ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ကာတွန်းဆရာကြီး ဦးဖေသိန်းအကြောင်း အသေးစိတ်ဖတ်ချင်ရင်




(တစ်)
ဘယ်သူ့ထိပ်ကိုမှ၊ ပိတ်ရော့လို့ မောင်မဆော်။
ဟုတ်တိုင်းဗျာ၊ မှန်ရာတွေးလို့ရယ်၊ ရေးရပါသော်။
နှလုံးတွေဖော်၊ အော်ခါဗျ။ မည်သူဆဲ။
ရွှေတလေးမှာဖြင့်၊ ကြေအေးတယ်ခါမဟူပ။
ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့
အမှားကို၊ အမှန်ကျအောင်ဗျာ ရေးရတာပဲ။
ရွှေတလေး
ရွှေတလေးကာတွန်းပေါင်းချုပ်စာအုပ်၊
အဖွင့်ကဗျာ (၁၉၃၇၊ ဒီဇင်ဘာ)

(နှစ်)
ထိုနေ့က မနက် (၆)နာရီလောက်တွင် ဖုန်းမက်ဆေ့ဂ်ျတခု လက်ခံရရှိခဲ့သည်။ ဗြူတီမဂ္ဂဇင်း ဒါရိုက်တာဖြစ်သူ မအိအိငြိမ်း ပို့လိုက်ခြင်းဖြစ်သည်။ မက်ဆေ့ဂ်ျမှာ ကာတွန်းဆရာကြီး ဦးဖေသိန်း ယနေ့မနက် (၁၉-၆-၂၀၀၉) (၄) နာရီက ကွယ်လွန်သွားကြောင်း ဖြစ်နေပါသည်။ ထိုသတင်းကို ဖတ်ရင်း ၀မ်းနည်းမှုများနှင့် အတူ "ကြယ်တပွင့်တော့ ကြွေပြန်ပေါ့" ဟု တွေးနေမိသည်။ ဆရာဦးဖေသိန်း ကျန်းမာရေးမကောင်းသည်မှာ ကြာခဲ့ပါပြီ။ (၈၅) ဆိုသော အရွယ်မှာလည်း ဆီမခန်းပေမယ့် မီးဇာကုန်ရသည့် အချိန်မျိုး ဖြစ်ပါလိမ့်မည်။ သို့သော် ဆရာသည် အသက်ကြီး၍ ကျန်းမာရေးမကောင်းသည့် ကြားမှပင် ကာတွန်းဆရာကြီးများ ကန်တော့ပွဲ၊ ဆရာ့မွေးနေ့များတွင် လူငယ်ကာတွန်းဆရာများကို ရယ်ရယ်မောမောဖြင့် ဆုံးမသြ၀ါဒများ ပြောကြားနေသည်ကို တွေ့ရလေ့ရှိပါသည်။
ဆရာသည် လောကဓံ၏ အထုအထောင်းများကို ကာတွန်းအမြင်၊ ကာတွန်းအတွေးများဖြင့် အံတုခဲ့ပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာသူ ဖြစ်သည်။ ကာတွန်းပညာသည် အစွမ်းထက်သော ပညာအဖြစ်ခံယူကာ ဘ၀တလျှောက်လုံး ကာတွန်းဆရာအဖြစ်သာ ရပ်တည်နေထိုင် သွားခဲ့သူဖြစ်သည်။ ဆရာ့အကြောင်းကို တွေးမိနေချိန်တွင် ဒီဇိုင်းဆရာကိုသီဟလတ်ထံမှ ဖုန်းလာပါသည်။ ဆရာဦးဖေသိန်း ဆုံးသွားသည်ကို လှမ်းပြောခြင်းပင်။ ဆရာ့အိမ်သို့ အတူသွားကြရန်လည်း အဖော်ညှိပါသည်။ ကျွန်တော့်ကို အနော်ရထာလမ်းနှင့် (၃၅)လမ်းထိပ်မှ စောင့်မည်ဟု ခေါ်ပါသည်။
ကိုသီဟလတ်ရှိရာသို့ ရောက်သောအခါ ပုံနှိပ်တိုက်ဆရာ ကိုကျော်ဝဏ္ဏလည်း ရောက်နှင့်နေသည်ကို တွေ့ရသည်။ လမ်းတွင် ဖိုးလမင်း (ဆရာမြသန်းတင့်၏သား)ကို ၀င်ခေါ်ရမည်ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့သည် ဇွန်လ၏ မှိုင်းအုံ့သော ခဲပုပ်ရောင် တိမ်တိုက်များအောက်ဝယ် ဆရာ့အိမ်ရှိရာ (၆)မိုင်ခွဲမှ ဓမ္မာရုံလမ်းသို့ ထွက်ခဲ့ကြသည်။
ဆရာ့အိမ်မှာ သစ်ပင်ပန်းပင်များ စိမ်းစိမ်းစိုစိုနှင့် သွပ်မိုးပျဉ်ထောင်ကာ နှစ်ထပ်အိမ်ဖြစ်သည်။ ဤအိမ်၌ ဆရာသည် ကာတွန်းဆရာကြီးများ ကန်တော့ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်။ ဤနေရာသည် ကာတွန်းမျိုးဆက် သစ်များနှင့် မျိုးဆက်ဟောင်းများ ဆုံဆည်းရာ။ မြန်မာပြည်တနံတလျားမှ ကာတွန်းချစ်သူများနှင့် ကာတွန်းပညာရှင်များ၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ စုဝေးရာ ဘူမိနက်သန် ဖြစ်ခဲ့သည်။ ဆရာ့မွေးနေ့နှင့် ကာတွန်းဆရာကြီးများ ကန်တော့ပွဲတွင် နှစ်စဉ် စုဆုံကြသည်။ နွေးထွေးစွာ တွေ့ကြသည်။ ပွင့်လင်းစွာ စုစည်းကြသည်။ ယခု ဤနေရာ၌ ဆရာခေါင်းချခဲ့ပြီ။ ဆရာသည် သူ၏ ကာတွန်းပညာဖြင့် အနာဂတ်အတွက် မျိုးစေ့ကြဲခဲ့လေပြီ။ ဆရာသည် သူစိုက်ခဲ့သော မျိုးစပါးတို့ကို သိမ်မွေ့စွာ ရိတ်သိမ်း၍ သူချစ်သော ပရိသတ်အား ဝေငှခဲ့လေပြီ။ သူသည် ထို ပီတိကို စား၍ လောကအား အကျိုးဖြစ်ထွန်းစေခဲ့သူ ဖြစ်၏။
အိမ်ရှေ့မှာ တာလပတ်စများဖြင့် ကလဖျဉ်းထိုးထားသော ဆရာ့အိမ်သို့ ကျွန်တော်တို့ လူသိုက် ၀င်သွားသောအခါ ဆရာရွှေမင်းသား၊ ကာတွန်းအော်ပီကျယ်၊ ကာတွန်းကိုရွှေထူး၊ ကာတွန်းဝင်းကို အစရှိသော ကာတွန်းဆရာများနှင့် ဆရာ့မိသားစုတို့ကို တွေ့ရသည်။ သူတို့သည် ရောက်လာကြသော မိတ်သင်္ဂဟတို့ကို ဧည့်ခံနေကြသည်။ ဆရာ့ရုပ်ကလပ်အား ရေဝေးသို့ နံနက် (၉) နာရီခွဲလောက်က ပို့လိုက်ပြီဖြစ်ကြောင်း နှင့် ဆရာ့ဈာပနအား (၂၃-၆-၂၀၀၉) နေ့လည် (၁)နာရီ ရေဝေးသုဿန်တွင် မီးသင်္ဂြီုဟ်မည်ဖြစ်ကြောင်း၊ ထိုနေ့တွင် (၃၃)လမ်းထိပ်မှ ဈာပနလိုက်ပို့ရန် ကားများစီစဉ်ထားကြောင်း သိရသည်။
ဆရာရွှေမင်းသား၊ ကာတွန်းအောပီကျယ်နှင့် ကိုရွှေထူးတို့ ဆရာ့ဈာပနတွင် အခမဲ့ဝေငှရန် ဆရာကိုယ်တိုင် ရေးခဲ့သော ကိုယ်ရေးအကျဉ်း စာစောင်ကလေးကို ဆောင်ရွက်ရန် တိုင်ပင်နေကြသည်။ ကျွန်တော်တို့သည်လည်း ၀ိုင်းဝန်းကူညီကြရန် ပြောသည်။ ဆရာဦးဖေသိန်းပုံကို ဓါတ်ပုံဆရာထိန်ဝင်းက မေတ္တာဖြင့် ကူညီကြောင်း သိရပါသည်။ ဆရာ့အိမ်သို့ ဧည့်သည်များက တဖွဲဖွဲ ရောက်ရှိလာဆဲပင်။ ကျွန်တော် တို့သည် အိမ်ရှေ့ကလဖျဉ်းအောက်တွင် စီရရီချထားသော စပွဲဝိုင်း၌ ထိုင်ကာ စကားဝိုင်းဖွဲ့နေမိကြသည်။ ဈာပန အမှတ်တရ စာအုပ်တွင် ၀မ်းနည်းမှတ်တမ်းရေးကြသည်။
ထိုအချိန်တွင် မှိုင်းညို့အုံ့ဖွဲ့ခဲ့သော ဇွန်လ၏ မိုးတိမ်များသည် ၀မ်းနည်းဖွယ်နေ့တနေ့ကို မိုးစက်မြှားတံများ ဖြင့် တရစပ် ပစ်ခတ်နေပေတော့သည်။ ဆရာ့အိမ်ကလေးသည် တ၀ုန်းဝုန်းရွာနေသော မိုးစက်များအောက်ဝယ် ဧည့်သည်များနှင့် ဆိတ်ငြိမ်နေသည်။ ကျွန်တော်တို့သည်လည်း အတွေးကိုယ်စီနှင့် ငြိမ်သက်နေမိသည်။ ကျွန်တော်သည် ဆရာရွက်လွှင့်ခဲ့သော ခေတ်စနစ်ပင်လယ်မှ လှိုင်းတံပိုးများကြားဝယ် ကာတွန်းလှေငယ်ကို ဖက်တွယ်၍ ရည်ရွယ်ရာ ကမ်းအရောက် ကူးခတ်ခဲ့သော ဆရာ့ပုံရိပ်များကို အာရုံတွင် စုစည်းနေမိပါတော့သည်။

(သုံး)
"ရွှေတလေး အမည်ခေါ်လို့မို့၊ ပြည်ပေါ်စည်တော် ရွှမ်းသည့်နှယ် ကာတွန်း ရီစရာသရုပ်တွေနှင့် ပြည်ရွာအလုပ်တွေ၊ ဆောင်သယ်ပိုးရာက...."
သခင်ကိုယ်တော်မှိုင်း
(ရွှေတလေးဘွဲ့၊ ကဗျာမဟာလေးချိုးကြီး)

ကာတွန်းဆရာဟူသည်မှာ သရုပ်ပေါ်လှသော ကာတွန်းအရုပ်များဖြင့် တိုင်းပြည်၏အကျိုးကို သယ်ပိုး ဆောင်ရွက်သူများ ဖြစ်ကြသည်ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပထမမြန်မာကာတွန်းဆရာ ဦးဘကလေး (ရွှေတလေး)၏ ရွှေတလေးဘွဲ့ကဗျာ မဟာလေးချိုးတွင် ရေးစပ်ခဲ့ပါသည်။ ဆရာဦးဘကလေးမှာ ပုသိမ်သားဖြစ်၍ ဆရာဦးဖေသိန်းမှာ ပန်းတနော်သား ဖြစ်သည်။ ဆရာသည် တနယ်ထဲသားဖြစ်သူ ဆရာဦးဘကလေးကို ငယ်စဉ်ကတည်းက သိကျွမ်းအားကျခဲ့သူ ဖြစ်သည်။
ဆရာဦးဖေသိန်းကို (၃၁-၁-၁၉၂၄) တွင် အဖ ရွှေပြည်တော် ဦးဘတင်၊ အမိ ဒေါ်ကျော့စိန်တို့မှ ပန်းတနော်မြို့တွင် မွေးဖွားခဲ့သည်။ ဆရာ့ဖခင်၏ အစ်ကိုဖြစ်သူမှာ မြန်မာပြည်နိုင်ငံရေး ရောင်နီဦးကာလတွင် ထင်ရှားခဲ့သော ဘိလပ်သွား မြန်မာကိုယ်စားလှယ်အဖွဲ့ (ဖေ-ပု-ရှိန်) အဖွဲ့ဝင် ဦးထွန်းရှိန်ဖြစ်သည်။ ဆရာဦးဖေသိန်း၏ ဖခင်၊ ဘကြီးတော်သူဦးထွန်းရှိန်နှင့် ဆရာဦးဘကလေးတို့မှာ ကောလိပ်တက်ဖက်များဖြစ်ပြီး ဆရာဦးဘကလေးမှာ ကောလိပ်တက်စဉ်ကတည်းက ပန်းချီကိုနိုင်နင်းစွာရေးဆွဲနိုင်ကြောင်း နောင်မှသာ ကာတွန်းလိုင်းဘက်ပြောင်းသွားကြောင်း၊ မြန်မာ့ကာတွန်း သမိုင်းအစတွင် ကာတွန်းပုံများမှာ ပန်းချီဆန်ခဲ့ပြီး နောင်မှသာ ပြောင်းသွားခဲ့ကြောင်း ဆရာဦးဖေသိန်းက ယခုလို ပြောခဲ့သည်။
"သူ(ဆရာဦးဘကလေး)က ကျွန်တော့်အဖေရယ်၊ ကျွန်တော့်ဘကြီး(ဖေ-ပု-ရှိန်)ရယ်၊ ကောလိပ်မှာ အတူတူတက်ရင်း ကတည်းက တော်တော်ပန်းချီနိုင်တယ်၊ နောက်တော့ ကာတွန်းလိုင်းဖြစ်သွားတယ်။ ရွှေတလေးရဲ့ ကာတွန်းက ကြည့်လိုက်ရင် ပန်းချီသဘောပါတယ်။ ရွှေတလေးတို့ ရေးသွားတာက လူအတိုင်းပဲ။ ခေါင်းနည်းနည်းကြီးတယ်။ အခုအခါမှာ ပြင်သစ်ကာတွန်း၊ အမေရိကန်ကာတွန်း၊ အနောက်နိုင်ငံမှာလည်း ကာတွန်းတွေက တမျိုးပြောင်းသွားတော့ ရေးတဲ့ရေးပုံရေးဟန်တွေလည်း ပြောင်းတယ်"
(ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ် (၅၉)၊ဧပြီ ၁၉၈၆၊ စာပေစကားဝိုင်း၊ ဦးစိန်၊ ဦးဖေသိန်း၊ ဦးဘထွေး)

ဆရာသည် ကာတွန်းပညာကို ငယ်စဉ်ကတည်းကပင် ၀ါသနာပါခဲ့ပြီး၊ ကာတွန်းဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးဘကလေးတို့၏ ကာတွန်းများကို ကူးရေးခဲ့ပြီး အာရှလူငယ်စာစောင်၊ ကျောင်းမဂ္ဂဇင်းများတွင် ကာတွန်းဝင်ရေး ခဲ့သည်။
၁၉၄၆ ခုနှစ် တက္ကသိုလ် တက်ရသောအခါ သူအလွန် ကြည်ညိုလေးစားသော ပုဂ္ဂိုလ်တယောက်ကို တွေ့ခဲ့သည်။ ထိုသူမှာ အိုးဝေဦးညိုမြ ဖြစ်သည်။ ဆရာသည် အိုးဝေဦးညိုမြကို ဘီအိုစီကောလိပ် ပေါ်တီကိုအောက်၌ မိတ်ဆက်ပြီး ကာတွန်းအကြောင်း သိလိုသည်များကို မေးခဲ့ဖူးကြောင်း၊ အိုးဝေဦးညိုမြ ရှင်းပြသည့်အတွက် ကာတွန်းဆရာ၏ သဘော သဘာဝကို ပိုမိုနားလည်ခဲ့ရကြောင်း အောက်ပါအတိုင်း ပြောပြခဲ့ဖူးသည်။
"ကာတွန်းဟာ ဖက်ဆစ်နိုင်ငံတွေမှာနဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ကာတွန်းကို ဘယ်လိုသဘောထားပါ သလဲလို့ မေးမိတယ်။ ဒါနဲ့ ဦးညိုမြက ကျွန်တော့်ကို ကြည့်ပြီး ဟ.... မောင်ရင်က ကာတွန်းဝါသနာပါရင် လာစမ်းပါတဲ့။ အိုးဝေမှာ လာဆွဲစမ်းပါတဲ့၊ ဖိတ်ခေါ်တယ်။ ကျွန်တော့်လက်ရာကို ဘာမှန်းမသိပဲ သူကပဲ အတင်းဖိတ်ခေါ်နေတယ်။ ပြီးတော့ ရှင်းပြတယ်လေ။ ကာတွန်းဆရာဟာ သိတ်ကောင်းတဲ့ ဘ၀ပေါ့ဗျာတဲ့။ သူ့ကို ဘယ်သူမှ ရန်မူလို့ မရဘူးတဲ့။ သူဟာ ကလောင်း(Clown) ပဲ။ လူရွှင်တော်တယောက်ပဲတဲ့။ အကုန်လုံးကို သရော်နိုင်တယ်။
သူလုပ်ချင်လုပ်နိုင်တယ်။ သူ့ကို ဘယ်သူမှ ရန်မမူရဘူး။ ဘေးလွှတ်ထားရတယ်။ ပညာရှင်ပဲ။ သူနဲ့ဖက်ပြီး ဘာမှလုပ်လို့မရဘူး လွှတ်ထားရတယ်။ ဒီမိုကရေစီနိုင်ငံမှာဆိုရင် သူ့ကို လွှတ်ထားရတယ်။ အဲ... တခုတော့ ရှိတယ်။ ကျွန်တော့်အနေနဲ့ အဲဒီကာတွန်းဟာ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားရတဲ့ ကလောင်း(Clawn) ရုပ်ကလေးပဲလို့ ကျွန်တော်ထင်တယ်။"
ကာတွန်းဆရာသည် ပြည်သူလူထု၏ အကျိုးကို ရှေ့ရှု၍ ရေးရသောကြောင့် ပြည်သူလူထု၏ ဘ၀ကို လွတ်လပ်စွာ တွေးတော၍ ရေးသားဖော်ပြကြသည်။ သို့မှာသာ သူတို့ ရေးသားသော ကာတွန်းများသည် အလွှာပေါင်းစုံမှ ကျယ်ပြန့်စွာ ခံစားနိုင်ကြလိမ့်မည် ဖြစ်သည်။ သူတို့၏ အတွေးမှာ ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စွာ တွေးတောရသည်ဖြစ်သဖြင့် မူဘောင်တခုခု၏ အထဲတွင် ရပ်တံ့၍မနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ခဲ့လျှင် သူတို့၏ ကာတွန်းမှာလည်း အရသာ ပျက်သွားနိုင်ကြောင်း ဆရာဦးဖေသိန်းက အင်ဗွိုင်းခန်းမတွင် ကျင်းပခဲ့သော ကာတွန်းနှီးနှောပွဲမှ ကာတွန်းပြပွဲတွင် သူရေးဆွဲသော "ရွှေရိုးကလေးမှာတော့....." ကာတွန်းအကြောင်း ဤကဲ့သို့ ရှင်းပြခဲ့သည်။
"ကာတွန်းရုပ်ကလေးတွေကို ချုပ်ချယ်လိုက်လို့ရှိရင် အရသာပျက်သွားနိုင်မယ်။ အဲဒါကို မူတည်ပြီး ကာတွန်းပြပွဲကြီးနဲ့ ကာတွန်းနှီးနှောပွဲကို အင်ဗွိုင်းမှာ ပြုလုပ်ပါတယ်။ ကျွန်တော် ကာတွန်းတကား ရေးတယ်။ ဦးရွှေရိုးဟာ ရွှေတလေး ဦးဘကလေးပါပဲ။ ဦးဘကလေးကိုယ်တိုင် ရွှေရိုးအကမှာ ထီးကလေးကိုင်ကပြီး ဦးရွှေရိုးလုပ်တယ်။ သူ့ရဲ့ ကာတွန်းဟန်ပါတဲ့ အမူအရာဟာ ဇာတ်ကောင်ထက် ပီသပါတယ်။
အဲဒီအတွက်လည်း မြန်မာပြည်တပြည်လုံး ဘယ်တော့မှမရိုးနိုင်တဲ့ ကကွက်တခုဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်ဘာရေးလဲဆိုတော့ ကျွန်တော့်ကာတွန်းမှာ ဦးရွှေရိုးအရုပ်က ပန်းချီကားဘောင်တခုထဲမှာ လွတ်လွတ် လပ်လပ် ထီးကိုမွှေ့ပြီးတော့ ပုဆိုးတောင်ရှည်လေးကိုင်ပြီး လွတ်လွတ်လပ်လပ် က, နေတယ်။ ဘောင်နည်းနည်း ညှပ်နေတယ် ဆိုရင် နည်းနည်းထူလိုက်တယ်။ ဒီတော့ ဦးရွှေရိုးဟာ နည်းနည်းပဲ လှုပ်ရှားနိုင်တယ်။
ပြီးတော့ နည်းနည်း ဒိထက်ကောင်းအောင် ဘောင်ကို အမွှန်းတင်လိုက်သည်။ ဦးရွှေရိုး သိပ်လှုပ်ရှားလို့ မရပြန်တော့ဘူး။ နောက်ဆုံးတော့ ဘောင်ကြီးဟာ ရွှေဘောင်တွေ ဘာတွေနဲ့ ခတ်ထားလိုက်တော့ ကာတွန်းဦးရွှေရိုး အရုပ်လေးဟာ ထီးကလေးကိုပိတ်၊ လူကလည်း ငုတ်တုတ်လေးထိုင်ပြီး ဖြစ်နေတဲ့ပုံကို ကျွန်တော်ရေးခဲ့တယ်။
အဲဒီ ကာတွန်းပြပွဲမှာ 'ရွှေရိုးကလေးမှာတော့..' ဆိုပြီး အမည်ပေးထားပါတယ်။ အဲဒီကာတွန်းကို အထောက်တော်လှအောင် ၀ယ်ခဲ့ပါတယ်။
ကျွန်တော်ဆိုလိုတာကတော့ ကာတွန်းရဲ့ လှုပ်ရှားမှုဟာ ဘောင်တွေခတ်လွန်းအားကြီးရင် လှုပ်ရှားလို့ မရဘူးဆိုတဲ့ သဘောကို ပြောချင်တာပါ။"

(လေး)
"ကာတွန်းအကြောင်း ပြောရရင် ကာတွန်းဟာ သရော်တာ။ ဆဲတာမဟုတ်ဘူး။ ခေတ်ကာလရဲ့ အမြီးအမောက် မတည့်တာတွေကို သူက သရော်တာ။ ဆဲတာ၊ စော်ကားတာ မဟုတ်ဘူးဆိုတာကို နညးလည်ဖို့လိုတယ်။"
ဆရာဦးဖေသိန်း
မိုးဇံ၏ ကာတွန်းဦးဖေသိန်းနှင့် အင်တာဗျူး
(ဗြူတီမဂ္ဂဇင်း၊ အမှတ်(၁၁) ဒီဇင်ဘာ ၂၀၀၀)

ဆရာဦးဖေသိန်းသည် ပြည်သူလူထုက ချစ်ခင်သော ကာတွန်းဆရာကြီးအဖြစ် ထင်ရှားပါသည်။ ထိုသို့ ပြည်သူချစ်သော ကာတွန်းဆရာတဦး ဖြစ်ရခြင်းအကြောင်းရင်းမှာ ပြည်သူလူထု အကျိုးစီးပွါးဖက်က အမြဲ ရပ်တည်ခဲ့သည့်အတွက် ပြည်သူလူထုက ချစ်ခင်ရခြင်း ဖြစ်ကြောင်းကို အင်္ဂလန်မှ ကာတွန်းဆရာကြီး ဒေးဗစ်လိုး (David Low) ကို ဥပမာပေး၍ ဆရာက ပြောခဲ့ဖူးသည်။
"ဆရာ့ကို ပြည်သူလူထုက ချစ်ခင်တယ်လို့ပြောတော့ ဆရာ ၀မ်းသာတယ်။ ကာတွန်းဆရာဆိုတာ ပြည်သူလူထုက ချစ်ကြတယ်။ ကာတွန်းဆိုတာ ပြည်သူလူထု အကျိုးစီးပွါးဖက်က ရပ်တည်ပြီး ခေတ်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးတွေရဲ့ ကမောက်ကမ ဖြစ်မှုကို၊ အမြီးအမောက် မတည့်တာတွေကို သရော်တာ မဟုတ်လား။
အင်္ဂလန်က ကာတွန်းဆရာကြီးတယောက် ရှိတယ်။ ဒေးဗစ်လိုး(David Low) တဲ့။ သူ့ကာတွန်းတွေမှာ low ဆိုပြီး လက်မှတ်ထိုးတယ်။ သူက ဒုတိယကမ္ဘာစစ်ကြီးမှာ ဖက်ဆစ်နာဇီတွေနဲ့ ဟစ်တလာကို သရော်တာ၊ ထိုးနှက်တာ။ စစ်ကြီးမှာ ဒီ နာဇီဖက်ဆစ်တွေကို နိုင်အောင်တိုက်နိုင်ခဲ့တဲ့အထဲမှာ သူ့ရဲ့ အင်အား၊ စွမ်းအားကို လည်း ထည့်ပြောရမယ်။
အဲဒီဒေးဗစ်လိုးကို ပရိသတ်က သိပ်ချစ်ကြတယ်။ အင်္ဂလန်မှာ သိပ်နာမည်ကြီးတာပေါ့။ အဲဒါ တခါကျတော့ သူ့ကာတွန်းမှာ သူက လမ်းကြိတ်စက်ကြီးတပုံ ထည့်ဆွဲချင်တယ်။ သူက လမ်းကြိတ်စက်ကို သေသေချာချာကြည့်ပြီးမှ ရေးချင်တယ်။ ဒါနဲ့ သူတို့ဆီက မြူနီစီပယ်ဌာနကို တယ်လီဖုံးဆက်ပြီးပြောတယ်။ သူနေတဲ့နေရာနဲ့ အနီးဆုံး ဘယ်မှာသွားကြည့်ရင် ရမလဲပေါ့။ လမ်းပြင်နေတာ ရှိရင်ပြောပါ။ ကျွန်တော်သွားပြီး လမ်းကြိတ်စက်ပုံကြီးကို ကြည့်ရေးချင်လို့ပါပေါ့။ ဒီတော့ မြူနီစီပယ်က ပြောတယ်။ ဒေးဗစ်လိုးက ကြည့်ချင်တာ ဆိုရင် ဘယ်မှမသွားပါနဲ့၊ အိမ်မှာပဲနေပါဆိုပြီး အိမ်ကို လမ်းကြိတ်စက်ကြီးတစီး ပို့လိုက်တယ်။ သူကြည့်ပြီး ပုံရေးပြီးမှ ပြန်မောင်းသွားတယ်။ အဲဒီလို ကာတွန်းဆရာကို ချစ်ကြတာ။"

(ငါး)
"ကာတွန်းဟာ အနုပညာမြောက်ဖို့ လိုတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အတွေးပဲ။ ကာတွန်းအတွေးကောင်းဖို့ လိုတယ်။"
ဆရာဦးဖေသိန်း
မိုးဇံ၏ ကာတွန်းဦးဖေသိန်းနှင့် အင်တာဗျူး
(ဗြူတီမဂ္ဂဇင်း၊ အမှတ်(၁၁) ဒီဇင်ဘာ၊ ၂၀၀၀)

မြန်မာ့ကာတွန်းသမိုင်းသည် အမျိုးသားရေးလှုပ်ရှားမှုများနှင့် ဆက်စပ်၍ တိုးတက်ထွန်းကားခဲ့ပါသည်။ ထိုသို့ ထွန်းကားခဲ့သော စာနယ်ဇင်းကာတွန်းသမိုင်းကို ဆရာဦးဖေသိန်းသည် စာနယ်ဇင်း ကာတွန်းသမိုင်းစာတမ်း ပြုစု၍ တင်ပြခဲ့သည်။ ထိုစာတမ်းကို စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ် စာနယ်ဇင်း သမိုင်းစာတမ်း ဒုတိယတွဲ (ပထမအကြိမ်၊ ၁၉၇၈) တွင် ဖော်ပြခဲ့သည်။ ထိုစာတမ်းမှာ ၁၉၇၅ ခုနှစ် စာနယ်ဇင်း သမိုင်း ဟောပြောပွဲတွင် တင်သွင်းခဲ့သော စာတန်းများ ဖြစ်သည်။
ဆရာဦးဖေသိန်း၏ စာတမ်းတွင် ၁၉၁၂ ခုနှစ် ရန်ကုန်တိုင်းသတင်းစာ ခရစ်စမတ်အထူးထုတ် (Rangoon Times m's Xas Number) တွင် Myauk(မျောက်) ဆိုသော ကလောင်အမည်ဖြင့် အင်္ဂလိပ်အမျိုးသားတဦး ရေးဆွဲခဲ့သော ကာတွန်းတခု စတင်ပါရှိသည်မှစ၍ ၁၉၇၀ ၀န်းကျင် မြန်မာကာတွန်း လောကမှ ကာတွန်းဆရာများအထိ စုံစုံလင်လင် ဖော်ပြထားသည်ကို တွေ့ရသည်။ ၁၉၁၅ ခုနှစ်မတ်လထုတ် ရန်ကုန်ကောလိပ်မဂ္ဂဇင်း ပွဲဦးထွက် "မြို့ပိုင်မင်းအိပ်မက်" ကာတွန်းကို ဦးဘကလေး စဆွဲခဲ့ပုံ။ ၁၉၃၁ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာကျော်ခဲ့သည့် ဦးဘကလေး၏ "နံငယ်ပိုင်းနှင့်ဂန္ဒီစတိုင်" နိုင်ငံရေးကာတွန်းကို ရီဗျူးအော့ဖ်ရီဗျူး မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပုံ စသည်ဖြင့် မြန်မာကာတွန်းသမိုင်းကို ဖော်ပြခဲ့သည်။ ဆရာဦးဖေသိန်း သည် ထိုစာတမ်းကို ပြုစုခဲ့သည်သာမက ကာတွန်းဆရာကြီးများ ကန်တော့ပွဲအစဉ်အလာကို ဆက်ခံထိန်းသိမ်း ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ကာတွန်းဆရာကြီးများ ကန်တော့ပွဲ၏နိဒါန်းမှာ ၁၉၃၄ ခုနှစ်တွင် ကာတွန်းဆရာကြီး ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့က ရန်ကုန်မြို့ ၁၃လမ်း အောက်လမ်း မီးထွန်းပွဲတွင် သူရိယနှင့် မြန်မာ့အလင်းသတင်းစာများတွင် ပယ်ထားသော နိုင်ငံရေးကာတွန်းများနှင့် ထိုစဉ်က ကိုလိုနီခေတ် မင်းတိုင်ပင်အမတ်များ၏ ချို့ယွင်းချက်များကို ရေးဆွဲထားသော ကာတွန်းများဖြင့် ကမ္ဘာပေါ်တွင် မပေါ်ဖူးသေးသော ကာတွန်းမီးပုံးများကို တီထွင်ကာ ဖော်ပြခဲ့ကြသည်။
ထိုသို့ သတင်းစာအပယ်ခံ ကာတွန်းများဖြင့် စတင်ခဲ့သော ၁၃ လမ်း အောက်လမ်း မီးထွန်းပွဲများကို အစဉ်အဆက် ကာတွန်းဆရာများ ဆက်လက်ဆောင်ရွက်လာခဲ့ကြရာ ၁၉၆၀ ခုနှစ် ဦးဘဂျမ်းမီးထွန်းပွဲအပြီးတွင် မီးထွန်းပွဲကို ကြီးကြပ်ရေးဆွဲသူ ကာတွန်းဆရာများတွင် အသက်အရွယ်ကြီးရင့်ပြီဖြစ်သော ဆရာကြီးဦးဟိန်စွန်း အား ပူဇော်ကန်တော့ရန် ကာတွန်းဦးဖေသိန်းမှ စတင်ဦးဆောင် စုစည်းခဲ့ပါသည်။ ထိုအချိန်မှစ၍ နှစ်စဉ်နီးပါး ကာတွန်းဆရာကြီးများ ကန်တော့ပွဲကို ကျင်းပခဲ့သည့် အစဉ်အလာကောင်းတရပ် ပေါ်ထွန်းလာခဲ့ပါသည်။
ဆရာသည် ကာတွန်းအပြင် ၀တ္ထု၊ ဆောင်းပါး ဘာသာပြန်များကိုလည်း ရံဖန်ရံခါ ရေးပါသည်။ မျိုးဆက်သစ် လူငယ်ကာတွန်းဆရာများနှင့် အမြဲတမ်း လက်ပွမ်းတတီး နေထိုင်တတ်ပါသည်။ ဆရာသည် ကာတွန်းဆရာ တယောက်အနေဖြင့် ထူးခြားသောနှစ်များကို သင်္ကေတရုပ်ပုံများဖြင့် ဖန်တီးရေးဆွဲလေ့ ရှိခဲ့ပါသည်။ ဥပမာ- ၁၉၅၅ (၅-၅-၅၅)၊ ၁၉၆၆ (၆-၆-၆၆)၊ ၁၉၇၇ (၇-၇-၇၇)၊ ၁၉၈၈ (၈-၈-၈၈) စသည်ဖြင့် ရေးဆွဲခဲ့ပါသည်။ ဆရာသည် ပုံပမာကာတွန်းစာအုပ်၊ ၃၈ ဖြာ မင်္ဂလာ၊ ကာတွန်းပဒေသာ (၁၉၇၈) (၁၉၈၂) နှင့် ငါးပါးသီလ၊ ကာတွန်းပဒေသာ (၁၉၈၄) (၁၉၉၁) စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ ဆရာဦးဖေသိန်းသည် ပုသိမ်အသင်း ရန်ကုန်၏ ရာသက်ပန်အသင်းဝင်၊ ဒုတိယဥက္ကဌ၊ အမှုဆောင်နာယက။ သာသနာ့ရိပ်သာ ဟိတေသီအဖွဲ့ဝင် ဖြစ်ပါသည်။ ဆရာ၏ သတင်းစာ ကာတွန်းဆရာဘ၀ တလျှောက်လုံးတွင် အစိုးရကိုရော သောင်းကျန်းသူကိုပါ ဝေဖန်ရေးဆွဲခဲ့သဖြင့် နှစ်ဖက်စလုံးမှ ငြိုငြင်ခြင်းနှင့် ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရပါသည်။ သို့သော် ပြည်သူလူထု၏ ချစ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

(ငါး)
ပြည်သူလူထုကို ချစ်ခင်ခဲ့သော ကာတွန်းဆရာကြီး ဦးဖေသိန်းမှာ ကွယ်လွန်ခဲ့သော်လည်း သူ၏ ကာတွန်းအတွေးအမြင်များမှာ ပြည်သူလူထု၏ နှလုံးသားတွင် ရှင်သန်နေဆဲ ဖြစ်ပါသည်။ ဆရာသည် အစွမ်းထက်သော ကာတွန်းပညာဖြင့် သူဖြတ်သန်းခဲ့သော လောကကြီး၏ ကောင်းကျိုးကို စောင့်ရှောက်ခဲ့ လေသည်။ ထိုသို့ အတွေးစများကြားမှ ကျွန်တော်သည် အုံ့ဆိုင်းပိန်းပိတ်နေသော ဇွန်လ၏ တိမ်ညိုတိမ်မဲများ ကြားတွင် ဆရာ၏ ရွှေရိုးကလေးမှာတော့ ကာတွန်းကို သတိရမိရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိပါ တော့သည်။

ကြယ်စင်မြစ်
(၉-၇-၂၀၀၉)
ကိုးကားစာအုပ်စာတမ်းများ
၁။ စာနယ်ဇင်းသမိုင်းစာတမ်းများ ဒုတိယတွဲ (ပထမအကြိမ်၊ ၁၉၇၈)
၂။ ကာတွန်းဆရာဦးဖေသိန်း၏ဆောင်ရွက်ချက်များ။ ဈာပနတွင် အခမဲ့ ဖြန့်ဝေစာစောင်။
၃။ ဘထွေး၊ ပန်းချီပန်းပု မှတ်တမ်း (၁၉၇၉)
၎။ ပေဖူးလွှာမဂ္ဂဇင်း၊ ဧပြီ ၁၉၈၆
၅။ မိုးဇံ၊ လူငယ်နှင့်အင်တာဗျူးများ Beauty's Collection ပင်နီစာအုပ်တိုက် ၂၀၀၃၊ မတ်လ။

{ဗြူတီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၉မှ ကူးယူဖော်ပြပါတယ်။}

Posted by Maung Aye Win

Credit - Tin Maung Hlaing

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here