်း ‘ဆင်ဖြူသုံးစီး၊ ဘုန်းဘုန်းကြီး၊ နေမီး တန်ဆောင်ထွန်း လတ္တံ့။ နောက်ဆုံးဆင်ကြီး၊ စွယ်ရောင်ညီး၊ အမြီးရှည်သွယ်ဖား လတ္တံ့’ ဟု ပါရှိသည်။ ဆင်ဖြူသုံးစီးမှာ ဗုဒ္ဓဟူးနေ့ မင်းသုံးပါးတို့ ကေတုမတီနန်းတွင် စိုးစံမည့်အကြောင်း ဖြစ်သည်။ ငါသည် ဗုဒ္ဓဟူးသား၊ သားတော်သည် ဗုဒ္ဓဟူးသား၊ ရှင်ရဲထွတ်လည်း ဗုဒ္ဓဟူးသား၊ ဤသုံးဦးသာလျှင် ဆင်ဖြူသုံးစီးဖြစ်အံ့သည်။

ဤသို့ဆိုလျှင် ရှင်ရဲထွတ်သည် ‘နောက်ဆုံးဆင်ကြီး စွယ်ရောင်ညီး’ ဆိုသည့် အတိတ်နိမိတ်ရသူ ဖြစ်ပေလိမ့်မည်။ သမီးတော်သခင်ကြီးသည်လည်း ရှင်ရဲထွတ်နှင့် သင့်မြတ်ခြင်းဖြင့် မိဖုရားကြီးအရာကို ရနိုင်သည်။ ရှင်ရဲထွတ်မှာ တောင်ခမင်းကြီး၏ မြေးတော်ဖြစ်သဖြင့်လည်း အမျိုးညံ့သည်ဟု ဆို၍မရ။ ငါနတ်ရွာစံလျှင်လည်း ငါ့သားတော်မှာ တစ်ပါးတည်းကျန်ရှိခဲ့မည်။ ထိုအခါ ညီနောင်နွယ်ရင်းသဖွယ်ဖြစ်သည့် ရှင်ရဲထွတ်ကို အနီးတွင်ထားကာ လက်ရုံးသဖွယ် အားကိုးမှု ပြုရလိမ့်မည်။ ရှင်ရဲထွတ်သည် ငါ့သားတော်အပေါ်တွင်လည်း ငါ့သားတော် သက်ရှိထင်ရှားရှိနေသမျှ သစ္စာရှိမည့်သူပင် ဖြစ်လိမ့်မည်” ဟု မင်းကြီးညို မျှော်တွေးတော်မူသည်။ သို့အားဖြင့် ရှင်ရဲထွတ်မှာ အသက်ပင်ဆုံးနိုင်သည့်ရာဇဝတ်တော်ဘေးမှ လွတ်ကင်းသွားရတော့သည်။

တပင်ရွှေထီး တောင်ငူထီးနန်းကို စိုးစံတော်မူခြင်း

ကေတုမတီ (တောင်ငူ)မြို့တည်နန်းတည် ဘုရင်မင်းကြီးညိုသည် နန်းစံနှစ် (၄၆)နှစ်၊ သက်တော် (၇၂) နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်နေ့တွင် နတ်ရွာစံတော်မူသည်။

မင်းကြီးညိုကား အင်းဝနိုင်ငံတော် လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားကာ မြို့သစ်နန်းသစ်တည်ပြီး လွတ်လပ်စွာ သီးခြားစိုးစံတော်မူသော မင်းဖြစ်သည်။ မင်းကြီးညိုတည်ထောင်တော်မူခဲ့သော ကေတုမတီ(တောင်ငူ) ရွှေမြို့တော်ကြီးကား မြန်မာနိုင်ငံ ၏ ဗဟိုချက်မသဖွယ်လည်းဖြစ်သည်။ မြို့ခင်းမြို့နေ အလွန်ပြန့်ပြူးသာယာလှသည်။ မြေသြဇာလည်း အလွန်ကောင်းသည်။ မြို့တော်၏ ဝန်းကျင်မှာလည်း မြစ်ချောင်း၊ တောတောင်၊ သစ်ပင်တို့ဖြင့် ဝန်းရံကာ စိမ်းလန်းစိုပြေနေသည်။

မြို့တော်တွင် ထင်ရှားသည့် မြတ်စောညီနောင်ဘုရား၊ မြထီးတင်ခေါ်သည့် ကန်းနီဘုရား၊ ရှင်ပင်ကျောက်ဆောက်ဘုရား၊ မြင်ပုန်းမြင်တင်ဘုရား၊ ဆံတော်ဘုရား၊ စည်းခုံဘုရားနှင့် အခြားတန်ခိုးကြီးဘုရားများသည်လည်း တည်ရှိကြ၏။ အာသာဝတီခေါ်သော ပေါင်းလောင်းမြစ်၊ ခပေါင်းချောင်းကြီးတို့ဖြင့် မြို့တော်၏အလှကို တန်ဆာဆင်လျက်ရှိ၏။

ယခုသော် ကေတုမတီ ရွှေနန်းတည် ရွှေမြို့တော်သည် ဘုရင်မင်းကြီးညိုကား နတ်ရွာစံတော်မူလေပြီ။ ထို့ကြောင့် ကေသုမတီ ထီးနန်းကို စိုးစံရန်အတွက် မှူးကြီးမတ်ရာ သေနာပတိအပေါင်းတို့က မင်းကြီးညို အလွန်အားထားတော်မူသည့် မင်းကြီးညို၏ တစ်ပါးတည်းသော သားတော်ရတနာ တပင်ရွှေထီးကို မင်းအဖြစ်တင်မြှောက်လိုက်ကြလေသည်။ ထို့ကြောင့် သက်တော် (၁၅)နှစ်၊ သက္ကရာဇ် (၈၉၂)ခု၊ နတ်တော်လဆန်း (၅)ရက်၊ ကြာသာပတေးနေ့တွင် တပင်ရွှေထီးသည် မင်းအဖြစ်သို့ရောက်ရှိတော်မူ ခဲ့ပြီး၊ ကေတုမတီ တောင်ငူနန်းကို စိုးစံအုပ်ချုပ်တော်မူသည်။

တပင်ရွှေထီးကား ရှင်ရဲထွတ်ကို ညီနောင်နွယ်ရင်းသဖွယ် အလွန်ချစ်ခင်တော်မူသကဲ့သို့၊ ယုံလည်းယုံကြည်၊ အားလည်းထားတော်မူသည်။ ထို့ကြောင့် မင်းဖြစ်လာသောအခါ ရှင်ရဲထွတ်ကို ‘ကျော်ထင်နော်ရထာ’ ဟူသော ဘွဲ့မည်နှင်း၍၊ အိမ်ရှေ့စံအရာသဖွယ် ထားတော်မူသည်။ (အိမ်ရှေ့စံဟူ၍ အတိအကျအပ်နှင်းခြင်းမဟုတ်။) ရှင်ရဲထွတ်၏ ညီမတော် ခင်ဘုန်းကိုလည်း မိဖုရားမြှောက်တော်မူသည်။

တပင်ရွှေထီး၏ အဓိက မိဖုရားနှစ်ပါးမှာ တပင်ရွှေထီးနှင့် ငယ်ရွယ်စဉ်ကပင် သံယောဇဉ်နှောင်တွယ်ရစ်ခဲ့ကြသည့် ခင်ဘုန်းနှင့် အထိန်းတော် သတိုးဓမ္မရာဇာဘွဲ့ခံ ရှင်နီတာ၏ သမီးတော် ခင်မြတ်တို့ပင် ဖြစ်သည်။

ထို့ပြင် မိမိအရွယ်ငယ်စဉ်မှစလျက် ယခု မင်းအဖြစ်သို့ ရောက်ရှိလာသည့်တိုင်အောင် ကျေးဇူး အထူးရှိသူတို့အားလည်း ဘွဲ့ထူး၊ ဂုဏ်ထူး၊ အဆောင်အယောင်ထူးတို့ဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထိုသို့ မြှောက်စားတော်မူရာတွင် ရှင်ရဲထွတ်၏ ဖခင်အထိန်းတော်ကြီး မင်းကြီးဆွေမှာ ‘မင်းရဲသိင်္ခသူ’ ဟူသော ဘွဲ့မည်ဖြင့် ရာထူးစည်းစိမ် အဆောင်အယောင်တို့နှင့် ချီးမြှင့်မြှောက်စားခြင်း ခံရသည်။ (မင်းကြီးဆွေမှာ နောင်အခါ၌ တောင်ငူဘုရင်ခံ ဖြစ်လာ၏။)

တပင်ရွှေထီးသည် မင်းဖြစ်လာသည့်အခါ၌လည်း မင်းပွဲသဘင်၊ ညီလာခံပွဲသဘင်တို့မှတစ်ပါး ရှင်ရဲထွတ်ကို ငယ်စဉ်က ကဲ့သို့ပင် နောင်တော်ရင်းသဖွယ်ထားလျက် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတော်မူသည်။ တိုင်ပင်ရန်ကိစ္စများကိုလည်း ရှင်ရဲထွတ်နှင့်သာ တိုင်ပင်တော်မူသည်။

စစ်မှုရေးရာအလုံးစုံတို့တွင်လည်း ရှင်ရဲထွတ်ကိုသာ လွှဲပုံအပ်နှင်းတော်မူသည်။ ကျော်ထင်နော်ရထာဘွဲ့ဖြင့် ထင်ရှားလာသော ရှင်ရဲထွတ်ကလည်း ပင်ကိုမူလ ပဋိသန္ဓေဓာတ်ခံသန့်စင်သည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် တပင်ရွှေထီးနေရာပေးကာ လုပ်ပိုင်ခွင့်အာဏာ လွဲပုံထားပါသော်လည်း စိတ်ထားတက်ကြွဖောက်ပြန်မောက်မာခြင်းမရှိ။ တည်ကြည်ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ယခင်နေမြဲအတိုင်းပင် မပြောင်းမလဲဘဲ က္ကုနြေ္ဒရစွာ နေသည်။

တပင်ရွှေထီးအပေါ်မှာလည်း အလွန်သစ္စာရှိစွာဖြင့် ရှေးကမေတ္တာ အတိုင်းပင် ဘုရင့်အကျိုးကိုသာများစွာလိုလားသော စိတ်ဖြင့် အမှုတော်အမျိုးမျိုးကို သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့သည်။ (နောင်တွင် ဘုရင့်နောင်ဟု မြန်မာ့သမိုင်းတွင်အထင်ရှားဆုံးဖြစ်လာမည့် ရှင်ရဲထွတ်၏ စိတ်နေသဘောထားကား အတုယူဖွယ်ကောင်းလေစွ။ သစ္စာတော်ခံ သစ္စာတော်ကြီးသည့် နေရာတွင် အာဏာရမ္မက်၊ လောဘမဖက်သည့် တုပြိုင်နိုင်သူမရှိ၊ အဓိပတိပုဂ္ဂိုလ် ဖြစ်သဖြင့် အလွန်အားကျ ချီးကျူးရမည့် ပုဂ္ဂိုလ်ဟု ဆိုရပါမည်။)

ထို့နောက် တပင်ရွှေထီးသည် ရှင်ရဲထွတ်နှင့် အစ်မတော်သခင်ကြီးတို့၏ သံယောဇဉ်မေတ္တာတော်ကို သိထားတော်မူပြီး ဖြစ်သဖြင့် နောင်တော်ရှင်ရဲထွတ်နှင့် အစ်မတော် သခင်ကြီးတို့ကို လက်ထပ်မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပ ပေးတော်မူသည်။ ဤသို့ တပင်ရွှေထီးက နှစ်လိုလက်ခံ လက်ထပ်မင်္ဂလာသဘင်ကို ဆင်ယင်ပေးသဖြင့် ကေတုမတီ ပြည်သူပြည်သားတို့မှာ အထူးပင် ကျေနပ်ဝမ်းမြှောက်ခြင်း ဖြစ်ကြရသည်။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ

Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

တောင်ငူခေတ် သမိုင်းထင်ရှား ဖြောင့်မတ်သည့်မင်းနှစ်ပါး




‘မင်းတရားရွှေထီး’ ဟုလည်း သိရှိကြသည့် တပင်ရွှေထီးကား လက်ရုံးရည်၊ နှလုံးရည် ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံသော မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားသည့် မင်းကောင်းမင်းမြတ်တစ်ပါးပင် ဖြစ်သည်။ စိတ်ထားဖြူစင်မြင့်မြတ်ပြီး အာဇာနည်ယောက်ျားကောင်း ယောက်ျားမြတ်ဖြစ်သော ထိုမင်းလက်ထက်တွင် ရန်သူ့ နယ်မြေ ဖြစ်သည့် ရွှေမော်ဓောစေတီတော်၌ နားထွင်းမင်္ဂလာ ဆင်ယင်ကျင်းပခြင်း၊ ဖောင်ဖျက်နွှဲခဲ့သည့် ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲ၊ ယိုးဒယားကို ချီတက်၍ အနိုင်တိုက်ကာ မြန်မာတို့၏ သတ္တိသွေးကို ပြခြင်းအပါအဝင် သမိုင်းကို လေ့လာလိုသူများအတွက် စိတ်ဝင်စားဖွယ် သမိုင်းဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့သည်။

ဆိုရလျှင် တပင်ရွှေထီးဟု ရေးလိုက်သည်နှင့် ဘုရင့်နောင်ပါလာရမည်ဖြစ်သလို ဘုရင့်နောင်အကြောင်း ရေးရမည်ဆိုလျှင်လည်း တပင်ရွှေထီးပါ ပါလာရတော့မည်ဖြစ်သည်။ ထိုမင်းနှစ်ပါးကို ခွဲ၍မရ၊ ငယ်စဉ်ကလေးဘဝမှစ၍ ညီနောင်နွယ်ရင်းများထက်ပင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသူများဟု ဆိုရမည်။ မင်းနှစ်ပါးစလုံးက သမိုင်းတွင် ရှားရှားပါးပါးဆိုရလောက်အောင် အလွန်ဖြောင့်မတ် ကြသည်။ တည်ကြည်ပြီး စိတ်သဘောထား အလွန်ပြည့်ဝကြသည်။ ဘုရင့်နောင်ကလည်း ယောက်ျားကောင်း ယောက်ျားမြတ် ဖြစ်သည့်အတိုင်း တပင်ရွှေထီးအပေါ်တွင် အလွန်သစ္စာရှိခဲ့သည်။

မြန်မာ့သမိုင်းတွင် အာဏာပလ္လင်အတွက် သားက အဖသတ်၊ ညီက အစ်ကိုသတ်၊ အစ်ကိုက ညီသတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ယုတ်မာကောက်ကျစ်ရက်စက်မှုများက ကုန်းဘောင်ခေတ် မြန်မာ့နောက်ဆုံးမင်းဆက်ထိအောင် ရှိခဲ့သော်လည်း တပင်ရွှေထီးမင်းနှင့် ဘုရင့်နောင်မင်းတို့ကား သမိုင်းတွင်အပြစ်ဆိုစရာမရှိအောင် အညစ်အစွန်းကင်းစွာ စိတ်ရင်းပြည့်ဝ နှလုံးလှခဲ့ကြသဖြင့် သမိုင်းထင်ရှား ဖြောင့်မတ်သည့် မင်းနှစ်ပါးဟု ဆိုရလိမ့်မည်ဖြစ်သည်။

တပင်ရွှေထီးကို ဖွားမြင်ခြင်း


မြန်မာ့သမိုင်းတွင် မင်းတရားရွှေထီးဟုလည်း သိရှိခဲ့ကြသည့် တပင်ရွှေထီးသည် တောင်ငူမင်းစဉ် (၂၉) ဆက်မြောက် ဖြစ်သည့် ကေတုမတီ တောင်ငူဘုရင်မင်းကြီးညို၏ သားတော် ဖြစ်သည်။ မင်းကြီးညိုသည် သက္ကရာဇ် (၈၄၇) ခုတွင် ကေတုမတီ တောင်ငူထီးနန်းကို စိုးစံခဲ့ပြီး နန်းစံသက်မှာ (၄၅) နှစ်ဖြစ်ကာ၊ ယခု တောင်ငူမြို့ကို တည်ခဲ့သောမင်း ဖြစ်သည်။

မင်းကြီးညို ပထမစံတော်မူသည့် မြို့မှာ ဒွါရာဝတီဖြစ်ပြီး၊ မြို့မှာ ကျည်းသည်။ ပေါင်းလောင်းမြစ်နှင့် ခပေါင်းချောင်းများမှ မြို့တော်နှင့် နီးကပ်လျက်ရှိသည့်အတွက် ဗိုလ်ပါ၊ ဆင်မြင်းတို့မှာ မလွန့်သာအောင် ရှိကြရသည်။ သို့ဖြစ်၍ နေရာသစ်ကို ရှာဖွေကာ တောင်ငူကို မြို့တည်စိုးစံခဲ့ခြင်း ဖြစ်သည်။
တောင်ငူကို သက္ကရာဇ် (၈၇၂)ခုတွင် တည်သည်။ တိကျစွာရေးရမည်ဆိုလျှင် သက္ကရာဇ် (၈၇၂) ခု၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့နံနက် နှစ်ချက်တီးအချိန်တွင် တည်သည်။ မြို့တော်သည် မြန်မာနိုင်ငံ၏ အချက်အချာဖြစ်သော ဗဟိုမဏ္ဍိုင်၌တည်၍ မြောက်အရပ်၌ ဆွာချောင်း၊ အရှေ့အရပ်၌ ပေါင်းလောင်းမြစ်နှင့် မြတ်စောညီနောင် တောတန်း၊ တောင်အရပ်၌ ခပေါင်းချောင်း၊ အနောက်အရပ်၌ မင်းဝံတောင်တန်းကြီးများ ကာဆီးပိတ်တန်းလျက်ရှိကာ အလွန်သာယာပြီး စိမ်းလန်းစိုပြည်သည့် နေရာပင်ဖြစ်သည်။ မြို့တော်တွင်း၌ လေးကျွန်းတန်ဆောင်ဟုခေါ်သည့် ကြာအင်းကြီး ရှိသည်။
တောင်ငူရွှေနန်းတည် မင်းကြီးညိုကား ဘုန်းသမ္ဘာနှင့် ပြည့်စုံပြီး မြန်မာ့သမိုင်းတွင်ထင်ရှားသည့် မင်းတစ်ပါးဖြစ်သည်။ မျိုးရိုးစဉ်ကို ကြည့်လျှင် မြင်စိုင်းငါးစီးရှင်ကျော်စွာ (သက္ကရာဇ် ၇၀၄-၇၁၂) မှ စဉ်ဆက်လာသည့် သရေသင်္ခယာ၏ သားတော် မဟာသင်္ခယာနှင့် တောင်ငူရွှေနန်း (၂၇) မြောက် စည်သူကျော်ထင်မင်း၏ သမီးတော် မင်းလှညက်တို့ စုံဖက်ရာမှ ဖွားမြင်လာသည့်မင်း ဖြစ်သည်။
သက္ကရာဇ် (၈၇၆) တွင် မင်းကြီးညိုသည် တပင်ရွှေထီး၏ မယ်တော်ဖြစ်သည့် ခင်ဦးနှင့် ဖူးစာရေစက် အကြောင်းဆက်၍ ပေါင်းဖက်ရန် ဖန်လာခဲ့သည်။ ထိုနှစ်တွင် မိုးကြီးများ နေ့ညမစဲ သည်းထန်စွာ ရွာသွန်းသဖြင့် နိုင်ငံတော် တခွင်တွင် ရေကြီးကာ ကန်တော်၊ ဆည်တော်များ ကျိုးပေါက်ခြင်း ဖြစ်ရလေသည်။ ကျိုးပေါက်သည့် ကန်တော်၊ ဆည်တော်များတွင် ငနွယ်ကုန်း (ပဲနွယ်ကုန်း) အနီးရှိ ဆင်အုံကန်တော်ကြီးမှာ အခြေအနေအဆိုးဆုံးဖြစ်သဖြင့် မင်းကြီးညိုသည် ထိုကန်တော်ရှိရာသို့ ဆင်မြင်း၊ ဗိုလ်ပါရံကာ ကိုယ်တော်တိုင် ဆည်ဖို့ရန်ထွက်ကြွတော်မူသည်။
ဝါးနွယ်ကုန်းမြို့သူကြီး သူရကျော်ခိုင်၏ သမီးမှာ ခင်ဦးဖြစ်သည်။ တင့်တယ်ပြေပြစ်လှပသည့် ရုပ်ဆင်းသွင်ပြင် လက္ခဏာနှင့် ပြည့်စုံသော ဝါးနွယ်ကုန်းမြို့တော်၏ ကျက်သရေဆောင် အလှပိုင်ရှင်လေးဖြစ်ကာ ကောင်းသတင်းတို့နှင့် ပြည့်စုံသည်။ ဗဟိဒ္ဓအဆင်းတွင်သာမက၊ အဇ္စုတ္တအတွင်း နှလုံးအချင်းကပါ လှပသဖြင့် စိတ်ရင်းဖြူစင်လျက် မြတ်သောကောင်းမှု တို့ကို ပြုသူ ဖြစ်သည်။
မင်းကြီးညိုသည် ဆင်အုံကန်တော်ကို ဆည်ဖို့တော်မူရန် ရွှေဝေါတော်ဖြင့် ထွက်ကြွခဲ့ရာ ကန်တော်ကိုဆည်ရာ၌ ပါဝင်ကြသည့် ပြည်သူပြည်သားများထဲ၌ ဝါးနွယ်ကုန်းသူကြီးသမီး ခင်ဦးလည်း ပါဝင်ခဲ့သည်။ မင်းကြီးညိုသည် ကန်တော်ကို ဆည်ဖို့သူများအား ရှုစားတော်မူစဉ် ရုပ်ဆင်းပြင်လျာ ကောင်းခြင်းတို့၏ လက္ခဏာနှင့် ပြည့်စုံသည့် ခင်ဦးကို မြင်တော်မူ မိသည်။ မြင်တော်မူလျှင် မူခြင်းပင် မင်းကြီးညိုမှာ ခင်ဦးအပေါ် ထိန်းချုပ်မနိုင်အောင် မြတ်နိုး တပ်မက်ခြင်း ဖြစ်ရသည်။
ထို့ကြောင့် ဆင်အုံကန်တော်ကို ဆည်ဖို့တော်မူသည့်အရေးကိစ္စပြီးသည်တွင် ခင်ဦးကို ကောက်တော်မူကာ နေပြည်တော်သို့ ပြန်လည် ကြွချီသည်။ ရွှေနန်းတော်အရောက်တွင် အပါးတော်၌ ထားကာ မြတ်နိုးစွာဖြင့် မြှောက်စားတော်မူသည်။ ဝါးနွယ်ကုန်းသူကြီးသမီး ခင်ဦးကို ကောက်တော်မမူမီက မင်းကြီးညိုတွင် ထင်ရှားသော မိဖုရားကြီး လေးပါး ရှိပြီးဖြစ်သည်။
ထိုမိဖုရားများမှာ . . .
ဦးရီးတော် တောင်ငူဘုရင် စည်သူငယ်၏ သမီးတော်ဖြစ်သည့် မိဖုရားခေါင်ကြီး စိုးမင်းထိပ်တင်။

သတိုးဓမ္မရာဇာ၏ သမီးတော် မင်းလှထွတ်။
မိုးဗြဲစော်ဘွား၏ သမီးတော် ခင်နွယ် နှင့်
ဝတီမိဖုရား တို့ဖြစ်သည်။

မင်းကြီးညိုသည် ခင်ဦးကို အလွန်ချစ်မြတ်နိုးတော်မူသဖြင့် မိမိအပါးတော်တွင်သာ ထားသည်။ ယုံကြည်တော်မူသဖြင့် မင်းကြီးညို စက်တော်ခေါ်လျှင် အပါးတော်မှ ခင်ဦးက ယက်လေဆက်သွင်းရသည်။

ထို့နောက် ခင်ဦးတွင် ပဋိသန္ဓေရှိလာသည်။ ထိုသို့ ပဋိသန္ဓေရှိလာပြီး သုံးလကြာသည့်အခါ ခင်ဦးတွင် မကြုံစဖူး ချင်ခြင်း ဖြစ်ပေါ်လာသည်။ ထိုချင်ခြင်းမှာ မွန်တို့၏ဌာနေ ဟံသာဝတီ (ပဲခူး) တွင် ရှိသည့် မြေစေးနှင့် သရေခေတ္တရာ (ပြည်) နဝင်းချောင်း မှ ရေအေးကို သောက်သုံးလိုသည့် ဆန္ဒ ဖြစ်သည်။
မင်းကြီးညိုသည် ခင်ဦး၏အလိုတော် ချင်ခြင်းပြည့်ဝစေရန် ဟံသာဝတီမှ မြေစေကိုလည်းကောင်း၊ သရေခေတ္တရာ နဝင်းချောင်းမှ ရေအေးကို လည်းကောင်း လုပ်ရည်ကြံရည်ဖြင့် ပြည့်စုံသော သူရဲကောင်းများကို ယူဆောင်စေကာ ခင်ဦးအား စားသုံးစေသည်။ ပဋိသန္ဓေရှိစဉ် ခင်ဦးမှာ ထူးခြားသော အိပ်မက်များကိုလည်း မြင်မက်ခဲ့သဖြင့် မင်းကြီးညိုကို လျှောက်တင်ခဲ့သည်။
“သံတော်ဦးတင်ပါသည်ဘုရား၊ ကျွန်တော်မျိုးသည် အရှင့်အား ယပ်လေဆက်သွင်းနေစဉ် ငိုက်မျဉ်းလာသဖြင့် အရှင့်ခြေတော်ကို ဖက်ကာ အိပ်စက်မိပါသည်ဘုရား”

“ကဲ . . . ဆက်၍လျှောက်တင်ပါဦး”
“ထိုသို့ အိပ်မက်စဉ် ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ရှင်နေမင်းသည် ကောင်းကင်ယံ၌ လှည့်ပတ်သွားလာနေရာမှ ဤရွှေနန်းတော်ရှိရာသို့ သက်ဆင်း၍ လာပြီးလျှင် ဘုရားကျွန်တော်မျိုးမ၏ ဝမ်းဗိုက်အတွင်းသို့ အတင်းခွဲ၍ ဝင်လာပါသည်ဘုရား”
မင်းကြီးညိုမှာ လောကီပညာ၊ ဗေဒင်ယတြာမှစ၍ အိပ်မက်တိတ္တုံအရာတို့တွင် တတ်သိပြည့်စုံသော မင်းဖြစ်သဖြင့်၊ ယခု ခင်ဦး၏ အိပ်မက်အလိုကိုထောက်လျှင် လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတို့ဖြင့် ပြည့်စုံမည့် သားတော်ရတနာတစ်ပါးကို ခင်ဦးမှ ဖွားမြောက်လာမည်ဟု မြင်တော်မူသည်။ မင်းကြီးညိုမှာ မိမိ၏ ထီးညှောက်နန်းနွယ်အဖြစ်ထားတော်မူရန် သားတော်ရတနာကို ချင်ခြင်းဖြစ်တော်မူနေသည်မှာ ကြာပြီဖြစ်သည်။ မိဖုရားကြီးလေးပါးမှလည်း သားတော် ဖွားမြင်နိုင်ခြင်းမရှိကြသေး။ ယခုတော့ မိမိဆန္ဒပြည့်ဝရန် ဖန်လာပြီဟုတွေးကာ ပျော်ရွှင်ချမ်းမြေ့တော်မူကာ ခင်ဦးကိုလည်း ရှေးကထက်ပင် မြတ်နိုးခြင်းဖြစ်တော်မူရလေသည်။

“ခင်ဥိးငဲ့ . . . ယခုမြင်မက်သည့် အိပ်မက်မှာ လက်ရုံးရည်၊ နှလုံးရည်၊ ဘုန်းသမ္ဘာတို့နှင့် ပြည့်စုံတော်မူသည့် သားတော်ကို ဖွားမြင်လာရန် ကြိုတင်ပြလာသည့် နိမိတ်တော်ဖြစ်သည်။ ယင်း ပဋိသန္ဓေနေလာသူတွင် နေကဲ့သို့ ဘုန်းကြီးမည်။ သားတော်အမှန်တကယ်ဖွားမြင်ခဲ့လျှင် အသင်ခင်ဦးအား မိဖုရားအရာသို့ မြှောက်တော်မူမည်”
မင်းကြီးညိုသည် သားတော်ရမည့်အရေးကို တွေးမျှော်ကာ ကိုယ်လုပ်တော်မျှသာရှိသည့် ခင်ဦးအား နှုတ်ကတိစကား ပေးတော်မူခဲ့သည်။
သို့ဖြင့် သက္ကရာဇ် (၈၇၈) ခု၊ ကဆုန်လပြည့်ကျော် (၁) ရက်၊ ဗုဒ္ဓဟူးနေ့သို့ ရောက်ရှိသည်တွင် ကေတုမတီမြို့တော်ကြီး၌ ထူးထူးခြားခြား မကြုံစဖူးသော အတိတ်နမိတ်တို့ ဖြစ်ပေါ်၍ လာလေသည်။
ယင်းနမိတ်တို့မှာ . . .
နေဝန်းမပေါ်ဘဲ အမိုက်တိုက်ကြီးစွာကျခြင်း။

အရပ်ရှစ်မျက်နှာမှ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာကြခြင်း။
လျှပ်ပန်းတို့ ပြက်သန်းကာ လျှပ်စစ်လျှပ်နွယ်တို့ ထွန်းလင်းခြင်း။
ဥက္ကာများ ပျံသန်းခြင်း။
မိုးကြိုးတို့ ထစ်ချုန်းပစ်ချခြင်း။
မြေငလျှင် အကြိမ်ကြိမ်လှုပ်၍ တော်လဲသံကြီးများ ပေါ်လာခြင်း။
စစ်ဆင်အပေါင်းတို့ အသံကျိုးကျိုးကျည်ကျည် အော်ဟစ်ကြ၍ စစ်မြင်းများဟီကြခြင်း။
တောတောင်မြို့ရွာသို့ မီးလျှံကဲ့သို့ တောက်ခြင်း။
မိုးသည်းထန်စွာရွာ၍ ရှောက်သီးလုံးပမာဏကြီးသော မိုးသီးကြီးများ ရွာချခြင်းတို့ပင်ဖြစ်သည်။

၎င်းနောက် ထိုနေ့၌ မြန်မာနိုင်ငံ၏ သမိုင်းတွင် ထွန်းလင်းထင်ရှားကျော်ကြားသည့် သူရဲကောင်းအာဇာနည် မင်းမြတ်တစ်ပါးအဖြစ် မော်ကွန်းထိုးခဲ့ရသော တပင်ရွှေထီးကို ဖွားတော်မူခဲ့လေသည်။
မင်းကြီးညိုသည် ခင်ဦးမှ သားတော်ရတနာကို ဖွားမြင်တော်မူသည်ဟု ကြားလျှင်ကြားချင်းပင် ခင်ဦး၏ အဆောင်တော်သို့ ကြွချီတော်မူသည်။ မိမိ၏ ပထမဦးဆုံးသော ရင်သွေးငယ်မြတ်ကို ကိုယ်တော်တိုင် ပွေ့ပိုက်လျက် ရှုစားတော်မူသည်။ သားတော်၏ သန့်ပြန့်သောရုပ်ရည်၊ တည်ကြည်သည့် မျက်နှာနှင့် ရာဇရုပ်လက္ခဏာတော်တို့ကို ရှုမြင်ရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ခြင်း ဖြစ်တော်မူရသည်။
ပို၍ထူးခြားသည်ကား အဆောင်တော်တွင်ရှိသည့် ရွှေတိုင်တော်၏ အလင်းရောင်တွင် သားတော်ထံမှ ထူးခြားသောလက္ခဏာကို တွေ့ရှိလိုက်ရခြင်းပင်။ ယင်းကား အခြားမဟုတ်။ သားတော်သည် မိမိကို ဖွားမြင်စဉ်က ကဲ့သို့ပင် ထူးထူးခြားခြား ဝင်ရိုးဖျားပမာဏရှိသည့် ရွှေရောင်တောက်ပနေသော ဆံပင်တော်တစ်ချောင်းပါရှိလာခြင်းပင် ဖြစ်သည်။ ထို့ပြင် သားတော်၏ လျှာ၌လည်း နက်မှောင်သည့် စက်လက္ခဏာအမည်းစက်များ ပါရှိလာသည်ကို အံ့သြဖွယ်တွေ့တော်မူရသည်။
(တပင်ရွှေထီး၏လျှာတွင် နက်မှောင်သော စက်လက္ခဏာပါရှိသည့်အတွက် ယိုးဒယား (ထိုင်း) ရာဇဝင်တို့၌ တပင်ရွှေထီးကို ‘လျှာနက်မင်း’ ဟု ဖော်ပြကြသည်။)
မင်းကြီးညိုသည် ဝမ်းမြောက်တော်မူစွာဖြင့် သားတော်ကို ပွေ့ပိုက်ထားရင်းမှ ဤသို့ မိန့်ကြားတော်မူသည်။

“ငါ၏သားတော်သည် အများနှင့်မတူ တစ်မူထူးခြားကြန်အင်လက္ခဏာတော်များနှင့် ပြည့်စုံလှပေသည်၊ ဇာတာတော်ကို စစ်ဆေးကြည့်သောအခါ၌လည်း ထူးခြားမွန်မြတ်လှပေသည်။ ငါကိုယ်တော်ထက်ပင် ဘုန်းသမ္ဘာကြီးမား၍ လက်ရုံးတော်အား စွမ်းထက်ပေလိမ့်မည်။ ငါ၏ဦးခေါင်းတော်တွင် ရွှေစင်ရောင်ရှိသော ထူးမြတ်သည့် ဆံတော်တစ်ပါးပါသကဲ့သို့ ငါ၏ သားတော်တွင်လည်း အလားတူ ဆံပင်တော်မြတ် ပါပေသည်။ ထို့ကြောင့် သားတော်၏ အမည်နာမတော်ကို တပင်ရွှေထီးဟု ဘွဲ့အမည်နှင်းအပ်မည်၊ မှတ်သားကြစေ”
သို့အားဖြင့် ထူးခြားလှသည့် လက္ခဏာတော်တို့နှင့် ပြည့်စုံသည့် သားတော်ရတနာမှာ ဖွားမြင်သည့် ညည့်၌ပင် ဖခမည်းတော် တောင်ငူရွှေနန်းရှင် မင်းကြီးညို အပ်နှင်းတော်မူသည့် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားမည့် ‘တပင်ရွှေထီး’ ဟူသော ဘွဲ့အမည်တော်ကို ရရှိတော်မူခဲ့ပေသည်။

မင်းကြီးညိုသည် ထူးခြားသောအတိတ်နမိတ်၊ ထူးခြားသောလက္ခဏာတော်တို့ဖြင့် ဖွားမြင်လာသော သားရတနာတော်အတွက် လွန်စွာနှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ရသဖြင့် သားတော်အား ကြီးကျယ်ခမ်းနားလှသည့် မင်းခမ်းမင်းနားများ ကျင်းပဆင်ယင်ကာ ချီးမြှင့်မြှောက်စားတော်မူသည်။ ချက်ကြွေသောအခါ ပုခက်တင်မင်္ဂလာကို စီရင်တော်မူပြီး၊ ထိုပုခက်တင်မင်္ဂလာတွင်ပင် သားတော်ကို အိမ်ရှေ့ဥပစာအဖြစ် အပ်နှင်းတော်မူသည်။

ထို့နောက် အထိန်းတော်၊ အချီတော်များနှင့် နို့ထိန်းများကို ရွေးချယ်ခန့်ထားတော်မူသည်။ ဆင်ယာဉ်၊ မြင်းယာဉ်မှစ၍ စိုးပိုင်သမျှသော ဘဏ္ဍာတော်များကိုလည်း သားတော်အား အပ်နှင်းတော်မူသည်။ တစ်ဖန် ‘နေရောင်ပြနန်းတော်ရာသည် ဘူမိနက်သန်မှန်သည့် အောင်မြေ ဖြစ်သည်။ ထိုအောင်မြေရှိရာသို့ သွားရောက်၍ သားတော်ကို ဘိသိက်မြှောက်ရလျှင် ဘုန်းသမ္ဘာကြီးမြတ်ခြင်း ဧကန်ပင်ဖြစ်လိမ့်မည်’ ဟု ကြံစည်တွေးတောတော်မူပြီးလျှင် ထိုနေရောင်ပြ စံနန်းတော်သို့ သွားရောက်၍ သားတော်ကို ရတနာစုံအဖုံဖုံထက်သို့၌ တင်ကာ အဘိသေကမင်္ဂလာအခမ်းအနားကို ကျင်းပပြီးလျှင် ဘိသိက်မြှောက်တော်မူသည်။

ထို့နောက်မှ နေပြည်တော်ဝန်းကျင်ရှိ မိမိ၏သားတော်နှင့် သက်တူရွယ်တူမျှရှိသော ကလေးများမှ ဆွေကောင်းမျိုးကောင်း ရုပ်ဆင်းအင်္ဂါသဏ္ဍန်လက္ခဏာသွင်ပြင်ကောင်းသော ကလေးငယ်တစ်ထောင်ကို စီစစ်ရွေးချယ်လျှက် သားတော်၏ ဖွားဖက်တော်များအဖြစ် ခန့်ထားတော်မူရာ၊ ထိုကလေးများထဲတွင် နောင်တစ်ချိန်၌ ဘုရင့်နောင်အဖြစ်ထင်ရှားလာမည့် ရှင်ရဲထွတ်မှာ ဖွားဖက်တော်ချုပ် ဖြစ်လေသည်။

ထို့ပြင် မျိုးရိုးဇာတိ မြင့်မြတ်သူများမှ ရွေးခြယ်လျက် သားတော်အတွက် အထိန်းတော်ကြီး (၇)ဦး ကိုလည်း ခန့်ထားသည်။ ထိုအထိန်းတော်များမှာ မင်းယောက်ျား (၅)ဦး၊ မင်းမိန်းမ (၂)ဦး၊ ဖြစ်ပြီး၊ ထိုအထိန်းတော်များက သားတော်တပင်ရွှေထီးအား သူငယ်ဘဝမှစ၍ ကြီးပြင်းလာသည့်တိုင်အောင် မင်းရေးမင်းရာ၊ တိုင်းပြည်နိုင်ငံရေး၊ လောကီလောကုက္တရာဆိုင်ရာတို့၌ တတ်မြောက်လိမ္မာစေရန်နှင့် သားတော်၏ ကျန်းမာရေးအတွက်ပါ စောင့်ရှောက်ကြည့်ရှု အုပ်ထိန်းရသည့် တာဝန်များကို ယူကြရသည်။ ထိုအထိန်းတော်ကြီးများထဲတွင် ရှင်ရဲထွတ်၏ ဖခင် မင်းကြီးဆွေလည်း ပါဝင်သည်။ (မင်းကြီးဆွေသည် တပင်ရွှေထီး မင်းအဖြစ်သို့ ရောက်သောအခါ ‘မင်းရဲသင်္ခသူ’ ဟူသော ဘွဲ့အမည်ဖြင့် တောင်ငူဘုရင်ခံ ဖြစ်လာသည်။)

သားတော်အတွက် နို့ထိန်းခန့်တော်မူရာတွင်လည်း မင်းကြီးဆွ၏ဇနီး၊ ရှင်ရဲထွတ်၏ မိခင်မှာ နို့ထိန်းကြီးအဖြစ် ခန့်ထားခံရသည်။ မင်းကြီးညိုသည် သားတော်ကို အလွန်ချစ်တော်မူသကဲ့သို့ သားတော်၏မယ်တော် ခင်ဦးကိုလည်း အလွန်မြတ်နိုးတော်မူကာ ‘ရာဇဒေဝီ’ ဟူသော ဘွဲ့အမည်ဖြင့် မြောက်နန်းမိဖုရားအဖြစ် မြှောက်စားတော်မူသည်။

မြန်မာ့သမိုင်းတွင် ဘုရင့်နောင်အဖြစ် ကျော်ကြားလာမည့် ရှင်ရဲထွတ်


သက္ကရာဇ် (၈၇၇) ခု၊ တပို့တွဲလဆန်း (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်။
ကေတုမတီမြို့သူမြို့သားများသည် ထိုနေ့တွင် ကြောက်မက်ဖွယ် တော်လဲသံကြီးကို ကြားလိုက်ရသဖြင့် အထိတ်တလန့် ဖြစ်ကုန်ကြရသည်။ တော်လဲသံကြီးနှင့်အတူ မြေငလျင် တို့ကပါ ပြင်းထန်စွာ လှုပ်လာသည်။ မြေငလျင်တို့မှာ ဆက်တိုက်ဆိုသကဲ့သို့ပင် အကြိမ်ကြိမ်လှုပ်နေသဖြင့် လူအားလုံးတို့မှာ စိုးရိမ်ပူပန်မှုတို့ ဖြစ်ကုန်ကြရသည်။ (ငလျင်လှုပ်သည့် အကြိမ်မှာ ခုနှစ်ကြိမ်ဖြစ်၏။)

ထိုသို့ ထူးခြားသောအတိတ်နိမိတ်များကိုပြသည့် ထိုနေ့မှာပင် မင်းကြီးဆွေနှင့် တုရွင်းတိုင်ရွာသူ ရှင်မျိုးမြတ်တို့မှ နောင်တွင် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားလာမည့် သူရဲကောင်း အာဇာနည် မင်းကောင်းမင်းမြတ်ဖြစ်သည့် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်တော်မူသော ဘုရင့်နောင်ကို ဖွားမြင်ခဲ့ကြသည်။ (ဘုရင့်နောင်မှာ တပင်ရွှေထီးထက် သုံးလနှင့်လေးရက် အသက်ကြီးသည်။) ထိုနေ့တွင် မင်းကြီးညိုအိမ်သို့ မင်းကြီးညို၏ ဆရာတော်ရင်းဖြစ်သည့် အရှင်မဟိန္ဒ ကြွတော်မူလာပြီး မင်းကြီးညိုက ‘ယနေ့ နံနက် နေတက် ၇ ဘွားအချိန်တွင် တပည့်တော်၏ ဇနီးသည်မှ သားယောက်ျားလေး ဖွားမြင်ပါသည်’ ဟု ဆရာတော်အား လျှောက်ထားသည်။

ဤသို့လျှောက်ထားချက်ကို ဆရာတော်ကြားသောအခါ ဆရာတော်က အတိတ်၊ နိမိတ်၊ ကိန်းခန်းများကို စိစစ်ဆင်ခြင်တော်မူပြီး ဤသို့မိန့်ကြားတော်မူသည်။
“မင်းကြီးဆွေ . . . ဖြစ်ပေါ်လာသည့် အတိတ်နိမိတ်တို့ကား လွန်စွာပင်ကောင်းလှသည်။ ထို့ကြောင့် သင့်သား၏ ဖဝါးအောက်သို့ နိုင်ငံပေါင်းများစွာ ခိုလှုံလာကြလိမ့်မည်။ သင်၏သားသည် တချိန်၌ ပြည်သူပြည်သားအပေါင်းတို့၏ အားထားမှီခိုရာကြီး ဖြစ်လာလိမ့်မည်။ မြေငလျှင် တုန်လှုပ်သောအတိတ်နိမိတ်မှာ ဖွားမြင်လာသော သားကောင်းရတနာ၏ ဘုန်းသမ္ဘာ အလွန်ကြီးကြောင်းကို ဤမဟာပထဝီမြေကြီးကပင် သက်သေခံသည့် အထိမ်းအမှတ်ပင် ဖြစ်သည်။ မြေပြင်အားလုံးကို အုပ်စိုးပိုင်ဆိုင်သော ဂုဏ်နှင့် ပြည့်စုံလိမ့်မည်။ မဟာပထဝီမြေကြီးကပင် ရှိခိုးဦးတင်ကာ ခုနှစ်ကြိမ်တိုင်တိုင်ကန်တော့သည့် အသွင်ဖြင့် လှုပ်သည်မှာ ဤမြေပြင်ပေါ်တွင်ရှိကြသည့် ထီးဆောင်းမင်းအပေါင်းတို့က သင်၏သားကောင်းရတနာကို ကျိုးနွံစွာ ဦးခိုက်ကြလိမ့်မည်ဟူသည့် အတိတ်နိမိတ်ပင် ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ မြေငလျှင်တုန်လှုပ်သော ကိန်းခန်းတိတ္ထုံသဘောမှာ ဆင်ဖြူရတနာ ရောက်လာခြင်း၊ ဆင်ဖြူကို အစိုးရခြင်း၊ တိုင်းနိုင်ငံတကာမှ သမီးကညာနှင့် လက်ဆောင်ပဏ္ဍာများ ဆိုက်ရောက်လာကြလိမ့်မည်၊ ‘ဆင်ဖြူရှင်’ ဟူသော ဘွဲ့ထူးကို ခံယူရလိမ့်မည်” ဟု ဆရာတော်က နိမိတ်ဖတ်တော်မူသည်။
(မှတ်ချက် ။ ။ ဗုဒ္ဓဟူးနေ့၌ မြေငလျင်တုန်လှုပ်လျှင် ဆင်ဖြူရတနာရောက်ခြင်း၊ တိုင်းကြီးပြည်ကြီးတို့မှ သမီးကညာ ဆိုက်ရောက်လာခြင်းများ ဖြစ်လိမ့်မည်ဟူ၍ ငလျင်လှုပ်ကိန်းကို ဟောသော တိတ္ထုံကျမ်းတို့၌ ပြဆိုထား၏။)

ထို့နောက် ဆရာတော်က မင်းကြီးဆွေ၏ သာငယ်အမည်အား ‘ရဲထွတ်’ ဟု မှည့်ခေါ်ရန် မိန့်ဆိုတော်မူပြီးလျှင် ကျောင်းသို့ ပြန်ကြွ သွားသည်။ (ဆရာတော်မှာ မင်းကြီးညိုကိုးကွယ်သည့် ဆရာတော်ဖြစ်သောကြောင့် ‘မင်းကြီးဆရာတော်’ ဟူ၍လည်း ခေါ်ဆိုသည်။)
မင်းကြီးဆွေသည် ဆရာတော်ပေးတော်မူသည့် အမည်အတိုင်း ထူးခြားစွာဖွားမြင်လာသည့် မိမိသားငယ်ကို ‘ရှင်ရဲထွတ်’ ဟု ခေါ်ဆိုသည်။ (ရဲထွတ်ဟူသည့် အမည်သညာ၏ အဓိပ္ပာယ်မှာ ‘ရဲရင့်သူတို့၏အထွတ်အထိပ်’ ဟူ၍ဖြစ်၏။)

တပင်ရွှေထီးကို ဖွားမြင်တော်မူပြီးနောက် မင်းကြီးဆွေက တပင်ရွှေထီး၏ အထိန်းတော်ကြီး၊ မင်းကြီးဆွေ၏ ဇနီး ရှင်မျိုးမြတ်က တပင်ရွှေထီးကို နို့တော်ရည်တိုက်ရသည့် နို့ထိန်းကြီးအဖြစ် ခန့်ထားခံရသကဲ့သို့ သားငယ် ရှင်ရဲထွတ်မှာလည်း တပင်ရွှေထီး၏ ဖွားဖက်တော် ဖြစ်လာခဲ့ရသည်။ မင်းသားငယ် တပင်ရွှေထီးနှင့် ရှင်ရဲထွတ်တို့ မိသားစုသည် ရှေးရှေးဘဝဟောင်းက အကြောင်းရေစက်ပါလာ၍ ဟုပင် ဆိုရမည်။ မိသားစုရင်းချာပမာ ချစ်ခင်ကြ၏။ တပင်ရွှေထီးနှင့် ရှင်ရဲထွတ်တို့မှာလည်း ညီနောင်နွယ်ရင်းများပမာ တစ်ဦးကိုတစ်ဦး ချစ်ခင်ကာ သွားအတူ၊ စားအတူ၊ ကစားအတူ ဖြစ်ခဲ့ကြသည်။

ဤအကြောင်းကို မင်းကြီးညို သိတော်မူရာ “ငါ့သားတော်သည် မင်းကြီးဆွေ၊ ရှင်မျိုးမြတ်တို့နှင့် နီးစပ်သည့် လက္ခဏာပင် ဖြစ်သည်။ နန်းတော်တွင် ပျော်ရွှင်လိုသောဆန္ဒရှိဟန်မတူ မင်းကြီးဆွေ၏ အိမ်ကိုသာ နှစ်သက်သည်။ ထို့ကြောင့် ငါ့သားတော်ရတနာ၏ စိတ်အလိုကို ဖြည့်ဆည်းသည့်အနေဖြင့် မင်းကြီးဆွေနှင့် ရှင်မျိုးမြတ် မိသားစုကို ချီးမြောက်တော်မူမည်” ဟု တွေးတော်မူပြီးလျှင် နန်းတော်အနီး၌ အိမ်ကြီးတစ်ဆောင်ဆောက်စေကာ မင်းကြီးဆွေတို့ မိသားစုနေထိုင်ရန် ချီးမြှင့်သနားတော်မူသည်။

မင်းကြီးညိုသည် သားတော်အား မင်းသားတို့တတ်မြောက်အပ်သည့် အဋ္ဌာရသတစ်ဆယ့်ရှစ်ရပ်သောပညာတို့ကို သင်ကြားပေးရာ ရှင်ရဲထွတ်မှာ တပင်ရွှေထီးနှင့်တွဲ၍ သင်ကြားရသည်။ နှစ်ဦးစလုံးက သတ္တိအရာတွင် အလွန်ရဲရင့်ထက်မြက်ကြသည်။ စစ်သွေးစစ်မာန် ထက်သန်ကြသည်။ ကြီးမြင့်သောရည်ရွယ်ချက်များ ရှိနေကြသည်။ မင်းကြီးညိုမှာလည်း ယောက်ျားပီသခန့်ညားပြီး ငယ်စဉ်ကပင် ရဲရင့်တည်ကြည်ဖြောင့်မတ်သည့် သားတော် တပင်ရွှေထီး မင်းသားအတွက် လွန်စွာကျေနပ်နှစ်သက်အားရခြင်း ဖြစ်တော်မူရလေသည်။

ဆက်ရန်
စာရေးသူ ကိုဟိန်းဇေ


Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

တပင်ရွှေထီး ဘုရင့်နောင်နှင့် ဒုတိယမြန်မာနိုင်ငံတော် (အပိုင်း - ၁)




တပင်ရွှေထီးသည် မွေးဖွားစဉ်အခါကပင်လျှင် မကြုံစဖူး ထူးဆန်းကြီးကျယ်သော နိမိတ်တွေကြုံကြိုက်ကာ ဖွားမြင်တော်မူလာသဖြင့် ဘုန်းသမ္ဘာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း ထင်ရှားပေသည်။

ရုပ်ကြန်လက္ခဏာ ဘုန်းသမ္ဘာနှင့်ပြည့်စုံတော်မူသောအတိုင်း ရွယ်နုပျိုမျစ် သက်တော် (၁၅) နှစ် အရွယ်၌ပင်လျှင် ခမည်းတော်ဘုရား၏ အရိုက်အရာဖြစ်သော ထီးနန်းအမွေကို ဆက်ခံ၍ တောင်ငူရွှေနန်းကို စိုးစံတော်မူသည်။ စိုးစံတော်မူသည်ကစ၍ နတ်လူတို့၏ ကြည်ညိုမြတ်နိုးခြင်းကို ခံရပြီးလျှင် တိုင်းသူပြည်သားအပေါင်းတို့က အောင်စေကြောင်းဖြင့် ဆုတောင်းလျက် ရှိကြသည်။

နဖူးရေရှုံ့တွမှ မကိုဋ်ဆင်ရသဖြင့် ဘယ်အကျိုးရှိပါအံ့နည်းဟူ၍ ပညာရှင်တို့ပြဆိုအပ်သော စကားပုံအတိုင်း ဘုရင်တပင်ရွှေထီးသည် နဖူးရေရှုံ့တွ၍ အိုမင်းသောအခါမှ မကိုဋ်ဆင်၍ ဘုရင်ပြုလုပ်ရသော ပုဂ္ဂိုလ်မဟုတ်ချေ။ နဖူးရေတင်းတင်း၊ ပျိုမျစ်ခြင်းဂုဏ်နှင့် ပြည့်စုံသည့်အခိုက်တွင် မကိုဋ်ဆင်၍လာရသဖြင့် လောကီသမ္ပတ္တိအရာတွင် လွန်စွာအကျိုးပေးဖြောင့်မတ်သော ပုဂ္ဂိုလ်ဟူ၍ ချီးမွှမ်းထိုက်ပေသည်။

မိမိကိုယ်တော်တိုင် ဘုန်းပညာလက္ခာဏာနှင့် ပြည့်စုံခဲ့သည့်အတိုင်း နိုင်ငံချဲ့ထွင်ရေး၊ အုပ်စိုးရေးကိစ္စတွင် လက်ရုံးတစ်ဆူ အလေးမူလောက်သော ယောက်ဖတော်ရှင်ရဲထွတ်ကို အားကိုးတော်မူရသည်မှာ ရွှေဘုန်းတော်၏ အထောက်အပံ့ကြီး တစ်ခုပင် ဖြစ်လေသည်။ ရှင်ရဲထွတ်သည် ဘုရင့်အပေါ်၌ သစ္စာရှိရှိ၊ ကတိဖြောင့်ဖြောင့်နှင့် စိတ်ထောင့်ခြင်းမရှိဘဲ ဘုရင့်အကျိုးကို မိမိအကျိုးကဲ့သို့ ကျွတ်ကျွတ်လွတ်လွတ် ရွတ်ဆောင်လေသည်မှာ လွန်စွာချီးမွမ်းဖို့ ကောင်းသောအချက်ပင် ဖြစ်သည်။

တပင်ရွှေထီး သေရည်သေရက်သောက်စားခြင်း မကောင်းသောမိတ်ဆွေတို့နှင့် ပေါင်းသင်းခြင်း၊ ဤအမှားတော်များကို လိုက်စားခြင်းမပြုမှီအတွင်းမှာ တော်လှန်ပုန်ကန်ရေးများနှင့် တစ်စုံတစ်ရာမျှမတွေ့ရပဲ ချီတော်မူ၍ လုပ်ကြံတော်မူသောအရေးတို့၌ မအောင်မြင်သည်ဟူ၍ မရှိပဲ အောင်ပွဲကိုသာ ရရှိတော်မူလေသည်။

စစ်ရေးစစ်ရာ၌ လွန်စွာ ဝါသနာထုံ၍ ချီတော်မူရာတို့၌ ကိုယ်တော်တိုင်လိုက်ပါချီတော်မူလေ့ ရှိပေသည်။ ဘုရင့်နောင်ကျော်ထင်အနော်ရထာဘွဲ့ခံ ရှင်ရဲထွတ်ကိုလည်း စစ်ဘုရင်ချုပ်ကြီး ခန့်ထားတော်မူပြီးလျှင် ကိုယ်နှင့်ထပ်တူထပ်မျှ သဘောထားတော်မူကာ မြှောက်စားတော်မူသည်။ မိမိက ရေကြောင်းချီလျှင် ရှင်ရဲထွတ်ကို ကုန်းကြောင်းချီစေသည်။

ပထမရှေးဦးစွာ ဟံသာဝတီကို အောင်မြင်တော်မူခြင်း၊ ထို့နောက် သရေခေတ္တရာ ပြည်မြို့ကို အောင်မြင်တော်မူခြင်း၊ မုတ္တမမြို့ကို အောင်မြင်တော်မူခြင်း၊ ရခိုင်ကို အောင်မြင်တော်မူခြင်း၊ ယိုးဒယားကို အောင်မြင်တော်မူခြင်း၊ ဤအောင်ပွဲများသည် လွန်စွာ ထင်ရှား၍ ကြီးကျယ်သော အောင်ပွဲများပင် ဖြစ်ပေသည်။

စစ်မှုရေးရာတို့၌ အမှုတော်ကို ထမ်းကြသော ဗိုလ်မှူး၊ စစ်ကဲမှစ၍ စစ်သည်တော်သားအမှုထမ်းများသို့ တိုင်အောင် အသက်ကိုစွန့်၍ အမှုတော်ကို ထမ်းကြလေသည်။ စစ်ရေးနှင့်စပ်၍ တစ်စုံတစ်ယောက်သောသူမျှ အာဏာတော်ကို ဖီဆန်၍ ကျင့်လေ့မရှိကြကုန်။ သို့ဖြစ်၍ အပွဲပွဲမှာ အောင်တော်မူခြင်းကို ရရှိလေသည်။ မြန်မာပြည်အောက်ပိုင်းနှင့် ယိုးဒယားပြည်ကိုသာ အရေးစိုက်တော်မူနေသောကြောင့် အထက်မြန်မာပြည်၌ရှိသော အဝမြို့တော်ကြီးကိုမူကား တိုက်ခိုက်ခြင်း ပြုတော်မမူရချေ။

ကေတုမတီ တောင်ငူရာဇဝင်

သက္ကရာဇ် (၅၃၆) ခုနှစ်တွင် ပုဂံပြည်ကို စိုးစံတော်မူသော နရပတိစည်သူမင်းသည် အထက်အညာအရပ်ရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားနှစ်ဆူကို ဖူးမြင်တော်မူရန် ရွှေဖောင်တော်ဖြင့် ဧရာဝတီမြစ် မြစ်ညာသို့ ဆန်တက်တော်မူလာစဉ် ရေအောက်မှ မိချောင်းတစ်ကောင်သည် ဖောင်တော်ကို ကျောက်ကုန်းနှင့်ထမ်း၍ ရန်မူလေသည်။

ထိုအခါ ရန်မာန်ငထွေးအမည်ရှိသော သူရဲကောင်းသည် ရေအောက်သို့ဆင်း၍ မိကျောင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာ မိကျောင်းသေလေသည်။ ထို့နောက် နရပတိစည်သူမင်းသည် လွန်စွာအားရတော်မူပြီးလျှင် သားတော်ဇေယျသိင်္ခ၏ နှမတော်နှင့် ပေးစားတော်မူကာ အနန္တသူရိယ ဟူသောဘွဲ့မည်နှင်းအပ်၍ သူကောင်းပြုတော်မူသည်။

ထိုအနန္တသူရိယမှ သားတော်မင်းလှစောကိုဖွားမြင်၍ ထိုသားတော်မင်းလှစောမှ သားတော် သဝန်လက်ယာကို ဖွားမြင်လေသည်။ အခါတစ်ပါး၌ နရပတိစည်သူမင်းသည် တိုင်းခန်း လှည့်လည်တော်မူရာ ဇေယျာဝဎုသနတိုင်းသို့ ရောက်လာ၍သရထည်ညီနောင်ဘုရားနှင့် ကျောက်ဆောက် ညီနောင်ဘုရားများကို ဖူးမြင်တော်မူလေရာ ပြိုပျက်နေသော ဘုရားများကို ပြုပြင်ရန် အနန္တသူရိယ အမတ်အား လွှဲအပ်တော်မူသည်။

သို့ဖြင့် အနန္တသူရိယအမတ်၏ သားတော် မင်းလှစောနှင့် မြေးတော် သဝန်လက်ယာ တို့သည် ဇေယျာဝဎုသနတိုင်းရှိ ပေါင်းလောင်းမြစ် လက်တက်၊ ယခု ဆွာချောင်းအထက် တောင်ငယ်အငူ တစ်ခုတွင် ကမ်းပါးမြင့်ရွာကို အခြေတည်လျက် လူသူစုရုံးကာ မြို့ရွာ တည်ထောင်ကာ နေကြသည်။ ယင်းကမ်းပါးမြင့်ရွာမှာ သရထည်ညီနောင်ဘုရားမှ မြောက်ဘက်တာ (၂၅၀၀၀) ခန့်အကွာတွင် တည်ရှိသည်။

သဝန်လက်ယာ၏ဝီရိယလုံ့လကြောင့် ထိုကမ်းပါးမြင့်ရွာသည် ဆန်ရေစပါး ပေါများပြည့်ကြွယ်ပြီး စည်ကားတိုးတက်လာကာ သဝန်လက်ယာသည်လည်း ထိုရွာကိုစားသော ရွာစားဖြစ်လာလေသည်။ (မှတ်ချက်။ ။ ကမ်းပါးမြင့်ရွာကား သူရဿတီနတ်တို့ တည်ထောင်ပေသည်ဟူ၍ အယူရှိသဖြင့် “ဆွာစ္စတိ” မြို့ဟု ခေါ်လာကြပြီး ယခုကာလအခေါ်အားဖြင့် “ဆွာမြို့” ဟု ခေါ်ဆိုသည်။)

သဝန်လက်ယာအုပ်ချုပ်သော ကမ်းပါးမြင့်ရွာကြီးသည် လူသူစည်ကားလျက် မင်းနေပြည်သဖွယ် မြို့ရိုးသစ်တပ်ထု ကာရံကာ စစ်သည်အင်အားဖြည့်ထား၍ နေကြရာတွင် ကမ်းပါးမြင့်ရွာ၏ ဂုဏ်သတင်းသည် ကျောစောခြင်းသို့ရောက်လာလေရာ မုတ္တမကို အုပ်စိုးသော မွန်မင်းဝါရီရူသည် စစ်သည်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး ကမ်းပါးမြင့်ရွာကို တိုက်ခိုက်သိမ်းယူလေသည်။

ထိုမွန်မင်းဝါရီရူသည် ဖမ်းဆီးရရှိသော သဝန်လက်ယာနှင့် ဇနီးသားမယားတို့ကို ယူဆောင်လာကာ ယခင်အခါက ပျူလူမျိုးများနေထိုင်ခဲ့ဖူးရာ ဖြစ်သည့် ပျူရွာဟုခေါ်သော ရွာကြီးတစ်ရွာတွင် အကျယ်ချုပ်ထားသည်။ (မှတ်ချက်။ ။ ယင်း ပျူရွာကို ဖြူးရွာ၊ ထို့နောက်မှ ယခု ဖြူးမြို့ဟု ခေါ်ဆိုကြသည်။)

သက္ကရာဇ် (၆၄၁) ခုနှစ်တွင် ပျူရွာ၌ ဖမ်းဆီးခံထားရသည့် သဝန်လက်ယာသည် မိမိနေရင်း ကမ်းပါးမြင့်ရွာကို အလွန်လွမ်းဆွတ် သတိရသဖြင့် မိမိသား သဝန်ကြီးနှင့် သဝန်ငယ်တို့ကို ခေါ်၍ ဤသို့ မှာကြားလေသည်။

“ငါ့သားများသည် ငါမရှိသည့်နောက်တွင် ဤပျူရွာ၌ မနေကြဘဲ အခွင့်အခါသာသည်နှင့် လှေဖြင့်ပေါင်းလောင်းမြစ်ကို ဆန်တက်၍သွားကြပါလေ။ ထိုနေရာမှ ခရီးတစ်သောင်းခန့်တွင် ပေါင်းလောင်းမြစ်၏ လက်ဝဲဘက်၌ ချောင်းတက် တစ်ခုကို တွေ့ကြရလိမ့်မည်။ ထိုချောင်းတက်အတိုင်း အနောက်ကိုလိုက်သွားသည်ရှိသော် တောင်ငူအငယ်တစ်ခုကို တွေ့ကြရမည်။ ယင်းနေရာတွင် မြို့ရွာတည်၍ နေကြလေ။ အကယ်၍ ယခင်မြို့ရွာဟောင်းကို ပြန်တွေ့သော် ငါ၏နေရာဟောင်းဟု မှတ်ကြလေ”

သဝန်လက်ယာကွယ်လွန်လျှင် သဝန်ညီနောင်တို့သည် ဖင်ခင်မှာထားရင်း စကားအတိုင်း ပေါင်းလောင်းမြစ်ကို ဆန်တက်လာကြရာ ခပေါင်းချောင်းဟုခေါ်သော ချောင်းတက် ကို တွေ့ရှိသည်။
ထိုအခါ ဖခင်သဝန်လက်ယာ အမှတ်ထားအပ်သော နေရာဟုအတွေးမှားကြပြီးလျှင် ထိုချောင်းတက်အတိုင်းအနောက်သို့ လိုက်လာကြရာ အနောက်တောင်ရိုးမ၏ အငူကို တွေ့ကြသည်။ ထိုနေရာကို ဖခင်သဝန်လက်ယာမှာကြားသောအရပ်ဟူ၍ ထင်မှတ်ကြပြီးလျှင် တောင်ငူဟု အမည်မှည့်ဆို၍ မြို့ရွာတည်ထောင်ကြလေသည်။
(မှတ်ချက်။ ။ ထိုတောင်ငူအရပ်မှာ ယခုအခါ တောင်ငူမြို့၏ အနောက်တစ်မိုင်ခန့်အကွာ ကြက်ရိုးပင်ခေါ်သည့် ရွာအနီး၌ တောဖြစ်၍ နေပြီဖြစ်သည်။ ဖခင်သဝန်လက်ယာ မှာထားခဲ့သော ချောင်းတက်မှာ ဆွာချောင်းတက်ဖြစ်ပြီး၊ ယခုတွေ့ရှိသော နေရာကား ပေါင်းလောင်းချောင်းတက်သာ ဖြစ်၏။)

တောင်ငူမြို့ကို တည်ပြီးနောက် လူသူရုံးစည်း၍ နောက်ပါအခြွေအရံများလာသည်နှင့် ဤတောင်ငူကားကျဉ်းလှသည်။ ယခုထက်ကြီးသည့် မြို့ကို တည်အံ့ဟူ၍ မိမိတို့၏ ထောင်မှူးဖြစ်သည့် ကရင်ဘကိုခေါ်၍ မြို့ရွာတည်ရန် နေရာသစ်ကို ရှာကြပြန်သည်။
ထောင်မှူးကရင်ဘသည် တောင်ငူငယ်၏ မြောက်ဘက်တွင် နေရာသစ်ကိုတွေ့သဖြင့် ထိုနေရာ ကြခတ်တောကြီးကို ရှင်းပြီးလျှင် မြို့တည်ကြသည်။ ထိုမြို့၏ အမည်ကို တောင်ငူကြီးဟူ၍ ခေါ်ကြသည်။ (မှတ်ချက်။ ။ တောင်ငူကြီးသည် ယခုကြက်ရိုးပင်ရွာ၏ မြောက်ဘက်၊ ခပေါင်းမြစ်ဖျားမြောက်ဘက်တွင် တည်ရှိသည်။ ယခု တောဖြစ်နေပြီဖြစ်သော်လည်း ယင်းနေရာကို ယခုတိုင် တောင်ငူတော် ဟု ခေါ်ဆိုကြသည်။)
တောင်ငူကြီးကို သဝန်ညီနောင်တို့က သက္ကရာဇ် (၆၄၁) ခုနှစ်၊ ကဆုန်လဆန်း (၉) ရက် တနင်္လာနေ့တွင် စတည်ထောင်သည်။ ထိုတောင်ငူကို စိုးစံအုပ်ချုပ်သော မင်းများကာ အောက်ပါအတိုင်းဖြစ်သည်။
သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၁ မှ ၆၇၉

သဝန်ငယ်၊ သက္ကရာဇ် ၆၇၉ မှ ၆၈၆
စောနစ်၊ သက္ကရာဇ် ၆၈၆ မှ ၆၈၇
ကရင်ဘ၊ သက္ကရာဇ် ၆၈၇ မှ ၇၀၄
လက်ယာစကြာ၊ သက္ကရာဇ် ၇၀၄ မှ ၇၀၆
ထောက်လှေကား၊ သက္ကရာဇ် ၇၀၆ မှ ၇၀၈
သိင်္ဂပါမင်း၊ သက္ကရာဇ် ၇၀၈ မှ ၇၂၀
တောင်ငူပျံချီကြီး၊ သက္ကရာဇ် ၇၂၉ မှ ၇၃၇
မြို့စောင့်တလိုင်းမစ်န်၊ သက္ကရာဇ် ၇၃၇ (ခုနှစ်လသာ)
တောင်ငူပျံချီငယ်၊ သက္ကရာဇ် ၇၃၇ မှ ၇၄၁
စုက္ကတေး၊ သက္ကရာဇ် ၇၄၁ မှ ၇၄၅
မင်းဖောင်းကား၊ သက္ကရာဇ် ၇၄၅ မှ ၇၅၉
မင်းစောဦး၊ သက္ကရာဇ် ၇၅၉ မှ ၇၆၁
မင်းနေမိ၊ သက္ကရာဇ် ၇၆၁ မှ ၇၇၀ (တောင်ငူတွင် မင်းတစ်နှစ် လပ်၏)
မင်းလက်ယာ၊ သက္ကရာဇ် ၇၇၁ မှ ၇၇၃
စတုသင်္ခယာကြီး၊ သက္ကရာဇ် ၇၇၃ မှ ၇၇၇
သင်္ခယာငယ်၊ သက္ကရာဇ် ၇၇၇ မှ ၇၈၀ (ရှမ်းဖျက်၍ တောင်ငူ တစ်နှစ်လပ်၏)
ပန်းတောင်းမင်း၊ သက္ကရာဇ် ၇၈၁ မှ ၇၈၃
စောလူးသင်္ခယာ၊ သက္ကရာဇ် ၇၈၃ မှ ၇၉၇
ဥဇနာ (ဥစ္စနာ)၊ သက္ကရာဇ် ၇၉၇ မှ ၇၉၈
ဒုတိယမင်းစောဦး၊ သက္ကရာဇ် ၇၉၈ မှ ၈၀၄
မင်းတရဖျား၊ သက္ကရာဇ် ၈၀၄ မှ ၈၀၇
မင်းခေါင်ငယ်၊ သက္ကရာဇ် ၈၀၇ မှ ၈၁၃
မင်းငယ်ကျော်ထင်၊ သက္ကရာဇ် ၈၁၃ မှ ၈၂၁
မင်းကြီးဇေယျသူ၊ သက္ကရာဇ် ၈၂၁ မှ ၈၂၈
လက်ယာဇလသင်္ကြန်၊ သက္ကရာဇ် ၈၂၈ မှ ၈၃၂
စည်သူကျော်ထင်၊ သက္ကရာဇ် ၈၃၂ မှ ၈၄၃
မင်းကြီးစည်သူ၊ သက္ကရာဇ် ၈၄၃ မှ ၈၄၇
မင်းကြီးညို၊ သက္ကရာဇ် ၈၄၇ မှ ၈၉၂
တပင်ရွှေထီး၊ သက္ကရာဇ် ၈၉၂ မှ ၉၀၂
မင်းရဲသိင်္ခသူ၊ သက္ကရာဇ် ၉၀၂ မှ ၉၁၀
မင်းခေါင်၊ သက္ကရာဇ် ၉၁၀ မှ ၉၁၂
ဘုရင့်နောင်၊ သက္ကရာဇ် ၉၁၂ မှ ၉၁၄ (တောင်ငူမှ ဟံသာဝတီသို့ ပြောင်းရွှေ့စိုးစံသည်။)
မင်းခေါင်၊ သက္ကရာဇ် ၉၁၄ မှ ၉၄၆
မင်းရဲသီဟသူ၊ သက္ကရာဇ် ၉၄၆ မှ ၉၇၁
နတ်သျှင်နောင်၊ သက္ကရာဇ် ၉၇၁ မှ ၉၇၄

တောင်ငူကို သက္ကရာဇ် ၉၇၄၊ ဝါခေါင်လတွင် သံလျင်ငဇင်ကာ လာရောက်တိုက်ခိုက်သိမ်းယူကာ မြို့ကို မီးတိုက်ဖျက်ဆီးပြီး နတ်သျှင်နောင်ကို သံလျင်သို့ ခေါ်ဆောင်သွားသဖြင့် တောင်ငူပျက်သည်။

မင်းကြီးညိုတည်သည့် ကေတုမတီတောင်ငူမြို့

မင်းဆက် (၂၉) ဆက်မြောက်အဖြစ် စိုးစံသော မင်းကြီးညိုသည် ယခုတောင်ငူသည် ကျဉ်းမြောင်းလှသည်။ ပေါင်းလောင်းမြစ်နှင့်လည်း အလှမ်းကွာသည်။ မြို့ကို ပြောင်းရွှေ့ရန် မြို့သစ် တည်ရသော် ကောင်းအံ့ဟု ကြံ၍ တောင်ငူကြီးမှသည် ပဲပုပ်ချောင်း အနီးသို့ပြောင်း၍ မြဝတီအမည်ဖြင့် မြို့သစ်တည်ကာ ထိုနေရာတွင် ငါးနှစ်ခန့် စံမြန်းသည်။
(မှတ်ချက်။ ။ မြဝတီမြို့နေရာဟောင်းမှာ ယခုတောင်ငူမြို့၏ အနောက်မြောက် ပဲပုပ်ချောင်း အရှေ့ဘက်ရှိ သရက်မှော်တည်ရှိရာ နေရာဖြစ်သည်ဟု အဆိုရှိ၏။)

ထိုမှတဖန် မြဝတီနေရာကိုလည်း မကြိုက်နှစ်သက်ပြန်သဖြင့် ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ်ဆုံရာ အရပ်ဖြစ်သောနေရာကို ရွေးချယ်၍ မြို့ပြောင်း စံမြန်းတော်မူပြန်သည်။ ယင်းမြို့အမည်မှာ ဒွာရာဝတီဖြစ်သည်။ ဒွါရာဝတီကို သက္ကရာဇ် (၈၅၃) ခုနှစ်တွင် တည်တော်မူ၍ နှစ်ပေါင်း (၂၀) ကျော်မျှ စံမြန်းတော်မူသည်။

ထိုဒွါရာဝတီမြို့မှာ လူနေများပြားစည်ကား သိုက်မြိုက်လာသည်သာမက အင်းဝမှာလည်း ရွှေအနော်ရထာ အရေးကြောင့် ကောင်းစစ်လေးမှူး၊ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်တို့နှင့် လူအများ ခိုဝင်လာကြသည့်အတွက် မြို့သစ် တည်ရန် ကြံတော်မူပြန်သည်။
မြို့တည်နေရာကို ရှာရာတွင် ပေါင်းလောင်းမြစ်၏ အနောက်ဘက်တွင် လျော်ကန် သင့်မြတ်သည့်နေရာကို တွေ့ရသဖြင့် သက္ကရာဇ် (၈၇၂) ခုနှစ်၊ တန်ဆောင်မုန်းလပြည့်၊ အင်္ဂါနေ့တွင် တောင်ငူမြို့ကို တည်ထောင်တော်မူပြီး၊ ကေတုမတီဟူသော အမည်ကို သမုတ်တော်မူသည်။ မြို့ကို တည်သောအခါ ယခု လေးကျွန်းကန်တော်ဟု ခေါ်ကြသော “ကြာအင်း” ကို မြို့အတွင်းသို့ သွင်း၍တည်တော်မူသည်။

ဆက်ရန်
(စာရေးသူ ကိုဟိန်းဇေ)


Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဘုရင့်နောင်၏ ရှမ်းစော်ဘွားများကို အောင်နိုင်ခြင်း



အင်းဝကိုရပြီးလျှင် အုန်ဘောင်ခုံမှိုင်း၏ သားစားသည့် စဥ့်ကူးကိုတိုက်ပြီးအောင်လျှင် သက်တော်ရှည် ကိုမြို့စားခန့်သည်။ အင်းဝသို့စစ်ကူလာသည့် မိုးကောင်း၊မိုးညှင်း နှင့် ကလေးစော်ဘွားတို့၏ တပ်များသာဝတ္တိတွင် တပ်ချနေသည်ကို တိုက်ပြီးပျက်လျှင် ပခန်းကြီးစား၊ဒီပဲယင်းစား (မိုးညှင်းစော်ဘွား၏ယောက်ဖ) နှင့်စည်ပုတ္တရာ စားတို့ ကျွန်ခံလာကြသည်။

မိုးညှင်းစော်ဘွား၏တူ ၀န်းသိုစား တပ်ချနေသည့် တဆယ်ရွာကို ညီတော် အင်းဝဘုရင်ခံ သတိုးမင်းစောတိုက်ခိုက် အနိုင်ယူသည်။ နောက်သာဝတ္တီတွင်တပ်ပျက်ပြီးမြေဒူးတွင် တပ်ချနေသည့်စော်ဘွားတပ်သုံးတပ်ကိုတဆက်တည်းတိုက်သည်။စော်ဘွားတပ်များ ပျက်ပြန်သည်။

ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ၏ရေတပ်များက ဓပ္ပါယ်နဂိုရ်၊ကြံညှပ်၊တကောင်း၊ချွန်တောင်၊မြတောင် နှင့်ထီးကျိုင်း အစရှိသည့် မြို့များကို တိုက်ခိုက်သိမ်းသွင်းသည်။ ထိုနောက် ဘုရင့်နောင်သည် မြေဒူးအထိချီတက်ကာ အထက်တစ်လွှားတည်ငြိမ်ရေးအတွက် လက်ရမြို့များတွင် မိမိသစ္စာခံ အမတ်များကိုမြို့စားခန့်လေသည်။

သက်ရှည်ကျော်ထင် အား မြေဒူး
လက်နက်ချ ဒီပဲယင်းစားအား သီဟပသေ့ဘွဲ့ဖြင့် ပခန်းကြီး
လက်နက်ချ ပခန်းကြိးစားအား ဇေယျသင်္ကြန်ဘွဲကဖြင့် မြေထဲ
လက်နက်ချ စည်ပုတ္တရာစားကို သင်္ခယာဘွဲ့ဖြင့် ဗဒုံ
ဇေယျထီးလှိုင်အား စည်ပုတ္တရာ
ကမ်းနီစား နှင့် အမြင့်စားတို့ကို စားမြဲအတိုင်း

အသီးသီးသစ္စာပေးကာ ခန့်ထားလေသည်။ပြီးလျှင် မြေဒူးမှ အင်းဝသို့ပြန်ရာ ၉၁၇၊ကဆုန်လဆန်း ၂ ရက်၊စနေနေ့တွင် ရောက်ကာ ဟံသာဝတီသို့ နယုန်လပြည့်ကျော် ၁ ရက်၊သောကြာနေ့တွင်ရောက်ရှိသည်။
သာဿနာရေးဆောင်ရွက်ခြင်း၊နိုင်ငံတော်အားပြုပြင်ခြင်း

ဟံသာဝတီသို့ပြန်ရောက်ပြီးလျှင်သာဿနာရေး နှင့် ပတ်သတ်ပြီး ဆောင်ရွက်လေတော့သည်။

တောင်ငူရှိ ခမည်းတော် မင်းရဲသီဟသူ၏ကောင်းမှုဖြစ်သည့် မြစည်းခုံစေတီကို ထီးတော်တင်ရန် ရွှေ ၅ ပိဿာ ၃၅ ကျပ်သားကို ညီတော် တောင်ငူမင်းခေါင်အားပေးသည်။
ခမည်းတော်၏ဆရာတော် ရှင်သဒ္ဒမ္မပါလ အားဇေတ၀န်ကျောင်းနှင့် အရံကျောင်း ၃၀ ဆောက်ကာလှုဒန်းသည်။
သီရိလင်္ကာရှိ ဓမ္မပါလ မင်း၏ဖိတ်ကြားချက်အရ သီရိလင်္ကာရှိ စွယ်တော်မြတ်စေတီအား လုပ်ကျွေးရန် မြေ ငွေ ၁၀၀ ဖိုးဝယ်ကာလှုဒန်းသည်။ ရွှေ၊ငွေ၊ကျောက်သံပတ္တမြား အများအပြားပင် သင်္ဘောဖြင့် စေလွတ်ပူဇော်စေသေးသည်။
သက္ကရာဇ် ၉၁၇ ၊တပေါင်းလပြည့်ကျော် ၃ ရက်တွင် ကျုက်ထီးရိုးဘုရားသို့ စစ်အင်္ဂါလေးပါးဖြင့်ချီတက်ပြီး ထီးတင်သည်။မိမိဆောင်းသည့် ဦးဗောင်းတော်ကိုဖျက်ကာ ရွှေချိန် ၇၅ ကိုထီးစလောင်းပြုပြီးလှုပြန်သည်။
သမိန်ထောရာမကို ဦးဦးဖျားဖျားအောင်နိုင်ရာအရပ်တွင်မြို့သစ်တည်ပြီး မဟာသံဃရာဇာ ကိုကျောင်းဆောက်လှုသည်။
မြတ်စွာဘုရားဟောကြားသည့် တရားတော်များကို မွန်၊မြန်မာ၊ယွန်း ဆရာတော်များထံအပ်ကာ သင်ကြားပို့ချစေသည်။

နတ်တော်လှန်ရေး

ဘုရင့်နောင် နန်းတက်စက လူအများသည် လွှဲမှားသည့် အယူများဖြင့် နတ်ပူဇော်ပသခြင်းအလေ့တွင် တည်ကြသည်။အထူးအဖြင့် အတက်တစ်လွှားရှိ ပုဂံနှင့် အနီးအပါးဒေသများတွင် နှစ်စဉ် နတ်များအား ကျွဲ၊နွား၊၀က်၊ကြက်များ သတ်ကာအိမ်ရှေ့တွင် ထိုတိရိစ္ဆာန်တို့၏ ဦးခေါင်းများကို ကြိုးဖြင့်သီကာ ချိတ်ဆွဲထားဖြင်းဖြင့်ပူဇော်လေ့ရှိသည်။ထိုသို့ရိုင်းစိုင်းလှသည့် အယူဝါဒကို တားမြစ်ကာ ပပျောက်သည်အထိနှိမ်နှင်းခဲ့သည်။ ထို့အပြင် ပသိကုလားတို့၏ ဘက္ကရီအစ် အထိမ်းအမှတ်တွင် ကျွဲနွားသတ်သည့် ဓလေ့ကိုလည်းတားမြစ်သေးသည်။

ရှမ်းစော်ဘွားတို့၏အယူမှားများကိုပြုပြင်စေခြင်း

အထက်ရှမ်းနယ်တစ်လွှားတွင်လည်း စော်ဘွားတို့သေလွန်လျှင် ၄င်း၏ ဆင်မြင်း၊ကျွန်၊အခြွေအရံ တို့ကိုပါသတ်ပြီး အတူမြုပ်နှံသည့် အယူမှားကို ပယ်စေပြီးသာဿနာတော်တည်တံ့ပြန့်ပွားရေးအတွက် မိုးမိတ်နှင့်အုန်းပေါင်တို့တွင် စေတီတစ်ဆူကျစီတည်သည်။မိုးမိတ်တွင် ကျောင်းကြီးတစ်ဆောင်နှင့် အရံကျောင်း ၁၀ ဆောက်ကာ ကျမ်းဂန်တတ်ဆရာတော်များကို ကျောင်းထိုင်သီတင်းသုံးစေပြီး စော်ဘွားနှင့် မှူးမတ်များကို တစ်လ ၄ သီတင်း ဥပုပ်ဆောက်တည်စေသည်။မြို့ရွာများတွင်လည်း စစ်ကဲများကိုစော်ဖန်စေလျက် ပြည်သူများကို တရားနာစေသည်။

အတိုင်းအတာ တို့ကိုတစ်ပြေးညီဖြစ်စေခြင်း

ပြည်နယ်နှင့် ဟံသာဝတီမြို့တော်တို့ကို အလေးတင်းတောင်း ချိန်ခွင်တို့ကို တညီတည်းဖြစ်စေရန် တင်း၊ခွဲ၊စိတ်၊ပြည် အစရှိသဖြင့်၎င်း၊ ငွေကြေး စနစ်တွင်လည်း မူး၊ပဲ၊ကျပ်၊ဆယ်၊ရာ တို့ကို တညီတည်းရှိစေရန် သတ်မှတ်ခဲ့သည်။
ရှမ်းပြည်(၁၅၅၇)

သက္ကရာဇ် ၉၁၈ တွင်အုန်းဘောင်စော်ဘွား(စော်ဘွားပေါ်)လွန်၍ ညီတော်စဆိုင်းလုံ ဆက်ခံသည်တွင် မိုးနဲစော်ဘွားမကျေနပ်လေသဖြင့်အုန်းဘောင်ကို တိုက်ခိုက်လာသည်။အုန်းဘောင်စော်ဘွားသစ်ကလည်း မင်းတရားကြီးထံ လက်ဆောင်များဆက်သပြီး အကူတောင်းလာသည်။သို့သော် မည်သို့မှအရေးမဆိုရသေးခင်ပင် မိုးနဲစော်ဘွားအတင်းတိုက်သဖြင့် အုန်းဘောင်ကျကာ စော်ဘွား စဆိုင်းလုံ လည်းသေပြန်သည်။

ထိုသို့ရှမ်းပြည် တလွှားတွင် မငြိမ်မသက်ရှိစဉ် မင်းတရားကြီးလည်း ရှမ်းပြည်ကိုလက်နက်နိုင်ငံအတွင်းသွပ်သွင်းရန်အတွက် စစ်တပ်ကြီးဖွဲ့ကာ စစ်ကြောင်းသုံးကြောင်းခွဲပြီးချီလေသည်။

"ကင်းတားရွာငံကြောင်း"ချီတပ်တွင် ညီတော်တောင်ငူမင်းခေါင် နှင့် သားတော်မဟာဥပရာဇာတို့ကိုဦးစီးစေစည်။ မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀၀၊မြင်း ၆၀၀၀ နှင့်သူရဲ၁၂၀၀၀၀ ဖြစ်သည်။ဟံသာဝတီမှ ကေတုမတီ(တောင်ငူ)၊ ထိုမှတစ်ဆင့် လှိုင်းတက်ကိုတိုက်ကာ ကင်းတားရွာငံကြောင်းချီသည်။
"အင်းဝ-ဆင်ခေါင်းကြောင်း"ချီတပ်ကိုအင်းဝဘုရင်ခံသတိုးမင်းစော ဦးဆောင်သည်။မြင်း ၅ တပ် နှင့် ဆင် ၁၁ တပ်ပါဝင်ပြီး စုစုပေါင်းအင်အားမှာ ဆင် ၃၀၀၊မြင်း ၆၀၀၀ နှင့်သူရဲ၁၂၀၀၀၀ ဖြစ်ကာ "ကင်းတားရွာငံကြောင်း"ချီတပ်နှင့် အတူတူပင်ဖြစ်သည်။ အင်းဝမှဆင်ခေါင်း၊ထိုမှ အုန်းဘောင်သို့ချီတက်သည်။
"ရေကြောင်းချီတပ်တော်"တွင် မင်းတရားကြီးကိုယ်တိုင်ဦးစီးကာချီသည်။ရှေ့ချီတပ် ၁၅ တပ်ထားကာ အလယ်တွင် မင်းတရားကြီး၏ တပ်မကြီး လိုက်သည်။ နောက်တွင် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာဦးစီးသည့် ၆ တပ်လိုက်ရသည်။တပ် ၂၂ ပေါင်းအင်အားမှာ ရဲလှေပေါင်း ၁၅၀၀၊လှော်ကားသံလှေ ၃၀၀၊ရိက္ခာတင်လှေ ၁၀၀၀ နှင့် စစ်သူရဲ ၁၂၀၀၀ ပါဝင်သည်။

ရေကြောင်းချီတပ်မကြီး ပုဂံ အရောက်တွင် ကုသိုလ်ကောင်းမှုပြုပြီး တလုပ်မြို့သို့ဆက်လက်ချီတက်သည်။ တလုပ်အရောက်တွင် မိုးညှင်းစားယောက်ဖဖြစ်သူ ပခန်းကြီးစားနှင့် ဗဒုံစားတို့လာရောက်ခစားပြီး မိုးညှင်းစားအားအရဖမ်းကာဆက်သမည့်အကြောင်းလျှောက်တင်သည်။ထိုမှဆက်လက်ထွက်ခွာလာပြီး အင်းဝတောင်ဘက် တောင်ဘီလူး အရောက်တွင် တပ်ချကာနေစဉ် သုံးဆယ်စော်ဘွားက ဆင်နှစ်စီး နှင့်သမီးတော် ကိုလည်းကောင်း၊မှိုင်းလုံစော်ဘွား(အုန်းဘောင်စော်ဘွားကြီး၏မြေး)ကလက်ဆောင်များ နှင့် သမီးတော်ကို လည်းကောင်းအသီးသီးဆက်သလာသည်။

ကင်းတားရွာငံကြောင်းချီတပ်မကို ရှေ့သို့တိုးကာ သုံးဆယ်မှ မိုးညှင်း၊မိုးမိတ် တို့ကိုတိုက်ရန်အမိန့်ပေးကာ သုံးဆယ်စော်ဘွားနှင့် မှိုင်းလုံစော်ဘွား တို့ကိုပါ ထိုတပ်နှင့်အတူလိုက်ပါချီတက်စေသည်။

နောက် မင်းတရားကြီးသည် အင်းဝမှ ဖောင်တော်ဖြင့် အညာသီဟတော တိုင်ချီသည်။ ဘယနန်သူ နှင့် ဒေ၀ကူမ္မာ တို့ကိုမူ ဆင်၁၅၀၊မြင်း ၁၀၀၀ ပါကြည်းတပ်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စမ္ပါယ်နဂိုရ် သို့ချီတက်စေသည်။မင်းတရားကြီး သီဟတော အရောက်တွင် ကုသိုလ်ကောင်းမှုပြုအပြီး စမ္ပါယ်နဂိုရ် တစ်ဖက်ကမ်းရှိ မလည်အရပ်တွင် တပ်ချရပ်နားကာနေသည်။ နောက်တပ်ကို ကြည်း၊ရေ ပြန်ဖွဲ့စည်းပြီးမှ မိုးမိတ်သို့ချီတက်သည်။

မိုးမိတ်သို့မရောက်မှီ တစ်စခန်းအလိုတွင် မိုးမိတ်စော်ဘွားလည်း တိုက်ဆင် ၅၀၊မြင်း ၂၀၀၀ ရဲမက် ၄၀၀၀၀ ဖြင့် သား၊သားမက် နှင့် ညီ တို့ကိုစေလွှတ်ပြီးစီးကြိုတိုက်စေသည်။သို့သော် မင်းတရားကြီးတပ် မှာအင်အားကြီးလှသည့်အတွက် မခံနိုင်ပဲ ပြေးရလေရာ ဆင် ၆ စီး၊မြင်း ၇၀ ကျော် နှင့် လူ ၈၀၀ ကျော်ကို ဖမ်းရလေသည်။မိုးမိတ်စော်ဘွားလည်း မြို့တွင်းမှ မခံဝံ့သဖြင့် အုန်းဘောင်သို့ ကူးကာပေါင်းရန်ပြေးလေသည်။ညီတော် ပြည်ဘုရင်ခံ သတိုးဓမ္မရာဇာ တပ် ၉တပ်ဖြင့်နောက်မှ အပြင်းလိုက်သည်။

အုန်းဘောင်မရောက်မှီတွင် ညီတော် တောင်ငူမင်းခေါင်၊သားတော် မဟာဥပရာဇာတပ် နှင့် အင်းဝ သတိုးမင်းစောတပ်တို့ ပေါင်းမိကာ ချီတက်ကြသည်။တောင်ငူမင်းခေါင်အား တပ်၈တပ်ဖြင့် လက်ယာကြောင်း၊အင်းဝ သတိုးသတိုးမင်းစော ၉တပ်ဖြင့် လက်ဝဲကြောင်း၊သားတော် မဟာဥပရာဇာက တပ် ၈တပ်ဖြင့် အလယ်ကြောင်းအသီးသီးချီတက်ကာ အုန်းဘောင်မရောက်မှီတွင် အုန်းဘောင်စော်ဘွားက ဆင် ၁၅၀၊မြင်း ၃၀၀၀၊သူရဲ ၇၀၀၀၀ဖြင့်သားတော်မဟာဥပရာဇာတပ်ကိုတိုက်လာသည်။ တောင်ငူမင်းခေါင်တပ်က ကူညီတိုက်ပေးကာ အင်းဝ သတိုးမင်းစောတပ်က အုန်းဘောင်မြို့ကို ၀င်တိုက်သည်။

ထိုသို့ဖြင့် အုန်းဘောင်လည်း လက်အောက်ခံဖြစ်ရပြန်သည်။မိုးမိတ်တွင် မင်းတရားကြီး စံနေစဉ် မိုးညှင်းလက်အောက်ခံဖြစ်သည့် မိုးလ၊မိုးဝန်း၊စကားတောင် အစရှိသည် မြို့ရွာများမှ မြို့စားများလည်း လာရောက် လက်နက်ချခိုလှုံကြသည်။ထွက်ပြေးသည့် မိုးညှင်းစားကို ပြည်သတိုးဓမ္မရာဇာ ဖမ်းမိပြီး လက်ရောက်ဆက်သသည်။ထိုနောက် မိုင်းလုံစား နှင့် သုံးဆယ်စားတို့ကို သစ္စာပေးကာ အဆောင်အယောင်များချီးမြှင့်သည်။ အုန်းဘောင်စော်ဘွားနှင့် မိုးညှင်းစော်ဘွားတို့ကိုမူ သားမယားနှင့်တကွ ဟံသာဝတီသို့ပို့စေသည်။နောက် သားတော်ညီတော်များ၊အမှုးအမတ်များနှင့်တိုင်ပင်ပြီး မိုးညှင်းနှင့် မိုးကောင်း သို့ချီတက်ရန်အတွက် စစ်ပြင်သည်။

သားတော် မဟာဥပရာဇာကို တပ်၇တပ်ဖြင့် လက်ယာကြောင်း
ပြည်သတိုးဓမ္မရာဇာကို တပ်၇တပ်ဖြင့် အလယ်ကြောင်း
အင်းဝသတိုးမင်းစောကို တပ်၁၀တပ်ဖြင့် လက်ဝဲကြောင်း
ထိုတပ်များနောက်တွင်မှ မင်းတရားကြီး၏ တပ် ၁၆ တပ်ပါတပ်မကြီး
နောက်ဆုံးတွင်မှ တောင်ငူမင်းခေါင်ကို တပ်၁၀တပ်ဖြင့် နောက်ချန်တပ်အဖြစ် အသီးသီးချီတက်စေသည်။

မိုးကောင်း၊မိုးညှင်းစားတို့လည်းမင်းတရားကြီးချီတက်လာသည်ကိုကြားလျှင် မြို့မှထွက်ကာ နွယ်ပတ်ပုတော တွင် တပ်ချကာအခိုင်အလုံနေသည်။ထိုအကြောင်းကို ရှေ့မှချီသည့်တပ် ၃ တပ်ကြားလျှင် အောင်ပွဲယူရန် အပြိုင်အဆိုင်ချီတက်ရာ အင်းဝသတိုးမင်းစော ဦးစွာရောက်ပြီးတိုက်ခိုက်အောင်မြင်သည်။သားတော်မဟာဥပရာဇာတပ်နောက်မှရောက်ပြီး လူသူသုံ့ပန်းများဖမ်းဆီးသည်။

ထိုအခါ မိုးကောင်းစားလည်း လက်နက်ချ အညံ့ခံသည့်အနေဖြင့်အ သက်မှလွတ်ရန်မိုးညှင်းစားကို ဖမ်းပြီးဆက်သလာကာ တောင်းပန်သဖြင့် သစ္စာပေးကာ စားမြဲအတိုင်း မိုးကောင်းကို ဆက်စားစေသည်။မိုးညှင်းကိုမူ သစ္စာခံသူ ဒီပဲယင်းစားအား ပေးစားပြီး "ဇလုံ" ဟူသောဘွဲ့နှင့် စော်ဘွားကြီးအရာကိုလည်းပေးသည်။မိုးညှင်းစော်ဘွား၏သားကိုမူ "မိုးလုံ"ဘွဲ့ဖြင့် ဒီပဲယင်းကိုစားစေသည်။သို့ဖြင့် ရန်အပေါင်းကုန်စင်လျှင် မင်းတရားကြီးသည်သက္ကရာဇ် ၉၁၉၊ကဆုန်လဆန်း ၂ ရက် တွင် မိုးကောင်းမှ အင်းဝသို့ပြန်ပြီးကဆုန်လပြည့်ကျော် ၁၄ ရက်နေ့တွင် ရောက်သည်။အင်းဝတွင် အောင်ပွဲရမှုးမတ်များအား ဘွဲ့ထူး၊ဂုဏ်ထူးများချီးမြင့်ပြီးဝါဆိုလဆန်း ၆ ရက်တွင် အင်းဝမှထွက်ပြီး ဟံသာဝတီသို့ ၀ါခေါင်လဆန်း ၁၃ ရက်တွင်ရောက်လေသည်။

အထက်ရှမ်းပြည်တလွှားကို လက်နက်နိုင်ငံအဖြစ်သိမ်းသွင်းအပြီးတွင် ယခင်ကတည်းက သစ္စာခံဖြစ်ခဲ့သည့် မိုးနဲစားမှာထောင်ထားခြားနားကာ သီပေါကိုတိုက်ခိုက်ပြီး သီပေါစော်ဘွားကိုသတ်လေသည်။နောက် သုံးဆယ်စော်ဘွားပိုင်နက်တိုင် ကျူးကျော်လေသည်။ ထိုအခါ မင်းတရားကြီးလည်း ရှမ်းပြည်သို့တဖန်ချီတက်ရန် စစ်ပြင်ဆင်လေသည်။

သားတော်ပဟာဥပရာဇာကို ဆင်၃၀၀၊မြင်း ၃၀၀၀၊ရဲမက် ၈၀၀၀၀ ပါတပ်၁၀ တပ်ဖြင့်လက်ယာကြောင်း၊
တောင်ငူမင်းခေါင်ကို ဆင်၃၀၀၊မြင်း ၃၀၀၀၊ရဲမက် ၈၀၀၀၀ ပါတပ်၁၀ တပ်ဖြင့်လက်ဝဲကြောင်း၊
ပြည်သတိုးဓမ္မရာဇာကို ဆင်၃၀၀၊မြင်း ၃၀၀၀၊ရဲမက် ၈၀၀၀၀ ပါတပ်၁၀ တပ်ဖြင့် အလယ်ကြောင်း၊
အင်းဝသတိုးမင်းစောကို မိုးညှင်း၊မိုးကောင်း၊မိုးမိတ်စော်ဘွားတပ်များအားဦးစီးစေပြီး ဆင်၃၀၀၊မြင်း ၃၀၀၀၊ရဲမက် ၈၀၀၀၀ ပါ တပ်၈ တပ်ဖြင့် ဆင်ခေါင်း၊သုံးဆယ်၊သီပေါ အထိ သီးသန့်ချီစေသည်။
မင်းတရားကြီးကိုယ်တိုင် တပ်ပါင်း ၁၂ တပ်တွင် ဆင်၅၀၀၊မြင်း၆၀၀၀၊သူရဲ ၁၀၀၀၀ဖြင့် နောက်တပ်အဖြစ်ချီတက်သည်။

ဟံသာဝတီ မှ မိုးနဲသို့ ၉၁၉၊တန်ဆောင်မုန်းလဆန်း ၉ ရက်တွင် စတင်ချီလေသည်။

ဟံသာဝတီမှ ကေတုမတီ(တောင်ငူ) ထိုမှစစ်ကြောင်းဖြန့်ကာ အသီးသီးချီလေသည်။အလယ်ကြောင်းချီသည့်ပြည်သတိုးဓမ္မရာဇာ တပ်ကို မိုးနဲသစ္စာခံများဖြစ်သည့် မိုးဗြဲ၊နောင်မွန်၊ယောက်စောက်၊စကား စားများက အသီးသီးဆီးကြိုတိုက်ခိုက်ရာ ယောက်စောက်စားတပ်ကို တိုက်ပြီးအောင်မြင်ကာ နာစုံတောင်ရှိ မင်းတရားကြီးတပ်သို့ ပြန်ပူးပေါင်းပြီးနေသည်။ထိုမှ တပ် များကို စစ်ကြောင်း ၅ ကြောင်းဖြန့်ကာ ချီစေသည်။

မိုးနဲစားလည်း ညီတော် ပြည်သတိုးဓမ္မရာဇာတပ်ကို တောင်ကြားတစ်ခုအရောက်တွင် ထပ်မံတိုက်ရာ ပြည်မင်းလည်း မတိုက်သာသဖြင့် လွင်ပြင်သို့ဆုတ်သည်။ လွင်ပြင်ကျယ်ရာအရပ်ရောက်မှ နောက်မှ လိုက်လာကြသည့် မိုးနဲစော်ဘွားတပ်ကို ပြန်လှည့်ပြီးအပြင်းတိုက်လျှင် မိုးနဲတပ်ပျက်လေသည်။နောက် မိုးနဲသို့ဆက်လက်ချီတက်သည်။

ထိုအခါမိုးနဲစော်ဘွားလည်း ကြောက်ရွံလေသဖြင့် မြို့ကိုစွန့်ပြေးလေသည်။သို့သော် တပ်များဖြန့်ကာ ရှာစေသဖြင့် မိုးနဲစားလည်း သားတော် မိုင်းကိုင်စားကို လက်ဆောင်များနှင့် တကွဆက်သစေပြီး အသက်မှလွတ်ရန် လျှောက်ထားတောင်းပန်သည်။မင်းတရားကြီးလည်း သနားစိတ်ဖြစ်ကာ အသက်မှချမ်းသာပေးသည့်အပြင် စားမြဲအတိုင်း မိုးနဲကိုဆက်စားစေသည်။ နောက်ထွက်ပြေးတိမ်းရှောင်နေသောမိုးနဲသစ္စာခံများဖြစ်ကြသည့်ညောင်ရွှေ၊ယောက်စောက်၊မိုးဗြဲ၊ နောင်မွန်၊စကား စော်ဘွားများကိုလည်း ပြန်လည်သစ္စာပေးကာ စားမြဲအတိုင်းစားစေသည်။

ဇင်းမယ်(၁၅၅၈)

အေဒီ ၁၅၅၇ အရောက်တွင်ဘုရင့်နောင်မင်းကြီးသည် ဇင်းမယ်ကိုချီတက်တိုက်ခိုက်ရန် စီစဉ်လေသည်။အကြောင်းမှာ ဗညားပရံ အမည်ရှိအမတ်က"ဇင်းမယ်မှာ မြို့ရံ ၅၇ မြို့ရှိပြီး တစ်ကြိမ်မှ မပျက်စီးဖူးဟုကျော်ကြားသည်။ထို့ကြောင့်ဇင်းမယ်ကို ချီတက်သိမ်းပိုက်ကာ လက်နက်နိုင်ငံထူထောင်သင့်သည် "ဟုလျှောက်သောကြောင့်ဖြစ်သည်။ဇင်းမယ်ချီစစ်ကြီးတွင်

သားတော်မဟာဥပရာဇာကို တပ် ၁၀ တပ်ဖြင့်ရှေ့ဖျားချီတပ်၊
ထိုနောက်မှ အင်းဝသတိုးမင်းစော အား တပ် ၈ တပ်ဖြင့်၊
ထိုနောက်မှ ပြည်သတိုးဓမ္မရာဇာ အား တပ် ၁၀ တပ်ဖြင့်၊
ထိုနောက်မှ မင်းတရားကြီးက တပ် ၁၂ တပ်ပါတပ်မကြီးဖြင့်၊
နောက်ဆုံးမှ တောင်ငူမင်းခေါင်က တပ် ၁၀ ဖြင့် နောက် ချန်တပ်အဖြစ် အစဉ်အတိုင်းချီလေသည်။

စစ်ချီလမ်းကြောင်းမှာမိုးနဲမှ သံလွင် ဓါးဝင်ဆိပ်၊ဓါးဝင်ဆိပ်မှ ဖောင်များဖြင့် သံလွင်မြစ်ကို ဖြတ်ပြီးတစ်ဖက်ကမ်းအရောက်တွင် တပ်များဖြန့်ကာချီစေသည်။

သားတော်မဟာဥပရာဇာတပ်ကို လက်ယာကြောင်း၊
ပြည်သတိုးဓမ္မရာဇာတပ်ကို အလယ်ကြောင်း၊
အင်းဝသတိုးမင်းစောတပ်ကို လက်ဝဲကြောင်း၊
ထိုနောက်မှ မင်းတရားကြီး နှင့် တောင်ငူမင်းခေါင်တပ်များ လိုက်သည်။

ဇင်းမယ်မင်း ဗြစဲစစ် သည်ဟံသာဝတီတပ်များချီတက်လာသည်ကို ကြားလျှင် မြို့ကို အခိုင်အလုံဖြစ်စေရန် ကျုံး၊မြောင်း၊ကတုတ်၊ ရင်တားတို့ကို ပြင်ဆင်ကာအမြောက်၊လက်နက်များကိုလည်း မြို့ရိုးပေါ်တင်ကာစောင့်လေသည်။မင်းတရားကြီးလည်း ဇင်းမယ်ရောက်လျှင် မြို့မြောက်ဖက်တွင် "ရတနာအောင်ထင်"ဟုသမုတ်ကာ တပ်ချနေသည်။

ဇင်းမယ်သို့တပ်များအလုံးစုံရောက်လျှင် တပ်မှုးများကို ခေါ်ကာ ညီညီညာညာတိုက်ရန်အချိန်းအချက်ပေးပြီး၊ အမိန့်မလိုက်နာလျှင် သတ်စေဟုမိန့်သည်။သတ်မှတ်သည့်အချိန်ရောက်သည်နှင့် တပြိုင်နက် တပ်များက ရွတ်ရွတ်ချွံချွံ တပြိုင်နက်တိုက်သဖြင့် ခဏတွင်းနှင့် ဇင်းမယ်မြို့တစ်ခြမ်းပျက်တော့သည်။ထိုအခါမှ ဇင်းမယ်မင်းဗြစဲစစ်လည်း ကြောက်ရွှံသဖြင့် လက်ဆောင်များနှင့် အညံ့ခံလာလေသည်။မင်းတရားကြီးလည်း အသက်မှလွတ်သည့်အပြင် ရာထူးမှလဲမချပဲ သစ္စာပေးပြီးဇင်းမယ်မြို့ကိုသာ မင်းအဖြစ် ဆက်လက်အုပ်ချုပ်စေသည်။ထို့ပြင် ဇင်းမယ်မြို့ရံ ၅၇ မြို့မှ မြို့စားများကို ခေါ်ယူစေပြီး အသီးသီး သစ္စာပေးကာ စားမြဲအတိုင်း ဆက်လက်စားစေသည်။

နောက်ဇင်းမယ်ရှိ ပျက်စီးနေသော ဘုရားကျောင်းကန်များကို ပြုပြင်ခြင်း၊ပိဋိကပ် တော်များကို ပို့ချပြန့်ပွားစေခြင်းတို့ကို ပြုသည်။နောက် ဇင်းမယ်မှ လက်မှုအနုပညာရှင်များ၊ဆေး၊ဆင်၊မြင်း ကျွမ်းကျင်သူများ ကိုဟံသာဝတီသို့ ခေါ်ဆောင်ကာ အကွက်ချနေထိုင်စေသည်။ထိုနောက် ဗညားဒလ နှင့် ဗညားစက်တို့ကို ဆင် ၁၀၀၊မြင်း ၁၀၀၀ နှင့် သူရဲစစ်သည် ၁၀၀၀၀ ဖြင့် ဇင်းမယ်တွင် မြို့စောင့် အဖြစ်ထားခဲ့သည်။ယိုးဒယား နယ်စပ်တွင်လည်း ကင်းတို၊ကင်းရှည်များကို စီရင်စေသည်။နောက် မိုးနဲမှ အင်းဝသို့ပြန်မည်ဟုမိန့်ကာ မိုးနဲသို့ပြန်လေသည်။

ဇင်းမယ်ချီတပ်တွင် မကျန်းမာဟုဆိုကာ လိုက်ပါအမှုထမ်းခြင်းမရှိသည့်မိုးနဲစားနှင့် ညောင်ရွှေစော်ဘွား၊ ယောက်စောက် စော်ဘွား တို့သည် သံလွင် ဓါးဝင်ဆိပ် တံတားကိုဖျက်ခြင်း၊အစောင့်ရဲမက် ၃၀၀ ကျော်ကိုသတ်ခြင်းတို့ကို ပြုလုပ်ကာ ပုန်ကန်တော့သည်။ သို့သော် သံလွင်မြစ်ကို ရအောင် ဖြတ်ကူးမိသည်နှင့် တပြိုင်နက် ထိုစော်ဘွားများက အကြောင်းအမျိုးမျိုးပြကာ ခွင့်လွတ်ရန် တောင်းပန်ကြသဖြင့် အသက်မှလွတ်သော်လည်း အရာမှ နုတ်လေသည်။

မိုးနဲကို စော်ဘွား၏သားဖြစ်သူ သိုခဲ၊
ညောင်ရွှေကို စော်ဘွား၏သားဖြစ်သူ စမော်ခန် တို့အား အသီးသီး လွှဲအပ်စေပြီးအရာခန့်လေသည်။
ထိုနောက် သိန္နီစော်ဘွား လည်းလာရောက် သစ္စာခံသည်။

ဇင်းမယ်သို့ပြန်ချီစေခြင်း

ထိုအချိန်တွင် ဇင်းမယ်မင်းလက်အောက်ရှိ ဗြဲ၊အနန်း၊လကွန်း၊တုရိုင်း စသည့်မြို့ရံများမှ မြို့စားများသည် လင်ဇင်းမင်းထံ ကူးပြောင်းသစ္စာခံပြီး ပုန်ကန်သည့်အတွက် ဇင်းမယ်မင်း ဗြစဲစစ်(ဗြစံစစ်)သည် မင်းတရားကြီးထံလျှောက်တင်ကာ စစ်ကူရန်တောင်းလေသည်။ထိုစစ်ကိုမူ အင်းဝသတိုးမင်းစောကို ဦးဆောင်ကာချီတက်စေသည်။စစ်အင်အားမှာ တပ်ပေါင်း ၁၇ တပ်တွင် ဆင်၅၀၀၊မြင်း ၆၀၀၀ နှင့် စစ်သည်သူရဲ ၁၄၀၀၀၀ ဖြစ်သည်။ရွာငံကြောင်းချီကာ ညောင်ရွှေ၊မိုးနဲ၊ဓါးဝင်ဆိပ်မှ ဇင်းမယ် ဖြစ်သည်။ဇင်းမယ်သို့ရောက်လျှင် သတိုးမင်းစောသည် မြို့စောင့်ချန်ခဲ့သည့် ဗညားဒလ၊ဗညားစက်တို့နှင့်တိုင်ပင်ကာ အင်အားအလုံးအရင်းရှိသည့်တုရိုင်းသို့ချီတက်တိုက်ခိုက်လေသည်။ တုရိုင်းတွင် ရှိကြသည့် တုရိုင်းစား၊လင်ဇင်းမင်း၏ စစ်သူကြီးဗညားကင် နှင့် စစ်ကဲငသဉ်စုတ်၊ငသဉ်ဝင် တို့ကို အရှင်မိသည်။ထိုအခါ ဇဉ်းငသဉ်တွင် လာရောက်တပ်စွဲထားသည့် လင်ဇင်းမင်းလည်း ဆုတ်ခွာသွားလေသည်။ပုန်ကန်ကြသည့် ဗြဲ၊အနန်း၊ဇဉ်းငသဉ် စားများလည်း လင်ဇင်းသို့လိုက်ပြေးကြသည်။သတိုးမင်းစောလည်း တိုင်းပြည်ငြိမ်သက်အောင် စီမံပြီး အင်းဝသို့ပြန်သည်။
တရုတ်စော်ဘွားများခိုဝင်လာခြင်း

ထိုသို့ဇင်းမယ်ကို အလုံးစုံအောင်နိုင်ပြီးလျှင် မိုးဝန်း၊ကိုင်းမား၊လသာ၊စန္ဒား တို့မှာ တရုတ်စော်ဘွားများလည်း အင်းဝသို့ ကိုယ်တိုင်သော်လည်းကောင်း၊ညီတော်များကိုသော်လည်းကောင်း အသီးသီးစေလွှတ်ကာ သစ္စာခံကြသည်။

အင်းဝမှ ဟံသာဝတီသို့ပြန်ရောက်လျှင် မင်းတရားကြီးသည် နဂိုကြံရွယ်ရင်းရှိသည့်အတိုင်းကောင်းမှုတော် မဟာစေတီ ကိုတည်ရန်စိုင်းပြင်းလေသည်။အလျင်အမြန်ပင် တည်စေသည့်အတွက် ၆ လအကြာတွင် သံတောင် ၁၀၀၊အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။

၉၂၂ ၊ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲကျင်းပသည်။မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကို လည်းလှုသည်။စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိံသာ ဟုအမည်ပေးသည်။ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတ၀န်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀၀ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကိုရေှးဆွဲပူဇော်စေသည်။မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊၅ကျပ်နှင့် တစ်မတ်သား တိတိ လှုသည်။စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှုသည်။
[ပြင်ဆင်ရန်​] မဏိပူရနှင့်မြောက်ဖက်တစ်လွှား

၁၅၅၉မဟာစေတီကိုတည်နေစဉ်အတွင်း မဏိပူရ ကသည်းစော်ဘွားသည် အင်းဝပိုင်ဖြစ်သည့် မြောက်ဖက် မင်းခင်းအောက် ကျေးလက်များကို တိုက်ခိုက်ထိပါးသည်ကိုသိရသည့်အတွက် စစ်ပြင်သည်။ယခုတစ်ကြိမ်တွင်မူ မင်းညီမင်းသားများကိုစေလွတ် တိုက်ခိုက်စေခြင်းမရှိပဲ မြို့စား၊ရွာစားများကိုသာ စေလွတ်တော့သည်။မဏိပူရချီတပ်မှာ

ဗညားဒလကို အကြီးအမှုးခန့်ပြီး တပ် ၅ တပ်တွင် တိုက်ဆင် ၃၀၀၊မြင်း ၃၀၀၀၊ စစ်သည် ၅၀၀၀၀ ဖြင့် ကြည်းကြောင်း၊
ကန္နီစားကို အကြီးအမှုးခန့်ပြီး တပ် ၈ တပ်တွင် လှေ ၅၀၀၊ စစ်သည် ၅၀၀၀၀ ဖြင့်ရေကြောင်း၊
မိုးကောင်းစော်ဘွား၊မိုးညှင်းစော်ဘွား၊မိုးမိတ်စော်ဘွား များကိုလည်း မိမိတို့နောက်ပါတပ်များဖြင့် စန္ဒားကြောင်းမှ ချီတက်စေသည်။

ဟံသာဝတီမှ ချီတက်လာသည့် ကြည်း၊ရေတပ်များ နှင့်စောဘွားတပ်များပေါင်းစုံမိလျှင် ရေတပ်ကိုဖျက်ကာ ကြည်းတပ်ဖွဲ့သည်။ထိုနောက် ကလေးစော်ဘွားကို ကလေးကြောင်း၊သြော်စားကို ရှေ့တပ်ချီစေပြီး ယူးကြောင်း၊စော်ဘွားတို့၏ တပ်ပေါင်းကို စန္ဒားကြောင်း စစ်ကြောင်း သုံးရပ်ခွဲကာချီတက်လေသည်။ယူးကြောင်းမှ ချီသည့် ဗညားဒလသည် မဏိပူရစော်ဘွား ထံ စည်းစိမ်မပျက် အသက်ချမ်းသာရလိုလျှင် လက်နက်ချရန် ရာဇသံစေကာအကြောင်းကြားလေသည်။မဏိပူရစော်ဘွားလည်း ပြေးရန်ကြံနေစဉ်ပင် သံများရောက်လာသည်ကြောင့် မပြေးတော့ပဲ လက်နက်ချအညံ့ခံပါကြောင်း ယောက်ဖဖြစ်သူ ခုံစဲကြမ္မာ အားစေလွတ်လျှောက်ထားသည်။ ဗညားဒလ လည်းအညံ့ခံသည်ကို လက်ခံပြီး မြို့တွင်းသို့ဝင်ပြီး စော်ဘွားအား သစ္စာပေးသည်။နောက် တစ်မြို့လုံးထိပ်လန့်စေရန် သေနတ်၊အမြောက်တို့ကို မနားတမ်းပစ်ဖောက်စေသည်။နောက် စော်ဘွားအား မိစ္ဆာအယူကိုပယ်စေပြီး ဗုဒ္ဒဘာသာတွင်သက်ဝင်စေသည်။ စော်ဘွားသမီးတော်ကို အမတ်လေးပါး၊အခန်းအနားဖြင့် ဟံသာဝတီသို့အပ်စေသည်။နောက် မဏိပူရမှ ပြန်သည်။၁၅၆၁တွင် မင်းတရားကြီး ဟံသာဝတီတွင်ရှိနေစဉ်မိုင်းမော၊ မိုင်းနား၊စည်ခွင်၊ဟိုသာ၊လသာ၊စန္ဒား စော်ဘွားများက လာရောက်ကာ နယ်ပယ်များကိုထိပါးသည့်အတွက်သားတော် မဟာဥပရာဇာ အားတက်ရောက်နှိမ်နှင်းပြန်သည်။သို့ဖြင့် စစ်ကြောင်းလေးကြောင်းခွဲချီတက်ကြသည်။မိုင်းမောရောက်လျှင် စော်ဘွားတို့လည်း ကြောက်ရွံ့ပြီး သစ္စာခံကြသည်။
ယိုးဒယား-၁(၁၅၆၄)

သက္ကရာဇ် ၉၂၅ (အေဒီ ၁၅၆၃)တွင် ဆင်ဖြူတော် လေးစီးရှိသည့် ယိုးဒယားမင်း မဟာချက္ကရာဖတ်(ဗြသာဓိရာဇာ)အား ဆင်ဖြုတစ်စီး ဆက်သရန် ဗညားဒလကို ရာဇသံစေသည်။“ဆင်ဖြူလေးစီး ရှိသည်အနက် တစ်စီးဆက်လျှင် ယိုးဒယားနှင့် မြန်မာသည် ရေနှင့်မြေကဲ့သို့ ဖြစ်စေမည်” ဟုဆိုလိုက်သည်။ထိုသို၊့ ဘုရင့်နော


Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here