ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

တောင်ငူခေတ် မုတ္တမတိုက်ပွဲအကြောင်း အသေးစိတ်ဖတ်ချင်ရင်



မုတ္တမတိုက်ပွဲသည် မြန်မာသက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးနှင့် မုတ္တမစား စောဗညား တို့ဖက်ပြိုင် တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။

သက္ကရာဇ် ၉ဝ၂ ခုနှစ်တွင် တပင်ရွှေထီးသည် ထိုက်ဆင် တစ်ရာ့သုံးဆယ်၊ မြင်း နှစ်ထောင့်တစ်ရာ၊ စစ် သည် သူရဲ တစ်သိန်းသုံးသောင်းနှင့် မုတ္တမသို့ချီတက်သည်။ ပူတကေ(ပေါ်တူဂီ)လူမျိုး သေနတ်ကိုင် အမှု ထမ်းတို့လည်း ပါသည်။ မုတ္တမစား စောဗညားလည်း စစ်သူရဲပေါင်းများစွာဖြင့် မြို့ကို အလုံပြု၍ ခုခံသည် ။ စောဗညား တွင် သူရဲသူခက်လည်း များလှသည်။

သင်္ဘောဆိပ်ဖြစ်၍လက်နက် ကရိယာစိန်ပြောင်း မြတပူလည်း ထူထပ်လှသည်။ မြို့တွင်းနေ ပူတကေတို့လည်း တစ်ချို့ မြို့ပြစီးကုန်သည်။ အချို့သင်္ဘော ခုနစ် စင်းနှင့် လက်နက်ကိရိယာ အပြည့်အစုံတင်၍ မြို့ရှေ့က ကျောက်ဆူးချ၍ နေကုန်သည် ၊ မုတ္တမမြို့ သည် တောင်လျားမြောက်လျား ဖီလာမြို့ဖြစ်သည်။ အနောက်ကမြင့် အရှ့ကနိမ့်သည်။

အရှေ့ဖက်ကလည်း မြစ်၊ အနောက်ဖက်ကလည်း တောင်ထိပ်မြို့ တည်လေသော ကြောင့်တိုက်လှေပါ မလာသော တပင်ရွှေထီး တပ်များသည် အမြောက် သေနတ် လွတ်အောင် အဝေးကပင် ရံနေရပေသည်။ တပင်ရွှေထီးသည် ဟံသာဝတီမှ တိုက်
လှေကြီး အစင်းသုံးရာ သွားယူစေ၍ ရောက်ရှိလာသော် မုတ္တမမြို့ကို ကုန်းတပ် ရေ တပ် နှစ်ဖက်ညှပ်၍ ဝိုင်းဝန်းတိုက်ခိုက်သည်။ သင်္ဘောထက်က အမြောက် စိန်ပြောင်း များနှင့် ပစ်ခတ်သောကြောင့် မြန်မာတိုက်လှေကွဲချေနစ်ချေသည်။ မြို့ကို မတက် နိုင်ပေ။ ကြည်းကြောင်း တိုက်ပွဲတွင်လည်း မြို့စီးမြို့နင်း ကောင်းလှသောကြောင့် လည်းကောင်း၊လက်နက်ကရိယာ ထူထပ်လှသောကြောင့် လည်းကောင်း တပင်
ရွှေထီး ရဲမက်တော်တို့ အနာထိ၍ ဆုတ်ခွာခဲ့ရသည်။

တပင်ရွှေထီး လည်း မုတ္တမမြို့ကို ဝန်းရံကာနေယင်း၊ မုတ္တမမြို့သို့ စားနပ်ရိက္ခာများ မရောက်စေရန် ဘုရင့်နောင်အား တာဝန်ပေး၏။ ဘုရင့်နောင် လည်း တပင်ရွှေထီး တာဝန်ပေးချက်အတိုင်း စီရင်၏။ သို့ဖြင့် စား နပ်ရိက္ခာ မသွင်းရ၍ ငတ်လေ၏။ ထိုသို့ငတ်ငြားသော်လည်း စောဗညားကား လက်နက်မ ချ၊ မြို့ကိုသာ ခိုင်လုံအောင် စီရင်၍ ဆက်လက် ခုခံလေသည်။ ယင်းသို့ မုတ္တမ စားစောဗညား အညံ့မခံရှိနေ၍ ရှည်လတ်သော်၊ မုတ္တမစား၏ ယောက်ဖ မော်လ မြိုင်မြို့စား ဗညားဦး ကူညီ လိမ့်မည် ဟု တပင်ရွှေထီးသည် ဆင်ခြင်မိ၏။

ထိုကြောင့် မြို့လှစားနှင့်ဇလွန်စားကို မော်လမြိုင်သို့စေလွှတ်၍ အမိန့်တော်စာနှင့် မုတ္တမစားအား အထောက်အကူပြုခြင်းကိုမြစ်တားသည်။ မော်လမြိုင်စား ဗညားဦး လည်း မုတ္တမကို အလိုတော်ပြည့်လျှင် ကျွန်တော်မှာ အထွေအထူးမရှိတော့ပြီ။ ကျွန်တော့် အရှင် ဖြစ်တော့်သည်ဟု ပြန်လည် လျှောက်ထား လိုက်လေသည်။သံတို့
ရောက်၍ ဗညားဦး၏ လျှောက်ထားချက်ကို ကြားရပြီးလျှင် တပင်ရွှေထီး သည် အမတ်သမိန်ပရူကို ခေါ်တော်မူ၍မုတ္တမမြို့ကို ကြိမ်ဖန်များစွာ လုပ်ကြံ သော်လည်း မရချေ။

ဤအရေးကို သမိန်ပရူ မည်သို့ ထင်သနည်းဟု မေးတော်မူ ၏။ သမိန်ပရူက မုတ္တမမြို့ သည် တောင်ရိုးတွင် တည်လေသောကြောင့် တောင်ပင် မြို့တံတိုင်းကဲ့သို့ ဖြစ်လေ သည်။ မြို့စီးပြစီးလည်း များသည်။ လက်နက်ကရိယာလည်း ထူထပ်သည်။ထိုကြောင့် ရဲမက်တော်တို့ အသက်ကို အသက်မမှတ် လုပ်ကြံသော်လည်းအောင်ခြင်း သို့ မရောက်နိုင်ချေ။ မြို့၏ အရှေ့နိမ့်ရာက တက်ရမည်လည်း ကုလား(ပူတကေ)တို့ သင်္ဘော ခုနစ်စ်င်းနှင့် ပြောင်းသေနတ် အပြည့်တင်၍ နေလေသောကြောင့်ရုတ်ခြည်း မြို့ကို မတက်သာချေ။

ချဉ်းသမျှလည်း သင်္ဘောထက်က စိန်ပြောင်း မြတပူနှင့်လွတ်လျှင် ကွဲချေနနစ်ချေ သည်။ မြို့တွင်းသို့ မျိုးရိက္ခာ မသွင်းရအောင် ဆီးဆို့ရသော် လည်း မြစ်ချောင်းကျယ်လှ
သည်ဖြစ်၍ ညဉ့်တွင် အမှတ်မဲ့သွင်းလေသည်။ သို့လျှင်မြို့တွင်းသားတို့ ရိက္ခာထောက် ရ၍ ရဲမက်တော်တို့သာ ညောင်းညာချေသည်။ ယင်းသို့ ဖြစ်သောကြောင့် ကုလားတို့ ခံ၍နေသည့် သင်္ဘောများကို တစ်စုံတစ်ခုသော ပယောဂဖြင့် စီရင်ဖျက် ဆီးပြီး လျှင် မြို့အရှေ့မှ လှေတပ်ဖြင့် ချဉ်းကပ်ကာ ရအောင်တက်မှ အလိုတော် ပြည့်လွယ်မည် ဟုလျှောက် ထား သည်။ တပင်ရွှေထီးလည်း သမိန်ပရူ၏ လျှောက်ထားချက်ကို နှစ်ခြိုက်သဖြင့် သင့်အောင် စီရင်လေ ဟု အမိန့်ရှိပြီးလျှင် သမိန်ပရူကို လှေတပ်ဝန် ချုပ် ခန့်အပ်၏။

သမိန်ပရူသည် လှေတပ်သား အပေါင်းနှင့် မုတ္တမမြစ်ညာ လကွန်းပျဉ် အရပ်သို့ သွား၍ သစ်ဝါးများ ခုတ်ပြီး လျှင် ဖောင် ၂ဖောင်ကို ဖွဲ့၏။ ပထမ ဖောင်ကား ဖောင်ဝအလံ ငါးဆယ်၊ အလျားအလံ တစ်ရာရှိ၏။ ထိုဖောင်ေ ပ်ါတွင် မီးရှူးဝါးကို စည်း၍ အထပ်ထပ် အတောင်နှစ်ဆယ်ကျော်ခန့် စုပုံထားစေသည်။ ဒုတိယဖောင်ကား အဝအလံငါးဆယ် အလျားအလံ သုံးရာရှိ၏။ ထိုဖောင်ပေါ်တွင် မုတ္တမမြို့ ထက် မြင့်အောင် သစ်တပ် တည်၍ ပြ၊ လက်ရန်း၊ သူရဲပြေး ခိုင်ခံ့အောင် လုပ်စေပြီးလျှင် အမြောက်သေနတ် အပြည့် အစုံစီ စဉ် ၏။ ယင်းသည့် ဖောင် နှစ်ဖောင်စလုံးကို မုတ္တမမြစ်ညာ၌ ဆိုက် ကပ်ထား၏။

ထိုသို့ စီရင်၍ ထားသော ဖောင်နှစ်ဖောင်တွင် မီးစာတင်သော ဖောင်ငယ်ကို ဒီရေ တက်သောအခါ ဖောင်ကို တည်းမထားသည်။ မိုးသောက်ထ ဒီရေကျလျှင် မီးရှူးမီးစာ တင်ထားသော ဖောင်ငယ်ကို မီးညိ|၍ မီးအလျှံ ထန်းတဖျားခန့်ရှိမျ ကုလားတို့ ခံ ထားသော သင်္ဘော ခုနစ်စင်း ရှိရာသို့ မျှော်ချစေ၏။ သင်္ဘောတို့ ကိုဖောင် ဖိမိ၍ မီး စွဲလောင်လေသည်။ မုတ္တမမြို့တွင်းသားတို့လည်း သင်္ဘောကို မီးစွဲသည်ကို မြင်လျှင် မြို့က ထွက် ၍ လှေကြီးလှေငယ်နှင့်ကူကြသည်ကို တပင်ရွှေထီး လှေတပ်သားများက လိုက်လံ တိုက်ခိုက်သော်၊ မီးကို မသတ်ဝံ့ဘဲ မြို့တွင်းသို့ ပြေးဝင်ရ၏။ မီးရှူးဖောင် လည်း ကျောက်ဆူးချထားသော သင်္ဘောကြီး သုံးစင်းကို ဖိမိ၍ လောင်လျှင် ကျောက် ဆူး ကြိုးပြတ်၍ သင်္ဘောငယ် လေးစင်းကို ကူးစက်လောင်လေကုန်၏။

သင်္ဘော ခုနစ်စင်း မီးလောင်သော ဒုတိယ ဖောင်ကြီးကို လက်နက်ကရိယာ ဆေး ကျည် စေ့သွတ်၍ သူရဲ သူခက် အပေါင်းတို့ကို အသင့်နေစေပြီးလျှင် ဒီရေကျကို ဖောင် ကိုမျှောခဲ့၍ မုတ္တမမြို့ရှေ့တွင် ကပ်၍ ထား ၏ ။ မုတ္တမမြို့က ပြလက်ရန်း တို့ထက် သမိန်ပရူစီရင်သော ဖောင်က ပြလက်ရန်းတို့က မြင်သောကြောင့် မြို့ကို စီးနင်း ပစ်ခတ် လျှင် မြို့တွင်းသားတို့ မြို့ထိပ်တွင် မနေဝံ့ဘဲ ဆင်းပြေးကုန်သည်။

ယင်းသို့လျှင် ရဲမက်တော် လှေတပ်သားတို့ မြို့ကို ချဉ်း၍ဖြို၏။ မြို့ပြိုလျှင် ပြိုရာ မှ ရဲမက်တော်တို့ မြို့တွင်း သို့ဝင်ရောက်၍ အိမ်ရာကျောင်းကန်တို့ကို မီးတိုက်၏။ ကြည်း တပ်သားတို့လည်း မြို့စီးပြစီး မရှိသည် ကို

တွေ့သော် မြို့ကိုတိုက်ဖောက်၍ ဆင်မြင်း အလုံးအရင်းနှင့် ဝင်ရောက် တိုက်ခိုက် ၏။မုတ္တမစား စောဗညား လည်း လက်နက်မချဘဲ၊ စုရုံးမိသမျှသော ရဲမက်ဗိုလ်ပါတို့ နှင့် ခုခံတိုက်ခိုက်၏။

စောဗညား၏ ဆင်နှင့် နန္ဒကျော်သူ၏ ဆင်တို့ စီးချင်း တိုက်ခိုက်ရာ စောဗညား မခံနိုင် ဘဲပြေးရ၏။ နန္ဒကျော်သူ လည်း လိုက်၍ တိုက် ခိုက်ရာ စောဗညားမခံနိုင်ဘဲ ပြေးရ၏။ နန္ဒကျော်သူလည်း လိုက်၍ တိုက်ခိုက်သ ဖြင့် ဆင်နှင့်တစ်ကွ စောဗညားကိုရ၍ တပင်ရွှေထီး ပို့ဆက်သည်။ တပင်ရွှေထီး ၏ ရဲမက်

တော်တို့သည် ရွှေငွေ အဝတ်အစားများကို လုယက် ဖျက်ဆီး၍ ယူကုန် ၏။

မြို့သူမြို့သားများကိုလည်း သတ်ဖြတ်ကြ၏။ တပင်ရွှေထီးလည်း မောင်းကြေး နင်းခေတ်စေကာ ထိုသို့ မပြုရန် ဆီးတားရ၏။ တပင်ရွှေထီးသည် ညီလာခံသဘင်၌ မုတ္တမကို သမိန်ပရူ၏ အစီအမံဖြင့် အောင်

မြင်တော်မူရသည်ဟု သမိန်ပရူအား ခြီးမွမ်းတော်မူပြီးလျှင် အဆောင်အယောင် အစီး အနင်းနှင့် တစ်ကွ မြောင်းမြမြို့ကို ပေးတော်မူသည်။ နေရာလည်းလက်ဝဲ တော် ဦ နေရသည်။ပြည်ရေးရွာမှုကို လည်း ဘုရင့်နောင်ကျော်ထင် နော်ရထာနှင့် တိုင်ပင် စီရင်ဟု အမိန့်ရှိသည်။ စောဗညားအား စီးချင်းတိုက်၍ နိုင်သော နန္ဒကျော်သူကိုလည်း မင်းရဲကျော်ထင်ဟူ၍ ဘွဲ့ချီသည်။ မုတ္တမမြို့ရိ သဌေးသူ ကြွယ်တို့ကမင်းရဲ

ကျော်ထင်အား ငါးရက်တိုင် လက်ဖွဲ့ရသည်။ မုတ္တမမြို့ကို သုရှင်တကာရွတ်ပိ၏
ယောက်ဖတော် စောလ ကွန်းအိမ်ကို အဆောင်အယောင်နှင့် တစ်ကွ ပေးတော်မူလေ သည်။

စောမောင်(သလ္လာဝတီ)

Credit - Tin Maung Hlaing


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here