ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ဆရာကြီး ရွှေဥဒေါင်း အကြောင်း အသေးစိတ်ဖတ်ချင်ရင်




ဆရာကြီး ရွှေဥဒေါင်းကို (၁၈၈၉) ခု၊ အောက်တိုဘာလ (၂၄) ရက်၊ (ကမ္ဘာ့ကုလသမဂ္ဂနေ့)၊ ကြာသပတေးနေ့၌ မန္တလေးဧချိုင့် (ဓားတန်း)ရပ်ကွက်တွင်ဖွားမြင်ခဲ့လေသည်။ ဖခင်မှာ ဦးဧရာဖြစ်၍ မိခင်မှာဒေါ်ရွှေဖြစ်သည်။ ဦးဧရာသည် သီပေါမင်းလက်ထက်တွင်လွှတ်တော်စာရေးအဖြစ်အမှုထမ်းခဲ့ဖူးသည်။ အင်္ဂလိပ်မင်းလက်ထက်သို့ ရောက်သောအခါတွင်မှဖိနပ်ထောင်ဆရာအဖြစ် အသက်ကျွေးဝမ်း ကျောင်းပြု သည်။ ဒေါ်ရွှေသည်သီပေါမင်းထံတွင်စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူးသည်။ တနင်္ကသီ ရွာစားဘွဲ့ပင်ရခဲ့ဖူးသည်။ သီပေါမင်းပါတော်မူပြီး (၂) နှစ်အကြာတွင်မှ ဦးဧရာနှင့်ဒေါ်ရွှေတို့ ဖူးစာဆုံကြကာ ဆရာကြီးကို ဖွားမြင်ခြင်းဖြစ်သည်။ ဆရကြီး၏အမည်ရင်းမှာ ဦးဖေသိန်းဖြစ်သည်။

ဆရာကြီးသည် ရှေးဦးစွာ မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်း၌ပညာသင်သည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်း၊ ထို့နောက် အမေရိကန်သာသနာပြု အေတီအမ်ကျောင်းတို့ကို အဆင့်ဆင့် ပြောင်းရွှေ့ပညာသင်လေသည်။ အင်္ဂလိပ်စာကို အေတီအပ်ကျောင်းရောက်မှသင်သည်မဟုတ်။ ဘုန်းတော်ကြီးကျောင်းမှာကတည်းက စတင်သင်ယူခဲ့သည်။

ဆရာကြီးသည် အေတီအမ်ကျောင်း၌ပညာသင်ယူနေစဉ် (၈) တန်းအရောက်တွင် စာဖတ်ဝါသနာမျိုးစေ့ကို ရခဲ့သည်။ မျိုးစေ့ချပေးသူကား အမြော်အမြင်ကြီးလှသော ဆရာရွှေမှန်ဆိုသူ ဆရာတစ်ဦးပင်ဖြစ်လေသည်။ ဆရာကြီးသည် ပသီပုံပြင်ကိုစတင်ဖတ်ရှုကာနှစ်သက်စွဲလမ်းခဲ့သည်။ ထို့နောက် ရေနော (Reynolds) ရေးသည့် Mysteries of London (လန်ဒန်မြို့ အရှုပ်တော်ပုံ) လျှို့ဝှက်သည်းဖိုဝတ္ထုကိုဖတ်ရှုခဲ့သည်။ထို့နောက်ကမ္ဘာ့ဂန္ထဝင်မြောက် အင်္ဂလိပ်ဝတ္ထုကြီးများကိုတစ်အုပ်ပြီးတစ် အုပ် ဖတ်ရှုလေတော့သည်။ဆရာကြီးသည် (၁၉၀၈) ခုတွင် ဘင်္ဂလား (၉) တန်းခေါ် ကာလကတ္တား ယူနီဗာစီအင်းထရင့် စာမေးပွဲကိုအောင်မြင်သည်။ ထိုအချိန်၌ အသက်(၁၉) နှစ်အရွယ်ရှိပြီ။ ထိုခေတ်က အထက်တန်း ကျောင်းများတွင် ဘင်္ဂလား (၉)တန်းသည်အမြင့်ဆုံးဖြစ်သည်။ အောင်လျှင် ကောလိပ်သို့ဆက်တက်နိုင်သည်။ အလုပ်ထွက်လုပ်လျှင်လည်း အစိုးရ ဘက်တွင်အလုပ်ကောင်းကောင်းတစ်ခုရနိုင်သည်။ မိဘများ စီးပွားရေးအခြေအနေ မကောင်း သော ကြောင့် အလုပ်ဝင်လုပ်လေသည်။ ယင်းသို့ အလုပ်ဝင်လုပ်သော်လည်း စာအုပ်ကောင်းများကိုကား လက်ကမလွှတ်ခဲ့။ တိုး၍သာဖတ် ရှုခဲ့ပေသည်။

ဆရာကြီး၏ဘဝတွင် ထူးခြားချက်တစ်ခုမှာ လခစားအလုပ်တစ်ခုကို ကြာရှည်မလုပ်ခြင်းဖြစ်သည်။ အလွန်ဆုံးကြာမှ (၄) နှစ်ပင်။ (၃) နှစ်ကျော်၍ (၄) နှစ်ပြည့်တော့မည်ဆိုလျှင် လုပ်ကိုင်နေသောအလုပ်ကို ဆရာကြီးမနှစ်သက်ဖြစ်လျှင်လည်းဖြစ်လာတတ်သည်။ အကယ်၍ နှစ်သက်နေပြန်လျှင်လည်း ဆက်လက် လုပ်ကိုင်ရန် မဖြစ်နိုင်တော့သောအခြေအနေတို့ဖြစ်ပေါ်လာတတ်ပေသည်။ သို့ဖြင့် ဆရာကြီးသည် အလုပ်တစ်ခုပြီးတစ်ခုပြောင်းခဲ့ရလေသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှတို့နှင့်အတူတွေ့ရသည့် ဆရာကြီး ရွှေဥဒေါင်း

ဆရာကြီးသည် ရှေးဦးစွာမန္တလေး၌ကျောင်းဆရာလုပ်သည်။ ထို့နောက်ရွှေဘိုအရေးပိုင်ရုံး၌ စာရေးလုပ်သည်။ ထို့နောက် ထိုမြို့သစ် တောရုံး၌ စာရေးလုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာ စိုက်ပျိုးခြင်းနှင့်သမဝါယမမင်းကြီးရုံး၌ တောလိုက်စာရေးဝင် လုပ်သည်။ အထက်အောက် မြန်မာပြည်အနှံ့ ခရီးထွက်ခဲ့သည်။ ထိုအလုပ်ကိုဆက်လုပ်ပါက မြို့အုပ်၊ ဝန်ထောက်ဖြစ်နိုင်သည်။ သို့သော်လည်း ချစ်ဦးသူနှင့်မပေါင်းရသဖြင့် ကြီးပွားလိုစိတ်မရှိတော့သောကြောင့်လည်းကောင်း၊ အထက်လူကြီးကို အောက်ကျို့ရသော ကြောင့်လည်း ကောင်း ဆက်မလုပ်ခဲ့ချေ။ (၃) နှစ်ခန့်လုပ်အပြီ(၁၉၁၄) ခုနှစ်တွင် နှုတ်ထွက်စာတင်၍ နှုတ်ထွက်သည်မဟုတ်။ ရုံးသို့မသွားဘဲအေးအေးလူလူနေလိုက်ခြင်းဖြစ်သည်။

ယင်းသို့ အလုပ်မှထွက်ပြီးနောက် ဝက်လက်ရှိမိဘများထံသွားရောက်နေထိုင်သည်။ ထိုအချိန်တွင် ဆရာကြီးသည်ဒုတိယအိမ်ထောင်နှင့်ဖြစ်သည်။ တောလိုက် စာရေးဘဝ၌ရှိစဉ်အသက် (၂၁) အရွယ်တွင် ပထမအိမ်ထောင်ကျခဲ့သည်။ သို့သော်ကြာရှည်မပေါင်းဖြစ်။ သုံးနှစ်ခန့်ပေါင်းသင်းပြီးနောက်ကွဲခဲ့သည်။ အလုပ်မှနုတ်ထွက်ပြီးချိန်အသက်(၂၅)နှစ်အရွယ်တွင် ထိုဒုတိယအိမ်ထောင်နှင့် ရခဲ့ခြင်းဖြစ်လေသည်။

ဆရာကြီးသည် ဝက်လက်၌နေထိုင်စဉ် ဘာအလုပ်မျှမလုပ်ခဲ့။ နေ့ရှိသရွေ့ သစ်ပင်ရိပ် ကောင်းကောင်းတွင် ထိုင်လျက် စာအုပ်တစ်အုပ်ပြီးတစ်အုပ်ဖတ်ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ ဝက်လက်သို့ မလာမီကတည်းးကပင် ဆရာကြီးသည်ဂန္တဝင်မြောက် ကမ္ဘာ့ဝတ္ထုကြီးများကို တစ်ရာအောက် မနည်းဖတ်ရှုပြီးနေပြီ။ ထို့ကြောင့် ဝက်လက်၌နေထိုင်စဉ်ဘေကွန်၊ မက္ကောလေး၊ ရစ်စတင်၊ ကာလိန်း အစရှိသည့် အင်္ဂလိပ် စာရေးဆရာကြီးများ၏ ဝတ္ထုမဟုတ်သည့်စာတမ်းများ၊ ကျမ်းများကိုဖတ်ရှုခြင်းပြုလေသည်။

ဤသို့ ဖတ်ရှုရာမှ တစ်ညတွင် “ငါသည် ဝတ္ထုစာအုပ်ပေါင်း မြောက်မြားစွာ ဖတ်ရှုခဲ့ဖူးပြီး။ မြန်မာတစ်ပြည်လုံးသို့လည်း အနှံ့အပြားရောက်ခဲ့ဖူးပြီ။ ငါကိုယ်တိုင် ဝတ္ထုတစ်ပုဒ်ရေးရလျှင် ဖြစ်နိုင်လောက် သည် မဟုတ်လော” ဟူ၍စိတ်ကူးပေါ်ခဲ့လေသည်။

ဆရာကြီးသည် ကျောင်းသားဘဝမှစ၍ အင်္ဂလိပ်စာ၌ထူးချွန်သူဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်စာအုပ် များကိုသာ အဖတ်များသူဖြစ်သည်။ ထို့ကြောင့် တစ်နေ့သောအခါ အင်္ဂလိပ်ဝတ္ထုရေးဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟူ၍ ယခင်ကရည်မှန်းချက်ရှိခဲ့ဖူးသည်။ သို့သော် ယခုဝတ္ထုရေးရန် စိတ်ကူးပေါက်လာသည့်အခါတွင်ကား အင်္ဂလိပ်လိုမရေးဖြစ်။ အင်္ဂလိပ်လိုရေးနိုင်လောက်အောင် မကျွမ်းကျင်သေးဟု ထင်နေမိသည်။ သို့ဖြင့် မြန်မာလိုပင်စမ်းကြည့်ပါတော့မည်ဟူ၍ ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်သည့်အတိုင်း ဆရာကြီးသည် (၁၉၁၅)ခု၊ နိုဝင်ဘာလ(၈) ရက်နေ့ ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင်ရေးသားလေသည်။ ထိုညမှာပင် ဇနီးသည်လည်း သမီးမိန်းကလေးကိုဖွားမြင်သည်။ ထိုအချိန်၌ ဆရာကြီးသည်အသက် (၂၆) နှစ်ရှိပြီ။ ဆရာကြီးသည် နေ့ခင်းတွင်အိပ်၍ ညဖက်တွင် တစ်ညလုံးစာထိုင်ရေးရလေသည်။ ရန်ကြီးအောင်ဝတ္ထုကို (၁၉၁၆)ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် အဆုံးသတ်ခဲ့သည်ဟုဆိုသည်။

ထိုခေတ်ထိုအခါတွင် ဝတ္ထုရေးသည်ဆိုလျှင် လူကြီးမိဘဆွေမျိုးများ၏အားပေးမှုကို ရရန်မလွယ်လှပေ။ ဆရာကြီးအဖို့ကား ထိုသို့မဟုတ်။ မိဘဆွေမျိုးများ၏အားပေးခြင်းကို အထူးရရှိခဲ့၏။ ထို့ကြောင့်နှင့် ပတ်သက်၍ တစ်သက်တာမှတ်တမ်း၌ ဆရာကြီးက “(၁၅) ရက်ခန့် ရေးမိသောအခါ ကျွန်ုပ်၏မိဘမျာ၊ ဇနီးနှင့်ညီတို့သည် ရေးပြီးသော စာရွက်များကို ဖတ်ချင်ကြလှလေပြီ။ ညီသည်ပြီးသမျှသောစာရွက်များကိုယူဖတ်၍ အလွန်ကောင်းသည်ဟုချီးမွမ်းခဲ့ရာတွင် မိဘများကလည်း သိချင်ကြကုန်လေပြီ။ သို့ဖြစ်၍ ဝက်လက်၍ နေထိုင်လျက်ရှိကြသော ဦးလေးများ၊ အရီးများ၊ ညီများ၊ နှမများကိုအားလုံးခေါ် စုရုံးပြီးလျှင် ညီကဖတ်ပြစဉ်လက်ဖက်ရည်ကြမ်းဝိုင်းဖြင့် နားထောင်ကြလေ၏။

လူပျိုလှည့်ဝတ္ထုများလောက်သာ ဖတ်ဖူးကြ၍ ထိတ်လန့်တုန်လှုပ်ဖွယ်များ၊ အသည်းအေးဖွယ်အခြင်းအရာများပါရှိသောကျွန်ုပ်၏ဝတ္ထုမျိုးကို မကြားဖူး၊ မဖတ်ဖူးကြသည့် ဆွေမျိုးသားချင်းအားလုံးတို့မှာ အလွန်စိတ်ဝင်စားကြလျက် အားပါးတရ ချီးမွမ်းအားပေးကြပါပေသည်။ မည်သည့်ဝတ္ထုကိုမျှ မဖတ်ဖူးသည့် ကျွန်ုပ်၏ဖခင်ကိုယ်တိုင်မှာပင် “ကောင်းသဟေ့၊ သိချင်လှပြီဟေ့” စသည်ဖြင့် ခဏခဏပြောလျက်ရှိ၏။ က္ကန္ဒာဝံသနှင့်ဝိဇယကာရီဝတ္ထုများကို သွက်သွက်ကျေလာခဲ့သောမိခင်ကိုယ်တိုင်းကလည်း “ဆန်းတယ်ဟေ့၊ ဒါမျိုးကြားဖူးဘူးဟေ့” ဟုဆိုကာ တပြုံးပြုံးနှင့် အားပေးရှာသည်။ နောင်အခါ၌ လူကြိုက်များမများ၊ ပုံနိုပ်ထုတ်ဝေမည့်သူရှိမရှိကို မသေချာသေးသော်လည်း ကျွန်ုပ်အဖို့မှာ မိဘများနှင့်၊ အိမ်သူအိမ်သားများ၊ ဆွေမျိုးညာတိများက သဘောကျသည်ဆိုရုံမျှနှင့်ပင် ကြည်နူးဝမ်းမြူးလျက် ရှိလေပြီ” ဟူ၍ ဆရာကြီးသည်သူ၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် ရေးထားလေသည်။

ရန်ကြီးအောင်ဝတ္ထုမှာ ကိုယ်ပိုင်စိတ်ကူးဥာဏ်ဖြင့် ရေးသောဝတ္ထုပင်ဖြစ်သည်။ သို့သော် ဝတ္ထုပါ ဇာတ်လိုက်မနှင်းမြိုင်အား ကာလသားလေးယောက် အလောင်းအစားပြုကာလူပျိုလှည့်ခန်း တစ်ကွက်မှာမူ “လန်ဒန်အရှုပ်တော်ပုံ” ဝတ္ထုမှာ ယူခြင်းဖြစ်သည်။ ဝတ္ထုပြီးသောအခါ သူရိယသတင်းစာတိုက်သို့ပို့လိုက်သည်။ သူရိယက နှစ်သက်သဖြင့်ပုံနိုပ်ထုတ်ဝေရန် ရွေးချယ်လိုက်သည်။ ဥာဏ်ပူဇော်ခ ငွေတစ်ရာလည်း ပေးလိုက်သည်။ သို့ဖြင့် ဆရာကြီးသည် စာရေးဆရာဖြစ်လာလေသည်။

“ရတနာပုံ” ဝတ္ထုသည် ဆရာကြီး၏ ဒုတိယလက်ရာဖြစ်သည်။ သူရိယမှာ ဘကြီးဘဖေ၏ အကြံပေးချက်အရ မစ္စစ်ဟင်နရီဝုဒ် (Mrs. Henry Wood) ရေးသော “အိစလင်း” (East Lynne)ကိုဆီလျော်စွာပြန်ဆိုခြင်းဖြစ်သည်။

“ရန်ကြီးအောင်” နှင့် “ရတနာပုံ” ဝတ္ထုတို့ပေါ်ထွက်လာသောအခါ ပရိသတ်က အထူးနှစ်သက်သြဘာပေးကြသည်။ ယင်းကိုအကြောင်း ပြုလျက် သူရိယက ဆရာကြီးအား မကြာမီ ထုတ်ဝေမည့် သူရိယမဂ္ဂဇင်းအတွက်ကြိုတင်၍ အယ်ဒီတာခန့်လိုက်သည်။

ယင်းနှင့်ပတ်ပက်၍ တစ်သက်တာ မှတ်တမ်းတွင် “(၁၉၁၇) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျွန်ုပ်သည် သူရိယမဂ္ဂဇင်းအယ်ဒီတာအဖြစ်နှင့် သူရိယတိုက်သားတစ်ယောက်ဖြစ်လာ၏။ သူရိယတိုက်အုပ် နှစ်ယောက် (ဦးဘဖေနှင့်ဦးလှဖေ)တို့သည် ကျွန်ုပ်၏ လက်စွမ်းလက်ဆကိုမြင်ကြသည်နှင့်သူရိယမဂ္ဂဇင်းထုတ်ဖို့ အကြံဖြစ်ပေါ်လာကြသည်ဟုနောင်တွင်သိရ၏။ လခမှာပထမတွင် (၇၅) ကျပ် ဖြစ်သော်လည်း သုံးလလောက်တွင် (၁၀၀ိ-၁၀ိ-၁၈၀ိ) သို့တိုးမြှင့်ပေးကြပါပေသည်။ ကျွန်ုပ်ရေးခဲ့သော ဝတ္ထုနှစ်အုပ်အနက် ‘ရန်ကြီးအောင်’ ဝတ္ထုမှာ ရှေးဦးစွာရေးခြင်းဖြစ်သော်လည်းသူရိယတိုက်က ‘ရတနာပုံ’ ဝတ္ထုကို အလျင်အသုံးပြု၍ (၁၉၁၆) ခုနှစ်၊ အောက်တိုဘာလမှစပြီး သူရိယသတင်းစာတွင် ရက်ခြားတည့်ပေးသည်။

၎င်းနောက်စာအုပ်အဖြစ်နှင့်ထုတ်သောအခါတွင်လည်း သူ့ခေတ်တွင် Best Seller အတွင်ကျယ်ဆုံး ရောင်းရသည့် စာအုပ်တစ်အုပ်ဖြစ်လာပါသည်။ ကျွန်ုပ်သူရိယတိုက်သားတစ်ယောက် ဖြစ်ခါစအချိန်၌ ရတနာပုံဝတ္ထုမှာ စာအုပ်အဖြစ်နှင့်ထွက်လာခြင်းဖြစ်ရာ နံနက်အချိန်တွင် ကျွန်ုပ်တိုက်သို့ရောက်သွား၍ စာအုပ်ရောင်းစာရေးကအမြို့မြို့မှ လက်လီမှာထားကြသောရတနာပုံဝတ္ထုစာအုပ် အဖုံးစိမ်းများကို သူ့စားပွဲရှေ့၌ ဖြန့်ချထားသဖြင့် တစ်ခန်းလုံးစိမ်းလျက်ရှိခြင်းကို ကျွန်ုပ်တွေ့ရသည်နှင့် စာရေးဆရာ လက်သစ်တစ်ယောက်အနေဖြင့် အလွန်ကျေနပ်နှစ်သိမ့်မိခြင်းကိုမှတ်မိပါသေးသည်။ ထိုခေတ်၌ ဝတ္ထုစာအုပ် အမြောက်အမြား ပေါ်ထွက်သေးသည် မဟုတ်သည့်အလျောက် တိုက်သွားတိုက်ပြန်ချိန်များတွင် ဓာတ်ရထား(ဘတ်စ်စကားမပေါ်သေး) မီးရထားများပေါ်၌စာရေးစာချီအလုပ်သမားများ၏ ဝေဖန်ချက်များကို ကြားရသည်မှာလည်း အားရှိစရာကောင်းလှပါပေသည်။” ဟုရေးသားခဲ့လေသည်။

ဆရာကြီးသည် သူရိယတွင် အလုပ်လုပ်စဉ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်လည်း သိကျွမ်းခင်မင်ခဲ့သည်။ ဆရာကြီး ပီမိုးနှင်းနှင့်လည်း သိကျွမ်းခင်မင်ခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဆရာကြီးရွှေဥဒေါင်းထက် (၁၄) နှစ်ကြီးသည်။ ဆရာကြီးပီမိုးနှင်းမှာမူ ဆရာကြီးအောက် (၆) နှစ်ငယ်လေသည်။

ဆရာကြီးသည် ရန်အောင်နှင့်ရတနာပုံဝတ္ထုတို့ကိုရေးသားရာတွင် မိမိ၏ကလောင်နာမည်ကို တစ်စုံတစ်ရာဖော်ပြခြင်းမပြုခဲ့ပေ။ ဤတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကလောင်နာမည်တစ်ခုရွေး၍ ရေးသားရန်အကြံပေးခဲ့သည်။ သို့ဖြင့် ဆရာကြီးသည် ‘ရွှေဥဒေါင်း’ အမည်ကိုခံယူလိုက်သည်။ သူရိယတိုက်မှ နာမည်ရလာခြင်းကိုအကြောင်းပြုလျက် ထိုနာမည်ကိုခံယူခြင်းဖြစ်သည်။ သူရိယမှာ “နေ”ဖြစ်၍ နေ၏ အထိမ်းအမှတ်သည် “ဒေါင်း”ဖြစ်သောကြောင့် “ရွှေဥဒေါင်း” ဟူ၍ခံယူခြင်းဖြစ်သည်။

ထို့နောက် ဆရာကြီးသည် ရူပနန္ဒီ၊ စုံထောက်မောင်စံရှား၊ ဝင်္ကန္တ၊ ရတနာပူရ၊ ခင်စက်မေစသည့် ဝတ္ထုတို့ကို ဆီလျော်အောင်ပြန်ဆိုခဲ့လေသည်။

ဆရာကြီးရေးသားခဲ့သည့် ရူနန္ဒီသည် နောင်ဆာဘွဲ့ရရိုက်ဒါဟက်ဂတ် (Rider Haggard) ရေးသော She ဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားခြင်းဖြစ်သည်။ ထို့အတူ ကိုနင်ဒွိုင်း (Conan Doyle) ရေးသောစုံထောက်ရှားလော့ဟုမ်း (Sherlock Holmes) ဝတ္ထုကိုလည်း စုံထောက်မောင်စံရှားအမည်မှည့်ကာ ဆီလျော်အောင်ပြန်ဆိုခဲ့ပေသည်။ ဝတ္ထုထဲတွင်ပါရှိသော အဖော်ဖြစ်သူ ဒေါက်တာဝပ်ဆင်ကိုလည်း ကိုသိမ်းမောင်၊ လန်ဒန်မြို့ဘေကာလမ်းကို ရန်ကုန်မြို့ဘရုကင်းလမ်း စသည်ဖြင့် မြန်မာ့အသွင်သို့ ကူးပြောင်းကာပြန်ဆိုခဲ့သည်။

ယင်းသို့ပြန်ဆိုရာတွင် ဆရာကြီးရွှေဥဒေါင်းသည် မူရင်းဝတ္ထုအရသာကိုလည်းကောင်း၊ မူရင်း စာရေးဆရာ၏ အာဘော်ကိုလည်းကောင်၊ မပျက်စေဘဲမြန်မာဆန်အောင် ပြန်ဆိုနိုင်၏။ ဆံပင်နီအသင်း (The Red Headed League) အမည်ရှိ ရှားပါးလော့ဟုမ်း စုံထောက်ဝတ္ထု တစ်ပုဒ်ထဲမှ ဖြစ်သည်။

● ဆံပင်နီအသင်းကြီး

အမေရိကန်ပြည် ပင်စီဗေးနီးယားပြည်နယ်၊ လက်ဘနွန်မြို့၌ကွယ်လွန် အနိစ္စရောက်ခဲ့သည့် သူဋ္ဌေးကြီး အစီးကီးယားဟော့ ကင်း တည်ထောင်ဖွဲ့စည်းခဲ့သော ဆံပင်နီအသင်းကြီးတွင် အသင်းသား မင်ဘာတစ်ယောက် လစ်လပ်လျက်ရှိရာ ဆံပင်နီရှိသော မည်သည့် ယောက်ျားမဆို ၎င်းလစ်လပ်သော နေရာအတွက် လျှောက်ထားနိုင်ကြောင်း။ လခမှာ တစ်ပတ်လျှင် (၄) ပေါင်ဖြစ်၍ အလုပ်ဝတ္တုရားမှာ အလွန်ချောင်ချိ သက်သာလှကြောင်း။ ကိုယ်လက်အင်္ဂါပြည့်စုံ၍ အသက် (၂၁)နှစ်ကျော်လွန်သည့် မည်သည့် ဆံပင်နီ ယောက်ျားမဆို လျှောက် ထားနိုင်ကြောင်း။ လျှောက်ထားသူများသည် ရှေ့တနင်္လာနေ့ (၁၁) နာရီအချိန်တွင်ဖလိလမ်း၊ ပုပ်ကုတ်၊ အမှတ်(၇) နေ ဒန်းကင်း ရော့ထံ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါကြောင်း။

ကိုနင်ဒွိုင်းဝတ္ထုပါ စာပိုဒ်ကို တိုက်ရိုက်ပြန်ဆိုပါက အထက်ပါအတိုင်းရနိုင်ပေသည်။ ယင်းကို ဆရာကြီးက မြန်မာ့အသွင်ပြောင်းလျက် ဆီလျော်အောင် မြန်မာပြန်ထားသည်မှာ –

● ကာဏာရိဌ်အသင်းကြီး
ယိုးဒယားပြည် ဘန်ကောက်မြို့၌ကွယ်လွန် အနိစ္စရောက်ခဲ့သည့်သူဌေးကြီး ဦးပေါက်စီ တည်ထောင်ဖွဲ့စည်းခဲ့သော ကာဏာရိဌ်အ သင်းကြီးတွင် အသင်းသားမင်ဘာ တစ်ယောက်လစ်လပ်လျက်ရှိရာ မျက်စိတစ်ဖက်လပ်သော မည်သည့်ယောက်ျားမဆို ၎င်းလစ်လပ်ရှိ သော နေရာတွင် လျှောက်ထားနိုင်ကြောင်း။ လခမှာ တစ်လ (၂၅၀ိ) ဖြစ်၍ အလုပ်ဝတ္တရားများမှာ လွန်စွာ ချောင်ချိသက်သာလှကြောင်း။ ကိုယ်လက်အင်္ဂါ ပြည့်စုံ၍ အသက် (၂၁) နှစ် ကျော်လွန်သည့် မည်သည့်မျက်စိတစ်ဖက်လပ် ယောက်ျားမဆို လျှောက်ထားနိုင်ကြောင်း။ လျှောက်ထားလိုသူများသည် ရှေ့တနင်္လာနေ့နံနက် (၁၁) နာရီအချိန်တွင် ကုန်သည်လမ်း၊ တိုက်နံပါတ် (၃၇၆) နေ ဦးသန်းဖေထံ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါကြောင်း။

မူရင်းဝတ္ထု အာဘော်မပျက်စေဘဲ နိုင်ငံခြားအသွင်းကို မြန်မာ့အသင်းသို့ ကူးပြောင်းလျက် အထက်ပါအတိုင်း ဆီလျော်အောင် ပြန်ဆိုထားသည်မှာ ပိုင်နိုင်လှပေသည်။ နိုင်ငံအမည်၊ မြို့အမည်၊ လမ်းအမည်၊ လူအမည်တို့ကို ဆီလျော်အောင်ပြန်ဆိုသည်မှာ မခက်ဟု ဆိုပါဆိုနိုင်လေသည်။ သို့ရာတွင် “ဆံပင်နီအသင်း” ကို “ကာဏာရိဌ်” အသင်းဟူ၍ ဆီလျော်အောင်ပြန်ဆိုရသည်မှာကာ ဉာဏ်အထူး ထုတ်ရသော ကိစ္စဖြစ်သည်။

အနောက်နိုင်ငံတွင် ဆံပင်နီကို တွေ့နိုင်သော်လည်း မြန်မာနိုင်ငံတွင်ကား မတွေ့နိုင်။ ဆံပင်နီဟု ပြန်ဆိုလျှင် မြန်မာဒေသနှင့် မဆီလျော်ဖြစ်သွားမည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌တွေ့နိုင်မည့် ‘မျက်စိတစ်ဖက်လပ်’ ကိုအစားသွင်းခဲ့သည်။ တစ်ဖန် ‘မျက်စိတစ်ဖက်လပ်’ ဖြင့်မရပ်သေး။ ‘ကာဏာရိဌ်’ ဟူသော ပါဠိသက်စကားကိုယူကာ ပို၍ မြန်မာဆန်သည်ဟု ထိုခေတ်စာဖတ်သူတို့ ယူဆ လက်ခံလာအောင် ပြုခဲ့ပေသည်။ ထို့ပြင် မူရင်း၌ အခကြေးငွေကို ဖေါ်ပြရာတွင် တစ်ပတ်လျှင် (၄) ပေါင်ဟု ဖော်ပြထားသည်။

သူတို့နိုင်ငံတွင် အလုပ်အတွက် အခကြေးငွေရှင်းရာ၌ တစ်လတစ်ကြိမ် ရှင်းသည့်နည်းတူ တစ်ပတ်တစ်ကြိမ်နှစ်ပတ်တစ်ကြိမ် ရှင်းပေးခြင်းမျိုးလည်းရှိသည်။ ထို့ကြောင့် ဤသို့ဖော်ပြထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား တစ်လတစ်ကြိမ်သာ ရှင်းပေးလေ့ရှိသည်။ ထို့ကြောင့် ဆီလျော်အောင် တစ်ပတ်လျှင် (၄) ပေါင်အစား တစ်လလျှင် (၄) ပေါင်အစား တစ်လလျှင် (၂၅၀ိ) ဟူ၍ ပြုပြင်ပြန်ဆိုခြင်း ဖြစ်သည်။ မြန်မာဆန်၍ မြန်မာ့နားမျက်စိ၊ မြန်မာ့အငွေ့ အသက်နှင့် အံဝင်ခွင်ကျသော ဆီလျော်အောင် ပြန်ဆိုမှုပင် ဖြစ်လေသည်။

ယင်းသို့ မြန်မာပြန်ရာ၌ အစွမ်းထက်သဖြင့်လည်း ယနေ့တိုင်စုံထောက်မောင်စံရှားဝတ္ထုများသည် မြန်မာစာပေလောက၌ ထင်ရှားနေ ပေသည်။

မြန်မာလူငယ်လောကတွင် ‘စုံထောက်မောင်စံရှားဝတ္ထုများ’ မည်မျှအထိ ပြန့်နှံ့လွှမ်းမိုးခဲ့သည်ကို ဒဂုန်တာရာ၏ ရေးသားချက်ကို ကြည့်ပါက မြင်နိုင်ပေသည်။ ဒဂုန်တာရာ၏ အတ္ထုပ္ပတ္တိ၌ ဒဂုန်တာရာကသူ၏ ကျောင်းသားလူငယ်ဘဝ အတွေ့အကြုံအခန်းကို ရေးထားသည်မှာ

“ထိုအခါက စုံထောက်မောင်စံရှားဝတ္ထုကို စွဲလမ်းခဲ့လေရာ ‘ကဝိမျက်မှန်’ မဂ္ဂဇင်းကို လှန်လိုက်လျှင် မောင်စံရှားကို စတင်ဖတ်လေသည်။ စုံထောက်မောင်စံရှားကိုလျှင် တကယ်ရှိသည်ဟု မှတ်ထင်ကာ ဖခင်အား မကြာခဏမေးရ၏။

ဦးစံရှား အမှုလိုက်သွားသော ကြို့ကုန်း၊ သမိုင်းစသောနေရာဒေသများကို မှန်းကြည့်လေ့ရှိသည်။ ဦးစံရှားစီးသော လော်ကယ်ရထားပေါ်တွင် သဲလွန်စရှာတတ်သည်။ ချုံနွယ်ပိတ်ပေါင်းများစွာအကြားမှ ရေတွင်းပျက်၊ ရေညှိတိုဖြင့် စိမ်းဝါဝါရှိသောတိုက်အို၊ ဗိုလ်ကပြားလင်းမယား၊ လွစ္စလမ်း၊ ကောက်ချိပ်သောဆေးတံ စသည်များကို မျက်စိထဲ မြင်နေ၏။ အမှုသည်တက်လာသောအခါ အင်္ကျီ၌ ပေနေသောရွံ့စက်များကို အကဲခတ်ကာ “ဒီကနေ့ ရထားမရှိတာနဲ့ မြင်းလှည်းနဲ့လိုက်ခဲ့တယ်မှတ်တယ်” ဟုပြောပုံကို သိပ်သဘောကျ၏”

ဆရာကြီးရွှေဥဒေါင်းသည် စုံထောက်မောင်စံရှားဝတ္ထုများကို ပြန်ဆိုကာ (၁၉၁၇) ခုနှစ် ဧပြီလထုတ်သူရိယမဂ္ဂဇင်း၌ စတင်ထည့်သွင်းသည်။ ထို့နောက် ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်း၊ ရှုမဝ မဂ္ဂဇင်း များတွင် ထည့်သွင်းလေသည်။ ယင်းတို့ကို စုပေါင်းလျက်လုံးချင်းစာအုပ်များအဖြစ်လည်း ထုတ်ဝေခဲ့လေသည်။

ဆရာကြီးသည် အယ်ဒီတာလုပ်နေစဉ် သူရိယက ကလောင်သစ်များအတွက် ဝတ္ထုပြိုင်ပွဲ ကျင်းပပေးသည်။ ပြိုင်ပွဲဝင်များ၏စာမူများကို ဆရာကြီးကပင် ဖတ်ရှုရွေးချယ်ပေးရသည်။ ထိုစဉ်က ဆရာကြီးသည် ဒဂုန်ရွှေမျှား၏ ‘ချင်းဗိုလ်မောင်တက်တူ’ ဝတ္ထု၊ အင်ဒီပင်းဒင့်ဒေါ်စန်း၏ ‘ခင်စန်းကြည်’ ဝတ္ထုတို့ကို ရွေးချယ်ဆုပေးခဲ့ကြောင်း ပြောပြဖူးသည်။

ဆရာကြီးသည် ထိုအချိန်က အလွန်အလုပ်လုပ်နိုင်သည်။ ဝတ္ထုလည်း ရေးသည်။ အယ်ဒီတာလည်း လုပ်သည်။ တစ်ဖက်ကလည်း မိတ်ဆွေတစ်ဦးဖြစ်သူ ဦးခင်မောင်နှင့် ပေါင်းလျက် “မြန်မာ့ဗျူဟာ ဂျာနယ်” ကို ထုတ်ဝေလိုက်သေးသည်။ မြန်မာ့ဗျူဟာဂျာနယ်ကား မြန်မာစာနယ်ဇင်းသမိုင်းတွင် ပထမဆုံးသော ဂျာနယ်ဖြစ်လေသည်။

မြန်မာ့ဗျူဟာဂျာနယ်ကို (၁၉၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ (၁၂၈၁) ခုနှစ်၊ နတ်တော်လဆုတ် (၇) ရက်၊ စနေနေ့တွင် စတင်ထုတ်ဝေသည်။ ထိုအချိန်က မြန်မာ့မဂ္ဂဇိန်၊ မြန်မာ့အလင်း၊ သူရိယ၊ ပညာအလင်း စသောတစ်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းများနှင့် နေ့စဉ်နှင့်ရက်ခြားထုတ်သူရိယ၊ မြန်မာ့အလင်း စသော သတင်းစားများထွက်ပေါ်နေကြပြီဖြစ်၏။ ဂျာနယ်ဟူသော အင်္ဂလိပ်ဝေါဟာရ ကိုလည်း မြန်မာ့ဝေါဟာရအဖြစ် စတင် အသုံးပြုသော စာစောင်လည်း ဖြစ်ပေသည်။

မြန်မာ့ဗျူဟာဂျာနယ်သည် ဒီမိုင်း(၄) ချိုးအရွယ်ဖြစ်၍ အတွင်းစက္ကူမှာ သတင်းစာစက္ကူအမျိုးအစားပင် ဖြစ်သည်။ မျက်နှာဖုံးမှာ ဟိန္ဒူစတန်စက္ကူအပါးစား အနီရောင်ဖြစ်၍ ရွှေတလေး (ဦးဘကလေး)၏ လက်ရာဖြင့် မြန်မာ့ဗျူဟာဟု ခေါင်းစီးရေးထားသည်။ ကြော်ငြာ (၄) မျက်နှာအပါအဝင် စာမျက်နှာ (၂၀) ရှိသည်။ ရန်ကုန်မြို့၊ တိုက်အမှတ် (၁၁) အေ၊ ကုန်သည်လမ်းမှ ထုတ်ဝေပြီး တန်ဖိုးမှာ (၄)ပဲဖြစ်သည်။

မြန်မာ့ဗျူဟာဂျာနယ်၏ တာဝန်ခံအယ်ဒီတာမှာ ဆရာကြီးရွှေဥဒေါင်းဖြစ်၍ အယ်ဒီတာအဖွဲဝင်များအဖြစ် သူရိယသတင်းစာတိုက် အယ်ဒီတာအဖွဲ့ဝင် ဦးဘသန်း (အင်ဒီပင့်ဒင်း ဒေါ်စန်း၏ခင်ပွန်း)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ရွှေတလင်းနှင့် တိုက်ပိုင်ရှင် ဦးခင်မောင် (နောင်ဗြူဟာခင်အမည်ဖြင့် စာရေးသူ) တို့ဖြစ်သည်။

ဆရာကြီးရွှေဥဒေါင်းသည် အင်္ဂလန်မှ တစ်ဘစ်ဂျာနယ် ကို အတုယူ၍ မြန်မာ့ဗျူဟာကိုထုတ်ဝေသည် ဟုသိရသည်။ အတွဲ (၁)၊ အမှတ် (၁) တွင် “မြန်မာ့ကျွန်းအောင်ချာ၊ အောင်ချာ မြန်ကွန်းဗျူသောဝ်၊ ရန်တွန်းမှောင်ခွာ၊ မှောင်ခွင်ရန်တွန်း ကူလှာသောဝ်၊ မာန်စွန်းရှောင်ကွာ၊ ရှောင်ကွာမာန်စွန်း မြူစွာသောဝ်” ဟူသော ရတုပိုဒ်စုံဖြင့် စတင်ဖွင့်လှစ်သည့် ခေါင်းကြီးတွင် မြန်မာတို့၏ သေနင်္ဂဗျူဟာသမိုင်းများကို ရာဇဝင်အကိုးအကား အနည်းငယ်ထုတ်နုတ်၍ ယခုအခါ အင်္ဂလိပ်-ဂျာမန်စစ်ပွဲကိုမြန်မာစစ်တပ်ဖွဲ့စည်း၍ မြန်မာ့ဗျူဟာ၊ မင်္ဂလာစစ်တပ်၊ ပညတ်ခေါ်ညွှန်း၊ ပေါ်ထွန်းလာခြင်းတည်းဟူသော ကောင်းညွှန်းကောင်း ဟိတ်ကောင်းနိမိတ်ကို ယူပြီးလျှင် မြန်မာ့ဗျူဟာဂျာနယ် ပေါ်ထွက်လာသည့်အကြောင်းဖော်ပြထားသည်။

မြန်မာ့ဗျူဟာ ခေါင်းကြီးများကို ကြွက်စုတ်ကြီးကလောင်အမည်ခံသူရိယ ဦးဘသန်းကပင် ဒိုင်ခံ ရေးသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဆောင်းပါးများရေး၍ ပါဝင်ကူညီသည်။ “ပျော်ပျော်နေသေခဲသည်” ရယ်ရွှင်ဖွယ်ကဏ္ဍကိုဆရာကြီးရွှေဥဒေါင်းက ဒိုင်ခံရေးသည်။ နောင်သော်ပြင်ပမှ ရေးပို့ကြရန်ဖိတ်ခေါ်သည်။ တစ်ဘစ်ဂျာနယ်မှ အရွှန်းများကိုအတုယူ၍ရေးသောအခန်းဖြစ်သည်။

“ရွှေဥဒေါင်း၏ ဒိုင်ယာရီမှတ်တမ်း” ဟူသောအခန်းကိုလည်း ဆရာကြီးရွှေဥဒေါင်းပင်တာဝန် ယူရေးသည်။ တစ်ပတ်အတွင်းတစ်နေ့စီ ဟာသဆန်ဆန်ရေးထားခြင်းဖြစ်၏။

အမျိုးသမီးကဏ္ဍ၊ ကမ္ဘာအရပ်ရပ်မှအဖြစ်အပျက်ဆန်းများကိုဖော်ပြသော “အဆန်းအပြားသတင်းများ”၊ “အိမ်ရှင်မတို့ မှတ်သားရန် အချက်များ” ဟူသောအခန်းများလည်း ပါဝင်သည်။ “လက်ဖက်ရည်ကြမ်းဝိုင်း” နှင့် “စနေတစ်ပတ်အတွင်း အရေးကြီးသောသတင်းများ” ကဏ္ဍလည်းဖတ်ရှုရသည်။

ဝတ္ထုတိုနှင့်အခန်းဆက်ဝတ္ထုရှည်များကိုမူ ဆရာကြီးရွှေဥဒေါင်းပင်အရေးများသည်။ ပထမစာစောင်တွင် ပါဝင်သော ဝတ္ထုတိုမှာ “မသိန်းလှနှင့် မသိန်းမြ” ဖြစ်၍အခန်းဆက်ဝတ္ထုရှည် “မေတ္တာအစစ် အနှစ်တစ်ရာ” ဖြစ်သည်။ အားလုံးပင်ဆရာကြီးရွှေဥဒေါင်း၏ လက်ရာများဖြစ်သည်။

သူရိယသတင်းစာတိုက်မှ ဦးဘဖေ၊ ဦးလှဖေစသော လူကြီးများနှင့်ဆက်ဆံရေး မပြေပြစ်သောကြောင့် မခံချင်စိတ်ဖြင့် မြန်မာ့ဗျူဟာဂျာနယ်ကိုဆရာကြီး ရွှေဥဒေါင်းတို့ ထုတ်ဝေခြင်းဖြစ်သည်ဟုဆိုသည်။ ဂျာနယ်မှာ အောင်မြင်သော်လည်း လုပ်ငန်းထုတ်ဝေမှု မကျွမ်းကျင်သဖြင့်တစ်ကြောင်း၊ ဂျာနယ်ကို ဦးဆောင်သူ ပုဂ္ဂိုလ်များမှာသူရိယမှ အလုပ်တစ်ဖက်နှင့်မအားလပ်သူများဖြစ်၍တစ်ကြောင်း၊ တစ်နှစ်ကျော်မျှသာ တည်တံ့ခဲ့သည်။ သို့သော်မြန်မာ့ဗျူဟာသည် မြန်မာ့ဂျာနယ်သမိုင်းတွင် ပထမမြန်မာ့ဂျာနယ်အဖြစ် မှတ်တမ်းဝင် ခဲ့ပေသည်။

(၁၉၂၀) ပြည့်နှစ်တွင် ဆရာကြီးသည် သူရိယနှင့် မသင့်မတင့်ဖြစ်ကာ အလုပ်မှနုတ်ပယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် ဒုတိယအိမ်ထောင်သည်နှင့်လည်းကွဲခဲ့လေသည်။ ဤတွင် ဆရာကြီးသည် ကသာခရိုင် မြတောင်ရွာရှိ မိတ်ဆွေသစ်တောဝန်ထောက်တစ်ဦးထံတွင် အလည်အပတ်သွားရောက်နေထိုင်သည်။ ထိုရွာ မှာပင် ဆရာကြီးသည် မြတော်သူမိန်းမချော ဒေါ်ကြီးစိုး (ဒေါ်စိုး)နှင့်တွေ့ဆုံကာ တတိယအကြိမ်မြောက် အိမ်ထောင်ကျခဲ့လေသည်။ ထိုအချိန်၌ဆရာကြီးသည် အသက် (၃၁)နှစ်အရွယ်ရှိပြီ။


ထို့နောက်ဆရာကြီးသည် မြတောင်ရွာနှင့် (၁၀)မိုင်ဝေးသော ကန္နီရွာတွင် ပြောင်းရွေ့နေထိုင်လျက် အင်္ဂလိပ်ကျောင်းဆရာလုပ်သည်။ သို့သော် (၂) နှစ်အကြာတွင်ကျောင်းဆရာအလုပ်ကိုစွန့်ကာမိဘများရှိရာ မန်ကျည်းတုံရွာသို့ပြောင်းရွေ့နေထိုင်သည်။

(၁၉၂၆) ခုနှစ်တွင်ဆရာကြီးသည် ရန်ကုန်မြို့နယူးဘာမားသတင်းစာတိုက် မန်နေဂျင်းဒါရိုက်တာ လွယ်အိတ်ကြီ်းဦးဘလှိုင်၏ ကမ်လှမ်းချက်အရ ထိုတိုက်တွင်စက္ကရီတေရီလုပ်သည်။ မကြာမီ အလုပ် သဘောကိုမနှစ်သက်သဖြင့် လခတိုးပေးပါသော်လည်းလက်မခံဘဲ နုတ်ထွက်ခဲ့သည်။ ရန်ကုန်တစ်လှည့် မန်ကျည်းတုံရွာတစ်လှည့်နေထိုင်ကာ စာရေးခြင်းသက်သက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ ထိုအချိန် တွင် ‘ပြည်ပေါက္ကံ’ ဝတ္ထုကိုဆီလျော်စွာအောင်ပြန်ဆိုသည်။ စာမူကိုသူရိယတိုက်သို့ပို့သည်။ သူရိယ တိုက်တွင် ဤစာမူပျောက်ဆုံးသွားသဖြင့် စာအုပ်အဖြစ် ထွက်ပေါ်မလာဟုဆိုသည်။ ထို့အပြင် ဒဂုန်မဂ္ဂဇင်း၌ ‘ဒမြဗိုလ်မိုးသီး’ ဝတ္ထုနှင့်သူရိယမဂ္ဂဇင်း၌ ‘ဂျမဒါကိုကိုကြီး’ ဝတ္ထုစသည်တို့ကိုဆီလျော်အောင်ပြန်ဆိုသည်။

ဤသို့ စာရေးဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုစဉ်အခြေအနေအရ တဖြည်းဖြည်း ငွေရေးကြေးရေးကျပ်တည်းလာပြန်သဖြင့် လခစားပြန်လုပ်ရသည်။ (၁၉၃၀) ပြည့်နှစ် အသက် (၄၁) နှစ်အရွယ်တွင် ပဲခူးမြို့ရှိခရစ်ယာန်စာပေအသင်းဥက္ကဋ္ဌ ဘီ၊ အမ်၊ ဂျုံး၏ကမ်းလှမ်းချက်အရ ထိုအသင်း၌ ဘာသာပြန်ဆရာဝင်လုပ်သည်။ မလုပ်မီ ဗုဒ္ဓဘာသာကိုထိခိုက်မည့်အလုပ် ဟုတ်မဟုတ်စုံစမ်း သေးသည်။ ဗုဒ္ဓသာသနာကို မထိခိုက်။ ဗဟုသုတဖြစ်သော၊ အကျင့်စာရိတ္တကောင်းစေသောစာအုပ်များကိုသာ ပြန်ဆိုရသည့်အလုပ်ဟုသိမှ လက်ခံခဲ့သည်။ ပဲခူး၌နေထိုင်လျက် ထိုအသင်းအတွက် ‘ဘူကာတီရှန်တန်’၊ ‘ဟန်မောင်ဝတ္ထု’၊ ‘ယဉ်ကျေးခြင်း၏ မှတ်တိုင်များ’ စသည်ဖြင့် စာအုပ်ပေါင်း (၂၀) ကျော်ခန့် သာဘာသာပြန်ဆိုခဲ့သည်။

(၃) နှစ်ကြာသောအခါ ထုံးစံအတိုင်း ထိုအလုပ်ကိုငြီးငွေ့လာသည်နှင့် နုတ်ထွက်လိုက်ပြန်လေသည်။ (၁၉၃၃) ခုနှစ်မှ (၁၉၃၆) ခုနှစ်အတွင်း ဆရာကြီးသည် ဝက်လက်၊ မြတောင်၊ ရန်ကုန်တို့တွင် တစ်လှည့်စီနေထိုင်လျက် ပင်ကိုယ်ဥာဏ်ဖြင့် “လွမ်းအောင်ဖန်” နှင့် “လမ်းနှစ်သွယ်” ဝတ္ထုရှည် နှစ်ပုဒ်ရေးသားသည်။ သိန်းထိုက်၊ ရူပကလျာဏီ၊ ရန်အောင်မင်္ဂလာ၊ ရူပနန္ဒီနှင့်ပထမံဦးအောင် စသောဝတ္ထုများကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

(၁၉၃၆) ခုနှစ်တွင် ဆရာကြီးအား သူရိယကပြန်ခေါ်သည်။ သူရိယသတင်းစာတွင် အယ်ဒီတာခန့်အပ်သည်။ ဆရာကြီးသည်အယ်ဒီတာ လုပ်လျက် သူရိယ သတင်းစာခေါင်းကြီးများကို နေ့စဉ်ရေးပေးရလေသည်။ ‘ဝသုံးလုံး’၊ ‘ပထမံဆရာသိန်း’ စသောဝတ္ထုတို့ကိုဆီလျော်အောင်ဘာသာပြန်ဆိုခဲ့သည်။ ‘ရတနာသိုက်’၊ ‘စောလမုန်သိုက်’၊ ‘စောဒေဝီ’ စသောဝတ္ထုများကိုလည်း တိုက်ရိုက်ပြန်ဆိုခဲ့သည်။ နဂါးနီစာအုပ်အသင်းအတွက် ‘အဘရဟံလင်းကွန်း’ ကိုလည်းဘာသာပြန်ဆိုပေးခဲ့သည်။

(၁၉၄၁) ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်လောင်ကျွမ်းလာသောအခါ ဆရာကြီးသည် သူရိယသတင်းစာ အယ်ဒီတာ အလုပ်ကို စွန့်လွှတ်လိုက်ရပြန်လေသည်။ စစ်အတွင်းတွင်ဆရာကြီးသည် အတိဒုက္ခ ရောက်ရှာသည်။ စစ်ပြေးဘဝဖြင့်နေခဲ့ရသည်။ တရုတ်ပြူ စစ်သားများဖမ်းဆီးခြင်းကိုခံရကာ အသက်ဘေးမှ သီသီလွတ်ခဲ့ရသည်။ ရက်လရှည်စွာ မကျန်းမမာ ဖြစ်ခဲ့ရသည်။ အနေအထိုင် အစားအသောက်ကျပ်တည်းကာ ကျရာအလုပ်ကိုလုပ်ကိုင်ခဲ့ရလေသည်။

ထိုစစ်ကာလတွင် ဆရာကြီးသည်အမေရိကန်ဆရာဝန်ဒေါက်တာဟေးရေးသည့် Health Via Food စာအုပ်ကို ‘အာဟာရဖြင့်ကျန်းမာနည်း’ အမည်ဖြင့် မှီး၍ဘာသာပြန်ဆိုခဲ့သည်။ နပိုလီယံဟေးရေးသည့် Think and Grow Rich စာအုပ်ကို ‘အကြံဥာဏ်ဖြင့် ကြီးပွားရေး’ အမည်ဖြင့်ဘာသာပြန်ဆိုခဲ့သည်။ ယင်းစာအုပ်ကို ကြီးပွားရေးတိုက် ကထုတ်ဝေခဲ့သည်။

ဆရာကြီးသည်စစ်ပြီးခေတ်တွင် ဗုဒ္ဓ၏စိတ္တဝိပဿနာကို ကျနစွာကျင့်သုံးခဲ့သည်။ လက်ဝဲစာပေ အမြောက်အမြားကိုဖတ်ရှုခဲ့သည်။ စာရေးဆရာအလုပ် သက်သက်ဖြင့်လည်း အသက်းမွေဝမ်းကျောင်းပြုသည်။ လခစားအလုပ်ကိုလည်းဝင်လုပ်သည်။ လခစားအလုပ်ကို ဝင်လုပ်သည်မှာ (၂) ကြိမ်ဖြစ်သည်။ ပထမအကြိမ် လူထုသတင်းတာတိုက်တွင် (၁၉၄၆) ခုနှစ်မှ (၁၉၄၉) ခုနှစ်အထိ အယ်ဒီတာ ချုပ်လုပ်ခြင်းဖြစ်သည်။ လူထု သတင်းစာတိုက်တွင် အယ်ဒီတာချုပ်လုပ်ကိုင်စဉ်အတွင်း သတင်းစာခေါင်းကြီးများကို ဆရာကြီးပင်နေ့စဉ် ဒိုင်ခံရေးခဲ့လေသည်။ ယင်းသို့လုပ်ကိုင်စဉ် (၅) လနီးပါးခန့် ဖဆပလအစိုးရ၏ ထောင်သွင်းအကျဉ်းချခြင်းခံခဲ့ရသည်။ လူထု သတင်းစာတွင် လုပ်ကိုင်နေစဉ် တစ်ဖက်မှဟံသာဝတီသတင်းစာတွင်လည်း ဗုဒ္ဓဃောသ(၂) ကလောင်အမည်နှင့် သာသနာရေး ဆောင်းပါးများကိုလည်း၊ ရွှေဥဒေါင်း ကလောင်အမည်ဖြင့် ‘ဗဟုသုတ ဟင်းလေးအိုး’ အခန်းကို လည်းကောင်းရေးသားခဲ့သည်။

ဒုတိယအကြိမ် လူထုသတင်းစာတိုက်တွင် (၁၉၅၀) ပြည့်နှစ်မှ (၁၉၅၄) ခုနှစ်အထိ အယ်ဒီတာချုပ်အဖြစ် လုပ်ခဲ့ပြနသည်။

ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အထူးအလိုရှိသောကြောင့် ယင်းကိစ္စအတွက် အထက်မြန်မာပြည် အရပ်ရပ်သို့လှည့်လည် သွားရောက်ဆောင်ရွက်ခဲ့ဖူးသည်။ (၁၉၅၂) ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင်သခင်ကိုယ်တော်မှိုင်းခေါင်းဆောင်သော ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မနိုင်ငံသို့ လိုက်ပါသွားခဲ့သည်။ အပြန်တွင် ‘တရုတ်ပြည်သစ် ကိုယ်တွေ့’ စာအုပ်ကို ရေးသားခဲ့သည်။ (၁၉၆၂) ခုနှစ် နှစ်ဦးတွင်အာဖရိုအေရှန် (အာရှ အာဖရိက) ချစ်ကြည်ရေးအသင်းမှရုရှနိုင်ငံသို့စေလွှတ်သော ကိုယ်စား လှယ်အဖွဲ့တွင် လည်းအဖွဲဝင်အဖြစ်သွားရောက်ခဲ့သည်။

ထို့နောက် ဆရာကြီးဦးရွှေဒေါင်းသည် (၁၉၆၃) ခု၊ အောက်တိုဘာလတွင်တော်လှန်ရေးကောင်စီအစိုးရ ပြန်ကြားရေးဌာနမှ ထုတ်ဝေသောလုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် (၁၉၇၂) ခုနှစ်အထိ (၉)နှစ်တိုင်တိုင် အယ်ဒီတာချုပ် လုပ်ကိုင်စဉ်အတွင်းနေ့စဉ်လိုလိုပင် ခေါင်းကြီးများရေးသားခဲ့သည်။ ထို့ကြောင့် ဆရာကြီး ခေါင်းကြီးရေးခဲ့သော သက်တမ်းကိုပေါင်းလိုပါက (၂၄) နှစ်ခန့်ရှိလေသည်။ ဆရာကြီးသည်သတင်းစာခေါင်းကြီး အရေးအသား၌ အလွန်ကောင်းသော သတင်းစာဆရာကြီးအဖြစ် အများက မှတ်ယူခဲ့ကြပေသည်။

ဆရာကြီသည် မည်သည့်အလုပ်ကို လုပ်ဆောင်စေကာမူကလောင်ကိုကား အနားမပေးခဲ့ပေ။ ဆရာကြီး ရေးသားခဲ့သောစာတို့မှာ အထူးများပြားလှပေသည်။ ဆရာကြီးကြေးရုပ်ထု၏ အုတ်ခုံတင်ရေးထိုးထားသော ကျောက်စာတွင် ဝတ္ထုတိုပေါင်းချုပ်(၃၀၆) ပုဒ်၊ ဝတ္ထုရှည် (၆) ပုဒ်၊ အခန်းဆက်ဝတ္ထုက (၁၂) ပုဒ်၊ ပင်ကိုယ်ရေးဆောင်းပါးက (၁၃၆) ပုဒ်ဟူ၍ ဖော်ပြထားသည်။ ထင်ရှားသော စာအုပ်များမှာရတနာပုံ၊ ရူပနန္ဒီ၊ ခင်စက်မေ၊ ဂျမဒါကိုကိုကြီး၊ ပထမံဆရာသိန်း၊အိုင်ဗင်ဟို၊ သူရဲကောင်းသုံးယောက်၊ ကိုယ်ရံတော်၊ မျှော်တလင့်လင့်၊ စစ်ရှုံးသူ၊ စိတ်ထားဝတိန်၊ သွေးစုတ်မြေတို့ဖြစ်သည်။

ပင်ကိုယ်ဥာဏ်ဖြင့်ရေးသော မြတ်သက်မော်၊ ဆုကြီးပန်၊ ကိုယ်တွေ့တရုတ်ပြည်သစ် ခရီးသွားမှတ်တမ်းနှင့် တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ (၄-တွဲ)စာအုပ်တို့သည်လည်း ထင်ရှားသည်။

‘တစ်သက်တာမှတ်တမ်းနှင့်တွေ့အခေါ်များ’ စာအုပ်နှင့်ပတ်သက်၍ (၁၉၇၂) ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် မန္တလေးမြို့ အနောက်ကျုံး လမ်း ဓမ္မဗိမာန်၌အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကျင်းပသောစာဆိုတော်နေ့ သက်ကြီိးဝါကြီး စာပေပညာရှင်များ ကန်တော့ပွဲ တွင် ဆရာကြီးရွှေဥဒေါင်းကအောက်ပါအတိုင်း ပြောကြားသွားသည်။

“(၁၉၆၁) ခုနှစ် ဆရာတစ်သက်တာမှတ်တမ်းနှင့် အတွေးခေါ်များဆိုတဲ့ စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကို စတုတ္ထတွဲ အထိထုတ်ဝေခဲ့ရတယ်။ ဆရာရဲ့တစ်သက်မှာ ဒီစာအုပ်ဟာ အရှည်ဆုံးအများဆုံး ရေးရတဲ့စာအုပ်ပါပဲ။ စာအုပ်လေးတွဲထဲက ဘယ်အတွဲ အကြိုက်ဆုံးလဲလို့ ဆရာနဲ့တွေ့တဲ့ ဆရာစာဖတ် ပရိသတ်ကို မေးကြည့်တော့ လူတိုင်းလိုလိုက ပထမတွဲနဲ့ ဒုတိယတွဲကိုအကြိုက်ဆုံးပဲလို့ပြောကြတယ်။ ကလေးဘဝ ငယ်ငယ်ရွယ်ရွယ်က အကြောင်းတွေပါတယ်။ ကလေးဘဝ ငယ်ငယ်ရွယ်ရွယ်ကအကြောင်းတွေကိုကြိုက်ကြတဲ့သဘောပဲ။ ဆရာမေးကြည့်သမျှ လူတွေထဲမှာ တခြားလူတွေနဲ့ အကြိုက်ချင်းမတူတဲ့ ထူးထူးခြားခြားတစ်ယောက်ရှိတယ်။ သူက မိုးကုတ်က အမျိုးသမီးကြီးတစ်ယောက်ပါ။ သူကတော့ “ကျွန်မတော့ စတုတ္ထတွဲကိုအကြိုက်ဆုံးပါပဲဆရာကြီး” တဲ့သူတစ်ယောက်တည်းပဲ ဒီအဖြေပေးတဲ့လူရှိတယ်။

ဆရာကိုယ်တိုင်လဲ စတုတ္ထတွဲပဲ ကြိုက်တယ်။ ဒီစာအုပ်ကို နာမည်မှည့်ကတည်းက “တစ်သက်တာမှတ်တမ်းနှင့် အတွေးခေါ်များ” လို့မှည့်ထားတယ်။ စတုတ္ထတွဲထဲမှာ အတွေးခေါ်တွေအများကြီးပါတယ်။ ဒါကြောင့်ဆရာရွေးရင်လဲ စတုတ္ထတွဲပဲ ရွေးမှာပဲ။ ဆရာကြီးရဲ့ ဘဝမှာရေးလာသမျှစာအုပ်တွေထဲမှာ ဒီစာအုပ်ကိုအားအရဆုံးပဲ။ ဘာပြုလို့ အားရသလဲဆိုတော့ အတွေးအခေါ်တွေကိုရေးရလို့ပဲ။ ပထမတွဲမှာကလေးဘဝရေးရတာက ဒီလောက်မဟုတ်ပါဘူး။ ကလေးဘဝချစ်ခန်း ကြိုက်ခန်းတွေကတော့ဝတ္ထုတစ်ပုဒ်ရေးရသလိုပဲ။ မထူး ဆန်းပါဘူး။ စာဖတ်တယ်ဆိုတာ အမျိုးမျိုးရှိတာပဲ။ ဥာဏ်ရှိတဲ့လူက တွေးရမှာအရသာရှိတာကလား။ စာရေးတယ်ဆိုတာလဲ ဥာဏ်ပါပြီး အတွေးခေါ်တွေရေးမှကောင်းတာ။

တချို့ အထ္ထုပ္ပတ္တိ မှတ်တမ်းစာအုပ်တွေ အတော်ရေးကြပါတယ်။ တချို့ကလဲ ဆရာ့စာအုပ်ကြီးထွက်လာတဲ့အခါ ဒို့လဲရေးလိုက်ဦးမယ်လို့မောင်းတင်ကြတယ်။ဒါပေမယ့် ပေါ်မလာဘူး။ တချို့က ရေးချင်တာကကိုယ့်ဂုဏ် ကိုယ်ဖော် ချင်ကြတယ်။ မြှောက်ချင်ကြတယ်။ ဆရာက တော့ဒီလိုမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုအညံ့ခံရေးတယ်

ဆရာဟာ ဒီစာအုပ်ရေး ဖို့စိတ်မကူးပါဘူး။ ရေးဖြစ်လာပုံကတော့ ပြောရဦးမယ်။ (၁၉၅၃) ခုနှစ်က ‘ဦးဖေသိန်း၏ ရွှေဥဒေါင်း’ ဆိုတဲ့ အထ္ထုပ္ပတ္တိစာအုပ်ငယ်တစ်အုပ်ရေးခဲ့ဖူးတယ်။ အဲ့ဒါကလဲဆရာ့ရဲ့ရတနာပုံဝတ္ထုကို ကျောင်းသုံးပြဋ္ဌာန်းလို့ စာရေးဆရာရဲ့အထ္ထုပ္ပတ္တိလဲလိုတယ် ဆိုတာနဲ့ ကျောင်းသားကျောင်းသူတွေအတွက်အကြမ်းရေးခဲ့တာပါ။ မစုံလင်ပါဘူး။

အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက် မအမာ(လုထုဒေါ်အမာ)က “ဦးလေးသိန်းအထ္ထုပ္ပတ္တိပြည့်ပြည့်စုံစုံ တစ်အုပ်ရေးစမ်းပါဦး”လို့တိုက်တွန်းတယ်။ဒီတော့ဆရာကကိုယ့်အထ္ထုပ္ပတ္တိကိုယ်ရေးဆိုတာတိုင်းပြည်မှတစ်နည်းနည်းနဲ့ကြီးကျယ်ပြီး လူတစ်လုံးသူတစ်လုံးဖြစ်လာသူတွေသာရေးလေ့ရှိကြတယ်။ ဦးလေးသိန်းမှာ ဘာတစ်လုံးမှဖြစ်မလာသေးလို့ ဦးလေးသိန်း အကြောင်းကို အခြားသူတွေကရေး ထိုက်တယ်ထင်လို့ရေးကြရင်လဲရေးကြပါစေတော့။ ဦးလေးသိန်းတော့ ကိုယ်တိုင်းရေးရရင် ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့လူပဲလို့ တခြားလူတွေက စွပ်စွဲစရာဖြစ် လိမ့်မယ်” လို့ပြန်ပြောလိုက်တယ်။

ဒီတော့ မအမာက “ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုတာ လူတစ်လုံးသူတစ်လုံးဖြစ်လာမှ ရေးထိုက်တာ မဟုတ်ပါဘူး။ တကယ်လို့ ဧရာမလူကြီးတစ်ယောက်ဖြစ်လာတယ်ပဲထားပါဦး။ ငါလိုလူရှိသေးသလား ဆိုတဲ့သဘောမျိုးနဲ့ဟိတ်ထုတ်ပြီးရေးတာမျိုးဆိုရင်တော့စာဖတ်တဲ့လူအဖို့အကျိုးများသင့်သလောက် မများဘူးပေါ့။ ကြီးကျယ်လှတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမယ့်လဲ စာရေးတတ်တဲ့စာရေးဆရာတစ်ယောက်ဖြစ်ရင် ဖတ်ချင်စဖွယ် ဖြစ်နိုင်တဲ့အပြင် စာဖတ်တဲ့လူအဖို့ သင်ခန်းစာယူနိုင်လောက်တဲ့စာအုပ်မျိုးဖြစ်လာနိုင်ပါတယ်” လို့ ပြောပြန်တယ်။ အဲ့ဒီအခါမှာ အင်း-အမာပြောတာ ဟုတ်ပေသားပဲ။ မဆိုးဘူးဆိုပြီးရေးဖို့ဆုံးဖြတ်လိုက်တာပဲ။

ဒီလိုစိတ်ကူးရတော့ ကမ္ဘာကျော် အတ္ထုပ္ပတ္တိရေးဆရာကြီးဘော့စ်ဝဲလ်အကြောင်း သတိရမိတယ်။ ဘော့စ်ဝဲလ်ဟာကမ္ဘာကျော် စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ ဂျွန်ဆင်ရဲ့ အထ္ထုပ္ပတ္တိကို ရေးတဲ့အခါသူရဲ့အထ္ထုပ္ပတ္တိစာအုပ် (Biography)ဟာကမ္ဘာပေါ်မှာ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ရုံမကဘူး၊ သူ့နောက်က ဒုတိယလိုက်တဲ့စာအုပ် တစ်အုပ်ဟာ ဘော့စ်ဝဲလ်၏ စာအုပ်နောက် မိုင်ပေါင်းများစွာပြတ်ကျန်ရစ်တယ်လို့ စာရေးဆရာကြီး လော့ဒ်မက္ကောလေးက ချီးကျူးရေးသားဖူးတယ်။ ဘော့စ်ဝဲလ်ရဲ့စာအုပ်ထဲမှာဒေါက်တာဂျွန်ဆင်နဲ့သူတွေ့တိုင်း စကားနိုင်လုပြီးပြောကြတဲ့အခါတိုင်း ဒေါက်တာဂျွန်ဆင်က အပြတ်အသတ်နိုင်ပြီး ဘော့စ်ဝဲလ်ကပြတ်ပြတ်သတ်သတ် ခွေးကျဝက်ကျနဲ့ခံရပုံတွေကိုအရှက်မငဲ့ဘဲ ရဲရဲတင်းတင်းကွက်ကွက်ကွင်းကွင်း ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြခဲ့တယ်။ ဒီစာအုပ်မှာ ဒေါက်တာဂျွန်ဆင်တော်သလောက် ဘော့စ်ဝဲလ်ကညံ့နေတယ်။ ဒီတော့ ဒေါကတာဂျွန်ဆင်တော်တာဟာ ဘော့စ်ဝဲလ်ညံ့နေလို့အစွမ်းကုန်တောက်ပြောင်ပြီး အကောင်းဆုံးစာအုပ်ကြီးဖြစ်လာတယ်။

တစ်ကမ္ဘာလုံးကစာအုပ်ကြီးကိုချီးကျူးလို့မဆုံးရှိနေတုန်းဘော့စ်ဝဲလ်ကွယ်လွန်သွားရော။ ဒီတစ်ခါတော့ ဘော့စ်ဝဲလ်ရဲ့သားက သူ့အဖေရဲ့စာအုပ် နာမည်ကြီးလွန်းလို့ဂုဏ်ယူတယ်များထင်ကြသလား။ မဟုတ်ဘူး သူသာတတ်နိုင်ရင် ကမ္ဘာမှာရှိရှိသမျှသူ့အဖေရဲ့စာအုပ်တွေကိုဝယ်ပြီးမီးရှို့ပစ်ချင်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူအနေနဲ့ညံ့နေလို့တဲ့။

အခုဆရာ့ရဲ့စာအုပ်လဲ ဆရာ့ရဲ့အဆက်အနွယ်တွေကမီးရှို့ချင်ကောင်း မီးရှို့ကြမှပဲ။ ဒါပေမယ့် ရှို့ချင်လဲရှို့ကြပစေတော့ဆိုပြီး ရေးဖို့ဆုံးဖြတ်လိုက်တာပဲ။ ဆရာလဲဘော့စ်ဝဲလ်စာအုပ်လိုခပ်ဆင်ဆင် အနာခံရေးတာပဲ။ အညံ့ခံရေးတာပဲ။ ဘာမှမဖုံးဘူး။ တချို့လူတွေက ကိုယ်ညံ့တာကိုသေလောက်အောင် ဖုံးချင်ကြတာကိုဆရာက ဖော်ရေးတာပဲ။ ပထမတွဲမှာစန္ဒာဒေဝီနဲ့ရဖို့ဟာမရဘူး။ တခြားလူနဲ့ရသွားတယ်။ ဒီလို ကိုယ်ညံ့တာတွေလဲထည့်ရေးတယ်။

ဒီစာအုပ်ဟာ ဆရာရေးသမျှ စာအုပ်တွေထဲမှာအရှည်ဆုံးပါ။ ဒီလောက်ရေးဖို့ဘယ်တုန်းကမှ မစဉ်းစားဘူး။ ရေးမိတော့လဲ ပေးဦးတစ်ရွက်၊ ပေဦးတစ်ရွက်ပဲ။ စာအုပ် (၄) တွဲဖြစ်သွားရော။ ဘော့စ်ဝဲလ်ရဲ့ စာအုပ်ကောင်းတာကတစ်မျိုးပေါ့။ ဆရာရဲ့စာအုပ်ကတော့ အတွေးခေါ်ကောင်းလွန်းလို့မပြောချင်ဘူး။ ဆရာ့စာအုပ်ရဲ့ အရေးအသားနဲ့ ပက်သတ်လို့ရေးကြတာက ဆရာကိုယ်တိုင် ရေးတာထက်ပိုကောင်းနေတယ်။ သူတို့ရေးကြတာဖတ်ပြီး ငါဒီလောက်ရေးတတ်ရဲ့လားလို့တောင်အောက်မေ့မိတယ်။ ဒီစာအုပ်တွေထဲမှာသဘောကျတာ တစ်ခုရှိတယ်။ အဲ့ဒါက ကိုယ်ငယ်စဉ်က အဖြစ်အပျက်ကလေးတွေကို ကိုယ်တိုင်ပြန်ပြီးသရုပ်ဖော်ရတဲ့အချက်ပဲ။ အဲ့ဒါ အရသာရှိတယ်။ ဒါကြောင့်ဖတ်တဲ့လူကလဲလိုက်ပြီး အရသာရှိတာဖြစ်ပါလိမ့်မယ်။ ဆရာငယ်ငယ်ကအကြောင်းတွေကို ပြန်လွမ်းပြီး ရေးခဲ့တာကိုး။ ရေးရတာလဲ ပျော်တာပေါ့။ အခုနေ ဆရာနေရတာ အရသာမရှိတော့ဘူး။ ဒီအဖြစ်အပျက်တွေကိုသာ ဆရာလိုက်ရေးရင် ဖတ်တောင်ဖတ်ချင်ကြမှာ မဟုတ်ဘူး။ လူက ပျင်းတဲ့အပိုင်းရောက်လာတော့ ကိုယ်ရေးတဲ့ အကြောင်းအရာတွေဟာလဲ ပျင်းမှာပေါ့။ ငယ်ငယ်တုန်းကနဲ့ မတူတော့ဘူးလေ။ စောစောကပြောသလိုပဲ ရေးတဲ့လူကိုယ်တိုင်က အရသာရှိမှ ဖတ်တဲ့လူလဲ အရသာရှိမှာပဲ”

စာရေးဆရာတစ်ယောက်အနေဖြင့် ဆရာကြီးသည် ထူးချွန်သူစာရေးဆရာစာရင်းဝင်ဖြစ်သည်။ ဆရာ၏ စာပေတို့သည် မြန်မာစာပေ လောကနှင့် မြန်မာစာဖတ်ပရိသတ်တို့ကို ကောင်းစွာအကျိုးပြုနိုင်သည်။ ဆရာကြီး၏စာတို့ကြောင့် မြန်မာစာဖတ်ပရိ သတ်တို့သည် စိတ်ကောင်း၊ စေတနာကောင်း၊ ဆန္ဒကောင်းများ ကိန်းအောင်းခဲ့ရသည်။ အတွေးသစ်၊ အမြင်သစ်များပေါ်ခဲ့ရသည်။ စဉ်းစားဉာဏ်များ၊ အသိဉာဏ်များရင့်သန် တိုးပွားခဲ့ရသည်။ မြန်မာစာပေနယ်သည် တစ်မျိုးတစ်ဖုံကျယ်ပြန့်လာခဲ့ရသည်ဟု ဆိုသင့်ပေသည်။

ဆရာကြီးသည် (၁၉၅၂)ခုနှစ်တွင် စာပေဗိမာန်ဘာသာပြန်ဆုကို “မျှော်တလင့်လင့်” ဝတ္ထုဖြင့်လည်းကောင်း၊ (၁၉၅၅) ခုနှစ်တွင် “သွေး စုတ်မြေ” ဝတ္ထုဖြင့် စာပေဗိမာန် ဘာသာပြန်ဆုကိုလည်းကောင်း၊ (၁၉၆၁) ခုနှစ်တွင် “ဘဝသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်ဖြင့် စာပေဗိမာန်သုတပဒေသာဆုကို လည်းကောင်းရရှိခဲ့သည်။

စင်စစ်သော်ကား ဆရာကြီးသည် မြန်မာ့စာပေနယ်၌ စုံထောက်ဝတ္ထုများပေါ်ထွန်းအောင်၊ ခေတ်စားလာအောင် ပထမဆုံးကြိုးပမ်း ခဲ့သူဖြစ်ပေသည်။ ဆရာကြီးသည် အနောက်တိုင်းဝတ္ထုများကို ပထမဆုံးပြန်ဆိုသူကားမဟုတ်ပေ။ သို့ရာတွင် ယင်းဝတ္ထုများကို အမြောက်အများအင်နှင့် အားနှင့်ချီ၍ ပေါ်ထွက်လာရန်ဒိုင်ခံကြိုးပမ်းပြန်ဆိုသူကား ဖြစ်ပေသည်။ ထို့ကြောင့်လည်း ပညာရှင်များက ဆရာကြီးကို ဘာသာပြန်ဆရာတို့၏ဖခင် ဟူ၍ ခေါ်ဝေါ်ခြင်း ပြုကြပေသည်။

ဆရာကြီးသည် ဘာသာပြန်ဆိုရာ၌ နည်းနှစ်နည်းသုံးစွဲခဲ့သည်။ ပထမနည်းမှာဆီလျော်အောင် ဘာသာပြန်ဆိုခြင်း (ဝါ) မူမပျက် မှီးခြင်းဖြစ်သည်။ ဒုတိယနည်းကား တိုက်ရိုက်ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ပထမနည်းသည် မြန်မာစာဖတ်ပရိသတ်နားသို့ဝင်လွယ်သည်။ ထိုခေတ်က မြန်မာစာဖတ်ပရိသတ်များကလည်း ထိုနည်းကို ပို၍ နှစ်သက်ကြသည်။ ထို့ကြောင့် ဆရာကြီးသည် ထိုနည်းကို အသုံး များခဲ့သည်။ ဒုတိယနည်းကိုမူ ဘာသာပြန်စာပေကို စာပေပရိသတ်အတော်နားရည်ဝလာသည့်နောက်ပိုင်းခေတ်တွင်မှ အသုံးပြုခဲ့ပေ သည်။

ဆီလျော်အောင် ပြန်ဆိုသည်ဖြစ်စေ၊ တိုက်ရိုက်ပြန်ဆိုသည်ဖြစ်စေ ဆရာကြီးသည်ထူးချွန်စွာ ပြန်ဆို နိုင်လေသည်။ ဆီလျော်အောင်ပြန်ဆိုရာ၌ မူရင်းဝတ္ထုအရသာကို မပျက်စေဘဲ မြန်မာဆန်အောင် ပြန်ဆိုနိုင်သည်. ဆရာကြီးဆီလျော်အောင် ပြန်ဆိုသောဝတ္ထုများကို များသောအားဖြင့် ဘာသာပြန်ဟူ၍ပင်မသိကြပေ။ အချို့ပုဂ္ဂိုလ်တို့ကမူ မြန်မာ့ပေါ်၌ ဖြစ်ပျက်နေသည့် တကယ့်အဖြစ်အပျက်ဟူကပင် မှတ်ထင်ခဲ့ကြလေသည်။

ဆရာကြီး၏ ရူပနန္ဒီဝတ္ထု သူရိယသတင်းစာ၌ တစ်ရက်ခြားပါလာသည့်ကို ဖတ်ရှုရသော ရဟန်းတော်အချို့သည် ဝတ္ထုပါအခြင်းအရာများကို အဟုတ်တကယ်မှတ်ထင်ကြသည်။ ထို့ကြောင့် ရူပနန္ဒီရှိရာသို့ လိုက်လံရှာဖွေလိုကြောင်း ဆရာကြီးထံစာပေါင်းများစွာ ရေးသား မေးမြန်းခဲ့ကြလေသည်။

တိုက်ရိုက်ပြန်ဆိုရာ၌လည်း ထူးချွန်သောကြောင့် “မျှော်တလင့်လင့်” နှင့် “သွေးစုတ်မြေ” ဝတ္ထုနှစ်ပုဒ်သည် စာပေဗိမာန် ဘာသာပြန်ဆုများရရှိခဲ့ခြင်းဖြစ်သည်။

စကာပြေအရေးအသားတွင် ဆရာကြီးသည် စံတင်ထိုက်သူတစ်ဦးဖြစ်သည်။ ဆရာကြီးသည် စကားပြေကို အတွန့်အတက်မပါ။ ရိုးရိုးရှင်းရှင်းနှင့် ဖတ်၍ ချောအောင်ရေးစွမ်းနိုင်သည်။ ဤသည်မှာ စကားပြေကောင်းတို့၏ ဂုဏ်အင်္ဂါရပ်ပင်ဖြစ်သည်။ တစ်ဖန်ရိုးရိုးရှင်းရှင်းနှင့်ဖတ်၍ ချောအောင်ရေးရာ၌လည်း ဆွဲဆောင်မှုရှိအောင် (ဝါ) စိတ်ပါဝင်စားမှုရှိအောင် ရေးစွမ်းနိုင်သည်။ ဝတ္ထုဖြစ်စေ၊ ဆောင်းပါးဖြစ်စေ ဆရာကြီး၏ စာတို့ကို ဖတ်လျှင် လက်ကမချချင်၊ အစအဆုံးဖတ်မိသည်သာဖြစ်သည်။ ဤသည်မှာ လွန်စွာခဲခက်သော အရည်အချင်းဖြစ်သည်။

ဝါကျတည်ဆောက်ပုံ၊ ဝါကျအတိုအရှည်၊ သဗ္ဗန္ဓအသုံး၊ ခွန်အားရှိသောစာမျိုး၊ ဝိဘတ်များနှင့် ပတ်သက်၍ ဆရာကြီးကသူ၏ “တစ်သတ်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်၌ ဤသို့ရေးသားဖော်ပြထားသည်။

ရိုးရိုးဝါကျများမှာ ကတ္တား၊ တြိယာ၊ ကံ ဟူ၍ အချက်အချာကြီးသုံးခုရှိ၏။ အင်္ဂလိပ်ဘာသာတွင် ၎င်းတို့သည် ဤ အစီအစဉ်အတိုင်း သတ်မှတ်တည်ရှိကြ၍ မြန်မာဘာသာ၌မူ ကတ္တား၊ ကံ၊ တြိယာ ဟူသော အစီအစဉ်ဖြင့် ရေးတတ်ကြ၏။ သို့ရာတွင် ကျင်လည်သော ဝါကျ တည်ဆောက်သမားသည် (အင်္ဂလိပ်ဘာသာ၌လည်းကောင်း၊ မြန်မာဘာသာ၌ လည်းကောင်း) တစ်ခါတရံတွင် အထက်ပါအစီအစဉ်ကို ဖျက်၍ ရေးခြင်းအားဖြင့် အဓိပ္ပါယ်ပို၍ လေးနက်စေနိုင်သည့်အခါ အခွင့်မျိုးပေါ်လာခြင်းကို မြင်တတ်၏။ ထိုအစီအစဉ်ကို ဖျက်၍ရေးခြင်းအားဖြင့် ပို၍ရှင်းခြင်း၊ ပို၍ ချောမော ပြေပြစ်ခြင်းကိုလည်း မြင်တတ်၏။ထိုမှတစ်ပါး နာမဝိသေသန၊ ကြိယာဝိသေသန စသည်တို့သည်လည်း ရှိသေးပေရာ ၎င်းတို့ကို ‘မူသေ’ မထားဘဲ သင့်တော်သော နေရာများ၌ ညှပ်သွင်းထိုးထည့်တတ်ခြင်းသည်လည်း ကျင်လည်သောဝါကျ ‘လက်သမား’ ၏ အရည်အချင်းတစ်ခုပေတည်း။ ဝါကျလက်သမားကောင်းတစ်ယောက် ရေးထားသည့် ဝါကျတစ်ပိုဒ်မှ စကားလုံးများကို ထိုမှ ဤမှရွှေ့ပြောင်းလိုက်သည့်အခါ အဆင်ပြေမှုပျက်သွားနိုင်သည့်နည်းတူ မကျင်မလည် ရှုပ်ရှုပ်ထွေးထွေးရေးတတ်သူ တစ်ယောက်၏ ဝါကျ၌စကားလုံးများကို နေရာရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် ပို၍ရှင်းလင်းလာနိုင်ခြင်းကို နားလည်ထားဖို့သင့်၏။ အချို့စာရေးဆရာများသည် ဝါကျတည်ဆောက်ခြင်းနှင့်ပတ်သက်၍ မည်မျှလောက်နားဝေးကြသနည်းဟူမူ ဝါကျအားလုံးသည်ရေးပုံ အတူတူပင်ဖြစ်သည်ဟု မှတ်ထင်ကြ၏။ ကျစ်လစ်သိပ်သည်းသောဝါကျ၊ ပွယောင်းယောင်းဖြစ်နေသောဝါကျ၊ ချောမောပြေပြစ်သောဝါကျ၊ အဖုအထစ်များသော ဝါကျဟူ၍ ရှိတတ်ခြင်းကို သဘောမပေါက်ကြချေ။ ထိုသို့သောစာရေးဆရာမျိုးသည် အနက်အဓိပ္ပါယ်နှင့် စိတ်ကူးစိတ်သန်းဖက်တွင် ချွန်ချင်လည်းချွန်ပေမည်။ သို့ရာတွင် ဝါကျလက်သမားကောင်းတစ်ယောက်ဖြစ်လာဖို့မူကား မျှော်လင့်ဖွယ်ရာမရှိချေ။ဝါကျတည်ဆောက်ခြင်းကို နားလည်မှစာရေးဆရာကောင်းတစ်ယောက်ဖြစ်သည်ဟူ၍ကား မဆိုလိုပါ။ အချို့မှာ ဝါကျအကြောင်းနားမလည်သော်လည်း အခြားသောအချက်အလက်များ ကောင်းမွန်ခြင်းကြောင့် နာမည်ကျော်စာရေးဆရာများရှိနေခြင်းလည်းရှိကြပါသည်။ သို့ရာတွင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရေးကြသည့်စာမျိုးတွင်မူကား စိတ်ကူးစိတ်သန်းချင်း၊ စကားလုံးပြောပုံချင်း တူညီခဲ့ပါလျှင် ဝါကျကောင်းသမားက အနိုင်ရလိမ့်မည်ဖြစ်၏။ အချုပ်၌ဝါကျကောင်းသမား၏စာသည် ပို၍ ‘အသက်ဝင်’ သည် ဟု ဆိုလိုပါသည်။

အချို့က ဝါကျရှည်ရှည်ရေးခြင်းသည် စာခန့်သည်။ စာရေးဆရာ၏ လက်ရာပီသသည်ဟု ယူဆ၍ ရှည်ရှည်ရေးဖို့ကြိုးစားကြ၏။ အချို့ကလည်း ဝါကျတိုပါမှ အဓိပ္ပာယ်ရှင်းသည်ဆိုကာ တိုတိုရေးကြ၏။ ကျွန်ုပ်အယူအဆမှာ ရှည်တိုင်းလည်းမခန့်၊ တိုတိုင်းလည်းမရှင်း၊ မူသေမှတ်ထားဖို့မလိုသော အရာတစ်ခုဖြစ်သည်ထင်၏။ ဝါကျလက်သမားကောင်းတစ်ယောက် ဖြစ်လာသော်အခါတွင် မည်သည့်အရာ၌ရှည်သင့်သည်။ မည်သည့်အရာ၌ တိုသင့်သည်ဆိုခြင်းကို အလိုအလျောက်မြင်တတ်လာပေသည်။ ရှည်မှပင်ဖတ်၍ကောင်းသော နေရာမျိုးလည်းရှိ၏။ ဝါကျလက်သမားကောင်း၏ အယူအဆတစ်ခုမှာ ဝါကျရှည်ကြီးများချည်း ဆက်ကာဆက်ကာရေးထားသည့်အခါ စာဖတ်သူသည် (မှတ်ရဖန်များသည်နှင့်) ပင်ပန်းသွားတတ်သောကြောင့် ဝါကျတိုကလေးများအားဖြင့် အနားပေး သင့်သည်ဟု ဆိုကြ၏။ ဟုတ်သလိုတော့ရှိပါ၏ စာကို ဖတ်ရသည့်အခါ (ရှည်သင့်၍ ရှည်ခြင်းဖြစ်ခဲ့လျှင်) စာဖတ်သူသည် တပင်တပန်းကြိုးစား၍ မှတ်သားဖို့မလို့ဘဲ ဝါကျမဆုံးမချင်းဖတ်ခဲ့ပြီးသော အဓိပ္ပာယ်များသည် စာဖတ်သူ၏ ဦးခေါင်းထဲတွင် ကပ်၍ လိုက်ပါလာတတ်ပေသည်။ ဤအချက်သည် ဝါကျကောင်းမကောင်းဆန်းစစ်သောနည်း တစ်နည်းဖြစ်၏။ အဓိပ္ပာယ်သည် သူ့အချိတ် အဆက်နှင့်သူ ဦးခေါင်းထဲ၌ လိုက်ပါနေခဲ့လျှင် ဝါကျရှည်သော်လည်း မမေ့နိုင်ဘဲရှိတတ်၏။ ဖတ်ရင်းမေ့ကုန်သော ဝါကျမျိုးကာ ဝါကျရှည်လွန်းခြင်း သို့မဟုတ် ညံ့ဖျင်းသော လက်သမား၏လက်ရာဖြစ်ခြင်း ထင်ရှားလေသည်။ ဝါကျလက်သမားအတတ်၌ မကျွမ်းကျင်သေးသူတို့အဖို့ မှာကားတိုတိုရေးခြင်းသည် အန္တရာယ်ကင်းသည်ဟု ဆိုသင့်ပေ၏။

အချို့စာရေးဆရာများသည် သမ္ဗန္ဓတစ်ခုထက်ပို၍ မသုံးမိစေရန် ကျွန်ုပ်အမြဲသတိထား၏။ ‘ပြီးလျှင်’ များဖြစ်စေ၊ ‘၍’များဖြစ်စေ၊ ‘ရာ’ များဖြစ်စေ တစ်ခုထက်ပိုသုံးသည့် ဝါကျမျိုးကို ဖတ်ရသည့်အခါ ကျွန်ုပ်အဖို့တွင် ‘နားကလော’ လှ၏။ ဤအဖြစ်မျိုးမှာ ‘အရပ်သား’ များမှားချင်မှားကြပါစေ။ စာရေးဆရာ တစ်ယောက်အနေဖြင့် ခဏခဏမှားခြင်းမူကား မဖြစ်ကြစေဖို့သတိပေးလို၏။ များစွာသော စာရေးဆရာတို့သည် ခွန်အားရှိသော (Forceful Language)ဟူသည်မှာ ဘာကိုဆိုလိုသည်ဟု နားလည်ကြပုံမရချေ။ ခွန်အားရှိသောစာမျိုးရေးတတ်ဖို့မှာ (၁) ရေးလိုသည့်အကြောင်းအရာကို ကောင်းစွာနားလည်ခြင်း၊ (၂) အချက်ကျကျရေးတတ်ခြင်း၊ (ဝါ) သင့်တော်သော စကားလုံးကို ရွေးချယ်တတ်ခြင်း၊ (၃) ကြံ့ခိုင်ကျစ်လျစ်သော ဝါကျမျိုးတည်ဆောက်တတ်ခြင်းတို့
ဖြစ်ပါတယ်။
 
စာချောအောင်ရေးတတ်ချင်လျှင် ဝိဘတ်များကိုလည်း တစ်လှည့်စီသုံးတတ်ဖို့ အလေ့အကျင့်ပြုလုပ်သင့်၏။ တစ်လုံးစီကြည့်လိုက်လျှင် ‘ကို’ ဟူသောဝိဘတ်သည် ‘အား’ ဟူသောဝိဘတ်ထက် အဓိပ္ပာယ်ထိရောက်၍ တိုက်ရိုက်သဘောမျိုးလည်းပါရှိ၏။ သို့နှင့်လည်း ‘ကို’ ကို ဖယ်ထားပြီး ‘အား’ ကို သဘောကျသည့်လက္ခဏာနှင့် အထပ်ထပ်သုံးကြခြင်းကို တွေ့ရ၏။ ဝိဘတ်နှစ်ခုသည် အဓိပ္ပာယ်တူသယောင်ထင်ကြသော်လည်း ခြားနားခြင်း ရှိ၏။ ဥဒါဟရုဏ်ကား “မောင်ဘသည် စာအုပ်တစ်အုပ်ကို ကျွန်ုပ်အားပေး၏” ဟုရေးသင့်ပါလျက် “မောင်ဘသည်စာအုပ်တစ်အုပ်အား ကျွန်ုပ်ကို ပေး၏။” ဟု ရေးပါမူများသည်ဟု ဆိုသင့်သည်။ “မောင်ဘသည် စာအုပ်တစ်အုပ်အား ကျွန်ုပ်အားပေးသည်။” ဟု ရေးပါမူကား မှားရုံသာမက (ကျွန်ုပ်အဖို့) နာကလောလှသည်။

နာမဝိသေသနနှင့်နာမ်ကိုလည်းကောင်း၊ ကြိယာဝိသေသနနှင့် ကြိယာကိုလည်းကောင်း နီးကပ်စွာထားခြင်းသည် အဓိပ္ပာယ်ရှင်းလင်းစေဖို့ အထောက်အပံ့ပြု၏။ “လှပသော မောင်ဖြူအိတ်” ဟု ရေးခြင်းထက် “မောင်ဖြူ၏ လှပသောအိတ်” ဟု ရေးခြင်းသည်လည်းကောင်း၊ “လျင်မြန်စွာ တိုက်ပေါ်သို့တက်သွားသည်” ဟုရေးခြင်းထက် “တိုက်ပေါ်သို့ လျင်မြန်စွာတက်သွားသည်” ဟုရေးခြင်းသည်လည်းကောင်း၊ အဓိပ္ပာယ်ရှင်းခြင်းကို နားလည်သင့်ပါလျက်ဤ စည်းကမ်းကို ချိုးဖောက်သူ အတော်များလျက်ရှိခြင်းကို တွေ့ရ၏။ ကျွန်ုပ်အဖို့မှာ ဤမျှလောက်လူသိများသော စည်းကမ်းကိုသာမက ဝါကျတစ်ခုအတွင်းမည်သည့်စကားကို မည်သည့်နေရာတွင် ထားသင့်သည်ဟု ချက်ချင်းသိမြင်ဖို့ အလေ့အကျင့်ပြုထားသည့် ကျေးဇူးကြောင့် ကျွန်ုပ်၏ခက်ခဲနက်နဲသော လောကုတ္တရာဆောင်းပါးမျိုးသည်ပင် ရှင်းပါပေသည်ဟု ပြောရခြင်းဖြစ်ပါသည်။

ဆောင်းပါးများနှင့် ပတ်သက်၍ ဆရာကြီးသည် ပင်ကိုယ်စဉ်းစားဉာဏ်ကို အသုံးပြုကာ ရဲရဲတွေး၍ ရဲရဲရေးတတ်ပေသည်။ (၁၉၃၇) ခုနှစ်တွင် အဋ္ဌမမြောက်အက်ဒွပ်ဘုရင်( ဝေလမင်းသား)သည် မစ္စစ်ဆင်မဆင်နှင့် အချစ်ပြဿနာပေါ်သဖြင့် ထီးနန်းကို စွန့်လိုက်သည်။ ထိုအခါ မြန်မာနိုင်ငံရှိ သူရိယသတင်းစာမှတစ်ပါး တစ်မ္ဘာလုံးရှိသတင်းစာများက အက်ဒွပ်ဘုရင်ကို ဝေဖန်ကဲ့ရဲ့ကြသည်။ သူရိယသတင်းစာ ခေါင်းကြီးကမူ ထီးနန်းစည်းစိမ်ကို စွန့်လွတ်နိုင်သော သတ္တိမှာ သာမန်ပုဂ္ဂိုလ်တစ်ဦး၌ရှိသော သတ္တိမျိုးမဟုတ်ကြောင်းဖြင့် အက်ဒွပ်ဘုရင်ကို ထောက်ခံချီးကျူးရေးသားခဲ့သည်။ ထိုခေါင်းကြီးကာ ဆရာကြီး၏ လက်ရာပင်တည်း။

တစ်ခါ၌လည်း ဆောင်းပါးတစ်ပုဒ်တွင် ဆရာကြီးက ငါးပါးသီလကို စောင့်ထိန်းနိုင်ခြင်းထက် ကိုယ်ချင်းစာတရား ထားနိုင်ခြင်းက ပို၍ အရေးကြီးသည်ဟု ရဲရင့်စွာ တင်ပြထားပေသည်။

ဆရာကြီး၏ ‘ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ’ ဆောင်းပါးများသည်လည်း အလွန်ထူးခြားသည်။ ဗုဒ္ဓ၏ စိတ္တဝိပဿနာကို ကိုယ်တိုင်လေ့ကျင့်သိရှိ၍ ဆင်ခြင်စဉ်းစားမိသည်တို့ကို ပိုင်နိုင်စွာ ရေးသားတင်ပြထားခြင်းဖြစ်သည်

လူတစ်ယောက်အနေဖြင့် ဆရာကြီး၌စိတ်ဝင်စားဖွယ်အချက်များ အများအပြားရှိသည်။ ဆရာကြီး၏ အဘိုးသည် ယောက်ျားမှန်လျှင် ‘စုံ’ မှ ကြိုက်သူဖြစ်၏။ အဘိုး၏ဝါဒအတိုင်း ဆရာကြီးသည် အတွေ့အကြုံစုံခြင်းကို နှစ်သက်သူဖြစ်သည်။ ထို့ကြောင့် သူသည်သူတစ်ပါးကို မထိခိုက်သည့် အမူအကျင့်ကိစ္စဟူသရွေ့ စုံအောင် ပြုခဲ့သော်လည်း အလွန်အကျွံမပြုခဲ့ခြင်းဖြစ်သည်။ မစွဲအောင်ထိန်းနိုင်ခြင်းဖြစ်သည်။

ဆရာကြီးသည် လွတ်လပ်မှုကို မြတ်နိုးသော်လည်း စည်းစနစ်ကားရှိသည် ကျန်းမာရေးအတွက် အချိန်မှန်လမ်းလျှောက်လေ့ရှိသည်။ ဝမ်းချူလေ့ရှိသည်။ အချိန်ကိုလည်း အလွန်ရိုသေသည်။ ချိန်းဆိုထားလျှင် အလွန်အချိန်မှန်သည် အချိန်မမှန်သူများ၊ အချိန်ကို တန်ဖိုးမထားသူများကိုလည်း မနှစ်သက်ပေ။ အချိန်ကို တန်ဖိုးထားခြင်းကို နှစ်သက်သည့်နည်းတူ ရိုးသားဖြောင့်မှန်ခြင်းကိုလည်းနှစ်သက်သည်။ သို့သော် နုံခြင်း၊ အ ခြင်း၊ ပျင်းခြင်းတို့ကို ကားရွံမုန်းသည်။

ဆရာကြီးသည် ဟန်မဆောင်တတ်။ ပရိယာယ်မသုံးတတ်။ အဖြောင့်ဆက်ဆံသည်။ လိမ်ခြင်း၊ ညာခြင်းကို လုံးမကြိုက်။ လိမ်ခြင်း၊ ညာခြင်းကို တွေ့ကြုံလျှင်လည်း သည်းမခံတတ်ပေ။ “သစ်ပင်ဖြောင့် တက်ရခက်၊ စကားဖြောင့် ကြားရခက်” ဆိုသလို ဆရာကြီး၏ဘွင်းဘွင်းရှင်းရှင်းတဲ့တိုးပြောဆိုမှုကို အချို့က မနှစ်သက်ကြသောကြောင့် ကွယ်ရာတွင် အတင်းအဖျင်း ပြောတတ်ကြသည်။ ဆရာကြီးသည်မာန်မာနထောင်လွှားခြင်း၊ ကြွားဝါပလွှားခြင်းမျိုးကို လည်း မကြိုက်ပေ။ သို့ရာတွင် အောက်ကြို့ခြင်း၊ ငုံ့လျှိုးခြင်းမျိုးကိုလည်း မကြိုက်ပေ။

ဆရာကြီးသည် ငွေကြေးချမ်းသာမှုကို ဂရုမပြု။ ကြီးပွားတိုးတက်မှုကို အလေးမထား။ ကိုယ်ချမ်းသာမှုထက် စိတ်ချမ်းသာမှုကို အဓိကထားသူဖြစ်သည်။ ထို့ပြင် အပြောသမားမဟုတ်။ အရေးသမားသာဖြစ်သည်။ အစားကောင်းကိုမူ အလွန်ကြိုက်သည်။ “လျှာသည် အရသာကို သိခြင်းနှင့် စကားပြောခြင်းတည်းဟူသော အလုပ်နှစ်မျိုးကိုသာ လုပ်တတ်ရာတွင် ကျွန်ုပ်၏လျှာကား ပထမအလုပ်၌ ကျွမ်းကျင်လွန်း၍ ဒုတိယအလုပ်ဖက်တွင် လျော့နေ၏” ဟု ဆရာကြီးက သူ့တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် ရေးခဲ့သည်။

ဆရာကြီး၏အထူးခြားဆုံးမှာ မည်သူ့ကိုမျှ မထိခိုက်တတ်၊ မစော်ကားတတ်၊ မနှိမ်တတ်ပေ။ သို့သော် သူ့ကိုထိလျှင် စော်ကားလာလျှင် နှိမ်လာလျှင်ကား ပြန်လည်တုံ့ပြန်တတ်သည်။ ဆရာကြီးသည် ငယ်စဉ်က အပေါင်းအဖော်များက ညှဉ်းပန်းခြင်းကို ခံခဲ့ရသည်။ ဖခင်၏နည်းလမ်းမမှန်သော ဆုံးမခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ငါ့မထိနှင့် ငါ့ထိလျှင် တွယ်လိုက်မည်ဟူသော သဘောမျိုးရှိသည်။ ယင်းကို ဆရာကြီးက ဖြူကောင်၏ ဆူးနှင့်နှိုင်းယှဉ်ကာ ဆူးပေါက်သည်ဟူ၍ ဆိုထားပေသည်။ ထို့ပြင် ဆရာကြီးသည် သူ့ကို ဂရုပြုသူဖြစ်လျှင် မည်မျှနိမ့်ကျသူဖြစ်ပါစေ၊ သူကပြန်လည် လေးစားဂရုပြုတတ်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် သူ့ကို ဂရုပြုသူ မဟုတ်လျှင်ကား မည်မျှပင် ကြီးမားသူဖြစ်ပါစေ သူက လုံးဝဂရုမစိုက်တတ်ပေ။

ဆရာကြီးသည်စွန့်စားခန်းဝတ္ထုများကို စွဲစွဲမြဲမြဲ ဖတ်လာသူဖြစ်သဖြင့် စွန့်စားမှုကို ဝါသနာထုံသည်။ မြင်းဒုံးစိုင်းစီးခြင်း၊ တောလည်ထွက်ခြင်း၊ အမဲပစ်ထွက်ခြင်း၊ ရွှေလီမြစ်ကို ဖောင်ဖြင့် မျှောခြင်းစသည်တို့ကို စွန့်စွန့်စားစား လုပ်ဆောင်လေသည်။

ဆရာကြီး၏ထူးခြားချက်မှာ ရှေးဟောင်းကို မလွမ်းတတ်ခြင်းဖြစ်သည်။ ဆရာကြီးသည် ရှေးခေတ်နန်းဓလေ့ ဗဟုသုတများကိုလည်းကောင်း၊ အဟောင်းအမျဉ်းပစ္စည်းပစ္စယများကိုလည်းကောင်း စိတ်ဝင်စားသူ မဟုတ်ပေ။

စာပေနှင့် ပတ်သက်၍ ဆရာကြီးသည် ဝတ္ထုများကို လွန်စွာမြတ်နိုးသည်။ ဝတ္ထုများတွင်လည်း တော်စတွိုင်း၊ ဒဟ်ကင်း၊ စကော့၊ ဗစ်တာဟူးဂို အစရှိသည့်ကမ္ဘာ့စာရေးဆရာကြီးများရေးသည့် စိတ်ကောင်းဆန္ဒကောင်းတို့ကို ဖြစ်ပေါ်စေသည့် ဝတ္ထုမျိုးတို့ကို အလေးပေးသည်။ ဆွေးနွေးခန်းတောင်းပါးတစ်စောင်၌လည်း ဆရာကြီးက “စိတ်ကို ဆွဲဆောင်နိုင်တဲ့နေရာမှာ ဝတ္ထုလိုအစွမ်းထက်တဲ့စာပေမျိုးဟာ လောကီနယ်မှာရှိကိုမရှိဘူးလို့ ကျွန်တော်ယူဆပါတယ်၊ ဝတ္ထုတွေထဲမှာလည်း မကောင်းတာကိုရှောင်ချင်တဲ့စိတ်မျိုး၊ မှန်မှန်ပြောချင်တဲ့စိတ်မျိုး၊ မညစ်ပတ်ချင်တဲ့စိတ်မျိုး၊ တည့်မတ်ချင်တဲ့စိတ်မျိုး၊ တစ်ကိုယ်ကောင်း မကြံချင်တဲ့ စိတ်မျိုးအစရှိတဲ့ ဆန္ဒကောင်းတွေထဲက တစ်ခုတလေဖြစ်စေ၊ ကိုယ့်အထဲမှာ ကျန်နေရစ်စေတဲ့ ဝတ္ထုမျိုးကို ကျွန်တော်အသားပေးချင်ပါတယ်” ဟူ၍ ဖွင့်ဟဆိုထားလေသည်။

● ဆရာကြီး ရေးသားထုတ်ဝေခဲ့သည့်စာအုပ်များ
၁။ ရတနာပုံဝတ္ထု သူရိယသတင်းစာတိုက် ၁၉၁၇
၂။ ရူပနန္ဒီ သူရိယသတင်းစာတိုက် ၁၉၁၉
၃။ ရန်ကြီးအောင် သူရိယသတင်းစာတိုက် ၁၉၁၉
၎။ ဝင်္ကန္တဝတ္ထု သူရိယသတင်း ၁၉၂၆
၅။ သိန်းထိုက်ဝတ္ထု သူရိယသတင်းစာပုံနှိပ်တိုက် ၁၉၂၆
၆။ ဂျမဒါကိုကိုကြီး ပထမတွဲ ဒေါ်အုန်းသင်နှင့်သားများ ၁၉၃၈
၇။ ရူပကလျာဏီ လောကာံကုမ္ပဏီလီမီတက် ၁၉၃၈
၈။ အဘရဟမ်လင်းကွန်း နဂါးနီ ၁၉၃၉
၉။ ဝသုံးလုံး ကြီးပွားရေး (၁၉၃၉-၄၀)
၁၀။ ဟစ်တလာလုပ်ခဲ့သမျှ နဂါးနီစာအုပ်တိုက် (၁၉၃၉-၄၀)
၁၁။ ရန်ကုန်မင်္ဂလာနှင့် သူတော်ကောင်းကြီး ဂျာနယ်ကျော် ၁၉၄၁
၁၂။ စွန့်ဝန့်သူ (ပထမပိုင်း) ကြီးပွားရေး ၁၉၄၅
၁၃။ အာဟာရဖြင့် ကျန်းမာနည်း ကုသနည်းများ ကြီးပွားရေး ၁၉၄၉
၁၄။ မြတ်သက်မော် သွေးသောက်တိုက် ၁၉၅၁
၁၅။ ကိုယ်တွေ့ တရုတ်ပြည်သစ် မန္တလေးကြီးပွားရေး ၁၉၅၃
၁၆။ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် ပ-နှိပ် ရှုမဝတိုက် ၁၉၆၀
၁၇။ ရွှေဥဒေါင်း ကြီးပွားရေး ၁၉၅၃
၁၈။ စစ်ရှုံးသူ မာလာမြိုင်ပုံနိုပ်တိုက် ၁၉၆၁
၁၉။ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ပထမတွဲ ကြီးပွားရေး ၁၉၆၁
၂၀။ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ဒုတိယတွဲ ကြီးပွားရေး ၁၉၆၁
၂၁။ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ တတိယတွဲ ကြီးပွားရေး ၁၉၆၁
၂၂။ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စတုထ္ထယတွဲ ကြီးပွားရေး ၁၉၆၂
၂၃။ ဆွေးနွေးခန်း မိုးဦးပန်းစာပေ ၁၉၆၂
၂၄။ ဒဂုံတင့် သော်တာစာပေ ၁၉၆၂
၂၅။ မြန်မာ့စွမ်းရည် မြန်မာပြည် ၁၉၆၂
၂၆။ ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ ထပ်မံတင်ပြချက် ချိုးဖြူစာပေ ၁၉၆၃
၂၇။ ကာလယန္တရား အလိမ္မာစာပေ ၁၉၆၅
၂၈။ ချစ်ပန်းပွင့် အလိမ္မာစာပေ ၁၉၆၅
၂၉။ စေတလုံးပိုင်ရှင်နှင့် အခြားဝတ္ထုများ အလိမ္မာစာပေ ၁၉၆၅
၃၀။ ဆုကြီးပန်း အလိမ္မာစာပေ ၁၉၆၅
၃၁။ ဇော်ဟိတ် နှလုံးလှစာပေ ၁၉၆၅
၃၂။ ဘာသာရေး ခံယူချက် ပုဂံစာအုပ်တိုက် ၁၉၆၅
၃၃။ လူစွန့်စား အောင်မြင့်စာပေ ၁၉၆၅
၃၄။ သူတော်စိန် နှလုံးလှစာပေ ၁၉၆၅
၃၅။ ဇာတ်ဇာတ်ကြဲဂိုဏ်း ရန်အောင်မင်္ဂလာ အလိမ္မာစာပေ ၁၉၆၆
၃၆။ လောကုတ္တရာရေားရာဆွေးနွေးခန်းများ (ဘာသာရေးခံယူချက်ကို ဒုကြိမ်ရိုက်) ပင်းယစာပေတိုက် ၁၉၆၇
၃၇။ စာပဒေသာ ခြင်္သေ့စာပေ ၁၉၆၇
၃၈။ ရူပနန္ဒီ-ရူပကလျာဏီ အလိမ္မာစာပေ ၁၉၆၉
၃၉။ စာရေးနည်းလမ်းညွန် စာနိုင်ငံစာပေတိုက် ၁၉၇၀
၄၀။ ဇာတ်ဇာတ်ကြဲဂိုဏ်း ဒု-နိုပ် မိုးစပယ်စာပေ ၁၉၇၀
၄၁။ လွမ်းအောင်ဖန် ဒု-နိုပ် စိမ်းမြအနုပညာစာပေ ၁၉၇၀
၄၂။ စိတ်ထားဝတိံနှင့် မြန်မာ့စွမ်းရည်( တ-နှိပ် ) ပန်းချီစာပေ ၁၉၇၅
၄၃။ သုံးပေါက်ချွန်းနှင့် ဝတ္ထုတိုများ ရာပြည့်စာအုပ်တိုက် ၂၀၀၂
၄၄။ ယောက်ျားဘသား ဖူးပွင့်ဝေဝေ ၂၀၀၃
၄၅။ အတွေးအမြင်နှင့် ရှုထောင့် စိတ်ကူးချိုချို ၂၀၀၄
၄၆။ ကြမ်းလိုက်တဲ့တောနှင့် အခြားတစ္တေပုံပြင်များ ခွန်းနှင့်ရွှန်း စာပေ ၂၀၀၅
၄၇။ လူဖြစ်ရကျိုးနပ်ပါစေနှင့် အခြား အတွေးအမြင်ဆောင်းပါးများ စိတ်ကူးချိုး ၂၀၀၅
၄၈။ ဝတ္ထုတိုပေါင်းချုပ် ပထမတွဲ စိတ်ကူးချိုချို ၂၀၀၆
၄၉။ ဝတ္ထုတိုပေါင်းချုပ် ဒုတိယတွဲ စိတ်ကူးချိုချို ၂၀၀၆
၅၀။ ဝတ္ထုတိုပေါင်းချုပ် တတိယတွဲ စိတ်ကူးချိုချို ၂၀၀၆
၅၁။ ဝတ္ထုတိုပေါင်းချုပ် စတုတ္ထတွဲ စိတ်ကူးချိုချို ၂၀၀၆
၅၂။ ဝတ္ထုတိုပေါင်းချုပ် ပဉ္စမတွဲ စိတ်ကူးချိုချို ၂၀၀၆
၅၃။ ဝတ္ထုတိုပေါင်းချုပ် ဆဋ္ဌမတွဲ စိတ်ကူးချိုချို ၂၀၀၆
၅၄။ ဝတ္ထုတိုပေါင်းချုပ် သတ္တမတွဲ စိတ်ကူးချိုချို ၂၀၀၇
၅၅။ ဝတ္ထုတိုပေါင်းချုပ် အဋ္ဌမတွဲ စိတ်ကူးချိုချို ၂၀၀၇
၅၆။ စစ်ကိုယ်တွေ့ အတွေ့အကြုံနှင့် အတွေးအခေါ်ဆောင်းပါးများ စိတ်ကူးချိုချို ၂၀၀၈
၅၇။ ဖူးစာနှစ်ခိုင်၊ အသစ်စုံထောက်၊ စွန့်ဝံ့သူ၊ စန္ဒာဒေဝီ စိတ်ကူးချိုချို ၂၀၀၈
၅၈။ ကျွန်ုပ်တွေ့သော စိတ်သဘာဝ စိတ်ကူးချိုချို ၂၀၀၈
၅၉။ ဝတ္ထုတိုပေါင်းချုပ် နဝမတွဲ စိတ်ကူးချိုချို ၂၀၀၉
၆၀။ ဂြိုလ်မွှေးတဲ့ငွေ မြန်မာ့ရုပ်ရှင်စာပုံနှိပ်တိုက်(နေ့စွဲမပါ)
၆၁။ ဗုဒ္ဓဝါဒနှင့် တွေးခေါ်မြော်မြင်ရေး ချိုးဖြူစာပေ (နေ့စွဲမပါ)
၆၂။ ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ ဂျိုးဖြူစာပေ (နေ့စွဲမပါ)
၆၃။ ပထမံ- ဆရာသိန်း (ပ-တွဲ) ကြီးပွားရေး (နေ့စွဲမပါ)၁၉၄၀?
၆၄။ ပထမံ- ဆရာသိန်း (ဒု-တွဲ) ကြီးပွားရေး (နေ့စွဲမပါ)၁၉၄၁?
၆၅။ အတွေးအခေါ်ဟင်းလေးအိုးကြီး နေပြည်တော် (ခုနှစ်မပါ)
၆၆။ လမ်းနှစ်သွယ် စာအုပ်ရှာမတွေ့ပါ
၆၇။ ခင်စက်မေ စာအုပ်ရှာမတွေ့ပါ
၆၈။ စန္ဒာဒေဝီ စာအုပ်ရှာမတွေ့ပါ
၆၉။ ရတနာပူရ စာအုပ်ရှာမတွေ့ပါ
၇၀။ ရူပနန္ဒီနှင့် ဘိုးဘိုးအောင် စာအုပ်ရှာမတွေ့ပါ

● ဘာသာပြန်စာအုပ်များ
၁။ စုံထောက်မောင်စံရှား ဒုတိယအုပ် ဒေါ်အုန်းသင်နှင့်သားများ ၁၉၃၉
၂။ စုံထောက်မောင်စံရှား တတိယအုပ် ဒေါ်အုန်းသင်နှင့်သားများ ၁၉၄၀
၃။ ဒေါက်တာသောင်းထိုက် နဂါးနီ ၁၉၄၀
၎။ ရတနာသိုက် ပထမတွဲ ဒဂုန်ခင်ခင်လေး ၁၉၄၀
၅။ ရတနာသိုက် ဒုတိယတွဲ ဒဂုန်ခင်ခင်လေး ၁၉၄၀
၆။ စုံထောက်မောင်စံရှား စတုတ္ထအုပ် ဒေါ်အုန်းသင်နှင့်သားများ ၁၉၄၁
၇။ စောလမုန်သိုက် တိုင်းပြည်ပြုပုံနှိပ်တိုက် ၁၉၄၁
၈။ အကြံဉာဏ်ဖြင့် ကြီးပွားရေး ပထမပိုင်း ကြီးပွားရေး ၁၉၄၅
၉။ ဂမုန်းနက် ကြီးပွားရေး စာအုပ်တိုက် ၁၉၄၇
၁၀။ ဘတ်စကာဗျီလ်ခွေးကြီး ကြီးပွားရေး ၁၉၄၇
၁၁။ ဂဠုန်နက်ဂိုဏ်း ရှုမဝတိုက် (ခုနှစ်မပါ)
၁၂။ သူရဲကောင်းသုံးယောက် ဒုတိယတွဲ ကြီးပွားရေး ၁၉၄၈
၁၃။ ကိုယ်ရံတော် ပြည်သူ့အလင်းစာပေ ၁၉၅၀
၁၄။ မြှော်တလင့်လင့် ရှုမဝ ၁၉၅၀
၁၅။ စိတ်ထားဝတိံ ကြီးပွားရေး ၁၉၅၁
၁၆။ အိုင်ဗိုရီချိုင်းလ် ထွန်းရင်ပုံနှိပ်အလုပ်ဌာန ၁၉၅၂
၁၇။ သွေးစုတ်မြေ ရှုမဝစာအုပ်တိုက် ၁၉၅၅
၁၈။ အိုင်ဗင်ဟို ဟံသာဝတီပုံနှိပ်တိုက် ၁၉၅၅
၁၉။ ဆင်စွယ်မင်းသမီး ဒု-နှိပ် မြန်မာပြည်ပုံနှိပ်တိုက် ၁၉၆၂
၂၀။ စုံထောက်မောင်စံရှား ပထမအုပ် ဒု-နှိပ် မြန်မာပြည် ၁၉၆၀
၂၁။ စုံထောက်မောင်စံရှား ပဉ္စမအုပ် ဒု-နှိပ် မြန်မာပြည် ၁၉၆၀
၂၂။ လက်ထက်တော်ကြီး ရဲရင့်စာပေ ၁၉၆၀
၂၃။ စုံထောက်မောင်စံရှား ဆဋ္ဌမအုပ် မြန်မာပြည် ၁၉၆၁
၂၄။ စုံထောက်မောင်စံရှား သတ္တမအုပ် မြန်မာပြည် ၁၉၆၁
၂၅။ စုံထောက်မောင်စံရှား အဋ္ဌမအုပ် မြန်မာပြည် ၁၉၆၁
၂၆။ စုံထောက်မောင်စံရှား ဒဿမအုပ် မြန်မာပြည် ၁၉၆၁
၂၇။ စုံထောက်မောင်စံရှား ဧကာဒဿမအုပ် မြန်မာပြည် ၁၉၆၁
၂၈။ စုံထောက်မောင်စံရှား ဒွါဒဿမအုပ် မြန်မာပြည် ၁၉၆၁
၂၉။ စုံထောက်ဦးစံရှား ပထမအုပ် အလိမ္မာစာပေ ၁၉၆၆
၃၀။ စုံထောက်ဦးစံရှား ဒုတိယအုပ် နှလုံးလှစာပေ ၁၉၆၆
၃၁။ စုံထောက်ဦးစံရှား တတိယအုပ် အလိမ္မာစာပေ ၁၉၆၇
၃၂။ စုံထောက်ဦးစံရှား စတုတ္ထအုပ် သစ္စာမွန်စာပေ ၁၉၆၇
၃၃။ စုံထောက်ဦးစံရှား ပဉ္စမအုပ် သစ္စာမွန်စာပေ ၁၉၆၇
၃၄။ စုံထောက်ဦးစံရှား ဆဋ္ဌမအုပ် သစ္စာမွန်စာပေ ၁၉၆၈
၃၅။ စုံထောက်ဦးစံရှားပေါင်းချုပ် ပုဂံစာအုပ်တိုက် ၁၉၇၄
၃၆။ စုံထောက်မောင်စံရှား ပေါင်းချုပ် ယနေ့မန္တလေးစာအုပ်တိုက် ၂၀၀၀
၃၇။ ဦးစံရှား ဖြေရှင်းခဲ့သော ဒိတ်ဒိတ်ကြဲ မှုခင်းကြီးများ ဖူလုံးစာပေ ၂၀၀၅
၃၈။ စုံထောက်မောင်စံရှား- ရန်ကိုရန်ချင်း မြန်မာ့ရှပ်ရှင်ဝတ္ထုတိုက် (နေ့စွဲမပါ)
၃၉။ ရှိုတ်စပီးယား၏ ပြဇာတ်ဝတ္ထုများ သွေးသောက်တိုက် (နေ့စွဲမပါ)
၄၀။ စုံထောက်မောင်စံရှား ပွေလီအင်းခွေးကြီးအမှု စာအုပ်ရှာမတွေ့ပါ
၄၁။ စုံထောက်မောင်စံရှား-ဘောင်ဒရီလမ်းလူသတ်မှု စာအုပ်ရှာမတွေ့ပါ

သို့ကလို မြန်မာစာပေလောကနှင့်မြန်မာစာဖတ်ပရိသတ်တို့ကို စာပေကလောင်စွမ်းအားဖြင့် စွမ်းစွမ်းတမံ အကျိုးပြုခဲ့သော ဆရာကြီးရွှေဥဒေါင်းသည် (၁၉၇၃) ခုနှစ်၊သြဂုတ်လ (၁၀)ရက်၊ သောကြာနေ့ ည (၇)နာရီ၊ အသက်(၈၄) နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့သည်။ ဆရာကြီး၏ရုပ်ကလာပ်ကို မန္တလေးတောင်အရှေ့ဘက် အုတ်စက်သုသာန်မှာပင် ဆရာကြီးမြမျိုးလွင်၊ ရွှေမန်းတင်မောင်၊ရွှေပြည်ဦးဘတင်တို့၏အုတ်ဂူများအနီး၌ပင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။

မည်သို့ဆိုစေ စာပေအကျိုးကို သူမတူအောင် ထမ်းဆောင်ခဲ့သောကြောင့် ဆရာကြီးအား “ဂုဏ်ပြုထိုက်သူ”ဟုဝိသေသပြုကာ၊မန္တလေးမြို့တွင် အထိမ်းအမှတ်စာကြည့်တိုက် ဖွင့်လှစ်နိုင်ခြင်းနှင့် ဆရာကြီးပုံတူ ကြေးရုပ်တုကြီးကို အောင်မြင်စွာ စိုက်ထူနိုင်ခြင်းသည် ဂုဏ်ပြုခံဆရာကြီး၏ ဂုဏ်ဒြပ်နှင့် တကွ ဂုဏ်ပြုသူတို့၏ မွန်မြတ်သောလုပ်ဆောင်ချက်တို့သည်မြန်မာစာပေတည်ရှိနေသရွေ့ ထာဝစဉ်ဥဒါန်းတွင်နေရစ်နေမည်မှာ မလွဲဧကန်ပင်တည်း။ ။

(သန်းဝင်းလှိုင်)

● ကျမ်းကိုး
၁။ ရွှေဥဒေါင်း တစ်သက်တာမှတ်တမ်းနှင့် အတွေးခေါ်များ ရန်ကုန်၊ နှလုံးလှစာပေတိုက်၊ (ဒု) ကြိမ်၊ (၁၉၆၈) ခု။
၂။ တိုက်စိုးနှင့် မင်းယုဝေ စာဆိုနှင့်သုတေသီ၊ ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ (ပ)ကြိမ်၊ (၁၉၆၇) ခု။
၃။ တိုက်စိုးနှင့် မင်းယုဝေ မြန်မာစာမိတ်ဖွဲ့ (ဒုတိယတွဲ)၊ ရန်ကုန်၊ ပုဂံစာ အုပ်တိုက်၊ (ပ) ကြိမ်၊ (၁၉၇၄) ခု။
၅။ လူ့မိတ်ဆွေစာအုပ် (မန္တလေး နိုင်ငံတကာစာအုပ် နှစ်အထိမ်းအမှတ် စာတမ်းများ)၊ မန္တလေး၊ (ပ) ကြိမ်၊ (၁၉၇၃) ခု။
၆။ မြန်မာ့အလင်းသတင်းစာ (၂-၃-၉၇)။
၇။ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၃၇)၊ ဒီဇင်ဘာလ၊ ၂၀၁၀။
 
 


Credit - Tin Maung Hlaing

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here