ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ပီမိုးနင်း အကြောင်း အသေးစိတ်ချင်ရင်


(၁)
စာရေးဆရာ ပီမိုးနင်း၏ အကြောင်းကို ရေးရမည်ကြံလျှင်ပင်၊ ကျွန်တော့်စိတ်သည် ရွှံ့ညွံထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေေ၀ ပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင် နားနေလေသည်။။
အကြောင်းမူကား- ပီမိုးနင်းသည် မထင်ရှားသော တောရွာတရွာ၊ မထင်ရှားသော အမျိုး၌ မွေးဘွား၍၊ မြန်မာပြည်ကို လွှမ်းကာကျော်ကြားလျက်ရှိသည်။ သောက်စားမူးယစ် ညစ်ညစ်ပေပေ အမြဲနေရာမှ၊ အမျိုးသားအကျိုးဆောင်ရွက်သော မူရင်းဓာတ်သည် အစဉ်ပေါ် နေလျက်ရှိသည်။ သိမ်ဖြင်းသေးနုပ်သော အပြစ်ကလေးများကြားမှ ထိုအပြစ်များကို ပြည်ဖုံးကားချလိုက်သော၊ ဗမာပြည်လွတ်လပ်စေလိုသော စေတနာနှင့် နိုင်ငံခြားသားတို့ ချုပ်ချယ်မှုကို မခံနိုင်သော သခင်စိတ်သည်၊ ရွှင်လန်းမွှေကြိုင်စွာ ပွင့်လျက်ရှိသည်။ ညစ်ညစ်ပတ်ပတ် ရေးလိုက်သော စာများကို အုပ်ကာ၊ တကယ့်စာရေးဆရာ စွမ်းရည်များသည် ပေါ်လွင်လျက်ရှိသည်။ စာပေါ့စာပြောင်များတွင် အမြစ်စိုက်ကာ၊ နက်နဲသော၊ အကြံဥာဏ် စူးရှသော လောကအမြင်သည် သန်စွမ်းစွာ ပေါက်ရောက်လျက် ရှိသည်။

သို့ကြောင့်လည်း ပီမိုးနင်း သေသောအခါ၌၊ ကျွန်တော်သာ အသုဘရှုစကားဆိုရလျှင် "ကျွန်တော့်စိတ်သည် ရွှံ့ညွံထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေေ၀ ပွင့်နေသည့် ကြာပန်းတွင်းသို့ ပြေးဝင်နားနေပါသည်ဟု" ပြောရန် ရည်ရွယ်ထားပေသည်။

(၂)
ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင် ၀သည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အက်ႌလက္တို ေကာ္လန္ကေလး၀တ္ထား၍ အေပၚအက်ႌမပါ။ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ၀တ်ဆင် ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏ တုတ်ခိုင်သော ခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သည်တုန်းက သူ့ရုပ်ကို ခုထက်ထိမမေ့သေး။ ထိုအခါက သူ့ကို ဘယ်က တရုပ်ကပြားကြီးပါလိမ့်ဟုသာ အံ့သြ တွေးတောမိခဲ့သည်။
ပဲရော့ဦးဆန်နီက 'ဒါ-ဆရာပီမိုးနင်းဘဲ' ဟု ကျွန်တော်နှင့် သူကို မိတ်ဆက်လိုက်တော့ မှ၊ ငယ်ငယ်တုန်းက ခိုးကာ ပုန်းကာစွဲခဲ့ရသော သဲမြညှာ-ဆရာကြီး ဖြစ်ကြောင်း သိရလေတော့ သည်။
ဆရာပီမိုးနင်းကား မျက်နှာကို မမော့ဘဲ၊ မျက်မှန်အောက်မှ မျက်ခွံနှင့်သူငယ်အိမ်ကို မြှင့်ပြီး ကျွန်တော့်အား ကြည့်၏။ နောက်.... ဟဲ-ဟဲ-ဟဲ ဟု ပြုံးရယ်ကာ၊ ကျွန်တော့်အား အသိအမှတ်ပြု၏။ နောက်သူသည် စာကိုပင် ဆက်ရေးနေလေသည်။
ဦးဆန်နီ၏ စားပွဲပေါ်ရှိ ကြေးဆင်းရုပ်များ၏ ၀င်းပြောင်သော အရောင်သည်သော်၎င်း၊ ကျွန်တော်တို့တတွေ ထိုင်နေကြသော ကုလားထိုင်အရောင်များသည်၎င်း၊ အခန်းကျောက်မှန် များ၏ အရောင်သည်၎င်း၊ ဆရာပီမိုးနင်းကို မဟပ်၊ သူသည် အမြင်အားဖြင့် မတောက်ပြောင် ဆုံးသော လူတယောက်ဖြစ်သည်။

(၃)
ကျွန်တော်သည် ပီမိုးနင်းကို ရင်းနှီးစွာ မဆည်းကပ်ဘူးသော်လည်း၊ မောင်ဂိုမာရီလမ်း တွင် တခန်းခြား ကပ်နေဘူးသဖြင့် သူ့နေပုံထိုင်ပုံကို အကဲခတ်ခွင့် ရလေသည်။
ဆရာသည် ကျွန်တော်တို့ အခန်းရှေ့ အစုံသုတ်ဆိုင်၌ ခဏခဏ ထိုင်စားလေ့ရှိသည်။ တခါတရံ ထမင်းစားချိန်တွင် အစုံသုတ်စား၍ တခါတရံ ညဆိုင်သိမ်းခါနီးမှ စားလေ့ရှိသည်။ အိမ်တွင်ချက်ပြုတ်သော ထမင်းဟင်းကို မယ်မယ်ရရမစားဘဲ တရုပ်ဆိုင်က အစိမ်းကြော်နှင့် ထမင်းများကို ၀ယ်စားလေ့ရှိသည်။
တခါ သူ့အိမ်ခန်းသို့ ရောက်သွားသောအခါ ရင်လောက်မြင့်သော စင်ကလေးပေါ်တွင် ထမင်းပန်းကန်ကို ထားကာ မတ်တတ်ရပ်၍ တူကြီးနှင့် ထမင်းစားနေသည်ကို တွေ့ရလေ သည်။ ထမင်းကို တလုပ်သွပ်စားလိုက် လမ်းလျှောက်လိုက်၊ လမ်းလျှောက်ရင်း ၀ါးမျိုလိုက်ဖြင့် စည်းစိမ်အကြီးဆုံးကို ခံနေလေသည်။
သူ့အခန်းကား မှောင်နေလေ၏။ ဖုံအမှိုက်တို့ဖြင့် ညစ်ပေနေ၏။ ဧည့်ခန်းတွင် မိန်းမအင်္ကျီ၊ ယောက်ျားလုံချည်အင်္ကျီများမှာ ပုံလျက် ပုံလျက်ထားရာ ရှုပ်နေလေ၏။ အိမ်ရှေ့မှ ဓာတ်ရထား မောင်းသွားသောအခါ၊ ငလျင်လှုပ်သကဲ့သို့ အိမ်မှာ တုံသွား၏။ ဓာတ်ရထားဆူသံ မစဲမှီ ဘတ်စ်ကားပြေးသံမှာ ဆင့်တက်လာ၏။
ထိုအခါက ကျွန်တော်သည် ဆရာပီမိုးနင်း၏ ၀တ္ထုတခုတွင်ပါသော ဇင်းကျိုက်တောင် အနီးရှိ ဥယျာဉ်အိမ်ကလေးတခုကို ပြေးမြင်မိလေသည်။ ထိုအိမ်ကလေးသည် ညိုမှိုင်းသော တောင်တန်းကို မြှော်ကြည့်နေသည်။ အိမ်ရှင်မကား အသားဖြူဖြူ ၀၀ ရုပ်ချော မအံဆိုသူ မိန်းမတဦးဖြစ်သည်။ သူကား လင်နှင့် ဖြစ်သည်။ အခြားလူပျိုကလေးတယောက်နှင့် ချစ်ကြိုက် ကြသည်။ "အင်း ဒီနေရာကနေပြီး ဒီလိုဝတ္ထု တွေးနိုင်တာ အံ့ပါရဲ့" ဟု ထိုစဉ်က ကျွန်တော် ချီးကျူးမိသည်။ "၀တ္ထုရေးဆရာတွေဟာ ငရဲကနေပြီး နတ်ပြည်အကြောင်း ရေးနိုင်ကြတာဘဲ ထင်ပါရဲ့" ဟု တွေးနေဆဲ၊ သူ့မိန်းမ အပြင်ထွက်လာလေသည်။ သူ့မိန်းမ (ထိုစဉ်က မြဲနေသောမိန်းမ) ကား အသက်လည်း အတော်ကြီးပြီး ပိန်လည်းပိန်လှ၏။ လက်ကလေးများ မှာ ကျီးချေထောက်ကလေးများကဲ့သို့ (သဲမြညှာမှ မှတ်မိသောဥပမာ) အရိုးချည်း ဖြစ်နေလေ သည်။
"အဲဒါသိပြီ ဆရာကတော်ကို ကြည့်အားမရတိုင်း မအံလို ဇာတ်လိုက်မင်းသမီးတွေ ရေးထည့်နေတာ" ဟု ကျွန်တော်လဲ ယူဆမိတော့သည်။
တနေ့သော် ပီမိုးနင်းနှင့် သူ့ဇနီး လန်ခြားစီးပြီး- ဘုရားသွားတူတူ ကျောင်းသွားတူတူ ၀ါဒဖြင့် ပျော်ပါးစွာ ပြန်လာသည်ကို ကျွန်တော် အခန်းရှေ့ ကပြင်ကလေးမှ မြင်လိုက်ရလေ သည်။ သူတို့ အိမ်ပေါ်တက်သွား၍ မကြာမှီ အသက်ငယ်ငယ်၀၀၊ ဖြူဖြူမိန်းမတယောက်သည် အောက်ကနေ၍- "ဆရာကျော်-ဆရာကျော်" ဟု ခေါ်လေသည်။ ပီမိုးနင်းကို အများက ဆရာကျော်ဟုသာ ခေါ်ကြသည်။
မကြာမှီ- ဆရာကြီးသည် ခါးပတ်စိမ်းကြီး ပတ်လျက် ဆင်းလာလေသည်.... ထိုမိန်းမနှင့် ရယ်ကာပြောဆိုပြီး လန်ခြားနှင့် ထွက်သွားကြလေသည်။
ကျွန်တော်သည်လည်း အတွင်းသို့ဝင်ကာ စာဘတ်၍နေသည်။ ထိုအခါက ကျွန်တ်ာမှာ စာရေးဆရာအဖြစ်ကို နမောတသဆို၍ တောင်းခံဆဲ ဖြစ်လေသည်။ ထိုအခန်း၌ပင် ရေးသော စာတို့မှာ စာရေးဆရာတယောက်နှင့် တူသည် မတူသည်ကို မသိသော်လည်း- နေရ ထိုင်ရသည်မှာကား စာရေးဆရာတယောက်နှင့် တူလေသည်။
များစွာ ဆင်းရဲ၍ များစွာ အလုပ်လုပ်၏။ များစွာကား ပျော်၏။
ညကိုးနာရီတိုင်သောအခါ တဘက်ခန်းက ဆူသံပူသံကို ကြားရလေသည်။
"မလာနဲ့- ရှင့်မယားငယ်တွေနဲ့ ရှင်နေချီ"
"ဟေ့ကောင်မ, တိတ်- သိတ်စကားမများနဲ့"
"မတော်ဘူး အသေကောင်ကြီးရဲ့ မတော်ဘူး- တဏှာရူးကြီးရဲ့ မတော်ဘူး- သွား မလာနဲ့"
ယောက်ျားသံမှာ ဆရာပီမိုးနင်းအသံဖြစ်သောကြောင့် ကျွန်တော်သည် ထသွား၏။ သူတို့ဘက်ဆီသို့ လှမ်းကြည့်နေ၏။ ဆရာ့အသံက မူမမှန် မူးသံကြီး ပေါ်လျက်နေ၏။
"မယားငယ်၊ စောက်ကမြင်းမတွေနဲ့ သွားနေပါ သွား.... ဖါတွေနဲ့သာ ရှင်နဲ့ တော်တယ်"
"ကဲဗျာ" ခွပ်ခွပ် နှင့် အသံကြားရ၏။ ဆရာကြီးသည် ဗြုံးဒိုင်းနှင့် ဆောင့်အောင့်ကာ ဆင်းလာလေ၏။ နောက်လန်ခြားပေါ်တက်၏။
အိမ်ပေါ်က မိန်းမကား ငိုလျက် နောက်က ရန်ထောင်လိုက်၏။
"ဂျောင်း- ဂျောင်း" ဟု လန်ခြားကို နှင်ကာ ဆရာသည် ထွက်သွားလေ၏။ သူ့မိန်းမထိပ်တွင် သွေးရွှဲ၍ ကျန်ရစ်ခဲ့လေ၏။
ပီမိုးနင်းသည် ဂျာနယ်တိုက်တတိုက်သို့ သွားပြီး ရက်များစွာနေ၏။ ထိုတိုက်တွင်ပင် ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်ကာ စာမှန်မှန် ရေးနေလေသည်။

(၄)
ဤသို့ ရှုပ်ထွေးသော အိမ်တွင်းရေး ကိုယ်ရေးအဖြစ်မှနေ၍ (၀ါ) ညွန်တွင်းမှနေ၍ ရှင်းပေ လင်းပေဆိုသော စာများကို ရေးထုတ်လျက် နေသည်မှာ ပီမိုးနင်းအတွက် အဆန်းအသစ် မဟုတ်ပေ။
အခြားအခြားဘက်၌ ပီမိုးနင်းကို ချီးမွမ်း မချီးမွမ်း ချင်နေ၊ ဗမာစာကို ရှင်းအောင် ရေးရာ၌ကား လူတိုင်းချီးမွမ်းရမည်။ နက်နဲသော စိတ်ပညာကို လူအများနားလည်အောင် ပြတ်ပြတ်သားသား ရေးနိုင်သူကား သူတယောက်လောက်သာ ရှိသေးသည်။ စီးပွါးရေး၊ ပညာရေး၊ တိုင်းရေးပြည်ရေး ဘာကိုပင် ရေးရေး ရှင်းလင်းနားဝင် လွယ်လှပေသည်။ ၀တ္ထုအရေး၌ကား ကွက်ကွက်ကွင်းကွင်း မျက်စိတွင် လင်းကနဲ ထင်းကနဲ မြင်လောက်အောင် ရေးသားနိုင်သည်ကိုကား အထူးဆိုဘို့ မလိုချေ။ သူ၏ ရှင်းထင်းပြတ်သားသော စာသည် ချိုသာ ညီညွတ်သော အသွားဖြင့် လှပကောင်းမွန်သော အဓိပ္ပါယ်များကို အမြဲဆောင်နေ လေသည်။
သူသည် သူ့အိမ်တွင် ဘာဖြစ်ဖြစ်။ သူ့ကိုယ်ရေး ဘယ်လိုနေနေ။ ဂရုမစိုက်။ စာကို ရေးဘို့သာ ဂရုစိုက်၏။
ပထမဆုံး တွေ့စဉ်က စာရေးဆရာနာမည်ကြီးကို အခန်းတွင်းမှ စင်မြင့်ပေါ်တွင် ဆွဲတင်ချင်သော ၀ါသနာအတိုင်း-
"ဆရာ ကျွန်တော်တို့ ယူနီဗာစီတီကို တရားဟောကြွပါဆရာ" ဟု ဘိတ်ခေါ်လေသည်။
"ဆရာတို့က အရေးသမား သက်သက်၊ အပြောမရဘူး။ ပြောလဲ မပြောတတ်ဘူး၊ ကျင့်ရင် လုပ်ရင်တော့ ဖြစ်ရမပေါ့ကွယ်" ဟု သူရေးနေကြ "ဖြစ်ရမယ်" ဟူသော အာဘော်နှင့် မဆန့်ကျင်ဘဲ ဖြေလေရာ
"ဒါဖြင့် ကျင့်ပြောပါအုံး ဆရာ" ဟု တဘန် ဘိတ်ပြန်သည်။
"အဲဒီဘက်က ၀င်မစွက်ပါရစေနဲ့- တူမောင်ရာ"
ဆရာသည် သူ့ အဆင်ခြင်ဖြင့်သူ ဥာဏ်အလင်းပေါက်သည် အတိုင်း၊ လမ်းမ တဲ့တဲ့ ခရီး အမြဲ သွားလျက်ရှိလေသည်။ သို့ကြောင့်လည်း လွန်ခဲ့သော အနှစ် ၂၀ မျှအတွင်း ဗမာစာကို အများဆုံးရေးသားသူ သုံးယောက်တွင် (လယ်တီပဏ္ဍိတဦးမောင်ကြီး၊ သခင် ကိုယ်တော်မှိုင်း၊ ပီမိုးနင်း) တယောက် အပါအ၀င် ဖြစ်လေသည်။

(၅)
ထိုနေ့ကား တိုးတက်ရေးမဂ္ဂဇင်း ဦးစိန်က ရန်ကုန်မြို့ပြင်ဘက် ခြံတခြံတွင် စာရေးဆရာ များကို ထမင်းကျွေးသော နေ့ဖြစ်သည်။
ဆရာဘီ၊ ဆရာစိမ်း စသော ရှေးဆရာကြီးများလည်းပါသည်။ တက်ထွန်း၊ သိပ္ပံကျော်ထင် စသော ၀တ္ထုရေးဆရာလေးများလည်း ရောက်ကြသည်။ ကျွန်တော်သည် ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) နှင့် ပီမိုးနင်းတို့အနီးတွင် ထိုင်လျက် ရှိလေသည်။
ထမင်းစားပြီးကြ၍ သစ်ပင်ရိပ်များတွင် ကုလားထိုင်များနှင့် ၀ိုင်းဖွဲ့ကာ ထိုင်နေကြခြင်း ဖြစ်လေသည်။ ငှက်ပျောရွက်ကြီးများကား အသာအယာတိုက်လျက်ရှိသော လေတွင် လှုပ်နေသည်။ စီးရိုးမှ ပေါက်နေသော ဒန့်သလွန်ပင်မှ ပေါက်နေသော အပွင့်များသည် ကျွေကျလျက် ရှိသည်။
ဆရာပီမိုးနင်းကား ယခုတကြိမ် အပေါ်အင်္ကျီနှင့် ဖြစ်၏။ ကတုံးကို ပြောင်အောင်ရိတ် ထားပြီး၊ ပုဝါနီကို ရစ်ထားလေသည်။ သူကား ခါတိုင်းထက် ၀၏။ မျက်နှာမှာလည်း နီနေ၏။
ကျွန်တော်တို့သည် စာဖတ်သူ ဗမာပြည်၌ပေါဘို့ ကောင်းအောင်လုပ်ရန်၊ စာအုပ် ကောင်းများ ပေါ်လာရန် စဉ်းစား ဆွေးနွေးနေလေသည်။ စဉ်းစားရာမှ ၀တ္ထုအကြောင်းကို ရောက်သွားကြသည်။ ထိုလူစုတွင် ရှေးပညာရှိကြီး အချို့က ၀တ္ထုကို ကလေးကလားဟု ထိပါးလိုက်ရာ၊ ကျွန်တော်က ကန့်ကွက်ပြီး၊ ၀တ္ထုဂုဏ်ကို ချီးကြူးလေသည်။ နောက်
"ကျွန်တော်သဘောရတာဖြင့် မြတ်စွာဘုရားဟာ ၀တ္ထုရေးဆရာ အဖြစ်နဲ့လည်း လောကအကျိုးကို အများကြီး ဆောင်ခဲ့တယ်ထင်တယ်" ဆက်လိုက်ပြန်သည်။
"ဟုတ်တာပေါ့- ငါးရာ့ငါးဆယ်တွေဟာ ဘုရားက ဘုရားအတိတ်ဘ၀ အဖြစ်အပျက် တွေဆိုပြီး ဟောတာ မဟုတ်ပါဘူး။ ဘ၀အဆက်ဆက်က ဘုရားအတ္ထုပ္ပတ္တိတွေလည်း ဟုတ်မယ်မထင်ပါဘူး။ ၀တ္ထုတွေနဲ့ လိုရင်းဆွဲဟောတော်မူခဲ့တာ ထင်ပါရဲ့" ဟု ရဲဝံ့စွာ ပြောလိုက်လေတော့၏။
"ဟုတ်တယ် နောက်မှ လူတွေက- ဘုရားရဲ့ အတိတ် ဘ၀က အတ္ထုပ္ပတ္တိတွေလို့ ပြောကြတာပါ" ဆရာပီမိုးနင်းသည် စိတ်ပါလက်ပါ ပြောပြလေသည်။
သို့ဖြင့် ဆွေးနွေးညင်းခုံကြရာ ခပ်အေးအေးဖြစ်သွားလျက် တယောက်တန်း နှစ်တန်း သား စကားပြောဆိုနေကြလေ၏။ ထိုအခါ ဆရာလွန်းက ကွမ်းစားရင်း ပီမိုးနင်းကို ကြည့်ပြီး-
"ကိုယ့်လူမလဲ- အရက်ဆီတွေလား၊ အမွဲဆီတွေလား တက်နေလို့ ထင်ပါရဲ့ ၀လိုက်တာ ဖီးလို့၊ တနေ့တခြား တိုးဝနေပါပကော" ဟု ပြောလိုက်၏။ ပီမိုးနင်းသည် အရက်ဆီဟု ဆိုသည်ကိုကား ဘာမှ မပြောဘဲ အမွဲဆီဟု ပြောသည်ကိုကား ပြန်ချေ၏။
"မွဲတာတော့ မပြောနဲ့ဆရာ-လူများတွေ ဘယ်လိုလုပ်ချမ်းသာကြပမလဲဆိုတာ အချိန်ရှိတိုင်း စဉ်းစား၊ စဉ်းစားရတိုင်း ရေးနေလို့ ကိုယ်တိုင် ချမ်းသာအောင် လုပ်ဘို့ စဉ်းစားချိန်လဲ မရှိဘူး၊ လုပ်ချိန်လဲ မရှိဘူး" ဟု ပီမိုးနင်းက ဖြေရာ သခင်ကိုယ်တော်မှိုင်းက ကွမ်းသွေးထွေးပြီး ရယ်နေလေ၏။ သူ့ကိုယ်သူလည်း တွေးမိဟန် ရှိ၏။

(၆)
ပီမိုးနင်းသည် သည်ဝါဒကို ဘယ်အခါမျှ မစွန့်ခဲ့။ သူသည် တိုင်းပြည်ကို လိမ်လည်လှည့် ဖျားသောစာ ဘယ်သောအခါမျှ မရေးခဲ့။ ဗြိတိသျှအင်ပီရီယယ်လစ်အစိုးရကို ဘယ်တုံးအခါ ကမျှ မချီးကျူးခဲ့။ နိုင်ငံခြားသားများ ဗမာတမျိုးလုံးကို သွေးစုတ်နေသည်၊ နိုင်ရာစားလုပ်နေ သည်ကို ဘယ်အခါကမျှ မထောက်ခံခဲ့။ တလလျှင် အယ်ဒီတာဘ၀ ၃၅၀ိ ကျော်ရစဉ်ကလည်း အမျိုးသားဘက်မှ ရေးခဲ့သည်။ တလ သုံးလေးဆယ် ၀င်တုန်းလည်း တိုင်းပြည်ဘက်က ပါခဲ့သည်။ ဗန္ဓုလတုန်းကလည်း တိုင်းပြည်အကျိုးသာ ရေးသည်။ မြန်မာ့အလင်း လေဗွေကြီး အဖြစ်ဖြင့် ရေးစဉ်ကလည်း တိုင်းပြည်ဘက်ကသာ ရေးမြဲရေးသည်။ သူနေရာတွေ အများကြီးပြောင်း၏။ သူ့နံမည်တွေ အမျိုးမျိုး လဲ၏။ သူ့နေရေးထိုင်ရေး အကြပ်အချောင် အဆင့်ဆင့် ကူး၏။ သူ့စိတ် သူ့အာဘော် သူ့ဝါဒကား မပြောင်း။
ပီမိုးနင်းသည်ကား တကဲ့လူရိုးကြီးဖြစ်၏။ သူတော်ကောင်းကြီး ဖြစ်တော့၏။
သူသောက်သည်။ သူသောက်သဖြင့် သူ့ဝါဒ မပျက်။ သူသောက်သဖြင့် သူ့တာဝန် မတိမ်း။ သူသောက်သဖြင့် တိုင်းပြည်အကျိုးမယုတ်။ သူသောက်၊ သူပျော် သူထင်သလိုနေ သဖြင့် သူ့မှာ အကျိုးယုတ်ချင်ယုတ်မည်။ သူ့မှာ အကုသိုလ်တွေ ပွါးချင်ပွါးမည်။ သို့သော် အများအကျိုး- တိုင်းပြည်အကျိုးကိုသာ ရှေ့ရှုသူမှန်သမျှသည် ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်အား၊ တာဝန်မထားနိုင်။
သို့ကြောင့် ကျွန်တော်ဆိုပြန်သည်။ ပီမိုးနင်းကား- တကဲ့ သူတော်ကောင်းကြီးပင်။

(၇)
ဆရာပီမိုးနင်းသည် မဖုံးမကွယ်၊ သူပျော်သလိုနေပြီး၊ ပင်ရင်းရည်ရွယ်ချက်ကြီးကိုသာ ဖြည့်ဆီးနေသည်ကို ထောက်သဖြင့်၎င်း၊ သူ့အရေးအသားများကို ကြည့်သဖြင့်၎င်း၊ ပုလင်းကို ထောင်၍ မိန်းမတွေကြားထဲ ပျော်နေပါးနေသော်လည်း လူရိုးဖြစ်နိုင်သေးသည်ကို သူယုံကြည်ဟန် ရှိလေသည်။
တခါသော် ကျွန်တော်နှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေတဦးက ကျွန်တော်အား သွေးကြီးသည်၊ မာနကြီးသည်ဟု အပြစ်တင်လေရာ၊ ထိုမိတ်ဆွေ၏ ထင်မြင်ချက်ကို ကျွန်တော် လေးစားသည်ဖြစ်၍ ကျွန်တော့်ကိုယ် ကျွန်တော် ရှင်းတမ်းရေး၍ ပီမိုးနင်းထံသို့ ဆုံးဖြတ်ချက် တောင်းလေသည်။ ဆရာက ပထမ စာနှစ်စောင် ဗမာလိုရေး၍ ကျန်တစောင်ကို အင်္ဂလိပ်လို ရေးလေသည်။
"So long as one's conscience is clear there is nothing to worry about." "ကိုယ်ကောင်း-ဂေါင်းဘယ်မှမရွေ့" ဟုသဘောထားပြီး ဘာမှဂရုမစိုက်ဘဲ နေပါဟု စာအစဆုံး တွင် အကြံပေးလေသည်။ သူ့အကြံအတိုင်း သူလည်း လိုက်နာဟန် ရှိလေသည်။
အဆုံးတွင် " As honest man must not pretend to be a rogue or thief, he must proclaim to the world that he is honest and then become an example for others." "ရိုးသားသူတယောက်သည် လူယုတ်မာလို၎င်း၊ သူခိုးလို၎င်း၊ အရောင်မဆောင်ရာ။ သူရိုးကြောင်းကမ္ဘာကို ကြေညာပြီး အများ၏ စံတခု ဖြစ်ပါစေ" ဟု ဆိုလေသည်။
ပီမိုးနင်း၏ အဘယ်ရိုးသားမှုသည် နားမလည်သူတို့ အစွဲကြီးလှသော တကိုယ်ရေနှင့်သာ သက်ဆိုင်သည့် အဖြစ်ကလေးများတွင် နစ်မြုတ်နေသဖြင့် ကျွန်တော် ယခု ဖော်ပေသည်။ ဆရာပီမိုးနင်းကိုယ်တိုင်က ထင်ထင်ရှားရှား ဘွင့်မပြောသဖြင့် ကျွန်တော်- ဆရာပီမိုးနင်းသည် စံယူလောက်သော လူရိုးကြီး ဖြစ်သည်ကို ကြွေးကြော်ပြီးသည်၏ အဆုံး၌လည်း ကျွန်တော်စိတ်သည် ရွှံ့ညွန်ထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေေ၀ ပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင်နားနေလျှက်ပင် ရှိလေသည်။

သိန်းဖေ။

{ဤဆောင်းပါးမှာ၊ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံ အိုးဝေမဂ္ဂဇင်း (အတွဲ ၇၊ ၁၉၃၈ ခုနှစ်ထုတ်) တွင် ထည့်သွင်းပုံနှိပ်ခဲ့သော ကွယ်လွန်သူ ၀တ္ထုရေးဆရာကြီး ပီမိုးနင်း၏ ရုပ်ပုံလွှာတချပ်ဖြစ်သည်။ ရေးသူမှာ ယခု ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်တဦးဖြစ် သော- တက်ဘုန်းကြီးကိုသိန်းဖေ ဖြစ်ပေသည်။
ထိုအခါက ကိုသိန်းဖေ၏ စာပေသည် ဂန္ဓလောကတွင် လှိုင်းဂယက်များ ထကြွစေခဲ့ သည်။ ကိုသိန်းဖေသည် လူမှုဆက်ဆံရေးနှင့် ပါတ်သက်သော ပြုပြင်ရေး ၀တ္ထုကြီးများကို ရေးခဲ့သည်။
သူ၏ 'တက်ဘုန်းကြီး' နှင့် 'တက်ခေတ်နတ်ဆိုး' သည် ဗမာစာပေလောကတွင် တော်လှန်ရေး လှိုင်းဂယက်ဖြစ်သည်။ သူနေသောခေတ်က လူမှုဆက်ဆံရေးတွင် စွန်းပေ လျက်ရှိသော အပြစ်အနာအဆာတို့ကို ရဲရင့်စွာ ၀တ္ထုနှင့် သရုပ်ဖော်သည်။
တက်ခေတ်နတ်ဆိုးဝတ္ထုသည် ဤလူ့ဘောင်ဝယ် သားစဉ်မြေးဆက် အညွန့်ချိုးလျက် ရှိကုန်သော ကာလသားရောဂါ၏ အန္တရာယ်ကို သတိပေးကာ၊ ထိုအန္တရာယ်ကြီးမှ ကာကွယ်ရန် နှင့် ပြုပြင်ရေးတရားများကို ဟောပြောပြထားပေသည်။ တာရာမဂ္ဂဇင်း၊ အယ်ဒီတာ။}
[တာရာမဂ္ဂဇင်း၊ အတွဲ၁၊ အမှတ် ၃၊ မှ ကူးယူဖော်ပြပါတယ်။]

ရေးသူ- သိန်းဖေ


Credit - Tin Maung Hlaing

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here