ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော်ကြီး အကြောင်းဖတ်ချင်ရင်



တတိယဖားအောက်ဆရာတော် ဦးအာစိဏ္ဏ
ဟင်္သာတမြို့ နယ်၊ လိပ်ချောင်းကျေးရွာမှာယခု လက်ရှိ ဖားအောက်တောရ
ဆရာတော် လောင်းလျာ ဖြစ်တဲ့ မောင်အောင်သန်း ကိုဖွားမြင်ပါတယ်။
မိဘနှစ်ပါးက သာမန် လုပ်ကိုင် စားသောက်နေကြတဲ့ မြန်မာလူမျိုး ဦးပြူးနဲ
့ဒေါ်စောတင် တို့ ဖြစ်ပါတယ်။ မောင်အောင်သန်း ကို မွေးဖွားတဲ့အချိန်ဟာ
ကောဇာသက္ကရာဇ် ၁၂၉၆ခုနှစ်၊ ၀ါဆိုလဆန်း၁၄ရက်၊ တနင်္ဂနွေနေ့  နံနက် ၇:၀၀ နာရီဖြစ်ပါတယ်။
ထူးခြားတာက မောင်အောင်သန်းကို မီးရှူးသန့် စင်ပြီးတဲ့အချိန်ကစပြီး မိဘနှစ်ပါးတို့ ဟာ အလုပ်အကိုင် အဆင်ပြေလာကြတယ်။ ချမ်းသာတဲ့အထိ စီးပွား မဖြစ်ထွန်း ကြပေမယ့် သက်သာလွယ်ကူစွာ အသက်မွေးလာနိုင်ကြပါတယ်။
မောင်အောင်သန်းဟာ ငယ်စဉ်ကတည်းက တစ်ယောက်တည်း အေးအေးလူလူ နေတတ်တယ်၊ စကားနည်းတယ်၊ မိဘတို့ ကိုပူဆာခြင်း မရှိဘူး၊ သူတစ်ပါးတို့ နဲ့  ခိုက်ရန်ဖြစ်ပွား ခြင်းလည်း မရှိဘူး။ လူကြီးမိဘတို့ ကို ရိုသေကိုင်းရှိုင်းမှုရှိတယ်။
အသက် ခြောက်နှစ်ရလာတဲ့အချိန် ကျောင်းစနေရမယ့်အရွယ်မှာ ဂျပန်ခေတ်နဲ့ ကြုံကြိုက်လို့  မောင်အောင်သန်းဟာ အတန်းကျောင်းမတက်ရဘူး။ သူ့ မိဘများက သူ့ ကို လိပ်ချောင်းရွာ၊ စလင်းကျောင်း ဆရာတော် ဦးသောဏထံမှာ အပ်နှံကြပါတယ်။
မောင်အောင်သန်းက ဘုန်းကြီးကျောင်းမှာနေရတာကို ပျော်ပိုက်တယ်။ အိပ်ပြန်ဖို့  မပူဆာဘူး။ ဆရာတော်က စာတက်ပေးရင်လည်း အခြား ကျောင်းသားများလို အော်မကျက်ရဘဲနဲ့  စာကိုခဏကလေး ကြည့်ရုံနဲ့  မှတ်မိတယ်။ ဒါကြောင့် ဆရာတော် ဦးသောဏနဲ့  အခြားသံဃာများရဲ့  ချစ်ခင်မှုကို မောင်အောင်သန်း ခံယူရတယ်။
မုဆိုးနားနီးတော့ မုဆိုး၊ တံငါနားနီးတော့ တံငါ ဖြစ်ကြသလို ကျောင်းကန်ဘုရားနဲ့  သံဃာများ နဲ့ နီးစပ်တော့ မောင်အောင်သန်းရဲ့ နှလုံးသားမှာ ရတနာသုံးပါးကို ကြည်ညို လေးစားတဲ့ သဒ္ဓါတရားဟာ ထက်မြက်ရှင်သန်လာပါတယ်။ မောင်အောင်သန်းကလေးဟာ သာသနာ့ဘောင်ထဲကို ရှင်သာမဏေဘ၀အဖြစ်နဲ့  ၀င်ရောက်ဖို့  စိတ်အားထက်သန်လာတယ်။
ဒါကြောင့် အသက်ကိုးနှစ်ကျော်လာတဲ့အချိန်မှာ ဖခင်ထံ ချဉ်းကပ်ပြီး
“အဖေ… ကျွန်တော့်ကို ကိုရင်ဝတ်ပေးပါ” လို့ ပူဆာတယ်။
”ဟာ… သားက ငယ်ငယ်ကလေးရှိသေးတာပဲ”လို့  ဖခင်ကဆိုတယ်။
“ကိုရင်ဝတ်တာ အသက်ငယ်တာနဲ့ မဆိုင်ပါဘူးဗျ” မောင်အောင်သန်းကလေးက လူကြီးဆန်တဲ့စကား ကိုပြောလာတော့ အဖေက အလေးအနက် စဉ်းစားလာပါတယ်။ ဆရာတော် ဦးသောဏနဲ့ လည်း တိုင်ပင်ကြည့်ရတယ်။ ဆရာတော်ရဲ့  သဘောတူချက်ကိုရတော့ မောင်အောင်သန်းကို အသက်ကိုးနှစ်၊ ၁၀လ ရှိလာတဲ့ ၁၃၀၆ ခုနှစ်၊ ကဆုန်လဆန် ၁၄ရက်နေ့ မှာ ရှင်သာမဏေပြုပေးလိုက်ကြပါတယ်။
ရှင်သာမဏေကလေးရဲ့  ဘွဲ့ အမည်က “ရှင်အာစိဏ္ဏ” ဖြစ်ပါတယ်။ ဥပဇ္ဈာယ်ဆရာက လိပ်ချောင်းရွာ စလင်းကျောင်း ဆရာတော်ဦးသောဏ ဖြစ်ပါတယ်။ ရှင်အာစိဏ္ဏအဖို့  ဘုရားသားတော် အဖြစ်ခံယူလိုက်ခြင်းဟာ မိဘဆွေမျိုးတို့ ထံမှ ဖဲခွာပြီး သာသနာ့ဘောင်ထဲသို့  အပြီးအပိုင် ၀င်ရောက်လိုက်ခြင်းပဲဖြစ်ပါတယ်။
ဂျပန်ခေတ်မှာ လူတွေ ယားနာတွေပေါက်ကြတော့ ရှင်အာစိဏ္ဏ ကလေးရဲ့  လက်များမှာလည်း ယားနာတွေ ပေါက်လာတယ်။ ဆရာတော် ဦးသောဏက ရှင်အာစိဏ္ဏကို လူထွက်စေပြီး အိမ်မှာ ဆေးပြန် ကုစေတယ်။
ရှင်အာစိဏ္ဏဟာ အိမ်ပြန်လာတာ ခဏတဖြုတ် ယာယီပဲလို့  သဘောပိုက် ထားတယ်။ ရက်သတ္တနှစ်ပတ် လောက်ကြာ လို့  ယားနာ ပျောက်တာနဲ့  မိမိတစ်ဦးတည်း ဘုန်းကြီးကျောင်းသို့ သွားပြီး ဆရာတော်ထံမှာ ရှင်သာမဏေ ပြန်ဝတ်တယ်။
ဖခင်က ညနေချမ်းမှာ အလုပ်ခွင်ကနေ အိမ်ကိုပြန်လာတော့ သားငယ်ကိုမတွေ့  လို့  လိုက်ရှာတယ်။ အရပ်ထဲမှာ ရှာမတွေ့ တော့ ဘုန်းကြီးကျောင်းသို့ သွားတယ်။ ဆရာတော်က ဆီးကြိုပြီး…. “ဒကာကြီးရေ…. ဒကာကြီးသားက သူ့ လက်ကအနာတွေ ပျောက်ပြီ၊ ကိုရင်ပြန်ဝတ်ပေးပါလို့  ပူဆာလို့  ငါ ရှင်သာမဏေ ပြန်ဝတ်ပေးလိုက်တယ်” လို့ မိန့် တော်မူတယ်။
“ဆရာတော်ရဲ့ ဆန္ဒအတိုင်းပါ၊ ဆရာတော်ကိုတပည့်တော်အပ်နှံထားလို့  ဆရာတော်ရဲ့ သား ဖြစ်နေပြီပဲ” လို့ ဖခင်ကလည်းသဘောတူလိုက်ရပါတယ်။
စာသင်သားဘ၀နဲ့ ရဟန်းဘဝ
ရှင်အာစိဏ္ဏဟာ ဆရာတော်ဦးသောဏထံမှာ ပရိယတ္တိ အခြေခံဖြစ်တဲ့ သဒ္ဒါသဂြိုဟ် စသည်တို့ ကို ဆည်းပူးတယ်။ ပြီးတော့ ဟင်္သာတမြို့ ၊ ရေကြည်ကျောင်းတိုက်မှာ ဆရာတော် ဦးမဟိန္ဒနဲ့  ဦးပညာသန္တ တို့ ထံမှာ နှစ်နှစ်ခန့် ပညာဆည်းပူးတယ်။
အရွယ်နဲ့ မလိုက်အောင် ဥာဏ်ပညာထက်မြက်တဲ့ ရှင်အာစိဏ္ဏကို ဆရာတော်များက အားပေးချီးမြှောက်ကြတယ်။ ဒါကြောင့် ၁၃၁၄ ခုနှစ်မှာ ရန်ကုန်မြို့ ၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းသို့  ထွက်လာပြီး ဆရာတော် ဦးဥတ္တမထံမှာ လေးလ ပညာဆည်းပူးခွင့်ရတယ်။ ထိုဝါကျွတ်တဲ့အခါ မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး နှစ်ပါးနဲ့  နာယကဆရာတော်များထံမှာ နှစ်နှစ်ကြာ ဆက်လက်ပညာ ဆည်းပူးခွင့်ရပြန်တယ်။
အဲသလို ရှင်သာမဏေဘ၀နဲ့ ရန်ကုန်၊မန္တလေးတို့ မှာ စွမ်းစွမ်းတမံ ပညာဆည်းပူးပြီးတော့ ကောဇာသက္ကရာဇ် ၁၃၁၆ခုနှစ်၊ ကဆုန်လဆန်း ၈ရက်နေ့ မှာ ရဟန်းခံရန် အသက်ပြည့်လာပြီ ဖြစ်လို့  ဟင်္သာတမြို့ ၊ ရေကြည်တိုက်သစ်မှာ ရေကြည်ဂိုဏ်းချုပ် မင်္ဂလာဆရာတော် ဦးပညာအား ဥပဇ္ဈာယ်ဆရာပြုပြီး မြင့်မြတ်တဲ့ ရဟန်းဘ၀ကို တက်ရောက်တော်မူတယ်။
ထို့ နောက် မန္တလေးမြို့ သို့ တစ်ဖန်ကြွသွားပြီး တောင်ပြင်ရပ်၊ မြင်းဝန်တိုက်မှာ သုံးနှစ်ကြာ သီတင်းသုံးပြီး မြင်းဝန်တိုက်ဆရာတော် ဦးဥက္ကံသ ထံမှာရော၊ ထီးလင်းတိုက်ဆရာတော် ဦးသူရိယနဲ့  ဦးပညာနန္ဒတို့ ထံမှာရော၊ ဘုရားကြီးတိုက်ဆရာတော် ဦးအရိယ၊ ဦးဥက္ကံသ၊ ဦးကုမာရတို့ ထံမှာရော၊ ပရိယတ္တိစာပေများကို ဆက်လက်ဆည်းပူးပါတယ်။
ဦးအာစိဏ္ဏ သာသနာတော်ကို အလွန်ကြည်ညိုလေးမြတ်တဲ့ အတွက် ပိဋကတ် ကျမ်းဂန်များကို ရိုရိုသေသေ နှိုက်နှိုက်ချွတ်ချွတ်ဆည်းပူးလေးလာတယ်။ ဥာဏ်ပညာ ထက်မြက်ပြီး မှတ်ဥာဏ်အလွန်ကောင်းတဲ့အတွက် လေ့လာထားတဲ့စာများကို ကြာမြင့်စွာသတိတရ မှတ်မိနေတယ်။ ပါဋ္ဌိစာပေများလည်း ကောင်းကောင်းဖတ်ရှုနိုင်တယ်။
ဝိနည်းတော်များကိုလည်း သေသေချာချာစေ့စေ့စပ်စပ် လေ့လာပြီးတော့ ၀ိနည်းတော်နဲ့  အညီ တစ်သဝေမတိမ်း လိုက်နာနေထိုင်တယ်။ တောထွက်ပြီးတဲ့အခါမှာလည်း ၀ိနည်းပါဋ္ဌိတော် တစ်ကျမ်းကို တစ်လလောက်နဲ့  ကျက်လို့ ရတယ်။ ဒါပေမဲ့  ဆွမ်းတစ်ထပ်တည်းနဲ့  ပဋိပတ်လုပ်ငန်းကို ကြိုးပမ်းလုပ်နေတဲ့အခါ ဖြစ်တာနဲ့ အညီ အာဂုံပြန်ဆိုဖို့ အချိန်မပေးနိုင်လို့  နောက်ဝိနည်းတစ်ကျမ်းကို ကျက်မှတ်ပြီးတဲ့အခါမှာ ပထမကျမ်းကို အာဂုံပြန်နိုင်ဖို့  အခက်အခဲ တွေ့ လာရတယ်။
“ဦးပဉ္စင်းမှတ်ဥာဏ်က တိပိဋကဓရဆရာတော် ဦးဝိစိတ္တရဲ့ မှတ်ဥာဏ်ကို လိုက်မမီဘူး၊ တိပိဋကဓရ ဆရာတော်က ပါဋ္ဌိတစ်ပုဒ်ကို သုံးခေါက်ဖတ်ရင်ရတယ်၊ တစ်ခါရပြီးတဲ့စာကို ၂၁ရက်အထိ အာဂုံမပြန်ဆိုရဘဲ မှတ်မိနေတယ်” လို့  ဦးအာစိဏ္ဏက စာရေးသူကိုပြောပြတယ်။
ဦးအာစိဏ္ဏဟာ ၀ိနည်းကို တတ်ကျွမ်းပြီး ၀ိနည်းနှင့်အညီကျင့်ကြံနေထိုင်လို့  ယခုအခါ မော်လမြိုင်၊မုဒုံနယ်ဘက်မှာ ၀ိနည်းမိုရ်ဆရာတော်တစ်ပါးအဖြစ် အသိအမှတ်ပြုခံရပါတယ်။
ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ်မှာ ဦးအာစိဏ္ဏဟာ ဓမ္မစရိယစာချတန်း စာမေးပွဲကြီးကို အောင်မြင်တော်မူတယ်။ ၁၃၁၉ ခုနှစ်မှာ ရန်ကုန်၊ ကမ္ဘာအေးကုန်းမြေမှာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဦးစီးဖွင့်လှစ်ထားတဲ့ သံဃ တက္ကသိုလ်သို့ သွားရောက်ပြီး ပရိယတ္တိစာပေများနဲ့  ခေတ်စာပေများကို ငါးနှစ်နီးပါး ထပ်မံဆည်းပူးပါတယ်။
သံဃတက္ကသိုလ်မှာ ပညာဆည်းပူးနေစဉ်ကာလမှာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးများ ဖြစ်ကြတဲ့ ဦးဖေအောင်၊ ဦးလှမောင်၊ အရာရှိများဖြစ်ကြတဲ့ ဦးစပ်ထွန်းမှတ်ဝင်း၊ ဦးဟန်ဌေး၊ ဦးစံမြင့်အောင်၊ ဦးသိန်းအောင်တို့ က ကမ္ဘာ့သာသနာပြုရာမှာ အထောက်အပံ့ ဖြစ်ဖို့ အတွက် အင်္ဂလိပ်စာနှင့်တကွ တက္ကသိုလ်ပညာရပ်များကို ဦးအာစိဏ္ဏအား သင်ကြားပို့ ချပေးကြပါတယ်။
ဒီလိုနဲ့  ဦးအာစိဏ္ဏဟာ တက္ကသိုလ်ဝင် စားမေးပွဲကို ပြင်ပမှဝင်ဖြေလိုက်တယ်။ အောင်မြင်တော့ ဥပစာဝိဇ္ဖာ(အိုင်အေ) စာမေးပွဲကိုဆက်လက်ဖြေဆိုပါတယ်။ အခက်အခဲမရှိ အောင်မြင်ပြန်တယ်။ ထို့ နောက် ၀ိဇ္ဖာဘွဲ့ (ဘီအေ) အတွက်ပြဋ္ဌာန်းစာများကို ဆည်းပူးလေ့လာပြန်တယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လမှာ တက္ကသိုလ်ကျောင်းများကို ပိတ်လိုက်ရတဲ့အတွက် ဘီအေ စာမေးပွဲကို ဦးအာစိဏ္ဏ မဖြေဖြစ်တော့ပါဘူး။
တောရဆောက်တည်အားထုတ်ပြီ
ရဟန်းခံပြီး ၁၀၀ါရရင် တောထွက်မယ် လို့ ဦးအာစိဏ္ဏမှာ အစဦးကတည်းက ရည်သန်ရင်း ရှိခဲ့တယ်။ ဘီအေစာမေးပွဲ ဖြေဆိုဖို့  အဆင်မပြေတဲ့အချိန်မှာ ရဟန်း ၁၀ ၀ါ ရလာပြီဖြစ်လို့  ဦးအာစိဏ္ဏဟာ တောထွက်ဖို့  ဆုံးဖြတ်လိုက်ပါတော့တယ်။
တောမထွက်မီ ပဋိပတ္တိလမ်းညွှန်ချက်များကို ရယူရန်လိုအပ်လို့  ကောဇာသက္ကရာဇ် ၁၃၂၅ခုနှစ်မှာ ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ ရိပ်သာသို့ သွားရောက်ပြီး မဟာစည် ဆရာတော်ဘုရားကြီးနဲ့  ဆရာတော် ဦးပဏ္ဍိတာဘိဝံသတို့ ထံမှာ ၅၅ ရက်ကြာနည်းနာခံယူတယ်။ ပဋိပတ်လုပ်ငန်းမှာ အထုံပါရမီရှိခဲ့တဲ့ ဦးအာစိဏ္ဏဟာ တစ်လတည်းနဲ့ ဥာဏ်စဉ်နာခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ တရားအားထုတ်နည်း အပြည့်အစုံကို လေ့လာမှတ်သားချင်လို့  ၅၅ရက်တိုင်အောင် ဦးအာစိဏ္ဏ အားထုတ်ခဲ့ပါတယ်။
ပရိယတ် ပဋိပတ် ဗဟုသုတစွယ်စုံဖြစ်လာတဲ့အခါ ဦးအာစိဏ္ဏဟာ ထိုနှစ်မှာပဲ မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ တောင်စွန်းကေလာသတောင် အနီးရှိ မြသပိတ်တောင်သို့  တောထွက်ပြီး ဧကစာရီကျင့်ကာ တရားအားထုတ်တော်မူတယ်။
ပဋိပတ်အကျင့်ဖြင့် မြင်သိရတဲ့အချက်တွေကို တိပိဋက ကျမ်းဂန်၊၀ိသုဒ္ဓိမဂ်တို့ နဲ့  ချိန်ထိုးစိစစ်ကြည့်တယ်။ စိတ်တိုင်းကျ မဖြစ်တဲ့အခါ နောက်ထပ်ပဋိပတ္တိ နည်းနာနိဿယများ ရရှိရေးအတွက် ဦးအာစိဏ္ဏဟာ ၁၃၂၆ ခုနှစ်မှာ ကသစ်ဝိုင် ဆရာတော်ထံမှာ ၁၀ရက်၊ သန်လျင်တောရဆရာတော်ထံမှာ ခြောက်လခွဲ၊ ၁၃၂၇ ခုနှစ်မှာ ကန္နီမြို့ ၊ ရွှေသိမ်တောရ ဆရာတော် ထံမှာ သုံးလခွဲ ထပ်မံပြီး နည်းနာခံယူပါတယ်။
တရားအားထုတ်ရာ ဌာနများကိုလည်း သပ္ပါယ ဖြစ်အောင်ပြောင်းရွေ့ ခဲ့ရာမှာ သထုံမြို့  နေမိန္ဒရတောင်အနီးရှိ တောင်ဝိုင်းကြီးမှာတစ်ဝါ၊ မုဒုံမြို့ နယ် ကျောက်တစ်လုံး စိတ္တသုခတောရမှာ သုံးဝါ၊ ရေးမြို့ နယ် အစင်ကျေးရွာအနီးရှိ အစင်တောရမှာ ၁၃၀ါ သီးတင်းသုံးခဲ့ပါတယ်။
အဲ့သလို တရားအားထုတ်စဉ်ကာလမှာ တစ်ပါးတည်း ကျောင်းမှာ သီးတင်းသုံးပြီး မိဘဆွေမျိုး မောင်ဘွားများနဲ့  အဆက်အသွယ်ဖြတ်ထားခဲ့တယ်။ အင်မတန်ထက်မြက်တဲ့ ဇွဲ ၀ီရိယတို့ ဖြင့် အားထုတ်တော်မူတယ်။
တောရဆောက်တည်ကာ တစ်ထပ်ဆွမ်းလောက်နဲ့  မျှတခဲ့ရလို့ ငှက်ဖျား ရောဂါနဲ့  အစာအိမ်ရောဂါတို့ က ဦးအာစိဏ္ဏအား ဖိစီးလာကြတယ်။ အစင်တောရမှာ သီတင်းသုံးစဉ်အခါက ၀မ်းဗိုက်မှာ ပြင်းထန်စွာလေထိုးလေအောင့် ဖြစ်လာလို့  ဆွမ်းခံမကြွနိုင်ဘဲ တစ်ပါးတည်း ကျောင်းကလေးမှာ လူးလှိမ့်နေရတယ်။ သီတင်းသုံးဖော်များအား သူတို့ ရဲ့ တရားအလုပ် ထိခိုက်မှာစိုးလို့  အကြောင်းမကြားဘူး။ သီးတင်းသုံးဖော်တို့  လာရောက်ကြည့်ရှုကြတဲ့ အခါမှ အဖြစ်မှန်ကို သိရှိကြရတယ်။
အစာအိမ်ရောဂါကြောင့် မော်လမြိုင်ဆေးရုံသို့  တက်ရောက်ပြီးခွဲစိတ်ကုသခြင်း ခံယူရတယ်။ ရန်ကုန်မြို့ သို့  ကြွပြီး အထူးကုဆရာဝန်များထံမှာလည်း ဆေးကုသခြင်းခံယူတယ်။ ဒါပေမဲ့ အစာအိမ်ရောဂါ၊ငှက်ဖျားရောဂါနဲ့  အပြင်းအထန် ဇက်ထိုးခေါင်းကိုက်တဲ့ရောဂါတို့ ဟာ ယနေ့  တိုင်အောင် မပျောက်ဘဲ ဆရာတော်ဦးအာစိဏ္ဏအား ညှင်းပန်းနှိပ်စက်လျက်ရှိပေသည်။ ဦးအာစိဏ္ဏက ဝဋ်နာလို့ ဘဲ သဘောထားပြီး ရောဂါဝေဒနာများကို လျစ်လျူရှုကာ မိမိဆောင်ရွက် စရာရှိတဲ့ ဂန္တဓုရ၊ ၀ိပဿနာဓုရ ကိစ္စများကို မမှိတ်မသုန် မဆုတ်မနစ်ဘဲ တက်တက်ကြွကြွ ဆောင်ရွက်နေပေတယ်။
ဖားအောက်တောရ တတိယဆရာတော်
ဦးအာစိဏ္ဏဟာ ပံသုကူဓုတင်၊ တိစိဝရိတ်ဓုတင်၊ သပဒါန စာရိကဓုတင်၊ အာရညကင် ဓုတင်စသည်တို့ ကို စွမ်းဆောင်နိုင်သမျှ ဆောက်တည်ပြီး တောရဘုန်းကြီးဘ၀နဲ့  ဘာဝနာ အလုပ်နဲ့ ပျော်မွေ့ ကာ နေထိုင်လိုပါသော်လည်း ဘ၀ကံကြမ္မက ထိုသို့ နေခွင့်မပြုပါ။
ဖားအောက်တောရ ဒုတိယဆရာတော် ဦးအဂ္ဂပညာ အသည်းအသန် နာမကျန်းဖြစ်ပြီး မော်လမြိုင်ဆေးရုံကြီးသို့ တက်ရောက်ရတဲ့အခါ ရေးမြို့ နယ် အစင်တောရမှာ သီတင်းသုံးနေတဲ့ ဦးအာစိဏ္ဏကို မှာကြားခေါ်ယူတော်မူတယ်။
ဦးအာစိဏ္ဏက ဦးအဂ္ဂပညာကို ပြုစူဖို့  မော်လမြိုင်သို့ တက်လာတယ်။ ဦးအဂ္ဂပညာကမိမိပျံလွန် သွားတဲ့အခါ ဖားအောက်တောရစင်္ကြံကျောင်းကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လွှဲအပ်ပေး တော်မူတယ်။ ဦးအာစိဏ္ဏက ကျောင်းလက်မခံလိုပါ။ ကျောင်းအုပ်ချုပ်ရတဲ့အလုပ်ဖြင့် မိမိရဲ့ ပဋိပတ်အလုပ်ကို အနှောင့်အယှက် မဖြစ်စေလိုပါ။ သို့ သော် ဦးအဂ္ဂပညာ အလိုကျ ဦးအာစိဏ္ဏ လက်ခံလိုက်ရပါတယ်။
ဒါကြောင့် ၁၃၄၃ခုနှစ်၊ ၀ါဆိုလဆုတ်၅ရက်၊ ခရစ်သက္ကရာဇ် ၁၉၈၁ခုနှစ်မှာ ဒုတိယ ဖားအောက်ဆရာတော်ပျံလွန်တော်မူတဲ့အတွက် ဦးအာစိဏ္ဏဟာ တတိယ ဖားအောက်တောရ ဆရာတော်ဖြစ်လာပါတော့တယ်။
ဦးအာစိဏ္ဏဟာ ဖားအောက်တောရစင်္ကြံကျောင်းကို မိမိ ခေတ္တသာ ထိန်းသိမ်းစောင့်ရှောက် ပေးမည့်အကြောင်း၊ ဒကာတို့  စိတ်ကြိုက်ကျောင်းထိုင်ဆရာတော်တစ်ပါးကို ရှာဖွေကြဖို့ အကြောင်း၊ စင်္ကြံကျောင်းဒကာများကို မိန့် ကြားတော်မူတယ်။
ပြီးတော့ ဖားအောက်တောရ စင်္ကြံကျောင်းဟာ တောရမမည်တော့တဲ့အတွက် ဒီကျောင်းမှာ ဦးအာစိဏ္ဏသီတင်းမသုံးလိုဘူး။ တောရပီသတဲ့ အခြားတစ်နေရာကို ဦးအာစိဏ္ဏကိုယ်တိုင် လိုက်ရှာရာ စင်္ကြံကျောင်းရဲ့  အရှေ့ဘက် တစ်မိုင်ခွဲခန့်  ဝေးတဲ့နေရာမှာ တောင်နှစ်လုံးကြားမှာ ဒူးရင်းပင်၊ သရက်ပင် များနဲ့  စိမ်လန်းစိုပြည်တဲ့ဥယျာဉ်ခြံ တစ်ခြံကို တွေ့ ရတယ်။
အေးချမ်းလှတဲ့ ၎င်းဥယျာဉ်မြေမှာ ဦးအာစိဏ္ဏ သီတင်းသုံးလိုတဲ့အတွက် ခြံရှင်ကို ခွင့်တောင်းပြီး ၀ါးကျောင်းလေးတစ်ဆောင် ဆောက်လုပ်စေတယ်။ အဲဒီဝါးကျောင်းလေး မှာဆွမ်းခံဆွမ်းစားချိန်မှအပ နေ့ ရောညဥ့်ပါ ဦးအာစိဏ္ဏ သီတင်းသုံးတော်မူတယ်။
ဖားအောက်တောရ ကျောင်းဒကာများက မိမိတို့  ကြည်ညိုလေးစားတဲ့ ဒုတိယဆရာတော်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ တတိယဆရာတော်ကို မထွက်ခွာသွားစေလိုကြဘူး။ ပြီးတော့ တတိယဆရာတော်ရဲ့  ထူးခြားမြင့်မြတ်တဲ့ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို တဖြည်းဖြည်းသိရှိလာကြတဲ့အတွက် ပိုမိုကြည်ညိုလာကြတယ်။ ဒါကြောင့်တခြားကျောင်းထိုင် ဆရာတော်မရှာဖွေတော့ဘဲ ဦးအာစိဏ္ဏကို ဖားအောက်တောရမှာ အတည်တကျသီးတင်းသုံးရန် ထပ်ကာ ဖန်ဖန် လျှောက်ထားကြပါတယ်။
ဒါကြောင့် ယနေ့ တိုင်အောင်ဦးအာစိဏ္ဏဟာ တတိယ ဖားအောက်တောရ ဆရာတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေရပေတယ်။
ဓာတ်ကမ္မဋ္ဌာန်းစခန်းဖွင့်ပြီ
ဖားအောက်တောရဆရာတော် ဦးအာစိဏ္ဏဟာ ထင်ရှားကျော်ကြားတဲ့ဆရာတော်များထံမှ နည်းနာနိဿယ ခံယူကာ ပိဋကတ်ကျမ်းဂန်နဲ့  ညှိနှိုင်းလျက် ဆိတ်ငြိမ်အေးချမ်းတဲ့ တောရများမှာ နှစ်ပေါင်းများစွာ သမထ ၀ိပဿနာကို အပြန်ပြန်အလှန်လှန် အားထုတ်တော်မူခဲ့တယ်။ မိမိကိုယ်တိုင် ထိုးထွင်းသိမြင်ခဲ့ရတဲ့ တရားရှုနည်းများကို အခြားပုဂ္ဂိုလ်တို့ အား တစ်ဆင့်ပို့ ချပြသပေးလိုတဲ့အတွက် အသင့်လျော်ဆုံးတရားရှုနည်း အစီအစဉ်ကို ရေးဆွဲတော်မူတယ်။
တရားရှုကွက်များကို နှစ်နှစ်ကြာ မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေး ရှုမှတ်ပြီးတဲ့နောက် ၁၉၈၃ခုနှစ် မှစတင်ကာ ဓာတ်ကမ္မဋ္ဌာန်းကို အခြေခံလျက် သုဒ္ဓ၀ိပဿနာယာနိက လမ်းစဉ်ဖြင့် ယောဂီတို့ ကို တရားညွှန်ပြပေးတယ်။ ဒီလမ်းစဉ်ဟာ အောင်မြင်ပေမယ့် နှောင့်နှေးကြန့် ကြာတတ်လို့  ပိုမိုလျင်မြန် ထက်မြက်တဲ့ သမထယာနိကလမ်းစဉ်သို့ ပြောင်းလဲကာ ယောဂီတို့ အား တရားညွှန်ပြပေးပါတယ်။
တရားရှုကွက်များက အထူးတိကျပြည့်စုံပြီး သဘာဝလည်းကျ၊ စနစ်လည်းကျ၊ လက်တွေ့ လည်းကျတဲ့အပြင် ဆရာတော်ကိုယ်တိုင်က အလွန်ကြီးမားတဲ့ မေတ္တာကရုဏာဖြင့် အထူးအဆင်းရဲအပင်ပန်းခံကာ ယောဂီတို့ အား ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ပြီး တရားညွှန်ပြပေးတဲ့ အတွက် ဖားအောက်တောရယောဂီများဟာ မြတ်ဗုဒ္ဓအလိုတော်နဲ့  ကိုက်ညီတဲ့ တရားရှုနည်းများကို ချမ်းသာလွယ်ကူစွာ ရှုသိနေနိုင်ကြပါပြီ။
ပိဋကတ်ကျမ်းဂန်နဲ ညီညွတ်ပြီး အလွန်ထူးခြားပြည့်စုံတဲ့ ဖားအောက်တောရ တရားရှုနည်းကို နောက်စာမျက်နှာများမှာ အကျဉ်းဖော်ပြကာ မိတ်ဆက်ပေးပါမယ်။ ဆက်လက်ရှုစားတော်မူကြပါ။
ဆိတ်ငြိမ်အေးချမ်းတဲ့တရားစခန်း
ဖားအောက်တောရ စင်္ကြံကျောင်းဟာ ဖားအောက်ကျေးရွာထိပ်ရှိ မော်လမြိုင်-မုဒုံ ကားလမ်းမနဲ့  တာ ၅၀၀ခန့် ၊ တနည်း ၁၅ မိနစ်လမ်းလျှောက်စာမျှ ဝေးကွာတဲ့အတွက် ကားသံ၊ဟွန်းသံ၊ ရေဒီယိုကက်ဆက်သံများကို မကြားရဘဲ ဆိတ်ငြိမ်အေးချမ်းတဲ့ တောရစခန်း တစ်ခုဖြစ်ပါတယ်။ ယခင်က တောရမြောက်တဲ့ ဋ္ဌာနတစ်ခု ဖြစ်ခဲ့တာနဲ့ အညီ သစ်ပင်ဝါးပင် တို့ ဟာ မိုးထိအောင် ပေါက်ရောက်နေကြပါတယ်။ သစ်ပင်ကြီးများရဲ့  အကိုင်းအခက်တွေက တစ်ပင်နဲ့  တစ်ပင် ကူးယှက်နေကြလို့  နေပြောက်မထိုးလောက်အောင် အရိပ်အာဝါသ ကောင်းလှပေတယ်။
ကျေးငှက်မျိုးစုံတို့ ရဲ့  တွန်ကျူးသံ၊ ရှဥ့်ညိုများရဲ့ မြူးသံ၊ ပုရစ်အော်သံများကတော့ တောကြီးမြိုင်လယ်ထဲမှာ ရောက်ရှိနေသည့် ပမာ အတွေ့ ထူးနဲ့  ခံစားမှု အထူးတို့ ကို ဖြစ်ပေါ်စေပါတယ်။ ယောဂီဆောင်များနဲ့  ပင်မစင်္ကြံကျောင်းဝင်းတို့ ကို ပိုင်းခြား ပေးထားတဲ့ စမ်းချောင်းကလေးက မိုးရာသီမှာ ဂီတသံစုံနှောလျက် တသွင်သွင် စီးဆင်းနေသဖြင့်လည်း သည် ရှုခင်းအလှနဲ့  သဘာဝတေးသံတို့ ဟာ စက္ခုပသာဒနဲ့  သောတ ပသာဒတို့ ကို အထူးပင် အေးမြကြည်ရွှင်စေပါတယ်။
ဤသို့ သော ငြိမ်းအေးကြည်လင်တဲ့ ၀ိဝေကရသ ခေါ်စိတ်ခံစားမှုအထူးတို့ ဟာ တရားဘာဝနာရှုပွားမှုကို အထောက်အကူပြုကြပါတယ်။
ယောဂီများအတွက်နေရာထိုင်ခင်း
ဖားအောက်တောရမှာ တရားအားထုတ်ကြတဲ့ ရပ်ဝေးရပ်နီး ယောဂီ အရေအတွက်ဟာ ဆတက်ထမ်းပိုး တိုးတက်များပြားလာသလို ကျောင်းသင်္ခမ်းများနဲ့  ယောဂီဆောင်များကလည်း နေ့ ချင်းညဥ့်ချင်းဆိုသလို တိုးပွားလာနေပါသည်။
၁၉၉၉ခုနှစ်ဧပြီလဆန်းတွင် ဖားအောက်တောရ ၌ နိုင်ငံခြားသားရဟန်းရှင် လူယောဂီ ၂၄ဦး အပါအ၀င် ရဟန်း ၁၅၀ပါး၊ သာမဏေ ၁၇ပါး၊ သီလရှင်၅၄ဦး၊ အမျိုးသား၃၉ဦး၊အမျိုးသမီး၇၃ဦး၊ စုစုပေါင်း ယောဂီ ၃၃၃ဦး တရားအားထုတ် နေကြပါတယ်။ ဖားအောက်ဆရာတော် နိုင်ငံခြားသို့  ဓမ္မဒူတ ခရီးထွက်နေချိန်ဖြစ် ၍ နိုင်ငံခြားသား ယောဂီထက်ဝက်ခန့် လျော့နည်းသွားခြင်းဖြစ်တယ်။ ပုံမှန်အားဖြင့် နိုင်ငံခြားယောဂီ ၅၀ ၀န်းကျင်အမြဲရှိနေလေ့ ရှိပါတယ်။
၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခု မတ်လကုန်အထိ ဖားအောက်တောရ ၌ တရား အားထုတ်ခဲ့ကြတဲ့ နိုင်ငံခြားသားယောဂီများဟာ ၃၃နိုင်ငံမှ ၄၈၄ဦးရှိခဲ့ပါပြီ။
၁၉၉၉ ခုနှစ်ဧပြီလဆန်းအခြေအနေအရ ဖားအောက်တောရတွင် သံဃာဆောင် ၁၅ဆောင်ခန့် ၊ အမျိုးသားဆောင် ၅ဆောင်၊ အမျိုးသမီးဆောင် ၂၅ဆောင်ရှိတဲ့အပြင် တောရစခန်းပီသတဲ့ တိုးချဲ့ စိတ္တလတောင်ကျောင်းမှာလည်း သံဃာတစ်ပါးဆောင် ၁၇၀ကျော်၊ ဆရာတော် စံကျောင်း၃ဆောင်တို့ ရှိပါသည်။ ထို့ ကြောင့်သံဃာအပါး ၂၀၀၊ အမျိုးသား ၅၀ဦး၊ အမျိုးသမီး ၃၀၀ဦးတို့ ကို တစ်ပြိုင်နက် နေရာချထားပေးနိုင်ပါတယ်။
ထို့ အပြင် စိတ္တလတောင်ကျောင်းမှာ အလျားပေ ၁၄၀၊အနံပေ၈၀ ရှိတဲ့ နှစ်ထပ်သိမ်တော်ကြီးကို တည်ဆောက်လျက်ရှိရာ သံဃာ ၅၀၀ခန့်  တို့  တစ်ပြိုင်နက်တည်း အေးချမ်းစွာတရားရှုပွားနိုင်တဲ့ အထိဆက်လက်တိုးချဲ့ သွားရန် ရည်မှန်းထားကြပါတယ်။
ဖားအောက်တောရ ရိပ်သာခွဲများအဖြစ် မန္တလေးတောင်၊ တောင်ဆင်း ကားလမ်းဘေး ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာရိပ်သာ၊ ရန်ကုန်တိုင်း သန်လျင်မြို့  ကျိုက်ခေါက်စေတီအနီး သီလ၀ါလမ်းမပေါ် ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ္ဓသာသနာရိပ်သာ နှင့် ကရင်ပြည်နယ် ဘားအံမြို့  ဇွဲကပင်တောင်ခြေ ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ္ဓသာသနာရိပ်သာ တို့ ကိုလည်း အချိန်ပြည့်ဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် တရားအားထုတ်လိုသူများ အဆင်ပြေစွာ တရားအားထုတ်နိုင်ကြပါပြီ။
ဒေါက်တာမင်းတင်မွန်၏ ဖားအောက်တောရမိတ်ဆက် စာအုပ်မှ ကူးယူဖေါ်ပြပါသည်။


Credit to: Pa auk Tawya International


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here