ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

မြန်မာ့ကာတွန်းဝိဇ္ဇာ ဦးဘဂျမ်းအကြောင်း ဖတ်ချင်ရင်



မြန်မာ့ကာတွန်းဆရာကြီး ဦးဘဂျမ်းသည် ၁၉၂၆ ခုနှစ်တွင် ကောလိပ်ကျောင်းသားဘဝ၌ ကောလိပ်မဂ္ဂဇင်းထဲတွင် ကာတွန်းစတင်ရေးဆွဲရာမှ ကာတွန်းဆရာကြီး ဖြစ်လာသူဖြစ်သည်။ ဦးဘဂျမ်း၏ ပထမဆုံးပုံနှိပ်ဖော်ပြခံရသည့် ကာတွန်းပုံမှာ ကောလိပ်ဘော်ဒါဆောင်၌ ထမင်းကျွေးသည့်အခါ ဟင်းဖတ်နည်းပြီး အရည်များနေသည့်အကြောင်း ရေးဆွဲထားသည့်ပုံ ဖြစ်သည်။
ထို့နောက် ဆရာကြီးသည် စကောက်ခေါ် ကင်းတပ်အဖွဲ့က ထုတ်ဝေသည့် ‘ဘားမားဘွိုင်’ (Burma boy) မဂ္ဂဇင်းနှင့် ကဝိမျက်နှာ မဂ္ဂဇင်းများ၌ ကာတွန်းများ ဆက်လက် ရေးဆွဲခဲ့သည်။
ရန်ကုန်ကောလိပ်၌ အိုင်အေအထက်တန်းအထိ ပညာသင်ကြားပြီးနောက် ကျောင်းထွက်၍ အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)တွင် တလ ၉၀ ကျပ်ဖြင့် စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သို့သော် အချုပ်အခြယ် မခံချင်သောကြောင့် အလုပ်မှထွက်လိုက်၏။
ဆရာကြီးက …
“ပန်းချီဆရာတို့၊ ကာတွန်းဆရာတို့ဟာ စိတ်နဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် နေချင်ကြတယ်၊ ချုပ်ချယ်မှုကို တစိတ်ကလေးမှ ခံချင်ကြတာမဟုတ်ဘူး” ဟု နောင်တွင် သူအလုပ်မှ ထွက်ခံရပုံကို ပြောပြခဲ့သည်။ ထို့မျှမက နာမည်ကျော်ကြားလာသောအခါ ဖဆပလ အစိုးရက ရာထူးကြီးကြီးပေးပြီး ခန့်ထားသည်ကိုလည်း ငြင်းပယ်ခဲ့လေသည်။ “အစိုးရအလုပ် မပြောနဲ့၊ ဆရာပင်တိုင် ကာတွန်းဆွဲနေတဲ့ သတင်းစာတိုက်က လခစားခန့်သည်ကိုပင် မလုပ်ဟု” ဆိုသည်။
ဆရာဦးဘဂျမ်းသည် အနုပညာသမားပီပီ အချုပ်အချယ်ကို မကြိုက်၊ လွတ်လွတ်လပ် နေထိုင်တတ်သလို၊ သူ့ကလောင်ကို ကန့်သတ်ချုပ်ချယ်မှုကိုလည်း မခံချင်ပေ။ ဤသည်နှင့် ပတ်သက်၍ ကာတွန်းဆရာဦးဘထွေး၏ “ကာတွန်းဦးဘဂျမ်းနှင့် သူတို့အမြင်” စာအုပ်၌
“စစ်အတွင်း ဂျပန်ခေတ်တုန်းက ကိုဘဂျမ်းနဲ့ ပန်းချီကိုဘကြည်က ပြန်ကြားရေးဌာနမှာ ဝင်လုပ်တယ်။ ဆရာကတော့ ဂျပန်အစိုးရထုတ် ဗမာ့ခေတ်သတင်းစာမှာ လခစားကာတွန်း ဆရာအဖြစ်နဲ့ ကာတွန်းဆွဲတယ်။ အဲဒီတုန်းက သံဖြူဇရပ်မှာ ဖောက်နေတဲ့ ယိုးဒယား-မြန်မာ မီးရထားလမ်းအတွက် လှုံ့ဆော်တဲ့ကာတွန်းပုံတပုံကို ဦးဘဂျမ်းဟာ ဆွဲပေးတယ်။
အဲဒီ ချွေးတပ်ထဲဝင်ရင် လခ၊ ရိက္ခာ၊ အဝတ်၊ ဆေးဝါးကောင်းကောင်း ရနိုင်မယ်ဆိုတာတွေ ပါတယ်။ တနေ့မှာ ကိုဘဂျမ်းဟာ ဘူတာဘက်ရောက်လို့ ချွေးတပ်သားတွေ အဝတ်မပြည့်စုံ၊ အစားချို့ငဲ့၊ ဆေးဝါးလည်းမရှိဘဲ ဒုက္ခရောက်နေတာတွေ တွေ့ရတော့ စိတ်ထိခိုက်ပြီး ဆက်မလုပ်တော့ဘဲ ညောင်တုန်း ပြန်နေတယ်။ နောက် စစ်ပြီးမှ ရန်ကုန်ပြန်လာတယ်”
ကာတွန်းဆရာကြီး ဦးဘဂျမ်း
“ပြီးတော့ ဖဆပလ အစိုးရက သူ့ကို ရာထူးကြီးပေးပြီး ခန့်ပါမယ်ဆိုခဲ့ဖူးတာဖြစ်ပေမယ့် ဆရာဦးဘဂျမ်းက ဖဆပလ အစိုးရကိုလည်း သူ့ကာတွန်းနဲ့ဝေဖန်၊ ဖဆပလရဲ့ ပြည်တော်သာ စီမံကိန်းဆိုတာကြီးကိုလည်း သရော်လုပ်ခဲ့တာပါ။ အဲဒီလိုပဲ အတိုက်အခံတွေကိုလည်း အလွတ်မပေးပါဘူး။ သူက ပုဂ္ဂိုလ်ရေး မသရော်ဘူး။ ခေတ်ကိုသာ သရော်တာ၊ သူက သတင်း စာဖတ်၊ တိုင်းပြည်မှာ ဘာဖြစ်နေသလဲဆိုတာ အကဲဖြတ်ပြီးတော့ ကာတွန်းရေးတာပဲ၊ သူ မကြိုက်ရင် ရေးခိုင်းလို့ မရဘူး၊ သူ ယုံကြည်တာကို ဆန့်ကျင်ပြီး ဘယ်တော့မှ မရေးဘူး။ ဖော်လံလည်း မဖားဘူး” ဟူ၍ မှတ်တမ်းတင်ထားသည်။
ဆရာကြီး ကာတွန်းဦးဖေသိန်းကလည်း သူ၏ “စာနယ်ဇင်းကာတွန်းသမိုင်း စာတမ်း” တွင် “အနုပညာရှင်တယောက်အနေဖြင့် ဦးဘဂျမ်း၏ အထူးခြားဆုံးဂုဏ်အင်္ဂါမှာ ငွေမမက်ခြင်း ဖြစ်သည်။ ဦးဘဂျမ်းသည် ငွေရရန်အတွက် ကာတွန်းဆွဲသည် မဟုတ်၊ သူသည် တိုင်းပြည်အတွက် ကာတွန်းဆွဲနေသည်ဟူသော ယုံကြည်ချက်ဖြင့် ရေးဆွဲနေခြင်းဖြစ်သည်” ဟု ရေးသားထားလေသည်။
အိုးဝေဦးညိုမြကလည်း ဆရာဦးဘဂျမ်းနှင့်ပတ်သက်၍ ဤကဲ့သို့ ကောက်ချက်ချခဲ့ပါ သည်။ “ဆရာဦးဘဂျမ်းဟာ စိတ်သဘောထား နူးညံ့ပျော့ပျောင်းသူတယောက်ပါ။ ဒါပေမယ့် သူ့သိက္ခာကို ထိပါးလာရင်တော့ ဆတ်ဆတ်ထိ မခံတတ်ပါဘူး။ မာနလည်းကြီးပါတယ်”
တဖန် ကာတွန်းဦးကျော်ဆန်း(ကဆ) ကလည်း -
“အဲဒီအခါ ဆရာဦးဘဂျမ်းဟာ ကာတွန်းကို စက်နဲ့လှည့်ထုတ်သလို ရေးနေတဲ့အခါပေါ့၊ ဆရာက ကာတွန်းကို ဟိုပြင်ဒီပြင်လုပ်တဲ့တိုက်ကိုတော့ ကာတွန်းမပေးဘူး။ တခါလည်း သတင်းစာတိုက်ကြီးတတိုက်က နိုင်ငံအဖွဲ့အစည်းတခုကို ဆော်တဲ့ကာတွန်းတခုရေးပို့ဖို့ ဦးဘဂျမ်းကို ချဉ်းကပ်တယ်။ ပေးနေကျ ကာတွန်းခ ၂၅ ကျပ်အစား ၅၀ ပေးပါ့မယ်လို့လည်း ပြောတယ်။ အဲဒီတော့ ဦးဘဂျမ်းက ၅၀ မဟုတ်၊ ၅၀၀၀ ပေးလည်း မရေးဘူး။
ကျုပ်ဆီက ကာတွန်းရဖို့လည်း မမျှော်လင့်နဲ့တော့ဆိုပြီး အဲဒီတိုက်ကို ကာတွန်းဖြတ်ထားလိုက်တယ်။ ပြီးတော့ ဆရာဦးဘဂျမ်းက ကျနော်တို့ကို စာများများဖတ်ဖို့ တိုက်တွန်းလေ့ရှိတယ်။ တဖက်သား နစ်နာသွားအောင် မရေးဘဲ ဟာသနှောပြီး ခံသာအောင်ရေးဖို့ အမြဲပြောတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးဖို့လည်း ပြောတယ်၊ သူများခိုင်းတိုင်း မရေးဘဲ ကိုယ်ယုံမှ ရေးဖို့လည်း ဆုံးမတယ်” ဟူ၍ ဖောက်သည်ချခဲ့သည်။
သို့ကလို မိမိယုံကြည်ချက်နှင့် မိမိခံယူချက်ကို အတိမ်းအစောင်းမခံ သူ့ကလောင်ဖြင့် ဝေဖန်သင့်သည်ထင်လျှင် ရဲရဲဝံ့ဝံ့တင်ပြခဲ့သော ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ၁၉၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ကြာသပတေးနေ့တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ၉ လမ်း၌ အဖ ပိုးကုန်သည် ဦးဖောင်၊ အမိ ဒေါ်မြစ်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။
ငယ်စဉ်က ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျောင်းတွင် စတင် ပညာသင်ကြားပြီးနောက် ရန်ကုန်မြို့၊ ကူရှင်ကျောင်းသို့ ပြောင်းရွှေ့ကာ သတ္တမတန်းမှစ၍ ပညာဆည်းပူးရာ ထိုကျောင်းမှပင် ဆယ်တန်းအောင်ခဲ့သည်။ ပုံဆွဲဘာသာကို အပိုဘာသာအဖြစ် ယူကာ ဆယ်တန်းအောင်ခဲ့ခြင်း ဖြစ်သည်။ ခရစ်နှစ် ၁၉၂၄ တွင် ရန်ကုန်ကောလိပ်သို့ရောက်၍ အိုင်အေ (ဥပမာ ဝိဇ္ဇာ) အထက်တန်းအထိ ဆက်လက်ပညာဆည်းပူးခဲ့လေသည်။
ဦးဘဂျမ်းသည် မြန်မာကာတွန်း သို့မဟုတ် ရုပ်ပြောင်လောကတွင် အထူးထင်ရှားသော ကာတွန်းဆရာတဦး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ သုံးလေးနှစ်ခန့်မှ ကွယ်လွန်သည်။ ၁၉၅၃ ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတွင် အကျော်ကြားဆုံး၊ လူကြိုက်အများဆုံးသော ကာတွန်း အနုပညာရှင်ကြီးဖြစ်ခဲ့ရာ ‘ကာတွန်းဝိဇ္ဇာ’ ဟူ၍ ချီးကျူးခေါ်ဝေါ်ခြင်းခံရပေသည်။
ဦးဘဂျမ်း၏ ပထမဆုံးရေးဆွဲသော ကာတွန်းသည် ၁၉၂၆ ခုနှစ်ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင် ပါခဲ့လေသည်။ ရန်ကုန်ကောလိပ်မှ ထွက်သောအခါ ကဝိမျက်မှန်မဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ် အလင်းမဂ္ဂဇင်း၊ ရယ်ရွှင်ဖွယ်ဂျာနယ်၊ ရန်ကုန်ဂေဇက် အင်္ဂလိပ်သတင်းစာ၊ ဒီးဒုတ်ဂျာနယ်၊ သူရိယ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ဟံသာဝတီ စသည့် သတင်းစာများနှင့် ဒဂုန်၊ ရှုမဝမဂ္ဂဇင်းများ၊ ယုဝတီဂျာနယ်တို့တွင် ရုပ်ပြောင်ကာတွန်းများ ရေးဆွဲခဲ့သည်။
ဟာသရုပ်ပြောင်ကာတွန်းများသာမက ကြော်ငြာကာတွန်းများ၊ ပုံပြင်ကာတွန်း ရုပ်စုံများကိုလည်း ရေးဆွဲသည်။ ပဲရောက်ရုပ်ရှင်တွင် ပထမဆုံး မြန်မာကာတွန်းရုပ်ရှင် ‘အသူရာ’ နှင့် ‘ကြက်တောင်ကွ’ ဟူသော ဇာတ်ကားများကို စီစဉ်ရေးသား ရိုက်ကူးခဲ့သည်။ ဘီဂျီစတီဒီယို ဟူသောအမည်ဖြင့် ဘလောက်တိုက် တည်ထောင်ခဲ့သည်။ ၎င်းအပြင်၊ ‘ရွှေမြို့တော်ဝတ္ထုတိုက်’ ဟူသောအမည်ဖြင့် ဝတ္ထုများထုတ်ဝေခဲ့ရာ၊ ဦးဘဂျမ်းကိုယ်တိုင်ရေးသားသော ‘ညီမလေး’ ဝတ္ထုသည် ထိုတိုက်မှ ထွက်ရှိခဲ့သည်။
ဦးဘဂျမ်းသည် ကာတွန်းရုပ်ပြောင်များရေးဆွဲရာတွင် ကိန်းကြီးခန်းကြီးမရှိဘဲ အလျား ၅ ပေ၊ အနံ ၄ ပေ ခန့်ရှိသော စားပွဲဟောင်းကြီးပေါ်တွင် ကတ်ထူပြားခင်းကာ ရေးဆွဲခဲ့သည်။ လယ်ဂျာစက္ကူ အပြာနုရောင်ကို အများဆုံးအသုံးပြုကာ ရေးဆွဲခဲ့သည်။ တရုတ်မင်တောင့်ကိုလည်း သွေး၍ သုံးတတ်သည်။ ရုပ်ပုံများကို အရောင်ပေးသောအခါများတွင် ချည်ဆိုးဆေး ရောင်စုံတို့ဖြင့် ပေးလေ့ရှိသည်။
ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့် ရေးသည့်ပုံပြင်များကို ‘ဘဂျမ်း’ ဟူ၍ လက်မှတ်အပြည့်အစုံ ရေးထိုးပြီး၊ မိမိအာဘော်မဟုတ်ဘဲ အခြားသူများ၏ အာဘော်ကို သရုပ်ဖော်ပေးရသောအခါ ဘီဂျီ (B.G) ဟူ၍ အတိုကောက် လက်မှတ်ရေးထိုးလေသည်။
နိုင်ငံခြား၌ ပညာဆည်းပူးရာ အစိုးရက စေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင် မရှိ၊ ငြင်းဆန်ခဲ့လေသည်။ ဦးဘဂျမ်းတွင် ကိုယ်ပိုင်ဇာတ်ကောင်များရှိခဲ့သည်။ ဗမာ့ခေတ် သတင်း စာတွင် ဦးဖျောက်ဆိပ်၊ ဟံသာဝတီ သတင်းစာတွင် ‘ချာရာဏသီ မောင်မြေဇာ’ စသည်တို့ ဖြစ်သည်။ ဇာတ်ကောင် ဦးဖျောက်ဆိပ်ကို ဒုတိယကမ္ဘာစစ်မတိုင်မီက သူရိယ သတင်းစာတွင် ရေးပြီး စစ်ပြီးသောအခါ သူရိယသတင်းစာတိုက်က မယူ၍ ဗမာ့ခေတ်သတင်းစာတိုက်သို့ ပြောင်းပေးခဲ့သည်။
ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ရေးအရ သရော်ပြီး ရေးသားခြင်း မပြုခဲ့ပေ။ ခေတ်နှင့် စရိုက် သဘာဝကိုသာ အဓိကထား သရော်ခဲ့သည်။ နေ့စဉ်ထုတ် သတင်းစာများကို ဖတ်ရှုကာ တိုင်းပြည်တွင်း ဖြစ်ပျက်နေသော အကြောင်းကိစ္စတို့ကို လေ့လာအကဲဖြတ်ပြီးမှ ကာတွန်း ရေးဆွဲလေ့ရှိသည်။
“ဦးဘဂျမ်းစကားပြောလျှင် သလိပ်ကပ်သံပါသည်။ စကားပြောလျှင် လေသံတိုးတိုးဖြင့် ပြောတတ်သည်။ ရယ်ရွှင်ဖွယ်ရာများကို အမြဲပြောလေ့ရှိသည်။ ကာတွန်းရုပ်ပြောင်များ ရေးဆွဲလျှင် ဆွဲ၊ မဆွဲလျှင် စာဖတ်နေတတ်သည်” ဟူ၍ ဆရာကြီးနှင့် နီးနီးကပ်ကပ်နေထိုင်ခဲ့သော ဦးဟိန်စွန်း (၁၉၀၂-၁၉၈၇) က ပြောသည်။
ဆရာကြီးသည် စာဖတ်ဝါသနာထုံ၍ စာလည်းအလွန်ဖတ်သူ ဖြစ်သည်။ စာနယ်ဇင်းများ၌ အခါအခွင့်သင့်လျှင် ဆောင်းပါးများ ရေးဆွဲလေ့ရှိသည်။ ဆရာကြီးသည် ဗလရှင်ဆေးပြား ငုံထားလေ့ရှိသည်။ ကိုယ်တိုင်ဓာတ်ပုံရိုက်တတ်ရုံမက ဖလင်ဆေးခြင်း၊ ကူးခြင်း လုပ်ငန်းများကိုလည်း နိုင်နင်းစွာ လုပ်ကိုင်နိုင်သည်။
၁၉၃၆ ခုနှစ် စက်တင်ဘာလတွင် ပဲခူးမြို့သူ ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။ ဆရာကြီး၏ လက်ထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့ ကွန်တင်နင်တယ် အဆောက်အအုံ၌ ကျင်းပခဲ့သည်။ ဆရာဦးဘဂျမ်းသည် ရှေးဦးစွာ ရန်ကုန်မြို့ ၁၄ လမ်း၊ အမှတ် ၄၈ နေအိမ်တွင် နေထိုင်ပြီး ထိုမှတဆင့် ၁၃ လမ်း အမှတ် ၃၇ နေအိမ်သို့ ပြောင်းရွေ့နေထိုင်သည်။
၁၉၄၈ ခုနှစ်တွင် ဇနီးဒေါ်ခင်ကြည်သည် သားဦးယောက်ျားလေး မောင်ကျော်ညွန့်ကို မွေးဖွားပြီးနောက် မကြာမီ ကွယ်လွန်သွားခဲ့ရာ ဆရာကြီးသည် အလွန်စိတ်ထိခိုက်သွားရရှာသည်။ ထို့ကြောင့် ဦးဘဂျမ်း၏ ဇာတ်လိုက်ကျော် ဦးဖျောက်ဆိပ်သည် ရသေ့ဝတ်ပြောင်းကာ ရသေ့ကြီး ဦးဖျောက်ဆိပ် ဖြစ်လာရသည်။
၁၉၅၃ ခုနှစ် ဇန်နဝါရီလတွင် အနာပဆုပ်ပေါက်ကာ မကျန်းမမာ ဖြစ်လာပြီးလျှင် အရွယ်ကောင်း နာမည်တက်ဆဲအချိန်တွင် ၁၉၅၃ ဖေဖော်ဝါရီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဦးဘဂျမ်း၏ ကြွင်းကျန်သော ရုပ်ကလပ်ကို တာမွေ စာဆိုတော် သုဿန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။ ထို့နောက် တာမွေစာဆိုတော် သုဿန်ကို တော်လှန်ရေးကော်စီခေတ်၌ ဖျက်လိုက်သောကြောင့် ဆရာကြီး၏အုတ်ဂူလည်း ပျက်စီးသွားလေသည်။
ကာတွန်းဆရာကြီး ဦးဘဂျမ်း၏ အုတ်ဂူ
ဦးဘဂျမ်းကွယ်လွန်ပြီးနောက် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ အစိုးရက ဦးဘဂျမ်းအတွက် အလင်္ကာကျော်စွာဘွဲ့ကို ကျန်ရစ်သူ ဦးဘဂျမ်း၏ တဦးတည်းသောသား မောင်ကျော်ညွန့်အား ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့လေသည်။ ထိုဂုဏ်ပြုပွဲ၌ ပန်းပုပညာရှင် ဦးဟန်တင် ထုလုပ်ထားသော ဦးဘဂျမ်း၏ ကိုယ်တပိုင်းပုံတူ ပန်းပုရုပ်ကို ပန်းချီကျော် ဦးငွေကိုင်က ဖွင့်လှစ်ပေးခဲ့လေသည်။
ဆရာကြီးဦးဘဂျမ်းသည် ဖဆပလ အစိုးရပေးအပ်ခဲ့သော အလင်္ကာကျော်စွာဘွဲ့ကို ကွယ်လွန်ပြီးမှ ရရှိခဲ့သော်လည်း ဖဆပလ အစိုးရက အလင်္ကာကျော်စွာဘွဲ့များ၊ ဝဏ္ဏကျော်ထင်ဘွဲ့များ ဖောဖောသီသီပေးအပ်နေသည်ကို သရော်ခဲ့လေသည်။ ဖဆပလ အစိုးရသည် စာပေနှင့် အနုပညာလောက၌ ထင်ရှားခဲ့သော ဆရာကြီး သခင်ကိုယ်တောင်မှိုင်း၊ ဇာတ်မင်းသား ရွှေမန်းတင်မောင်၊ ဂီတစာဆို ရွှေပြည်အေး တို့ကို အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့သလို စာရေးဆရာကြီး ရွှေဥဒေါင်း၊ လူရွင်တော် ဟာသမင်းသားကြီး ဖိုးပါကြီး၊ ရုပ်ရှင်မင်းသမီး ကြည်ကြည်ဌေး၊ ဇာတ်မင်းသားကြီး စိန်အောင်မင်း၊ ဂီတပညာရှင် ဒေါ်အောင်ကြည် တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့များ ပေးအပ်ခဲ့လေသည်။
ဦးဘဂျမ်းသည် ပန်းချီဆရာကြီး ဦးငွေကိုင် ဘိလပ်သို့ လေ့လာရေးခရီး ထွက်ခါနီး ဂုဏ်ပြုနုတ်ဆက်ပွဲ၌ “ဦးငွေကိုင်ဟာ ဝိရိယကြီးသူဖြစ်တဲ့အတိုင်း နိုင်ငံခြားမှာ ပန်းချီပညာကို ကြိုးစားလေ့လာ ရေးဆွဲမှာ မလွှဲကြောင်း၊ မြန်မာပြည် ပြန်ရောက်တဲ့အခါ ဆီဆေး၊ ရေဆေး၊ မင်ဆွဲပန်းချီလက်ရာအစုံ ထူးချွန်ပြောင်မြောက်လာမှာ သေချာကြောင်း အဲဒီအခါ ဖဆပလအစိုးရက ‘ဝဏ္ဏစုတ်တံ’ ‘သတိုးသီရိဆီဆေး၊ ရေဆေး’ စတဲ့ ဘွဲ့တွေချီးမြှင့်သင့်ကြောင်း” စသည်ဖြင့် ထည့်သွင်း ပြောကြားသွားရာ ပရိတ်သတ်များ ဆရာကြီး၏ပျက်လုံးကို အတော်ပွဲကျသွားခဲ့သည်ဟု သိရပေသည်။
မည်သို့ဆိုစေ … ကွယ်လွန်သည့်တိုင်အောင် လူထုအား ကာတွန်းပညာဖြင့် နိုင်ငံတော်၏ ဖြစ်ပျက်နေသော အခြေအနေအမှန်တရားကို ဝေဖန်ထောက်ပြ ဖော်ထုတ်တင်ပြခဲ့သော ဆရာကြီး၏ ကာတွန်းအနုပညာလက်ရာများနှင့် ဂုဏ်သတင်းသည် နှစ်ပေါင်းများစွာ သင်းပျံ့ မွေးထုံနေမည်မှာ မလွှဲဧကန်ပင်တည်း။

စလင်းဇင်ယော်

Credit - Tin Maung Hlaing

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here