ဝက်ဆိုဒ်ကို နေ့ စဉ်လာတဲ့သူငယ်ချင်းများ အောက်ကပုံလေးကို တစ်ချက်နှိပ်ပေးခဲ့ပါ

နည်းပညာရပ်ဆိုင်ရာနဲ့ ပတ်သက်သောစာအုပ်များကို ကြိုက်နှစ်ရာ ခေါင်းစဉ်ကို နှိပ်၍ရှာပါ

Android ပြုပြင်နည်းစာအုပ်များ Autocad စာအုပ် Computerပြုပြင်ရေးနည်းလမ်းစာအုပ် Cracking နည်းပညာ Facebook နည်းပညာစာအုပ် Flash Song လုပ်နည်းစာအုပ် Miscrosof Office ဆိုင်ရာစာအုပ် Networking ဆိုင်ရာစာအုပ် Photoshop ဆိုင်ရာ စာအုပ်များ Programming ပညာရပ်များ Speaking စာအုပ်များ Wifi Hacking နည်းလမ်းစာအုပ် ခွန်အားရှိသောရသစာပေများ ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ဂီတာတီးခတ်နည်းစာအုပ် စာစီစာရိုက်လက်ကွက်ကျင့်နည်း စာရင်းကိုင်နည်း စာအုပ် တရားစာအုပ်များ နည်းပညာ စာအုပ်များ ဖတ်စေချင်တဲ့စာအုပ်တွေ ဘာသာပြန်စာအုပ်များ မြန်မာ့သိုင်းလေ့ကျင့်နည်းစာအုပ်များ ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် လက်ဝှေ့ ထိုးနည်းစာအုပ် သမိုင်းဆိုင်ရာ စာအုပ်များ သုတရသစာအုပ်စုံDownloadယူရန် ဟာသစာအုပ်များ အတ္ထုပ္ပတ္တိစာအုပ်များ ဥပဒေဆိုင်ရာစာအုပ် ဆေးပညာဆိုင်ရာ စာအုပ် မောင်(စွယ်စုံကျမ်း) လမ်းညွှန် နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

သုတရသစာအုပ်တွေ ယူချင်ရင် အောက်က List မှာ စာရေးဆရာ နာမည်ကိုနှိပ်၍ရှာယူပါ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ ကာတွန်းစာအုပ်များ ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ ခင်ခင်ထူး ချက်ပြုတ်နည်း နဲ့ မုန့် လုပ်နည်း ချစ်စံဝင်း ချစ်ဦးညို ချစ်နိုင်(စိတ်ပညာ) ဂမ္ဘီရ၀တ္ထုများလိုချင်ရင် ဂျာနယ်ကျော်မမလေး ဂျူး စာရင်းကိုင်နည်း စာအုပ် စာပေဟောပြောပွဲများ စိမ့်(ပညာရေး) စိုက်ပျိုးနည်း စာအုပ်များ စိုးမြတ်သူဇာ စက္ကောမ ဆန်းလွင် ဆုမြတ်မွန်မွန် ညိုမြ တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ်စိန်တင် တက်တိုး တင်ထွေး တင်နိုင်တိုး တရားစာအုပ်များ တရားဓမ္မစာပေဆိုင်ရာများ တွတ်ပီ(ဓနုဖြူဆွေမင်း) တာရာမင်းဝေ ဒဿကျော်စွာ နည်းပညာ စာအုပ်များ နီကိုရဲ ပီမိုးနင်း ပုညခင် ဖျာပုံနဒီ ကြည်အေး ဗျူး ဘာသာပြန်စာအုပ်များ မင်းခိုက်စိုးစံ မင်းဒင် မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မိုးတိမ် မြတ်ခိုင် မြသန်းတင့် ရုပ်သံ ဗီဒီယိုတည်းဖြတ်နည်းစာအုပ် ရဲကောင်းထက် လက်ဝှေ့ ထိုးနည်းစာအုပ် လင်းယုန်မောင်မောင် သခင်မြတ်ဆိုင် သတိုးတေဇ သန်းဝင်းလှိုင် သမိုင်းဆိုင်ရာ စာအုပ်များ ဟာသစာအုပ်များ အတ္တကျော် အတ္ထုပ္ပတ္တိစာအုပ်များ အကြည်တော် အခြေခံကွန်ပျုတာပြုပြင်နည်း ဥပဒေဆိုင်ရာစာအုပ် ဦးကုလား ဦးခင်အောင် ဦးကျော်ဇေယျ ဦးသေားင်းလွင်(ဘီအေ) ဦးနု ကောင်းထက် ကျော်ငြိမ်း ကျော်သူ ဆေးပညာဆိုင်ရာ စာအုပ် တော်ဘုရားလေးအောင်ဇေ နေလင်း(အ.က.သ) ဖေမြင့် မောင်စိန်ဝင်း(ပုတီးကုန်း) မောင်ညိုမှိုင်း(သံလျင်) မောင်ထွန်းသူ မောင်လှမျိုး(ချင်းချောင်းခြံ) မောင်သန်းဆွေ(ထားဝယ်) မောင်ပေါ်ထွန်း မောင်သော်က အောင်ခင်စိုး အောင်ရင်ငြိမ်း နိုင်ငံရေးဖြစ်ရပ်မှန်စာအုပ်

ဘုရင့်နောင်



 
တပင်ရွှေထီးနောက် ဘုရင့်နောင် နန်းတက်တော်မူ၏ (၉၁၂ - ၉၄၃)။
ဤဘုရင်မှာ တပင်ရွှေထီးနှင့် ဆိုးတူကောင်းဖက် ဖြစ်ခဲ့ကြောင်း ၊
မည်မျှလောက် အစွမ်းသတ္တိနှင့် ပြည့်စုံ၍ တိုက်ခိုက်အောင်မြင်ခဲ့ကြောင်းများကို ကျွန်ုပ်တို့ သိခဲ့ရလေပြီ။ ယခု ထပ်လောင်း၍ ဆိုဦးအံ့။

ပုဂံနယ် ငသရောက်တွင် (စာတစ်စောင်တွင် ထီးလှိုင်ရွာတွင် ဆိုသည်)
လင် မောင်သိင်္ဂ ၊ မယား မမင်းလှ တို့သည် ထန်းတက်၍ အသက်မွေးရ၏။ သားငယ်တစ်ယောက် မွေးရာ သိပ်ထားစဉ် ကိုယ်ပေါ်သို့ ခြတွေ တက်နေသဖြင့် ' မောင်ခြတက် ' ဟု မှည့်ခေါ်၏။

မောင်သိင်္ဂ တို့သည် အလုပ်အကိုင် အစားအသောက် ပေါရာ တောင်တွင်းကြီးသို့ ပြောင်းခဲ့ကြ၏။ တောင်တွင်းကြီးတွင် တစ်ခါ၌ မောင်သိင်္ဂတို့ ထန်းတက် ထန်းရည် သိမ်းနေစဉ် ထန်းပင်ရိပ်တွင် ထို မောင်ခြတက် ကို သိပ်ထား၏။ ထိုအခါ မြွေငန်းကြီး တစ်ကောင်သည် သူငယ်ကို ခွေပတ်၍ ပါးပျဉ်းထနေလေ၏။ တစ်စုံတစ်ရာ ဘေးရန် မပြုလေ။ အမိမြင်သော် ကြောက်လန့်တကြားအော်မှ မြွေငန်းကြီးသည် ' ရှူး ရှူး ' ဟူသော အသံကိုပြုလျက် တောင်အရပ်သို့
ထွက်သွားလေ၏။

ထိုထူးခြားချက်ကို ဆရာတော်အား လျှောက်ထားရာ " မြွေသွားရာ တောင်အရပ်သို့ သွားကြလေ ၊ သင်တို့ ကောင်းစားကြ လတ္တံ့ " ဟု ဟောပြောလိုက်လေ၏။ ဟောပြောသည့်အတိုင်း တောင်ငူသို့ ပြောင်းလာခဲ့ကြ၏။ တောင်ငူတွင်လည်း တပင်ရွှေထီး ဖွားစ ၊ နို့ထိန်းရှာနေခိုက် ကြုံ၍ မမင်းလှ သည်လည်း အပြစ်ကင်း၍ သင့်လျော်သော နို့ထိန်း ဖြစ်ထိုက်သည်နှင့် မမင်းလှကို ရွေးလေ၏။ ဤသို့အားဖြင့် မောင်ခြတက် ၊ တပင်ရွှေထီး ၊ တပင်ရွှေထီးအစ်မ သခင်ကြီး ဤသုံးဦးသော ကလေးတို့သည် ညီအစ်ကို မောင်နှမ အရင်းအချာကဲ့သို့ အတူနေ အတူစား၍ ကြီးပြင်းကြရကုန်၏။

တပင်ရွှေထီးမှာ ၈၇၈ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ဗုဒ္ဓဟူးနေ့ ဖွားသည်။ မောင်ခြတက်မှာ ၈၇၇ ခု ၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ နေတက် ခုနစ်ဖဝါးတွင် ဖွားသည်။ ထို့ကြောင့် မောင်ခြတက်က သုံးလကျော်မျှ ကြီးလေသည်။
အဖ ထန်းတက်သမား မောင်သိင်္ဂမှာလည်း တပင်ရွှေထီး၏ အကြီးတော်အရာ ' မင်းရဲသိင်္ဂသူ ' ဟူသောဘွဲ့ကို ရလေသည်။ နောက် တပင်ရွှေထီးသည် ဘုရင် ဖြစ်၍ တောင်ငူမှ ဟံသာဝတီသို့ ပြောင်းရွှေ့စံသောအခါ ထို မင်းရဲသိင်္ဂသူအား တောင်ငူကို အပ်၍ ဘုရင်ခံ အဖြစ်ဖြင့် အုပ်ချုပ်စေ၏။

မောင်ခြတက် ကိုလည်း ' ရှင်ရဲထွတ် ' ဟု ခေါ်တွင်လေသည်။ ရှင်ရဲထွတ် အရွယ်ရောက်သောအခါ တပင်ရွှေထီးသည် နန်းတော် မြောက်တွင် အိမ်တော်နှင့် နေရ၏။ အစ်မတော် သခင်ကြီးက မောင်တော်အိမ်သို့ စားတော်ကွမ်း မပြတ်ပြင်ဆင်၍ ပို့တော်မူရသည်တွင် ရှင်ရဲထွတ်သည် မပြတ်ကွမ်း ယူရန်လာရသည်နှင့် မကြာမီ သခင်ကြီး နှင့် ရှင်ရဲထွတ် တို့ ချစ်ကြိုက်ကြလေ၏။
တစ်ခါသော် သခင်ကြီး ပြက်ရယ်ဆိုသည်ကား

" ရဲထွတ် အသင့်တွင် ငါ၏ကျေးဇူး များစွာရှိသည်။ အစားလည်း ငါ့အစား ၊ အဝတ်လည်း ငါ့အဝတ် ၊ အသက်ရှင်ရသည်လည်း ငါ့ ကျေးဇူးသာတကား "
" ရဟန်းတို့မှာ မိမိတို့ကိုယ်တိုင် ကျောင်းမဆောက် ၊ ဆွမ်းမချက် ၊ သင်္ကန်းမရက် သို့လျက်နှင့် အခြားသူများထက် နေထိုင်စားသောက် ဝတ်ဆင်ရသည် မဟုတ်လော "
" အသင် ရဟန်းလော "
" ရဟန်းသော်ကား မဟုတ် ၊ သို့ရာတွင် ဘုန်းတန်းခိုးဂုဏ်ရှိသော သူတွှိုကို အဝတ်အစား အသုံးအဆောင် ရောက်လာမြဲတည်း။ မိန်းမတို့ ဘုန်းကြီးသည် ဆိုသော်လည်း မင်းယောက်ျားတို့၏ အလုပ်အကျွေးသာ ဖြစ်နိုင်လေသည် "

" မင်း အထင်ကြီးလွန်းသည် "
" မယုံလျှင် မင်းဧကရာဇ် ဇာတာတော် ၊ မောင်တော် (တပင်ရွှေထီး) ဇာတာတော် ၊ အကျွန်ုပ် ဇာတာ ဤသုံးဆောင်ကို လက်ပါးတော်သို့ အပ်၍ ဆရာတော်ထံမှာ ပြစေ ၊ သို့မှ သိရမည် "

ရှင်ရဲထွတ် ဆိုတိုင်း ပြစေသော် ဆရာတော်က " ဤဇာတာမှာ ကောင်းလှ၏။ မင်းဧကရာဇ် ဇာတာနှင့် တူသည်။ ဒုတိယ ဇာတာမှာ ဘုန်းတန်ခိုးကြီး၏။ ရန်ကို အောင်၏။ သို့ရာတွင် ဓား လှံ လက်နက်ထိပါး၍ ပျက်စီးတတ်သည်။ တတိယ ဇာတာမှာ ခပ်သိမ်းသော သူတို့ထက် အကြီးအကဲ အပြည်ပြည်သော မင်းတို့ကို အစိုးရသော မင်းဖြစ်၍ သားတော် မြေးတော်များပင် မင်းဆက်၍ ဖြစ်လတ္တံ့" ဟု ဟောပြောလိုက်၏။

ဟောပြောချက်တို့ကို သခင်ကြီး ကြားရသော် အလွန်ဝမ်းမြောက်ခြင်း ဖြစ်လေသည်။
ကာလကြာသော် သခင်ကြီးတွင် သန္ဓေ ရှိသည်ကို မယ်တော် အလုံးစုံသိရလျှင် ဆရာတော်တို့ရှေ့ မင်းကြီး ဥပုသ်ယူသောအခါမှ မင်းကြီးအား လျှောက်လေ၏။ မင်းကြီးလည်း အမျက် ပြင်းစွာထွက်၍ " ငရဲထွတ်ကို သတ်လေ " ဟု မိန့်တော်မူသည်တွင် ဆရာတော်တို့က " သင် မင်းကြီးသည် ယခု ငါတို့ရှေ့တွင်ပင် ရှစ်ပါးသီလကို ယူသည်။ ဤမျှသောအမှုကို သည်းမခံနိုင်လျှင် ဘုရားဆုပြည့်ရန် အလွန်ခက်ခဲလှ၏ " ဟု မိန့်တော်မူကြမှ ဆိတ်ဆိတ်နေတော်မူ၏။

ဤသို့ ဖြစ်ပျက်နေသည့်အခါ ရှင်ရဲထွတ်မှာကား တစ်စုံတစ်ရာ မသိဘဲ ဝတ်ကောင်းတန်ဆာ ဆင်ယင်၍ ပန်းကုံးရှေ့ဆွယ် နောက်ဆွယ် ချပြီးလျှင် ကြက်တိုက်ညောင်ပင်သို့သွား၍ ကြက်တိုက်နေ၏။ ထိုအခါ အိပ်ဖန် ထွက်လာသော သူတို့နှင့်တွေ့၍ အကြောင်းမျိုးကို ကြားသော် " လူတို့မှာ ကံသာလျှင် ပြဋ္ဌာန်းရင်းရှိ၏ ၊ မစိုးရိမ် " ဟု ဆိုလိုက်၏။
မိုးသောက်သော် ရှင်ရဲထွတ် ဤသို့ ကြံ၏။ ငါပြေးပုန်းရှောင်လွှဲသော်လည်း မလွတ်ပေရာ။ ငါ့ဇာတာကို ဝင်၍ဆက်မည်။ သတ်လိုလည်း သတ်စေ ၊ ထားလိုလည်း ထားစေ။ ကံသာလျှင် အရင်းတည်းဟု နှလုံးသွင်းလျက် ဇာတာကို ဝင်၍ ဆက်လေ၏။ မင်းကြီးလည်း ဇာတာစန်းလဂ်ကို အလွန်နားလည်သူ ဖြစ်၍ " ငရဲထွတ်ကို ငါသတ်သော် ငါ့၌ သံသာရာဝန်လေး လိမ့်မည် ၊ ချင်း၏ ဇာတာလည်း ကောင်းလှ၏ ၊ ချမ်းသာစေ " ဟု မိန့်တော်မူလိုက်သည်။
မွေးဖွားစက ' မောင်ခြတက် ' ၊ နန်းတော်သို့ ရောက်သော်အခါ ' မောင်ရဲထွတ် ' ၊ နောက် တပင်ရွှေထီး နန်းတက်သောအခါ အစ်မတော်နှင့် စုံဖက်လေသဖြင့် လည်းကောင်း ၊ စစ်ပွဲတို့၌ ရဲရင့်အောင်မြင် လေသဖြင့် လည်းကောင်း ၊ ' ဘုရင့်နောင် ' သို့မဟုတ် ' ဘုရင့်နောင် ကျော်ထင်နော်ရထာ ' ဘွဲ့ကို ရလေသည်။ တပင်ရွှေထီး နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်သောအခါ ' ဟံသာတီ ဆင်ဖြူများရှင် မင်းတရားကြီး ' ဟု ထင်ရှားလေသတည်း။

ဆင်ဖြူများရှင် နှလုံးထားကြီးတော်မူခြင်း
ဆင်ဖြူများရှင်၏ သေနာပတိ ဖြစ်သော (မွန်လူမျိုး) ဗညားဒလသည် မင်းကြီး၏ အသက်ကို သုံးခါ ကြံလေသည်။
ပထမ မြို့လည်တော်မူသောအခါ ဗညားဒလသည် ဝေါထမ်း မွန်တို့နှင့် တိုင်ပင်၍ ဓားကို မြေတွင်မြှုပ်ထားသည်။ မြှုပ်ထားရာသို့ ရောက်သော် ဘုန်းတော်ကြောင့် ရဲမက်တို့နင်းမိ၍ ဓားပေါ်သည်နှင့် ဗညားဒလ၏ အကြံပေါ်လေ၏။ သို့ရာတွင် ဗညားဒလကို သည်းခံတော် မူသည်။ ဝေါတော်သားတို့ကိုသာ မျက်တော်မူသည်။

ဒုတိယ မင်းကြီး ရွှေမော်ဓောဘုရားသို့ တက်တော်မူရာဝယ် တုတ် ၊ ဓား ပြီးသော မွန်တစ်ကျိပ်တို့ကို လုပ်ကြံလေဟု ဗညားဒလက စေခိုင်းထား၏။ မင်းကြီးတက်၍ မဟာရံမုခ်ဦးအထက်က နေနှင့်သော မွန်တို့သည် တုန်တုန်ချည့်ချည့် ဖြစ်၍ မရပ် မတည်နိုင် ၊ မြေသို့ချည်း ကျကြကုန်၏။ စစ်မေးသော်ပေါ်၏။ သို့ရာတွင် ယခင်ကကဲ့သို့ပင် မွန်တို့ကိုသာ မျက်တော်မူသည်။

တတိယ တိဂုံဘုရားသို့ ကြွတော်မူအံ့ဟု ကမ်းမှ ဖော်တော်သို့ တက်တော်မူသောအခါ ရေဗလုံ ထသည်ကို မြင်တော်မူ၍ စုံစမ်းစေရာ ရေငုပ်သန်သော မွန်နှစ်ယောက်ကို ဓားနှင်တကွ အောက်က ရမိလေ၏။ စစ်မေးသော် ဗညားဒလ အကြံဖြစ်ကြောင်း ပေါ်၏။ သို့သော်လည်း ရှေးအတိုင်းပင် သည်းခံတော်မူသည်။
ဤသို့လျှင် သုံးကြိမ်တိုင် အသက်ကို ကြံငြားသော်လည်း ငါသို့သော ဘုန်းရှင်ကံရှင်ကို ကြံ၍ အထမြောက်မည် မဟုတ်ဟု သည်းခံတော်မူသည်။ ထို့ပြင် ဗညားဒလသည် လက်ရည် ၊ နှုတ်ရည် ၊ ဉာဏ်ရည် ဂုဏ်သတ္တိနှင့် ပြည့်စုံသူဖြစ်၍ နှမြောတော်မူသော ကြောင့်လည်း သည်းခံတော်မူခြင်း ဖြစ်သည်။ နောက်မှ စစ်ရေးစစ်မှုတွင် မကျေပွန်သဖြင့် ဗညားဒလကို အမျက်တော်ထား၍ နာဖျားတတ်သော ' ဇနက် ' ဟူသော အရပ်တွင် ထားတော်မူသည်။ နောက် ကမန်သို့ ရောက်သည်။ ကမန်တွင် တစ်လကြာသော် ကြမ္မာကုန် လေ၏။

သစ္စာကြီးသော ပေါလသိုင်းစား

ဆင်ဖြူများရှင် မင်းတရားကြီးသည် လင်းဇင်းကို သိမ်းမည်ဟု ချီတော်မူရာ မိုးကောင်းစော်ဘွား ၊ မိုးညှင်းစော်ဘွား တို့ကို ကိုယ်တော်နှင့်အတူ လိုက်၍ တိုက်ရမည်ဟု ဆင့်ဆိုတော်မူ၏။
ထိုအခါ စော်ဘွားတို့မှာ အားအင်တန်ခိုးသေး၍ အမိန့်ကို မဖီဆန်ဝံ့ဘဲရှိရာ မိုးကောင်းစော်ဘွား၏ကျွန် ပေါလသိုင်းစားကို တိုင်ပင်ကြ၏။
ပေါလသိုင်းစားက " လင်းဇင်းသို့ လိုက်၍တိုက်သော် သူတစ်ပါး အရပ်မှာ သေရမည်။ အာဏာကို ဖီဆန်သော် ဤ မိမိအရပ်မှာ သေရမည်။ သေရခြင်းတူသော် မိမိအရပ်မှာ သေရသည်က မြတ်သေး၏။ သို့ကြောင့် ဆင်ဖြူရှင်ကို ခုခံ၍တိုက်ပါ။ အောင်လျှင်လည်း အောင်စေ ၊ မအောင်လျှင်လည်း သေပါစေတော့ " ဟု လျှောက်၏။

စော်ဘွားများလည်း ကြိုက်ညီ၍ မိုးကောင်းစော်ဘွားကို အဝေးသို့နှင်ပြီးလျှင် မိုးညှင်းစော်ဘွားနှင့် ပေါလသိုင်းစားတို့သည် ဆင် မြင်း ဗိုလ်ပါနှင့် ကသာ ၊ မိုးကောင်းသို့ တက်သည့်လမ်းက မင်းကြီးအလာကို ပုန်းအောင်းစောင့်နေကြ၏။
မင်းကြီးကား စောင့်သောလမ်းက မဟုတ် ၊ အခြားတစ်လမ်းက တက်တော်မူ၍ မိုးကောင်းသို့ ရောက်တော်မူလျှင် မိုးညှင်းစော်ဘွား နှင့် ပေါလသိုင်းစား တို့အကြောင်းကို ကြားသဖြင့် သမက်တော်ကို အမှူးပြု၍ ၎င်းတို့ကို ဖမ်းစေ၏။ မိုးညှင်းစောဘွားမှာ ဆင်ဦးတွင်ပင် ဆုံး၏။ ပေါလသိုင်းစားကို အရှင်ရတော် မူသည်။
မင်းကြီးလည်း " ဤသို့ စော်ဘွားတို့ ပုန်ကန်ကြသည်မှာ မည်သူ၏ အကြံအစည်နည်း " ဟု မေးတော်မူ၏။ ပေါလသိုင်းစားက မိမိ အကြံအစည် ဖြစ်ကြောင်း အလုံးစုံ ပြန်ကြားပြီးနောက် " အရှင်မင်းကြီး လမ်းလွှဲ၍ တက်တော်မူ သောကြောင့်သာ ကျွန်တော်တို့ မတိုက်လိုက်ရ ဖြစ်ပါသည်။ ယခုမူ ဘုန်းတော်ကြောင့် မိုးညှင်းစော်ဘွားလည်း ဆုံးပြီ ၊ ကျွန်တော့်ကိုလည်း ရပြီ။ ကျွန်တော့်ကို ကွပ်သော်လည်း အရှင်မင်းကြီး၌ မကောင်းမှု မဖြစ်နိုင်ပါပြီ " ဟု ရဲရင့်စွာ လျှောက်ပေ၏။

မင်းကြီးလည်း မည်သို့မျှ မမိန့်ဘဲ ရွှေတိုက်စိုးအား အပ်ထား၏။ ထို့နောက် မိုးကောင်းစော်ဘွား ကိုလည်း ဖမ်းရန် ကျန်သေးသဖြင့် ပေါလသိုင်းစားကို ခေါ်၍ ဆုလာဘ်ပေးပြီးလျှင် သစ္စာတော်ခံလိမ့်မည်ဟု သစ္စာတော်စာကို ဖတ်ရ၏။
ထိုအခါ ရဲရင့်တည်ကြည်သော် ပေါလသိုင်းစားက " ယခု ကျွန်တော့်ကို သစ္စာပေးမည်မှာ အဘယ် အမှုတော်ကို ထမ်းရပါမည်နည်း " ဟု သစ္စာမခံခင် မေးလျှောက်၏။ " အသင့်ကို ရဲမက်တော်များနှင့် သွား၍ မိုးကောင်းစော်ဘွားကို ဖမ်းစေလိုသော်ကြောင့် " ဟု မိန့်တော်မူလျှင် ပေါလသိုင်းစားက ဦးသုံးကြိမ်ချ၍ ဤသို့ လျှောက်၏။

" စော်ဘွားတို့ကို ပုန်ကန်စေခြင်းသည် လည်းကောင်း ၊ မိုးကောင်းစော်ဘွားကို ပြေးစေခြင်းသည် လည်းကောင်း ၊ ကသာက ကြို၍ အရှင်မင်းကြီးကို တိုက်ရန် ကြံခြင်းသည် လည်းကောင်း ကျွန်တော်၏ အကြံအစည် စီမံခြင်းများ ဖြစ်ပါသည်။ ဘုန်းကြီးသော ဘုရင်ဖြစ်၍သာ ခြေရင်းတော်သို့ ကျွန်တော် ရောက်ရခြင်း ဖြစ်ပါသည်။ ယခု ကျွန်တော့်အရှင်ကို ဖမ်းပေးရမည်ဟု မိန့်တော်မူရာမှာ မဖြစ်နိုင်ပြီ။ ကျွန်တော်၏ အရှင် ပေးသော သစ္စာသည် စက္ကူတွင်းရေး၍ မီးဖုတ်ပြာကို ရေနှင့်ဖျော်၍ သောက်ပြီး ဖြစ်သဖြင့် ထိုသစ္စာသည် ဝမ်းတွင်း၌ မကျေ ရှိပါသည်။ မိုးကောင်းစော်ဘွားကို ဖမ်းမပေးကောင်းလောဟု ဤဘဝတွင်မက နောင်ဘဝတိုင်အောင် သတ်တော်မူသော်လည်း သေရတော့မည်သာ။ ကျွန်တော့် အရှင်၏ သစ္စာကိုကား မဖျက်ပါတော့ပြီ " ဟု လျှောက်၏။

ထိုအခါ ရှေ့တော်တွင် ခစားလျက် ရှိကြေသော မှူးမတ် အပေါင်းတို့အား ဤသို့ မိန့်တော်မူ၏။ " အို အမတ်တို့ ပေါလသိုင်းစား ငယ်သည် ပေါလသိုင်းရွာ ၊ အိမ်ခြေ ၇၀ ကျော် ၊ ၈၀ မျှကို မိုးကောင်းစော်ဘွားပေး၍ စားရသည်။ ဤမျှ ကျေးဇူးအတွက်ပင် အသက်ကို အသေခံ၍ လျှောက်သည်။ ဤပေါလသိုင်းစား၏ စည်းစိမ်သည်ကား သင်အမတ်တို့တွင် ရှိသော ကျွန်တစ်ယောက်၏ စည်းစိမ်လောက်မျှ မရှိ။ သင်းဆိုသော စကားကို သင်အမတ်တို့ ကြားလျှင် မရှက်ပါသလော " ဟု ချီးမွမ်း၍ မိန့်တော်မူ၏။

ပြီးမှ " မိုးကောင်းစော်ဘွားကို ဖမ်းမပေးလျှင် ရှိစေတော့ ၊ နေရာကိုသာ ပြမည်လော " ဟု မေးတော်မူရာ " ပြပါမည် " ဟု ဝန်ခံ၍ နေရာပြန်ရန် ရွှေဓားမှူးနှင့် လွတ်လိုက်၏။ လမ်းခရီး မိုးကောင်းကလေး စခန်းသို့ ရောက်သော် ပေါလသိုင်းစား ထွက်၍ပြေးလေ၏။ နောက်မှ မင်းကြီးသားတော်သည် မိုးကောင်းစော်ဘွားကို ရ၍ ဆက်ရာ အသက်ကို လွှတ်ပြီးလျှင် ကောင်းစွာပင် ထားတော်မူ၏။
ဆင်ဖြူများရှင် ဘုန်းကြီးပုံနှင့် သမိန်ထောရာမ
သက္ကရာဇ် ၉၉၁ ခုတွင် ဗညားရမ်းမင်း၏ အိမ်နိမ့်တွင် မြင်သော သမိန်ထောရာမ သည် အဖ မရှိသည့်နောက် လှည့်လည်နေရာမှ ရှင်ပြု ၊ နောက် ရဟန်းခံ လေသည်။ တစ်ည၌ ညောင်ပင်တစ်ပင်အောက်တွင် ပရိမေတ္တာ စီးဖြန်းနေစဉ် ရုက္ခစိုးနတ် ဆင်းလာ၍ " ဟံသာဝတီ တွင် မင်းပြုလိုလျှင် သီလကို စင်ကြယ်စွာ ထိန်းလေ " ဟု ဆိုလာသည် ဆိုသည်။ ထိုအခါကစ၍ သီလကို စင်ကြယ်စွာ စောင့်ထိန်းလေသည်။

နောက်နှစ်လ သုံးလခန့်ကြာသော် အိပ်မက်သည်ကား မြစ်နားသို့သွားလျှင် မိကျောင်း ပေါ်လိမ့်မည် ၊ စီး၍ အနောက်ဘက်ကို ကူးလျှင် ကညင်ပင် တစ်ပင်ထက်က ဥဒေါင်း ကြော်လိမ့်မည် ၊ ထိုသစ်ပင်ကို စင်ရော် ဝဲလိမ့်မည် ၊ ထိုအပင်၏ အရှေ့ တစ်တောင်ကွာတွင် အနက် သုံးတောင်တူးလျှင် ရွှေပေနှင့် ရေးလျက် သုံးဂါထာ ရှိသည်။ ပထမ ဂါထာ အကျိုးကား ရှိန်းဆာယာ ကိုယ်ပြောင်း ကိုယ်ခွာ ရနိုင်သည်။ ဒုတိယ ဂါထာမှာ ဓား ၊ လှံ ၊ သေနတ် ၊ တုတ် စသည် ပြီးသည်။ တတိယ ဂါထာမှာ ခြေကျိုး ၊ လက်ကျိုး ၊ ဓား ၊ လှံ ရှန သည်များကို ရေမန်း၍ သောက်လျှင် ပြကတေ့ ရှိနိုင်သည်။ ၎င်းပြင် စပါး ၊ ပြောင်း ၊ ပဲ ၊ ဘူး ၊ ဖရုံ စသည် စိုက်ပျိုးရာ၌ ရေကိုမန်း၍ ပက်လျှင် ဆယ်ဆ ဆယ်ပြန်တိုး၍ သီးပွင့်သည်။ ထိုဂါထာများကို နေ့ချင်း ညချင်းရအောင် ကျက်ပြီးလျှင် မြှုပ်မြဲ မြှုပ်ထား ခဲ့ရမည်ဟု မက်လေ၏။

အိပ်မက်အရသွားရာ မိကျောင်းပေါ်လျှင် ပထမအကြိမ် ကြောက်၍ မစီးဖြစ်။ ဒုတိယအကြိမ် စိတ်ပေါ့သွပ်သော ရဟန်း မိကျောင်း စီးမည်ထင်၍ လူသုံးယောက် ဝိုင်းဆွဲသောကြောင့် မစီးဖြစ်။ တတိယအကြိမ်မှ အရဲစွန့်၍ စီးဖြစ်သည်။
အနောက်ဘက်ကမ်း၌ အိပ်မက်အတိုင်း တွေ့ရှိ၏။ ဂါထာသုံးပုဒ်ကို ကျက်မှတ်၍ ရွှေပေကို ပြန်မြှုပ်ပြီးလျှင် ထိုမိကျောင်းကိုပင် စီး၍ ပြန်ကူးခဲ့ရာ မြစ်လယ်၌ လေကြီးမိုးကြီးကျ၍ တစ်မြစ်လုံး မိုက်ခဲ့လေ၏။ ထိုအခါ ကြောက်လန့်ခြင်း ပြင်းစွာဖြစ်၍ ပထမ ၊ ဒုတိယ ဂါထာ နှစ်ပုဒ်ကို မေ့လေသည်။ တတိယ ဂါထာကိုသာ မှတ်မိလေတော့၏။

ထို့နောက် သမိန်ထောရာမသည် အလုံးအရင်းစု၍ ဆင်ဖြူများရှင်ကို စစ်ပြုရာ ရှုံးလေသည်နှင့် ပြေးခဲ့ရ၍ တောင်သူကြီးတစ်ဦး အိမ်တွင် ခိုလှုံနေရလေ၏။ တောင်သူကြီး၏ လယ်ယာများကို သမိန်ထောရာမက ရေမန်း၍ ပက်ပေးလျှင် ဆယ်ဆတိုး၍ သီးပွင့်သည်ကို တောင်သူကြီး သိမြင်ရသော် မိမိ၏ သမီးအလတ်ကို ပေးလေ၏။

ဤသို့နေ၍ တစ်နေ့၌ သမိန်ထောရာမ ကြံသည်ကား ငါ၏ ဒူးများကို ရိုက်ချိုး၍ ဘုရင်အား ဆက်စေမည်။ ရှေ့တော်သို့ရောက်မှ ရေငတ်သည်ဆိုလျှင် ရေပေးလိမ့်မည်။ မန်း၍ သောက်ရသော် ဒူးနာပျောက်လိမ့်မည်။ ထိုအခါ အနီးအနားရှိ တစ်စုံတစ်ခုသော လက်နက်ကို ယူ၍ ဘုရင်ကို လုပ်ကြံပြီးလျှင် မင်းအဖြစ်ကို ယူမည်ဟု ကြံလေ၏။
ကြံသည့်အတိုင်း ရှေ့တော်သို့ရောက်လျှင် ရေမန်း၍ သောက်သော်လည်း ဒူးနာမပျောက်ဘဲ ရှိလေမှ သမိန်ထောရာမသည် အားငယ်၍ ငိုလေ၏။
" ယောက်ျားကောင်း ဖြစ်လျက် အဘယ်ကြောင့် ငိုသနည်း " ဟု မေးတော်မူရာ မိမိအကြံ အလုံးစုံကို ပြန်ကြားပြီးမှ " ဘုန်းတော် ကံတော် ကြီး၍ မိမိအကြံ မမြောက် ၊ အကြံကုန် စိတ်အားလျော့၍ ငိုပါသည် " ဟု လျှောက်ရလေ၏။
ဆင်ဖြူများရှင်ကလည်း " ငါ့ဘုန်းကံကို မသိ၍ ကြံမှားခြင်း ဖြစ်သည်။ ယခု ဒိုင်းလွှားပေး၍ ကစေ " ဟု အမိန့်တော်ရှိလျှင် ကနိုင်လေ၏။ " တန်စေတော့ " မိန့်တော်မူလျှင် ကျိုးမြဲကျိုး၍ ရှိလေ၏။ ပြီးမှ နောင်ကိုလည်း စိတ်လက်မချရမည်ကို သိ၍ အဆုံးစီရင် လိုက်ရလေသတည်း။

ဆင်ဖြူများရှင်သည် သီဟိုဠ် (သီရိလင်္ကာ) သို့ စစ်သည်သူရဲများ လွှတ်ခြင်း
၉၃၈ ခုတွင် သီဟိုဠ် (သီရိလင်္ကာ) ဓမ္မပါလမင်း သံတမန် ရောက်၏။ စာပါ အကြောင်းကား သီဟိုဠ် (သီရိလင်္ကာ) တွင် ' ကွတ်တီးမင်း ၊ ခန်တီးမင်း ၊ သီတာဝက်မင်း ၊ ဓမ္မပါလမင်း ' ဟူသော မင်းလေးပါး ခွဲ၍ မင်းပြုနေရာ ပထမ မင်းသုံးပါးသည် မိစ္ဆာဒိဋ္ဌိ အယူကို ယူလျက် သာသနာတော် ညစ်နွမ်းအောင် ပြုနေကြသဖြင့် သာသနာတော် ကြီးပွားအောင် ၎င်းမင်းသုံးပါးကို နှိမ်နင်းပါမည့် အကြောင်း ဓမ္မပါလ မင်းက လျှောက်လိုက်ခြင်း ဖြစ်သည်။
ထိုအခါ မင်းကြီးသည် သာသနာအကျိုးကို ရှေးရှုလျက် ဤသို့ စီစဉ်၍ လွှတ်တော်မူ၏။ ပြီးစီးခက်ထန်သော သူတို့ကို ရွေး၍ ယိုးဒယား (ထိုင်း) သား ၊ တနင်္သာရီသား ၊ လင်းဇင်းသား ၊ ကျိုင်းတုံသား ၊ ကသည်းသား ၊ ထားဝယ်သား ၊ မိုင်းမောသား ၊ စည်ခွင်သား ၊ တရုတ်သား တစ်ရာစီ ၊ ရှမ်း ၊ မွန် ၊ မြန်မာ ငါးရာစီ ဤစစ်သည်တို့ကို အထူးထူးသော မောက်တို ၊ မောက်ရူ ၊ မိန်ညို ၊ သံချပ်နှင့်တကွ ရွှေလွှား ၊ ရွှေကာ ၊ ရွှေလှံ စွဲစေ၍ စန္ဒသူရိယကို တပ်မှူး ၊ ရာဇဗညားကို တပ်စစ်ကဲ ခန့်တော်မူသည်။ အခြွေအရံ အဆောင်အယောင် အခမ်းအနား များလည်း ပေးတော် မူလိုက်သည်။
သင်္ဘောဖြင့်သွားကြ၍ ရောက်လျှင် ဓမ္မပါလမင်းက ကြီးကျယ်ခမ်းနားစွာ မဏ္ဍပ်ကနားနှင့် နေရာချထား၏။

မြန်မာပြည်က စစ်သားများလည်း အရှိန်အဝါ ပြလိုသောကြောင့် သောက်ကြပြီးသော် ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် တို့ကို မြင်လျှင် လှံနှင့်ထိုး၍ အချို့က အရေဆုတ် ၊ အချို့က အသားကိုလှီး၍ နုပ်နုပ်စဉ်းသည်။ နောက် ချင်း ၊ ကြက်သွန် ၊ ငရုတ်ထည့်၍ သွေးရဲရဲနှင့်ပင် ခံတွင်းပြည့်မျှ စားသောက်ကြသည်။ အချို့လည်း အသားကိုဖုတ်၍ မကျက်ဘဲ သွေးရဲရဲနှင့်ပင် စားကြသည်။
ဤသို့ စားသောက်ကြပြီးလျှင် ဒိုင်းရေး ၊ လွှားရေး ၊ ကာရေး ၊ ဓားရေး ၊ လှံရေး အမျိုးမျိုး ကစားကြ၍ တစ်ယောက်ကိုတစ်ယောက် ထိုးခုတ်ကြကုန်သည်။ ပြီးစီးသောသူချည်း ဖြစ်၍ အပေါက်အပြဲ မရှိကြကုန်။
ထိုအခြင်းအရာတို့ကို သီဟိုဠ် (သီရိလင်္ကာ) သားတို့ မြင်ကြသော် မိမိတို့သည် ကျွဲ ၊ နွား တို့ကို ကိုယ့်အသားနှင့်အတူ အမှတ်အယူ ရှိကုန်သဖြင့် အလွန်ကြောက်ရွံ့ခြင်း ဖြစ်ကုန်သည်နှင့် သီဟိုဠ် (သီရိလင်္ကာ) မင်းလေးပါးဆိုင်ရာ အသင်းအပင်း လူတို့က သွား၍ လျှောက်ကြကုန်၏။ " ယခု မြန်မာပြည်ကလာသော ရဲမက်သားတို့သည် လူ မဟုတ် ၊ အစိမ်းစား ဘီလူးများ ဖြစ်ကြောင်း ၊ တစ်ယောက်ကို တစ်ယောက် ထိုးခုတ်ကြသည်မှာလည်း မပေါက်မပြဲ သံတိုင်သံခဲ ကဲ့သို့ ဖြစ်ကြောင်း ၊ အညံ့ခံမှ သင့်မည်ဖြစ်ကြောင်း " တို့ကို လျှောက်ကြလေ၏။
မြန်မာတို့နေ၍ တစ်လခန့်ကြာပြီးမှ မင်းသုံးပါးက အညံ့ခံ၍ ဓမ္မပါလမင်းနှင့် ညီညွတ်ကာ သာသနာတော်ကြီးပွားအောင် ဆောင်ရွက်ကြ၏။

ယင်းသို့ မြန်မာစစ်သူရဲတို့သည် လက်ဆောင်ပဏ္ဏာ များစွာယူ၍ မြန်မာပြည်သို့ ပြန်ခဲ့ကြ၏။ ရောက်သော် မင်းတရားကြီး အားရတော်မူ၍ ကြီးစွာ ချီးမြှောက်တော် မူပေသတည်း။

ဉာဏ်သွားသော ဗညားဒလ အမတ်ကြီး
ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီးသည် ယိုးဒယား (ထိုင်း) မင်းသို့ ဆင်ဖြူတစ်စီး ဆက်စေလိုကြောင်း စာစေတော်မူ၏။ ယိုးဒယား (ထိုင်း) မင်းက " ဟံသာဝတီမင်း မင်းကျင့်တရား ဆယ်ပါးစောင့်က ငါသည် ဆင်ဖြူတစ်စီး ပေးလှူအံ့ " ဟု စကားပြန်လိုက်၏။ ဆင်ဖြူများရှင်ကလည်း " ဆက်လျှင်ငါ့ဘုန်း လက်ရုံးကြောင့်သာ ဖြစ်သဖြင့် သူ လှူသည် မ မည် " ဟု မိန့်ဆို၍ ဆင်ဖြူယူ စေလွှတ်ပြန်၏။ ထိုအခါ ယိုးဒယား (ထိုင်း) မင်းက " လက်ရုံးအားကိုး တောင်းသည်ဖြစ်၍ ငါ မပေးပြီ " ဟု ဆိုကာ ရွှေပေတွင် အက္ခရာရေး၍ ဆက်လိုက်၏။
ထိုရွှေပေတွင် (၁) ဟူသော ဂဏန်းတစ်လုံးသာ ပါသည်။ အခြား မည်သည့်အရာမျှ မပါချေ။ အမတ်ကြီး ဗညားဒလအား ပြသော် ဤသို့ လျှောက်ပေ၏။
" ဤ (၁) ဂဏန်းသည် ကျွန်ုပ်တို့ မွန်ဝယ် ' အိုက် ' ဟု ခေါ်ပါသည်။ ' အိုက် ' ဟူသည့် အလိုကား ' အိုက်ဟိုဘွယ် - ဘွယ်ဟိုအိုက် ' ဟု ပြန်၍ ' ငါ မကြောက်ဘူး ' ဆိုလိုပါသည် " ဟု လျှောက်၏။
ဆင်ဖြူရှင်မင်းကလည်း ဗညားဒလအား ချီးမွမ်းတော်မူပြီးမှ " ငါသို့သော မင်းကို ' ဘွယ်ဟိုအိုက် ' ဟု ဆိုသော် ငါ ချီတော်မမူမီ အဘယ်သို့ စာစေနှင့် ရအံ့နည်း " ဟု မေးတော်မူ၏။
ဗညားဒလက " ယိုးဒယား (ထိုင်း) မင်းသည် (၁) ဟူသော ဂဏန်းကိုပေးသော် ကျွန်ုပ်တို့က (၂) ဟူသော ဂဏန်းကို ရေး၍ ပေးပါမည်။ (၂) ဟူသော ဂဏန်းကို ကျွန်ုပ်တို့မွန်ဝယ် ' ဒွိ ' ဟု ခေါ်ပါသည်။ ' ဒွိ ' အလိုသော်ကား ' ဒွိကလက် - ဒွိကလိ ' ဟူ လိုသည်။ အဓိပ္ပါယ်ကား ' မကြောက်က ကြိုးနှင့်ချည် ' ဆိုလိုပါသည် " ဟု လျှောက်၏။
မင်းကြီးလည်း သဘောကျတော်မူ၍ (၂) ဂဏန်းကိုရေး၍ ယိုးဒယား (ထိုင်း) သို့ ပို့နှင့်စေ၏။ ယိုးဒယား (ထိုင်း) မင်း တွေ့မြင်ရသော် " ငါတို့အလိုကို ဟံသာဝတီမင်း သိလေပြီ " ဟု ထိတ်လန့်ခြင်း ဖြစ်သောဟူ၏။

၎င်းနောက် ၉၂၅ ခုတွင် ဆင်ဖြူရှင် မင်းတရားကြီးသည် ယိုးဒယား (ထိုင်း) ကို ချီတက်တိုက်ခိုက် သိမ်းယူလေတော့သတည်း။

သားတော်များကို မှာထားတော်မူခဲ့သော ဆင်ဖြူများရှင်၏ မိန့်ခွန်းတော်
၉၄၁ ခုတွင် သံဃာတော် ဆရာတော်ကြီးများကို ပင့်၍ ရှေ့တော်တွင် သားတော်နှစ်ပါးအား ဤသို့ မိန့်မှာတော်မူလေ၏။
" မောင်အိမ်ရှေ့မင်းသည် နော်ရထာစောကို ကျွန် ဟူ၍ လည်းမှတ် ၊ ညီဟူ၍လည်းမှတ် ၊ သားဟူ၍လည်းမှတ်။ နော်ရထာစော ကလည်း မောင်အိမ်ရှေ့မင်းကို အရှင်ဟူ၍လည်းမှတ် ၊ အစ်ကိုဟူ၍လည်းမှတ် ၊ အဖဟူ၍လည်းမှတ်။ မောင်တို့နှစ်ပါးသည် ငါဆုံးမသည့်အတိုင်း တည်ကြည် ချစ်ကြည်ကြမှ ငါနှစ်လများစွာ ကြိုးပမ်း၍ ရရှိအပ်သော တိုင်း နိုင်ငံ အပေါင်းသည် မပြိုမကွဲ တည်အံ့သည်။ ငါ၏ ကုသိုလ် ကောင်းမှုလည်း ပွားများအံ့သည်။ သာသနာတော် စီးပွား ၊ ရဟန်းရှင်လူတို့ စီးပွားလည်း များအံ့သည်။

ငါ၏ အဆုံးအမ မတည်က နိုင်ငံတော် ပြိုကွဲ ၊ သာသနာတော် ဆုတ်ယုတ် ၊ ရှင်လူတို့ ပင်ပန်းဆင်းရဲရာသည်။ ထိုမကောင်းမှုကြောင့် အမောင်တို့လည်း အပါယ်လားလေရာသည်။ ယင်းသို့ ဖြစ်သောကြောင့် မလိုသော မင်းဆွေစိုးမျိုး ကျေးဆိုးကျွန်ဆိုးတို့ ကုန်းချော ဖျက်ဆီးသောအခါ ဤယခု ငါ့လက်က ချွတ်၍ပေးသော လက်စွပ် နှစ်ကွင်းကို အမောင်တို့ တစ်ကွင်းစီ အမြဲဝတ်၍ လက်စွပ်ကို ကြည့်ပြီးလျှင် ငါတို့၏ ခမည်းတော် မှာထားခဲ့သော အမိန့်တော်သည် အလွန်လေးနက် ဖြစ်ခဲလှသည်ဟု နှောက်ယှက်သော နှလုံးကို ဖြေ၍ ချစ်ကြည် လေးမြတ်ကြလေကုန်။ ဤမိန့်မှာချက်ကို ဆရာတော်တို့ ကလည်း အသိအမှတ် ပြုတော်မူကြပါကုန် " ဟု မိန့်မှာတော်မူ၏။

ဆရာတော်တို့ကလည်း သာဓုခေါ်တော်မူကြကုန်၏။
အက္ကပတ်ပြည်သို့ သံတမန်စေလွှတ်ခြင်း
တစ်ရံခါသော် ဆင်ဖြူများရှင် မင်းတရားကြီးသည် အက္ကပတ်ပြည်သို့ စွန္ဒရာသီနှင့် ခွေးလင်းစားတို့ကို သံစေလိုက်၏။
ရောက်လျှင် အက္ကပတ်မင်း ရှေ့တော်သို့ ဝင်သောအခါ စွန္ဒရာသီက အဆန်းတကြယ်သော အဝတ်တန်ဆာတို့ကို ဝတ်၍ ဦးခေါင်းမထုပ် (ခေါင်းမပေါင်း)ဘဲ ယမံဆံဆီစက်စက်နှင့် ထူးဆန်းလှစွာသော နားတောင်းကို ပန်၏။ ခွေးလင်းစားက ကောင်းမွန်သော အဝတ်တန်ဆာကို ဝတ်၍ ပန်းဆိုး(အနီ) ခေါင်းပေါင်းနှင့် ပန်းမန်ထူစွာ ပန်၍ အင်္ကျီမဝတ်ဘဲ မင်သေ့ခါးပြက်ပြက်နှင့် (ခါးအထက်မှာ ထိုးကွင်း ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင်နှင့်) အမွှေးအထုံ လိမ်း၍ဝင်၏။ လမ်းတွင် များစွာသော အက္ကပတ် ပြည်သူ ပြည်သားတို့သည် မမြင်ဖူး သောကြောင့် အံ့ဩချီးမွမ်းကြ၏။ သာရေးနာရေး မေးမြန်းပြီးနောက် အက္ကပတ်မင်းက " ဆင်ဖြူများရှင် နန်းတော်နှင့် ငါ့နန်းတော် တူ၏လော " ဟု မေးတော်မူ၏။ (အက္ကပတ်မင်း နန်းတော်ကား အုတ်နန်းတွင် ရွှေပုစွန်ခွံကပ်၍ ရတနာအတိ ပြီး၏)
မင်းသံတို့လည်း " ကျွန်ုပ်တို့သခင်၏ နန်းတော်သည် ဤနန်းတော်နှင့် မတူပါ။

ကိုးဆင့် ၊ ခုနှစ်ဆင့် ၊ ငါးဆင့် ရှိသော ရွှေပြာသာဒ် တို့သည် မြေက အထွတ်အဖျားတိုင် ရတနာကွန်ရက်တွင် ပုလဲဆိုင် ၊ ပတ္တမြားဆိုင် ဆွဲလျက် လည်းကောင်း ၊ ရတနာမှန်ကင်း ၊ တံခွန် ဆောက်၍ လည်းကောင်း


ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ

Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new

0 မှတ်ချက်:

Post a Comment

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here